Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Friday, November 12, 2010

အသိအမှတ်ပြုတာခံချင်တယ်


“  It’s the essence of peinus to make use of the simplest of ideas. အစွမ်းအစ ရှိသူတွေရဲ့ အနှစ်သာရဟာ သာမန်အကျဆုံး စိတ်ကူးလေးများကို အသုံးတည့် အောင်ပြုလုပ်နိုင်ခြင်းပဲ ဖြစ်တယ်။ ”
လူဆိုတဲ့ အမျိုးဟာ အုပ်စုနဲ့ အစုအဖွဲ့နဲ့ နေတတ်တဲ့ ကွန်မြူနတီမျိုးပါ ၊ လူတစ်ယောက်ရယ်လို့ ဖြစ်လာရင် ၊ ဆိုင်ရာ အဖွဲ့စည်းတစ်ခုထဲမှာ ကျင်လည်ရမှာတော့ မုချပါ ၊ ကျွန်တော်တို့တွေဟာ တခါတရံမှာ ၊ မိမိကျင်လည်နေတဲ့ ၀န်းကျင်က လူတွေကို တရံတခါ မျက်ကွယ်ပြုမှိတတ်ကြပါတယ် ၊ တမင်တော့ မျက်ကွယ်ပြုခဲ့ကြတာ မဟုတ်ပါဘူး ၊ သတိမထားမှိတာ ကြီး ကြီးမားမား မဖြစ်လာနိုင်ပါဘူးလို့ ထင်တာအဲလိုကနေ တစတစနဲ့ ၀န်းကျင်နဲ့ဝေးသွား တတ်သူတွေ ဖြစ်လာကြပါတယ်။

 တခါတရံမှာတော့ ၀န်းကျင်ဟာ ငါ့ကိုပြစ်ပယ်ထားတယ်လို့တောင် စိတ်ဖိစီးမှု မျိုးတွေ ဖြစ်လာတတ်ပါတယ် ၊ တကယ်တန်းတော့ ၀န်းကျင်က ပြစ်ထားတာမဟုတ်ပါဘူး ၊ ၀န်း ကျင်ကို ကျွန်တော်တို့က ပြစ်ထား ခဲ့ကြတာရယ်ပါ ၊ မိမိရဲ့ဝန်းကျင်ကို မိမိနဲ့တသားထဲ ဖြစ်အောင် လုပ်ဖို့ဆိုတာက ခက်လှတယ်မဟုတ်ပါဘူး ၊ သူတို့ကို အသိမှတ်ပြုပေးဖို့ပါ ၊ လူတိုင်းဟာ အသိ မှတ်ပြုတာတော့ ခံချင်ပါတယ် ၊ မြန်မာလူမျိုးများဟာ တစ်စုံတစ်ယောက်ကို စတင်ခင်မင်လာရင်တော့ ၊ ကျေးဇူးတင်စကားများ လှိုင်နေအောင် လောကွတ် ချော်တတ်ပါတယ် ၊ ရင်းနှီးကျွမ်းဝင်တဲ့ အခါမှာတော့ ဖာသိဖာသာ “ငါပိုင်ပါတယ်ကွာ”ဆိုတဲ့သဘောမျိုးနဲ့ နေတတ်ကြလို့ လူမှု့ရေးတွေ တအားဆုံးရှုံးသွားတဲ့ လူမျိုးတွေ အများကြီးတွေ့ခဲ့ဖူးပါတယ်။

အင်္ဂလိပ်လူမျိုးတစ်ယောက်နဲ့ စကားပြောကြည့်တဲ့အခါ သူက “မင်းတို့လူမျိုးတွေက ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို သိပ်မပြောကြဘူးနော်တဲ့” ဘာဖြစ်လို့လဲလို့ မေးကြည့်တဲ့အခါ  မင်းတို့ကို နေ့စဉ် ချက်ကျွေးနေတဲ့ မင်းတို့အိမ်ကအမေကို ထမင်းဝိုင်းမှာ အခုလို ချက်ကျွေးတာကို ကျေးဇူးတင်ပါတယ် လို့ပြောတာ ငါမမြင်ဖူးခဲ့ဘူးတဲ့ “မင်းကရော မင်းမေမေကို ပြောဖူးသလားတဲ့ ” ကျွန်တော်ပြုံးမှိပါတယ် ၊ ဒို့ကလဲ ဒို့ဘဲ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးဟာ ဒို့လူမျိုးတွေအတွက် အရမ်းဆင်းရဲနေပါလားလို့ တွေးမှိပါတယ် ။

အသိအမှတ်ပြုတာခံချင်တယ်
တနေ့ ကျွန်တော် ပရောဂျတ်အဖွဲ့နှင့် လုပ်ငန်းအကောင်ထည်ဖော် ဆောင်ရွက်မူတွေ စစ်ဆေးနေစဉ် ဒီဇာတ်လမ်းလေး စခဲ့တာပါဗျာ ။ တစ်ခုသောနံနက်ခင်းမှာ ကျွန်တော်ဟာ ၀န်ထမ်းတစ်ဦးနဲ့ အတူ ကားပါကင်ကို ဖြတ်လျှောက်သွားတုန်းမှာ ပဲနိပိုက်ဆံ အကြွေစေ့လေး တစ်စေ့ကောက်ရမှိတယ် ။ အမှတ်မထင် နောက်ရွှတ်တဲ့ သဘောနဲ့ ပဲနိလေးကို အဖော်ဝန်ထမ်းကို ပေးလိုက်ရင်းက “ ခင်များရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ချီးမြင့်တယ်ဗျာ ” အဲဒီဝန်ထမ်းဟာ ပဲနိလေးကို အိပ်ထဲထည့်လိုက်ပြီး ၊ “ကျေးဇူးတင်ပါတယ်ဗျား လို့ ” ပြန်ပြောခဲ့တယ် ။

နောက်ခြောက်လ အကြာ အဲဒီဝန်ထမ်းနဲ့ အတူ အခြားမြို့တစ်မြို့မှာ လုပ်ငန်း စစ်ဆေးရေးလုပ်နေ တုန်း ၊အဲလိုပဲ အမှတ်မထင် ပဲနိလေး တစ်စေ့ကောက်ရလို့ ပေးလိုက်ပြန်ပါတယ်ဗျာ ။ တနေ့ သူ့ရုံးခန်းကို အလုပ်ကိစ္စတစ်ခုနဲ့ ရောက်သွားတော့ ရုံးခန်းနံရံမှာ စက္ကူ အဖြူရောင် နောက်ခံထားပြီး ပဲနိစေ့လေး ၂စေ့ကို တခမ်းတနား ကပ်ထားတာတွေ့ရတယ် ၊ သူ့လုပ်ဆောင်ချက်ကို အသိအမှတ် ပြုတဲ့ အထိမ်းအမှတ်နဲ့ ချီးမြင့်လို့ ပြသထားတာလို့ ၀င့်ကြွားစွာပြောသေးတယ်ဗျ ၊ ဒီပဲနိစေ့လေးတွေ ချိပ်ဆွဲပြသထားတာကို မြင်ရတဲ့ အခြားဝန်ထမ်းတွေက သူတို့ရဲ့လုပ်ဆောင်ချက်ကိုရော ဘာဖြစ်လို့ အသိအမှတ် မပြုတာလဲလို့ မေးမြန်းကြတော့ တာပေါ့ဗျာ ။

ဒါနဲ့ပဲ ကျွန်တော်ဟာ ပဲနိစေ့ကို ထုတ်ပေးချီးမြင့်ရတဲ့ အလုပ်ကြီးကို စတင်ရပြီပေါ့ဗျာ ၊ အလုပ် ကျေပွန်စွာ ထမ်းဆောင်ခြင်းကို အသိအမှတ်ပြုတဲ့ သဘောဖြစ်ကြောင်း ၊ ဆုလာဘ်ချီးမြင့်ခြင်း မဟုတ်ပါကြောင်း ၊ ရှင်းပြရသေးတာပေါ့ဗျာ ၊ မကြာပါဘူး ၀န်ထမ်းတွေဟာ ကြော်ငြာ သင်ပုန်း ပေါ်မှာ ပဲနိစေ့ ဂုဏ်ပြုချက်ကို ချိတ်ဆွဲပြဖို့ တိုက်တွန်းကြပြန်ရော ၊ ပဲနိစေ့နဲ့ ယှဉ်ပြီး ရရှိသူ“သင့် လုပ်ဆောင်ချက်ကို အသိအမှတ်ပြုသည်” “သင့်ကြောင့်လုပ်ငန်း အောင်မြင်သည် ”စသဖြင့် စာကြောင်းတွေကို ဖော်ပြတဲ့ ဆိုင်းဘုတ်ပြားလေး တစ်ခုတီထွင် ဖြစ်ခဲ့တယ် ။

တခါတုန်းကဆိုရင် အမျိုးသင်္မီးငယ် ၀န်ထမ်းတစ်ဦးဟာ သူ့လုပ်ဆောင်ချက် မှန်ကန်တာကို ကျွန်တော် ပက်ပင်းတွေ့ကြုံခဲ့ရတော့ ပဲနိစေ့လေး လိုချင်ပြန်ပါရော ၊ ကျွန်တော်မှာလဲ အဲဒီတုန်းက အိတ်ထဲမှာ ပဲနိစေ့က မရှိတဲ့အချိန်ဖြစ်နေတော့ ကွာတားစေ့ (တကွာတား=၂၅ပဲနိ) ပေးလိုက်တယ် ၊ သူမက ၂၄ပဲနိ ပြန်အမ်းတယ်လေ ။ အဲဒါဟာ ကျွန်တော့် အလုပ်ဋ္ဌာနမှာ “ဂုဏ်ထူးဆောင် ပဲနိစေ့ဆု ” ပေါ်ပေါက်လာပုံ ဖြစ်ပါတယ် ။ ကျွန်တော်တို့ လုပ်ငန်းဋ္ဌာနမှာ ၀န်ထမ်းတွေရဲ့ ကောင်းမွန်သော လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့ နည်းစနစ်ကြီးတစ်ရပ် ဖြစ်လာတာပေါ့ဗျာ .။
Gary Hruskaရဲ့ Your Work is Recognized ကိုပြန်ဆိုရေးသားပါသည် ။
တချို့သော ပညာတတ်များဟာ ၀န်းကျင်ကို အသိအမှတ်မပြုတတ်ပါ ၊ တချို့သော ဥစ္စာရှင်များလဲ ထို့အတူ ပြုမူတတ်ကြပါတယ် ၊ အရာရာကို တချို့က ပညာနဲ့ဆုံးဖြတ်ပြီး ၊ တချို့ကတော့ ဥစ္စာနဲ့ တန်ဘိုးဖြတ်ပါတယ် ၊ ကျွန်တော်နားလည် ထားတာကတော့ ပညာတတ်ရုံ ဥစ္စာရှိရုံနဲ့ အရာရာကို စီမံခန့်ခွဲနိုင်သည်မဟုတ်  ၊ ပညာ ၊ ဥစ္စာ ၊ ပေါင်းသင်းဆက်ဆံရေး စသော အကြောင်း တရားတွေ ညီညွတ်နေမှသာ အရာရာကို စီမံခန့်ခွဲ အုပ်ချုပ်နိုင်မယ်လို့ ယုံကြည်ပါတယ် ၊လူဘောင်လူ့ဘ၀မှာ ပုံစံအမျိုးမျိုးး အနေအထားအဖုံဖုံနဲ့ ဆိုင်ရာဝန်းကျင်မှာ ကျင်လည်ရမယ် ဆိုတာက တော့ကျွန်တော်တို့ လုံးဝငြင်းပယ်လို့မရပါ ။

 ကျွန်တော်တို့တွေ ဟာဝန်းကျင်ကိုမသိ ကျိုးကျွံ့ပြု၍ နေမှိတာဘဲဖြစ်ဖြစ်၊ သတိမေ့လျှော့ နေမှိခဲ့ တာဘဲဖြစ်ဖြစ် ရှိခဲ့ကြပါလိမ့်မယ် ၊ ဒါဟာ ကောင်းတဲ့အရိပ်နိမိတ် လက္ခဏာမဟုတ်ပါ၊ ၀န်းကျင်ကို တခုတ်တရ အသိ မှတ်ပြုပြီး နေထိုင်သွားခြင်းကပင် လျှင် ကောင်းမွန်သော အနာဂတ်အတွက် အကောင်း ဆုံးအထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ် ၊ ဒီစာလေးကို ဖတ်မှိကြတဲ့ တစုံတစ်ယောက်ဟာ ကျွန်တော်တို့နဲ့အတူ ဆိုင်ရာဝန်းကျင်ကို အသိမှတ်ပြုနေထိုင် သွားကြရအောင်ပါလို့ အဘိယာစက ပြုပါရစေလားခင်မျာ၊ အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ငွေလမင်းတို့က ဆုတောင်းပါတယ် ။

