Wednesday, October 13, 2010

ကွန်ပျူတာအကြည့်လွန်ရောဂါComputer Vision Syndrome

                                   ကွန်ပျုတာသုံးမယ်ဆိုရင် ဒါလေးဖတ်သွားအုံး
                                    သတိပြုဖွယ်ရာလေးပေါ့
                                            ကိုယ်ဟန်အနေထားလေးကတော့ဒီလို
                           ကွန်ပျုတာကြည့်ဘို့ဖန်တီးထားတဲ့ ဒရိုက်ဖိုဂယ်ဆိုတာ အဲဒါပေါ့

ကွန်ပြူတာအကြည့်လွန်ရာ ကဖြစ်လာတဲ့ ရောဂါလက္ခဏာဟာ အခုနောက်ပိုင်း လူသားတွေ ခေတ်ပေါ် လျှပ်စစ်ပစ္စည်းတွေ၊ ကွန်ပျုတာတွေ၊ Smart Phone နောက်ဆုံးပေါ် ဖုန်းတွေ၊ ဗီဒီယိုဂိမ်းကစားတဲ့ လက်ကိုင်လျှပ်စစ်ပစ္စည်းလေးတွေ၊ e-book လို့ ခေါ်တဲ့ ကွန်ပြူတာကတဆင့် စာအုပ်ဖတ်တာတွေ အသုံးများတာကြောင့် ဖြစ်လာတဲ့ မျက်စိရောဂါ ဖြစ်ပါတယ်။ လူတစ်ယောက်က ကွန်ပျုတာအရှေ့မှာ တစ်နေ့သုံးနာရီကျော် ထိုင်တယ်ဆိုရင် ၊ ဆရာဝန်တွေ အခေါ်ကတော့ အဲဒီလူဟာ Computer Vision Syndrome လို့ခေါ်တဲ့ မျက်စိရောဂါ လက္ခဏာ တစ်ခုကို ခံ စားရဘို့ များတယ်လို့ဆိုပါတယ် ။

အမေရိကန် မျက်စိကု ဆရာဝန်များအသင်းက ဒေါက်တာ မိုက်ကယ်ဒူးနပ် ဟာအဲဒီရောဂါ နဲ့ပတ်သတ်ပြီး ခုလိုပြောပါတယ် ၊ “အဲလိုဖြစ်ရင် ပင်ပန်းနွမ်းနယ်မယ် ၊ ခေါင်းကိုက်မယ် ၊ ဂုတ်တွေဘာတွေကိုက်မယ် နောက်ကြောတက်မယ်ပေါ့ဗျာ ၊ အဲဒါတွေအပြင် အမြင်အာရုံတွေ နှစ်ထပ်ဖြစ်လာတာတို့ ၊ ကြိုကြား ကြိုကြား အမြင်မကြည်လင်တာတို့ ဖြစ်တတ်ပါတယ်” ဒေါက်တာဒူးနပ်စ် ကပြောသွားပါတယ်  ၊ ၀ါရှင်တန်ဒီစီ မြို့ရဲ့ အမျိုးသား အကြံပေးဋ္ဌာနရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ ရေချယ်ဗစ်ချပ်ကတော့ ၊ “Computer  Vision Syndrome ဟာ မျက်စိကိုပျက်ဆီးစေတာတော့ မဟုတ်ပါဘူးရှင် ၊ ရေတိမ် တို့ မျက်စိအာရုံကြော ပျက်ဆီးတာတို့လို ရောဂါလဲမဟုတ်ပါဘူး ၊ ဒါကမျက်သားလွှာကအရေကြည် ခန်းခြောက်တာတို့ ၊ မျက်လုံးက တစ်နေရာကို ကောင်းကောင်း အာရုံစိုက်မကြည့်နိုင်တာလောက်ပါဘဲ” လို့ဆိုပါတယ် ။

ဆက်လက်ပြီးတော့ ဒေါက်တာဒူးနပ်စ်က “လူတွေက ကွန်ပျုတာ စားပွဲပေါ်မှာ တစ်ခုခုကို အာရုံစိုက်ကြည့်မှိပြီဆိုရင် ၊ မျက်တောင်သိပ်မခတ်ကြတော့ဘူး ၊ အဲဒါကြောင့် အရေကြည်ခန်း ခြောက်တာနဲ့ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်ကုန်ကြတယ် လို့ဆိုပါတယ် ၊ ကိုယ်ဘာကို ကြည့် နေတယ် ဆိုတာကို အာရုံစိုက်နိုင်တဲ့ ကြွက်သားတွေ မျက်လုံး ထဲမှာရှိတယ် ၊ ကွန်ပျုတာ တင်ထားတဲ့စားပွဲက သမားရိုးကျစာအုပ်တွေ ထက်စာရင် ပိုလှမ်းတဲ့ နေရာမှာ ရှိပေမဲ့ တစ်နေရာထဲကို ကြာကြာစိုက်ကြည့်နေတယ် ဆိုရင် အဲဒီကြွက်သားတွေက ညောင်းလာတတ် တယ် ၊ ဒီရောဂါလက္ခဏာက လူကြီးတွေအကြား လုပ်အားနဲ့ သင်ကြားနိုင်မှု အနေအထားတွေ လျှော့ကျနိုင်ပြီး ၊ ကျောင်းတက်နေတဲ့ ကလေးသူငယ်တွေ အကြားမှာလဲ အရည်အချင်း ကျဆင်းနိုင်တယ်လို့ ဒေါက်တာဒူးနပ်စ် ကပြောပါတယ် ။

ပုံနှိပ်စာအုပ်က စာသားတွေနဲ့ ကွန်ပျုတာ မှန်သားပြင်ပေါ်က စာသားတွေဟာ တူညီမှုမရှိဘူး ကွဲပြားခြားနားတယ် ဆိုတဲ့အချက်ကိုတော့ ဆရာဝန်အားလုံးက သဘောတူကြပါတယ် ၊ ပုံနှိပ်စာ သားတွေကတော့ကြည့်ရတာ လွယ်ကူပြီး ၊ ကွန်ပျုတာ မှန်သားပြင်ပေါ်က စာသားတွေကတော့ အမြင်အာရုံ ကြည်လငဖို့ အတော်ကို အားစိုက်ရတယ်လို့ ဆိုပါတယ် ၊ အလင်းရောင်များလာ အောင် လိုက်လုပ်တာတို့ မျက်လုံးစူးအောင် လုပ်တာတွေကတော့ အမြင်အာရုံကို ထိခိုက်စေပါ တယ်  ။

ယနေ့ခေတ်လူငယ်တွေဟာ များပြားလှတဲ့ ပြဿနာတွေထဲမှာ နေထိုင်ရတယ်လို့ အထောက် အထားတွေက ပြသနေတယ်လို့ ဆရာဝန်ဒူးနပ်စ် ကဆိုပါတယ် ၊ လက်ကိုင်ကွန်ပျုတာတွေကို အချိန်များစွာ အသုံးပြုလာတဲ့အတွက်ကြောင့် လူတွေဟာ တဖြေးဖြေး အနီးကြည့်လောက်ဘဲ ရတော့တယ်လို့ သူကဆိုပါတယ် ၊ လွယ်ကူတဲ့ အဆင့်လေးတွေကို လုပ်လိုက်ရုံနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်တယ်ဆိုတာ ဆရာဝန်တွေက ပြောပါတယ် ၊ ဥပမာအားဖြင့်  လုပ်ငန်းအလိုက် တက်ရတဲ့ မျက်မှန်မျိုးပါ ၊ အခုဆိုရင် သမရိုးကျ အနီးကြည့်နဲ့ အဝေးကြည့်တက်ကြမဲ့ အစား ၊ ကိုယ်လုပ်တဲ့ အလုပ်နဲ့ ဆိုင်တဲ့ အနီးအဝေးကြည့်မျက်မှန် ၊ဒါမှမဟုတ် ဒရိုက်ဖိုဂယ်လို့ ခေါ်တဲ့ ခေါ်တဲ့ ကွန်ပျုတာကြည့် မျက်မှန်တွေပါ ပေါ်လာပြီလို့လဲ သူကပြောပါတယ် ။


 ကွန်ပျုတာကို ကြည့်တဲ့မျက်မှန်သားကိုတော့ ထိပ်ပိုင်းမှာ တပ်တယ်လို့ ဆိုပါတယ် ၊ ဘာလို့လဲဆိုရင် ကွန်ပျုတာကို ကြည့်တဲ့အခါ အပေါ်ပိုင်းကို ကြည့်လေ့ရှိကြတာကြောင့်ပါ ၊ စာ ဖတ်တဲ့ အပိုင်းကတော့ အောက်မှာထားကြတာပေါ့လေ ၊ မျက်လုံးမညောင်းအောင် မျက်စဉ်း ခပ်တာမျိုး ၊ ၁၅မိနစ်တခါ အခြားတစ်ဖက်ကို လှည့် ကြည့်တာမျိုးတွေ လုပ်ဖို့ဆရာဝန်တွေ အကြံ ပြုပါတယ် ၊ ဒါ့အပြင် နောက်တစ်ခုလုပ်နိုင်သေးတာက ကွန်ပျုတာတင်တဲ့ စားပွဲပြင်နဲ့ ကွန်ပျုတာ မှန်သားပြင်ဟာ သူ့ရှိသင့်တဲ့ အမြင့်မှာ ရှိဖို့လိုပါ တယ် ၊ ကွန်ပျုတာ တင်တဲ့ စားပွဲကလဲ ကိုယ့်မျက်လုံးမြင်ကွင်းရဲ့ လေးလက်မ အောက်မှာရှိသင့်တယ် လို့ဆိုပါတယ် ၊ ဆိုလိုတာက လူတစ်ယောက်ဟာ ကွန်ပျုတာကိုမော့ကြည့်နေရတဲ့ အနေအထား မဖြစ်ရပါဘူး ၊ Computer Vision Syndrome လို့ခေါ်တဲ့ ဒီရောဂါကို ကုသရတာလွယ်ပေမဲ့ ၊ ရုပ်မြင်သံကြား အစီအစဉ်တွေ ကွန်ပျုတာ နဲ့ကြည့်လို့ရနေတာကြောင့်ရယ် လက်ကိုင်ကွန်ပျုတာ ပစ္စည်းများ ပေါများလာတာ ကြောင့်ရယ်  ဒီရောဂါဟာ ပိုမိုကျယ်ပြန့်လာတယ် လို့ ၊  ဆရာဝန်များက သုံးသပ်ထားပါတယ် ။

မှတ်ချက်

ဒီပိုစ့်ကိုရေးတော့ မဒမ်ငွေလမင်းက လူတွေစိတ်ဝင်စား မှာမဟုတ်ဘူး အခြားပိုစ့်တစ်ခု တင်ပါလို့ဆို လာပါတယ် ၊ ပြည်ပမှာနေတဲ့ လူတိုင်းက ကွန်ပျုတာနဲ့ အလုပ်လုပ်နေကြတာတဲ့ သူတို့ကို ဒီရောဂါကြီး ဖြစ်နိုင်တယ်လို့ ပြောရင် ကြိုက်မှာမဟုတ်ဘူး လို့ပြောပါတယ် ၊ သုံးတဲ့သူများ သတိရှိအောင် မျက်စိအန္တရာယ် ကင်းဝေးအောင်ဆိုတဲ့ စေတနာလေးနဲ့ ရေးသားလိုက်ရတာပါ ၊ မဒမ်ငွေလမင်း ပြောသမျှကို ခေါင်းငုံပြီး ကြိတ်မှိတ်သည်းခံ နေရသည့် သနားစဖွယ်ဖြစ်သည့် မစ္စတာငွေလမင်း ။

Monday, October 11, 2010

ရဟတ်

ဒါဘာကြီးလဲ “ခွမ်း” ဒီအသားကို ငါရှိရင်မစားပါနဲ့လို့ ဒီအိမ်ကလူတွေကို ပြောထားတယ် လူလိုနား မလည်ဘူးလား ၊ “ခွမ်း”   “ခွမ်း”  ………။ အေးပါသားရယ် အမေကြီး  ဒီဟင်းကိုသိမ်းလိုက်ပါကွာ အကြီးကောင်တွေ မစားကြနဲ့တော့ကွာ ၊ မင်းညီလေးမကြိုက်ဘူး ။

ဒါဘာမုန့်လဲ  ဒီမုန့်ကိုမကြိုက်ဘူးလို့  ပြောထားတယ်ဗျာ နိုင်ငံခြားက မကလို့  နတ်ပြည်ကလာလာ တစ်ခါပြောထားရင် နားမလည်ကြဘူး “ဘုန်း”  “ဒုံး” “အုန်း” ၊ အေးပါသားရယ် ပါးလက်ဆောင် ရလာတာ လေးမို့ပါ  မင်းမစားချင်လဲ နေပါ  ပါးပြန်ယူလိုက်မယ် ………..။

ဒီအဆင်မကြိုက်ဘူး အေးအေး ပြန်ပေး ပြန်ပေး မင်းကိုကို ကိုပေးလိုက်မယ် ၊ ဘယ်သူ့မှ မပေးရဘူး အမှိုက်ပုံးထဲ ထည့်မှာ ၊ ဒီအရွယ်ရောက်နေပြီ ကိုယ့်သားသမီး ဘာကြိုက်လဲ မသိကြ ဘူး ၊ အေးပါသားရယ် မေမေက အဆင်တူလေးမို့ ညီကိုတွေ တူအောင် ၀ယ်လာခဲ့တာပါ  မရဘူးဗျာ………….။

ဒီခွက် ကဘယ်သူ့ခွက်လဲ ငါယူမယ် ၊ အာမလုပ်ပါနဲ့ ချစ်သူက လက်ဆောင်ပေးလိုက်တာပါ ၊ ညီလေးရယ် ၊ ကိုကိုပုံစံတူ တခုဝယ်ပေးမယ် အာမရဘူး ဒါဘဲကြိုက်တယ် ၊ ယူပြီဗျာ ………………..ဘာလဲ မယူရဘူးလား ၊ အာမဟုတ်ပါဘူး ယူ ……ယူ……….ယူ ……………..ယူပါကွာ ….။

ဒီနေ့ ဟင်းချက်တာ ဘယ်သူလဲဟေ့ ငံတယ်နော် ၊ ဟုတ်လားပေး အဲဒီငံတဲ့ ဟင်းပုဂံ  ကိုဖြူကွက်ရေ လာဟေ့ ရော့ ပုဂံလိုက်စားလိုက် ၊ ငံတဲ့ပုဂံပါ လာထား “ခွမ်း” ကဲကွာငံအုံး “ခွမ်း”….အေးပါကွာ နောက်မပြောတော့ပါဘူး တောင်းပန်ပါတယ် ………….။

၆နှစ်ခန့်ကြာသောအခါ

မောင် ဂဏာန်း စားချင်လို့ ၄ကောင်ကို ၅ကျပ်နဲ့ ၀ယ်လာတယ် ၊ ဘယ်လိုချက်ရ မလဲ ဟင် မင်းကဘယ်လို စားချင်တာလဲ ၊ အရေသောက်စားချင်တာ ဂဏန်းကို အရင်ဆုံး ပြုတ်လိုက်ကွာ ရေနဲနဲ လေးထဲကိုဆားပါထည့်လိုက် ၊ဂဏန်းကောင်တွေ နီလာပြီဆိုရင် ကျတ်သွားပြီ ပြီးရင် ဂဏာန်းကို ခွာပြီး ၊ မာလာဟင်းနှစ်ထဲ ထည့်ပြီး ရေနဲနဲထည့်လိုက် ဆူရင် ချစား ၊ ဟင်ဘယ်လို………………၊ ဟင်ဘယ်လို……………။ ဟင်ဘယ်လို………….၊ ကဲလုပ်ချင်သလို လုပ်တော့ကွာ ၊ သုတ်ခနဲ သူထသွားသည်  ဂဏန်းလေးကောင်ကို အများသုံး အမှိုက်ပုံးထဲ ထည့်လိုက်၏ ။

ဝဋ်ဆိုတာ ဒါလား ၊ ရဟတ်လိုဘဲနော် ၊ အမြင့်ကြီးကို ရောက်ပြီးတဲ့အခါ ၊ အနိမ့်ဘက်ကို ပြန်ဆင်း တတ်ပါရော …………။

Wednesday, October 6, 2010

“တင်လေအထူး ၊ သူ့ကျေးဇူး ၊ မချေဖျက်မှိ ပါစေသော် ”

                                ဤကား  ကိုဖြူကွက်နှင့် တူသော ခွေးတည်း

သူတို့၏ အမည်များမှာ  ကိုဖြူကွက်နှင့် ကိုငမဲ ဟူသတည်း ၊ ကိုဖြူကွက်ဆိုတာ အခုခွေးတို့ ၏သက်တမ်းအားဖြင့် ၇၀ကျော် လူ့သက်တမ်းအားဖြင့် ၈ သား မြန်မာခွေးစစ်စစ်ဖြစ်ပြီး ၊ အရောင် မှာ အဖြူနှင့် အ၀ါကွက်သဖြင့် ကိုဖြူကွက်ဟု တွင်ပါသည် ၊ ခွေးဆိုပေသိ ရဲစွမ်းသတ္တိနှင့် ပြည့်စုံ လိမ့်မည် ဟူ၍ မထင်လိုက်ပါနှင့် အင်မတန်ကြောက်တတ်သည့် ခွေးဖြစ်ပါသည် ၊ တနေ့ တာ သူ့လုပ်ငန်းမှာ မိုးလင်းရင် အိမ်က အကြီးကောင် ပိုသော ကော်ဖီနဲနဲ ၊ ကျွန်တော်ပိုသော နွားနို့ နှင့် နံပြား ကတ်ကြေးကိုက် တစ်ခုနှစ်ခု ၊ မေမေနှင့် အလတ်ကောင်၊ ပါး တို့ပိုသော မုန့်ဟင်းခါးကို အဖတ် မပါတောင် အရေနဲနဲ သူ့ဇလုံလေးထဲ ထည့်ပေးထားလျှင် သူ့ဖာသာ တမျိုးပြီး တမျိုး စားသောက်ပြီး ၊ သူ့အတွက် အထူးစီမံ ထားသော ခွေးကုတင်ပုလေးမှာ မှေးစက်ခါ  ဇိမ်ယူတတ်သလို ၊ နို့ ကော်ဖီ မုန့်ဟင်းခါး အရေ တစုံတခု လိုပါက ၊ ချောင်းပင် မဟန့်ရဲလောက် အောင် ပြာလောင်ခတ်ပြီး အမြီးယမ်းလေ့ ရှိပါတယ် ၊ “ကိုဖြူုကွက် ခင်များကို ကြည့်မ ရတော့ဘူးနော် ” လို့ ခပ်မာမာ အသံပေးလိုက်လျှင်ဖြင့် ၊ တုတ်တုတ်မျှ မလှုပ်တော့ဘဲသူ့ကု တင်ပုလေး စီပြန်သွားပြီး မျက်နှာငယ်လေးနှင့် အိပ်နေတတ်ပါသည် ။

