Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts

Wednesday, November 30, 2011

ချစ်လိုက်တာတုန်လို့


ခုတလောတော့ဖြင့် ကိုကိုငွေတို့ ဘလော့ ပျောက်လှချေတယ်လို့ ဘလော်ကာများက ပြောဆို နေကြမို့လား၊ ဟုတ်ကဲ့ ကိုကိုငွေ မအားဘူးခင်မျ။ တော်တော်လေးမအားတာ အရင်က မှနဲနဲအားသေးတယ်ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ရက်နေ့ တိတိကျကျပြောရရင် ၊ အဲဒီနေ့မနက် ၇နာရီကတည်းက မအားတာ၊ အဲဒီနေ့မှာ မဒမ်ငွေလာတယ်ကိုး ရန်ကုန်ကို၊ ဆိုတော့ကား ကြိုဆိုနေရာချထားရေး လုပ်ရပြန်တယ်၊ အဲဒီနေ့ တနေ့ကုန်တယ်ဆိုပါစို့၊ နောက်နေ့ကျပြန်တော့ မဒမ်ငွေကို ဒလဖက်ကမ်းကို နှစ်ထပ်သဘောင်္ကြီးစီးပြီး လိုက်ပို့ရတယ်၊ ကိုကိုငွေချစ်သူက ခလေးသာသာရယ်၊ ခရီးပန်းမခံနိုင်ဘူး ၊ အစားအစာမာမာ မစားသောက်နိုင်ဘူး စာချင်တဲ့ဟာကြတော့လည်း၊ အဝေးကြီးတွေ YKKO ကြေးအိုးစားချင်သတဲ့၊ ညကြီးမင်းကြီး လိုက်ပို့ပေးရတယ်၊ အခြားနေရာတွေ ရွှေယုန်လေးတို့မှာလည်း ရှိပါရဲ့ သူကခံတွင်းမလိုက်ဘူး၊ အဲဒီ ကဟာမှမစားရရင် မဒမ်ငွေက စကာင်္ပူ တောင်ပြန်ရောက် ဖို့မရှိဘူးလေ။

သုံးဆယ်ရက်နေ့ ကတော့ မန္တလေးကိုချီတတ်ကြတယ်၊ တလမ်းလုံးကားမူးလို့ချမ်းလို့ဆိုတော့ မဒမ်ငွေကို မျက်နှာသုတ်တပတ်နဲ့ အထုပ်ထုပ်ထားရတယ်၊ လကုန်တော့ မန္တလေးကိုရောက်ပါရော၊ မဒမ်မောင်လေးတွေနဲ့ မိခင်ကြီးကလာရောက် ကြိုဆိုကြလေရဲ့၊ နိဝင်ဘာလသုံးရက်နေ့ ရောက်ပြန်တော့ မဒမ်ငွေက ၂၇နှစ်ပြည့်တယ်၊ မွေးနေ့ပွဲ ကိုကိုငွေက ဒင်ဆန်း လုပ်ကျွေးတယ်၊ တော်တော်လေး လက်ဝင်ပါရဲ့ ပင်ပန်းလိုက်တာဗျာတို့ရယ်၊ မဒမ်ငွေနဲ့ အပေါင်းအပါများကတော့ တော်တော်စားကောင်းလို့ဆိုပါရဲ့၊ ဆိုင်ဖွင့်ရောင်းဖို့တောင် အဘိယာစကပြုကြသေး၊ အလကား အားပေးချင်နေလို့ကြလိမ့်မယ်လို့ ယူဆရတာပါပဲ ဗျာတို့ရယ်။

လည်တယ် ပတ်တယ် မန္တလေးအနှံ့ပေါ့၊ မရွှေစင်ဦး အိမ်ကို သွားလည်မလို့ပါပဲ၊ သူတို့ခမျာ ဖခင်ရဲ့ ကျမ်းမာရေးကြောင့် အလုပ်ရှုပ်နေလိမ့်မယ်လို့ ယူဆလို့မသွားခဲ့ပါဘူး၊ ခွင့်လွှတ်နော် မရွှေစင်ဦး၊ မေမြို့ကို လ္ဆန်း၁၄ရက်နေ့သွားတယ်လေ၊ တပ်ထဲက မဒမ့်သူငယ်ချင်း ရဲ့ တိုက် ခန်းမှာနေခဲ့တယ်၊ ပျော်စရာကောင်းပါရဲ့၊ ဒါပေမဲ့ တအားအေးတယ်။