(ကျွန်တော်ဒီရက်မှာ နဲနဲအလုပ်ရှုပ်နေတဲ့အတွက် ၊ ပိုစ့်တင်ကြဲနေတာကို သည်းခံကြပါလို့ အမြဲလာဖတ် ရူနေတဲ့ စာဖက်သူတွေကို တောင်းပန်ပါတယ် ၊ ကွန့်မင့်ပေးကြတဲ့ ဘလော်ကာ များ ကိုလဲ ငွေလမင်းတို့ ကျေးဇူးအထူးတင်ပါတယ် ၊ ငွေလမင်းတို့ မအားလို့လာမလည်နိုင်ခဲ့ရင်လဲ အပြစ်တော်မမတင်ဘဲ အချစ် တော်ဝင်ကြပါလို့ ဒီရက်ပိုင်းအတွင်း မဒမ်ငွေဟာ အလုပ်တအား ပင်ပန်းနေလို့ ဘလော့တွေလိုက် မဖတ်နိုင်ကြောင်း ပြောပြလာပါတယ် ၊ စာဖတ်သူများကို အခုလို ဖတ်လို့ရအောင် မဒမ်ငွေက ကျွန်တော့်ကို ဘာသာပြန်ခိုင်းနေတာပါ ၊ကျွန့်တော်အလိုဆိုရင် တော်တော်နဲ့ ရေးဖြစ်သေးမယ် မထင်ပါ ၊  ဒမ်ဒမ်ဟာ  စာဖတ်သူတို့ကို ကျွန်တော်ထက်တောင် အလေးထားလွန်းတဲ့ ဘလော်ကာတစ်ဦး ဖြစ်သလို အလွန်ချစ် စဖွယ်ကောင်းတဲ့ ချစ်ဇနီး လောင်းလေး ဖြစ်ပါကြောင်းကို နဲနဲလေး ကြော်ငြာ ၀င်လိုက်ပါရစေ ။)

Friday, November 5, 2010

ဒို့အချိန်

It’s the essence of peinus to make use of the simplest of ideas. အစွမ်းအစ ရှိသူတွေရဲ့ အနှစ်သာရဟာ သာမန်အကျဆုံး စိတ်ကူးလေးများကို အသုံးတည့် အောင်ပြုလုပ်နိုင် ခြင်းဖြစ်ပဲ ဖြစ်တယ်............။

ဘ၀တခုမှာ ပညာရှာချိန် ဥစ္စာရှာချိန် တရားရှာချိန်ဟူ၍ ရှိပါ၏ ၊ လူ့သက်တမ်းကို ၇၅နှစ် သက်တမ်းဟုဆိုလျှင် မွေးကင်းစအရွှယ်မှစတင်ပြီး ၂၅နှစ်ထိသော သက်တမ်းသည် ပညာရှာရန် အချိန်ဖြစ်ပါ၏ ၊ ၂၅မှ ၅၀ထိကာလကို ဥစ္စာရှာသင့်ပါ၏ ၊၅၀မှ ၇၅တိုင်အောင်သော အချိန်ကို တရားရှာသင့်သည်မဟုတ်ပါလော ၊ ကျွန်တော်ပညာသင်ချိန်ကိုသာ ပြောလိုပါသည် ယခုခေတ်မှာ ကျွန်တော်နဲ့ ရွယ်တူညီကိုယ်များဟာ မကြာမကြာ ပြဿနာတတ်နေပါသည် ပညာသင်မလား ?ဥစ္စာရှာမလား ? ကျွန်တော်ကတော့ ပညာသင်ဖို့ အခွင့်လမ်းလဲရှိမယ် ၊ မိမိကသင်လဲ သင်နိုင် မယ်ဆိုရင် ပညာကိုသာ ဆက်သင်ပါလို့ တိုက်တွန်းခဲ့ပါတယ် ၊ သူငယ်ချင်းတွေ ဆုံတိုင်း ဒီကိစ္စကို ကျွန်တော်ပြောပါတယ် ၊ နောင်တချိန်မှာ ပညာတတ်တွေသာ ဦးဆောင်မဲ့ ခေတ်အခါ ကိုရောက် လာလိမ့်မယ်လို့ ကျွန်တော်စွဲစွဲမြဲမြဲ ယုံကြည်ပါတယ် ၊ ဥစ္စာစီးပွားရှိသူတွေ ရှေ့တန်း ရောက်တယ် ဆိုတာ ၊ တည်ငြိမ်မှုမရှိသေးလို့ပါ တည်ငြိမ်သော တိုင်းပြည်ကြီးများတွင် အရာရာကို  ပညာတတ် တွေသာ နိုင်ငံကိုဦးဆောင် နေပါ တယ် ဒါကြောင့် ကျွန်တော်တို့ ညီကိုယ်မောင်နှမ များဟာ ဥစ္စာစီး ပွားဘယ်လောက်ရှိရှိ ပညာတတ် ကိုကျော်လို့မရဘူး ဆိုတာရယ် ဒီအချိန်ဟာ ပညာသင်ရမဲ့ အချိန် လို့ယုံကြည်မှိပါတယ် ။

ပညာတတ်ချင်ရင် ကျွန်တော်တို့ မြန်မာလူမျိုးများရဲ့ လက်ရှိအ ခြေနေနဲ့ ကြည့်လို့မရနိုင်ပါ ၊ တိုးတတ် ဖွံ့ဖြိုး နေသော နိုင်ငံကြီးများနှင့် နှိုင်းယှဉ်ကြည့်မှ သာ အဆင်ပြေပါလိမ့်မည် ၊ သူငယ်ချင်းတစ်ယောက် ကပြောပါတယ် ၊ “မင်းတို့ကငွေရှိတော့ အဆင်ပြေတယ်ကွ ၊ ငါကငွေမရှိဘူး ငါ့အဖေက ခိုးကူးခွေ ရောင်းတယ် ၊ ငါဘွဲ့ရလဲ ခိုးကူးခွေဘဲ ရောင်းရမှာဘဲတဲ့ ” ကျွန်တော်ပြန်ပြောလိုက်ပါတယ် မင်းပညာတတ်ချင်သည် ဖြစ်စေ မတတ်ချင် သည်ဖြစ်စေ မင်းတတ်အောင်သင်ထားရမယ် ၊ နောင်တချိန်မှာတော့ ပညာဟာတန်ဘိုးရှိလာမှာ မုချဘဲ မင်းပြောတဲ့ ငွေရှိတဲ့သူတွေဟာ တချိန်မှာ ပညာတတ်ရဲ့ အောက်ကိုရောက်မယ် ၊ သူတို့အိတ်ထဲ ကငွေတွေဟာ ပညာတတ်တွေရဲ့ အိတ်ထဲကို အလိုလို စီးဝင်သွားလိမ့်မယ် ၊ အခုတော့ ငါဒီလောက်ဘဲ ပြောနိုင်မယ် ၊ ဒို့မှာ ရွေးချယ်စရာမရှိဘူး လုပ်ချင်သည်ဖြစ်စေ ၊ မလုပ်ချင်သည်ဖြစ်စေ မင်းလုပ်ကိုလုပ်ထားရလိမ့်မယ် ၊ ဟုတ်ကဲ့ ကျွန်တော့်ညီအကိုများကို ပြောလိုပါတယ် ၊ အခုအချိန်ုဟာ ပညာသင်ရမဲ့အချိန်ပါခင်မျာ….။အဲဒီ ခံစားချက်လေးကြောင့် ကျွန်တော်ဒီစာလေးကို ဘာသာပြန် ပါတယ်ခင်မျာ….။


ကျွန်တော်ငယ်ငယ်တုန်းက စီမံခန့်ခွဲမှု အကြံပေးရာထူးနေရာမျိုး အလုပ်ရှာတုန်းကပေါ့ဗျာ ။ တစ်စုံ တစ်ယောက်ရဲ့ တိုက်တွန်းချက်အရ နာမည်ကြီး ကြော်ငြာ ကုမ္မဏီတစ်ခုရဲ့ ဥက္ကဋ္ဌကြီးနဲ့ တွေ့ဖို့ ကြုံလာပါတယ် ၊ ဥက္ကဋ္ဌကြီးက ကျွန်တော့လုပ်ရည်ကိုင်ရည်ကို တစ်စွန်းတစ်စ သိထားပုံရတယ်လို့ လည်း ပြောတယ်။ ဘာဘဲပြောပြော ကျွန်တော်ကြောက်ဒူးတုန်မှိတယ် ၊ ဘယ်တုန်းကမှ ဒီလောက်ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးမျိုးနဲ့ ရင်မဆိုင်ဖူးဘူး။ မနက်ဖြန်၁၀နာရီမှာ ချိန်းထားတယ်၊ တစ်နာရီလောက် အတွေ့ခံမယ်တဲ့ ။

ကျွန်တော်အစောကြီး ကြိုရောက်ပါတယ် ၊ ၁၀နာရီအတိမှာဘဲ အင်မတန် ကြီးကျယ်ခမ်းနား ထည်ဝါတဲ့ ၊ အခန်းကြီးကို ကျွန်တော့်ကိုပို့လိုက်ပါတယ် ၊ အဖိုးကြီးဟာ အကျီင်္လက်ပင့်တင် ထားပြီး ရှူးသိုးသိုးနဲ့ ကြည့်နေပါတယ် ၊ “မင်းအချိန် မိနစ်၂၀ပဲရမယ်”လို့ လှမ်းပြောလိုက်တယ် ၊ ကျွန်တော် စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေမှိတယ် ၊ “ငါပြောနေတယ်လေ မင်းအချိန် မိနစ်၂၀ပဲရ မယ်လို့” ကျွန်တော် စကားတစ်ခွန်းမှ မထွက်မှိဘူး ၊ “မင်းအချိန်တွေကုန်နေပြီ ဘာကြောင့်ပါးစပ် မဟရတာတုန်း ”  “မိနစ်၂၀ ကျွန်တော်ရတာဆိုရင် ကျွန်တော့်ဟာ ကျွန်တော်လုပ်ချင်တာ လုပ်နိုင် တာပေါ့ ” ဒီတော့ အဖိုးကြီးဟာ အားရပါးရ ရီပါလေရော ၊ အဲဒီနောက် ကျွန်တော်တို့ဟာ တစ်နာရီခွဲလောက် စကားပြောဖြစ်ကြတယ် ၊ ကျွန်တော် အလုပ်ရခဲ့တယ် ။

ဒီစာဖတ်ပြီးသွားတဲ့ တစုံတယောက်ဟာ ကျွန်တော်တို့ရဲ့ ရတဲ့အချိန်၂၅နှစ်အတွင်းမှာ ဘာလုပ် သင့် ပါသလဲ တွေးပေးကြပါအုံးခင်မျာ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ ကြပါစေ ဟု ငွေလမင်းတို့က ဆုတောင်းပါတယ် ၊ အားလုံး မင်္ဂလာပါခင်မျာ………။
 Martin Rytte ရဲ့ Time Out ကိုဆီလျှော်သလို ပြန်ဆိုပါသည် ။

Saturday, October 30, 2010

အခွင့်အရေး

ကျွန်တော် စာစရေးတော့ ကျွန်တော်တွေ့ကြုံခဲ့တာလေးတွေကို ရေးမယ်လို့ စဉ်းစားခဲ့တာပါ တ ကယ်ရေးဖြစ်တော့ ၊ ဖတ်ထားတာတွေရော မှတ်ထားတာတွေရော ၊ ကြားဖူးခဲ့တာတွေ အတွေ့အ ကြုံတွေရော ရေးဖြစ်လာပါတယ် ၊ တခါတရံမှာ ဘာသာပြန်လေးတွေ ရေးချင်လာပါတယ် ၊ ဘာ သာပြန်လေးတွေ တော်တော်များများကတော့ ကျွန်တော်အရမ်းကြိုက်တဲ့ chicken soup for the soul at work (101 stories of courage companion & creativity in the work place) တွေထဲက အလွန်ရိုးရှင်းတဲ့ စာတိုပေစလေးတွေပါ ၊ ဒီစာအုပ်ကို ကမ္ဘာကျော် chicken soup for the soul series မှ ၊ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုအတွက် သီးခြားထုတ်ဝေထားတာ ဖြစ်ပါတယ် ။

ဒီအထဲမှာ ပါဝင်တဲ့  ၀တ္ထုလိုလို ပုံပြင်လိုလို စာတိုပေစလေးတွေဟာ လူကြီးတွေအတွက် အရေပြား ပေါ် အယားပြေ လေးတွေဖြစ်နိုင်လောက်ပေမဲ့ ကျွန်တော်နဲ့ ရွယ်တူလူငယ်များအတွက်တော့ တစုံ တစ်ခုကို ညွန်ပြပေးနေတယ်လို့ ကျွန်တော်ကယုံကြည်တာ ကြောင့်ရယ် ၊ နောက်တစ်ခုက ကျွန်တော် သိတဲ့ စကားပုံလေးတစ်ခုထဲက It’s the essence of peinus to make use of the simplest of ideas. အစွမ်းအစ ရှိသူတွေရဲ့ အနှစ်သာရဟာ သာမန်အကျဆုံး စိတ်ကူးလေးများကို အသုံးတည့် အောင်ပြုလုပ်နိုင် ခြင်းဖြစ်ပဲ ဖြစ်တယ်လို့ မှတ်သားထားဖူးပါတယ် ၊ ဘာသာပြန်တင်မဲ့ နေ့မှာ ဒီစာသားလေးကို သွယ်တန်းပြီး ပိုစ့််တင်ပါ့မယ် ၊