နေ့လည်ပိုင်းတွင် လူတွေထမင်းစားတာနဲ့ စားပွဲခုံအောက်မှာ ၀င်ပြီး အီအီနှင့် သူရှိပါကြောင်း အရိုးများကို ချပေးလျှင် စားမည်ဖြစ်ကြောင်း သတင်းပို့သကဲ့ သို့ အတင်းအမြီးကို သမံတလင်းနှင့် ပုတ်ပါသည် ၊ ချကြွေးတာ မှန်သမျှ အကုန်စားပါသည် ၊ ကိုငမဲကား ထိုသို့မဟုတ်ခွေး ဣနြေ္ဓ တို့ နှင့် ပြည့်စုံ၏ ၊ မည်သည့်အခါမျှ မတောင်း သူ့ဇလုံထဲ လာထည့်မှ စားတတ်၏ စားလျှင် လဲ စည်းစနစ်ကျ၏ ကိုဖြူကွက်လို ဟိုထိုးဒီိထိုး ပွနေအောင်မစား  အောက်ခြေကနေ နခမ်းသပ်စား တတ်၏ ၊ တနေ့ကို နှစ်ကြိမ် အပြင်ထွက်ပေးရ၏ ၊ မနက်ဘက် အိမ်မှ အကြီးကောင်ကား စထွက်သည့် အချိန်မှစ၍ ကိုဖြူကွက် ခင်မျာ တအီအီနှင့် ဟိုပြေးဒီပြေး မျက်စိနောက် လောက် အောင် ဟန်ရေးပြတတ်၏ ၊ ခြံတံခါး ဖွင့်လျှင် သူ့ဖမ်းထားရပြီး ပါးနောက်ဆုံးထွက် ပြီဆိုမှ သူ့ကို လွှတ်ပေးရ၏ ၊ ကိုငမဲ ကားတုတ်တုတ်မျှ မလှုပ် ၊ “ကိုငမဲ အပြင်ကြွ” ဆိုမှ ဖြေးဖြေးလေး တစ်လှမ်း ချင်းထွက်သွားတတ်၏ ။အိမ်ကို ပြန်လျှင် ကိုငမဲ အရင်ရောက်ပြီး ၊ ဖြူကွက်ရေ လာဟ ဘာညာ သာရကာ ဆိုမှ ၊ ပြန်ဝင်လာ တတ်၏ ၊ အပြင်မှာ တွေ့လို့ လိုက်ခေါ်ပါက ငမဲရေဆိုလျှင် ပြန်လာ တတ်ပေမဲ့ ၊ ဖြူကွတ်ရေ ဟု ခေါ်လိုက်လျှင် နှစ်ဆ တိုးပြီး အရှေ့ကိုသွားတတ်၏ ။

အဲလို ခွေးဆိုးလေးကို မေမေကလွဲရင် တစ်အိမ်လုံး ဖြူကွက်ကို ချစ်ကြ၏ ၊ ဘာစားစား ဖြူကွက်ဘို့ သာအများဆုံး ပိုပိုသာသာ ကျွေးမွေး၏ ၊ ငမဲကိုတော့ ပုံမှန်လောက်သာ ကျွေးမွေးပါတယ် မေမေကတော့ ကိုငမဲကို အသဲစွဲ ချစ်ပါတယ် ၊ “နင်တို့ ဖြူကွက်က တို့အိမ်ပေါက်မဟုတ်ဘူး ကြီးမှ ရောက်တာ ၊ ဒို့ငမဲက ငယ်ငယ်ကတည်းက ဒီမှာနေတာ ငယ်မွေးခြံပေါက် စည်းကမ်းလဲ ရှိတယ်လို့” ငမဲဘက်က ရပ်တည်ပြီး အမြဲပြောတတ်သလို ၊ သူ့စားသမျှကိုလဲ ငမဲကိုသာ ကျွေးမွေး တတ်ပါတယ် ၊ ထိုနှစ်ကောင်ဟာ လူတွေနဲ့ နီးလို့လား မသိပါ ၊ လူစားသမျှ အကုန်စားတတ် သောက်တတ်ပါတယ်၊ ဖရဲသီး ၊ ငှက်ပျောသီး ၊ အုန်းသီး ၊ သီးနှံစုံ စားသောက်တတ်သလို နေ့လည်စာ အပြီးနဲ့ ညစာ ကြားမှာ အချိန်တအား ကွာတာကြောင့် သူ့တို့အတွက် ဘီစကွတ်မုန့် အ၀ိုင်းလေးတွေ ၀ယ်ပေးထားရပါတယ် ၊ ညစာက ၈နာရီ ၉ နာရီလောက်မှ စားတာမို့  သူ့တို့ကို ညနေပိုင်း ဘီစကွတ် မုန့်အ၀ိုင်းလေးတွေ ကျွေးမွေးရပါတယ် ၊ ကျွေးပြီဆိုလျှင် ဖြုကွက်ဟာ အမြန်ကုန်အောင် စားပါတယ် ၊ ၀ါးတောင်မ၀ါးဘဲ မျိုချပါတယ် ၊ ငမဲကတော့ တစ်ခုခြင်း စားသောက်ပါတယ် ၊ ကိုဖြုကွက်ဟာ လောဘလဲ ကြီးပြီး မုန့်တွေကို ခြံပတ်ပတ်လည်မှာ လိုက်ဖွက်ထားပြီး ၊ အီကြာကွေ့များ ကျွေးမှိရင်တော့ ဖဲ့ပြီးစောင့် ကျွေးမှ အကုန်စားပါတယ် ၊ အချောင်းလိုက် များ ပေးလိုက်ရင်တော့ သူမစားဘဲ သွားဖွတ်ထားပြီး နောက်တစ်ခေါက် လာတောင်းပါတယ် ၊ ငမဲကား  ထိုသို့မဟုတ် ၊ အချောင်းလိုက်ပေးလိုက် ရင်သူ့ဇလုံထဲ ထည့်ပြီး သေသေချာချာ စားတတ်၏် ။

ကိုဖြူကွက် ၊ ကိုငမဲဟူသော  အမည်သညာသည် ၊ အဓိပ္ပါယ် မရှိသော ရုဠှီအမည် သညာ များမဟုတ် ၊ အဓိပ္ပါယ် ရှိသော နိမိတ္တက အနွတ္တ အမည်များဖြစ်ကြလေ ၏် ၊ ကိုဖြူကွက် ၏မိခင်တပ်ရင်း ကား ဘုန်းတော်ကြီး ကျောင်းမှ  ဖြစ်ပြီး ကိုငမဲ၏ မွေးဖွားရာ ဒေသကတော့ မရမ်းကုန်းမြို့နယ် ၊ ကန်ပတ်လမ်း ၊ ၅ ရပ်ကွက် သားတည်း ၊ ကိုဖြူကွက် ကိုရလာစဉ်က ၆လက်မ ကျော်ကျော် ပိန်သေးသေး ခွေးခလေးပေတည်း ၊ အိမ်နားက ဘုန်းတော်ကြီး ကျောင်းတော်မှ ခွေးကြီးများက နှိပ်စက်သည့်အပြင် ၊ ကျောင်းသားငယ် ခလေးများကပါ ၀ိုင်းဝန်းနှိပ်စက်သော ကြောင့် တင်ပါးမှာ အနာကြီးဖြစ်ခါ လောက်ပါတွယ်ပြီး လူကိုမြင်လျှင်တုန် နေအောင်လန့် နေတတ် လို့ ဘုန်းကြီးကျောင်းကို သွားဘောကန်ရင်း သနားလို့ အိမ်ကို ခေါ်လာရင်းက အဆင်းသဏ္ဍာန် ကို ကြည့်သော အားဖြင့် ကြောင်တို့၏ အဆင်းသဏ္ဍာန်နဲ့ ဆင်တူသဖြင့်၎င်း ၊ အဖြူတွင် အ၀ါကွက် သဖြင့်၎င်း ထိုထိုသော အကြောင်းအရာတို့ကို အစွဲပြု၍ ကိုဖြူကက်ဟု တွင်ပါ၏ ၊ အိမ်ကိုရောက် တော့ ဗုဒ္ဓဟူးနေ့ဖြစ်ပါ၏ ၊ ရောက်ကတည်းက ကျွန်တော့ခင်မျာ ပလက်စတစ် လက်အိတ်တထုပ် ၀ယ်ပြီးပြီး နေ့စဉ် အနာဖန်ဆေးခြင်း ၊ နေ့တိုင်းထည့်ပေး ရခြင်း စသောခွေးသူနာ ပြုလုပ်ငန်း ဆောင်တာ အဖြာဖြာကို တာဝန်ယူ လုပ်ဆောင်နေရသလို ၊ တစ်ဖက်ကလဲ အိမ်မှာခွေးမမွေးရ ဟူသော စည်းကမ်းများကို မသိကျိုးကျွံ့ပြု ပြီး တစ်အိမ်လုံးကို ဖားပြီး မွေးဘို့ လုပ်ရပါသေး၏ ၊။

တစ်အိမ်လုံးက ကိုဖြူကွက်ကို လက်မခံကြပါ ၊ ကိုဖြူကွက် ဘ၀သည် သနားစရာအတိ ပြီးလေ၏ ၊ ကျွန်တော့်ဘိုးဘိုးသည် ကိုဖြူကွက်ကို မေတ္တာ အမဲ့ဆုံး လူသားကြီးဖြစ်ပါ၏ ၊ “မွေးချင်ရင် အခြားခွေးကိုမွေး ဒီခွေးဟာ ကျောင်းခွေးကွယ် အင်မတန် အကျင့်တန်တတ်တယ်”လို့ အဘိုး ကနားချ ပါ၏ ။“အဘိုးရယ် မွေးပါရစေပါ ကိုဖြူကွက်ဟာ အနာကြီးနဲ့ပါ အခြား ခွေးကြီး တွေက တအားနှိပ်စက်တယ် ၊ ကျောင်းသားလေး တွေကလဲ ရိုက်တယ် ကျွန်တော်တို့မကယ်ရင် သူ့ဘ၀ဟာ သနားပါတယ်” ၊ ကယ်ပါနော်လို့ မျက်ရေလေး စမ်းစမ်းနှင့် အသနား ခံပါသော်လည်း  အဘိုးက ၊ “ဒီမှာ ငါ့မြေး အခြားခွေးဝယ်ပေးမယ် ၊ သူ့အနာ ပျောက်ရင် ကျောင်းပြန်ပို့လိုက် လို့” ဒေါသနဲ့ ပြောပါတယ် ကျွန်တော်တို့ တအိမ်လုံးမှာ ဖေဖေရဲ့ ယောက္ခမ မေမေရဲ့ ဖေဖေဟာ သြဇာအကြီးဆုံး လူသားဖြစ်ပါတယ် ၊ သူကဒါဘဲဆိုရင် ကျန်တဲ့လူတွေ ချောင်းတောင်မဟန့် ရဲပါ ၊ ကိုဖြူကကရဲ့ အနာလေးဟာ နေ့စဉ် ဂရုတစိုက် ပြုစုပေးလို့ အသားနီလေးတွေ တက်လာသလို ၊ စားကောင်းသောက်ဖွယ်လေး တွေကြောင့်လဲ ဆူဖြိုးပြီး ပုဝိုင်းဝိုင်းလေး ဖြစ်လာလို့  ချစ်ဘို့ ကောင်း လာပါတယ် ၊ သတ္တ၀ါလေးရဲ့ အနာအမြန် မကျက်ပါစေနဲ့ လို့  မွေးချင်စိတ်နဲ့ မတရားဆုတောင်း မှိပါတယ် ။

ကျွန်တော့်ဆုတောင်း မပြည့်ပါ အနာကျက်လာပြီး အိမ်မှာလဲ နေသားကျနေတဲ့ ကိုဖြူကွက် လေးကို ကျွန်တော် ကျောင်းသွားတုန်း ၊ အဘိုးက ကျောင်းကိုသွားပို့လိုက်တာကို ကျွန်တော်မ သိလိုက်ပါ  ၊ ကျောင်းကနေ ပြန်လာတော့ ၊ ထမင်းစားပြီး အရိုးတွေနဲ့ ဟင်းရေလေးတွေ ပယ်ပယ် နယ်နယ် နယ်ယူပြီး ၊ ဖြူကွက်ကို ထားတဲ့နေရာမှာ သွားကျွေးတော့ ဖြူကွက်မရှိတော့ပါ ၊ “ဘိုးဘိုး ကိုဖြူကွက်ရော ” “ အေးကျောင်းပြန်ပို့ လိုက်ပြီ” ၊ ကျွန်တော်တော်တော် တင်းသွားပါတယ် နလန် ထူစ ခွေးလေးကို နေကောင်းမှ ပြန်ပို့လဲ ရပါလျှက် ၊ လူကြီးမတန်မဲ့ သနားညှာတာရမှန်း မသိ ဇွတ်အတင်း ပြန်ပို့လို့ စိတ်ထောင်းခနဲ့ ဖြစ်ပြီး ၊ “ဘိုးဘိုးကို ဘယ်သူ့ပို့ခိုင်းလို့လဲ လူကြီးလုပ် နေပြီး ဘိုးဘိုး အိပ်ယာထဲ လာမွေးလို့လား သူဘာသာ နေတာကို စပြီးပြဿနာတွေ တက်ပါတယ်  ဘယ်သူဘာ ပြောပြော စိတ်ထဲမှာ ကိုဖြုကွက်ကို ရအောင်မွေးမယ်လို့ ဆုံးဖြတ်ပြီးပြီမို့  ၊ ခြံတခါး ဒိုင်းခနဲ မြည်အောင် ဖွင့်ပြီး ကျောင်းဘက်ကို ထွက်လာပါတော့တယ် ၊ ကျောင်းကိုရောက်တော့ ရင်ဝကို ဆောင့်ကန်လိုက် သလို ကျင်ခနဲဖြစ် သွားပါတယ် ၊ အပြင်မှာ အစားကောင်း အသောက် ကောင်း တွေနဲ့ ဆူဖြိုးလာ တဲ့ ကိုဖြူကွက်လေးကို ကျောင်းက ခွေးတွေက ကျောင်းကိုပြန်လာတာ ၊  မနှစ်သက်ကြဘူးနဲ့ တူပါတယ် ၊ “မင်းက အပြင်ကကောင် ငါတို့ ကျောင်းထဲ မလာနဲ့” ဆိုတဲ့သဘောနဲ့ ကိုဖြူကွတ်ကို အနိုင်ဝိုင်း ကျင့်ထားကြဟန် ရှိပါတယ် ၊ ကိုဖြူကွတ် ရေ လို့လိုက် ခေါ် တော့ ထင်းတုံးတွေ ကြားထဲ က အီအီနဲ့ ကျွန်တော့်အသံကို မှတ်မှိပြီး ၊ သွေးစသွေးန လေး တွေနဲ့ ကုတ်ကုတ်လေး ထွက်လာ ပါတယ် ။

ဘယ်လိုပြောရမှန်း မသိအောင်ကို သနားမှိပါတယ်  ၊ “ဖြစ်ရလေ ဖြုကွက်ရယ်” လို့တောင် မြည်တမ်းမှိ ပါတယ် ၊ ကျွန်တော် စွေ့ကနဲ ကောက်ယူလိုက်ပြီး ပါးစပ်ကနေ ပြီး“ မင်းကလဲ ဒီမှာကိုက်ရင် အိမ်ပြန်လာခဲ့ပေါ့ကွ အိမ်ကိုမင်းမသိဘူးလား ” ၊ ဆိုပြီး  ကရုဏာဒေါသ နဲ့ တင်ပါးကို လက်နဲ့ ရိုက်လိုက်မှိပါတယ် ၊ သူ့မှာ အီအီနဲ့ တကိုယ်လုံးကိုတုန်ခါ နေပါတယ် ၊ခွေးမျက် နှာငယ် တယ်ဆိုတာ သူများတွေ ပြောတုန်းက နောက်တာ ထင်ခဲ့တာပါ အခု ကိုဖြူကွက် လေးဟာ ၊ ခွေးတို့ရဲ့ မျက်နှာငယ်ခြင်း နဲ့ မျက်နှာငယ်နေတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါတော့တယ် ၊ လူလိုသာစကား ပြောတတ်ရင် “ကျွန်တော့ကို ကယ်ပါခင်မျာ ၊ ကျွန်တော့်ကို ဟိုကောင်တွေ ၀ိုင်းလုပ်ပါတယ် ၊ အင်အားမမျှလို့ ကျွန်တော်ပုန်းနေ ရပါတယ် ကယ်ပါ ကယ်ပါလို့ ”ပြောချင်ဟန် ရှိပါတယ် ၊ ။ကဲ မင်းကို ဒီနေ့က စပြီး ငါမွေးစားမယ် ၊ မင်းသခင်ဟာ ငါဘဲလိုက်ခဲ့ ဆိုပြီး အိမ်ကို ပြန်သယ်လာခဲ့ပါတယ် ။

“ဟဲ့ကောင် လေး မင်းဒါဘာလုပ်တုန်း ပြောထားတာ နားမလည်ဘူးလား” ၊ “ဘာဖြစ်တုန်းဗျာ ဂျုန်းဂျုံကျ ကျောင်းဒကာကြီးရဲ့ (ဂျုန်းဂျုံကျ ဆိုတာ မော်လမြိုင်က ဘုန်းတော်ကြီးကျောင်းပါ အဘိုးရဲ့ မိဘတွေကနေ စပြီး ကျောင်းတည်ပြီး မေမေတို့လက်ထက် ထိ လှူဒါန်းလာတဲ့ ကျောင်းပါ) ကိုယ့်ဘာသာ ကိုယ်မွေးတာ ကျောင်းဒကာကြီး အိပ်ယာထဲ ထည့်မွေးလို့လား ဒီမှာ သတ္တ၀ါ တစ်ကောင် ဒုက္ခရောက်နေတာ မတွေ့ဘူးလား ၊ ကျောင်းတွေကြီး လွှတ်ဆောက် မနေနဲ့ ကျောင်းဒကာကြီးရဲ့ အခြေခံ မေတ္တာကရုဏာ လေးတွေ မွေးမြူကြအုံး ” ဒီအစုတ်ပလုတ် ကောင် အဘိုးကို ပြန်ပြောနေလိုက်တာ ခွေးမျိုး @@@@@@ ငါရိုက်လို့ နာအုံးမယ် ၊ ရိုက်လေ ရိုက်ရင် အိမ်ကိုမီးနဲ့ရှို့မယ် ၊ ဘာ ညာ နဲ့ ရန်အကြီးအကျယ် ဖြစ်ပြီး ၊ နောက်ဆုံး ကိုယ့်တာဝန် ကိုယ်ယူပြီး မွေးရမယ်ဆိုပြီး တရားဝင် ခွင့်ပြု ချက်ယူပြီး ကိုဖြူကွက်ကို မွေးစားလိုက်ရပါတယ် ၊ ကိုယ့်တာဝန် ကိုယ်ယူဆိုတာ ခွေးကခြံထဲမှာ မစင်စွန့်ရင် ကျုံး ၊ အစာကိုယ့်ဖာသာ ကျွေး ရေကိုယ့်ဖာသာ ကိုယ်ချိုးပေး အိပ်ယာ နေရာ ၊ အင်္ကျီ အစရှိတဲ့ ခွေးဗာဟီယ ကိစ္စအ၀၀ကို ခွေးပိုင်ရှင်က သာတာဝန်ယူရမယ်လို့ ဆိုလိုခြင်းပါတယ် ။

