Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Monday, June 13, 2011
လွဲလိုက်ပုံ
၂၀၁၀ မတ်လ ၁၉ရက် သောကြာနေ့ ည ၉း၄၅ မှာ စင်ကာပူ ချန်ဂီလေဆိပ်ကို ရောက်လာခဲ့ပါတယ် သူငယ်ချင်း ၃ ယောက် အတူတူ အူတူတူ နဲ့ ရောက်ခဲ့ပြီး လာကြိုမဲ့သူငယ်ချင်းတွေ ရောက်ပြီလား မသိဘူး အတွေးနဲ့ ဟိုဟို  ဒီဒီ ရှာကြည့်တော့ သူငယ်ချင်း ၉ ယောက်လာကြိုကြတယ် အမလေး တော်ပါသေးရဲ့ လာကြိုလို့ မဟုတ်ရင် မသွားတတ် မလာတတ်နဲ့ ဒုက္ခရောက်မှာ ဒီလိုနဲ့ တက္ကစီ ငှါးပြီး အိမ်ခန်းငှါးထားတဲ့ နေရာအသီးသီးကို သူငယ်ချင်းတွေ ကောင်းမူ့နဲ့ ကျွန်တော်တို့ ၃ယောက်လုံး ချောချောမွေ့မွေ့နဲ့ ရောက်သွားပါတော့တယ်။
နောက်တစ်နေ့ကို သူငယ်ချင်းတွေကဘဲ လိုအပ်တဲ့ ပစ္စည်းတွေ လိုက်ဝယ်ပေးပြီး MRT စီးဖို့သင်ပေး Bus စီးဖို့သင်ပေးကြပါတယ် နောက်နေ့ တနင်္ဂနွေနေ့ကို လျှောက်လည်မယ် ဆိုပြီး သူငယ်ချင်းတွေ ချိန်းတော့ သူငယ်ချင်း ၆ ယောက်စုနေတဲ့ အိမ်မှာ မြီးရှည်လုပ်စားပြီးမှ အထပ် ၅၀ ရှိတဲ့  Sky Bridge ကို သွားခဲ့ပါတယ် ကျွန်တော်က ဘတ်စ်ကားစီးရင် မူးတတ်တဲ့ အကျင့်ရှိတယ်။
ကားစီးတာအချိန်ကြာရင် အန်တယ် ရောက်ခါစလည်းဖြစ် ဘတ်စ်မစီးတာလဲ ကြာပြီဆိုတော့ မူးလာတယ် ဓါတ်ပုံတွေတော့ ရိုက်နိုင်ခဲ့တယ် အပြန်မူးတာမှ အရမ်းမူးတယ် သူငယ်ချင်းအိမ်ရောက်တော့ အိပ်ခန်းထဲ ၀င်အိပ်တယ် အိပ်ပြီးနိုးတော့ အိမ်သာ သွားတက်ခဲ့ပါတယ် အဲဒီမှာ ပထမဆုံးဖြစ်တဲ့ ကမောက်ကမလို့ ပြောမလား အလွဲလို့ ပြောမလား စဖြစ်ခဲ့ပါတယ် ဘာလဲဆိုတော့…
ကျွန်တော့်ကို ဖုံးဝယ်ပြီး သုံးရင် ပိုက်ဆံကုန်မှာဆိုးလို့ အလုပ်ရမှ ဖုံးအသစ်ဝယ်ဆိုပြီး ကျွန်တော့်ဆရာက Sony Ericsson ဖုံး ဆရာမှာ တစ်လုံးပိုနေတာတဲ့  Sim Card ပါ တခါတည်းထဲ့ပေးပါတယ် အဲဒီနေ့က ဖုံးကို ဂျင်းဘောင်းဘီ နောက်ဖက်က အိတ်ထဲမှာ ထိုးထည့်ထားတာပါ အိမ်သာတက်ပြီးတော့ သူငယ်ချင်းတွေ မုန့်စားရအောင်ဆိုပြီး စားကြတယ်။