အခွင့်အရေး

တခါတုန်းက မြို့လေးတစ်မြို့က လမ်းဆုံတစ်နေရာမှာ လူငယ်လေး တစ်ဦးဟာ ကုန်စုံဆိုင်လေး တစ်ဆိုင် ဖွင့်ထားတာပေါ့ ။ ရိုးသားဖြောင့်မတ်တယ် ၊ ကြိုးစားတယ် ၊ ဖော်ရွေတယ် ဒါကြောင့် လူချစ်လူခင်များတယ် ၊ လူတွေဟာ သူ့ဆိုင်မှာ ဈေးဝယ်တယ် ၊ သူများတွေကိုပါ ၀ယ်သူတွေက တိုက်တွန်းပေးတယ် ၊ ဒီတော့ စီးပွားရေးလုပ်ငန်း စည်ပင်လာတယ် ၊ ဆိုင်သေးသေးလေးကနေ ဆိုင်ကြီးဖြစ်လာတယ် ၊ တစ်ဆိုင်ကနေ နှစ်ဆိုင် သုံးဆိုင်  တစ်နိုင်ငံလုံး တနံတလျား ဆိုင်ခွဲတွေ အများကြီး ဖြစ်လာတာပေါ့ ၊ တနေ့တော့ သူဟာ ဆေးရုံမှာ ဘုန်းဘုန်းလဲပါလေရော ၊ ဆရာဝန် တွေက ဒီတောင်ကို မကျော်နိုင်တော့ မှန်းသိနေကြပြီ ၊ ပုဂ္ဂိုလ်ကြီးဟာ သားသုံးယောက်ကို ဆေးရုံကို ခေါ်လိုက်ပြီး ၊ အရည်အချင်းစစ် ပွဲတစ်ခုပြုလုပ်တယ် ။

“မင်းတို့သုံးယောက်ထဲက တစ်ယောက်ဟာ အဖေနှစ်ပေါင်းများစွာ အချိန်ယူ ထူထောင်လာခဲ့တဲ့ ကုမ္မဏီကြီးမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမယ် ၊ ဒီရာထူး အခုဘယ်သူနဲ့ ထိုက်တန်လဲ ဆိုတာ ငါအခု ဆုံးဖြတ်မယ် ရော့ ဒီမှာ တစ်ဒေါ်လာတန် တစ်ရွက်စီယူသွားကြ ၊ ၀ယ်ချင်တာဝယ်ခဲ့ ၊ ညနေ ဆေးရုံကို ပြန်လာခဲ့ကြ ၊ ၀ယ်လာတဲ့ ပစ္စည်းနဲ့ ဒီအခန်းထောင့်စေ့ ပြည့်အောင်ဖြည့် နိုင်ရမယ် ”

သားသုံးယောက်ဟာ အောင်မြင်နေတဲ့ ကုမ္မဏီကြီးမှာ ဥက္ကဋ္ဌဖြစ်ရမယ် ဆိုတော့ ၀မ်းသာ ပီတိဖြစ်ကြတာပေါ့ ၊ မြို့တွင်းဝင်ပြီး တစ်ဒေါ်လာဘိုး အပြိုင်အဆိုင် ဈေးဝယ်ထွက် ၊ ညနေကြ တော့ အဖေဖြစ်သူကမေးတယ် “သားကြီး မင်းတစ်ဒေါ်လာနဲ့ ဘာဝယ်လာသလဲ ” “အဖေ ကျွန်တော် သူငယ်ချင်းရဲ့ ယာတောကိုသွားပါတယ် ၊ တစ်ဒေါ်လာပေးပြီး ဟောဒီ ကောက်ရိုးနှစ် ထုံးဝယ်လာပါတယ် ” ကောက်ရိုးတွေကို အခန်းထဲဖြန့်ခင်းပြီး လိုက်တယ် ။ အခန်းထဲမှာ ကောက် ရိုးတွေ ကြဲပြန့်သွားပေမဲ့ ၊ ထောင့်စေ့အောင် မပြည့်နိုင်ဘူး ဖြစ်နေတယ် ။

ဒါနဲ့အဖိုးကြီးက “သားလတ် မင်းကော တစ်ဒေါ်လာနဲ့ ဘာတွေဝယ်လာ ခဲ့သလ”ဲ “ကျွန်တော် ကုန်ပဒေသာ တိုက်ကြီးတစ်ခုကို တက်ပြီး ဟောဒီ ကြက်မွှေးနဲ့ လုပ်တဲ့ ခေါင်းအုံးနှစ်လုံး ၀ယ်လာပါတယ် ” ကြတ်မွှေးခေါင်းအုံးကို ဖောက်ပြီး အခန်းထဲကိုဖြန့်ကြဲလိုက်ပေမဲ့ အခန်းက ထောင့်မစေ့ပြန်ပါဘူး ၊

“ကဲသားငယ် မင်းရော တစ်ဒေါ်လာနဲ့ ဘာဝယ်လာသလဲ ”  “အဖေ သားကတော့  အဖေအရင် တုန်းက ဖွင့်ခဲ့တဲ့ ဆိုင်မျိုးကို တွေ့အောင်ရှုာခဲ့ပါတယ် ။ ဆိုင်ရှင်ကို တစ်ဒေါ်လာပေးပြီး အကြွေ အရင်ဖြတ်လိုက်ပါတယ် ၊ ဆင့်ငါးဆယ်နဲ့ ထိုက်သင့်တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုကို အရင်ဆုံးလုပ် လိုက်ပါတယ် ၊ နောက် ဆင့်နှစ်ဆယ်ကို ကုသိုလ်ဖြစ် လူမှု့ရေးအဖွဲ့စည်းတစ်ခုကို လှူဒါန်းလိုက်  ပါတယ် ၊ နောက်ဆင့်နှစ်ဆယ်ကို ဘုရားရှိခိုးကျောင်းကို လှူလိုက်ပါတယ် ၊ ကျန်တဲ့ ဆယ်ဆင့် နဲ့ ဒီပစ္စည်းနှစ်ခု ၀ယ်လာပါတယ် ”

သားငယ်ဟာ သူ့အိတ်ထဲက မီးခြစ်ဗူးနဲ့ ဖယောင်းတိုင်လေးကိုထုတ်လိုက်ပါတယ် ၊ မီးခြစ်ပြီး ဖရောင်းတိုင်လေးကို မီးညှိလိုက်ခါ ၊ လျှပ်စစ်မီးကို ပိတ်လိုက်တယ် ၊ ဖယောင်းတိုင် မီးအလင်းရောင်ဟာ တစ်ခန်းလုံးကို ထောင့်စေ့ ပြည့်လျှံအောင်ထိ ထွန်းလင်းသွားပါတယ် ၊ အဘိုးကြီးဟာ အရမ်းဝမ်းသာပြီး “ဒါမှ ငါ့သားကွ မင်းသာဥက္ကဋ္ဌ ဖြစ်ထိုက်တယ် ၊ လူ့ဘ၀ အတွက် အရေးကြီးဆုံး သင်ခန်းစာကို မင်းသဘောပေါက်တယ် ၊ ဉာဏ်အလင်းရောင်ကို မင်းဘယ်လို ထွန်းညှိရမယ်ဆိုတာ မင်းသဘောပေါက်တယ် ၊ လူ့ဘ၀မှာ ဒါအရေးကြီးတယ်ကွ။

Nido Qubein ရဲ့ Let your light shine ကိုပြန်ဆိုပါသည် ။

ကျွန်တော်တို့တတွေဟာ တချိန်မဟုတ် တချိန်ချိန်မှာ ဒေါ်လာတစ်ရွက်ပေးပြီး လူစွမ်းလူစ ပြရမဲ့ အခွင့်အခါမျိုး ကြုံကြရပါလိမ့်မယ် ၊ အဲဒီအခါမှာ သားငယ်လေးလို လူစွမ်းလူစ ပြနိုင်လျှင်ဖြင့်……။
  

 အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ငွေလမင်းတို့က ဆုမွန်ကောင်းတောင်းလိုက်ပါတယ် …..။

Wednesday, October 20, 2010

ဆပ်ကပ်ပွဲ

                                  စာရေးဆရာကြီး William Wordsworth ၏ပုံ



ဆပ်ကပ်ပွဲ
ကျွန်တော်ဆယ်ကျော်သက် အရွယ်တုန်းကပါ ၊ ကျွန်တော်နဲ့ ကျွန်တော့်အဖေဖေဟာ ဆပ်ကပ်ပွဲကို ကြည့်ဖို့ လက်မှတ်ဝယ်ရန်အတွက် တန်းစီနေပါတယ် ၊ နောက်ဆုံးကျွန်တော်တို့ အကြားမှာ လက်မှတ် ရောင်းတဲ့ နေရာနဲ့ မိသားစုတစ်စုသာ ရှိပါတော့တယ် ၊ ဒီမိသားစုကို ကျွန်တော်စိတ်ထဲမှာ တော်တော်လေး စွဲကျန်နေခဲ့ပါတယ် ၊ ကလေးက ရှစ်ယောက် အားလုံး၁၂နှစ် အောက်အရွယ်တွေ ဖြစ်ဖို့များပါတယ် ၊ သူတို့တွေမှာ ငွေများများစားစား မရှိတာကို သူတို့ရဲ့ ဟန်ပန်နဲ့ ၀တ်စားလာတဲ့ အ၀တ်အစားလေးတွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ် ။

သူတို့ဝတ်လာတဲ့ အ၀တ်အစားလေးတွေဟာ တန်ဖိုးမကြီးလှပါဘူး၊ ဒါပေမဲ့ သန့်သန့်ပြန့်ပြန့်လေးတွေပါ  လက်ချင်းတွဲကာ သူတို့မိဘတွေ နောက်က နှစ်ယောက်တွဲ တန်းစီနေတဲ့  ကလေးအားလုံးဟာ ရည်ရည်မွန်မွန်လေးတွေပါ ၊  သူတို့လေးတွေက ဒီညကြည့်ရမဲ့ လူရွှင်တော်တွေ အကြောင်း ဆင်တွေအကြောင်း အခြားပြကွက်တွေ အကြောင်းတွေကို တတွတ်တွတ်နဲ့ ပြောဆိုနေကြပါတယ် ၊ အရင်က သူတို့လေးတွေဟာ ဆပ်ကပ် ပွဲဆိုတာကို လုံးဝမကြည့်ခဲ့ဖူးဘူးဆိုတာ မှန်းဆကြည့်နိုင်ရုံနဲ့ သိနိုင်ပါတယ် ၊ ဒီနေ့ညဟာ သူတို့လေးတွေရဲ့ ဘ၀အတွက် အထူးအဆန်းလေး တစ်ခုဖြစ်ဖို့ ကျိန်းသေပါတယ် ။

သူတို့ အဖေနဲ့ အမဟာ အုပ်စုရဲ့ ရှေ့နားမှာ မားမားမတ်မတ် ရပ်နေကြပါတယ် ၊ အမေဖြစ်သူဟာ ခင်ပွန်းဖြစ်သူရဲ့ လက်ကိုဆွဲထားရင်း ဒီညမှာတော့ ရှင်ဟာ ကျမအတွက် ချပ်ဝပ်တန်ဆာတွေနဲ့ တောက်ပနေတဲ့ သူရဲကောင်းကြီးပါဘဲဆိုတဲ့ ပုံစံမျိုးနဲ့ ယောကျာ်းရဲ့ မျက်နှာကို ရွမ်းရွမ်းစားစား ကြည့်နေသလို  ၊ ယောကျာ်း ဖြစ်သူကတော့ ပြုံပြုံးကြီးလုပ်နေပြီး ဟန်ပန်ကြီးစွာနဲ့ သူ့မိန်းမကို ကြည့်ပြီး “မင်းတောင် ဒီအမှန်တရားကို နားလည်သွားမှကိုး ” ဆိုတဲ့ ပုံစံနဲ့  ဇနီးဖြစ်သူ့ကို ပြန်လည် ကြည့်နေပါတယ် ။