ကိုဖြူကွက် ကိုကုတင်ပုလေး လုပ်ပေး ၊ နို့တိုက် ထမင်းကြွေး ၊ ရေချိုးနေ့စဉ်လုပ် ပေးပါတယ် ၊ “ငါ မရှိရင် ကိုယ့်ကုတင်ပေါ်ကိုယ်နေ နော်ကိုဖြူကွက် မင်းကိုဘယ်သူကမှ ကြည်တာမဟုတ်ဘူး ငါပြန်လာမှ အပြင်ကိုသွား ၊ မစင်မစွန့်နဲ့ ခြံထဲမှာ ညနေကြမှ အပြင်မှာစွန့် ” ရေချိုးပေးတိုင်း သင်ပေးထားပါတယ် ၊ တိရိစ္ဆာန် တွေလဲ လူလိုသိပါ တယ် ၊ ကျွန်တော်ကျောင်းသွားရင် သူဟာ ကုတင်ပုလေးပေါ်က မဆင်းပါ ၊ ကိုဖြူကွက် မစင်ကို တခါမှ ကျွန်တော်မကျုံးခဲ့ဖူး ဘူးပါ ကျွန်တော်ပြန်လာ လို့ ကိုဖြူကက်ရေ ထုတ်ထိုးပါတယ်ဆိုရင် ၊ မိခင်ကိုတွေ့တဲ့ ခလေးလေးလို ခုန်ပေါက်ပြီး လာပါပြီခင်မျာလို့ မအော်ရုံတမယ် တအီအီနဲ့ လာကြိုပါတယ် ၊ ခွေးတွေဟာ အချိန်ကို သိပါတယ် ၊ ငါးနာရီထိုး လို့ကျွန်တော် အပြန်နောက်ကျရင် ကိုဖြူကွက် အိမ်မှာပြာလောင် ခတ်နေပါတယ် ၊ ဘယ်သွားပါလိမ့် ၊ နောက်ကျလိုက်တာ အဲလိုသူ့စိတ်ထဲမှာ နေမယ်ထင်တာပါဘဲ ၊ ကျွန်တော် နောက်ကျတဲ့ နေ့တွေဆိုရင် သူက ခုန်ပေါက်ပြီး ပြေးကြိုပြီး ၊ အကြာကြီး အနားကမခွာ တတ်တော့ပါ ၊ အိမ်က လူတွေက မင်းနောက်ကျလို့ ကိုဖြူကွက် အော်နေတာ လို့ပြန်ပြော ပြပါတယ် ၊  အိမ်က လူတွေ ကျွန်တော် အိမ်ပြန်နောက်ကျ တာကို ဘယ်သူမှ သတိမထား မှိပေမဲ့ ကိုဖြူကွက်က သိပါတယ်  ၊ သူတို့ သားကို ချစ်တဲ့ ကိုဖြူကွက် ကို တစတစနဲ့ တစ်အိမ်လုံး မေတ္တာသက်ဝင် လာကြပြီး မိသားစုဝင် အဖြစ် တစ်ညီတစ်ညွတ်တည်း လက်ခံ ပေးကြပါတယ် ။

နေ့စဉ် ပေါင်ချိန်စက်ပေါ်ကို ကိုဖြူကွက်ကို တင်တင်ချိန်ကြည့်  ကိုဖြူကွက်ကို ခေါ်လာတုန်းက ငါးပေါင်ခွဲ  ဘဲရှိပါတယ် တနေ့တခြား ၀လာလို့  ပျော်မှိပါတယ် ၊ အခုတော့ ကိုဖြူကွက်ဟာ တစ်အိမ်လုံးရဲ့  အချစ်တော် ခွေးကြီး ဖြစ်နေပါပြီ  သူ့ကိုယ်လုံးကို ကျွန်တော်တောင် မမနိုင်တော့ ပါ နေ့လည်ပိုင်း ပူတဲ့အခါတွေမှာ ခြံထဲဆင်းပြီး သင်ဖြူးဖျာခင်း ၊ ကိုဖြူကွက်ကို ခေါင်းအုံးပြီး စာအုပ်ဖတ် ရတဲ့အရသာဟာ အနှစ်သက်ဆုံးသော ပျော်စရာတွေထဲက တစ်ခုပါ ၊ ကိုဖြူကွတ် စာ ဖတ်မယ်ဟေ့ အော်လို့ ပြောလိုက်လျှင်ဖြင့် နောက်ကနေလိုက် လာတတ်ပြီး ၊ လက်ပုတ် ပြလိုက်ရင် ခြေပြစ် လက်ပြစ် ကျွန်တော်ကို ကျောပေးပြီး အိပ်ပါတယ် ၊ သူ့ကျောကို ခေါင်းတင်ပြီး စာဖတ် မလှုပ်မယှက် ငြိမ်ပြီး နေပေးတတ်ပါတယ် ၊ ကိုယ်တော်တွေ ဆွမ်းခံကြွလို့ လူတွေ အိပ်နေ တယ်ဆိုရင် ကိုဖြူကွက် လူနားလြာ့ပီး အီအီအီနဲ့ ( ဆွမ်းတော်ဗျို့ ကိုယ်တော်လေးကြွတယ်) လုပ်ပါတယ် ၊ ဒါဆိုရင် ဆွမ်းခံကြွတာ ကြိန်းသေပါတယ် ၊ ဘုန်းကြီးကျောင်းသား ခွေးမလို့ လားမသိပါ ၊ လူဆိုရင်တော့ ငယ်သံပါအောင် ဟောင်ပါတယ် ၊ ကိုရင်ဦးဇင်းတွေကို လုံးဝမဟောင်ပါ ။ (သုကိုရိုက်ထားတဲ့ ဘုန်းကြီးကိုတော့ တွေ့တဲ့ နေရာဟောင်ပါတယ် )

ကိုဖြူကွက်ဟာ စိတ်နာတတ်ပါ၏ ၊ သူ့ကိုငယ်စဉ်က နှိပ်စက်ထားတဲ့ ကျောင်းဘက် ကိုဘယ်တော့မှ မသွား ၊ ကျောင်းဘက်ကို ကျွန်တော်သွားရင်လဲ မလိုက်ပါ ၊ ကျောင်းထဲ ကခွေးတွေနဲ့ သူကိုရိုက်ထားတဲ့ ဦးဇင်းတပါးကို မြင်ပါက တအားဟောင်ပါ၏် ၊ ခွေးပေမဲ့ သူ့ကို မကောင်းတာ လုပ်ထားတဲ့ လူမှန်သမျှကို သူမုန်းပါ၏ ၊ ကိုဖြူကွက်  ဟာ ကြောင်နဲ့ သာတူသည် မဟုတ် ကြောင်ကဲ့သို့ ကြွက်ခုတ်နိုင် စွမ်းလဲလည်းရှိပါ၏ ၊ ကြွက်စုတ်လို့ ခေါ်တဲ့ နုတ်သီး ချွန်ကြွက် တစ်ကောင်တလေ မျက်စိလည် လမ်းမှား  အိမ်ထဲဝင်လာရင်ဖြင့် “ကိုဖြူကွက်ရေ ကယ်ပါအုံးဟ” လို့ အော်လိုက်လျှင် လက်ညိုးထိုး ပြလိုက်တဲ့ နေရာကို အနံ့ခံပြီး မှိအောင်ဖမ်း တတ်ပါ၏ ၊ကြောက်လဲ ကြောက်တတ်ပါ ၏ ၊ သစ်ရွက်လေတိုက်လို့ လှုပ်ရင်တောင်ဟောင်ပါ၏ ၊ တရံတခါ ပိုးဟပ်တကောင်လောက် နံရံမှာတက်လာလျှင် ဟောင်လို့ မဆုံးတော့ သည့်အပြင် တုန်များတောင် နေတတ်ပါသေး၏ ၊ မီးမှောင်ရင် ကုတင်ပေါ်က မဆင်းတော့ပါ ည၁၀ နာရီလောက် ကိုဖြူကွက် ကျင်ကြီးကျင်ငယ် စွန့်ဘို့ မီးဖွင့်ပေးရ ပါသေး၏ ။

 ခွေးပေမဲ့ ကျေးဇူးတရား  ကိုနားလည် တတ်ပါ၏ အိမ်ကလူတွေ ဘာကျွေးနေနေ ကျွန်တော်က ကိုဖြူကွက် လာပါအုံး ဆိုရင် သူ ကျွန်တော့်ဆီ အရင်လာပါ၏ ၊ သူ့စိတ်ထဲမှာ တစ်အိမ်လုံးမှာ ကျွန်တော့ကိုသာ သခင်ဟု မှတ်ယူထားဟန် တူပါတယ် ၊တခါက ညီကိုယ်တွေ  အပျော်သဘော စမ်းသပ်ဖူးပါ၏ အကြီးကောင် တွေကို ကျွန်တော်က ကိုဖြူကွက်ဟာ ငါ့ကိုအချစ်ဆုံးလို့ ပြောတာကို ဟို မောင်တွေက မယုံ သကာင်္ဖြစ်လို့ ငါးကြော် တစ်တုံးနဲ့ ဖြူကွက်ကို ကျွေးဟန်ပြု ခိုင်းပြီး ကျွန်တော်က ကိုဖြူကွက် “ဒီကိုလာစမ်းလို့ လှမ်းခေါ်ပါတယ်” ငါးကြော် စီသွားရနိုးနိုး ကျွန်တော်စီ လာရနိုးနိုး နဲ့ဖြစ်နေချိန်မှာ “ဖြူကွက် လာစမ်း ငါခေါ်နေတယ် လို့ ” ငေါက်လိုက် ချိန်မှာတော့  ငါးကြော်ကို လှည့်တောင် မကြည့်တော့ဘဲ ကျွန်တော့ စီကိုရောက်လာပါတယ် ခွေးဆိုပေမဲ့ ဒုက္ခရောက်တုန်း ကူညီထားတဲ့ လူနဲ့ ပြည့်စုံချိန်မှ ကျွေးမွေးတဲ့ လူကိုခွဲခြား သိတဲ့ လူသားဆန်တဲ့ ခွေးပေတကား ။

မြန်မာခွေးပေမဲ့  နာခေါင်းအရမ်းကောင်းပါတယ် ကျွန်တော်အ၀တ်အစားတွေ ဖိနပ်တွေ လွင့်ကျတာ တို့ တစ်နေရာရောက် နေတာတို့ဆိုရင် သူချီယူလာတတ်ပါတယ် ၊ ကျန်တဲ့ လူအားလုံး ပစ္စည်းဟာ သူနဲ့မပတ်သက်သလို နေပါတယ် ၊ မေမေက “လူပါးဝတဲ့ခွေး” လို့မကြာမကြာ ပြုံးပြီး ပြောတတ်ပါတယ် ၊ အစားအရမ်းကြီးပါတယ် ကိုယ်လုံးကြီးကတုတ်တုတ် ခဲခဲနဲ့ အရမ်းကိုချစ်ဘို့ ကောင်းသူပါ ၊ ကျွန်တော် နိုင်ငံခြားကို သွားတော့မယ်လို့ အထုတ်တွေ ပြင်နေချိန်မှာ ခွေးပေမဲ့ သိဟန်တူပါတယ် ၊ ဘာကျွေးကျွေး မစားတော့ပါ ၊ ကျွန်တော့်နား ကိုခါတိုင်းထက် ပိုပြီး ကပ်နေပါတယ်  ကျွန်တော် လေယာဉ်ကွင်း သွားဘို့ ကားအပြင်ထုတ် ချိန်မှာတော့ သူဟာ အူပြီးလိုက်လာပါတယ် ၊ မိသားစုတွေ အားလုံး မျက်ရေ ၀ဲရတဲ့အထိ သနားစဖွယ်လေး အူနေပါတော့တယ်  ခြံထဲလဲ ပြန်သွင်းလို့မရပါ သူ့သခင် အဝေးကြီးကို သွားတော့မယ်ဆိုတာ သူသိဟန်တူပါတယ် ၊“ခြေနှစ်ချောင်းနဲ့ နားရွတ်တို မကယ်နဲ့လို့ ”မြန်မာစကားပုံ ရှိပေမဲ့ ကိုဖြူ ကွက်ကို ကျွန်တော်ကယ် တင်ခဲ့ရလို့ ၊ တစ်ခါမှ နောင်တမရဖူးပါ ၊ တရံတခါမှာ အိမ်ကလူကြီး တွေ ကိုဖြူကွက်ကို ဟောက်ရင် ၊ ကျွန်တော်ဟာ ကိုဖြူကွက်ဘက်က ရပ်တည်ခဲ့သူပါ ၊ ဖြူကွတ်ဟာ လူသား မဟုတ်ပေမဲ့ ကျွန်တော့်ညီလေး လိုဖြစ်နေသူပါ  ။

တခါတရံ မိသားစုတွေ နဲ့ရန်ဖြစ်တဲ့ အခါ ဖြူကွက်က ကျွန်တော့်ဘက် ကနေရပ်တည် ပါတယ် ၊ ကျွန်တော် ကစိတ်ဆိုးပြီး အပြင်ထွက်လာရင် ကိုဖြူကွက်က အိမ်ဘက်ကို ခေါင်းလှည့်ပြီး ဟောင် တတ်ပါတယ် ၊ အကြီးကောင် အလတ်ကောင် တွေက ကျွန်တော့ကို လည်ပင်းညစ်ချင် ယောင် ဆောင်ပြီး သူ့ကိုစတဲ့ အခါကိုဖြူကွက်က တကယ်ကို ကိုက်တော့မဲ့ ဟန်ပန်နဲ့ မာန်ဖီတတ်ပါတယ် ၊ “ကိုဖြူကွက် ရေကယ်ပါအုံးဟ” ဆိုတဲ့ ကျွန်တော့အသံ ကိုသူ့သခင် ဒုက္ခရောက်လို့ သူ့ကို တတာ လို့ ၊ ထင်ထားပုံရပါတယ် ၊ အဲလိုကျွန်တော် အော်လိုက်ပြီ ဆိုရင် ကျွန်တော့်ဆီ ပြေးလာပြီး ဘယ်ကောင်လဲ ငါ့သခင်ကိုလုပ်တာ ဆိုတဲ့ ဟန်ပန်နဲ့ ကျွန်တော့အမိန့်ကို နာခံတတ်ပါတယ် ။ ကျွန်တော့ဟာ အိမ်မှာပါးကို အချစ်ဆုံးဆိုတာကို သူသိပုံရပါတယ် ၊ တစ်အိမ်လုံးမှာ ကျွန်တော် ပြီးရင် သူ့ဘ၀မှာ ဖေဖေ့ကို ကျိုးနွံ့ဆုံးပါ ၊ သူ့ရဲ့ လူသားဆန်ဆန် ချစ်စဖွယ်အမူယာ လေးတွေကြောင့်  ယခုတော့ ကိုဖြူကွက်ဟာ ကျွန်တော်တို့ မိသားစုဝင် ဖြစ်သွားခဲ့ ပါပြီ ။

 ခွေးပေမဲ့ အရမ်းကျေးဇူးသိတဲ့ ခွေးပေမို့ ၊ တရံတခါ ကျွန်တော်ဝန်းကျင်မှာ  ကိုဖြုကွက်လောက်မှ သစ္စာမရှိတဲ့ လူသားများကို မြင်မှိကြုံမှိ တဲ့အခါ အော့နှလုံးနာမှိပါတယ် ၊ အဲလိုလူတွေကို ကျေးဇူးပြုမှိ ခဲ့တဲ့အတွက်လဲ တော်တော်လေး စိတ်ရှုတ်ရပါတယ် ၊ကျေးဇူး တရားဆိုတာ မဆပ်နိုင် ရင်နေလို့ ရပေမဲ့ ရှိဘူးတဲ့ ကျေးဇူး ကိုချေဖျက်တာဟာ အင်မတန် သိပ်ဖျင်းယုတ်ညံ့တယ်လို့ ယူ ဆပါတယ် ထိုအလုပ်ကို သက်ရှိသတ္တ၀ါတွေထဲမှာ အယုတ်ညံ့ဆုံး ကိုဖြူကွက်တို့ တောင် မလုပ်ဘူးဆိုတာ လူတိုင်းသိကြပေမဲ့ လူတိုင်းမလိုက်နာတာဟာ အင်မတန်လူ့သိက္ခာ ကျဆင်း ရပါတယ်   ၊ အတုယူဖွယ်ရာ တိရိစ္ဆာန်တွေရဲ့ အကျင့်စရိုက် တွေထဲမှာ ၊ ကျီးငှက်ကဲ့သို့ အမျိုး ကိုချစ်ခြင်း ၊ ချကောင်ကဲ့သို့ လုံးလ ၊ ကြက်ကဲ့သို့ ၀ီရိယ ၊ ခွေးကဲ့သို့ ရောင့်ရဲမှု ကျေးဇူးသစ္စာ စောင့်သိမှုလို့ ဟိတောပဒေသ မှာရေးသားထားတာကို ဖတ်မှတ်ဖူးပါ၏ ၊  “တင်လေအထူး ၊ သူ့ကျေးဇူး ၊ မချေဖျက်မှိပါစေသော် ”

အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေလို့ မေမေငွေလမင်းနှင့် သားလေးငွေလမင်းက ဆုတောင်းလိုက် ပါတယ် ။

ရေးသားသူ သားငွေလမင်း ၊ စာလုံးပေါင်း သတ်ပုံ စစ်သူ မေမေ ငွေလမင်း။

Sunday, October 3, 2010

အရှုံးကို အပြုံးဖြင့် ရင်ဆိုင်နိုင်သူ


                                     ဂရင်းဆလင်းဆုကြီးတွေလေ (၁၆)ခုတောင်
                                           သဲလေးနဲ့ တွဲရိုက်ထားတာ
                        သေရင်ကိုယ့်နောက်မှမပါတာ ဒါကြောင့် ရောင်းလှူလိုက်တဲ့ ရက်ကက်
                         အောင်ပွဲကို ပယ်ပယ်နယ်နယ် ခံလိုက်တယ် ယားးးးးးးးးးးးးစ်
သူ တင်းနစ်ကစားသည်ကို ကြည့်ရှုလျှင် အခြားစိတ်ကြီးသူ တင်းနစ်ကစားသမားများကဲ့သို့ ရက်ကက်ကို လွှင့်ပစ်ခြင်း၊ ရိုက်ချိုးခြင်း၊ ပစ်ပေါက်ခြင်းမျိုး ဒေါသအိုးပေါက်ကွဲသည်ကို တွေ့ရလေ့မရှိ။ ဆန့်ကျင်ဘက် အပြုအမူအနေဖြင့် ပြိုင်ဘက်တင်းနစ်သမားအပေါ် အပြုံးနှင့်သာ ရင်ဆိုင်ယှဉ်ပြိုင်တတ်သည်ကို အမြဲလိုလို တွေ့ရလေ့ရှိပါတယ်။ သူ့ကို အားကစားရေးရာ ခွဲခြမ်းစိတ်ဖြာသုံးသပ်သူများ၊ တင်းနစ်ဝေဖန်ရေးသမားများ၊ တင်းနစ်ကစားသမား ဟောင်းများနှင့် လက်ရှိကစားနေသူများက အမြဲတမ်း ဂရိတ်တင်းနစ် ပလေယာအဖြစ် အသိအမှတ်ပြုထားတဲ့ အားကစား သမားတဦး ။

သူသည် ကမ္ဘာ့အဆင့် (၁) တင်းနစ်ကစားသမားနေရာ (13September 2010 အထိ)ကို စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ်ထံမှ ပြန်လည်သိမ်းပိုက်ရယူခဲ့ပြီး ကမ္ဘာ့အဆင့် (၁) တင်းနစ်သမားနေရာကို (၂၃၇) ပတ်ဆက်တိုက် ထိန်းသိမ်းနိုင်သည့် စံချိန်တင်ခဲ့သူ။ သူသည် မကြာသေးမီက နောက်ဆုံးရရှိခဲ့သည့် ၂၀၁၀ သြစတြေးလျအိုးပင်းဆုဖလား အပါအ၀င် ဂရင်းဆလင်း ဆုဖလားပေါင်း (၁၆) ကြိမ် ရရှိခဲ့ပြီး တခြားအမျိုးသားတင်းနစ်သမားများထက် ငွေကြေးရော ဆုဖလားတွေပါ ပိုမိုရရှိခဲ့သူ ။

 သူသည် ဂရင်းဆလင်းဆုဖလားအားလုံး( တစ်ခု သို့ နှစ်ခု သို့ သုံးခု သို့ လေးခု)ကို သိမ်းပိုက်နိုင်သည့် အမျိုးသားတင်းနစ်သမား (၆) ဦးအနက် နောက်ဆုံးတဦးဖြစ်ပြီး အိုးပင်းခေတ် စတင်ကတည်းက ဂရင်း ဆလင်း  ဆုဖလားအားလုံးကို သိမ်းပိုက်ခဲ့သူ သုံးဦးသာရှိသည့်အနက် (ရော့ဒ်လာဗာ၊ အင်ဒရေ အဂ္ဂါစီ တို့နှင့်အတူ) တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ထို့အပြင် တင်းနစ်သမိုင်း၌ မြေစေးကွင်း၊ မြက်ခင်းကွင်းနှင့် ကွင်းမာ (၃) မျိုးစလုံးတွင် ဂရင်းဆလင်း ဆုဖလား (၄) ခုစလုံးကို သိမ်းပိုက်ခဲ့သူ နှစ်ဦးသာရှိသည့်အနက် (အင်ဒရေအဂ္ဂါစီနှင့်အတူ) တစ်ဦးဖြစ်သူ..။ ဒါ့အပြင် အင်ဒရေအဂ္ဂါစီနှင့်အတူ ကမ္ဘာ့ဂင်းနစ် မှတ်တမ်းဝင်ခဲ့သူ..။

သူသည် ဂရင်းဆလင်းပြိုင်ပွဲ (၁၀) ကြိမ်ဆက်တိုက် နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့် စံချိန်တင်ခဲ့ပြီး ATP World Tour Finals တွင် (၄) ကြိမ်နှင့် ATP Masters Series ပြိုင်ပွဲများတွင် (၁၆) ကြိမ် ဗိုလ်စွဲကာ အမြဲတမ်း ဂရိတ်ပလေယာတဦးဖြစ်သူ အင်ဒရေအဂ္ဂါစီထက် တစ်ကြိမ်သာ လျော့နည်းခဲ့ပြီး ။ သူသည် ၂၀၀၈ ခုနှစ် နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲတွင် တနိုင်ငံတည်းသား စတန်နစ်လတ်စ်ဝေါ်ရင်ကာနှင့်အတူ နှစ်ယောက်တွဲ တင်းနစ်ရွှေတံဆိပ်ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ သူဖြစ်သည့်အပြင် ။

သူ၏ အောင်မြင်မှုများကြောင့် Laureus World Sportsman of the Year တစ်နှစ်တာကမ္ဘာ့အကောင်းဆုံး အားကစားသမားဆုကို ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ လေးကြိမ်ဆက်တိုက် ရွေးချယ်ခြင်းခံခဲ့ရသူ။ သူ၏ အတိတ်က အောင်မြင်ခဲ့မှုများနှင့် ဆက်တိုက်အောင်မြင်နေမှုများကြောင့် သူ့ကို  သူ့နိုင်ငံသားတွေက The Federer Express (ဖက်ဒရာအမြန်) သို့မဟုတ် အတိုကောက် Fed Express၊ Swiss Maestro (ဆွစ်အကျော်အမော်) သို့မဟုတ် အလွယ်အားဖြင့် Maestro ဟုလည်း မကြာခဏ ခေါ်ဝေါ်လေ့ရှိသူ ၊ တိုင်းပြည်ရဲ့သား ကောင်းရတနာ တစ်ပါးဖြစ်လို့ နိုင်ငံရဲ့ တံဆိပ်ခေါင်းတွေမှာ တောင် သူ့ရဲ့ဓာတ်ပုံ ရိုက်နှိပ် ထုတ်ဝေ ဂုဏ်ပြုခြင်းကို  ခြင်းခံရသူ ။

 အားကစား သမားဘ၀မှ ရရှိသော ငွေကြေးများကို ချို့ငဲ့သူ မရှိဆင်းရဲသားများအတွက် အလှူဒါနအမျိုးမျိုး ပြုလုပ်ကာ ထောက်ပံ့ကူညီခဲ့သူ။ သူသည် ချို့ငဲ့သူများကို ကူညီရန်နှင့် အားကစားလောကကို မြှင့်တင်ရန်အတွက် ၂၀၀၃ ခုနှစ်တွင် ‘ရော်ဂျာဖက်ဒရာ ဖောင်ဒေးရှင်း’ ကို တည်ထောင်ခဲ့သူ ။ ၂၀၀၅ ခုနှစ်တွင် ကက်ထရီးနား ဟာရီကိန်းမုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီရန်အတွက် ယူအက်စ်အိုးပင်းတင်းနစ်ချန်ပီယံ ဖြစ်ခဲ့သည့် သူ၏ ပြိုင်ပွဲဝင် တင်းနစ်ရက်ကက်ကို လေလံတင်ရောင်းချခဲ့သူ ။ ၂၀၀၆ ခုနှစ်တွင် ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က စေတနာ့ဝန်ထမ်း ချစ်ကြည်ရေး သံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရသူ။


ထိုအချိန်မှစ၍ တောင်အာဖရိကနှင့် ၂၀၀၄ ခုနှစ်တွင် အိန္ဒိယသမုဒ္ဒရာအောက် မြေငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဆူနာမီရေလှိုင်းဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရသော အိန္ဒိယနိုင်ငံ၏ ပြည်နယ်များအနက်မှ တစ်ခုဖြစ်သည့် တမီနာဒူးလ်ပြည်နယ်သို့ သွားရောက် လည်ပတ်ကူညီခဲ့သူ ။ သူသည် ယူနီဆက်ဖ်မှ လုပ်ဆောင်သည့် ပြည်သူလူထုအတွင်း အေအိုင်ဒီ အက်စ်ရောဂါအပေါ် ပို၍အာရုံပြု သတိမူမိလာအောင် သတင်းအချက်အလက်များ ပေးပို့လှုံ့ ဆော်ရာတွင်လည်း အားတက်သရော ပါဝင်လှုပ်ရှားခဲ့သူ ။

၂၀၁၀ ပြည့်နှစ်တွင် လှုပ်ခတ်ခဲ့သည့် ဟေတီငလျင်တွင်လည်း သူဟာ ၂၀၁၀ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲအတွက် နောက်ဆုံးနေ့ လေ့ကျင့်ပြင်ဆင်မှုများကို စွန့်လွှတ်ပြီး ထိပ်တန်း တင်းနစ်အကျော်အမော်များဖြစ်ကြသည့် ရာဖေးလ်နာဒယ်လ်၊ နိုဗက်ဂျူကိုဗစ်၊ အင်ဒီရော့ဒ်ဒစ်ခ်၊ ကင်မ်ကလိုက်စတားစ်၊ ဆရီနာဝီလျံမ်စ်၊ လေတန်ဟျူးဝှစ်၊ ဆမ်စတိုဆာတို့နှင့်အတူ Hit For Haiti ခေါ် ငလျင်ဒဏ်ခံ ဟေတီပြည်သူများကို ကယ်ဆယ်ကူညီရေးအတွက် အထူးရန်ပုံငွေရှာဖွေရေး တင်းနစ်ပြိုင်ပွဲတရပ်ကို ကျင်းပပြုလုပ်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ။ ထို့နောက် ရန်ပုံငွေ တင်း နစ်ပွဲမှ ရရှိသည့် အကျိုးအမြတ်များအားလုံးကို ငလျင်ဒဏ်ခံ ဟေတီဒုက္ခသည်များထံသို့ ပေးပို့ ကူညီခဲ့သူ ..။

ထိုသူကား အခြားမဟုတ် ဆွစ်ဇာလန် ပြည်သူတို့နှင့် ကမ္ဘာ့တင်းနစ်လောက၏ စံပြပုဂ္ဂိုလ်ကျော် ပရော်ဖက်ရှင်နယ် တင်းနစ်သမား ရော်ဂျာဖက်ဒရာပင် ဖြစ်ပါ၏ သူ့ရဲ့ကိုယ်ရေး အချက်လက် တချို့ကတော့ ဒီလိုလေးပါ..........။

Rogger Federer
Rogger Federer ကို  8 August 1981 မှာ Basel Switzerland တွင်မွေးဖွားခဲ့ပါတယ် လက်ရှိ Wollerau Switzerland မှာနေထိုင်နေပါတယ် Rogger Federer ဟာ ဆွီဒင်နိုင်ငံသား Professional tennis player တစ်ယောက်ဖြစ်ပါတယ် ၊ သူ့ အရပ်အမြင့် ၆ပေ၁လက်မ ရှိတယ် သူဟာ ညာသန်ကစားသမားဖြစ်တယ် အခုလက်ရှိ 13 September 2010 မှာ ကမ္ဘာ့ နံပါတ် ၃ တင်းနစ်ကစားသမား အဖြစ်  Association of Tennis Professionals (ATP) က အသိအမှတ်ပြုထားတယ် ။

သူဟာ Grand Slam အဖွဲ့ကြီးက အထူးအသိအမှတ်ပြုခံရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ် Grand Slam ဆိုတာက ကွင်းလေးကွင်းမှာ  ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်တဲသူတွေကို ပြောတာပါ ဘယ်လိုကွင်း တွေလဲဆိုတော့ Australian Open ( ကွန်ကရစ်အခင်းနဲ့ ကစားရတဲ့ ကွင်း တစ်နည်း  hard court) US Open (ဒါလည်း hard court) French Open ( မြေစေး ကွင်း) Wimbledon Open (မြက်ခင်းပြင်ကွင်း) ဆိုပြီးလေးကွင်းလုံးမှာ နိုင်အောင်ကစားနိုင်တဲ့သူတွေကို Grand Slam တွေလို့ ခေါ်ပါတယ် သူ့ဝင်ငွေဟာ အားကစားရာသီတစ်ခုအတွက် US$ 57သန်းကျော်ရှိပါတယ် လက်ရှိ နံပါတ် ၁ ဖြစ်တဲ့ Rafael Nadal ထက်ကို ၀င်ငွေ ပိုများပါတယ်   (Single Title) တစ်ယောက်ထဲ ကစားတဲ့ ပွဲစဉ်တွေမှတ်တမ်းအနေနဲ့ ကတော့ ၇၂၂ ပွဲနိုင်ခဲ့ပြီး ၁၇၂ ရှုံးခဲ့ပါတယ် ။

Rogger Federer အောင်မြင်မှုရာခိုင်နှုန်းက ၈၀.၇% ရှိပါတယ် တကယ်တော့ သူဟာ   2 Febrauary 2004 မှ   13 Sepember 2010 ထိ ကမ္ဘာ နံပါတ် ၁ အကောင်းဆုံး တင်းနစ်သမားဖြစ်ခဲ့တယ် အဲဒီနောက်ပိုင်း US Open အပြီးမှာတော့ နံပါတ် ၃ ဖြစ်သွားခဲ့ပါတယ် သူဟာ ၂၀၀၈ ကမ္ဘာ့ အိုလံပစ် မှာ (Double Title) နှစ်ယောက်ကစားတဲ့ပွဲမှာ Gold Medal ဆုကို ရရှိခဲ့ပါတယ် သူနဲ့အတူတူ  ကစားခဲ့သူက Stanislas Wawrinka ဖြစ်ပါတယ် သူ့မှာ ပြိုင်ဘက်များစွာ ရှိတဲ့အနက် နာမည်အကြီးဆုံးပြိုင်ဘက် လက်ရှိချန်ပီယံ Rafael Nadal ဖြစ်ပါတယ်Rafael Nada သည် Rogger Federer ထက် ၅ နှစ်ငယ်တဲ့သူဖြစ်ပါတယ် Rogger Federer ရဲ့တင်းနစ် အောင်မြင်မှုမှတ်တမ်း အနေနဲ့ ကတော့ သူ့ကို Ladureus World Sportman of the Year ဆိုပြီးတော့ နာမည်ပေးထားပါတယ်

Rogger Federer ကို Robert Federer  (ှဆွီဒင်လူမျိုး) နှင့် Lynette DU Rand (တောင်အာဖရိကလူမျိုး) မိဘတွေက မွေးခဲ့တာဖြစ်တဲ့အတွက် သူဟာ ဆွီဒင်နိင်ငံသားရော တောင်အာဖရိက နိုင်ငံသားေ၇ာ  နှစ်မျိုးခံယူထားပါတယ်  Federer က ဆွီဒင် ၊ ဂျာမန်၊ ပြင်သစ်၊အင်္ဂလိပ် ဘာသာ စကားလေးမျိုး ကို ကောင်းကောင်းပြောဆိုနိုင်သလို ကက်သ လစ်ဘာသာဝင်တဦး လည်းဖြစ်ပါတယ်  ၂၀၀၆ ခုနှစ် Internazionali BNL d'Italia တင်းနစ်ပြိုင်ပွဲ ယှဉ်ပြိုင်စဉ်အတွင်း ပုပ်ရဟန်းမင်းကြီး (၁၆) နှင့် တွေ့ဆုံခဲ့ပြီး ကတ်သလစ် သာသနာတော် ဆိုင်ရာ အဆုံးအမကို ခံယူခဲ့ပါတယ် ။ အခြားဆွစ်ဇာလန် အမျိုးသားများကဲ့သို့ ဖက်ဒရာသည်လည်း စစ်မှုမထမ်းမနေရ တာဝန်ကို လိုက်နာခဲ့ရသော်လည်း၊ ၂၀၀၃ ခုနှစ်တွင် ကြာရှည်မတ်တပ်ရပ်၍ ဖြစ်ပွားသည့် ကျောဒဏ်ရာကြောင့် ကျန်းမာရေးမပြည့်စုံသည့်အတွက် နောက်ပိုင်းတွင် သူ၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် နိုင်ငံတော်မှ စစ်မှုထမ်းခြင်းဥပဒေကို  ကင်းလွတ်ခြင်းပြုခံ ခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ် ။


Rogger Federer က ၂၀၀၀ ခုနစ် Sydney Olympics ကို သွားကစားရင်းနဲ့က အမျိုးသမီးတင်းနစ်ကစားသမား Mirka Vavrinec  နဲ့တွေ့ပြီးချစ်သူတွေဖြစ်ခဲပဲါ့တယ် Mirka က ၂၀၀၂ ခုနစ်မှာ ကစားပွဲတစ်ခု မှာ ခြေထောက်ဒဏ်ရာရပြီးနောက်ပိုင်း အနားယူခဲ့ပါတယ် အဲဒီနောက် တော့ Federer ရဲ့ မန်နေဂျာလုပ်ခဲ့ပြီး 11 April 2009 မှာလက်ထပ်ခဲ့ကြပါတယ်  23 July 2009 မှာ Mirka က Federer အတွက် သမီး အမြွှာလေး နှစ်ယောက်ကိုမွေးပေးခဲ့ပါတယ် နာမည်လေးတွေကတော့ Myla Rose and Charlene Riva လို့ခေါ်ပါတယ်၊ (လက်ထပ်ပြီး လေးလမှာ အမြွှာ ညီအစ်မနှစ်ယောက်ကို မွေးဖွားနိုင်တဲ့ စွမ်းအားမြင့် ယောကျာ်းတစ်ယောက် လဲဖြစ်ပါတယ်)

 Federerဟာ အားကစားတွင်သာမက လူမှုေ၇းလုပ်ငန်းတွေကို လည်း စိတ်ဝင်တစားလုပ်ကိုင် နိုင်ဖို့အတွက်  ၂၀၀၃ ခုနစ်မှာ  Rogger Federer Foundation ကို ဖွဲ့စည်းပြီး လူတွေကို ကူညီရင်း အားကစားလုပ်ငန်းတွေမှာ တိုးတက်အောင် ကြိုးစားခဲ့တယ် ၂၀၀၆ ခုနစ်မှာ UNICEF မှ Federer ကို Goodwill Ambassador ဆိုတဲ့ ဂုဏ်ထူးဆောင်လက်မှတ်ကို ပေးအပ်ခဲ့ပါတယ်  ဒါ့အပြင် World Economic Forum (WEF) မှလည်း သူ့ရဲ့လူမှုရေးလုပ်ငန်းတွေမှာ ခေါင်းဆောင်မှု၊ဆောင်ရွက်မှုတွေအတွက် 2010  Young Global Leader ဆိုတဲ့နာမည်ကို ပေး ကင်းပွန်းတပ်ခြင်း ကိုခံခဲ့ရပါတယ် ။

Federer ရဲ့ တခြားစီးပွါးေ၇းလုပ်ငန်းတွေ အနေနဲ့ကတော့ နာမည်ကြီး  NIKE ကုမ္ပဏီ က Nike အသုံးအဆောင်ပစ္စည်းများကို ကြေငြာဖို့အတွက် စပွန်ဆာပေးခြင်းခံရသူ ဖြစ်ပါတယ် ကော်ဖီ စက်ရုံတွေနဲ့လည်း  လတ်မှတ်ထိုးပြီးကြေငြာလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၉ ခုနစ်မှာ ဆွီဒင်နိုင်ငံရဲ့ ချောကလက် စက်ရုံတစ်ခု မှ Brand Ambassador အဖြစ် စပွန်ဆာပေးခဲ့ပါတယ်

အားကစားသမား ဘ၀မှ စလို့ ၊ ယနေ့တိုင် ရရှိထားတဲ့ ဂရင်းဆလင်းဆုဟာ၁၆ ခုရှိပါတယ် သြစတြေးလျ အိုးပင်း လေးကြိမ် ၊ ၀င်းဘယ်တန် ၆ ကြိမ် ၊ ပြင်သစ် အိုးပင်း ၁ ကြိမ် ၊ အမေရိကန် အိုးပင်း ၅ ကြိမ်တို့ ဖြစ်ပါတယ် ၊ အားကစားသမား ဘ၀ကရတဲ့ ဆိုငွေနဲ့ ကြေငြာ စပွန်ဆာ ခတွေနဲ့ ဆိုရင် တစ်နှစ်ကို သန်း ၉၀ကျော် ဖြစ်ပြီး ၊ တင်းနစ်လောကမှာ ၀င်ငွေအများဆုံး အားကစားသမား အဖြစ် ရပ်တည်နေသူဖြစ်ပါတယ် လူငယ်အားကစား သမားတစ်ယောက် ဖြစ်သော်လည်း အားကျအတုယူ၏ဖွယ်ရာ သူ့လုပ်ရပ်များကြောင့် ဘာသာတရား နှင့် လူမျိုး ၊ တိုင်းပြည်ကိုပါ ဂုဏ်တက်စေခဲ့သလို ကမ္ဘာ့အားကစားသမားလောက စစ်တမ်းများအရ ကမ္ဘာ့က အလေးစားရဆုံးသော လူငယ် အားကစား သမားတစ်ယောက် ဖြစ်ပါကြောင်း သိသလောက် ဖောက်သည်ချရလိုက် ပါတယ် ။

ဘာသာပြန်သူ သမီးလေး ငွေလမင်း ။ ပြန်လည်ရေးသား ဖောက်သည်ချသူ သမီးငွေလမင်းရဲ့ ဖေဖေ ဦးငွေလမင်း (နံနှိမ်ထားတာ ၊ အမြင်ကပ်လို့) နောက်ပြီး အော်ပရာဝင်းဖေးရဲ့ ယခုလက်ရှိ အခြေအနေကိုလည်း ဆက်လက်ရေးသားပါမည် သူမရဲ့ အကြောင်းအရာများကို ဖတ်ထားပြီးသော်လည်း အလုပ်မအားသောကြောင့် မရေးဖြစ်သေးတဲ့ ဆိုတဲ့အကြောင်း ပြော ကြားရင်း နိဂုံးချုပ်လိုက်ပါတယ် ။

Thursday, September 30, 2010

ကျွန်တော် နှင့် ကျန်စစ်သား

ဦးခေါင်းဖြူသည့် ဆောင်းအခါ

 ဦးခေါင်းမဲသည့် နွေအခါ (စာကလေးခွေ ဈေးသည်အဆို)

ီ
ကျန်စစ်သားဆိုလို့ ပုဂံပြည့်ရှင် ဘုရင်အနော်ရထာ ရဲ့ သားတော် ထီးလှိုင်ရှင် ကျန်စစ်မင်းလို့ တော့ မထင်လိုက်ပါနဲ့ ၊ ကျွန်တော့မှတ်စု ထဲက ကျန်စစ်သားက ဒလနဲ့ ရန်ကုန် ကတို့ ကူးတဲ့ နှစ်ထပ် သဘောင်္ကြီးပါ ၊ ကျွန်တော် ခပ်ငယ်ငယ် အခါတုန်းကပေါ့ဗျာ ၊ ဖေဖေက Richard Bach ရေးတယ်ထင်တာဘဲ  Jonathan livingstone seagull ဆိုတဲ့ စာအုပ်ခလေး ဖတ်ဖတ်ပြတယ် ၊ အဲဒီထဲမှာ ဇာတ်လိုက်ကျော် ဖြစ်တဲ့ ယောနသံ ဇင်ယော်လေး အကြောင်းပေါ့ ၊ ကျွန်တော်က ငယ်သေးတော့ သိဘူး ဖေဖေ ပြောပြတာတွေ အကုန်လုံး ၊ အင်းဘဲ လိုက်တာ နောက်တော့ ဖေဖေက ဦးဘသန်း ဘာသာပြန်ထားတဲ့ (ယောနသန် ဇင်ယော်) ဆိုတဲ့ စာအုပ်လေး လာပေးတယ် ၊ ဒါလေးကြည့်ထားကွာ ဖေဖေက က အားတဲ့နေ့ဆို ဘိုလို ဖတ်ဖတ် ပြမယ်တဲ့ ၊ အဲစာအုပ်လေး ဖတ်ပြီးတော့မှ သူဖတ်ပြတဲ့ ဘိုလိုကို နဲနဲပေါက်ပေါက်လာ တာ ၊ နောက်ဆုံးတော့ ဇင်ယော်လေးကို သဘောကျသွားတယ် ၊ သူများနဲ့ မတူဘဲ အမြင့်ကြီးကို ပြန်တာရယ် ၊ သူများ တွေတားမြစ် ထားတဲ့ကြားကနေ လုပ်ရင် ဖြစ်ပါတယ် ဆိုတဲ့ စိတ်နဲ့ ပျံသန်းခြင်းရဲ့ အတတ်ပညာကို အထွဋ်အထိပ် ရောက်အောင် လေ့ကျင့် အောင်မြင်သွားတဲ့ ဇင်ယော် ငှက်ခလေး ယောနသံကို တအားကို စွဲလမ်းသွားပါတယ် ။

ကျွန်တော်က ငယ်စဉ်ကတည်း ရောဂါတခုရှိပါတယ် ၊ တခုခုကို စွဲလန်းပြီ ဆိုရင် အဲဒါကိုဘဲ စိတ်ထဲစွဲနေတော့တယ် ၊ ပြောရမှာတော့ရှက်ပါတယ် နဲနဲပြောမယ်နော် တိုက်တင်းနစ်ကားကို ကြည့်တော့လေ ကိတ်ဝင်းစလတ်ကို တအားစွဲလန်းတာ ဘယ်လောက်ထိ စွဲလမ်းလဲဆို စားလဲ သူပုံလေးနဲ့ အိပ်ရင်လဲ သူ့ပုံလေး အနားထားအိပ်တယ် ၊ နောက်ဆုံး ကျောင်းသုံးဗလာ စာအုပ်တောင် ကိတ်ဝင်းစလတ်နဲ့ လီယိုနာဒို သဘောင်္ပေါ်မှာ လက်ခြင်းယှက်ပြီး နေတဲ့ပုံပါတဲ့ စာအုပ်ဘဲ သုံးတယ် ၊ အဲစာအုပ်တွေကို ၇တန်းက ဆယ်တန်းထိ ကိုင်လာတာ ၊ အဲလိုလောက် စွဲ လန်းပါတယ် ၊ (ဤကား ကြော်ညာတည်း) အခုလဲ စွဲလန်းလွန်းသွားလို့ ဇင်ယော် ပူဆာတာ ဇင်ယော်ကလဲ ရှားသကိုး ပြစရာမှ မရှိတာ ၊ ဇင်ယော်ကို ပထမဆုံးမြင်ဖူးတာ ဘယ်မှာထင်တုန်း မြ၀တီက မြသန်းတင့်ရေးတဲ့ သွေးစည်းတဲ့အခါ သိလိမ့်မယ် ဆိုတဲ့ သီချင်းလာမှ အဲဒီမှာ စမြင်ဖူး တာ ၊ ပုံလေးတွေတော့ မြင်ဖူးတာပေါ့ အကောင်လိုက်က မမြင်ဖူးဘူး ၊ ပါးက ဇင်ယော် ကြည့်မယ်ဘယ်မှာ ရှိတုန်း ဘာညာသာဓကာ မေးတော့ အိမ်ကလူလည်တွေက ကျွန်တော့်ကို လှော်ကား ဥယျာဉ်ကို ခေါ်ပြီး ဗျိုင်းတွေကို ဇင်ယော်ဆိုပြီး လိမ်ပြတယ် ၊ အဟုတ်မှတ်နေတာ နောက်ကြမှ သီချင်းထဲက ဇင်ယော်ကို ပြန်မြင်ကြည့်လိုက်တော့ ဇင်ယော်က ထိပ်မှာ အမဲပါတယ် လေ သူတို့ပြတာက ဗျိုင်းကြီးဟာကို ဘယ်လိုလုပ်ပါမတုန်း ၊ အဲဒါနဲ့ တစ်အိမ်လုံးနဲ့ ကျွန်တော်တစ် ယောက်ထဲ ရန်ဖြစ်တာ ၊ ဗျိုင်းကို ဇင်ယော်ဆိုပြီး လိမ်ပြတယ် ဆိုပြီး ဇင်ယော်က လှတယ် ဗျိုင်းက မလှဘူး ဇင်ယော်လေးကို သိက္ခာချတယ်ဆိုပြီး အော်အော်ငိုတာ ၊ ပါးက တပတ်အတွင်း ဇင်ယော် အစစ်ကို အကောင်လိုက် အနီးကပ်မြင်စေရမယ် တိက်တော့ ကွာ ဆိုမှ ၊ တပတ်ပြည့်လို့ မမြင်ရလို့ ကတော့ အစကပြန်ငိုမယ် ဆိုပြီး ၊ စာသင်တဲ့ ဘောမှာ ရေးထားလိုက်တာ ၊ တစ်ပတ်ပြည့်တော့ ပါးက ညနေကို ဇင်ယော် သွားကြည့်မယ် အထုတ်ပြင်ထား ဆိုတော့ အထုတ်ပြင်တာပေါ့ ၊ ရေဗူးရယ် မုန့်ကြွပ်ရယ် ၊ ပိုက်ဆံအိတ်ရယ် ကျောပိုးအိတ်ထဲ ထည့်ထားတယ် သူလဲ ရုံးက ပြန်လာရော ဒလဘက်ကမ်းက အခုပြောမဲ့ ကျန်စစ်သားကြီး ပေါ်ကိုရောက်လာ တယ် အိုးးးးးးးးးးးးးးးးးးးးးး အများကြီးဘဲ ၊ တစ်ကောင် နှစ်ကောင် သုံးကောင် စုစုပေါင်း လေးဆယ် ကျော်တယ်ဗျာ တိတိကျကျတော့ ရေလို့မရဘူး သူတို့က ပျံနေကြတာကိုး ၊ ပျံပုံပျံနည်း မျိုးစုံဘဲ ဂျွမ်းလဲ ထိုးတယ် ၊ ဗယာဂွေလို့ ခေါ်တဲ့ မုန့်ကိုစားတယ် ၊ သူတို့အတွက် ရောင်းတဲ့ အသည်ရှိတယ် အဲတုန်းကတော့ ၂၀ ပေးရတယ် တထုတ်မှာ ငါးခုပါတယ် နှစ်ထပ်သဘောင်္ကြီး ပေါ်ကနေ လက်ခလေး ထုတ်ပြီး ဗယာဂွေလေး လက်ပေါ်တင်ထားလိုက်ရင် သူ့ဘာသာ လာယူစားတယ် ပြစ်ကြွေးရင်လဲ ရေထဲတခါမှ မကျဘူး အကောင်က တော်တော်ကြီးတယ် အထူးသဖြင့် တောင်ပံက အကောင်ထက်ကြီးနေ သလိုမျိုးဘဲ ။

ဒီဇင်ဘာလ ကနေသွားလိုက်တာ နောက်တခါကျတော့ မတ်လသွားတယ် ၊ အဲကျတော့ သူတို့ ထိပ်ခလေးတွေမှာ အမဲကွက်လေးတွေ ပေါ်လာတယ် ၊ ဘာလို့ပါလိမ့်လို့ တွေးကြည့်မှိတယ် အစ တုန်းက အဖြူဆွတ်ဆွတ် လေးပါ ၊ အခုတော့ ဘာကြောင့် ခေါင်းလေးတွေ မဲကုန်ပါလိမ့်ပေါ့ ၊ သူတို့ ပြန်ရတော့မှာတဲ့ စိတ်မကောင်းလိုက်တာ ၊ သူတို့က ဒီဒေသ ကမဟုတ်ဘူးတဲ့ အခြား တစ်ပါးဒေသ ကနေလာတာ တဲ့ ၊ အေးတဲ့ရာသီဆိုရင် ဒီကိုရောက်လာတယ် ပူတဲ့ကာလကို ရောက်ရင်တော့ သူတို့ဟာ မူလနေရာကို ပြန်သွားတတ်တယ်တဲ့ ဗယာဂွေ (စာကလေးဂွေ လို့လဲ ခေါ်တယ် ) အသည်ကြီးက ရှင်းပြတယ် ၊ ပူတယ်အေးတယ် ဘယ်လိုသိလဲ ဆိုရင် သူတို့ခေါင်းပေါ် မှာ အမဲကွတ်ခလေးတွေ ပေါ်လာပြီဆိုရင် အဲဒါပူနေပြီတဲ့ အဲဒါဆိုရင် သူတို့လဲ မူလဒေသကို တဖြေးဖြေး ပြန်သွားကြတယ်လို့ အသည်ကြီးက ၇ှင်းပြတာကို သားအဖ နှစ်ယောက် နားစွင့်ပြီး ငေးကြည့်နေမှိတယ် ။ နားထဲမှာလဲ “ပျံကာဝဲကာ ငှက်ငွေဇင်ယော်” အဲသီချင်းလေး ထဲက စာသား လေးကို ရသလောက် မတောက်တစ်ခေါက် ဆိုမှိပါရဲ့ ။

နောက်အခေါက်တွေ များမှာတော့ ၊ ကိုယ့်ဘာသာ တစ်ယောက်ထဲ လစ်တာ ၊ ကျန်စစ်သား လို သဘောင်္ကြီး နောက်တစ်စီးလဲ ရှိသေးတယ် ၊ ဘုရင့်နောင်လို့ ခေါ်တယ် ၊ တခါတရံမှာ တော့ အနော်ရထာ ၊ ဖြစ်တတ်တယ် သဘောင်္ချင်းချိန်းတာနဲ့ တူပါတယ် ၊ အခုတစ်ခေါက်က တော့ တစ်ယောက် ထဲ လာတာပေါ့ ၊ လျှောက်လည်မလို့ ဆိုပြီး ပြောထွက်လာ ၊ မုန့်ထည့် ရေဗူးထည့် ကျောပိုးအိတ်ထည့် ၊ ပိုက်ဆံအိတ်လေးပါထည့်ပြီး ငွေစစ်ကြည့် တစ်သောင်းကျော် တယ် ၊ ဟုတ်ပြီ တက္ကစီငှား ၂၀၀၀ တဲ့ အေ၀မ်းမှတ်တိုင်က ငှားတာ ၊ ဟူးရောက်ပါပြီ ကျန်စစ်သား ကြီးပေါ် ယောနသံ အဖွဲ့ကို စာကလေးဂွေ ကြော် ၂၅၀ ဖိုး ၀ယ်ကြွေး ၊ ကိုယ်က မရမ်းပေါင်းထုတ်ထိုးစား  ဖရဲသီးလဲစား စားသောက်ပြီး တော့ ဒလ ဘက်ကမ်းရောက် ၊ ဆင်းပြီး လမ်းလျှောက် နောက်တခေါက် ကြမှ ရန်ကုန်ဘက် ကမ်းကို ပြန်လိုက်မယ်ဆိုပြီး စိတ်ကူးလေးနဲ့ ၊ ကျွန်တော် ဒလဘက်ကမ်းကို ခြေချမှိပါတယ် ၊ ဒလဘက်ကမ်းရောက်တော့ ဘွဲ့အမည်မသိတဲ့ ဘုရားကို သွားမယ်ဆိုပြီး ၊ ကျွန်တော်က ဆိုက္ကားငှားလိုက်ပါတယ် ၊ အဲဒီဘုရားဟာ ကျန်စစ်သား သဘောင်္ ပေါ်က လှမ်းမြင်ရပါတယ် ၊ ဆိုက္ကားဆရာ ရဲ့အဆိုအရ ရွှေစာရံဘုရားလို့ ဆိုပါတယ် ၊ အသွားအပြန် ၅၀၀နဲ့ ဈေးတည့်ပြီး ဘုရားသွားလိုက်ပါတယ် ၊ အံ့သြစရာ ကောင်းလှပါတယ် ၊ ဆရာတော် တပါးရဲ့ ရုပ်ကလာပ် ကြီးတစ်ခုကို ရွှေချထားတဲ့ ခေါင်းတလားထဲမှာ ထည့်သွင်းပူ ဇော်ခံထားပါတယ် ၊ ရဟန္တာ ဦးလိပ်လို့ခေါ်ပါတယ် ၊ ဘွဲ့ကတော့ ဦးသီလတဲ့ ဒုတိယ ကမ္ဘာစစ် အတွင်းက ပျံတော်မူသွားပေမဲ့ ၊ ယနေ့တိုင် မပုတ်မသိုးဘဲ ကျောက်ရုပ်ကြီးလိုဖြစ်နေ တာကိုဖူး တွေ့ရပါတယ် ၊ လက်သည်းတွေ ဆံပင်တွေလဲ ရှည်ပါသတဲ့ မကြာမကြာ သန့်ရှင်းရေးလုပ်ပေး ရတယ် လို့ ဆိုက္ကားဆရာ ကပြောပါတယ် ၊ ဘုရားထဲ လှည့်ပတ်ပြီး နာရီဝက်ကြာတော့ အလှူငွေ ၂၀၀ထည့်ပြီး ၊ ဆိုက္ကားကို စီးပြီး လာရာလမ်းကို မြန်းခဲ့ပါတယ် ။

လာတုန်းက စီးနင်းခဲ့တဲ့ ကျန်စစ်သားကြီးလဲ နောက်တခေါက်ပြန် ရောက်လာပါပြီ  ၊ တိုးတက် တယ် ဆိုတာ သူများပြောရင် ယုံမှာမဟုတ်ပါဘူး ၊ ဘယ်လောက် တိုးတက် နေကြတယ် ဆိုတာကို ဒလနဲ့ ရန်ကုန် ကတို့ကူးတဲ့ နှစ်ထပ်သဘောင်္ကြီးတွေ စီးလိုက်တဲ့ အခါမှာ အင်မတန်ကို သိ သာပါတယ် ၊ အသက်ရှုလို့ မရအောင်ထိကို တိုးခွေ့တက်ပါတယ် ၊ ဆင်းတဲ့လူတွေ ကုန်ခါနီးပြီ ဆိုမှ  တက်တွေ လူတွေကို လွှတ်ပေးပါတယ် ၊  ကျွန်တော်လဲ အဲဒီ အထဲမှာ ရောနှော ပါလာပါတော့တယ် ၊ ကျွန်တော် သဘောင်္ပေါ် မရောက်ခင် ဆိပ်ခံဘော ကိုရောက်တော့ လူတစ်ယောက်က အဘိုး အိုတစ်ယောက်ကို ဆွဲလားရမ်းလား နဲ့လုပ်နေပြီး ၊ ဆိပ်ခံဘောပေါ်က နေ သဘောင်္ပေါ်တက်မဲ့ အဘိုးအိုကို လူရွယ်က ခါးကိုဖက်ထားပြီး “ဟေ့လူကြီး ဘာလုပ်တာလဲ ကားခ ပေးလေ ခင်များဒီလို မလုပ်နဲ့ ၊ လူကြီးလုပ်ပြီး ကလိမ်ကကျစ်ကျတာလား ” ဘာလား ညာလား တော်တော် စုံစုံ စိစိ ပြောဆိုနေတာကို တွေ့ပါတယ် ၊ ကျွန်တော်လဲ အနီးပါးကို ချဉ်းကပ် ပြီး လေ့လာကြည့်တော့ အဘိုးအိုဟာ “ငါ့ကိုလွှတ်စမ်း ငါ့သွားမလို့ လွတ်စမ်း” ၊ “ဘာလို့ လွတ် ရမှာတုန် ခင်များ ကားခပေး အခု သုံးယောက်စာတောင် ပေး ဟိုနှစ်ယောက်ရော ဘယ်မှာလဲ” ၊ အဘိုးအိုနဲ့ လူရွယ်ဟာ သူတခွန်းငါတခွန်းနဲ့ ပြောဆိုနေတာကို ပီပီပြင်ပြင် ကြားနေရပါတယ် ၊ အဲလို စကားတွေကို ထောက်ဆ နားထောင်ကြည့်ခြင်းအားဖြင့် အဘိုးအိုထံမှ လူရွယ်ဟာ ယာဉ် စီးခ သို့မဟုတ် အခြား တစုံတရာနဲ့ ပတ်သက်သော ရစရာ ငွေကြေး တခုခုဖြစ်ရမယ် ၊ အဘိုးအို ဟာ မပေးနိုင်လို့ ထွက်ပြေးလာဟန် ရှိတယ် ၊ အဲလိုသဘော ပေါက်လိုက်မှိပါတယ် ၊ ဒါနဲ့ အနီးအပါးမှာများ ကူညီမဲ့သူ ရှိသလားလို့ ဝေ့၀ိုက်ကြည့်လိုက်တော့ ကူညီမဲ့လူတစုံ တစ်ယောက်ကိုမျှ အရိပ်အယောင် မတွေ့မှိတာကြောင့် ကျွန်တော်ကူညီဘို့ ဆုံးဖြတ်လိုက်ပါတယ် ၊ ကူညီမယ်သာ ဆိုရတာ ဘယ်ကနေ စကူညီရမှန်းမသိတာနဲ့ ဆွဲလားယမ်းလား လုပ်နေတဲ့ လူကြီးဆီသွားပြီး ၊ အန်ကယ် ဘာဖြစ်တာလဲခင်မျာ လို့မေးကြည့်လိုက်ပါတယ် ၊ “ဒီအသက် ကြီးပြီး အချိန်မစီးတဲ့ ဟာကြီးလေကွာ ကားကိုစီးလာပြီး ငွေမပေးဘဲ လစ်သွားလို့ လိုက်တောင်းတာ ၊ နောက်ပြီး တစ်ယောက်တလေ မဟုတ်ဘူးကွာ သုံးယောက်တောင် ငါကစပယ်ယာကွ ၊ သူတို့မပေးရင် ငါက စိုက်ပေးရမှာ ” ဘယ်လောက်လဲ ဗျာ ၁၂၀၀ ကွ ၊ တစ်ယောက် ၄၀၀ရာနဲ့ ၊ ဟုတ် ကျွန်တော်ပေး ပါ့မယ် ၊ လွတ်လိုက်ပါ ကဲ အဘိုး သွားတော့ ရပြီ ကျွန်တော်ပေးလိုက်မယ် ၊ ဆိုပြီး ငွေ၁၅၀၀ ထုတ် ပေးလိုက်ပါတယ် ၊ “ ဒီညီလေးနဲ့ ဘာမှမဆိုင်ဘူး ခင်များတို့လုပ်တာနဲ့ ” ကဲအန်ကယ် အန်ကယ်လဲ လိုချင်တဲ့ ငွေရပြီဘဲ ၊ ပြောမနေပါနဲ့တော့ ဆိုပြီး ကျွန်တော်ဟာ အဘိုးအို လက်ကိုဆွဲပြီး သဘောင်္အပေါ်ထပ်ကို တက်လာပါတယ် ။