လပြည့်နေ့ကြတော့ မန္တလေး ပြန်ရောက်တယ်၊ မဒမ်ငွေရဲ့ အဖေတို့မိဘများရှိရာ မင်းကွန်းဘက်က အာလောင်ဆိုတဲ့ ရွာကိုသွားတယ်လေ၊ အပြန်လမ်းမှာ ပျော်ပွဲစားဆိုလား ဘာလား ဆိုင်ကယ်ရှေ့ဝါးလုံးနဲ့ ဖြတ်ဖြတ်တားတဲ့လူတွေကို ငါးရာပေး တရာပေး နဲ့ပေးလာလိုက်တာ မန္တလေးလဲရောက်ရော နှစ်ထောင်ကျော် ကုန်သွားပါရော၊ အလှူတန်းလုပ်တယ်ဆိုပြီး ချီးမွှမ်းခံရလိမ့်မယ်မထင်ပါနဲ့ ၊ မဒမ်က ငါးရာပေးရမလားဆိုပြီး ဆူလိုက်တာ ညံ့နေတာပဲ၊ မိန်းမများ စိတ်ညစ်ဖို့ကောင်းလိုက်တယ် တကယ်ပဲ။

မန္တလေးရောက်တော့ ညဖက် မုန့်လုံးရေပေါ် လိုက်တန်းစီတယ်လေ မန္တလေးတမြို့လုံး လုံးလိုက် ကြတဲ့မုန့်လုံး၊ ကိုကိုငွေတို့ကတော့ သွားမတောင်းပါဘူး၊ မုန့်လုပ်တဲ့ နေရာလေး မတ်တပ် သွားရပ်နေလိုက်တာ ၊ မုန့်ုယူမလားဆိုတော့ အင်းလို့ပြောလိုက်တာ ပေးကြပါရဲ့၊ ညီအငယ်ကောင်က ပြောနေသေးတယ် အကိုရေ မုန့်တောင်းစားထဲမှာ ညီတို့ကတော်တော်လေး သနားဖို့ကောင်းတယ်တဲ့၊ အဲဒါကြောင့် ပါးစပ်ဟတောင်မဟရသေးဘူး မုန့်တွေလာလာပေးကြတာတဲ့၊ ဟုတ်လောက်ပါရဲ့၊ ရုပ်ရည်တွေကလည်း သနားစရာလေးတွေ မို့လား။

မဒမ်တို့အိမ်မှာတော့ ကျွန်တော်က ထမင်းချက်တာဝန်ယူပါတယ်၊ ငါးနာရီထတယ် မဒမ်နဲ့ ညီနှစ်ကောင်ကို ခေါ်ပြီးတောင်တက်တယ်၊ တောင်တက်ပြီးပြန်လာရင် မုန့်စားသွားတယ်၊ မုန့်စား ပြီးတာနဲ့ ဈေးဝယ်ထွက်တယ် ဈေးဝယ်ထွက်တော့ ကျွန်တော်နဲ့ညီတွေက အထုပ်ကိုင် မဒမ်ကအရှေ့က၀ယ်၊ သဘောထားကလည်း တခါမှတိုက်ဆိုင်တယ်မရှိပါဘူး ၊ ညီမပုရေ ဒါလေးဝယ်ရအောင်ကွယ် ဟင့်အင်း ဟိုဟာဝယ်မယ်၊ အနောက်က တတွက်တွက်သာ ပြောနေတာပါ ၊ အိမ်ရောက်တော့ အထုပ်တွေ ဖြေကြည့်လိုက်ရင် သူ့အကြိုက်တွေသာပဲ များပါတယ်။

ကိုကိုငွေကတော့ အချက်အပြုတ်ပိုင်းပေါ့နော ချက်တယ် ပြုတ်တယ်၊ ဖျော်ရည်ဖျော် တယ်၊ ဆေးတိုက်တယ်၊ ရေခပ်ပေးရတယ်၊ ကိုကိုငွေက အိမ်ရှင်မလိုဖြစ်နေတယ်၊ ယောက်ခမလား ချစ်ရှာသားပဲ သားမက်လောင်းကိုတော့၊ ဘာလို့သိလဲဆိုရင် မဒမ်နဲ့ ကျွန်တော်က တနေ့ကို နှစ် ခါအနဲလေးထားပြီး ရန်ဖြစ်တယ်စကားများတယ်၊ သိပ်တော့မကြာပါဘူး ငါးမိနစ် လောက်ကြာ ပြန်တည့်တတ်တယ်၊ အဲဒီလိုဆိုရင် အမေက ကျွန်တော့်ဖက်ကနေပြီး မဒမ့်ကိုဆူတယ်၊ မဒမ်ငြိမ်ကျသွားတာပဲ၊ ယှဉ်လို့မရဘူးလေ လူကြီးဆိုတော့သိတာပေါ့ ဘယ်သူကမှန်တယ်ဆိုတာ။