လက်မှတ်ရောင်းနေတဲ့ အမျိုးသမီးက “လက်မှတ်ဘယ်နှစ်စောင်ဖြတ်မှာလဲ ” လို့ဖခင်ဖြစ်သူကို လှမ်းမေးလိုက်ပါတယ် ၊ “ကျေးဇူးပြုပြီး လူကြီးလက်မှတ် နှစ်စောင် ကလေးလက်မှတ် ၈စောင် ပေးပါဗျာ ၊ ဒါမှ ကျွန်တော်မိသားစုကို ဆပ်ကပ်ပြနိုင်မှာဗျ ”လို့ သူက၀င့်ကြွားစွာနဲ့ ပြန်ပြောလိုက်ပါတယ် ၊ အဲဒီအချိန်မှာ လက်မှတ်ရောင်းတဲ့ အမျိုးသမီးက ကျသင့်ငွေကို ပြောလိုက်တဲ့ အချိန်မှာတော့ ၊ သူ့ဇနီးက သူ့လက်ကို လွှတ်လိုက်သလို သူမရဲ့  ဦးခေါင်းဟာလဲ ငိုက်စိုက်ကျသွား ပါတယ် ၊ ဖခင်ဖြစ်သူရဲ့ နှုတ်ခမ်းဟာလဲ တုန်တုန်ရီရီ ဖြစ်လာပါတော့တယ် ၊ ဖခင်ဖြစ်သူဟာ ရှေ့ကို နဲနဲတိုးလိုက်ပြီး ၊ “ဘယ်လောက်ကျတယ်လို့ ပြောလိုက်တာလဲ ခင်မျာ ”ဟု တိုးလျှဆုတ်နစ်သော အသံနဲ့ မေးလိုက်ပါတယ် ၊ လက်မှတ်ရောင်းသူက ကျသင့်တာ ထက်ပိုပြီးတော့ ပြောလိုက်ပါတယ် ။

သူတို့မှာ ငွေလုံလုံလောက်လောက် ရှိပုံမရပါ ၊ သူ့ရဲ့ဇနီးနဲ့ သားသမီးတွေကို ငွေမလောက်လို့ ဆပ်ကပ်မပြနိုင်တော့ဘူးလို့ ဖခင်တစ်ယောက်အနေနဲ့ ဘယ်ပြောထွက်နိုင်ပါ့မလဲ ၊ အခြေအနေကို သိတဲ့ ကျွန်တော်ဖေဖေဟာ သူ့အင်္ကျီထဲက ဒေါ်လာ၂၀တန် တစ်ရွက်ကို မြေကြီးပေါ်ကို ချလိုက်ပါတယ် ၊ ဖေဖေဟာ ဒေါ်လာ နှစ်ဆယ်တန်ကို လှမ်းပြီး ကောက်ယူလိုက်ပြီး အဲဒီလူရဲ့ ပခုံးကို ပုတ်ခါ ၊ “ဒီကဆရာကြီး ခင်များအိပ်ကပ်ထဲက ထွက်ကျတာလေ” ဟုပြောလိုက်ပါတယ် ။

အဲဒီလူကြီးက အခြေအနေကို သိရှိနားလည်ပါတယ် ၊ သူကဖေဖေ လှမ်းပေးလာတဲ့ ဒေါ်လာ၂၀တန် ကိုငြင်းဆန်မနေတော့ဘဲ ၊ သူ့မျက်နှာဟာ အခြေအနေကို တန်ဖိုးထားပါတယ် ၊ သူက ကျွန်တော့် ဖေဖေရဲ့ မျက်လုံးတွေကို စိုက်ကြည့်ခါ ၊ သူ့လက်နှစ်ဖက်နဲ့ ဖေဖေကို လက်တွဲနှုတ်ဆက်လိုက်ပြီး ဒေါ်လာ၂၀တန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ယူလိုက်ပါတယ် ၊ ပြီးတော့ သူ့ပါးပြင်ပေါ်သို့ မျက်ရည် တစ်စက် စီးကျခါ တုန်ရီနေတဲ့ နှုတ်ခမ်းနဲ့ ကျွန်တော့ဖေဖေကို “ ဆရာကြီးရယ် ကျေးဇူးတင်လိုက်တာဗျာ ၊ ကျေးဇူးတင်လိုက်တာ ဒါလေးဟာ ကျွန်တော့်မိသားစု အတွက်တော့ အရမ်းအဓိပ္ပါယ်ရှိပါတယ်ဗျာ ”

ကျွန်တော်နဲ့ ကျွန်တော့အဖေဟာ ကားလေးဆီကို ပြန်သွားခဲ့ပြီး ၊ အိမ်သို့ ပြန်မောင်းလာခဲ့ပါကြပါတယ် ၊ အဲဒီနေ့ညက ကျွန်တော်တို့ သားအဖနှစ်ယောက် ဆပ်ကပ်ပွဲကို မကြည့်ခဲ့ရပါဘူး ၊ ဒါပေမဲ့ ကျွန်တော်တို့ အကြောင်းမဲ့ မကြည့်ခဲ့ရတာတော့ မဟုတ်ပါဘူး ။

ဒီဝတ္ထုလေးကို ကျွန်တော်ဖတ်ဖူးခဲ့တဲ့အချိန်က ကျွန်တော်၈တန်း ကျောင်းသားဘ၀ကပါ ရေးတဲ့ လူက William Wordsworth (၀ီလီယန် ၀ါ့(ဒ်) ၀ါ (သ်) ပါ ၊ နာမည်လေးက The circus ပါ နှစ်တွေ ကြာခဲ့ပေမဲ့ Chicken soup For the soup Vol -2 ဆိုတဲ့ စာအုပ်လေးဟာ ကျွန်တော့် အိပ်ယာဘေးမှာ အမြဲရှိနေခဲ့ပါတယ် ၊ ဒီစာအုပ်လေးကြောင့် ကျွန်တော်နဲနဲ ပြောင်းလဲခဲ့ဖူးပါတယ် ၊ အဲဒီ ၀တ္ထုလေးထဲက ကျွန်တော်အမှတ်တရ ရှိတဲ့စာလေး တစ်ပိုဒ်ကတော့ “We didn’t go to the circus that night, but we didn’t go without.” အဲဒီညက ကျွန်တော်တို့ သားအဖ ဆပ်ကပ် မကြည့်ခဲ့ရဘူး၊ ဒါဟာ အကြောင်းမဲ့ မကြည့်ခဲ့ရတာတော့ မဟုတ်ဘူးတဲ့ ၊ အရမ်းကောင်းတဲ့ စာသားလေးပါ ၊ တခါတရံမှာ သူတစ်ပါးကို ကူညီလိုက်ရလို့ ကိုယ့်ရဲ့အခွင့်ရေး တစုံတရာ ဆုံးရှုံးခဲ့ရမယ် ဆိုရင် ၊ ဒါဟာ didn’t go without “အကြောင်းမဲ့” မဟုတ်ဘူးလို့ ဖြေ သိမ့်နိုင်ကြပါစေကြောင်း……။

ဒီစာလေးကို ရေးပြီးတဲ့ အချိန်မှာ ကျွန်ုပ်၏ ချစ်လှစွာသော မဒမ်ငွေက ချက်ချင်းတင်ရန် ညွန်ကြား ခြင်းကို ခံရပါတယ် ၊ မတင်ဘူးလို့ ပြောတော့ စိတ်တွေအရမ်းဆိုးနေပါတယ် ၊ စာလဲရေးရ မဒမ်ငွေရဲ့ စိတ်ဆိုး စိတ်ကောက်မှုဒဏ်ကို အလူးအလဲ ခံစားနေရသည့် သနားစဖွယ် အရမ်းကောင်းသည့် မစ္စတာငွေလမင်းက ၊ စာရှုသူအားလုံးတို့ကို ရွှင်လန်းချမ်းမြေ့သော နေ့တစ်နေ့ ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ် ၊ ရွှင်လန်း ချမ်းမြေ့ကြ ပါစေခင်မျာ ။

Wednesday, October 13, 2010

ကွန်ပျူတာအကြည့်လွန်ရောဂါComputer Vision Syndrome

                                   ကွန်ပျုတာသုံးမယ်ဆိုရင် ဒါလေးဖတ်သွားအုံး
                                    သတိပြုဖွယ်ရာလေးပေါ့
                                            ကိုယ်ဟန်အနေထားလေးကတော့ဒီလို
                           ကွန်ပျုတာကြည့်ဘို့ဖန်တီးထားတဲ့ ဒရိုက်ဖိုဂယ်ဆိုတာ အဲဒါပေါ့

ကွန်ပြူတာအကြည့်လွန်ရာ ကဖြစ်လာတဲ့ ရောဂါလက္ခဏာဟာ အခုနောက်ပိုင်း လူသားတွေ ခေတ်ပေါ် လျှပ်စစ်ပစ္စည်းတွေ၊ ကွန်ပျုတာတွေ၊ Smart Phone နောက်ဆုံးပေါ် ဖုန်းတွေ၊ ဗီဒီယိုဂိမ်းကစားတဲ့ လက်ကိုင်လျှပ်စစ်ပစ္စည်းလေးတွေ၊ e-book လို့ ခေါ်တဲ့ ကွန်ပြူတာကတဆင့် စာအုပ်ဖတ်တာတွေ အသုံးများတာကြောင့် ဖြစ်လာတဲ့ မျက်စိရောဂါ ဖြစ်ပါတယ်။ လူတစ်ယောက်က ကွန်ပျုတာအရှေ့မှာ တစ်နေ့သုံးနာရီကျော် ထိုင်တယ်ဆိုရင် ၊ ဆရာဝန်တွေ အခေါ်ကတော့ အဲဒီလူဟာ Computer Vision Syndrome လို့ခေါ်တဲ့ မျက်စိရောဂါ လက္ခဏာ တစ်ခုကို ခံ စားရဘို့ များတယ်လို့ဆိုပါတယ် ။

အမေရိကန် မျက်စိကု ဆရာဝန်များအသင်းက ဒေါက်တာ မိုက်ကယ်ဒူးနပ် ဟာအဲဒီရောဂါ နဲ့ပတ်သတ်ပြီး ခုလိုပြောပါတယ် ၊ “အဲလိုဖြစ်ရင် ပင်ပန်းနွမ်းနယ်မယ် ၊ ခေါင်းကိုက်မယ် ၊ ဂုတ်တွေဘာတွေကိုက်မယ် နောက်ကြောတက်မယ်ပေါ့ဗျာ ၊ အဲဒါတွေအပြင် အမြင်အာရုံတွေ နှစ်ထပ်ဖြစ်လာတာတို့ ၊ ကြိုကြား ကြိုကြား အမြင်မကြည်လင်တာတို့ ဖြစ်တတ်ပါတယ်” ဒေါက်တာဒူးနပ်စ် ကပြောသွားပါတယ်  ၊ ၀ါရှင်တန်ဒီစီ မြို့ရဲ့ အမျိုးသား အကြံပေးဋ္ဌာနရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ ရေချယ်ဗစ်ချပ်ကတော့ ၊ “Computer  Vision Syndrome ဟာ မျက်စိကိုပျက်ဆီးစေတာတော့ မဟုတ်ပါဘူးရှင် ၊ ရေတိမ် တို့ မျက်စိအာရုံကြော ပျက်ဆီးတာတို့လို ရောဂါလဲမဟုတ်ပါဘူး ၊ ဒါကမျက်သားလွှာကအရေကြည် ခန်းခြောက်တာတို့ ၊ မျက်လုံးက တစ်နေရာကို ကောင်းကောင်း အာရုံစိုက်မကြည့်နိုင်တာလောက်ပါဘဲ” လို့ဆိုပါတယ် ။

ဆက်လက်ပြီးတော့ ဒေါက်တာဒူးနပ်စ်က “လူတွေက ကွန်ပျုတာ စားပွဲပေါ်မှာ တစ်ခုခုကို အာရုံစိုက်ကြည့်မှိပြီဆိုရင် ၊ မျက်တောင်သိပ်မခတ်ကြတော့ဘူး ၊ အဲဒါကြောင့် အရေကြည်ခန်း ခြောက်တာနဲ့ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်ကုန်ကြတယ် လို့ဆိုပါတယ် ၊ ကိုယ်ဘာကို ကြည့် နေတယ် ဆိုတာကို အာရုံစိုက်နိုင်တဲ့ ကြွက်သားတွေ မျက်လုံး ထဲမှာရှိတယ် ၊ ကွန်ပျုတာ တင်ထားတဲ့စားပွဲက သမားရိုးကျစာအုပ်တွေ ထက်စာရင် ပိုလှမ်းတဲ့ နေရာမှာ ရှိပေမဲ့ တစ်နေရာထဲကို ကြာကြာစိုက်ကြည့်နေတယ် ဆိုရင် အဲဒီကြွက်သားတွေက ညောင်းလာတတ် တယ် ၊ ဒီရောဂါလက္ခဏာက လူကြီးတွေအကြား လုပ်အားနဲ့ သင်ကြားနိုင်မှု အနေအထားတွေ လျှော့ကျနိုင်ပြီး ၊ ကျောင်းတက်နေတဲ့ ကလေးသူငယ်တွေ အကြားမှာလဲ အရည်အချင်း ကျဆင်းနိုင်တယ်လို့ ဒေါက်တာဒူးနပ်စ် ကပြောပါတယ် ။

ပုံနှိပ်စာအုပ်က စာသားတွေနဲ့ ကွန်ပျုတာ မှန်သားပြင်ပေါ်က စာသားတွေဟာ တူညီမှုမရှိဘူး ကွဲပြားခြားနားတယ် ဆိုတဲ့အချက်ကိုတော့ ဆရာဝန်အားလုံးက သဘောတူကြပါတယ် ၊ ပုံနှိပ်စာ သားတွေကတော့ကြည့်ရတာ လွယ်ကူပြီး ၊ ကွန်ပျုတာ မှန်သားပြင်ပေါ်က စာသားတွေကတော့ အမြင်အာရုံ ကြည်လငဖို့ အတော်ကို အားစိုက်ရတယ်လို့ ဆိုပါတယ် ၊ အလင်းရောင်များလာ အောင် လိုက်လုပ်တာတို့ မျက်လုံးစူးအောင် လုပ်တာတွေကတော့ အမြင်အာရုံကို ထိခိုက်စေပါ တယ်  ။