သဘောင်္ပေါ်က ထိုင်ခုံတွေမှာ ကျွန်တော့အရွယ် မိန်းခလေးတဦးနဲ့ အဘိုးအိုနဲ့ အသက်ရွယ်တူ အဘွား အိုတစ်ယောက်ကို တွေ့ပါတယ် ၊ ကြည့်ရတာ အတော်ဒုက္ခရောက် လာပုံပါ ၊ မျက်နှာလေး တွေကြည့် ရတာ အတော်လေးကို နွမ်းနယ်နေပုံ ရပါတယ် ၊ အဘိုးက မိတ်ဆက် ပေးပါတယ် ၊ အဘိုးက အကြောင်းစုံ ရှင်းပြတော့ အဖွားက ကျေးဇူးတင် စကားပြောပါတယ် ၊ သမီးလေး လားမြေးလေးလား မသိတဲ့ ရွယ်တူကောင်မလေးကတော့ ရှက်လို့ထင်ပါတယ် ၊ ခေါင်းလေး အောက်ငုံ့နေပါတယ် ၊ ဘယ်ကလာကြတာ လဲလို့မေးလိုက်တဲ့ အခါမှာတော့ ကော့မှူးက လို့ဆို ပါတယ် “ကွမ်းခြံစိုက်တယ်ကွ ၊ အခုသီရိမင်္ဂလာ ဈေးက ကွမ်းပွဲရုံကို ကွမ်းဖိုးလာရှင်းတာ” ၊ ခါတိုင်း ရွာကို ကွမ်းလာကောက်တဲ့ လူက ငွေလာမရှင်းလို့ ၊ စားစရာမရှိလို့ ငွေလာ တောင်း တာလို့ ပြော ပါတယ် ၊ ကျွန်တော် စိတ်မကောင်းပါ ၊ ကျွန်တော်လဲ အဘတို့ ဘာစားပြီးလဲ လို့ မေးလိုက်တဲ့ အခါမှာ ဟိုလိုလို ဒီလိုလို လုပ်နေလို့ ဘာမှ စားခဲ့ရပုံ မပေါ်ပါဘူး ၊ ကောင်မလေးကို လှည့်ကြည့်လိုက်တော့ ၊ တွင်တွင်သာ ခေါင်းငုံနေတာကို တွေ့ရပါတယ် ၊ ကားခတောင် ပေးစရာ မရှိတာ ဟိုဘက်ကမ်းရောက်ရင် ဒီသားမိသားဖတွေ ဘယ်လိုလုပ် သီရိမင်္ဂလာ ဈေးကို သွားကြ မလဲ ၊ ဟိုကွမ်းကောက်တဲ့ လူနဲ့ မတွေ့ရင် ၊ ဒီနေ့ဘာစားပြီး ဘယ်လို နေကြမလဲလို့ ဆက်ပြီး ကျွန်တော် တွေးမှိပါတယ် ၊ ကျွန်တော်ဟာ ၇ ရက်တစ်ပတ်မှ မုန့်ဖိုး နှစ်သောင်းဘဲ ရတဲ့လူပါ ၊ ငွေအများကြီး မရှိပါ ၊ အခုပါတဲ့ ငွေဟာ တနင်္ဂနွေနေ့က မှ ရထားတဲ့ ငွေမို့ နောက်တပတ် တနင်္ဂနွေကို ရောက်ဘို့ လေးရက်လိုနေသေးပါတယ် ၊ တော်တော်လေး ငေးငေး ငိုင်ငိုင် စဉ်းစား ပြီး ၊ မုန့်ဖိုးမရှိရင် ဘယ်လိုလုပ်မလဲ ၊ ဒီလူတွေက လူလိမ်တွေဆိုရင် ကဲ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်ပါတယ် ၊ “ အဘနဲ့အဘွား ကျွန်တော် ဇင်ယော်လေးတွေ သွားကြည့်လိုက်အုံး မယ်နော် ”အဘိုးအိုရဲ့ မျက်နှာလေးဟာ အနဲငယ် အားပျက်သယောင်ယောင် ဖြစ်သွားပါတယ် ၊ ကျွန်တော် လဲ  ကိုယ့်ဝမ်းနာ ကိုသာသိမလား ၊ အခုတောင် အိမ်ကို တက္ကစီ ငှားပြန်ရင် ၂၅၀၀ လောက်ကုန် ဘို့ရှိသေးတယ် ၊ “ငါလုပ်နိုင်သလောက် လုပ်ပေးခဲ့ ပြီးပြီဘဲလေ ” လို့ ကိုယ့်ကိုကိုယ် ဖြေဆေးထိုး ပြီး  အဲဒီသားမိ ထိုင်တဲ့ခုံနဲ့ ဘေးချင်း ကပ်က လက်ရမ်းကို ကိုင်ပြီး အဲဒီသားမိသားဖ သုံး ယောက်ကို ကျောပေးပြီး ဇင်ယော်တွေကို ငေးကြည့်နေမှိပါတော့တယ် …။

ရန်ကုန်ဘက် ကမ်းကိုရောက်တော့ အောက်ထပ်က လူတွေအကုန် ဆင်းသွားပါပြီ ၊ အပေါ်ထပ်က လူတွေ ဆင်းဘို့ အသင့်ပြင်နေချိန်မှာ ကျွန်တော်ဟာ ထိုသားမိရဲ့ ထိုင်ခုံလေးကို မသိမသာ ငေးကြည့်လိုက်မှိပါတယ် ၊ အစားအစာ မစားရသေးလို့ အားပြတ်နေတဲ့ လူတွေနဲ့ တူလှပါတယ် ၊ အဲဒီအချိန်မှာ ကျွန်တော့်စိတ်ထဲမှာ အဲဒီအဘိုး နဲ့အဖွားဟာ ငါ့အဘိုးနဲ့ အဖွားဆိုရင် လို့တွေးလိုက် မှိပါတယ် ၊ ငါမှာ ပေးစရာလဲ ငွေရှိတယ် ၊ ငါမှာမရှိရင် အိမ်ကိုပြန်တောင်းလို့ ရတာဘဲ သူတို့မှာ ဘယ်သူ့ဆီက မှတောင်းလို့မရလို့ အခုထိ ဘာမှမစားခဲ့ရတာ နေမှာပေါ့ ငါ နဲ့ကြုံကြိုက်နေတုန်း ကူညီလိုက်ရင် ကောင်းမလား ၊ ငါနဲ့ ကြုံကြိုက်တုန်း မကူညီခဲ့ရလေ ခြင်းလို့ နောင်တ ရတာကို ခံစားမလားလို့ တောက်လျှောက် တွေးမှိနေပါတော့တယ် ၊ တွေးပြီးတဲ့ အချိန် မှာတော့ ကျွန်တော်ရော သားမိသားဖ သုံးယောက်ပါ ရန်ကုန်ဘက်ကမ်း ရဲ့ဆိပ်ခံ ဘောပေါ်ကို ရောက် နေပါပြီ ၊ ကျွန်တော့် လက်တစ်ဖက်ဟာ ရုတ်တရက် အဘိုးလက်ပေါ် ကိုရောက်သွားခဲ့ပါ တယ် ၊ အဘိုး ကျွန်တော်နဲ့ လိုက်ခဲ့ ပါ ၊ တခုခုစားရ အောင်လို့ ဖိတ်ခေါ်လိုက်ပါတယ် ၊ အဘိုးအို ရဲ့ မျက်နှာဟာ ၀င်းပလို့သွားပါတယ် ၊ သူ့ဘေးက အဖွားကိုလဲ ကျွန်တော်တခုခု ကျွေးမဲ့ အကြောင်းကို ပြောနေဟန် ရှိပါတယ် ၊ ဒါကြောင့် အဘွားက ရှေ့ကို နဲနဲရောက်နေတဲ့ သူ့သမီး လား မြေးလားမသိတဲ့ ကျွန်တော်နဲ့ ရွယ်တူလောက် ကောင်မလေးရဲ့ လက်ကို ဆွဲလိုက်ပါတယ် ။

ပန်းဆိုးတန်း ကိုရောက်တော့ ၃၇လမ်းထဲက အလုပ်သမားတွေ စားသောက်တဲ့ လမ်းဘေး ထမင်း ဆိုင်လေးကို ကျွန်တော်က ဦးဆောင်ခေါ်လာ ခဲ့လိုက်ပါတယ် ၊ ကဲအဘိုးနဲ့ အဖွား တို့ မှာစားကြ ကျွန်တော်ကော်ဖီ သောက်မယ်ဆိုပြီး ကော်ဖီတစ်ခွက် မှာသောက်ပါတယ် ၊ ရေသန့်ဗူး တဗူး လဲချ ခိုင်းလိုက်ပါတယ် ၊ သူတို့စားသောက် နေပုံဟာ တော်တော်လေးကို ဆာလောင်မွတ်သိပ် နေတဲ့  ပုံစံအတိုင်းပါဘဲ ၊ ကျွန်တော် ၀မ်းသာမှိပါတယ် ၊ စိတ်ထဲကလဲ သူများကို ငါကြွေးရင် ငါ့အလှည့် ကျရင်လဲ ပြန်ကြွေးမဲ့ လူတွေပေါ်မှာပေါ့လို့ အတုန့်အလှည့်သဘော လေး စဉ်းစားမှိပါတယ် ၊ သီရိမင်္ဂလာ ဈေးကို သွားတက်လား အဘိုးလို့ ပြောတော့ “ မေးစမ်းသွား ရမှာပေါ့လို့” သံပြတ်နဲ့ ပြောပါတယ် ၊ စားသောက်ပြီး ငွေရှင်းတော့ ၁၉၀၀ ကျပါတယ် ၊ အိပ်ထဲမှာ ငွေကို စိတ်ကူးနဲ့ မှန်းပြီး တွက်ကြည့်လိုက်တော့ ၆၀၀၀ ကျော် လောက်ကျန် အုံးမယ်လို့ မှန်းဆ မှိပါတယ် ၊ အဘိုးအို လက်ထဲကို ငွေ သုံးထောင်ထည့် ပေးလိုက်ပါတယ် ၊ ကားငှားပေးလိုက် မယ် နော် အ ဘိုး ၊  “အေး သာဓုပါကွယ်xxxxxxxxxxxxxxxxxxx” သာဓုကိုဘဲ ကောင်းကောင်းသိ ပါတယ် အ နောက်က ဟာတွေကို နားတော့မလည်တော့ပါ ၊ ကောင်းတာတွေ ဆိုပြီး ဆုပေးနေတာလို့ ဘဲ မှတ်ထားလိုက်ပါတယ် ၊ စားသောက်ပြီး ၃၇လမ်း ထိပ်ကို ကျွန်တော် သားမိသားဖ သုံးယောက်နဲ့ အတူ ပြန်လာပြီး ကားတစ်စီးကို တားလိုက်ပါတယ် ၂၀၀၀ တဲ့ ကျွန်တော် ငှားပြီး တင်ပေးလိုက်ပါ တယ် ၊ တာတာ နော် အဘိုး အေးအေး ငါ့မြေး ကျမ်းမာ ချမ်းသာပါစေ ဟုတ်ကဲ့ အဘိုးတို့လဲ အဆင် ပြေချောမွေ့ပါ စေခင်မျာ ၊ ကားဟာ အဝေးကို ထွက်သွားတဲ့ အထိ ကျွန်တော်ငေး ကြည့်ပြီး ကျန်ရစ်ခဲ့ပါတယ် ၊ ကျွန်တော် ပိုက်ဆံအိတ်ထဲမှာ ၅၀၀တန် ၂ရွတ် ၊ ၂၀၀တန် ၁ရွတ် ၅၀ တန် ၁ရွတ်ကျန်ပါတယ် ၊ ဒီငွေနဲ့ အိမ်ကိုတက္ကစီ ငှားပြီး မပြန်နိုင်တော့ တာမို့ ကျွန်တော်ဟာ ၊ အိမ်ကို ပြန်ဘို့ ၅၁ လိုင်းကားတွေ ရှိတဲ့ မဟာဗန္ဓုလ ပန်းခြံဘက်ကို မျက်နှာမူ  လျှောက်လာခဲ့ ပါတော့တယ် ၊ အိမ်ကိုပြန်ရောက်တော့ ဒိုင်ယာရီ ထဲမှာ “ကျွန်တော်နဲ့ ကျန်စစ်သား”လို့ ခေါင်းစဉ် တပ် ဖြစ်ရပ်အကျဉ်းချုံးလေးရေး ၊ ကုန်ကျငွေ စာရင်းလေးပါ အသေးစိပ်ပြုစုလိုက်မှိပါတော့တယ် ။

“စာရှုသူ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေလို့ ကို  မစ္စတာ ငွေလမင်းက ဆုတောင်း မေတ္တာပို့ သလိုက် ပါတယ် ”

Monday, September 27, 2010

လေရောင်း လေ၀ယ် ဒေါ်ကုဋေကြွယ်

 Time မျက်နှာဖုံး ပါဘဲရှင်
 ဒါက စီးပွားရေးလုပ်နေတာ ရှင့် အာလူးဖုတ်နေ တယ်မထင်နဲ့
သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ဆော်လေ ကျမကိုလာဖားနေတာ မဲရအောင်ဆွဲ ဆောင်ပေးဘို့
 ဒါကလက်ရှိသမ္မတကြီး ဘားရတ်အိုဘားမား က ကျမကို ဂုဏ်ပြုနေတာ
ဒါက သူသမ္မတ ဖြစ်ဘို့အတွက် မဲသန်းချီရ အောင်မဲဆွယ် ပေးခဲ့လို့ ကျေးဇူးဆပ်တာ

 “ရုန်းကန်ကြိုးစားမှုမရှိလျှင် အားအင်ဆိုတာလည်း မရှိနိုင်ဘူး”..“မင်း အကြောက်ဆုံးအရာက တကယ်တမ်းတော့ ကြောက်စရာမဟုတ်ပါဘူး၊ တကယ့်ကြောက် စရာက ကြောက်နေတဲ့ မင်းရဲ့စိတ်ပါ”လို့ Time မဂ္ဂဇင်းမှာ လူသားတွေ အတွက် ခွန်အား ဖြစ်စေ မဲ့ စကားတစ်ခွန်းကို ပြောဆို ခဲ့တဲ့သူကတော့ ကမ္ဘာ့အချမ်းသာဆုံး အာဖရိကန် အမေရိကန်လူမည်းတစ်ဦး ဖြစ်တဲ့ (Oprah Winfrey) အော်ပရာ ၀င်းဖရေး ဖြစ်ပါတယ် သူမရဲ့ ချမ်းသာကြွယ်ဝမှုက ၁၉၉၉ တွင် ၇၂၅ မီလီယံ ($725 Million)ကြွယ်ဝပြီး ၂၀၀၉ ခုနှစ်မှာတော့ ၂.၇ ဘီလီယံ( $2.7 Billion)ထိ ချမ်းသာကြွယ်ဝ လာတဲ့ ကုဋေကြွယ်သူဋ္ဌေး မကြီးတဦး ဖြစ်သလို ယခုလက်ရှိ အမေရိကန်သမ္မတ အိုဘားမားအတွက် မဲသန်းပေါင်းချီရရှိအောင် မဲဆွယ်ပေးနိုင်သူဖြစ်ပါတယ်။ ကမ္ဘာ့အ ကျော် ကြား ဆုံးလူများတွင် သူသည် ထိပ်ဆုံးမှ ပါဝင်ပါတယ် ။

အဲသလောက် ချမ်းသာကြွယ်ဝ အောင်ဘယ်လိုအလုပ် အကိုင်တွေကို အမာခံ လုပ်ကိုင်ခဲ့ ပါသလဲလို့ မေးခဲ့ရင်တော့ ၊ စနစ်တကျ စကားပြောတဲ့ အလုပ်ကိုလုပ် သူလို့သာ ဖြေဆိုရမှာ ဖြစ်ပါတယ် ၊ စကား ဆိုတာ မပြောတတ်တဲ့ လူများအတွက် ကတော့ ရန်သူများပြီး လူအမြင်ကပ် တာသာအဖတ်တင် တတ်ပေမဲ့ ၊ စနစ်တကျ ပြောတတ်သူ များအတွက်ကတော့ သန်းချီပြီး ငွေကြေး ရနိုင်ပါတယ် ၊ ကမ္ဘာပေါ်မှာ ဖို့စ် မော်တာကား တွေ ခေတ်စားခဲ့ ချိန်က သံမဏိ စက်ရုံပိုင် ရှင်ကြီး အင်ဒရူးကာနတ်ဂျီရဲ့ ၊ စက်ရုံတွေမှာ လူတွေ အလုပ်မလုပ်ချင်တဲ့ စိတ်ကျရောဂါ နဲ့ အလား သဏ္ဍာန်တူ ရောဂါတွေ ပျံ့နှံ့ခဲ့လို့ အလုပ်သမားတွေ မှိုင်တွေ ငေးမောပြီး အလုပ်မလုပ်ချင် ကြလို့မို့ အလုပ်လုပ်ချင်အောင် စကားပြောနိုင်တဲ့ လူကိုရှာဖွေပြီး အလုပ်ခန့်အပ် ခဲ့ရဖူးပါတယ် ၊ ဒုတိယကမ္ဘာစစ် မဖြစ်မှီကာ လမှာ အမေရိကန် ဒေါ်လာတစ်သန်း ဆိုတဲ့ ငွေကြေးဟာ နဲတဲ့ပမာဏ မဟုတ်ပါဘူး ၊ သံမဏီ စက်ရုံမှာ ပထမဦးဆုံး ဋ္ဌာနလက်ကိုင် ရှိမန်နေဂျာ တစ်ယောက်ကို တစ်နှစ်ကိုဒေါ် လာတစ်သန်းပေးပြီး ခန့်အပ်လိုက်ရပါတယ် ၊ သူ့ရဲ့ အလုပ်အကိုင်က အလုပ်မလုပ် ချင်တဲ့ လူကို အလုပ်လုပ်ချင်လာ အောင်ပြောဆိုရတာပါ ၊ ပထမဦးဆုံး အလုပ် ခန့်အပ်ခံရသူက တော့ ကမ္ဘာ့အစကား အပြောအကောင်းဆုံး ပုဂ္ဂိုလ်ကြီး ချားရွတ်ပါ ။ ဆိုလိုတာက စကားပြော တတ်တဲ့ လူတွေအတွက် စကားဟာ ငွေကို သန်းချီအောင် ရှာပေးနိုင်တယ်လို့ သိစေလိုတာပါ ။

အခုလဲ အော်ပရာဝင်းဖေး လုပ်တဲ့အလုပ်အကိုင်က အမေရိကန် ရုပ်မြင်သံကြား အစီအစဉ်များမှာ Talk Shows များဖြစ်ပြီး လူကြိုက်များလှပါတယ်။ အစီအစဉ်တင်ဆက်သူတစ်ဦးက ဦးဆောင်ပြီး ဖိတ်ကြား ထားတဲ့ ဧည့်သည်များနဲ့ စကားဝိုင်း လေးတစ်ခု ဖန်တီးပြီး ၀ိုင်းဝန်း ဆွေးနွေး ကြ တဲ့ အစီ အစဉ်ကို Talk Show လို့ ခေါ်ပါတယ်။ ဆွေးနွေးကြတာတွေကတော့ လူတွေကို စိတ်ဓာတ်အားမြှင့်ပေးတဲ့ ခေါင်းစဉ်မျိုးတွေ၊ လူမှုပြဿနာတွေ၊ မိသားစု ပြဿနာတွေ စတာ တွေဖြစ်ပြီး အစီအစဉ် တင်ဆက်သူရဲ့တင်ပြမှုကောင်းပုံ ဟာသဥာဏ်ရွှင်ပုံတို့ အပေါ်မှာ မူတည်ပြီး ထိုစကားဝိုင်းများသည် နာမည်ကြီးလာတတ်ပါတယ်။ ထိုသူများထဲမှ လူမည်း တစ်ဦး ဖြစ်သူ အော်ပရာဝင်းဖရေးသည် ထူးထူးခြားခြား ဘ၀ကိုရုန်းကန်ကာ အောင်မြင်လာသူတစ်ဦး ဖြစ်ပါ တယ်။သူဟာ ချီကာဂို(Chicago) ကို ၁၉၈၃ ပြောင်းရွှေ့နေထိုင်ချိန်က စလို့ AM Chicago ရုပ်သံ လိုင်းမှာ မနက်ပိုင်း Talk Show တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ လအနည်း ငယ်အ တွင်း မှာပင် အခြားသူများ၏ Talk Show များထက် ပိုမိုအောင်မြင်လာခဲ့တယ်။ အဲဒီ အချိန် ကစပြီး Oprah Winfrey Show လို့ နာမည်ကျော်ကြားလာခဲ့ပါတယ်။

အဲသလောက် ချမ်းသာ ပြီး အဲသလောက် အောင်မြင်လာတဲ့ လူတွေမှာ ၀မ်းနည်းစရာ အတိက်က အရိပ်မဲ တွေရှိစမြဲပါ ၊ အတိက်က ပေးတဲ့ သင်္ခန်းစာ တွေကို အနာဂတ် ရဲ့နမူနာ အဖြစ် ခံယူကျင့် သုံးပြီး ဘ၀ကို အောင်မြင်စွာ ရုန်းကန်နေတဲ့ အမျိုးသမီး တဦးရဲ့ အတိက်ပုံရိပ်လေး တွေက ဒီလိုလေးရယ် ပါ… (Oprah Winfrey) အော်ပရာဝင်းဖရေးကို ၁၉၅၄ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့၌ မစ္စစပီနယ်ရှိ ကော့စ်စီးယပ်ကိုမြို့တွင် အလွန်ဆင်းရဲသော လူမည်းမိသားစုတစ်စုမှ မွေးဖွားခဲ့တယ် ။ အမေဖြစ်သူ ဗာနစ်တာလီ က အိမ်ဖော်တစ်ယောက်ဖြစ်ပြီးတော့ အဖေဖြစ်သူ ဗာနွန်ဝင်းဖရေးက စစ်သားတစ် ယောက်ဖြစ်တယ်။ အော်ပရာဝင်းဖရေး ကို ကိုယ်ဝန်ရချိန်၌ မိဘနှစ်ပါးက ဆယ် ကျော် သက်အရွယ်သာရှိသေးတယ်။ သူ့ကိုမွေးဖွားပြီးမကြာခင်မှာပဲ မိဘနှစ်ပါးက လမ်းခွဲ ခဲ့ကြတယ်။ သူ့အဖေက နောက်ပိုင်းမှာ စစ်တပ်ကနားပြီး ဆံပင်ညှပ်တဲ့သူ လုပ်နေတယ်။ ငယ်ငယ် က အော်ပါ့ (Orpah) လို့ မှည့်ထားပေမယ့် သူငယ်ချင်းတွေ အိမ်သားတွေက Oprah လို့ခေါ်ရင်း အော်ပရာ (Oprah) လို့ အမည်တွင်သွားတယ်လို့သူက ပြောပြတယ်။


သူ့အမေက သူ့ကိုမွေးဖွားပြီးချိန်မှာ နိုင်ငံမြောက်ပိုင်းကို ခရီးထွက်သွားတယ်။ ဒါကြောင့်မို့ အဖွားဖြစ်သူ ဟတ်တိုင်းအယ်လီနှင့် ခြောက်နှစ်အရွယ်ထိ နေထိုင်ခဲ့ရတယ်။ သူ့အဖွားကလည်း အလွန်ဆင်းရဲတယ်။ ၀င်းဖရေးအတွက်အင်္ကျီကို အာလူးသီးထည့်တဲ့ ဂုန်နီအိတ်များနဲ့ ချူပ် ပေးတယ်။ အဲဒီအင်္ကျီတွေကိုဝတ်ထားတဲ့ ၀င်းဖရေးကို အခြားကလေးငယ်များက နောက် ပြောင်ကြ တယ်။ အဖွားက ၀င်းဖရေးကို သုံးနှစ်သား အရွယ်ကတည်းက စာဖတ်ဖို့သင်ပေးခဲ့ တယ်။ အနီးနားရှိ ဘုရားရှိခိုးကျောင်းသို့ ခေါ်သွားတယ်။ ဘုရားကျောင်းရှိသူတွေက ၀င်ဖရေးရဲ့ သမ္မာကျမ်းစာကို သံနေသံထား မှန်မှန် သာယာနာပျော်ဖွယ် ရွတ်ဆိုတတ်လို့ “တရားဟော ဆ ရာလေး”ဟု ချစ်စနိုး ခေါ်ကြတယ်။ အဖွားက ကြိမ်တုတ်လေးတစ်ချောင်းကို ကိုင်တတ်ပြီး ၀င်းဖ ရေး ဘုရားစာမရွတ်ဆိုဘဲ အမှားတစ်ခုခုလုပ်လျင် ၀င်ဖရေးကို ရိုက်တတ်တယ်။


ဝင်းဖရေး အသက် ၆ နှစ်ရောက်တော့ အမေဖြစ်တဲ့ဗာနစ်တာ ပြန်ရောက်လာပြီး အဖွား နေအိမ်ကနေ ၀စ်ကွန်ဆင်း (Wisconsin) ပြည်နယ်ထဲမှာရှိတဲ့ မေ၀ယ်ကီးမြို့(Milwaukee)ကို ခေါ် လာတယ်။ သူ့အမေက အိမ်ဖော်အဖြစ် တနေကုန်နီးပါး အလုပ်လုပ် ရတာကြောင့်မို့ သူ့အဖွား လောက် ဂရုမစိုက်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ အုပ်ထိန်းမှုကင်းမဲ့နေတဲ့ ကလေးငယ် ၀င်းဖရေးဟာ အသက် ၉ နှစ်အရွယ်မှာ ၀မ်းကွဲအကိုတွေ၊ ဦးလေးတွေ၊ ယောက်ျားလေး သူငယ်ချင်းတွေရဲ့ အ နိုင်ကျင့်မှုကို ခံခဲ့ရတယ်။


ဆင်းရဲပြီး ဆိုးရွားလှတဲ့ နေ့ရက်တွေကို ရင်ဆိုင်နေရစဉ်မှာပင် ၀င်းဖရေးက စာကြိုးစားတယ်။ အတန်းတွေမှာစာတော်လို့ တစ်တန်းပြီးတစ်တန်း ကျော်ပြီးတက်ရတယ်။ ဆရာဆရာမတွေက ၀င်း ဖရေးကို စာတော်ပြီးသွက်လက်ချက်ချာလို့ ချစ်ကြတယ်။ အသက် ၁၃ နှစ်မှာ အထက် တန်း ကျောင်းတစ်ခုကို တက်ရောက်ဖို့အတွက် ပညာသင်ဆု ချီးမြှင့်ခံရတယ်။ နှစ်ပေါင်းများစွာ အနိုင် ကျင့်ခံခဲ့ရတဲ့ဝင်းဖရေးဟာ အပျိုပေါက်ဖြစ်နေတဲ့ ၁၃ နှစ်အရွယ်မှာပဲ အိမ်ကထွက်ပြေးခဲ့တယ်။ ဒါပေမယ့် အနိုင်ကျင့်မှု ၊ အဓ္ဓမကျင့်မှုတွေကြောင့် အပျိုဖော်ဝင်ကာစ ၀င်းဖရေးမှာ ရင်သွေးငယ်ကို လွယ်ခဲ့ရတယ်။ အသက် ၁၄ နှစ်မှာ ကလေးမွေးခဲ့ပေမယ့် အဖတ်မတင်ဖြစ်ခဲ့ရတယ်။ အဲဒီလို အဖြစ်အပျက်တွေ ဖြစ်ပြီးတဲ့နောက်မှာ သူ့ အမေက၀င်းဖရေးကို တန်နက်စ် ဆီး  ပြည် နယ် (Tennessee) ၊ နက်ခ်ျဗီလာ (Nashville) မှာနေတဲ့ ၀င်းဖရေးရဲ့အဖေ ဗာနွန်ဝင်းဖရေးဆီသို့ လွှတ်လိုက်တယ်။ သူ့အဖေက စည်းစနစ်ကြီးပြီး ပညာရေးကို အားပေးလို့ ၀င်းဖရေးရဲ့ဘ၀ဟာ အပြောင်းအလဲတစ်ရပ် ဖြစ်လာတယ်။

EastNashvilleအထက်တန်း ကျောင်းမှာတက်ရောက် ခွင့်ရရှိခဲ့ပြီးစာ တော်လို့ဂုဏ် ထူးဆောင် ကျောင်းသူအဖြစ်သတ်မှတ်ခြင်းခံခဲ့တယ်။ သူက ကျောင်းရဲ့ ကျပန်းစကားပြောအဖွဲ့ (Speech Team) မှာ အထင်ရှားဆုံးကျောင်းသူ ဖြစ်လာခဲ့တယ်။ စကားပြောပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများကိုရရှိခဲ့တယ်။ Tennessee State University ရဲ့ ပညာသင်ဆုရရှိခဲ့တယ်။ အသက် ၁၇ နှစ် အရွယ်မှာ လူမည်းအလှမယ် (Miss BlackTennesseeBeauty Pagent အဖြစ်ရွေး ခံရ တယ် အဲဒီ အချိန်မှာပဲ ပြည်တွင်း ရေဒီယိုသတင်း ဌာနတစ်ခုဖြစ်တဲ့ WVOLကအလုပ်လုပ်ဖို့ ကမ်းလှမ်း လာခဲ့တယ် ထိုသတင်းဌာန မှာပဲအထက်တန်း နှင့်ကောလိပ်ကျောင်း သားဘ၀ စာသင် နှစ် ၂နှစ်တွင်လုပ်ကိုင် ခဲ့တယ်သူကအသက်အငယ်ဆုံးနဲ့ပထမဆုံးလူမည်းအသံလွှင့်သူ တစ်ဦး ဖြစ် လာတယ်။
သတင်းဌာနမှာ အလုပ်လုပ် ကိုင်တော့ အဖွားဖြစ် သူကတအံ တသြမဖြစ်ခဲ့ ဘူးလို့ ဆိုတယ် ၀င်း ဖရေးက ငယ်ငယ်က တည်းက  စကားပြော  တတ်တယ် စင်ပေါ်မှာ လည်းရဲရဲ  တင်းတင်းပြော တတ်တယ်လို့ အဖွားက ပြောတယ် ငယ်ငယ်က အင်တာဗျူး အမေးအဖြေ ကစားတမ်းများ ကစား ခဲ့တယ်လို့လည်း ပြောတယ်။ သူအခုလိုအောင်မြင်တာဟာ အဖွားရဲ့အားပေးမှု တွေကြောင့်လို့ ၀င်းဖရေးက ပြောပါတယ်။ “အဖွားက အကောင်းမြင်ဖို့ ကျွန်မကို သင်ပေးခဲ့တယ်”။ ကလေးငယ်များကို လိင်အဓမ္မ ကျင့်မှုနှင့်သက်ဆိုင်တဲ့ ဆွေးနွေးပွဲမှာ သူဟာ သူရဲ့ငယ်ဘ၀က အ ဓမ္မကျင့် ခံရမှုများကိုတင်ပြပြီး ဆွေးနွေးခဲ့ပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်၊ မိန်းက လေးငယ်များကို စိတ်ဓာတ် ရေးရာမြှင့် တင်ပေးဖို့ ဆွေးနွေး အကြံပြုခဲ့ပါတယ်။

မှတ်ချက်……..။
ဒါကတော့ ၀င်းဖရေးရဲ့ ကိုယ်ရေးအချက်အလက် တချို့သာဖြစ်ပါတယ် ၊ ဒီစာလေးက တကယ်တော့ ကျွန်တော် မစ္စတာ ငွေလမင်း ရေးသားထားတဲ့ စာမဟုတ်ပါဘူး ၊ မစ္စစ် ငွေလမင်းရဲ့ မေးလ်ထဲက ဖော်ဝက်မေးလ်တစ်စောင် ဖြစ်ပါတယ် ၊ ကျွန်တော် က မစ္စစ်ရေ ဒါလေးကို မတင် ချင်ဘူးကွာ အခြားဘလော့တွေ မှာရှိနေရင် ဒို့ငွေလမင်း ဘလော့ကကူးယူတယ်ထင်ပြီး လူအထင်သေး သွားပါလိမ့်လို့ ပြောတော့ မစ္စစ်ငွေလ မင်းက ဆီလျှော်အောင် ပြန်ရေးပါလို့ ပြောပါတယ် ၊ ကျွန် တော် လဲသေသေ ချာချာ ဖတ်ကြည့်ပြီး အင်တာနက် မှာ ရှာကြည့်တော့  ၀င်းဖရေးရဲ့ ဘ၀ဇာတ် ကြောင်းဟာ စိတ်ဝင် စားစရာ ကောင်းတာကို တွေ့ရပါတယ် ၊ ကျွန်တော့ဘ၀ မှာလဲ သူငယ်ချင်းမ တစ်ယောက်ဟာ ချစ်သူ တုချစ်သူယောင် တစ်ယောက်ရဲ့ လိင်မှုဆိုင်ရာ စော်ကားမှုခံ ရပြီး လူ့ငရဲမှာ ခလေးသုံး ယောက်နဲ့ ဒုက္ခများနေတာကို ကိုယ့်တွေ့ ကြုံခဲ့ဖူးပါတယ် ၊ မြန်မာ အမျိုးသမီးလေး များဟာ အရှက်ကို အသက်တင်မက ဘဲအငတ်ခံပြီးထိ ကာကွယ်ရမယ် ဆိုတဲ့ မှားယွင်းတဲ့ အယူအဆ တွေကြောင့် မြန်မာ မိန်းခလေးငယ် တချို့ လင်ဆိုးလင်ပေ တွေကို ဆင်းရဲဒုက္ခခံပြီး ပေါင်းသင်းနေထိုင် နေရတာကို တွေ့မြင်မှိပါတယ် ၊ တကယ်တန်းတော့ ဗုဒ္ဓတရားတော် များအရ လူဟာ အတိက်ကံကြောင့် မကောင်းတဲ့ အကျိုးပေးခံရ တဲ့သဘောမျှ သာပါဘဲ ၊ ဒါကိုရဲရဲ ၀င့်ဝင့်နဲ့ ရင်ဆိုင်ပြီး ၊ ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့  လုပ်သင့်လုပ်ထိုက် တာကို ဆက်လက်လုပ်ကိုင် သွားရင် ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတစ်ခုဟာ ရတတ်စမြဲလို့ ယုံကြည်ပါတယ် ၊ ၀င်းဖရေးလို  ကမ္ဘာကျော် သန်းကြွယ်သူဋ္ဌေး မကြီးတစ်ယောက်တောင် ဒီလိုလိင်မှု့ဆိုင်ရာ အနိုင် ကျင့်မှု ကိုလူ သိရှင်ရှား ထုတ်ဖော်ပြီး  Talk Show ပြောနိုင်သေးရင် ၊ လိင်မှုဆိုင်ရာ စော်ကားခံရတဲ့ မြန်မာ မိန်းခလေး တချို့က ဘာကြောင့် စော်ကားသူနဲ့ ပေါင်းသင်းနေထိုင် ရမှာလဲဆိုတဲ့ အတွေးမျိုးလေး လဲဝင်လာ ပါတယ် ၊ ဒီပိုစ့်ကို ဖတ်မှိခဲ့တဲ့ တစ်စုံတစ်ယောက်ဟာ ၀င်းဖရေးလို ကြုံခဲ့ဖူးတယ် ဆိုရင် ၊ ၀င်းဖရေးလို ဘဲ ဘ၀ကို အရှုံးမပေးဘဲ ရဲရဲဝင့်ဝင့် ရင်ဆိုင်သွား နိုင်ပါစေ ဆိုတဲ့ စေတနာနဲ့ ဒီအကြောင်း လေးကို ပြန်လည်ရေးသား မျှဝေရခြင်းဖြစ်ပါတယ် ၊ လေရှည်တယ်လို့ မထင်ပါနဲ့ (မစ္စစ်ငွေလမင်းက ရေးခိုင်းလို့ပါ ရေးချင်လို့ မဟုတ်ပါဘူး ) စာရှုသူအားလုံး ကိုယ်စိတ်နှစ်ပါး ကျမ်းမာ ချမ်းသာပါစေ ကြောင်း မစ္စတာငွေလမင်းနဲ့ မစ္စစ် ငွေလမင်းတို့က ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ။









Saturday, September 25, 2010

အာရှတိုက်ရဲ့ ကြယ်ပွင့်လေးများ Tiger Girls Band

မြန်မာ့ ကျား ဆိုတာ အလယ်ကောင်က ကောင်ကြီးကိုပြောတာ

မြန်မာကျားဆိုပြီး ကိုက်တဲ့ အကောင်မလို့ မှတ်လိုက်ကြပါနဲ့ ၊ ဒီကျားလေးတွေက မကိုက်တတ်ပါဘူး ချစ်ဘို့ တောင်ကောင်းသေးတယ်လို့ ဆိုပါတယ် ၊ ယနေ့ ကမ္ဘာမှာ ၁၉၅၀ နောက်ပိုင်း ဂီတပညာရှင်တွေ ဟာတစ်ကိုယ်တော်ထက် အုပ်စုဖွဲ့ပြီး ပရိတ်သတ်ကို ဆွဲဆောင်လာ ခဲ့ကြတာ အားလုံးသတိထားမှိမှာပါ ၊ အဲဒီထဲမှာ ကမ္ဘာ့နိုင်ငံတွေထဲက နိုင်ငံတခုဖြစ်တဲ့ ကျွန်တော် တို့ရဲ့ မြန်မာနိုင်ငံမှာလဲ ၂၀၀၀ခုနှစ် နောက်ပိုင်းမှာ ၊ ၀ါသနာတူ အမျိုးစားတူ ဂီတပညာရှင် ကြီးငယ်တို့ဟာ အုပ်စုလေးတွေ ဖွဲ့ပြီး ပရိတ်သတ်တွေကို ဆွဲဆောင်လာကြပါတယ် ၊ ဒါပေမဲ့ သီချင်းတွေက တော့ ကော်ပီတွေသာ များတတ်ကြပါတယ် ၊ အင်္ဂလိပ်လို သီဆိုနိုင်မှုကိုလဲ သိပ်မတွေ့ ရပါဘူး ၊ အောင်မြင်မှုအနေနဲ့ ပြောရရင်လဲ မြန်မာ နိုင်ငံတွင်းမှာတောင် တောရော မြို့ပါ ၊ မသိသူတွေ ရှိကြသေးလို့ ၊ နေ့မြင်ညပျောက်ဆို တဲ့သင်္ခါရ လောကရဲ့ ဒဏ်ကို ပြင်းထန်စွာ ခံစားရပေသမို့ ၊ မကြာခဏဆိုသလို အကွဲအပြဲလေး တွေရှိပြီး နောက်ဆုံးနိဂုံး ချုပ်မှာတော့ အဖွဲ့ပျက်ပြီး ၊ တစ်ကိုယ်တော်တွေ ဘဲဖြစ်သွားကြတာကို တွေ့မြင်မှိကြမှာပါ ။

မြန်မာ နိုင်ငံမှာ ကနဦးက ရှိနေခဲ့တဲ့ အုပ်စုလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တော်တော် များများဟာ  စနစ်တကျ သင်ယူလေ့လာ ထားတာမရှိဘဲ သူများလုပ်တဲ့ အတိုင်းလိုက် လိုက် လုပ်နေကြတာမို့ အက ကနေစပြီး ကီးတွေ ဟာမိုနီတွေ Performance တွေအထိ ၊ အလွဲလွဲ ချော် ချော် ဖြစ်နေကြတာကို Music Performance နဲ့ ကျောင်းပြီး ထားသူတွေ သတိထားမှိကြမှာပါ ၊ ဒီကျား မလေးတွေ အဖွဲ့မှာတော့ ၊ Sound Impact Production ရဲ့ အဆိုတော်တစ်ဦးဖြစ်သလို Dancer တစ်ဦးလည်းဖြစ်တဲ့ Australia နိုင်ငံသူ နိုင်ငံတကာ အဆင့် ဖျော်ဖြေမှု သရုပ်ပြ (Performance) သင်တန်း ဆရာမ International Trainer,တစ်ဦး ဖြစ်တဲ့ Nicole May ကိုယ်တိုင်က လေ့ကျင့် သင်ကြားပေးနေတာမို့ ၊ အဲသလို အမှားတွေကင်းပြီး စည်းကမ်းကျန တဲ့ ဂီတရသ ကိုခံစားနိုင်ပါတယ် ။

ဒီ Tiger Girls အဖွဲ့လေးကို ၊ တည်ထောင် ရခြင်းရဲ့ ရီရွယ်ချက်နဲ့ ပတ်သက်ပြီး Sound Impact Productionမှ Creative Manager ကိုသက်ပိုင်ဖြိုးက ဒီလိုလေးပြောပါတယ် ၊“အခွေထုတ်လို့ရလာတဲ့ အကျိုးအမြတ်တွေကို မိဘမဲ့ကလေးတွေကို လှူဒါန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းဝါသနာ ပါတဲ့ အဆိုတော်သစ်တွေ လမ်းကြောင်းလေးတခု ရသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ပရိုဂျူဆာက အခုလို စီစဉ်ခဲ့တာ”ပါလို့ အလင်းတန်းဂျာနယ်ကို ပြောပါတယ် ၊ Tiger Girls အဖွဲ့ကို City FM ရဲ့ မှာ ဖျော်ဖြေရေး ကဏ္ဍ တခုကို တာဝန်ယူတင်ဆက်နေသည့် Sound Impact Production ကုမ္ပဏီနှင့် Australia မှ International Performance & Trainer Nicole May တို့ ပူးပေါင်း၍ ဖွဲ့စည်း ထားခြင်းဖြစ်ပါတယ် ယင်းTiger Girls အဖွဲ့ကို ဖွဲ့စည်းရန်အတွက် အဆို ပြိုင်ပွဲ ၀င်ရန်လျှောက်လွှာများခေါ်ယူခဲ့ပြီး အဆင့် ၃ ဆင့် သတ်မှတ်ကာ ယှဉ်ပြိုင်စေခဲ့တာပါ ၊ သီဆိုယှဉ်ပြိုင် သူများထဲမှ ပထမဆင့် လူ ၁၀၀ ၊ ဒုတိယဆင့် လူ၂၀ ၊ နောက်ဆုံးအဆင့်  ၅ ဦး ကို ဇန်နဝါရီလက လူတွေ့စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီလမှာ ကျားမလေး(၅)ဦးကို အပြီးသတ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အရွေးခံရတဲ့ ကောင်မလေး (၅)ဦးကို လူရွေးပွဲပြီးတဲ့ အချိန်ကစလို့ ဒီကနေ့အထိ နေ့တိုင်းနီးပါး ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မကြီးကြီးလမ်းမှာ ရှိတဲ့ ကိုယ်ပိုင် စတူဒီယိုမှာ၊ အဆိုအကများကို သင်တန်းပေးပြီး လေ့ကျင့်ပေးနေတာ ဖြစ်ပါတယ်“နိုင်ငံခြားသူက အဓိက အဆိုပိုင်းရယ်၊ အကပိုင်းရယ်ကို သင်ပေးတာပါ။ ဒီအဖွဲ့လေးကို ပရိသတ်နဲ့ ရင်းနှီးအောင်ဆိုပြီး သင်္ကြန်သီချင်း၂ ပုဒ် အပါအ၀င် အချစ်သီချင်း တပုဒ် စုစုပေါင်း ၃ ပုဒ်ကို အွန်လိုင်းကတဆင့် ရန်ကုန်လမ်းညွှန်၊ မန္တလေး လမ်းညွှန် စာမျက်နှာမှာ အခမဲ့ ဝေခဲ့တယ်”ဟု မန်နေဂျာ ကိုသက်ပိုင်က အလင်း တန်းကို ပြောပြပါတယ်။

နိုင်ငံခြားသူ ဆရာမရဲ့ သင်ကြားမှုနဲ့ပတ်သက်ပြီး တော့ Tiger Girls ထဲကထိုက်ထိုက် လို့ခေါ်တဲ့  Electro tigerက ဒီလိုလေး ပြောပါတယ် “သင်ပေးတဲ့ သူက နိုင်ငံခြားသူ ဖြစ်တော့  မြန်မာတွေအမြင်နဲ့ ကြည့်ရင် ရိုင်းသွားတာမျိုးတွေရှိတယ်။ သူက အရမ်း လှုပ်ပြ ချင်တဲ့ အခါကျတော့ ပရိသတ်အားပေးမှုထက် လက်ခံမှုရဖို့ ခက်သွားနိုင်တဲ့ အခြေအနေမှာရှိတယ်။ အဲဒီအပိုင်းမှာ သူ့ကို နားလည်အောင် ရှင်းပြပြီး ညှိရတာတွေရှိတယ်”လို့ဆိုပါတယ် ဟုတ်မှာပေါ့ နိုင်ငံ ခြားသူဆိုတာ က သိတဲ့အတိုင်း ဘဲလေ အလှုတ်တအား ကြမ်းတာကိုး မြန်မာတွေက ခုမှ နဖူးတွေ့ဒူး တွေ့မလား ။

Tiger Girls အဖွဲ့မှာ ကောင်မလေး  ၅ယောက်နဲ့ ဖွဲ့စည်းထား ပါတယ် သူတို့ငါးယောက် ရဲ့နာမည် လေးတွေက Electro tiger (ထိုက်ထိုက်)၊ Chilly Tiger(ခေမီ) ၊ Tricky Tiger(ဝေနှင်းခိုင်) Missy Tiger(ဆုပြည့် မှူး အိမ်)နှင့် Baby Tiger(အမွန်း) တို့ ဖြစ်ပါတယ် တစ်ယောက် ခြင်းရဲ့ အနုပညာ ဘ၀  ဖြတ်သန်း စီးဆင်း မှု့က ဒီလိုပါ ။

Electro tiger (ထိုက်ထိုက်)
Electro Tiger ဆိုတဲ့ကောင်မလေးကတော့ ထိုက်ထိုက်ဆိုတဲ့ကောင်မလေးဖြစ် ပါတယ်။ Electro ဆိုတဲ့စကားလုံးနဲ့လိုက်အောင် သူမရဲ့ Performance တွေကို ပရိသတ်များ ရင်သပ်ရှုမောအောင် ခံစားကြရမှာဖြစ်ပါတယ်။ သူမကလည်း Myanmar Super Star Singing Contest ရဲ့ Member တစ်ဦးအနေနဲ့ သီချင်းတွေသီဆိုပြီး အနုပညာ လှုပ်ရှားမှုတွေကို လုပ်နေသူတစ်ဦးဖြစ်ပါတယ်။ ရုပ်မြင်သံကြားအစီအစဉ်တွေထဲမှာ ပရိသတ် တွေ နှစ်သက်ကြတဲ့ Melody World အစီအစဉ်မှာ ပြိုင်ပွဲဝင်ခဲ့ဖူးသလို ရှင်သန်နေသော သီချင်း Living Songs အစီအစဉ်မှာလည်း သီချင်းတွေကို သီဆိုခဲ့ဖူးပါတယ်။ Graphic Designer နဲ့ English Translater အလုပ်တွေကိုလည်း ဝါသနာပါပြီး လုပ်ကိုင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ 2008 Melody World Ablum နဲ့ Master Thingyan(4) အချမ်းပြေ Ablum တွေထဲမှာ သီချင်းတွေကို ပါဝင်သီဆိုထားသူမို့လို့ သူမရဲ့အသံကိုတော့ပရိသတ်တွေရင်းနှီးပြီးသား ဖြစ်နေမှာဖြစ်ပါတယ်။

Chilly Tiger(ခေမီ)
Chilli Tiger ဆိုတဲ့ကောင်မလေးကတော့ ကင်မီဖြစ်ပြီး ချင်းတိုင်းရင်းသူလေးတစ်ဦး ဖြစ်ပါတယ်။ (၂ဝဝ၅)ခုနှစ်ကစပြီး သီချင်း တွေသီဆိုခဲ့ကာ Dancer အလုပ်ကို စိတ်ဝင်စား တဲ့သူတစ်ဦးဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ် တဲ့သူမဟာ ဘုရားကျောင်းမှာ သီချင်းဆိုခဲ့တဲ့ အတွေ့အကြုံ တွေနဲ့ပေါင်းစပ်လို့ သီချင်းသီ ဆိုသူတစ်ဦး အနေနဲ့ အနုပညာ အလုပ်တွေကို လုပ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ (၂ဝဝ၉)ခုနှစ် မှာတော့ ချင်းလူမျိုး တွေစုပြီး ထုတ်တဲ့ Ablum မှာ သီချင်းတွေ ဝင်ဆိုထားသူ လေးဖြစ်ပါတယ်။

Tricky Tiger(ဝေနှင်းခိုင်)
Tricky Tiger ဆိုတဲ့ကောင်မလေးကတော့ ဝေနှင်းခိုင်ဖြစ်ပါတယ်။ သူမကတော့ အဖွဲ့ထဲမှာ အကကောင်း သူလေးရယ်လို့ တင်စားလို့ရအောင် အကနဲ့ပတ်သက်ပြီး Talent ရှိတဲ့သူလေး တစ်ယောက်ဖြစ်ပါတယ်။ (၂ဝဝ၅)ခုနှစ်ကတည်းက Rapping Dancer တစ်ဦး အနေနဲ့ အနုပညာ အလုပ်တွေကို အားမာန် အပြည့်နဲ့ လှုပ်ရှားနေတဲ့ သူတစ်ဦး ဖြစ်ပါတယ်။

Missy Tiger(ဆုပြည့် မှူး အိမ်(ခ) ချာချာ)
Missy Tiger လို့ နာမည်ရတဲ့ ကောင်မလေး ကတော့ ချာချာဆို တဲ့ကောင်မလေး ဖြစ်ပါတယ်။ မော်ဒယ် စင်မြင့်ထက်တွေမှာ အရည်အချင်း ရှိသူလေးလို့ နာမည်ရနေပြီး Presenter အနေနဲ့ရော၊ သရုပ်ဆောင် အနေနဲ့ပါ ရပ်တည် နေပြီဖြစ်တဲ့ ကောင်မလေး တစ်ယောက်လည်း ဖြစ်ပါတယ်။ Missy Tiger ကလည်း Myanmar Super Star Singing Contest ရဲ့ Member တစ်ယောက်ဖြစ်ပြီး သီချင်းတွေ သီဆိုနေသူ ဖြစ်ပါတယ်။ မြန်မာအက တွေကိုလည်း ကျွမ်းကျင် ပိုင်နိုင်ပြီး ဆုတွေပိုင် ဆိုင်ဖူးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

Baby Tiger(အမွန်း)
Baby Tiger ဆိုတဲ့ကောင်မလေးရဲ့နာမည်ရင်းက အမွန်းဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့ ကောင်မလေးတစ် ယောက်ဖြစ်ပြီးတော့ အသက်(၄)နှစ်အရွယ် ကတည်းက သီချင်းတွေ လိုက်ဆိုနေ ခဲ့သူလေးဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ Gravity Dancer Group ရဲ့ Member အနေနဲ့ အကနဲ့ပတ်သက်ပြီး လှုပ်ရှားနေ သူလေးတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မော်ဒယ်တစ်ယောက် အနေနဲ့ စင်မြင့် ထက်မှာ လှုပ်ရှားနေသလို Myanmar Super Star Singing Tour ရဲ့ Member အနေနဲ့ မြန်မာပြည် အနှံ့လှည့်လည် သီဆိုဖျော်ဖြေ ပွဲတွေမှာ သီချင်းတွေဆိုရင်း ပရိသတ်နဲ့ထိတွေ့ နေသူလေး တစ်ဦးလည်း ဖြစ်ပါတယ်။ Baby Tiger ဆိုတဲ့ နာမည် လေးနဲ့လိုက်အောင် သူ့ကိုချစ်စရာ ဟန်ပန်လေးနဲ့ တွေ့မြင်ကြရ မှာဖြစ်ပါတယ်။

Sound Impact Production ကုမ္ပဏီနှင့် Australia မှ International Performance & Trainer Nicole May တို့ ပူးပေါင်းပြီး  Tiger Girls အဖွဲ့နဲ့ ဇူလိုင်လ ၂၈ ရက်နေ့ က တိတ်၊ စီဒီ အနေနှင့် ထွက်ရှိခဲ့ပြီးပါပြီ ၊ တေးစီးရီးမှာ Pop ၊ R&B တေးသီချင်း အမျိုးအစားများ ပါဝင်သည့် Year of the Tiger Girls (ကျားမလေးများရဲ့နှစ်) အမည်ရှိ တေးစီးရီး ဖြစ်ပါတယ် ။ ဒီအယ်လ်ဘမ်ထဲမှာ သီချင်းဆယ်ပုဒ်ပါ ၀င်ပါတယ် ၊ သီချင်းအများစုကို LR Chan ကရေးထားတာပါ Little Sister ဆိုတဲ့ အင်္ဂလိပ် သီချင်းကိုတော့ အကနည်းပြနဲ့ Tiger Girls အဖွဲ့ရဲ့ မန်နေဂျာ သြစတြေးလျ နိုင်ငံသူ Nicole May ကရေးထားတာပါ ၊ နားထောင်သွား ကြပါအုံးနော် ။

Tiger Girls အဖွဲ့ဝင်လေးတွေဟာ ဆွဲဆောင်မှုရှိကြပြီး ပင်ကိုယ်ဂီတစွမ်းရည် မြင့်မားကြတဲ့ မိန်းကလေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ သူတို့တစ်တွေရဲ့ ဂီတနဲ့အက ပေါင်းစပ်ထားတဲ့ ဖျော်ဖြေမှုတွေကို မကြာခင် ကာလမှာ  အာရှတလွှား ထိကျော်ကြား လိမ့်မယ်လို့ ထင်မြင်ယူဆ မှိပါတယ် (ကိုယ်ပိုင်အယူဆ ဖြစ်ပါတယ် ) ဒီကျားမလေး(၅)ဦးရဲ့ Tiger Girls Band ဟာ ပရိသတ် တွေရဲ့ ရင်ခွင်ကို ဘယ်လိုထိုး ဖောက်လို့ ဝင်ရောက်လို့လာမလဲဆိုတာ ကိုတော့ စောင့်ကြည့် ကြရဦးမှာပဲ ဖြစ်ပါတယ်။ ဟုတ်ကဲ့ လာရောက်ဖက် ရူသူအပေါင်းကို  ရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ငွေလမင်းမှ  ဆုတောင်း ပေးလိုက်တယ် ။

အယ်ဂျားဇီးယားရုပ်သံမှာ ထုတ်လွှင့်ပြသသွားတဲ့ သတင်းလေးမှာတော့


ဒါကတော့ မင်းအကြောင်း ငါ့အကြောင်း


သူတို့ရဲ့ “ အိမ်မက်” ဆိုတဲ့သီချင်းလေး