It’s the essence of peinus to make use of the simplest of ideas. အစွမ်းအစ ရှိသူတွေရဲ့ အနှစ်သာရဟာ သာမန်အကျဆုံး စိတ်ကူးလေးများကို အသုံးတည့် အောင်ပြုလုပ်နိုင် ခြင်းဖြစ်ပဲ ဖြစ်တယ်............။
ဘ၀တခုမှာ ပညာရှာချိန် ဥစ္စာရှာချိန် တရားရှာချိန်ဟူ၍ ရှိပါ၏ ၊ လူ့သက်တမ်းကို ၇၅နှစ် သက်တမ်းဟုဆိုလျှင် မွေးကင်းစအရွှယ်မှစတင်ပြီး ၂၅နှစ်ထိသော သက်တမ်းသည် ပညာရှာရန် အချိန်ဖြစ်ပါ၏ ၊ ၂၅မှ ၅၀ထိကာလကို ဥစ္စာရှာသင့်ပါ၏ ၊၅၀မှ ၇၅တိုင်အောင်သော အချိန်ကို တရားရှာသင့်သည်မဟုတ်ပါလော ၊ ကျွန်တော်ပညာသင်ချိန်ကိုသာ ပြောလိုပါသည် ယခုခေတ်မှာ ကျွန်တော်နဲ့ ရွယ်တူညီကိုယ်များဟာ မကြာမကြာ ပြဿနာတတ်နေပါသည် ပညာသင်မလား ?ဥစ္စာရှာမလား ? ကျွန်တော်ကတော့ ပညာသင်ဖို့ အခွင့်လမ်းလဲရှိမယ် ၊ မိမိကသင်လဲ သင်နိုင် မယ်ဆိုရင် ပညာကိုသာ ဆက်သင်ပါလို့ တိုက်တွန်းခဲ့ပါတယ် ၊ သူငယ်ချင်းတွေ ဆုံတိုင်း ဒီကိစ္စကို ကျွန်တော်ပြောပါတယ် ၊ နောင်တချိန်မှာ ပညာတတ်တွေသာ ဦးဆောင်မဲ့ ခေတ်အခါ ကိုရောက် လာလိမ့်မယ်လို့ ကျွန်တော်စွဲစွဲမြဲမြဲ ယုံကြည်ပါတယ် ၊ ဥစ္စာစီးပွားရှိသူတွေ ရှေ့တန်း ရောက်တယ် ဆိုတာ ၊ တည်ငြိမ်မှုမရှိသေးလို့ပါ တည်ငြိမ်သော တိုင်းပြည်ကြီးများတွင် အရာရာကို ပညာတတ် တွေသာ နိုင်ငံကိုဦးဆောင် နေပါ တယ် ဒါကြောင့် ကျွန်တော်တို့ ညီကိုယ်မောင်နှမ များဟာ ဥစ္စာစီး ပွားဘယ်လောက်ရှိရှိ ပညာတတ် ကိုကျော်လို့မရဘူး ဆိုတာရယ် ဒီအချိန်ဟာ ပညာသင်ရမဲ့ အချိန် လို့ယုံကြည်မှိပါတယ် ။
ပညာတတ်ချင်ရင် ကျွန်တော်တို့ မြန်မာလူမျိုးများရဲ့ လက်ရှိအ ခြေနေနဲ့ ကြည့်လို့မရနိုင်ပါ ၊ တိုးတတ် ဖွံ့ဖြိုး နေသော နိုင်ငံကြီးများနှင့် နှိုင်းယှဉ်ကြည့်မှ သာ အဆင်ပြေပါလိမ့်မည် ၊ သူငယ်ချင်းတစ်ယောက် ကပြောပါတယ် ၊ “မင်းတို့ကငွေရှိတော့ အဆင်ပြေတယ်ကွ ၊ ငါကငွေမရှိဘူး ငါ့အဖေက ခိုးကူးခွေ ရောင်းတယ် ၊ ငါဘွဲ့ရလဲ ခိုးကူးခွေဘဲ ရောင်းရမှာဘဲတဲ့ ” ကျွန်တော်ပြန်ပြောလိုက်ပါတယ် မင်းပညာတတ်ချင်သည် ဖြစ်စေ မတတ်ချင် သည်ဖြစ်စေ မင်းတတ်အောင်သင်ထားရမယ် ၊ နောင်တချိန်မှာတော့ ပညာဟာတန်ဘိုးရှိလာမှာ မုချဘဲ မင်းပြောတဲ့ ငွေရှိတဲ့သူတွေဟာ တချိန်မှာ ပညာတတ်ရဲ့ အောက်ကိုရောက်မယ် ၊ သူတို့အိတ်ထဲ ကငွေတွေဟာ ပညာတတ်တွေရဲ့ အိတ်ထဲကို အလိုလို စီးဝင်သွားလိမ့်မယ် ၊ အခုတော့ ငါဒီလောက်ဘဲ ပြောနိုင်မယ် ၊ ဒို့မှာ ရွေးချယ်စရာမရှိဘူး လုပ်ချင်သည်ဖြစ်စေ ၊ မလုပ်ချင်သည်ဖြစ်စေ မင်းလုပ်ကိုလုပ်ထားရလိမ့်မယ် ၊ ဟုတ်ကဲ့ ကျွန်တော့်ညီအကိုများကို ပြောလိုပါတယ် ၊ အခုအချိန်ုဟာ ပညာသင်ရမဲ့အချိန်ပါခင်မျာ….။အဲဒီ ခံစားချက်လေးကြောင့် ကျွန်တော်ဒီစာလေးကို ဘာသာပြန် ပါတယ်ခင်မျာ….။

ကျွန်တော်ငယ်ငယ်တုန်းက စီမံခန့်ခွဲမှု အကြံပေးရာထူးနေရာမျိုး အလုပ်ရှာတုန်းကပေါ့ဗျာ ။ တစ်စုံ တစ်ယောက်ရဲ့ တိုက်တွန်းချက်အရ နာမည်ကြီး ကြော်ငြာ ကုမ္မဏီတစ်ခုရဲ့ ဥက္ကဋ္ဌကြီးနဲ့ တွေ့ဖို့ ကြုံလာပါတယ် ၊ ဥက္ကဋ္ဌကြီးက ကျွန်တော့လုပ်ရည်ကိုင်ရည်ကို တစ်စွန်းတစ်စ သိထားပုံရတယ်လို့ လည်း ပြောတယ်။ ဘာဘဲပြောပြော ကျွန်တော်ကြောက်ဒူးတုန်မှိတယ် ၊ ဘယ်တုန်းကမှ ဒီလောက်ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးမျိုးနဲ့ ရင်မဆိုင်ဖူးဘူး။ မနက်ဖြန်၁၀နာရီမှာ ချိန်းထားတယ်၊ တစ်နာရီလောက် အတွေ့ခံမယ်တဲ့ ။
ကျွန်တော်အစောကြီး ကြိုရောက်ပါတယ် ၊ ၁၀နာရီအတိမှာဘဲ အင်မတန် ကြီးကျယ်ခမ်းနား ထည်ဝါတဲ့ ၊ အခန်းကြီးကို ကျွန်တော့်ကိုပို့လိုက်ပါတယ် ၊ အဖိုးကြီးဟာ အကျီင်္လက်ပင့်တင် ထားပြီး ရှူးသိုးသိုးနဲ့ ကြည့်နေပါတယ် ၊ “မင်းအချိန် မိနစ်၂၀ပဲရမယ်”လို့ လှမ်းပြောလိုက်တယ် ၊ ကျွန်တော် စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေမှိတယ် ၊ “ငါပြောနေတယ်လေ မင်းအချိန် မိနစ်၂၀ပဲရ မယ်လို့” ကျွန်တော် စကားတစ်ခွန်းမှ မထွက်မှိဘူး ၊ “မင်းအချိန်တွေကုန်နေပြီ ဘာကြောင့်ပါးစပ် မဟရတာတုန်း ” “မိနစ်၂၀ ကျွန်တော်ရတာဆိုရင် ကျွန်တော့်ဟာ ကျွန်တော်လုပ်ချင်တာ လုပ်နိုင် တာပေါ့ ” ဒီတော့ အဖိုးကြီးဟာ အားရပါးရ ရီပါလေရော ၊ အဲဒီနောက် ကျွန်တော်တို့ဟာ တစ်နာရီခွဲလောက် စကားပြောဖြစ်ကြတယ် ၊ ကျွန်တော် အလုပ်ရခဲ့တယ် ။
ဒီစာဖတ်ပြီးသွားတဲ့ တစုံတယောက်ဟာ ကျွန်တော်တို့ရဲ့ ရတဲ့အချိန်၂၅နှစ်အတွင်းမှာ ဘာလုပ် သင့် ပါသလဲ တွေးပေးကြပါအုံးခင်မျာ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ ကြပါစေ ဟု ငွေလမင်းတို့က ဆုတောင်းပါတယ် ၊ အားလုံး မင်္ဂလာပါခင်မျာ………။
Martin Rytte ရဲ့ Time Out ကိုဆီလျှော်သလို ပြန်ဆိုပါသည် ။