ယနေ့ခေတ်လူငယ်တွေဟာ များပြားလှတဲ့ ပြဿနာတွေထဲမှာ နေထိုင်ရတယ်လို့ အထောက် အထားတွေက ပြသနေတယ်လို့ ဆရာဝန်ဒူးနပ်စ် ကဆိုပါတယ် ၊ လက်ကိုင်ကွန်ပျုတာတွေကို အချိန်များစွာ အသုံးပြုလာတဲ့အတွက်ကြောင့် လူတွေဟာ တဖြေးဖြေး အနီးကြည့်လောက်ဘဲ ရတော့တယ်လို့ သူကဆိုပါတယ် ၊ လွယ်ကူတဲ့ အဆင့်လေးတွေကို လုပ်လိုက်ရုံနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်တယ်ဆိုတာ ဆရာဝန်တွေက ပြောပါတယ် ၊ ဥပမာအားဖြင့်  လုပ်ငန်းအလိုက် တက်ရတဲ့ မျက်မှန်မျိုးပါ ၊ အခုဆိုရင် သမရိုးကျ အနီးကြည့်နဲ့ အဝေးကြည့်တက်ကြမဲ့ အစား ၊ ကိုယ်လုပ်တဲ့ အလုပ်နဲ့ ဆိုင်တဲ့ အနီးအဝေးကြည့်မျက်မှန် ၊ဒါမှမဟုတ် ဒရိုက်ဖိုဂယ်လို့ ခေါ်တဲ့ ခေါ်တဲ့ ကွန်ပျုတာကြည့် မျက်မှန်တွေပါ ပေါ်လာပြီလို့လဲ သူကပြောပါတယ် ။


 ကွန်ပျုတာကို ကြည့်တဲ့မျက်မှန်သားကိုတော့ ထိပ်ပိုင်းမှာ တပ်တယ်လို့ ဆိုပါတယ် ၊ ဘာလို့လဲဆိုရင် ကွန်ပျုတာကို ကြည့်တဲ့အခါ အပေါ်ပိုင်းကို ကြည့်လေ့ရှိကြတာကြောင့်ပါ ၊ စာ ဖတ်တဲ့ အပိုင်းကတော့ အောက်မှာထားကြတာပေါ့လေ ၊ မျက်လုံးမညောင်းအောင် မျက်စဉ်း ခပ်တာမျိုး ၊ ၁၅မိနစ်တခါ အခြားတစ်ဖက်ကို လှည့် ကြည့်တာမျိုးတွေ လုပ်ဖို့ဆရာဝန်တွေ အကြံ ပြုပါတယ် ၊ ဒါ့အပြင် နောက်တစ်ခုလုပ်နိုင်သေးတာက ကွန်ပျုတာတင်တဲ့ စားပွဲပြင်နဲ့ ကွန်ပျုတာ မှန်သားပြင်ဟာ သူ့ရှိသင့်တဲ့ အမြင့်မှာ ရှိဖို့လိုပါ တယ် ၊ ကွန်ပျုတာ တင်တဲ့ စားပွဲကလဲ ကိုယ့်မျက်လုံးမြင်ကွင်းရဲ့ လေးလက်မ အောက်မှာရှိသင့်တယ် လို့ဆိုပါတယ် ၊ ဆိုလိုတာက လူတစ်ယောက်ဟာ ကွန်ပျုတာကိုမော့ကြည့်နေရတဲ့ အနေအထား မဖြစ်ရပါဘူး ၊ Computer Vision Syndrome လို့ခေါ်တဲ့ ဒီရောဂါကို ကုသရတာလွယ်ပေမဲ့ ၊ ရုပ်မြင်သံကြား အစီအစဉ်တွေ ကွန်ပျုတာ နဲ့ကြည့်လို့ရနေတာကြောင့်ရယ် လက်ကိုင်ကွန်ပျုတာ ပစ္စည်းများ ပေါများလာတာ ကြောင့်ရယ်  ဒီရောဂါဟာ ပိုမိုကျယ်ပြန့်လာတယ် လို့ ၊  ဆရာဝန်များက သုံးသပ်ထားပါတယ် ။

မှတ်ချက်

ဒီပိုစ့်ကိုရေးတော့ မဒမ်ငွေလမင်းက လူတွေစိတ်ဝင်စား မှာမဟုတ်ဘူး အခြားပိုစ့်တစ်ခု တင်ပါလို့ဆို လာပါတယ် ၊ ပြည်ပမှာနေတဲ့ လူတိုင်းက ကွန်ပျုတာနဲ့ အလုပ်လုပ်နေကြတာတဲ့ သူတို့ကို ဒီရောဂါကြီး ဖြစ်နိုင်တယ်လို့ ပြောရင် ကြိုက်မှာမဟုတ်ဘူး လို့ပြောပါတယ် ၊ သုံးတဲ့သူများ သတိရှိအောင် မျက်စိအန္တရာယ် ကင်းဝေးအောင်ဆိုတဲ့ စေတနာလေးနဲ့ ရေးသားလိုက်ရတာပါ ၊ မဒမ်ငွေလမင်း ပြောသမျှကို ခေါင်းငုံပြီး ကြိတ်မှိတ်သည်းခံ နေရသည့် သနားစဖွယ်ဖြစ်သည့် မစ္စတာငွေလမင်း ။

Sunday, October 3, 2010

အရှုံးကို အပြုံးဖြင့် ရင်ဆိုင်နိုင်သူ


                                     ဂရင်းဆလင်းဆုကြီးတွေလေ (၁၆)ခုတောင်
                                           သဲလေးနဲ့ တွဲရိုက်ထားတာ
                        သေရင်ကိုယ့်နောက်မှမပါတာ ဒါကြောင့် ရောင်းလှူလိုက်တဲ့ ရက်ကက်
                         အောင်ပွဲကို ပယ်ပယ်နယ်နယ် ခံလိုက်တယ် ယားးးးးးးးးးးးးစ်
သူ တင်းနစ်ကစားသည်ကို ကြည့်ရှုလျှင် အခြားစိတ်ကြီးသူ တင်းနစ်ကစားသမားများကဲ့သို့ ရက်ကက်ကို လွှင့်ပစ်ခြင်း၊ ရိုက်ချိုးခြင်း၊ ပစ်ပေါက်ခြင်းမျိုး ဒေါသအိုးပေါက်ကွဲသည်ကို တွေ့ရလေ့မရှိ။ ဆန့်ကျင်ဘက် အပြုအမူအနေဖြင့် ပြိုင်ဘက်တင်းနစ်သမားအပေါ် အပြုံးနှင့်သာ ရင်ဆိုင်ယှဉ်ပြိုင်တတ်သည်ကို အမြဲလိုလို တွေ့ရလေ့ရှိပါတယ်။ သူ့ကို အားကစားရေးရာ ခွဲခြမ်းစိတ်ဖြာသုံးသပ်သူများ၊ တင်းနစ်ဝေဖန်ရေးသမားများ၊ တင်းနစ်ကစားသမား ဟောင်းများနှင့် လက်ရှိကစားနေသူများက အမြဲတမ်း ဂရိတ်တင်းနစ် ပလေယာအဖြစ် အသိအမှတ်ပြုထားတဲ့ အားကစား သမားတဦး ။

သူသည် ကမ္ဘာ့အဆင့် (၁) တင်းနစ်ကစားသမားနေရာ (13September 2010 အထိ)ကို စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ်ထံမှ ပြန်လည်သိမ်းပိုက်ရယူခဲ့ပြီး ကမ္ဘာ့အဆင့် (၁) တင်းနစ်သမားနေရာကို (၂၃၇) ပတ်ဆက်တိုက် ထိန်းသိမ်းနိုင်သည့် စံချိန်တင်ခဲ့သူ။ သူသည် မကြာသေးမီက နောက်ဆုံးရရှိခဲ့သည့် ၂၀၁၀ သြစတြေးလျအိုးပင်းဆုဖလား အပါအ၀င် ဂရင်းဆလင်း ဆုဖလားပေါင်း (၁၆) ကြိမ် ရရှိခဲ့ပြီး တခြားအမျိုးသားတင်းနစ်သမားများထက် ငွေကြေးရော ဆုဖလားတွေပါ ပိုမိုရရှိခဲ့သူ ။

 သူသည် ဂရင်းဆလင်းဆုဖလားအားလုံး( တစ်ခု သို့ နှစ်ခု သို့ သုံးခု သို့ လေးခု)ကို သိမ်းပိုက်နိုင်သည့် အမျိုးသားတင်းနစ်သမား (၆) ဦးအနက် နောက်ဆုံးတဦးဖြစ်ပြီး အိုးပင်းခေတ် စတင်ကတည်းက ဂရင်း ဆလင်း  ဆုဖလားအားလုံးကို သိမ်းပိုက်ခဲ့သူ သုံးဦးသာရှိသည့်အနက် (ရော့ဒ်လာဗာ၊ အင်ဒရေ အဂ္ဂါစီ တို့နှင့်အတူ) တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ထို့အပြင် တင်းနစ်သမိုင်း၌ မြေစေးကွင်း၊ မြက်ခင်းကွင်းနှင့် ကွင်းမာ (၃) မျိုးစလုံးတွင် ဂရင်းဆလင်း ဆုဖလား (၄) ခုစလုံးကို သိမ်းပိုက်ခဲ့သူ နှစ်ဦးသာရှိသည့်အနက် (အင်ဒရေအဂ္ဂါစီနှင့်အတူ) တစ်ဦးဖြစ်သူ..။ ဒါ့အပြင် အင်ဒရေအဂ္ဂါစီနှင့်အတူ ကမ္ဘာ့ဂင်းနစ် မှတ်တမ်းဝင်ခဲ့သူ..။

သူသည် ဂရင်းဆလင်းပြိုင်ပွဲ (၁၀) ကြိမ်ဆက်တိုက် နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့် စံချိန်တင်ခဲ့ပြီး ATP World Tour Finals တွင် (၄) ကြိမ်နှင့် ATP Masters Series ပြိုင်ပွဲများတွင် (၁၆) ကြိမ် ဗိုလ်စွဲကာ အမြဲတမ်း ဂရိတ်ပလေယာတဦးဖြစ်သူ အင်ဒရေအဂ္ဂါစီထက် တစ်ကြိမ်သာ လျော့နည်းခဲ့ပြီး ။ သူသည် ၂၀၀၈ ခုနှစ် နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲတွင် တနိုင်ငံတည်းသား စတန်နစ်လတ်စ်ဝေါ်ရင်ကာနှင့်အတူ နှစ်ယောက်တွဲ တင်းနစ်ရွှေတံဆိပ်ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ သူဖြစ်သည့်အပြင် ။

သူ၏ အောင်မြင်မှုများကြောင့် Laureus World Sportsman of the Year တစ်နှစ်တာကမ္ဘာ့အကောင်းဆုံး အားကစားသမားဆုကို ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ လေးကြိမ်ဆက်တိုက် ရွေးချယ်ခြင်းခံခဲ့ရသူ။ သူ၏ အတိတ်က အောင်မြင်ခဲ့မှုများနှင့် ဆက်တိုက်အောင်မြင်နေမှုများကြောင့် သူ့ကို  သူ့နိုင်ငံသားတွေက The Federer Express (ဖက်ဒရာအမြန်) သို့မဟုတ် အတိုကောက် Fed Express၊ Swiss Maestro (ဆွစ်အကျော်အမော်) သို့မဟုတ် အလွယ်အားဖြင့် Maestro ဟုလည်း မကြာခဏ ခေါ်ဝေါ်လေ့ရှိသူ ၊ တိုင်းပြည်ရဲ့သား ကောင်းရတနာ တစ်ပါးဖြစ်လို့ နိုင်ငံရဲ့ တံဆိပ်ခေါင်းတွေမှာ တောင် သူ့ရဲ့ဓာတ်ပုံ ရိုက်နှိပ် ထုတ်ဝေ ဂုဏ်ပြုခြင်းကို  ခြင်းခံရသူ ။

 အားကစား သမားဘ၀မှ ရရှိသော ငွေကြေးများကို ချို့ငဲ့သူ မရှိဆင်းရဲသားများအတွက် အလှူဒါနအမျိုးမျိုး ပြုလုပ်ကာ ထောက်ပံ့ကူညီခဲ့သူ။ သူသည် ချို့ငဲ့သူများကို ကူညီရန်နှင့် အားကစားလောကကို မြှင့်တင်ရန်အတွက် ၂၀၀၃ ခုနှစ်တွင် ‘ရော်ဂျာဖက်ဒရာ ဖောင်ဒေးရှင်း’ ကို တည်ထောင်ခဲ့သူ ။ ၂၀၀၅ ခုနှစ်တွင် ကက်ထရီးနား ဟာရီကိန်းမုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီရန်အတွက် ယူအက်စ်အိုးပင်းတင်းနစ်ချန်ပီယံ ဖြစ်ခဲ့သည့် သူ၏ ပြိုင်ပွဲဝင် တင်းနစ်ရက်ကက်ကို လေလံတင်ရောင်းချခဲ့သူ ။ ၂၀၀၆ ခုနှစ်တွင် ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က စေတနာ့ဝန်ထမ်း ချစ်ကြည်ရေး သံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရသူ။