အမေကကျွန်တော့်ဖက်က ၀င်မပါရင်လည်း ကျွန်တော်က အထုပ်ပြင်ပါတယ်၊ ညနေကားနဲ့ ရန်ကုန် ပြန်မယ်ဘာညာဆိုရင် အကုန်လုံးက အထုပ်တွေဝိုင်းဆွဲဘာညာနဲ့ ဆိုတော့ မပြန်ဖြစ်ပါ ဘူး။ မဒမ်ငွေက ဆိုးတယ်ဗျ ၊ အသိမိတ်ဆွေပေါတယ် ပြောလိုက်တဲ့စကားတွေ၊ သူကတော့ ဖလပ်ဆေဘယ်(flexible) ဖြစ်တယ်ပြောတာပဲ၊ အိမ်လာတဲ့ဧည့်သည်ဆိုရင် သူကလက်ခံစကားပြောတယ် အိမ်ကိုမလာတဲ့ ဧည့်သည်ဆိုရင် အဲဒီအိမ်ကိုလိုက်ပြီး ပြောတယ်၊ တနေ့တော့ ကျွန်တော့်ကို သူ့ သူငယ်ချင်းက လာခေါ်သွားတုန်း ၊ သူကကျွန်တော်လစ်ပြီဆိုပြီး သုံးနာရီခွဲလောက်ကတည်းက အိမ်ကထွက်သွားလိုက်တာ သူ့မောင်လေးအငယ်ကောင်နဲ့ ညနေ၆း၀၀နာရီနဲ့ပြန်မလာဘူး၊ အဲဒါကျွန်တော်က မျှော်နေသေးတယ်၊ ကဲဟေ့ အကြောင်းသိကြရောပေါ့ဆိုပြီး မန္တလေးမြောက်ကျုံးကနေ စပတ်လိုက်တာ ကျုံးပတ်လည် လမ်းလျှောက်ပလိုက်တယ် ည၈နာရီမှ ပြန်ရောက်တယ်။

ဟိုးဟိုး ရှာလိုက်ကြတာ ယောက္ခမနဲ့သမီးဆိုတာ ဒေါင်းတောက်နေတာပဲ ကိုကိုငွေက ဘာရလိမ့် မလဲ ရှာမယ်ဆိုတာသိတော့ အရှေ့ကျုံးမှာထိုင်နေလိုက်သေးတာ၊ ပြီးမှ အေးအေးလေး လေချွန် ပြီးပြန်လာတာ ၊ အဲဒါနဲ့ မဒမ်က ကျွန်တော့ ကို ပြောစရာရှိလို့ဆိုပြီး အရှေ့ကျုံးကိုဆိုင်ကယ်နဲ့ တင်ခေါ်တော့ ၊ ကျွန်တော်က အနောက်က အသာလေး ထိုင်စီးပြီး သူမေးသမျှ တခွန်းမှပြန်မပြောဘူး။ မပြောဘူးလား ဆိုင်ကယ်ကို လက်လွှတ်စီးမှာနော်တဲ့ ၊ အင်းကောင်းတယ် စီးလေလို့ မင်းအဲလိုစီးရင် အကိုကအနောက်ကနေ ခုန်ချမှာဆိုပြီး ပြန်ချိန်းခြောက်တာ၊ မဒမ်က ကျုံးထဲခုန်ချမလို့တဲ့၊ စတန့်ထွင်သေးတာ ဟုတ်တာလည်းမဟုတ်ဘူး တော်သေးတယ်၊ ကိုကိုငွေကဘဲ ပြန်ချော့ပြီး ပြန်ခဲ့ကြတယ်။

မန္တလေးခရီးစဉ်ကို အတိုချုံးလိုက်တဲ့အခါမှာတော့ ရန်ပွဲငယ် ၁၁၊ ရန်ပွဲကြီး၎ဆိုပြီး မှတ်တမ်းပြုလို့ ရသပေါ့ဗျာတို့ရယ်၊ ချစ်စကြင်နာစဆိုတော့ကား မကြာမကြာဆိုသလို ခွန်းကြီးခွန်းငယ်ခွန်းလတ် စကားများခြင်း ပြဿနာများခြင်းရှိသပေါ့၊ အခုတော့ အသံမကြားရတော့ပါဘူး၊ ၁၄ရက်နေ့ညက ရန်ကုန်ကိုပြန်ခဲ့တယ်၊ ၁၅ရက်နေ့ လျှောက်လည်ကြ တယ်၊ ၁၆ရက်နေ့ နေ့လည်၁၁နာရီခွဲနဲ့ မဒမ် စကာင်္ပူကိုပြန်သွားတယ်။

ကိုကိုငွေလိုက်ပို့လိုက်တယ်၊ ငိုချင်လိုက်တာဗျာတို့ရယ် သုံးရက်လောက်ထမင်းမစားနိုင်ဘူး အချိန် ပြည့်လွမ်းတယ်၊ သူ့ကိုဖုန်းဆက်တယ် သူလည်း ထမင်းမစားနိုင်ဘူး ဘာမှလည်းမလုပ်ချင်တော့ ဘူး၊ ဘာကိုကြည့်ကြည့် သူ့ကိုပဲမျက်စိထဲကမြင်တယ်၊ ဘာသံကိုနားထောင်ထောင် သူ့အသံပဲ ကြားတယ်၊ အခုတော့ ကိုကိုငွေလည်းတော်တော်လေး နေသားကြပါပြီး သင်္ကြန်လောက်ကျရင် တော့ မဒမ်ဆီသွားပါအုန်းမယ်၊ မဒမ်ရေ လာတုန်းကရန်ဖြစ်ဖြစ် စကားများများ ပြန်သွားတော့လည်း လွမ်းတယ်ကွ၊ နီးတကျက်ကျက် ဝေးတသက်သက်ဆိုတာ ဒါထင်ပါရဲ့၊ ဒို့တွေများလည်း အတူတူ မနေကြရဘူးနော်၊ ဗုဗ္ဗေစ ကတပုညတာ စက်များ ပျက်ခဲ့လေသလား၊ သို့တည်းမဟုတ် ဟိုးအရင် ဘ၀တွေက ဒို့တွေ သူများချစ်ခြင်းတွေ မိသားစုခြင်းတွေများ ခွဲခဲ့ကြလို့လားမသိဘူးနော်။

