Showing posts with label Satire. Show all posts
Showing posts with label Satire. Show all posts

Tuesday, May 10, 2011

Pre-ပြဿနာ

Knowledge Society ပညာအဖွဲ့အစည်း၊ Knowledge Age ပညာခေတ် ၊ Learnig Society အမြဲထာဝရ သင်ယူနေသော လူ့အဖွဲ့အစည်း၊ Education for all  အားလုံးအတွက် ပညာ၊ စသဖြင့် ၊ ၂၁ရာစုနှစ်အတွင်း သုံးဆယ့်တစ်ဘုံတွင် တစ်ဘုံအပါဝင်ဖြစ်သော ဤလူ့ဘုံရှိ ပညာရှိ များက အထပ်ပါ အဆိုအမိန့်များ မိန့်မြွတ်ထားသမို့ အချုပ်အားဖြင့်ဆိုရသော် ပညာအရေးကြီးပါ၏ ဟူလို။

ပညာအရေး ကြီးကြောင်း အားလုံးသိပြီဆိုရင်တော့ ဖြင့်ကား အဘယ်အရွယ်၌ ၊ အနှီပညာကို သင်ယူလေ့လာ ကြားရပါအံ့နည်းဟူသော အမေးပုစ္ဆာသည်ကား အင်မတန်မှပင် စိတ်ဝင်စားဘွယ် ရာ ကောင်းလေသည်မဟုတ်တုံ့လော၊ ကိုကိုငွေတို့ ငယ်စဉ်က ချောင်းကြိုချောင်းကြား မြောင်း ကြိုမြောင်းကြား ၊ လမ်းပေါင်းစုံ ရပ်ကွက်ပေါင်းစုံ၊ တောရောမြို့ပါ ဆော့ကစားပြီးသကာလ လေးနှစ်ကျော် ငါးနှစ်မှ လွယ်အိပ်စလွယ်သိုင်းပြီး ကျောင်းတတ်ခဲ့ကြသည်များကို မှတ်မှိပါချေ ပါသေး၏။

ယခုခေတ်မူကား ဟိုအရင်လိုမဟုတ်ပါချေ ၊ Pre-School ခေတ်တည်း ၊ မိခင်ဘခင်တို့သည် သားသမီးတို့အား အက်ကျုကေးရှင်း (Education) သြချရသူများ ဖြစ်လာစေရန် အလို့ငှာ Pre-School ကြတော့ချေရာ ကျောင်းမနေမှီ ၁နှစ် Pre ၊ ၂နှစ် Pre ၊ ၃နှစ် Pre ၊ လေးနှစ် Pre ၊ ၅နှစ် pre စသဖြင့် သူ့ထက်ငါ Pre လျှက်ရှိကြဘိချေရာ၊ အချို့သော ဖေဖေမေမေတို့သည် ကလေးကို ကိုယ်ဝန်ဆောင်ထားစဉ်ကတည်းကပင် မွေးလာမည့် အနာဂတ် အတုံးအခဲ ရတနာလေးများကို ဘယ် ဘယ် Pre School ထားရပါအံ့နည်းဟု စုံစမ်းပြီးသကာလ ကျောင်းအပ်နှံနေကြမဟုတ်လော ကိုကိုငွေ ၀န်းကျင်တွင်ကြည့်ပါ တူမဖြစ်သူ သုံးနှစ်အရွယ် ချမ်းချမ်း ပရီကျောင်းသူ P1၊ အကိုဝမ်းကွဲ မွေး တာရာရွှေစင် သုံးနှစ်ကျော် P2၊ အိမ်နီးအပါး သူများသည်လဲ p1 p2 p3 p4 စဖြင့်စဖြင့် အများအပြားရှိရလေကုန်၏။ထိုတူမ တူလေးတို့သည် နောင်အနာဂတ်တွင် လူ့အဘိုး တန်လေးများ ဖြစ်လာပါစေရန်  နံနက်ရှစ်နာရီခွဲမှ စတင်ပြီး ဘုတ်အုပ်လွယ် အိပ်ကြီးများ ကို မနိုင့်တနိုင်သယ်ယူခါ ဆိုင်ရာ  Pre-school များသို့ အသက အသကချီ တတ်ကြလေကုန်၏ ။

ဒိန်းမတ် ၊ ဖင်လန် စသော ဥရောပနိုင်ငံတချို့က စောစီးစွာ ကလေးကို ဘုတ်အုပ်စာပေသင်ယူစေ ခြင်းသည် မှားသည်ဟုယူဆကြပြီး၊ ကြိုက်သလောက်စော့ ၊ ကြိုက်သလောက် ကစား ကစားနည်း ရှိသမျှ အကုန်ကစား အသက်၆နှစ်မှစာသင်ဟူသတတ်။  (ဆရာတာရေးတဲ့ ငါတို့ဘာကြောင့် ကျောင်း သွားရသလဲစာအုပ်တွင်) မူကြိုကျောင်းတွင် အရေးအဖတ် အတွက် သင်ကြားရမည်ဟူ သောအဆိုကို ဂျပန်က ၀%နှုန်းလက္ခံပြီး ၊ အမေရိကန်နိုင်ငံက ၁%နှုန်းလက္ခံ ၊ တရုပ်ကမူ ၃၅%လက်ခံသောဟူ၏ ။

ခလေးကို စာကျက်ဘို့ အတင်းတိုက်တွန်းရမည်ဟူသော အဆိုကို  ဂျပန်က ၀%နှုန်းလက္ခံ၊ အမေရိကန် ၁%လက္ခံ၊ တရုပ် ၃၅%နှုန်းလက္ခံ ၊ ကလေးငယ်ဘ၀ အစကောင်းချင်လို့ပါခင်မျာ ဟူသော အဆိုကိုမူကား ဂျပန်က၂%နှုန်းသာလက္ခံ၊ အမေရိကန် ၅၁%လက္ခံ ၊ တရုပ်က ၆၇%လက္ခံကြောင်း ဖက်ရူလိုက်ရပါတယ်၊ ချုံငုံသုံးသပ်ရသည်ရှိသော် အနှီ Pre-School များတွင် စာသင်ဘို့ စာကျတ်ဘို့ ရာနှုန်းပြည့်လက်ခံသော အယူအဆမဟုတ်ချေသည် တမုံ့။

တနေ့တော့  လမ်းကြုံတာနဲ့ ပြည်လမ်းနှင့် မြေနီကုန်းလမ်းထောင့်ရှိ တိုတယ်အကယ်ဒမီ Pre-School တွင် တတ်ရောက် ပညာစေ့ငုသင်ကြားနေသော ၃နှစ်ကျော် အရွယ်တူမကို ကျောင်းကြို ရန်အလို့ငှာ  တူမလေးကျောင်းအဆင်းကို စောင့်ရင်း ဘေးမှ ကျွန်တော်လို ကျောင်းလာကြိုနေ သော မိခင်သုံးယောက်ထံမှ ဤကဲ့သို့နားသောတဆင်ရပါ၏ စာရှုသူ….။

ပထမအမျိုးသမီး `အိမ်ကသားလေး မူကြိုကလေ သိပ်ကောင်းတာဘဲ၊ သားသားအခုမှ ၃နှစ်လား ရှိသေးတာ ၁၃လီထိအလွတ်ဆိုနိုင်တာ အံ့ရောဟူသတည်း´ ဒုတိယအမျိုးသမီး `စီးကမ်းကောင်း လိုက်တာဟယ် ဆရာမက ရောက်တာနဲ့တန်းစီ အကုန်အိပ်၊ မျက်စိမှိတ်ထား၊ မအိပ်ရင် ကြိမ်လုံးကြည့်ထားလို့ ဆူထည့်လိုက်တာ အကုန်လုံးကြမ်းပေါ်မှာ ခေါင်းအုံးကလေးတွေနဲ့ ငြိမ်နေ တာပဲ၊ စီးကမ်းကောင်းလိုက်တာ ဟူသတတ်။´ တတိယ အမျိုးသမီးကမူကား ဤနှယ်မိန့်မြွတ်ပါ ၏ အိုကွယ် ဘိုလိုချည်းရေးခိုင်းတော့တာ My name is mg mg. My father is U Ba. My mother is daw mya. I like banana. ဆိုပြီး လိုက်ကူး ၊ ပြီးရင်အလွတ်ပြန်ဆို ၊ ဒွတ်ဒက် ရွတ်ရှက် ဘာတတ်သလဲ မမေးနဲ့ ဟူလို။အခြားသော အရပ်အရွာ ကမ္ဘာတို့ Pre-School အဓိပ္ပါယ်ကို မည်သို့ပင်ဖွင့်လင့်ကစား ကျွနုပ်တို့ အရပ် ကျွနုပ်ဇာတ်သည်၊ ကျွနုပ်တို့နည်း ကျွနုပ်တို့ဟန် ကျွနုပ်တို့အတွေးဖြင့် ထုဆစ်ပုံဖော်နေ သည်မှာ အားရစရာပင်ဖြစ်ပါ၏။

ကျွန်တော် တစ်ဦးတည်း၏ လိုအင်ဆန္ဒအရသော် မူကား ကလေးတို့ကို မွေးကင်းစ ၀ူးဝူးဝါးဝါး ပြောတတ်ကတည်းက အလီစကျတ်ခိုင်းသော် မကောင်းလားဟု အတွေးဝင်မှိပါ၏၊ အနို့အပြင် ကျောင်းမတတ်မှီ Pre-School မှာကတည်းက အင်္ဂလိပ်ဘုတ်အထဲက ဟာတွေ အကုန်ရသတော့ ဟု မိဘများဂုဏ်ယူနိုင်စေရန် Dictionary တစ်အုပ်လုံးကို ကျတ်ခိုင်းထားလျှင်ကော အကျိုးမထူး နိုင်ပါကလား ဘလော့စာရူသူ၊ တစ်ကနေ တစ်ထောင်အထိ အခေါက်ပေါင်း ၁၀၀ရေးကြစမ်း။ အနို့ကလိုလည်း Training မောင်းချင် မောင်းပေးနိုင်ပါ၏။ သို့တည်းမဟုတ် ပုံနှိပ်စာအုပ်ထဲက စာ တွေ ဗလာစာအုပ်ထဲကို အကုန်ကူးထည့်ကြစမ်း စသည်ဖြင့်လည်း လမ်းညွန်သမှုပြုနိုင်ပါ၏။ ခုန်ပေါက်ပြေး လွှား ဆော့ကစားနေမဲ့အစား၊ မီးရထားလေးတွေ ကားလေးတွေနဲ့ ဆော့ကစားနေ မည့်အစား၊ အရုပ်လေးတွေနဲ့ ဆော့နေမည့်အတူတူ၊ သမိုင်း၅ပုဒ်၊ ပထ၀ီ အပုဒ်၂၀၊ အင်္ဂလိပ် စာအကြောင်း ၁၀၀၊ အမြှောက်အလီ ၁၀ပုဒ်ကျတ်နေသည်က အကျိုးမများပါလား  အိုမိကောင်း ဖခင်။ ကိုကိုငွေနဲ့ မဒမ်ငွေတို့ ခလေးရခဲ့ပါက ၀မ်းကကျွတ်ကျွတ်ခြင်းမှာပင်လျှင် Pre-School သို့ ပို့လိုက်မည်အကြောင်း သပ္ပုရိသ အနွယ်ဝင် သူတော်စင်အပေါင်းတို့။     

ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Saturday, May 7, 2011

ကြက်ဥနှင့်ပြစ်သော် အဘယ်နည်း???

ကျွန်တော်ငယ်ငယ်က မော်လမြိုင်ကို ခဏခဏရောက်တယ်၊ မြို့မဟုတ်ပါဘူး၊တောရွာလေးပါ ၊ တောရောက်တော့ ရောက်သည့်အားလျှော်စွာပေါ့ ၊ ဟိုဟာလုပ်ဒါလုပ် သစ်ပင် တတ် ချောင်း ချို ချောင်း ကြား မြောင်းကျိုမြောင်းကြား ဂဏာန်းနှိုက် ပုဇွန်နှိုက် တောတတ်၊ အားရတယ်မရှိပါဘူး၊ တခါတရံကြတော့ ၊ ပွဲတွေဘာတွေ ကတဲ့ရာသီနဲ့ကြုံကြိုက်တဲ့အခါ ရှိတယ်၊ ကျွန်တော် ၇နှစ်သား ကမှတ်ပါတယ်၊ အဲဒီဒေသမှာ ပွဲကတာ ပွဲနာမည်က ပြည်သူ့စိန်ခဲ လားဘဲ ကလိုက်တဲ့မင်းသား ၊ ကျွန်တော် တို့ကလဲ ဘမျိုး ဘိုးတူဗျ ပွဲအင်မတန်ကြိုက်တယ်၊ ကတာခုန်တာ တီးတာမှုတ်တာ အကုန်ဝါသနာပါတယ်၊ ၇နှစ်သား အရွယ်ဆိုတာ ပွဲခင်းထဲရောက်တာနဲ့ အိပ်ရမှာ ဖြစ်ပေမဲ့ ကျွန် တော်က အိပ်ကိုမအိပ်ဖူး ၊ အပျိုတော်ထွက် တာကနေ စလိုက်တာ ၊ အော်ပဒါ၊ မြန်မာသံစဉ်၊ စတိက် ရှိုး ၊ ပြဇာတ်၊ နှစ်ပါးသွား ၊နောက်ပိုင်း အိုး မိုးလင်း ထိဆိုပါစို့ဗျာ။

ကျွန်တော့်တို့ ကပွဲကြည့်မှာဆိုတော့ သူကြီးက ဖျာနေရာတို့ဘာတို့ စီစဉ်ပေးထားရတယ်၊ ကျွန် တော်တို့ ဘေးဖျာတချပ်ကျော်က လူတွေမကဘဲ ခွေးတစ်ကောင်ပါ ပွဲထိုင်ကြည့်နေတာကို တွေ့ တယ်ဗျ၊ ကျွန်တော်ကလဲ ဒီခွေးကို ပွဲကြိုက်တဲ့ခွေးဘဲ မှတ်တာဘဲ၊ နောက်တော့မဟုတ်ဘူးဗျ၊ ဒီခွေးက ကိစ္စရှိလို့ ပွဲခင်းထဲကို တကူးတက ပိုင်ရှင်ဖြစ်သူက အစာရေစာ ပေးပြီး အချိုသက်ခေါ် ထားတာ၊ တညလုံးဘာပြဿနာမှမဖြစ်ဘူး၊ နှစ်ပါးသွားထွက်တော့ မင်းသားစိန်ခဲနဲ့ မင်းသမီးနှစ် ပါးလည်း သွားရော ခုနက ကျွန်တော်တို့ ဖျာတချပ်ကျော်က ၀ှီးကနဲ အသံကြီးထွက်ပြီး ကိန်ကိန် ဆိုတဲ့အ သံပါကြား လိုက်ရတယ်၊ နောက်တော့ ဘေးကခွေးကို ဘယ်အမျိုးကောင်းသားက ခွေးကို ဝေဟင် မှာလေ ယာဉ်စီးစေပြီး ကနေတဲ့ ဇာတ်စင်ပေါ်ကို အလည်အပတ် လွှတ်လိုက် သလဲမဆို တတ်ဘူး၊ အိုး ပြေးသူပြေး လွှားသူလွှား အော်ကြ ဟစ်ကြ နဲ့ ပွဲပျက်တယ်ဆိုပါစို့။

မိုးလင်းမှ အကြောင်းစုံ မေးကြည့်တော့ မင်းသားစိန်ဂဲ ဇာတ်ထဲက မင်းသမီးနဲ့ ရွာထဲက ကာလသားတွေနဲ့က တော်တော်လေပေးဖြောင့်ဆိုဘဲ၊ ကာလသားတွေနဲ့ လေပေးဖြောင့်တဲ့ မင်းသမီးကို ညောင်နာနာနဲ့ မင်းသားစိန်ခဲက တညလုံး အပျိုတော် ထွက်ပြီးကတည်းက မိုးလင်းလို့ နောက်ပိုင်းကတဲ့အထိ ဒီမင်းသမီးတလက်ထဲကို မင်းသားစိန်ခဲက တွဲကလို့ ၊ ရွာကကာလသားကြီးတွေက သူတို့အချစ်တော်မင်းသမီးကို အဲလို တညလုံး ၂ရက်ဆက်တိုက် ကရကောင်းလားဆိုပြီး ခွေးနဲ့ပြစ်တင်ပြီး ပွဲဖျက်တယ်လို့ သဲ့သဲ့ကြား ခဲ့တာဘဲ၊ အဲဒီအကြောင်းကို ထိုင်းမှာကျောင်းတတ်တုန်းက သူငယ်ချင်းတွေ ပြောပြတော့ တော်တော်လေး ရီကြတယ်၊ နောက်ပြီးတော့ သူငယ်ချင်းတစ်ယောက်က မှတ်ချက်ပေးတယ် ယဉ်ကျေးမှု့ သိပ်မထွန်းကားလို့ ကွတဲ့၊ တို့အာရှနိုင်ငံတော်တော်များများမှာ ဒီလိုဘဲဖြစ် နေဆဲ တဲ့။

အခုအောက်က သတင်းလေး ဖက်လိုက်တော့ ဇာတ်စင်ပေါ်ကို ခွေးပြစ်တင်တာကို အနှီသူငယ် ချင်းက ယဉ်ကျေးမှု့မထွန်းကား သည်ဟု ဆိုရကား၊ ကြက်ဥနှင့် ပေါက်လျှင် အဘယ်သို့နည်းဟု ပုစ္ဆာပြုလိုက် ချင်ပါဘိတောင်း။

စာရှု့သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ၊ ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ ကြပါစေခင်မျာ။

 

 

          Australian charged over Justin Bieber egg throwing

SYDNEY: An Australian teenager was charged Thursday with breaking into the roof of a concert arena so he could throw eggs at Canadian pop sensation Justin Bieber.

The 17-year-old heartthrob, touring Australia, has been mobbed by screaming girls at sold-out shows, but had eggs thrown at him when performing his first single "One Time" at a concert in Sydney on Friday.

None hit him and he finished singing the song before taking a break so the stage could be cleaned up.

Australian Associated Press said a 17-year-old Sydney resident was arrested at his home early Thursday and charged with breaking and entering, trespass and malicious damage following complaints from Acer Arena.

He was bailed to appear at a children's court on June 2.


Thursday, May 5, 2011

လူမဖြစ်တတ်သော ကောင်မလေးနှစ်ယောက်

                                    အမွှာပူးသမီးမွေးစဉ်က ပြုံးပျော်နေသော သမ္မတဟောင်းဂျော့ဘွတ်
                                                    berbera နဲ့ Jenna
                                    အသက်ပြည့် ဘီယာမှီဝဲခွင့်ရရှိထားသူလေးနှစ်ဦး

အတာသင်္ကြန် အတွင်းက နာရေးကူညီမှု့အသင်းရန်ကုန်လည်း တော်တော်လေးကို မအားမလတ်ရှိ ပြီး၊ နာရေးကိစ္စအ၀၀ကို ကူညီပို့ဆောင်ပေးရသည်ဟူသတတ်၊ ထိုကဲ့သို့မအားမလတ်ပို့ဆောင် သဂြိုလ်ရ သည့် အခါတွင်း တွင် ရန်ကုန်တွင်သေဆုံးသူပေါင်း ၁၇၅ဦးကို အန်ကယ်ကျော်သူက ဦးစီးပြီး အသုဘ ကိစ္စအ၀၀ အတွက် ပို့ဆောင်သဂြိုင်္လ်ပေးခဲ့ရသောဟူ၏။

ထိုသတင်းတွေရဲ့နောက်ဆက်တွဲအရ သေဆုံးသူ တစ်ဝက်မှာ သင်္ကြန်ရေဆော့ကစားရင်း အရက်မူး လွန်ပြီး သေဆုံးသူများ ဖြစ်တယ်လို့သိရပါသေး၏၊ တချို့မှာ အသက် ၁၅/၁၆ ကျော်ကျော်မိန်း ခလေးတွေ တောင်ပါဝင်တယ်လို့ ပြောပြတဲ့လူက တအံ့တသြကြီး ပြောပြနေလို့ သဘောကျမှိသေးတယ်။

သူငယ်ချင်းတစ်ယောက်က ဂျီတော့ကနေ သူငယ်ချင်းမတစ်ယောက် အခါတွင်း ပျော်ပါး ဆော့က စားရင်း ၊ အရက်မူးလွန်ပြီး သေချင်းဆိုးသွားရှာတယ်လို့ သတင်းပေးလာလို့၊ကိုကိုငွေကလဲ အားကျမခံ မောင်ရင်ရယ် ၁၅/၁၆တွေ အရက်သောက်လို့ သေတာဘာများဆန်းလို့ တုန်း ဘိန်းတောင်ရှုနေမှဟုတ်စာ ၊ သူကပြန်ပြောပါတယ် ကျွန်တော့်ကို `မင်းကလဲကွာ´ မကွာနဲ့ မောင်ရင်ရဲ့ ဒို့နိုင်ငံရဲ့ တချို့သော အရပ်ဒေသတွေမှာ  တချို့မိဘတွေ အရွယ်မရောက်သေးတဲ့ သားသမီးတွေကို အရက်ဆိုင်လွတ်ပြီး အရက်ဝယ်ခိုင်းတယ်မောင်၊ စာသင်ကျောင်းနားမှာ ဘီယာ ဆိုင်ရှိတယ်မောင်၊ ထန်းတောထဲမှာ တက္ကသိုလ်ရှိတယ်မောင်၊ တက္ကသိုလ်ဝန်းကျင်မှာ ဘော်ဒါလို လို ဘာလိုလိုနဲ့ မာဆပ်ဖွင့်ထား တာရှိတယ်၊ နောက်ဆုံးကွာ ဆောင်ကြာမြိုင်တောင်ရှိနေသေး တယ်မင်းဘာပြော ချင်သတုန်းမောင်ရင်။

`အိုကွာ´ လို့သူကတခွန်းဘဲပြောနိုင်တယ်၊ ကျွန်တော် လဲ ဆက်ပြောလိုက်သေးတယ်၊ ရန်ကုန်မြို့ လည်ခေါင်မှာ ယာမလိုစိတ်ကြွ ဆေးပြား ၀ယ်လို့ရတယ် ပိုက်ဆံတတ်နိုင်လို့ကတော့ မူးယစ်ဆေး မျိုးစုံရတယ်ကွ၊ ဒီလိုဖြစ်နေမှ တော့ သင်္ကြန်ရက် အရက် သောက်ပြီး ကာလနာ တိုက်တာ ဘယ်တတ်နိုင် မတုန်းလို့ ဘုတောတော လိုက်မှိပါတယ်။

ဒီလိုသတင်းမျိုးတွေ ကိုကိုငွေတို့ ၀န်းကျင်မှာ ရိုးဟိုးဟိုးနေပါ့မဟုတ်လား ဆေးမိလို့  ဘယ်လူ ကြီးသားက ဘယ်အဆိုတော်နဲ့ ဆေးချကြလို့ ရဲကမှိပေမဲ့ မဖမ်းရဲဘူး၊ ခနခနကြားတယ် ဘယ်သူ့သမီးနဲ့ ဘယ်သူ့သားက ဆေးလွန်ပြီးဆေးရုံရောက်ပြန်ပြီ စသဖြင့်စသဖြင့် အဲသလိုကြား ဖန်များတော့ နားတောင်ယဉ်နေပါပြီ၊ ဒါတွေနဲ့ပတ်သတ်ပြီး စကားမစပ် လွန်ခဲ့တဲ့ ၂၀၀၁ခုနှစ်က ဧပြီလလား မေလလား မမှတ်မှိဘူး၊ သတင်းတခုဖက်လိုက်ရသေးတယ်၊ အဲဒီအချိန်က အမေရိကန် နိုင်ငံရဲ့ ၄၃ဆက်မြောက် သမ္မတကြီး ဂျော့ဘုရှ် ရဲ့ အမွှာသမီးနှစ်ဦးဖြစ်တဲ့ berbera နဲ့ Jenna ဆိုတဲ့ ငတိမလေးနှစ်ယောက် ညကြီးအချိန်မတော် တက္ကဆက်ပြည်နယ်ထဲက  Austin အရပ်မှာ ရှိ တဲ့ Chuy’s ဆိုတဲ့ ဘားလေးတခုမှာ သူများမှတ်ပုံတင်နဲ့ ဘီယာဝယ်မှိလို့ တက္ကဆက်ပြည်နယ်ရဲ့ ဥပဒေအရ အသက်၂၁နှစ်မပြည့်သေးဘဲ အရက်မရောင်းချခွင့်မရှိသောကြောင့် အဆိုပါ သတို့သမီး နှစ်ယောက်ကို ရဲကိုအကြောင်းကြား ပြီးဖမ်းဆီးသမှု့ပြုခဲ့လိုက်တဲ့ကြောင်းဖက်လိုက်ရပါသေး တယ်။

ရောင်းတဲ့ဆိုင်ကိုလဲ ပထမအကြိမ်ရောင်းချခြင်းကြောင့် ဆိုင်ကို ရက်ပေါင်း၆၀ ပိတ်၊ ၀ယ်ယူသူကို လည်း ဒဏ်ငွေ၅၀၀ပေးခိုင်းလို့ ကမ္ဘာတလွှား ဟိုးလေးတကျော်ဖြစ်တဲ့ သတင်းတမုတ်ဟုတ် ချင်း တောင်ပျံ့နှံ့ သွားသေးမဟုတ်လား။ ဖခင်ဖြစ်သူ သမ္မတကြီးခင်မျာ ၀ါရှင်တန်ကိုသွားဘို့ သမ္မတ အထူးလေ ယာဉ်ပေါ်ကိုရောက် နေမှ ရဲကဖုန်းဆက်လို့၊ တက္ကဆက်ကိုပြန်ပြီး အသက်၂၁ နှစ်မပြည့်သေးတဲ့ သမီး ငယ်လေးတွေ အတွက် ဒဏ်ငွေ၅၀၀ကို ကိုယ်တိုင်ပေးဆောင်လိုက်ရပြီး၊ သူ့သမီးလေးတွေကြောင့် ဆိုင်ပိတ် သိမ်းလိုက်ရတဲ့ ဆိုင်ရှင်ကြီးကိုလဲ ၀မ်းနည်းပါကြောင်း တောင်းပန်လိုက်ရသေးဆိုဘဲ။

 အခါတွင်းမှာ သေခဲ့တဲ့ အမျိုးသမီးငယ်လေးတွေကို အရက် ရောင်းလိုက်တဲ့ ဆိုင်တို့ ဘီယာရောင်းလိုက်တဲ့ ဆိုင်တို့ကို နိုင်ငံတော်သမ္မတကြီး နေပြည်တော် ဆရာသိန်းက အဲသလို ဥပဒေဥပဒတ်တွေနဲ့ ထုတ်ပြန်တားမြစ်ထားရင် သိပ်ကောင်းမှာဘဲလို့ တွေးမှိလိုက်သေးတယ်။ သို့ကလိုမင့်လေလဲ၊ စိတ်ကူးဟာ စိတ်ကူးသာရှိတာဘဲပ ကိုကိုငွေတို့က ဘာအာဏာမှ မရှိပါ့ဘဲ ရှိတဲ့လူများ လုပ်ချင်ရင်လုပ်ဖို့ပေါ့ ။

ကဲနိဂုံးချုပ်မယ်ဗျာ ၊  ဟိုအမေရိကန် သမ္မတဟောင်းကြီးရဲ့ သမီးလေး နှစ်ယောက် ဘီယာမ သောက်ရဘူး ဟုတ်စ ၊ လာခဲ့မြန်မာပြည်ကို ဒီမှာ မင်းတို့ထက် ငယ်တဲ့ မြန်မာမိန်းခလေး တွေတောင် ဘီယာတို့ အရက်တို့ပေါပေါများများ ပျော်ပျော်ရွှင်ရွှင် သုံးဆောင် နေမှ ၊ မင်းတို့ ညီမဟာ ကံကိုဆိုးတယ်၊ လူစဖြစ်ဘို့ စဉ်းစားကတည်းက မြန်မာပြည်မှာ လူဝင်စားဘို့ ကောင်းတယ်၊ အခုတော့ အမေရိကန်သမ္မတ ကတော်ကြီး လော်ဒါဘွတ် ထံဝင်စားတော့ ဘီယာမ သောက်ရဘဲ အရှက် တကွဲအကျိုးနဲဖြစ်တာပေါ့ ၊ ဒို့ဆီက လူဆင်းရဲ တွေဆီမှာ သာဝင် စားလိုက်ရင် ၁၅/၁၆ လောက်နဲ့ ကလပ်လဲရောက်မယ်၊ ဘီယာ လဲ သောက်ရတယ် ၊ အရက် လဲသောက်ရတယ် +++++ +ဖြစ်တယ်ပေါ့ကွာ ပေါ့ကွာ။ နောင်များ လူဖြစ် တတ်ပါစေပေါ့….။

ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ..။