ထိုအချိန်မှစ၍ တောင်အာဖရိကနှင့် ၂၀၀၄ ခုနှစ်တွင် အိန္ဒိယသမုဒ္ဒရာအောက် မြေငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဆူနာမီရေလှိုင်းဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရသော အိန္ဒိယနိုင်ငံ၏ ပြည်နယ်များအနက်မှ တစ်ခုဖြစ်သည့် တမီနာဒူးလ်ပြည်နယ်သို့ သွားရောက် လည်ပတ်ကူညီခဲ့သူ ။ သူသည် ယူနီဆက်ဖ်မှ လုပ်ဆောင်သည့် ပြည်သူလူထုအတွင်း အေအိုင်ဒီ အက်စ်ရောဂါအပေါ် ပို၍အာရုံပြု သတိမူမိလာအောင် သတင်းအချက်အလက်များ ပေးပို့လှုံ့ ဆော်ရာတွင်လည်း အားတက်သရော ပါဝင်လှုပ်ရှားခဲ့သူ ။

၂၀၁၀ ပြည့်နှစ်တွင် လှုပ်ခတ်ခဲ့သည့် ဟေတီငလျင်တွင်လည်း သူဟာ ၂၀၁၀ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲအတွက် နောက်ဆုံးနေ့ လေ့ကျင့်ပြင်ဆင်မှုများကို စွန့်လွှတ်ပြီး ထိပ်တန်း တင်းနစ်အကျော်အမော်များဖြစ်ကြသည့် ရာဖေးလ်နာဒယ်လ်၊ နိုဗက်ဂျူကိုဗစ်၊ အင်ဒီရော့ဒ်ဒစ်ခ်၊ ကင်မ်ကလိုက်စတားစ်၊ ဆရီနာဝီလျံမ်စ်၊ လေတန်ဟျူးဝှစ်၊ ဆမ်စတိုဆာတို့နှင့်အတူ Hit For Haiti ခေါ် ငလျင်ဒဏ်ခံ ဟေတီပြည်သူများကို ကယ်ဆယ်ကူညီရေးအတွက် အထူးရန်ပုံငွေရှာဖွေရေး တင်းနစ်ပြိုင်ပွဲတရပ်ကို ကျင်းပပြုလုပ်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ။ ထို့နောက် ရန်ပုံငွေ တင်း နစ်ပွဲမှ ရရှိသည့် အကျိုးအမြတ်များအားလုံးကို ငလျင်ဒဏ်ခံ ဟေတီဒုက္ခသည်များထံသို့ ပေးပို့ ကူညီခဲ့သူ ..။

ထိုသူကား အခြားမဟုတ် ဆွစ်ဇာလန် ပြည်သူတို့နှင့် ကမ္ဘာ့တင်းနစ်လောက၏ စံပြပုဂ္ဂိုလ်ကျော် ပရော်ဖက်ရှင်နယ် တင်းနစ်သမား ရော်ဂျာဖက်ဒရာပင် ဖြစ်ပါ၏ သူ့ရဲ့ကိုယ်ရေး အချက်လက် တချို့ကတော့ ဒီလိုလေးပါ..........။

Rogger Federer
Rogger Federer ကို  8 August 1981 မှာ Basel Switzerland တွင်မွေးဖွားခဲ့ပါတယ် လက်ရှိ Wollerau Switzerland မှာနေထိုင်နေပါတယ် Rogger Federer ဟာ ဆွီဒင်နိုင်ငံသား Professional tennis player တစ်ယောက်ဖြစ်ပါတယ် ၊ သူ့ အရပ်အမြင့် ၆ပေ၁လက်မ ရှိတယ် သူဟာ ညာသန်ကစားသမားဖြစ်တယ် အခုလက်ရှိ 13 September 2010 မှာ ကမ္ဘာ့ နံပါတ် ၃ တင်းနစ်ကစားသမား အဖြစ်  Association of Tennis Professionals (ATP) က အသိအမှတ်ပြုထားတယ် ။

သူဟာ Grand Slam အဖွဲ့ကြီးက အထူးအသိအမှတ်ပြုခံရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ် Grand Slam ဆိုတာက ကွင်းလေးကွင်းမှာ  ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်တဲသူတွေကို ပြောတာပါ ဘယ်လိုကွင်း တွေလဲဆိုတော့ Australian Open ( ကွန်ကရစ်အခင်းနဲ့ ကစားရတဲ့ ကွင်း တစ်နည်း  hard court) US Open (ဒါလည်း hard court) French Open ( မြေစေး ကွင်း) Wimbledon Open (မြက်ခင်းပြင်ကွင်း) ဆိုပြီးလေးကွင်းလုံးမှာ နိုင်အောင်ကစားနိုင်တဲ့သူတွေကို Grand Slam တွေလို့ ခေါ်ပါတယ် သူ့ဝင်ငွေဟာ အားကစားရာသီတစ်ခုအတွက် US$ 57သန်းကျော်ရှိပါတယ် လက်ရှိ နံပါတ် ၁ ဖြစ်တဲ့ Rafael Nadal ထက်ကို ၀င်ငွေ ပိုများပါတယ်   (Single Title) တစ်ယောက်ထဲ ကစားတဲ့ ပွဲစဉ်တွေမှတ်တမ်းအနေနဲ့ ကတော့ ၇၂၂ ပွဲနိုင်ခဲ့ပြီး ၁၇၂ ရှုံးခဲ့ပါတယ် ။

Rogger Federer အောင်မြင်မှုရာခိုင်နှုန်းက ၈၀.၇% ရှိပါတယ် တကယ်တော့ သူဟာ   2 Febrauary 2004 မှ   13 Sepember 2010 ထိ ကမ္ဘာ နံပါတ် ၁ အကောင်းဆုံး တင်းနစ်သမားဖြစ်ခဲ့တယ် အဲဒီနောက်ပိုင်း US Open အပြီးမှာတော့ နံပါတ် ၃ ဖြစ်သွားခဲ့ပါတယ် သူဟာ ၂၀၀၈ ကမ္ဘာ့ အိုလံပစ် မှာ (Double Title) နှစ်ယောက်ကစားတဲ့ပွဲမှာ Gold Medal ဆုကို ရရှိခဲ့ပါတယ် သူနဲ့အတူတူ  ကစားခဲ့သူက Stanislas Wawrinka ဖြစ်ပါတယ် သူ့မှာ ပြိုင်ဘက်များစွာ ရှိတဲ့အနက် နာမည်အကြီးဆုံးပြိုင်ဘက် လက်ရှိချန်ပီယံ Rafael Nadal ဖြစ်ပါတယ်Rafael Nada သည် Rogger Federer ထက် ၅ နှစ်ငယ်တဲ့သူဖြစ်ပါတယ် Rogger Federer ရဲ့တင်းနစ် အောင်မြင်မှုမှတ်တမ်း အနေနဲ့ ကတော့ သူ့ကို Ladureus World Sportman of the Year ဆိုပြီးတော့ နာမည်ပေးထားပါတယ်

Rogger Federer ကို Robert Federer  (ှဆွီဒင်လူမျိုး) နှင့် Lynette DU Rand (တောင်အာဖရိကလူမျိုး) မိဘတွေက မွေးခဲ့တာဖြစ်တဲ့အတွက် သူဟာ ဆွီဒင်နိင်ငံသားရော တောင်အာဖရိက နိုင်ငံသားေ၇ာ  နှစ်မျိုးခံယူထားပါတယ်  Federer က ဆွီဒင် ၊ ဂျာမန်၊ ပြင်သစ်၊အင်္ဂလိပ် ဘာသာ စကားလေးမျိုး ကို ကောင်းကောင်းပြောဆိုနိုင်သလို ကက်သ လစ်ဘာသာဝင်တဦး လည်းဖြစ်ပါတယ်  ၂၀၀၆ ခုနှစ် Internazionali BNL d'Italia တင်းနစ်ပြိုင်ပွဲ ယှဉ်ပြိုင်စဉ်အတွင်း ပုပ်ရဟန်းမင်းကြီး (၁၆) နှင့် တွေ့ဆုံခဲ့ပြီး ကတ်သလစ် သာသနာတော် ဆိုင်ရာ အဆုံးအမကို ခံယူခဲ့ပါတယ် ။ အခြားဆွစ်ဇာလန် အမျိုးသားများကဲ့သို့ ဖက်ဒရာသည်လည်း စစ်မှုမထမ်းမနေရ တာဝန်ကို လိုက်နာခဲ့ရသော်လည်း၊ ၂၀၀၃ ခုနှစ်တွင် ကြာရှည်မတ်တပ်ရပ်၍ ဖြစ်ပွားသည့် ကျောဒဏ်ရာကြောင့် ကျန်းမာရေးမပြည့်စုံသည့်အတွက် နောက်ပိုင်းတွင် သူ၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် နိုင်ငံတော်မှ စစ်မှုထမ်းခြင်းဥပဒေကို  ကင်းလွတ်ခြင်းပြုခံ ခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ် ။


Rogger Federer က ၂၀၀၀ ခုနစ် Sydney Olympics ကို သွားကစားရင်းနဲ့က အမျိုးသမီးတင်းနစ်ကစားသမား Mirka Vavrinec  နဲ့တွေ့ပြီးချစ်သူတွေဖြစ်ခဲပဲါ့တယ် Mirka က ၂၀၀၂ ခုနစ်မှာ ကစားပွဲတစ်ခု မှာ ခြေထောက်ဒဏ်ရာရပြီးနောက်ပိုင်း အနားယူခဲ့ပါတယ် အဲဒီနောက် တော့ Federer ရဲ့ မန်နေဂျာလုပ်ခဲ့ပြီး 11 April 2009 မှာလက်ထပ်ခဲ့ကြပါတယ်  23 July 2009 မှာ Mirka က Federer အတွက် သမီး အမြွှာလေး နှစ်ယောက်ကိုမွေးပေးခဲ့ပါတယ် နာမည်လေးတွေကတော့ Myla Rose and Charlene Riva လို့ခေါ်ပါတယ်၊ (လက်ထပ်ပြီး လေးလမှာ အမြွှာ ညီအစ်မနှစ်ယောက်ကို မွေးဖွားနိုင်တဲ့ စွမ်းအားမြင့် ယောကျာ်းတစ်ယောက် လဲဖြစ်ပါတယ်)

 Federerဟာ အားကစားတွင်သာမက လူမှုေ၇းလုပ်ငန်းတွေကို လည်း စိတ်ဝင်တစားလုပ်ကိုင် နိုင်ဖို့အတွက်  ၂၀၀၃ ခုနစ်မှာ  Rogger Federer Foundation ကို ဖွဲ့စည်းပြီး လူတွေကို ကူညီရင်း အားကစားလုပ်ငန်းတွေမှာ တိုးတက်အောင် ကြိုးစားခဲ့တယ် ၂၀၀၆ ခုနစ်မှာ UNICEF မှ Federer ကို Goodwill Ambassador ဆိုတဲ့ ဂုဏ်ထူးဆောင်လက်မှတ်ကို ပေးအပ်ခဲ့ပါတယ်  ဒါ့အပြင် World Economic Forum (WEF) မှလည်း သူ့ရဲ့လူမှုရေးလုပ်ငန်းတွေမှာ ခေါင်းဆောင်မှု၊ဆောင်ရွက်မှုတွေအတွက် 2010  Young Global Leader ဆိုတဲ့နာမည်ကို ပေး ကင်းပွန်းတပ်ခြင်း ကိုခံခဲ့ရပါတယ် ။

Federer ရဲ့ တခြားစီးပွါးေ၇းလုပ်ငန်းတွေ အနေနဲ့ကတော့ နာမည်ကြီး  NIKE ကုမ္ပဏီ က Nike အသုံးအဆောင်ပစ္စည်းများကို ကြေငြာဖို့အတွက် စပွန်ဆာပေးခြင်းခံရသူ ဖြစ်ပါတယ် ကော်ဖီ စက်ရုံတွေနဲ့လည်း  လတ်မှတ်ထိုးပြီးကြေငြာလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၉ ခုနစ်မှာ ဆွီဒင်နိုင်ငံရဲ့ ချောကလက် စက်ရုံတစ်ခု မှ Brand Ambassador အဖြစ် စပွန်ဆာပေးခဲ့ပါတယ်