ကဲထားပါလေ ဝေးဝေးနေတော့လည်း နီးတဲ့အခါ ပိုပြီးချစ်လို့ရတာပေါ့ ဟုတ်ဘူးလား၊ အခုလို ဝေးနေတော့ တယောက်ကိုတစ်ယောက် မနာလိုလိုက် စိတ်ဆိုးလိုက် စိတ်ကောက်လိုက်။ ကောင်း ဘူးလားဗျာတို့ရယ်၊

ဘယ်လိုဖြစ်ဖြစ် နှစ်ယောက်သားဘ၀ထူထောင်တော့မယ်လို့ရပ်သိရွာသိ ထုတ်ဖော် ကြေညာ လိုက်ပြီဆိုတော့ မဒမ်ရော ကိုကိုငွေပါ ကြိုးစားနေကြရတယ်ပေါ့ ဗျာတို့ရယ်၊ မဒမ်ကလည်း သူ့ရဲ့ အလုပ်တိုးတက်ဖို့ စာတွေဖတ်နေရပြီလို့ ဆိုလေရဲ့၊ ကိုကိုငွေကလည်း အမိမြန်မာပြည်ကြီးမှာ ငွေစကြေးစလေးတွေစုရန်အလို့ငှာ လုံးပန်းသတ်ပုတ်နေရပါသဖြင့်၊ ကိုကိုငွေတို့ ချစ်သူနှစ်ဦး ဖန်တီထားသော ငွေလမင်းဘလော့မှ မကြာမကြာ ပျောက်မည်ဖြစ်ပါကြောင်း။ သို့သော် မကြာ မကြာလည်း ပြန်လည်ပေါ်လာမည်ဖြစ်ပါကြောင်း…………….။

ဘလော့ စာရှု့သူများ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းလိုက်ပါ တယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Friday, September 30, 2011

ဆုတောင်းပြည့်ခဲ့ပြီ

အိမ်ထောင်မူ့ ဘုရားတည် ဆေးမှင်ရည် စုတ်ထိုး ဤသုံးမျိုး ဂျတ်မပါ ပိုကာတက်မှဒေါင်း၊ အဲဟုတ်ပေါင်၊ ချက်မပိုင် နောင်ပြင်ရန်ခက်သည့် အမျိုး ဆိုသကိုးဗျာတို့ရဲ့။ အတောင်၂၀-၀တ် မင်းယောကျာင်္း တို့အတွက်အိမ်ထောင်ဖက် ရွေးချယ်တာ မှန်ဘို့လိုသလို၊ သုံးထောင်လား မီနီ စကတ်လား ၊ ဘောင်းဘီတိုလား ဘာဝတ်ဝတ်ပေါ့ဗျာရယ်၊ အဲဂလို ၀တ်တဲ့မိန်းမသားများကြပြန် တော့လည်း၊ ထိုနည်းတူစွာ ၄င်းနည်း။ အိမ်ထောင်ဖက် ကိုရွေးချယ်ရာမှာ မှန်ကန် ဘို့လိုသပေါ့။

ကျွန်တော့်ရဲ့ ဇနီးလောင်း တနည်း ခပ်ကြွားကြွားလေး ထည့်ပြောရရင်တော့ သူ့အမေက အရမ်း သဘောတူပြီး၊ တန်ဆောင်မုန်းလမှာ စေ့စပ်ပေးမဲ့ မဒမ်ငွေတို့ဆိုရင် ဘယ်လောက်များ အိမ် ထောင်ဖက် အရွေးမှန်သလဲဆိုရင်၊ သူနဲ့စတွေ့တော့ ကျွန်တော်က ထိုင်းမှာ၊ အွန်လိုင်းမှာ တွေ့ကြ ဆုံကြ၊ ချစ်ကြည်ရင်းနှီးကြရာကနေ၊ အခုလိုအခြေနေထိ ရောက်သည့်တိုင် သူရွေးချယ်လိုက်တဲ့ အမျိုးသားက၊ သူကဒါဘဲဆို ဒါဘဲ ဟိုဟာဆို ဟိုဟာဘဲ အထွဋ်မတက်ဘူး၊ အကိုညီမ ဘယ်သွားချင်လို့သွားစေသတည်း၊ ဘာစားချင်လို့ ချက်ကျွေးပါ စားစေသတည်း၊ ရန်တော့ဖြစ်သပေါ့ဗျာရယ်၊ သို့ကလိုမင့်လည်း၊ နောက်ဆုံး ကျွန်တော်က လျှော့ပေးရတာ များသပေါ့။

စကာင်္ပူကို ၂၀၁၀ ဒီဇင်ဘာ၂ရက်နေ့ ရောက်တဲ့နေ့ကဆိုရင် ကျွန်တော်တို့ အပြင်မှာစ တွေ့တဲ့ နေဘဲလေ၊ အဲဒီနေ့ကို မဒမ်ငွေက ကျွန်တော့ကိုကြိုဆိုတဲ့အနေနဲ့ လေယာဉ်ကွင်းကို မလာမှီ အိမ်မှာ ကန်ဇွန်းရွက်ချွေထား ခဲ့တယ်၊ ရောက်လို့ အထုတ်လည်းချပြီးရော ၊ နောက်မှအေးဆေး စကားပြောကြတာပေါ့ ကန်ဇွန်းရွက်ကလေး ကြော်လိုက်ပါအုံး၊ အိကုန်မှာဆိုးလို့တဲ့၊ ဟဲဟဲ အဲဒါက ချစ်သူနှစ်ဦး စတွေ့တဲ့ နုတ်ခွန်းဆက်သတဲ့ ကန်ဇွန်းရွက်ကြော် ဆိုရပေပေါ့နော။

နောက်နေ့ကစပြီး၊ တစ်ယောက်တနေရာနေတဲ့ ကျွန်တော်က မဒမ်ငွေအတွက် ၊ ထမင်းလာ ချက်ပေးရတယ်၊ ခေါက်ဆွဲဆိုတာ သက်စေ့မကဘူး ချက်ရတာ၊ အ၀တ်လျှော်ရတယ်၊ ဒါဘဲလား ဟဲဟဲ ဘယ်ကပါလိမ့်လို့တုန်း၊ အိမ်သန့်ရှင်းရေး ၊ အ၀တ်မီးအိုးထိုး မဒမ်ငွေကလည်း ကျွန်တော့် ကိုကူညီရှာပါတယ်၊ ကျွန်တော်လုပ်မဲ့အလုပ်က နာရီနဲ့ ချီပြီးကြာမယ်ဆိုရင်၊ အကိုပြီးရင်နိုးနော် သိလား၊ အဲလိုလေးကူညီတယ်။

 အားလုံးပက်စာခွာ ဖျာသိမ်းပြီးပြီ ဆိုရင် အကိုပြီးပြီလား ညီမရေချိုးတော့မယ်နော် အဲလိုလေး အဘိယာစကပြုတတ်တယ်၊ သူလည်း ရေချိုးပြီးရော ကျွန်တော်ရေချိုးတယ် ပြီးတော့ သူ့ကိုသနပ်ခါး ဘာညာ လိမ်းဖို့ သွေးပေီးရသေးတယ် အကိုဟိုဗူးလေး လှမ်းလိုက်စမ်းပါ ဒီကိုပေး အဲလိုကူညီ၊ ပြီးတော့ထမင်းခူး၊ ခူးပြီးတော့ အတူတူစား ငံလည်း ကောင်းတယ်ဘဲပြောတယ် ၊ ချိုလည်း သိပ်ကောင်းတယ်ဘဲပြောတယ်၊ အဲဒီတော့ အချက်အပြုတ်အလျှော်အဖွပ်နဲ့ ပတ်သတ်ပြီး တခါမှ စကားမများရဘူးလေ၊ သူသာ မကောင်းဘူးလို့ ပြောရင် ကျွန်တော်က ဘာပြန်ပြောမလဲသိလား မင်းဘာသာချက်လို့ပြောလိုက်မှာလေ၊ သူသိပုံရတယ် တခါမှမကောင်းဘူးမပြောဘူး၊ ညီမ အကို ချက်တာမကောင်းဘူးမလား နဲနဲငံနေတယ်လေလို့ ဆိုလိုက်ရင် ကောင်းပါတယ်၊ ထမင်းနဲ့ဆို အတော်ပါဘဲ၊ အဲလိုချစ်ဘို့ကောင်းတယ်။

၂၀၀၁၁ခုနှစ်ထဲ ချင်းနင်းဝင်ရောက်လာပြန်တော့ မတ်လ၂၀ ရက်နေ့က ဒုတိယံပိ ချစ်သူကလေး မဒမ်ငွေထံကို တစ်ခေါက်အလည်သွားရပြန်တယ်၊ အထက်က အတိုင်းပါဘဲ အချက်အပြုတ် အလျှော်အဖွပ်၊ သန့်ရှင်းရေး ၊ မီးအိုးထိုးတို့အပြင်၊ နောက်ထပ်တာဝန်တခုစ နှစ်ခုစပိုလာပြန်တယ်၊ အဲဒါကတော့ တစ်ယောက်တည်း ဈေးဝယ်ထွက်ရခြင်း၊ ဂိလာန မဒမ်ငွေကို စပါယ်ရှယ်နက်စ် တစ် ယောက်ကဲ့သို့ အာရောဂျံ- အသက်ရှည်ရာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမြတ်သော အစီစဉ်ဟူသမျှကို တစ်ယောက်တည်း ဒိုင်ခံပြုစုပေးရခြင်း စသောစသော တာဝန်ပိုလေး တွေထမ်း ဆောင်ရတယ်ပေါ့ဗျာရယ်။

စိတ်ထဲမှာ အဲလိုလုပ်ပေးရပေမဲ့ တခါမှမငြိုငြင်ပါဘူးဆိုနေ၊ အဲလိုချက်ပြုတ်ကျွေးမွေး နေရ တော့ သူ့ကို ချစ်သူလို့ကိုမမြင်တော့ဘူး၊ သမီးလေးလိုဖြစ်နေတော့တယ်၊ သူ့ကိုခေါ်ရင်သာ ညီမ လို့ အဲလိုခေါ်နေပေမဲ့၊ စိတ်ထဲ သမီးတစ်ယောက်လိုဖြစ်နေတာ၊ တာဝန်တခုက အပိုထပ်ပြီး ထမ်းဆောင်လိုက်ရသေးတယ်၊ ပရိတ်ကြီး၁၁သုတ်ရွတ်တာလေ၊ ရောဂါဖြစ်နေတယ် ဆိုတော့ ညစဉ်သွားပြီး ပရိတ်တော်တွေ ရွတ်ပေးရသေးတယ်၊ သူကနေမကောင်းဘူးဆိုတော့ အခန်းအပြင်မှာ အိပ်ရတယ် အခန်းထဲမှာ လေအေးပေးစက်နဲ့သူက မတည့်ဘူးလေ၊ ကျွန်တော်က လူနာစောင့် ကြတော့ သူကတော့ နေသာမကောင်းတာ ၊ တညကို ၅ရေး ၆ရေးလောက်တော့ ရတာပေါ့နော၊ ကျွန်တော်က တခါမှ ကောင်းကောင်းအိပ်မပျော်ဘူး။ အိပ်ရင် ၁၂နာရီလောက်မှ အိပ်တယ် မနက် ၆-နာရီထပြီး သူ့ရဲ့ အိပ်ယာကိုသွားရွေ့ပေးတယ်၊ အဲလောက်အချိန်လေးကို သုံးခါမကနိုးတယ် တခါတခါဆိုရင် ၅-ခါလောက်နိုးတယ်၊ စိတ်ထဲမှာမဖြောင့်ဘူး သူအဆင်မှပြေရဲ့လား မသိဘူး ဘာညာနဲ့ပေါ့ဗျာ၊ ပူတာပေါ့။

သူဆေးရုံတွေ ဆေးခန်းတွေသွားပြီးလို့ အတော်အတန်နေကောင်းလာတော့ ကျွန်တော်မြန်မာပြည် ကိုပြန်လာခဲ့တယ်လေ၊ ပျော်လိုက်တဲ့ဖြစ်ခြင်း လို့ထင်မယ်မလား၊ မထင်နဲ့ မပျော်ဘူး၊ မဒမ့်ကိုပဲသတိရနေတော့တာ၊ အိမ်မှာက မိုးလင်းကတည်းက အိပ်တဲ့အထိ ကျွန်တော်အလုပ်ဘာမှမရှိဘူး  သူ့ကိုလုပ်ပေးနေကျဆိုတော့ ၊ အလုပ်လက်မဲ့လိုဖြစ်ပြီး ဘာလိုနေမှန်းမသိဘူး တစ်ပတ်လောက် နေမှ၊ နေသားကျသွားတယ်၊ ဒါတောင်နေ့တိုင်း ကွန်ပျူတာ အရှေ့ကမခွာဘူး၊ တနေ့လုံးချက်တယ် ညဘက်လည်းချက်တယ်၊ ဒီလောက်ချက်နေပေမဲ့ ဖုန်းနဲ့ကလည်း တနေ့ကို လစ်ရင်လစ်သလို မလစ်ရင် မလစ်သလို မစ်ကောပေးတယ်၊ သူကကိုင်လို့ ၂၈ဒေါ်လာဘိုးပြောလိုက်တယ်၊ နေ့စဉ် တာဝန်ကတော့ ဖုန်းပြောတာနဲ့ အင်တာနက်ကနေ ချက်တင်ဝင်တာ၊ တစ်လအတွင်းသူ့ဖုန်းကဒ် ၁၄ကဒ်ကုန်တယ်၊ ကိုကိုငွေတို့က Missရင် အဲလိုMiss တာ။