မုန့်စားပြီးတော့မှ မန်းတလေးက အိမ်ကို ဖုံးဆက်ချင်တာနဲ့ ဖုံးလိုက်ရှာတော့ တစ်အိမ်လုံး ဘယ်မှာမှ ရှာမတွေ့တော့ဘူး အကုန်လုံးလဲ ရှာတာ နှံနေပြီ နောက်ဆုံးရှာစရာဆိုလို့ အိမ်သာတစ်ခုဘဲ ကျန်တော့မို့ သွားရှာလိုက်တော့ ထင်တဲ့အတိုင်းဘဲ ဖုံးလေးက ခွက်လေးထဲမှာ ထောင်ထောင်လေး ရေထဲမှာ ပေါ်နေပါတော့ မြန်မြန်ဆယ်ပြီး အ၀တ်နဲ့  သုတ်တော့ ရေထဲမှာ နာရီဝက်လောက် ကြာသွားတာဆိုတော့ တော်တော်စိုနေတာ ဘတ်ထရီထုတ်ပြီး နေပူလှန်း ကတ်ထုတ်ပြီး အဲဒီနားက ဈေးပေါတဲ့ Nokia ဖုံးလေးကို ၀ယ်သုံးရပါတော့တယ် ဆရာ့ ဖုံးကတော့ လုံးဝကို သုံးမရတော့ပါဘူး။ဖုံးကိစ္စပြောရင်းနဲ့ တလက်စတည်း ပြောလိုက်အုန်းမယ်နော် အလုပ်ရပြီးတော့ အိုင်ဖုံး plan လေးဝယ်လိုက်တယ် ၀ယ်ပြီး ၁ပတ်လောက်နေတော့ ထမင်းဟင်းချက်ရင်း အိတ်ကပ်ထဲကနေ အောက်ငုံလိုက်တာ့ ဖုံးက အောက်ကျပြီး  မှန်ကွဲသွားပါတယ် ကွဲပုံကလဲ နေကြာပန်းလို အက်ရာအကြီးကြီးဘဲ လက်နဲ့ တို့ရင် ရှတတဖြစ်နေတော့ မှန်ကို အဟောင်းဆိုင်ကို မှန်အသစ်လဲတော့ ပိုက်ဆံ ၈၀ ကုန်သွားတယ်။
ဒါတင်မပြီးသေးဘူး ဈေးဝယ်ရင်းနဲ့ လက်ကနေ ချပြီး ဟင်းသီးဟင်းရွက်ကို ရွေးလိုက်မှိတယ် ပြီးတော့ ဖုံးကို မေ့သွားတယ် အပြန်လမ်းကျမှ သိတော့ သွားရှာတယ် မတွေ့တော့ဘူး အဲဒါနဲ့ Cashier ကိုမေးတော့ သူတို့သိမ်းပေးထားတယ်တဲ့ တော်သေးတယ် သူငယ်ချင်းတစ်ယောက်ပျောက်တာ  ပြန်မရဘူး  Market က မန်နေဂျာက ဖုံးထဲက data အချို့ကို မေးပြီး ကျွန်တော့်ဖုံးဆိုတာ သေချာမှ ပြန်ပေးပါတယ် အခုရက်ပိုင်း ဖုံး Casing က ခဏခဏ ကွာနေတာနဲ့ စိတ်မရှည်တာနဲ့ စင်ကော်နဲ့ ဒေါင့်လေးဒေါင့်ကို ကပ်လိုက်မှိတယ် ဒီနေ့ သူငယ်ချင်းတွေနဲ့ စကားတိုက်ဆိုင်လို့ စင်ကော်ကပ်ထားတာကို ပြောလိုက်မှိတယ် အားလုံးက ၀ိုင်းပြီး ပြောကြတယ် ထူးဆန်းတယ်တဲ့ ပြန်ခွါရင် နင့်ဖုံး ဆေးကျွတ်မှာ ဘာညာဆိုပြီး ဟာသတစ်ခုလို ပြောနေကြတာ။
ဒီလို အလွဲလောက်က တော်သေးတယ် အလုပ်လျှောက်တဲ့အခါမှ လွဲလိုက်တာတွေမှ အများကြီးပါ ဘယ်လိုလွဲလဲ ဆိုတော့ Resume ကိုရေးတော့ သူငယ်ချင်းတစ်ယောက် ရေးပြီးသားမှာ မတူတာတွေပြင်ပြီး  အလုပ်လျှောက်ပါတယ် ဘယ်လိုမှားသွားလဲ ဆိုတော့ သူငယ်ချင်းက  BTech BE ဆိုပြီး ၂ပိုင်းခွဲပြီး ဘွဲ့ရခုနစ်ကို ပြထားတယ် အဲဒါကို ကျွန်တော်က BE ၊ ME ပြင်ထဲ့တယ် ME အတွက်  ခုနစ်ကို ပြင်ဖို့ သတိရပေမဲ့ BE ကိုပြင်ဖို့မေ့သွားတယ် ကျောင်းတက်ခုနစ်ကို ၂၀၀၄ လို့ မှားရေးလိုက်မှိတယ်။
အဲဒီအမှားကြီးနဲ့ အလုပ်လျှောက်တော့ ပထမဆုံးအလုပ်ကိုတော့ Work Permit နဲ့  လစာ ၁၈၀၀ ပေးတယ် Work Permit ကို မလုပ်ချင်တာနဲု့ငြင်းလိုက်တော့ Pass ကို မလျှောက်ဖြစ်ခဲ့ဘူး ဆိုတော့ အမှားကို မသိသေးဘူး ဒုတိယ အင်တာဗျုးက Drafter နဲ့ခေါ်ပါတယ်  သူတို့ဆွဲခိုင်းတဲ့ ပုံလေးက လွယ်နေတော့ ဆွဲတတ်ခဲ့ပါတယ် အဲဒါ ဘော့စ်က အိုကေရပြီ မင်းလစာတောင်းထားတာက ၂၀၀၀  အလုပ်ဆင်းပြီး ၆လ နေမှ ၂၀၀၀ ပေးမယ် အခုတော့ ၁၈၀၀ နဲ့ လက်ခံရင် အလုပ်ခန့်လိုက်ပြီ လိုအပ်တာတွေကို မန်နေဂျာကို ပေးခဲ့ပြီး နောက်အပတ်ကို အလုပ်စဆင်းလို့ ရပြီ ဆိုတော့ ၀မ်းသာခဲ့ပါတယ်။
မန်နေဂျာက Resume ကအမှန်ဆိုရင် အဲဒီထဲအတိုင်း လျှောက်ပေးမယ်ဆိုပြီး  passport စာအုပ်ကိုဘဲ ကော်ပီကူးထားလိုက်ပါတယ် နောက်နေ့မနက် ၁၀နာရီလောက်မှာ သူငယ်ချင်းက ဖုံးဆက်ပြောတယ် နင့် Spass Reject တဲ့ ကြားလိုက်တော့ စိတ်ညစ်လိုက်တာ အရမ်းဘဲ ကုမ္ပဏီကို ဖုံးဆက်ပြောတော့ သူတို့က EP နဲ့ ထပ်လျှောက်ပေးမယ်ဆိုပြီး နေလည်မှာ လျှောက်ပေးတော့လဲ ချက်ချင်း Reject တဲ့ ဘာဆက်လုပ်မလဲ ကုမ္ပဏီကိုမေးတော့ Work Permit ကိုလက်ခံမလားတဲ့ အဲဒီ Work Permit ကို စဉ်းစားအုန်းမယ် ပြောပြီး သူငယ်ချင်းတွေနဲ့ ဆရာတွေကို မေးတော့  Appeal Letter လျှောက်ခိုင်းတဲ့။
ကုမ္ပဏီကို Appeal Letter လျှောက်ပေးဖို့ပြောတော့ အချိန် ၃ ပတ်ကြာမှာတဲ့ မစောင့်နိုင်ဘူးပြောတာနဲ့ Reject Reason ကိုတော့ မေးပေးပါဆိုတော့ ဘွဲ့ရတဲ့ခုနစ်မှာ problem ဖြစ်နေတာပြောမှ Resume ကို သေချာပြန်စစ်တော့မှ ကိုယ့်အမှားကို ကိုယ်ပြန်တွေ့ပါတယ် သေလိုက်ပါတော့ မှားတာမှ နဲနဲပါဘဲ အမှန်က ၂၀၀၁ ကို ၂၀၀၄ ဖြစ်နေမှတော့ Reject ဖြစ်တာမဆန်းပါဘူး MOM က မှန်နေရင်တောင် အလကားနေရင်း Reject ဖြစ်နေတတ်တာ ဒီလိုနဲ့ အလွဲတွေ တသီကြီး နဲ့ အခုချိန်ထိ ပျော်ပျော်ပါးပါးကို အလုပ်လုပ်နေပါတယ် နောက်မှ ဆက်ပြီး အလွဲတွေ အမှားတွေကို ရေးပါအုန်းမယ် ဖတ်လို့မကောင်းပေမဲ့ အမှတ်တရအနေနဲ့ ရေးချင်ပါတယ်။
ဒီနေ့ အသစ်ရောက်လာတဲ့ သူငယ်ချင်းတစ်ယောက်ကို sky bridge ကို လိုက်ပို့ပေးတော့ ရောက်ခါစက အဖြစ်လေးတွေ သတိရပြီး ပို့စ်တစ်ခုအဖြစ် ချရေးလိုက်ပါတယ် စာဖတ်သူတွေတော့ မသိဘူး ကိုကိုငွေကတော့ မဒမ်ငွေ မင်းရေးတာတွေက အသက်မပါဘူး ဖတ်လို့မကောင်းဘူးဆိုပြီး ခဏခဏပြောနေပေမဲ့ အမှတ်တမဲ့လေးတွေကို အမှတ်တရအဖြစ် ချရေးချင်လို့ ရေးလိုက်မှိပါတယ်။
ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်း ပါတယ် ရွှင်လန်းချမ်းမြေ့ ကြပါစေ။
Friday, July 23, 2010
ကျွန်တော်နဲ့အလွဲ
စာကလဲကောင်းကောင်းမရေးတတ်ဘူးမအားတာနဲ့နောက်ထပ်အသစ်မရေးနိုင်ဘူး၊အားတော့ရေးမယ်ဆိုတော့လဲ၊မြန်မာဖောင့်ရတဲ့ကွန်ပျူတာကဖွင့်မရတာနဲ့၊အကြောင်းအမျိုးမျိုးကြောင့်မရေးနိုင်ဘူး၊ရေးမယ်ဆိုတော့လဲသူများတွေလိုစာများများမဖတ်ထားတော့လာဖတ်တဲ့သူတွေကို၊အသိပညာဗဟုသုတပေးမဲ့စာမရေးနိုင်တော့စာဖတ်တဲ့လူတွေကိုအားနာတယ်၊ကျွန်တော်အခုရေးမှာက၊ကျွန်တော်စကာင်္ပူရောက်တော့ကျွန်တော့်ရဲ့အလွဲလေးတွေကိုအခုပြန်ရေးပြမှာပါ၊ရီလို့ရသလို၊ဆင်ခြင်လို့လဲရမယ်ထင်လို့အလွဲလေးတွေကိုစရေးလိုက်ပါတယ်။
စလုံးဆိုတာကိုသူများလာလို့လာတာ၊ဘာရယ်မဟုတ်ဘူးအလုပ်လုပ်ရင်ပိုက်ဆံတော့ပိုရမယ်ဆိုတာတော့သိတယ်၊နောက်ပြီးသူငယ်ချင်းတွေလဲအများကြီးရောက်နေတာဆိုတော့လာချင်တာပေါ့၊အမေကကျောင်းပြီးတော့ကျောင်းမှာဆရာမဘဲလုပ်စေချင်တယ်၊ဒါမှမဟုတ်PSCဖြေစေချင်တယ်၊နေပြည်တော်ကိုသွားဖြေခိုင်းတယ်၊မဖြေဘူး၊ဖြေလဲအောင်ချင်မှအောင်မှာဖြေမှာကနှစ်ထောင်ကျော်သုံးထောင်၊ခေါ်မှာက၃ယောက်တို့ ၅ယောက်တို့ဆိုတော့လဲစိတ်လဲမပါဘူး။
သူငယ်ချင်းသုံးယောက်တူတူလာကြတယ်၊ရောက်ပြီး၆ရက်နေတော့အင်တာဗျူးတခုစရတယ်၊ဘယ်လိုဖြေရမလဲ၊သူငယ်ချင်းတွေကိုမေးတော့တခုနဲ့တခုကမတူဘူးတဲ့၊ဖြေကြည့်မှသိတာတဲ့၊အဲဒါနဲ့သွားဖြေတာ၊ဟိုရောက်တော့ပထမအင်တာဗျူးတဲ့၊ပေါ့ပေါ့ပါးပါးလေးဘဲမေးမှာတဲ့စမေးတာကတော.့CV.ဖာင်ကိုတောင်းတယ်မသိဘူးလေ၊အလုပ်လျှောက်တုန်းကပါပြီးသားဆိုတော့မယူခဲ့ဘူး၊ပြီးတော့အိမ်မှာလ.ဲပရင်တာမရှိဘူးဆိုတော့CVဖောင်ကိုမပါဘူးလို့ပြောလိုက်တော့၊မေးတဲ့လူကသိပ်မကြိုက်ချင်ဘူး၊ထပ်ပြီးအားနဲချက်အားသာချက်ကိုမေးတယ်၊ပြီးတော့အလုပ်နဲ့ပတ်သက်တာမေးတယ်၊ထပ်ပြီးတော့အားနဲချက်အားသာချက်ကိုထပ်မေးတယ်၊အရင်မေးတာနဲ့နောက်မေးတာနဲ့မတူတာ.စဉ်းစားပြီးပြောတယ်၊သုံးခါမြောက်မေးတော့ဘာဖြေရမှန်းမသိတာနဲ့၊မေ့တတ်တယ်လို့ပြောလိုက်မှိတယ်၊အဲဒီမှာဘဲအင်တာဗျူးတဲ့သူကမကြိုက်တော့ဘူးဆက်ပြီးမမေးချင်တော့ဘူး၊ဆက်ပြီးမမေးချင်တော့ဘူး၊ကိုယ့်အဖြေလဲမှားတယ်ဆိုတာသိတယ်၊ထပ်လဲမမေးတော့ဘူး၊ဒုတိယအင်တာဗျူးမှာပါရင်ဖုံးဆက်မယ်လို့ပြောတယ်အဲဒါနဲ့ပြန်လာတာဒီလိုနဲ့အင်တာဗျုးတခုပြီးသွားတယ်။
ဒုတိယမြောက်အင်တာဗျူးကမေးလ်ကနေစာပို့ထားတယ်၊ချန်ဂီလေယာဉ်ကွင်းterminal2ကိုလာခဲ့ပါတဲ့၊မနက်၁၀နာရီ.ရောက်ရင်ဖုံးခေါ်ပါ၊လာခေါ်မယ်ဆိုပြီး၊ဖုံးနံပါတ်ရယ်ကုမ္ပဏီနာမည်ပြောပြီးပို့ပါတယ်၊အဲဒါနဲ့မနက်ကိုစောစောထပြီးသွားတယ်၊နေတဲ့အိမ်ကရထားခရီးစဉ်အစမှာသွားရမှာကခရီးစဉ်အဆုံးမှာဆိုတော့၊၈နာရီလောက်သွားရတယ်၊ရောက်တာကလဲတပတ်လောက်ရှိသေးတယ်ဆိုတော့၊ဘာစီးစီးမူးနေတယ်၊လမ်းတ၀က်လောက်မှာမူးပြီးအန်ချင်တာနဲ့ရထားပေါ်ကဆင်းပြီးနားတယ်၊ပြီးမှဆက်သွားတယ၊်၉း၄၅လောက်မှာရောက်တယ်ဒါနဲ့ဖုန်းမယ်ဆိုပြီးဖုံးနံပါတ်ရေးထားတဲ့စာအုပ်ထုတ်ပြီးဖုံးခေါ်တယ်၊ဟိုဘက်ကဘာပြန်ပြောလဲဆိုတော့၊ဘာအင်တာဗျုးလဲတဲ့သူမသိဘူးတဲ့၊ချန်ဂီကိုရောက်နေပြီ၊ဘယ်ကိုလာရမလဲဆိုတော့၊သူကမြို့ထဲမှာတဲ့သူတို့တရုတ်တွေကအင်္ဂလိပ်စကားပြောကိုလိုရာဆွဲပြောကြတယ်ကျွန်တော်လဲနဲနဲဘဲတတ်တာပါ၊သူကဘာဆက်ပြောလဲဆိုရင်(ယူအာရောင်းနမ်းဘားတဲ့)၃ခါလောက်ပြောတယ်၊ကျွန်တော်လဲမသိဘူးအခုကိတ်မုန့်ဆိုင်ရှေ့မှာလာခေါ်ပါလို့စောင့်နေမယ်၊မအားရင်လဲဘယ်အခန်းကိုလာရမလဲဆိုပြောဆိုတော့၊သူကကျွန်တော်ပြောတဲ့ကိတ်မုန့်ဆိုင်ကိုမသိဘူးတဲ့၊အဲဒါနဲ့ကျွန်တော်ကလဲကိတ်မုန့်ဆိုင်ရဲ့အခန်းနံပါတ်ကိုပြောလိုက်တာပေါ့၊အဲဒါကိုလဲသူကမသိပြန်ဘူးတဲ့၊ကျွန်တော်လေစိတ်တော်တော်ကုန်သွားတယ်၊လာရတာလဲအဝေးကြီးပြီးတော့၊ဘာပြောပြောမသိဘူး၊ပြောနေတော့အင်တာဗျူးမလုပ်ချင်လို့ပြောနေတာထင်တယ်ဆိုပြီးတွေးတယ်၊အဲဒါနဲ့ဟိုဘက်ကဖုန်းချသွားတယ်။
နောက်တခါဖုန်းနံပါတ်ကိုပြန်နှိပ်တော့မှဖုန်းနံပါတ်ကအမှန်ဖြစ်သွားတယ်၊အင်တာဗျုးမဲ့လူကြီးကိုယ်တိုင်လာခေါ်တယ်၊ကုမ္ပဏီဝင်ဝင်ချင်းမြန်မာ၃ယောက်ကိုတွေ့တယ်အလုပ်ရရင်ကောင်းမှာဘဲမြန်မာတွေရှိတယ်ပေါ့၊မေးတာကတော့လုပ်နိုင်လားလို့ဘဲမေးတယ်၊လုပ်နိုင်တယ်ဆိုရင်နောက်အပတ်အလုပ်စဆင်းတော့တဲ့အလုပ်ရပြီဆိုတော့တော်တော်လေးပျော်သွားတယ်ပေါ့၊ဝေါ့ပါမစ်လျှောက်ပေးမယ်လို့ပြောတယ်၊ကျွန်တော်လဲအလုပ်ကအဓိကဘဲလေ..pass..အကြောင်းလဲကောင်းကောင်းမသိဘူး၊ဟုတ.်ဆိုပြီးပြောလိုက်တယ်၊အပြင်ကိုရောက်ရောက်ချင်းကျွန်တော့ဆရာဆီကိုဖုံးဆက်ပြီးအလုပ်ရပြီပေါ့၊ဝေါ့ပါမစ်နဲ့လို့ပြောတော့၊နင်ဘာတွေလျှောက်လုပ်နေတာလဲ၊ဝေါ့ပါမစ်ကမကောင်းဘူး၊တခြားပက်စ်လျှောက်ပေးပါလို့ပြောဝေါပါမစ်မလုပ်ချင်ဘူးလို့ပြောတဲ့ကျွန်တော်လဲထပ်သွားပြီးအားနာနာနဲ့သွားပြောလိုက်တယ်၊ဝေါ့ပါမစ်နဲ့ဆိုမလုပ်နိုင်ဘူးလို့အားနာလိုက်တာ၊ဆရာကညနေရောက်ရင်ငါဆီလာခဲ့ပက်စ်တွေအကြောင်း၊ပြောပြမယ်ဘာမှမသိဘဲအလုပ်လာလျှောက်တာဆိုပြီးဆူပါတယ်၊အခုမှအင်တာဗျူးက၂ခုဘဲရှိသေးတယ်၊နောက်ထပ်အလွဲတွေအများကြီးဘဲ၊နောက်မှဆက်ရေးမယ်နော်၊အလွဲများမှကင်းလွတ်နိုင်ကြပါစေ။