အားကစားသမား ဘ၀မှ စလို့ ၊ ယနေ့တိုင် ရရှိထားတဲ့ ဂရင်းဆလင်းဆုဟာ၁၆ ခုရှိပါတယ် သြစတြေးလျ အိုးပင်း လေးကြိမ် ၊ ၀င်းဘယ်တန် ၆ ကြိမ် ၊ ပြင်သစ် အိုးပင်း ၁ ကြိမ် ၊ အမေရိကန် အိုးပင်း ၅ ကြိမ်တို့ ဖြစ်ပါတယ် ၊ အားကစားသမား ဘ၀ကရတဲ့ ဆိုငွေနဲ့ ကြေငြာ စပွန်ဆာ ခတွေနဲ့ ဆိုရင် တစ်နှစ်ကို သန်း ၉၀ကျော် ဖြစ်ပြီး ၊ တင်းနစ်လောကမှာ ၀င်ငွေအများဆုံး အားကစားသမား အဖြစ် ရပ်တည်နေသူဖြစ်ပါတယ် လူငယ်အားကစား သမားတစ်ယောက် ဖြစ်သော်လည်း အားကျအတုယူ၏ဖွယ်ရာ သူ့လုပ်ရပ်များကြောင့် ဘာသာတရား နှင့် လူမျိုး ၊ တိုင်းပြည်ကိုပါ ဂုဏ်တက်စေခဲ့သလို ကမ္ဘာ့အားကစားသမားလောက စစ်တမ်းများအရ ကမ္ဘာ့က အလေးစားရဆုံးသော လူငယ် အားကစား သမားတစ်ယောက် ဖြစ်ပါကြောင်း သိသလောက် ဖောက်သည်ချရလိုက် ပါတယ် ။

ဘာသာပြန်သူ သမီးလေး ငွေလမင်း ။ ပြန်လည်ရေးသား ဖောက်သည်ချသူ သမီးငွေလမင်းရဲ့ ဖေဖေ ဦးငွေလမင်း (နံနှိမ်ထားတာ ၊ အမြင်ကပ်လို့) နောက်ပြီး အော်ပရာဝင်းဖေးရဲ့ ယခုလက်ရှိ အခြေအနေကိုလည်း ဆက်လက်ရေးသားပါမည် သူမရဲ့ အကြောင်းအရာများကို ဖတ်ထားပြီးသော်လည်း အလုပ်မအားသောကြောင့် မရေးဖြစ်သေးတဲ့ ဆိုတဲ့အကြောင်း ပြော ကြားရင်း နိဂုံးချုပ်လိုက်ပါတယ် ။

Monday, September 27, 2010

လေရောင်း လေ၀ယ် ဒေါ်ကုဋေကြွယ်

 Time မျက်နှာဖုံး ပါဘဲရှင်
 ဒါက စီးပွားရေးလုပ်နေတာ ရှင့် အာလူးဖုတ်နေ တယ်မထင်နဲ့
သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ဆော်လေ ကျမကိုလာဖားနေတာ မဲရအောင်ဆွဲ ဆောင်ပေးဘို့
 ဒါကလက်ရှိသမ္မတကြီး ဘားရတ်အိုဘားမား က ကျမကို ဂုဏ်ပြုနေတာ
ဒါက သူသမ္မတ ဖြစ်ဘို့အတွက် မဲသန်းချီရ အောင်မဲဆွယ် ပေးခဲ့လို့ ကျေးဇူးဆပ်တာ

 “ရုန်းကန်ကြိုးစားမှုမရှိလျှင် အားအင်ဆိုတာလည်း မရှိနိုင်ဘူး”..“မင်း အကြောက်ဆုံးအရာက တကယ်တမ်းတော့ ကြောက်စရာမဟုတ်ပါဘူး၊ တကယ့်ကြောက် စရာက ကြောက်နေတဲ့ မင်းရဲ့စိတ်ပါ”လို့ Time မဂ္ဂဇင်းမှာ လူသားတွေ အတွက် ခွန်အား ဖြစ်စေ မဲ့ စကားတစ်ခွန်းကို ပြောဆို ခဲ့တဲ့သူကတော့ ကမ္ဘာ့အချမ်းသာဆုံး အာဖရိကန် အမေရိကန်လူမည်းတစ်ဦး ဖြစ်တဲ့ (Oprah Winfrey) အော်ပရာ ၀င်းဖရေး ဖြစ်ပါတယ် သူမရဲ့ ချမ်းသာကြွယ်ဝမှုက ၁၉၉၉ တွင် ၇၂၅ မီလီယံ ($725 Million)ကြွယ်ဝပြီး ၂၀၀၉ ခုနှစ်မှာတော့ ၂.၇ ဘီလီယံ( $2.7 Billion)ထိ ချမ်းသာကြွယ်ဝ လာတဲ့ ကုဋေကြွယ်သူဋ္ဌေး မကြီးတဦး ဖြစ်သလို ယခုလက်ရှိ အမေရိကန်သမ္မတ အိုဘားမားအတွက် မဲသန်းပေါင်းချီရရှိအောင် မဲဆွယ်ပေးနိုင်သူဖြစ်ပါတယ်။ ကမ္ဘာ့အ ကျော် ကြား ဆုံးလူများတွင် သူသည် ထိပ်ဆုံးမှ ပါဝင်ပါတယ် ။

အဲသလောက် ချမ်းသာကြွယ်ဝ အောင်ဘယ်လိုအလုပ် အကိုင်တွေကို အမာခံ လုပ်ကိုင်ခဲ့ ပါသလဲလို့ မေးခဲ့ရင်တော့ ၊ စနစ်တကျ စကားပြောတဲ့ အလုပ်ကိုလုပ် သူလို့သာ ဖြေဆိုရမှာ ဖြစ်ပါတယ် ၊ စကား ဆိုတာ မပြောတတ်တဲ့ လူများအတွက် ကတော့ ရန်သူများပြီး လူအမြင်ကပ် တာသာအဖတ်တင် တတ်ပေမဲ့ ၊ စနစ်တကျ ပြောတတ်သူ များအတွက်ကတော့ သန်းချီပြီး ငွေကြေး ရနိုင်ပါတယ် ၊ ကမ္ဘာပေါ်မှာ ဖို့စ် မော်တာကား တွေ ခေတ်စားခဲ့ ချိန်က သံမဏိ စက်ရုံပိုင် ရှင်ကြီး အင်ဒရူးကာနတ်ဂျီရဲ့ ၊ စက်ရုံတွေမှာ လူတွေ အလုပ်မလုပ်ချင်တဲ့ စိတ်ကျရောဂါ နဲ့ အလား သဏ္ဍာန်တူ ရောဂါတွေ ပျံ့နှံ့ခဲ့လို့ အလုပ်သမားတွေ မှိုင်တွေ ငေးမောပြီး အလုပ်မလုပ်ချင် ကြလို့မို့ အလုပ်လုပ်ချင်အောင် စကားပြောနိုင်တဲ့ လူကိုရှာဖွေပြီး အလုပ်ခန့်အပ် ခဲ့ရဖူးပါတယ် ၊ ဒုတိယကမ္ဘာစစ် မဖြစ်မှီကာ လမှာ အမေရိကန် ဒေါ်လာတစ်သန်း ဆိုတဲ့ ငွေကြေးဟာ နဲတဲ့ပမာဏ မဟုတ်ပါဘူး ၊ သံမဏီ စက်ရုံမှာ ပထမဦးဆုံး ဋ္ဌာနလက်ကိုင် ရှိမန်နေဂျာ တစ်ယောက်ကို တစ်နှစ်ကိုဒေါ် လာတစ်သန်းပေးပြီး ခန့်အပ်လိုက်ရပါတယ် ၊ သူ့ရဲ့ အလုပ်အကိုင်က အလုပ်မလုပ် ချင်တဲ့ လူကို အလုပ်လုပ်ချင်လာ အောင်ပြောဆိုရတာပါ ၊ ပထမဦးဆုံး အလုပ် ခန့်အပ်ခံရသူက တော့ ကမ္ဘာ့အစကား အပြောအကောင်းဆုံး ပုဂ္ဂိုလ်ကြီး ချားရွတ်ပါ ။ ဆိုလိုတာက စကားပြော တတ်တဲ့ လူတွေအတွက် စကားဟာ ငွေကို သန်းချီအောင် ရှာပေးနိုင်တယ်လို့ သိစေလိုတာပါ ။

အခုလဲ အော်ပရာဝင်းဖေး လုပ်တဲ့အလုပ်အကိုင်က အမေရိကန် ရုပ်မြင်သံကြား အစီအစဉ်များမှာ Talk Shows များဖြစ်ပြီး လူကြိုက်များလှပါတယ်။ အစီအစဉ်တင်ဆက်သူတစ်ဦးက ဦးဆောင်ပြီး ဖိတ်ကြား ထားတဲ့ ဧည့်သည်များနဲ့ စကားဝိုင်း လေးတစ်ခု ဖန်တီးပြီး ၀ိုင်းဝန်း ဆွေးနွေး ကြ တဲ့ အစီ အစဉ်ကို Talk Show လို့ ခေါ်ပါတယ်။ ဆွေးနွေးကြတာတွေကတော့ လူတွေကို စိတ်ဓာတ်အားမြှင့်ပေးတဲ့ ခေါင်းစဉ်မျိုးတွေ၊ လူမှုပြဿနာတွေ၊ မိသားစု ပြဿနာတွေ စတာ တွေဖြစ်ပြီး အစီအစဉ် တင်ဆက်သူရဲ့တင်ပြမှုကောင်းပုံ ဟာသဥာဏ်ရွှင်ပုံတို့ အပေါ်မှာ မူတည်ပြီး ထိုစကားဝိုင်းများသည် နာမည်ကြီးလာတတ်ပါတယ်။ ထိုသူများထဲမှ လူမည်း တစ်ဦး ဖြစ်သူ အော်ပရာဝင်းဖရေးသည် ထူးထူးခြားခြား ဘ၀ကိုရုန်းကန်ကာ အောင်မြင်လာသူတစ်ဦး ဖြစ်ပါ တယ်။သူဟာ ချီကာဂို(Chicago) ကို ၁၉၈၃ ပြောင်းရွှေ့နေထိုင်ချိန်က စလို့ AM Chicago ရုပ်သံ လိုင်းမှာ မနက်ပိုင်း Talk Show တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ လအနည်း ငယ်အ တွင်း မှာပင် အခြားသူများ၏ Talk Show များထက် ပိုမိုအောင်မြင်လာခဲ့တယ်။ အဲဒီ အချိန် ကစပြီး Oprah Winfrey Show လို့ နာမည်ကျော်ကြားလာခဲ့ပါတယ်။

အဲသလောက် ချမ်းသာ ပြီး အဲသလောက် အောင်မြင်လာတဲ့ လူတွေမှာ ၀မ်းနည်းစရာ အတိက်က အရိပ်မဲ တွေရှိစမြဲပါ ၊ အတိက်က ပေးတဲ့ သင်္ခန်းစာ တွေကို အနာဂတ် ရဲ့နမူနာ အဖြစ် ခံယူကျင့် သုံးပြီး ဘ၀ကို အောင်မြင်စွာ ရုန်းကန်နေတဲ့ အမျိုးသမီး တဦးရဲ့ အတိက်ပုံရိပ်လေး တွေက ဒီလိုလေးရယ် ပါ… (Oprah Winfrey) အော်ပရာဝင်းဖရေးကို ၁၉၅၄ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့၌ မစ္စစပီနယ်ရှိ ကော့စ်စီးယပ်ကိုမြို့တွင် အလွန်ဆင်းရဲသော လူမည်းမိသားစုတစ်စုမှ မွေးဖွားခဲ့တယ် ။ အမေဖြစ်သူ ဗာနစ်တာလီ က အိမ်ဖော်တစ်ယောက်ဖြစ်ပြီးတော့ အဖေဖြစ်သူ ဗာနွန်ဝင်းဖရေးက စစ်သားတစ် ယောက်ဖြစ်တယ်။ အော်ပရာဝင်းဖရေး ကို ကိုယ်ဝန်ရချိန်၌ မိဘနှစ်ပါးက ဆယ် ကျော် သက်အရွယ်သာရှိသေးတယ်။ သူ့ကိုမွေးဖွားပြီးမကြာခင်မှာပဲ မိဘနှစ်ပါးက လမ်းခွဲ ခဲ့ကြတယ်။ သူ့အဖေက နောက်ပိုင်းမှာ စစ်တပ်ကနားပြီး ဆံပင်ညှပ်တဲ့သူ လုပ်နေတယ်။ ငယ်ငယ် က အော်ပါ့ (Orpah) လို့ မှည့်ထားပေမယ့် သူငယ်ချင်းတွေ အိမ်သားတွေက Oprah လို့ခေါ်ရင်း အော်ပရာ (Oprah) လို့ အမည်တွင်သွားတယ်လို့သူက ပြောပြတယ်။