အခုတော့ စီးပွားရှာနေရတော့ ညဘက်ဘဲသူနဲ့ ချက်တင်ဝင်ဖြစ်တယ်၊ ဖုန်းကတော့ ညတိုင်းပြော တယ်လေ၊ စီးပွားရေးဘက်အာရုံ ရောက်နေတော့ အချက်အပြုတ်အလျော်အဖွပ်တွေသိပ် မလုပ်ရ တော့ဘူးဗျ၊ မေ့တေ့တေ့တောင်ဖြစ်နေပြီ၊ မဒမ်ငွေအဆိုနဲ့ဆိုရရင်တော့ဖြင့် ကိုကိုငွေပျက်ဆီးနေပြီ ပေါ့ဗျာရယ်၊ သို့သော်လည်း မိန်းမကောင်းတို့မည်သည် ယောကျာင်္းပျက်ဆီးသည်ကို ဘယ်လို နည်းနဲ့မှ လက်မခံကြပေဘူးမလား၊ ဒါကြောင့် ဟိုနေ့ကဖုန်းဆက်တယ် ပုဇွန်ကျော်၊ ငါးဖယ်ဆုပ်၊ ချဉ်ပေါင်ရွက်အနှစ်  ၀က်သားမွှကျော်၊ ဆက်သားမွှကျော်၊ ငနီတူကျော်၊ သရက်သီးသနပ် စသဖြစ့် စားသောက်ဖွာရာ အဖြာဖြာကို သူ၏ခံတွင်းက တောင်းနေတယ်ဆိုဘဲ။

 အဲလိုဖြစ်သောကြောင့် ကိုကိုငွေပို့ပါရန်ဆိုပြီး အော်ဒါထွက်တော့၊ ဒါမျိုးဘယ်ရမလဲ အမြဲတမ်းချက်ပြုတ်လျှော်ဖွပ်၊ လုပ်ကိုင်ပေးနေတာ ဒီလိုလာလုပ်လို့ကတော့ ဘယ်ရမလဲဆိုပြီး ၊ စိတ်ဆိုးမယ်ကြံတုန်း မဖြစ်သေးပါဘူးလေ ဈေးသွားအုံးမှဆိုပြီး ဈေးထသွား ၀က်သားမွှကျော်တို့၊ ငနီတူ ကျော်တို့၊ ဆက်သားမွှကျော်တို့ကတော့ စူပါမားကဒ်ကပဲ ၀ယ်လိုက်တယ်။ ၀က်သားမွှကျော်ကို အချိုတစ်ဆယ်သား၊ အစပ်တဆယ်သား၊ ဆက်သားမွှကျော် တဆယ်သား၊ ငနီတူကျော် တဆယ်သား၊ သရက်သီးသနပ် တစ်ဆယ်သား ၀ယ်တယ်။

ပုဇွန်၆၀-သား၊ ငါးဖယ်ခြစ်၅၀-သား၊ ချဉ်ပေါင်ရွက် ၁၅၀၀ ဘိုးဝယ်ပြီး၊ အိမ်ကဆီမသန့်မှာဆိုးလို့ ပဲဆီသန့် ၅၀-သားပြေးဝယ်ပြီး၊ ချက်ပြုတ်ကြော်လှော်။ အိမ်ကကူမယ်လုပ်တော့ မကူနဲ့ သားလုပ်မယ်၊ နေပါ တချို့သော မိခင်ဖခင်များကလည်း မျက်စောင်းတခဲခဲ၊ `ဒို့များဒါမျိုးလုပ် ကျွေးလို့ကတော့ မင်းနိဗ္ဗာန်ကို အကြိမ်တရာတောင် မကဘူး´ လို့ဆိုလိုဆို၊ အိုဗျာ နိဗ္ဗာန်ဘာ လုပ်ဖို့တုန်း မဒမ်ပါမှသွားမှာ (ကြင်နာသူမပါရင် နိဗ္ဗာန် တောင် ကိုလေမလိုချင်ပါ ၊ ကိုလိုချင်တာ မင်းလေးနားမှာ…)xxxx ဗဒင်သီချင်း တောင်အော် ဆိုလိုက်သေး။

အောင်မလေး ပုဇွန်ခြောက်ဆယ်သားက ခေါင်းချွေရတာ သိပ်လက်ဝင်တယ် ဘေစင်က ခါး လောက်ဆိုတော့ မတ်တပ်ရပ်ချွေတာရပေါ့ဗျာ၊ တနာရီကြာတယ် စိတ်ထဲမှာ ငါ့ချစ်သူလေး မဒမ်ငွေစားမှာ ငါဒီလောက်အပင်ပန်းခံပြီး ချက်ကျွေးတယ်ဆိုတာသာ သူသိသွားရင်ဖြင့် ဟိဟိ ချစ်သမျှ နှစ်ဆမကတိုးရချိ့်ရဲ့၊ အင်း လူကြီးလူမများပြောတာကတော့ အိမ်မှာမွေးတဲ့ ခွေးလေးတွေ ကြောင်လေးတွေ သခင်ကိုခင်ချင်ရင်၊ မိမိရဲ့တံတွေး အစာခွက်ထဲထွေးထည့်ရတယ်လို့ မှတ်သားထားဖူးတာရှိတော့၊ အခုမဒမ်ငွေ စားမဲ့ဟင်းထဲ ဘာထည့်လိုက်ရ ရင်ကောင်းပါလိမ့်မတုန်း၊ အာ ဘာမှမထည့် ပါဘူး စိတ်ကူးနေတာပါ၊ ကဲပါလေ အချစ်တွေဘဲ ထည့်လိုက်တော့မယ်၊ ညီမရေ မင်းအတွက် ၅၂၈+၁၅၀၀ တွေပါ ပေါင်းပြီးထည့်ကြော်လိုက်ပါရဲ့၊ ဓာတ်ပုံလေး တစ်ပုံလောက်မှတ်တမ်း တင်ထားအုံးမှ `ဖြက်´တစ်ပုံ၊ နှစ်ပုံ ၊ သုံးပုံ။


ငါးဖယ်ကြော်



ပုဇွန်ကြော်မပြီးခင်ပုံ





ပုဇွန်ကြော်ပြီးပုံ

ချဉ်ပေါင်ရွက်ခြွေပြီးပုံ



 
စူပါမားကတ်မှ ၀ယ်လာသောအကြော်အလှော်ပုံများ


ချဉ်ပေါင်ရွက်ကလေ ၁၅၀၀ဘိုးဆိုတာ ၁၅စီးတောင်သိလား၊ တစ်ယောက်တည်းလုပ်ရတာ လက်သိပ်ဝင်တယ်၊ လူပိုတွေကကူညီချင်ကြပါတယ်၊ ခယ်မကိုဖားချင်လို့ နေကြလိမ့်မယ် သူတို့ ကလူပျိုကြီးတွေဆိုတော့ မဒမ့်ကိုကြိုက်သွားမှာဆိုးလို့ ပေးမလုပ်ပါဘူး၊ ဒါကို တစ်ယောက် တည်းလုပ်မှာ၊ အဲအားလုံး ပြီးပြီ ပါကင်ထုပ်မယ်၊ မနက်ဖြန်ဘဲ ပို့လိုက်မယ်။

အော် မဒမ်ငွေရယ် သိပ်တော်တယ်သိလား မင်းမိသားစုတွေနဲ့လည်း အကိုကတည့်တယ်၊ ယောက္ခမကဆိုတာ ဖြစ်နိုင်ရင် အခုတောင်ပေးစားချင်နေတာဗျာတို့ရဲ့၊ မဒမ်ငွေရဲ့ အောင့်အီး သီးခံလာခဲ့တဲ့ ၂၆နှစ်အရွယ်ဟာ သူ့ကိုကြင်နာယုယမဲ့ လူကိုမတွေ့သေးလို့ စောင့်နေတာ နေမှာပေါ့၊ သူ့ကို ကြင်နာယုယမဲ့ ကိုကိုငွေကိုလည်း တွေ့ရော ကိုယ်စောင့်နတ်က နှိုးဆော်တယ်ထင်ရဲ့ `မင်းလိုမိန်းမနဲ့အကိုတစ်ဘ၀လုံးတူတူနေချင်တယ်လို့´ ပုံမကျ ပန်းမကျ  ရည်းစားစကားပြောလိုက်ပါရဲ့ မဒမ်ကမူတောင်မမူတော့ဘူး `အင်းစဉ်းစားမယ်တဲ့´သိပ်မကြာဘူ့း အဖြေရတာဘဲ ကျွန်တော်ကလေ သူ့ကို စတွေ့ကတည်းက ဘယ်ချစ်မှန်း မသိဘူး အူတွေဘာတွေထဲကတောင် ကလိကလိဖြစ်တယ်၊  ကျွန်တော်လည်း ဒီအရွယ် ထိရီးစား မထားဘဲနေလာတာလည်း ကျွန်တော့်ကို လွှမ်းမိုးမဲ့ မဒမ်ငွေ့ကို မတွေ့သေးလို့ထင်ရဲ့၊ စောစော သာတွေ့ခဲ့လိုက်ရလို့ကတော့ အခုလောက်ဆို အကြီးကောင်တောင် ရှင်ပြုနေရပြီ။ ကွန်ပျူတာ ခေတ်မို့လား၊ ဗျာတို့ရဲ့။

ဘယ်လိုပဲဖြစ်ဖြစ်  ချစ်သူကိုဝေယျာဝစ္စလုပ်ပေးရတာ  ကျွန်တော်ပျော်တယ်  တစ်သက်လုံးစာ ဖတ်တာနဲ့ စာကျက်တာနဲ့ ခရီးသွားတာနဲ့ လွှဲရင်ဘာလုပ်ရလို့တုန်း ဘယ်သူ့မှလည်း မခိုင်း ကြဘူးလေ မဒမ်နဲ့တွေ့မှ  လက်ကြောတင်းပြီး အကုန်လုပ်တတ်တာ ကြံဖန်ပြီး သူ့ကိုတောင် ကျေးဇူးတင်နေရအုံးမယ်။စကြိုက်တည်းက ငါ့ဇနီးလောင်းက  အဲလိုပူဆာတဲ့ မိန်းကလေးဖြစ် ရင်ကောင်း မယ်ပေါ့ ၊ အခုတော့ ဆုတောင်းပြည့်ပြီ။

ဘလော့စာရှု့သူများ ကိုယ်ချစ်သောသူများကို အမြဲတမ်းဝေယျာဝစ္စပြုလုပ်ပေးနိုင်ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။