သူ့အမေက သူ့ကိုမွေးဖွားပြီးချိန်မှာ နိုင်ငံမြောက်ပိုင်းကို ခရီးထွက်သွားတယ်။ ဒါကြောင့်မို့ အဖွားဖြစ်သူ ဟတ်တိုင်းအယ်လီနှင့် ခြောက်နှစ်အရွယ်ထိ နေထိုင်ခဲ့ရတယ်။ သူ့အဖွားကလည်း အလွန်ဆင်းရဲတယ်။ ၀င်းဖရေးအတွက်အင်္ကျီကို အာလူးသီးထည့်တဲ့ ဂုန်နီအိတ်များနဲ့ ချူပ် ပေးတယ်။ အဲဒီအင်္ကျီတွေကိုဝတ်ထားတဲ့ ၀င်းဖရေးကို အခြားကလေးငယ်များက နောက် ပြောင်ကြ တယ်။ အဖွားက ၀င်းဖရေးကို သုံးနှစ်သား အရွယ်ကတည်းက စာဖတ်ဖို့သင်ပေးခဲ့ တယ်။ အနီးနားရှိ ဘုရားရှိခိုးကျောင်းသို့ ခေါ်သွားတယ်။ ဘုရားကျောင်းရှိသူတွေက ၀င်ဖရေးရဲ့ သမ္မာကျမ်းစာကို သံနေသံထား မှန်မှန် သာယာနာပျော်ဖွယ် ရွတ်ဆိုတတ်လို့ “တရားဟော ဆ ရာလေး”ဟု ချစ်စနိုး ခေါ်ကြတယ်။ အဖွားက ကြိမ်တုတ်လေးတစ်ချောင်းကို ကိုင်တတ်ပြီး ၀င်းဖ ရေး ဘုရားစာမရွတ်ဆိုဘဲ အမှားတစ်ခုခုလုပ်လျင် ၀င်ဖရေးကို ရိုက်တတ်တယ်။


ဝင်းဖရေး အသက် ၆ နှစ်ရောက်တော့ အမေဖြစ်တဲ့ဗာနစ်တာ ပြန်ရောက်လာပြီး အဖွား နေအိမ်ကနေ ၀စ်ကွန်ဆင်း (Wisconsin) ပြည်နယ်ထဲမှာရှိတဲ့ မေ၀ယ်ကီးမြို့(Milwaukee)ကို ခေါ် လာတယ်။ သူ့အမေက အိမ်ဖော်အဖြစ် တနေကုန်နီးပါး အလုပ်လုပ် ရတာကြောင့်မို့ သူ့အဖွား လောက် ဂရုမစိုက်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ အုပ်ထိန်းမှုကင်းမဲ့နေတဲ့ ကလေးငယ် ၀င်းဖရေးဟာ အသက် ၉ နှစ်အရွယ်မှာ ၀မ်းကွဲအကိုတွေ၊ ဦးလေးတွေ၊ ယောက်ျားလေး သူငယ်ချင်းတွေရဲ့ အ နိုင်ကျင့်မှုကို ခံခဲ့ရတယ်။


ဆင်းရဲပြီး ဆိုးရွားလှတဲ့ နေ့ရက်တွေကို ရင်ဆိုင်နေရစဉ်မှာပင် ၀င်းဖရေးက စာကြိုးစားတယ်။ အတန်းတွေမှာစာတော်လို့ တစ်တန်းပြီးတစ်တန်း ကျော်ပြီးတက်ရတယ်။ ဆရာဆရာမတွေက ၀င်း ဖရေးကို စာတော်ပြီးသွက်လက်ချက်ချာလို့ ချစ်ကြတယ်။ အသက် ၁၃ နှစ်မှာ အထက် တန်း ကျောင်းတစ်ခုကို တက်ရောက်ဖို့အတွက် ပညာသင်ဆု ချီးမြှင့်ခံရတယ်။ နှစ်ပေါင်းများစွာ အနိုင် ကျင့်ခံခဲ့ရတဲ့ဝင်းဖရေးဟာ အပျိုပေါက်ဖြစ်နေတဲ့ ၁၃ နှစ်အရွယ်မှာပဲ အိမ်ကထွက်ပြေးခဲ့တယ်။ ဒါပေမယ့် အနိုင်ကျင့်မှု ၊ အဓ္ဓမကျင့်မှုတွေကြောင့် အပျိုဖော်ဝင်ကာစ ၀င်းဖရေးမှာ ရင်သွေးငယ်ကို လွယ်ခဲ့ရတယ်။ အသက် ၁၄ နှစ်မှာ ကလေးမွေးခဲ့ပေမယ့် အဖတ်မတင်ဖြစ်ခဲ့ရတယ်။ အဲဒီလို အဖြစ်အပျက်တွေ ဖြစ်ပြီးတဲ့နောက်မှာ သူ့ အမေက၀င်းဖရေးကို တန်နက်စ် ဆီး  ပြည် နယ် (Tennessee) ၊ နက်ခ်ျဗီလာ (Nashville) မှာနေတဲ့ ၀င်းဖရေးရဲ့အဖေ ဗာနွန်ဝင်းဖရေးဆီသို့ လွှတ်လိုက်တယ်။ သူ့အဖေက စည်းစနစ်ကြီးပြီး ပညာရေးကို အားပေးလို့ ၀င်းဖရေးရဲ့ဘ၀ဟာ အပြောင်းအလဲတစ်ရပ် ဖြစ်လာတယ်။

EastNashvilleအထက်တန်း ကျောင်းမှာတက်ရောက် ခွင့်ရရှိခဲ့ပြီးစာ တော်လို့ဂုဏ် ထူးဆောင် ကျောင်းသူအဖြစ်သတ်မှတ်ခြင်းခံခဲ့တယ်။ သူက ကျောင်းရဲ့ ကျပန်းစကားပြောအဖွဲ့ (Speech Team) မှာ အထင်ရှားဆုံးကျောင်းသူ ဖြစ်လာခဲ့တယ်။ စကားပြောပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများကိုရရှိခဲ့တယ်။ Tennessee State University ရဲ့ ပညာသင်ဆုရရှိခဲ့တယ်။ အသက် ၁၇ နှစ် အရွယ်မှာ လူမည်းအလှမယ် (Miss BlackTennesseeBeauty Pagent အဖြစ်ရွေး ခံရ တယ် အဲဒီ အချိန်မှာပဲ ပြည်တွင်း ရေဒီယိုသတင်း ဌာနတစ်ခုဖြစ်တဲ့ WVOLကအလုပ်လုပ်ဖို့ ကမ်းလှမ်း လာခဲ့တယ် ထိုသတင်းဌာန မှာပဲအထက်တန်း နှင့်ကောလိပ်ကျောင်း သားဘ၀ စာသင် နှစ် ၂နှစ်တွင်လုပ်ကိုင် ခဲ့တယ်သူကအသက်အငယ်ဆုံးနဲ့ပထမဆုံးလူမည်းအသံလွှင့်သူ တစ်ဦး ဖြစ် လာတယ်။
သတင်းဌာနမှာ အလုပ်လုပ် ကိုင်တော့ အဖွားဖြစ် သူကတအံ တသြမဖြစ်ခဲ့ ဘူးလို့ ဆိုတယ် ၀င်း ဖရေးက ငယ်ငယ်က တည်းက  စကားပြော  တတ်တယ် စင်ပေါ်မှာ လည်းရဲရဲ  တင်းတင်းပြော တတ်တယ်လို့ အဖွားက ပြောတယ် ငယ်ငယ်က အင်တာဗျူး အမေးအဖြေ ကစားတမ်းများ ကစား ခဲ့တယ်လို့လည်း ပြောတယ်။ သူအခုလိုအောင်မြင်တာဟာ အဖွားရဲ့အားပေးမှု တွေကြောင့်လို့ ၀င်းဖရေးက ပြောပါတယ်။ “အဖွားက အကောင်းမြင်ဖို့ ကျွန်မကို သင်ပေးခဲ့တယ်”။ ကလေးငယ်များကို လိင်အဓမ္မ ကျင့်မှုနှင့်သက်ဆိုင်တဲ့ ဆွေးနွေးပွဲမှာ သူဟာ သူရဲ့ငယ်ဘ၀က အ ဓမ္မကျင့် ခံရမှုများကိုတင်ပြပြီး ဆွေးနွေးခဲ့ပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်၊ မိန်းက လေးငယ်များကို စိတ်ဓာတ် ရေးရာမြှင့် တင်ပေးဖို့ ဆွေးနွေး အကြံပြုခဲ့ပါတယ်။

မှတ်ချက်……..။
ဒါကတော့ ၀င်းဖရေးရဲ့ ကိုယ်ရေးအချက်အလက် တချို့သာဖြစ်ပါတယ် ၊ ဒီစာလေးက တကယ်တော့ ကျွန်တော် မစ္စတာ ငွေလမင်း ရေးသားထားတဲ့ စာမဟုတ်ပါဘူး ၊ မစ္စစ် ငွေလမင်းရဲ့ မေးလ်ထဲက ဖော်ဝက်မေးလ်တစ်စောင် ဖြစ်ပါတယ် ၊ ကျွန်တော် က မစ္စစ်ရေ ဒါလေးကို မတင် ချင်ဘူးကွာ အခြားဘလော့တွေ မှာရှိနေရင် ဒို့ငွေလမင်း ဘလော့ကကူးယူတယ်ထင်ပြီး လူအထင်သေး သွားပါလိမ့်လို့ ပြောတော့ မစ္စစ်ငွေလ မင်းက ဆီလျှော်အောင် ပြန်ရေးပါလို့ ပြောပါတယ် ၊ ကျွန် တော် လဲသေသေ ချာချာ ဖတ်ကြည့်ပြီး အင်တာနက် မှာ ရှာကြည့်တော့  ၀င်းဖရေးရဲ့ ဘ၀ဇာတ် ကြောင်းဟာ စိတ်ဝင် စားစရာ ကောင်းတာကို တွေ့ရပါတယ် ၊ ကျွန်တော့ဘ၀ မှာလဲ သူငယ်ချင်းမ တစ်ယောက်ဟာ ချစ်သူ တုချစ်သူယောင် တစ်ယောက်ရဲ့ လိင်မှုဆိုင်ရာ စော်ကားမှုခံ ရပြီး လူ့ငရဲမှာ ခလေးသုံး ယောက်နဲ့ ဒုက္ခများနေတာကို ကိုယ့်တွေ့ ကြုံခဲ့ဖူးပါတယ် ၊ မြန်မာ အမျိုးသမီးလေး များဟာ အရှက်ကို အသက်တင်မက ဘဲအငတ်ခံပြီးထိ ကာကွယ်ရမယ် ဆိုတဲ့ မှားယွင်းတဲ့ အယူအဆ တွေကြောင့် မြန်မာ မိန်းခလေးငယ် တချို့ လင်ဆိုးလင်ပေ တွေကို ဆင်းရဲဒုက္ခခံပြီး ပေါင်းသင်းနေထိုင် နေရတာကို တွေ့မြင်မှိပါတယ် ၊ တကယ်တန်းတော့ ဗုဒ္ဓတရားတော် များအရ လူဟာ အတိက်ကံကြောင့် မကောင်းတဲ့ အကျိုးပေးခံရ တဲ့သဘောမျှ သာပါဘဲ ၊ ဒါကိုရဲရဲ ၀င့်ဝင့်နဲ့ ရင်ဆိုင်ပြီး ၊ ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့  လုပ်သင့်လုပ်ထိုက် တာကို ဆက်လက်လုပ်ကိုင် သွားရင် ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတစ်ခုဟာ ရတတ်စမြဲလို့ ယုံကြည်ပါတယ် ၊ ၀င်းဖရေးလို  ကမ္ဘာကျော် သန်းကြွယ်သူဋ္ဌေး မကြီးတစ်ယောက်တောင် ဒီလိုလိင်မှု့ဆိုင်ရာ အနိုင် ကျင့်မှု ကိုလူ သိရှင်ရှား ထုတ်ဖော်ပြီး  Talk Show ပြောနိုင်သေးရင် ၊ လိင်မှုဆိုင်ရာ စော်ကားခံရတဲ့ မြန်မာ မိန်းခလေး တချို့က ဘာကြောင့် စော်ကားသူနဲ့ ပေါင်းသင်းနေထိုင် ရမှာလဲဆိုတဲ့ အတွေးမျိုးလေး လဲဝင်လာ ပါတယ် ၊ ဒီပိုစ့်ကို ဖတ်မှိခဲ့တဲ့ တစ်စုံတစ်ယောက်ဟာ ၀င်းဖရေးလို ကြုံခဲ့ဖူးတယ် ဆိုရင် ၊ ၀င်းဖရေးလို ဘဲ ဘ၀ကို အရှုံးမပေးဘဲ ရဲရဲဝင့်ဝင့် ရင်ဆိုင်သွား နိုင်ပါစေ ဆိုတဲ့ စေတနာနဲ့ ဒီအကြောင်း လေးကို ပြန်လည်ရေးသား မျှဝေရခြင်းဖြစ်ပါတယ် ၊ လေရှည်တယ်လို့ မထင်ပါနဲ့ (မစ္စစ်ငွေလမင်းက ရေးခိုင်းလို့ပါ ရေးချင်လို့ မဟုတ်ပါဘူး ) စာရှုသူအားလုံး ကိုယ်စိတ်နှစ်ပါး ကျမ်းမာ ချမ်းသာပါစေ ကြောင်း မစ္စတာငွေလမင်းနဲ့ မစ္စစ် ငွေလမင်းတို့က ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ။