Sunday, October 17, 2010

ရတနာနဲ့ မထိုက်တဲ့သူ

အင်တာနက်စာမျက်နှာမှ စာများလျှောက်ဖတ်ရင်း တွေ့လိုက်ရတဲ့ မြင်ကွင်းက နှလုံးနာစရာ အော့အန် ချင်စရာ ၊ ရွံ့ရှာဖွယ်ရာ အတိဖြင့်ပြီးသော သတင်းတစ်ပုဒ်ကို www.suntimes.com မှာဖတ်ရူလိုက် ရပါတယ် ၊ ၂၀၀၉ ခုနှစ်က အမေရိကန်ရောက် မြန်မာဒုက္ခသယ် တစ်ဦးဖြစ်တဲ့ နုနုဆန်း လို့ခေါ်တဲ့ မြန်မာအမျိုးသမီး တစ်ယောက်ဟာ သူ့ညီမ၀မ်းကွဲရဲ့ ယောကျာ်းနဲ့ ရတဲ့ကလေးကို မွေးပြီးပြီးခြင်း ကလေးချက်ကြိုး တောင်မဖြတ်ရသေးဘဲ ချုံထဲမှာ မိုက်ရိုင်းကန်းနစွာ စွန့်ပြစ်ခဲ့လို့ ယခုအမေရိ ကန် အစိုးရက ထောင်ဒဏ်သုံးနှစ် ချလိုက်ပါတယ် ၊ ယခုတော့ သူမှားတယ်လို့ ၀န်ခံတဲ့ အတွက်ကြောင့် အမေရိကန်မှာ ထောင်သုံးနှစ်ချ ခံရတော့မှာဖြစ်ပါတယ် ။
မာတာပိတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟောတဲ့ ၊ လောကမှာ အားလုံး သားသမီးကို မုန်းတယ်လို့ ထုံးမရှိပါဘူးတဲ့ ခင်မျာ ၊ သူ့ကျမှ ချက်ကြိုးတောင်မဖြတ်ရသေးတဲ့ ကလေးကို ဘာကြောင့် လွင့်ပြစ်ခဲ့တာပါလိမ့်နော် ၊ မိခင်ဆိုတာ အနန္တော အနန္တငါးပါး စာရင်းပါဝင်သူတွေပါ ၊ မိဘလို့ ခေါ်ခံရတဲ့ ဂုဏ်ဟာ နဲတဲ့ဂုဏ်အင်မဟုတ်ပါ ၊ အပျိုများ သားသမီးမဲ့သူများမှာ ဒီဂုဏ်အင်္ဂါ မရှိနိုင်ပါ ၊ အမျိုးသမီး တစ်ယောက်ဟာ သားသမီးတစ်ယောက် ရလိုက်တာနဲ့ ဘုရားနဲ့တန်းတူ အခွင့်အရေး ရသွားပါတယ် ၊ သားသည်အမေရဲ့ ဂုဏ်အင်ပါ ၊ မိဘရဲ့ ဂုဏ်ကျေးဇူးဆိုတာ အနှိုင်းမဲ့လို့မို့ အ နန္တလို့တောင် တင်စား ထားရပါတယ် ၊ အဲလိုဂုဏ်အင်တွေ ရတယ်ဆိုတာ ၊ သားသမီးဆိုတဲ့ ရတ နာတွေ ကြောင့်သာပါ ၊ ခပ်ငယ်ငယ် တုန်းက “ဘိုးဘိုး သားသမီးတိုင်း ရတနာလားလို့ မေးတော့ ဟုတ်တယ်တဲ့” ဆိုးတဲ့သားသမီးကို ရထားတဲ့မိဘကလဲ သူ့သားသမီးကို ရတနာလို့ဘဲ ခေါ်ထိုက် တယ်တဲ့ ၊ အဲဒီသားသမီးတွေရှိလို့ အနန္တဆိုတဲ့ ဘွဲ့ကိုရတာတဲ့ ၊ သားသမီးတွေ လိမ်မာမာ ဆိုးဆိုး ၊ မိခင်ဖခင်တွေကတော့ အနန္တဆိုတဲ့ ဘွဲ့ထူးကြီးကို သားသမီးမွေးလိုက်တာနဲ့ ရရှိပါသတဲ့ ၊ အော် ဒီအမျိုးသမီးဟာ အနန္တ ဆိုတဲ့ ဘွဲ့နဲ့ သူမထိုက်တန်တဲ့ သူပါလား ၊ သူ့ကို အနန္တစာရင်း ၀င်ဖြစ်အောင် လုပ်ပေးမဲ့ သားရတနာလေးနဲ့ မထိုက်တန်သူပါလား ။

မိခင်များ အားလုံးကို ငွေလမင်းတို့က အမြဲတမ်းလေးစားလျှက်
အောက်မှာ သတင်းအပြည့်အစုံကို ဖက်ရူကြပါရန်
Wheaton woman gets 3 years for abandoning newborn
October 15, 2010
BY DAN ROZEK Staff Reporter

Nunu Sung so desperately wants to get back the child she abandoned in a neighbor’s yard after secretly giving birth last year that she agreed to serve the maximum, three-year prison term for the offense, her attorney said Friday.
As part of a plea deal with DuPage County prosecutors, Sung — a refugee from Myanmar, formerly Burma — received the sentence after pleading guilty to felony obstruction of justice for lying about giving birth to the infant on June 12, 2009.

Nunu Sung

“She’s taking a very difficult sentence for her to both stay here and eventually reunite with her child,” said DuPage County Public Defender Jeff York.
For their part, prosecutors agreed not to seek to terminate her parental rights to the now 16-month-old child, whom hospital workers named “Joshua” while he was in their care.
The petite, dark-haired Sung, now 25, wept softly throughout the hearing, then was immediately taken into custody after Judge Blanche Fawell imposed the prison term.
Sung, who was free on bond, had been seeing her son weekly in supervised visits since August 2009. He remains in foster care under the supervision of the Illinois Department of Children and Family Services.
Sung understands that she erred in abandoning the baby and agreed to the prison term in hopes it will enable her to ultimately keep her child and her residency in the U.S.
“Trying to get her kid back was her first priority, staying here was her second priority — and her own welfare was her last concern,” York said.
Sung likely will serve more than a year behind bars before being paroled. York said it wasn’t immediately clear if she would be allowed to see her son while she is locked up.
Speaking through a translator, Sung quietly answered “guilty” when asked by the judge to enter a plea during the hearing. She repeatedly dabbed tears from her eyes after the judge handed her a box of tissues early in the sentencing.
Sung fled the unstable, southeast Asian country more than four years ago, then became pregnant while living in Texas, authorities said. She moved to Wheaton in February 2009 to live with a cousin and the cousin's husband, though she hid her pregnancy from them, officials have said.
Sung left her apartment several hours before giving birth, telling her relatives she was going for a walk. They contacted police early on June 12, 2009 to report Sung hadn’t returned home, though officers later found Sung in the apartment.
While she was being questioned by police, a neighbor discovered Sung’s naked, newborn infant — part of the umbilical cord still attached — crying softly under bushes at the edge of his property.
Sung initially denied, but then ultimately admitted giving birth to the youngster, who suffered no serious medical problems despite being abandoned for several hours.








Saturday, October 16, 2010

ဥစ္စာစောင့်နှင့် သိုက်နန်းရှင် (၁)

                                          ထိုင်းလေယာဉ်ကွင်းထဲမှ အယုဒ္ဓယ နဂါးသိုက်နန်း ပုံ


မြန်မာလူမျိုးတစ်ယောက်ကို သိုက်ဆိုတာ တကယ်ရှိသလား ၊ ဥစ္စာစောင့် ဆိုတာရော တကယ်ရှိ သလားလို့ မေးမှိရင်တော့ ဟုတ်ကဲ့ ရှိပါတယ် ၊ ဟင့်အင်း ဒါတွေမရှိပါဘူး ၊ အင်းရှိတယ် လဲမဟုတ် မရှိဘူးလို့လဲ ပြောလို့မရပါဘူး ၊ လူတွေက ရှိတယ်လို့တော့ ပြောဆိုနေကြပါတယ် ၊ အဲလိုပြောဆို တတ်ကြမယ်လို့ ထင်ပါတယ် ၊ ဟုတ်ပါတယ် သိုက်တို့ ဥစ္စာစောင့်တို့ တကယ်ရှိတယ် မရှိဘူးနဲ့ ပတ်သက်ပြီးပြောဆိုရတာဟာ အင်မတန်မှ လက်ဝင်ပါတယ် ၊ ဒီကိစ္စများဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက် အရေးကြီးသော ကိစ္စများတော့မဟုတ်ပါ ၊ သို့သော် ဗဟုသုတ အနေဖြင့် ငယ်စဉ်က ကျွန်တော့ကို ပြောပြတဲ့ အဘိုးရဲ့ အိပ်ယာဝင်ပုံပြင်လေး တွေထဲမှာ သိုက်နန်းရှင်တွေ အ ကြောင်းပါပါလာ ပါတယ် ဘိုးဘိုး “တကယ်ရှိရဲ့လားဗျာ” လို့မေးတော့ တကယ်ရှိတာပေါ့ မြေးရဲ့ ဘိုးဘိုးဆို အသက်၂၅နှစ်လောက်က သိုက်တူးတဲ့ ဆရာတွေနဲ့လိုက်ပြီး တပည့်ခံ သိုက်တူး ဖူးတယ် ၊ ဟုတ်လားဘာတွေရတုန်း ရတာပေါ့  ငွေဒင်္ဂါးပြားတွေ ၊ ဘယ်မှာလဲ ပြ ဆိုတော့ ရောင်းစားပြစ်ပြီလေ နှစ်တွေကြာမှကိုး အဲလိုလေးတွေ မကြာမကြာပြောပြဖူးပါတယ် ။
သိုက်ဆိုတာကို ဘာမှန်းမသိပေမဲ့ ၊ ၇တန်း၈တန်း ကျောင်းသားလောက်ဘ၀မှာ ဆရာကြီး မင်းသိင်္ခရဲ့ ဥစ္စာစောင့်မလေး မြနှင်းဆီ စာအုပ်ကို စဖတ်ပြီး ကျွန်တော် သိုက်အကြောင်းကို စိတ်ဝင်စားမှိသွားပါတယ် ၊ ရန်ကုန်မြို့ထဲက ဗိုလ်တစ်ထောင်ဘုရားဝန်းထဲမှာ မြနန်းနွယ် သိုက် ရှိတယ်ဆိုတာရယ် ၊ မင်္ဂလာဒုံမြို့နယ်က ကျိုက္ကလို့ ကျိုက်ကလဲ့ ဘုရားတွင်းထဲက နဂါးသိုက် ဆို တာရယ် ၊ တွံတေးဗောင်းတော်ချုပ် ဘုရားက ဗောင်းတော်ချုပ် ဘုရားသိုက်ဆိုတာရယ် ၊ သံသဗွတ် ချောင်းထဲက ရွှေဂျိုးဖြူနဲ့ မူလခဲသိုက်ဆိုတာရယ် ၊ ဒေးဇွန်းပါ သိုက်နန်းက မမင်းမှိန် နဲ့ မမင်းရှိန်ဆိုတဲ့ ဥစ္စာစောင့် ညီအစ်မတွေဆိုတာရယ် ကျွန်တော့်ခေါင်းထဲမှာ ချာလည်ပတ်လည် ရိုက်နေပါတယ် ၊ ဘိုးဘိုးကို “သိုက်ဆိုတာ ဘယ်လိုဟာတွေတုန်း” ဘိုးဘိုးလို့ မေးကြည့်တော့ “ဥစ္စာပစ္စည်းတွေကို စောင့်ရှောက်နေရတဲ့ အသူရကာယ်လို့ ခေါ်တဲ့ပြိတ္တာတွေတဲ့ ၊ နဂါးသိုက် ဆိုတာကရော အတူတူဘဲကွယ့် ၊ အရင်ဘ၀ကလူတွေဘဲ သူတို့ပစ္စည်းတွေကိုစွဲလန်းပြီး မကျွတ် မလွတ်ဘဲ ပြန်လည်စောင့်ရှောက်နေရတဲ့ လူတွေ ၊ ဒါမှမဟုတ် ဆိုင်ရာနတ်တွေက ဒီပစ္စည်း တွေကတော့ ဘုရားပိုင်ပစ္စည်းတွေ မင်းတို့တွေစောင့်ရှောက်ကြ လို့အမိန့်ပေးထားလို့ စောင့် ရှောက်နေရတဲ့ နတ်ပြိတ္တာတွေကိုလဲ ဥစ္စာစောင့်လို့ဘဲ ခေါ်ရတယ်မြေးရဲ့” လို့ပြောပါတယ် ။
“ဘိုးဘိုးဒါဆို အသူရကာယ်ပြိတ္တာနဲ့ နတ်ပြိတ္တာ ဘယ်လိုကွာလဲ ဘိုးဘိုးရဲ့”လို့ မေးကြည့်တော့ ၊ အသူရကာယ်ပြိတ္တာတွေက အပါယ်လေးဘုံသားတွေလို့ ဆိုပါတယ် ၊ နတ်ပြိတ္တာဆိုတာကတော့ နတ်စာရင်းဝင် တဲ့ နတ်ပြိတ္တာတွေလို့ဆိုပါတယ် ၊ ကျွန်တော်စာလေး အနည်းငယ်ဖတ်တတ်တဲ့ အကျင့်ရလာတဲ့အခါ ထိုပြိတ္တာနှစ်မျိုးရဲ့ပြဿနာကို ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး ရေးသားပြုစုတဲ့ “စွယ်စုံကျော်ထင် ပုစ္ဆာကျမ်း”မှာ အဲဒီပြဿနာကိုသွားတွေ့ပါတယ် ၊ ပုစ္ဆာနံပါတ် ၄၆၀ပါ မေးထားတဲ့ မေးခွန်းလေးက “လူတို့ပညတ် ၊ လေချွန်နတ် ၊ သည်နတ်ဘယ်ဘုံသွင်းမည် နည်း”လို့မေးထားပါတယ် ၊ ထိုပုစ္ဆာရဲ့အဖြေကို စွယ်စုံကျော်ထင်ကျမ်းရဲ့ စာမျက်နှာ ၃၀၈မှ၃၀၉ထိ ဖြေကြားထားပါတယ် ၊ အဓိပ္ပါယ်ကတော့ နတ်ပြိတ္တာဆိုတာ လူဘ၀မှာတုန်းက မကောင်းမှု့လဲ လုပ်တယ် ၊ ကောင်းမှုလဲလုပ်တယ် အဲလိုလူတွေသေခါနီးလို့ ကုသိုလ်ကောင်းမှုက အားကြီးတယ် ဆိုရင် နတ်ပြည်ခြောက်ထပ်ရဲ့ အောက်ဆုံးနတ်ဘုံဖြစ်တဲ့ စတုမဟာရာဇ် နတ်ဘုံမှာ ဖြစ်တယ် ဆိုပြီး ဖြေကြားထားပါတယ် ၊ သစ်ပင်စောင့်တဲ့ ရုက္ခစိုး ၊ ဗိမ္မာန်စောင့်တဲ့ ဘုမ္မဇိုဇ်း ၊ မြေဘုတ်ဘီလူး ၊ ယက္ခလို့ ခေါ်တဲ့ အပင်မှာ တိုက်၊အိမ်တွေနဲ့ နတ်ကွန်းတို့မှာစောင့်တဲ့ ဘီလူး ၊ ကုမ္ဘာန် စသော နတ်ပြိတ္တာတို့ဟာ စတုမဟာရာဇ်နတ်စာရင်းမှာ သွင်းယူရမယ် ၊ စတုမဟာရာဇ်နတ်လို့ မှတ်ရမယ် လို့ ဆိုပါတယ် ၊ ဒါကတော့ နတ်ပြိတ္တာဆိုတဲ့ အပိုင်းပါ ၊ တစ်ဆက်ထဲမှာဘဲ သပြေကန်ဆရာ တော်ဘုရားကြီး ရေးသားတော်မူတဲ့ ပရိတ်ကြီးနိဿယစာအုပ်မှာ အာဋာနာဋိယ သုတ်နိဿယ မှာ စတုမဟာရာဇ်နတ်ဘုံဟာ နတ်မင်းကြီးလေးပါးရှိတယ်လို့ သိရပါတယ် ၊နတ်မင်းကြီးတွေဟာ ကမ္ဘာကို လေးပိုင်းပိုင်းပြီး အုပ်ချုပ်တယ်လို့ ဆိုပါတယ် ၊ အရှေ့ဘက်ခြမ်း ကို ဓတရဋ္ဌခေါ်တဲ့ နတ်မင်းကြီးက စောင့်ရှောက်ပြီး ဒီကမ္ဘာထဲမှာရှိတဲ့ သူ့ထက်အဆင့်တန်းနိမ့် နတ်များကို အစိုးရတယ်လို့ဆိုပါတယ် ၊ တောင်ဘက်အခြမ်းကိုတော့ ၀ိရုဠက ခေါ်တဲ့ နတ်မင်းကြီးက စောင့် ရှောက်ပြီး ကုမ္ဘာန်နတ်များကို စီမံအုပ်ချုပ်တယ်လို့ ဆိုပါတယ် ၊ အနောက်ခြမ်းကိုတော့ ၀ိရူပက္ခ နတ်မင်းကြီးက ပိုင်ဆိုင်ပြီး နဂါးနဲ့ ဂဠုန်တွေကို အစိုးရတယ်လို့ဆိုပါတယ် ၊ မြောက်အရပ် ကိုတော့ ကုဝေရ နတ်မင်းကြီးကပိုင်ဆိုင်ပြီး အထက်ကဆိုခဲ့တဲ့ ဘီလူးဖုတ်ပြိတ္တာ ရုက္ခစိုး ဘုမ္မဇိုး နတ်တွေကို အစိုးရခါ စီမံခန့်ခွဲတယ်လို့ဆိုပါတယ် ၊ အားလုံးကို အချုပ်အားဖြင့် ဆိုရသော် နတ်ပြိတ္တာများဟာ အသူရကာယ်ပြိတ္တာများနဲ့မတူဘဲ စတုမဟာရာဇ်နတ်ဘုံမှာ အကျုံးဝင်သော နတ်များ ဖြစ်လို့မို့ တရားနာခွင့်ရပါက အရိယာတောင်ဖြစ်နိုင်တဲ့ သူများဖြစ်ပါတယ် ၊ အပါယ်လေး ဘုံဝင် ဖြစ်တဲ့ အသူရကယ် ပြိတ္တာများကတော့ ဆိုင်ရာအကုသိုလ်ကြောင့် အပယ်လေးဘုံ သားများ ဖြစ်တဲ့အတွက်ကြောင့် တရားနာခွင့်ရပါလျှင်လဲ အရိယာမဖြစ်နိုင်တဲ့ အပြင်သရဏံဂုံ ပင်မတည်နိုင် ကြောင်း သပြေကန် ပရိတ်ကြီးနိဿယမှာ ရေးသားထားပါတယ် ၊ ဒီနားမှာ စကားတစ်ရပ်အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုးကွယ်နေတဲ့ အတွင်း၃၇ ၊ အပြင်၃၇ ၊ အရံ၃၇ ဟူသော နတ်များ မှာ ၊ အသူရကာယ်ပြိတ္တာများဖြစ်ပြီး ထိုနတ်များကို ကိုးကွယ်ဆည်းကပ်ပါက ဗုဒ္ဓဘာသာ ပင်မ ဟုတ်တော့ဘဲ မိမိ၌ ရှိသော သရဏံဂုံပင် ပျက်ကြောင်း မေတ္တာရှင် ဆရာတော်အရှင်ဇန၀ရဲ့ “မြတ်သရဏဂုံ ” ဓမ္မဒါန စာအုပ်ငယ်မှာ မှတ်သားနာယူဖူးပါတယ် ။လူတွေဘာကြောင့် သရဏံဂုံ အပျက်ခံပြီး ကိုးကွယ်နေကြပါလိမ့်လို့ ၊ တွေးကြည်မှိဖူးပါတယ် ။
ဥစ္စာစောင့်အကြောင်းကို ပြန်ဆက်ပါ့မယ် ၊ ဥစ္စာစောင့်ဆိုတာ နှစ်မျိုးနှစ်စား ရှိတယ်လို့ ဘိုးဘိုးက ပြောပြပါတယ် ၊ တစ်မျိုးက လူ့ဘ၀က မိမိတို့ မြုပ်နှံထားတဲ့ ရတနာရွှေငွေတွေကို စွဲလန်းပြီးသေလို့ သေတဲ့အခါ ပြိတ္တာဖြစ်ပြီး မိမိဥစ္စာကို မိမိပြန်စောင့်ရတဲ့ အသူရကာယ်ပြိတ္တာမျိုးဖြစ်ပါတယ် ၊ နောက်တစ်မျိုးက ရှေးအဆက်ဆက်က သာသနာပြုမင်းများက သူတို့တည်ထားခဲ့သော ဘုရား ကျောင်းကန် စေတီပုထိုးတွေကို ၊ နောင်တချိန်မှာ ပြိုပျက်ပြီး ပြင်သူမဲ့တဲ့အခါ ပြန်လည်ပြု ပြင်ဖို့ငွေကြေးမပြည့်စုံမှာ စိုးရိမ်တဲ့အတွက် ၊ ဘုရားသော်၎င်း ကျောင်းသော်၎င်း တည်ပြီးတဲ့အခါ ၊ ရတနာ ပစ္စည်းများ နေရာတကျ မြုပ်နှံပြီး နေရာရေးခြစ် စာရေးပြီး ဒီနေရာ ဒီနေရာတွေမှာ ဒီပစ္စည်းတွေ ရှိတယ် ထိုထိုပစ္စည်းတို့ကို တူးဖော်ယူငင်ပြီး ဘုရားဝေယျာဝစ္စ ကျောင်းဝေယျာဝစ္စ တို့ကို ပြုလုပ်ကြပါဟု ဆိုပြီး ရေးသားထားခဲ့တဲ့ စာကိုသိုက်စာဟု ခေါ်ပါတယ် ၊ ထိုသိုက်စာကိုလဲ ထိုထိုရတနာ ပစ္စည်းများနဲ့ ဝေးရာမှာ မြုပ်နှံထားခဲ့တတ်ကြပါတယ် ၊ ဥပမာ ရန်ကုန်က ရွှေတိဂုံ ဘုရားသိုက်စာကို ၊ စစ်ကိုင်းကောင်းမှု့တော်မှာ ထားခဲ့ပြီး ၊ စစ်ကိုင်းကောင်းမှုတော် သိုက်စာကို ရန်ကုန်မှော်ဘီတောထဲက စေတီဟောင်းတစ်ခုမှာ ထားခဲ့ကြပါတယ် ၊ အဲလိုစာတွေကို သိုက်စာလို့ခေါ်ပါတယ် ၊
ရှေးမြန်မာမင်းများဟာ ဗေဒင် ယတြာ ဓာတ်ရိုက် ဓာတ်ဆင် ၊ စနည်း ၊ တဘောင် ၊ သိုက် ၊ ဓာတ် စသော ရိုးရာယုံကြည်မှု အင်မတန်ပြင်းထန်ပါတယ် ၊ မြန်မာမင်းတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ တွေကို လေ့လာကြည့်တဲ့အခါ ၊ လမိုင်းဝန် လို့ခေါ်တဲ့ ၀န်ကြီးတစ်ပါး ခန့်အပ်ထားတာကို တွေ့မြင်နိုင်ပါတယ်၊ ကျက်သရေဆောင် ရွှေစလွယ်ရမင်းကြီး မြင်းမှူးမင်းသား ဦးမောင်မောင်တင်ဟာ သူ့ရဲ့ “ရွှေနန်းတော်သုံးဝေါဟာရ အဘိဓာန်မှာ ” လမိုင်းဝန်ဟူသည် ငါအရှင်တို့ ဇာတာဆန်းလဂ် တို့အလျှောက်ပေါ်ပေါက်သော အရပ်ရပ်ရှိ သိုက်စာ များဖတ်ကြားရခြင်း ၊ ဘုရားတည်ကျောင်းဆောက် စသောကောင်းမှုတော်တို့ကိုပြုရာ တွင်နောင်လာနောင်နှောင်း အရှည် တည်တံ့အောင် စတေးဖို့ရာ စီမံခြင်း ၊ တောင်ပြုန်းပွဲ ၊ ရတနာ့ဂူပွဲ ၊ ပခန်းမင်းကြီးပွဲ စသော အရပ်ရပ် ဗလိနတ်စာ များတင်သွင်းဆက်သရန် ငါဘုရင်မင်းမြတ်ကိုယ်စား စီမံခန့်ခွဲရသူလို့ လမိုင်းဝန်အမိန့်ပြန်တမ်းမှာ ထည့်သွင်းဖော်ပြပါတယ် ၊ လမိုင်းဝန်ဟာ ဘုရင်ကောင်းမှုပြုလုပ်တဲ့ အခါမှာ ဘုရင့်နောက်က လိုက်ပြီး ၊ ဘုရင်ဘုရားတည်ပြီးလို့ နောင်အတွက် လှူပြီဆိုရင် အကြွေးကံသုံးလို့ ခေါ်တဲ့ မြေပေါ်ပစ္စည်းတွေကို လှူဒါန်းပါတယ် လယ်မြေတွေလှူပါတယ် ၊ ထိုလယ်မြေတွေကို စောင့်ရှောက်ဘို့ ထောင်နှစ်ကြီးသမားများ စတဲ့ပြစ်ဒဏ်ကျသူများကို ပြစ်ဒဏ်ပေါ့လျှော့ပြီး ဘုရား ကျွန်ကျောင်းကျွန်လှူတော်မူပါတယ် တရံတခါမှာလဲ ကျေးတော်မျိုး ‘ကျွန်’တော်မျိုးထဲမှ ဘုရား ကျွန်လှူပါတယ် ဒါမှမဟုတ်ရင်လဲ အသည် ကပ်ပါး စသည့်တို့ကို လမိုင်းဝန် တင်ပြချက်ကို ကြည့်ပြီး သင့်တော်သလို ဘုရားကျွန်ကျောင်းကျွန် လှူတန်းတော်မူပါတယ်၊ မြေအောက်မှာ ရတနာတွေ လှူပြီးပြီဆိုရင် ထိုရတနာတွေကို စောင့်ရှောက်ဖို့ ဘုရင့်အမိန့်နဲ့ လမိုင်းဝန်က ထောင်ဒဏ်နှစ်ကြီးသမားများကို သတ်ဖြတ်စတေးတော်မူပြီး အကြွေးကံသုံး ချတော်မူပါတယ် ၊ ထိုထိုကိစ္စအ၀၀ကို ဆောင်ရွက်ရသူမှာ လမိုင်းဝန်ဖြစ်ပါတယ် ၊ လမိုင်းဝန်ဟာ မြေပေါ်မြေအောက် ရတနာတွေလှူဒါန်းပြီးတာနဲ့တပြိုင်နက် သိုက် စာရေးပြီး တစ်နေရာမှာထားရပါတယ် ၊ နောင်လာ နောင်သာများက ထိုထိုသိုက်စာတို့ကို ရပြီး တူးဖော်ယူငင်တာကို သိုက်တူးတယ်လို့ ခေါ်ပါတယ် ။
မြန်မာနိုင်ငံမှာ သိုက်ပေါင်း ကိုးသိန်းကိုသောင်း ကိုးရာကိုးဆယ် ကိုး သိုက်ရှိတယ်လို့ အဘိုးက ပြောပါတယ် ၊ အဘိုးရဲ့ စကားများအရ ထိုထိုသိုက်တို့ကို အုပ်ချုပ်ပြီး စာရင်းဇယား ပြုလုပ်နေတဲ့ သိုက်ချုပ်ဘိုးတော်ကြီး ဆိုတာလဲ ရှိသေးတယ်လို့ ဆိုပါတယ် ၊ သိုက်တွေဟာ ရေသိုက် ကုန်းသိုက် ဆိုပြီး နှစ်မျိုးရှိပါတယ် ၊ နဂါးသိုက်ဟာ ရေသိုက်ဖြစ်ပြီး သံသဗွတ်ချောင်းထဲက ရွှေချိုးဖြုနဲ့ မူလခဲသိုက်အပြင် ဗိုလ်တစ်ထောင်ဘုရား ၀န်းထဲက မြနန်းနွယ်သိုက်ဟာလဲ ရေသိုက် စာရင်းဝင် တယ်လို့ဆိုပါတယ် ၊ ကုန်းပေါ်မှာရှိတဲ့ သိုက်တွေ ထဲမှာ ထူးခြားတဲ့ သိုက်တွေကတော့ ဂျပန်သိုက် ၊ အင်္ဂလိပ်သိုက် လို့ခေါ်တဲ့ စစ်တွင်းက မြုပ်နှံထားခဲ့တဲ့ ရတနာသိုက်တွေလဲ ရှိတယ်လို့ ဆိုပါတယ် ၊ ထိုထိုသိုက်တွေကိုတော့ ကုန်ပစ္စည်းထမ်းဖို့ သယ်ဖို့ ပေါ်တာဆွဲလာတဲ့  လူတွေကို ဂျပန်တွေက ပြစ်သတ် ထားခဲ့ပြီး  အပြစ်ခံရတဲ့ လူတွေဟာ မကျွတ်မလွတ် ဖြစ်နေပြီး ၊ ထိုရတနာတွေကို စောင့်ရှောက်ရတယ်လို့ ဆိုပါတယ် ၊ ဘိုးဘိုးတို့က “ဘာသိုက်တူးတာလဲ လို့မေးတော့ ဘုရားသိုက် မဟုတ်တဲ့ ဟာတွေကို တူးတာလို့ ဆိုပါတယ်” ၊ “ဘုရားသိုက်တွေက များလား”လို့ ကျွန်တော်က မေးတဲ့ အခါ ၊ အဘိုးက အရင်ကဘုရင်တွေ မြေအောက်မှာ ထားပြီး လှူခဲ့တဲ့ ရတနာတွေကို နောင် လူတွေက တူးယူလို့မရတော့ သာသနာစောင့်နတ်မင်းကြီးတွေက သူတို့လက်အောက်မှာ ရှိတဲ့ ဘီလူးတို့ အထက်ကပြောခဲ့ ဟာတွေကိုအစောင့်အဖြစ် လွှတ်ပြီး စောင့်ရှောက်တယ်လို့ဆိုပါတယ်၊ “အခုတော့ ဘုရားသိုက်တွေက များသွားပြီကွယ် ပုဂ္ဂလိကသိုက်တွေ မရှိတော့ဘူး လို့ထင်တာပါဘဲ၊ ဘာလို့ဆိုရင် တချို့မိမိပစ္စည်းကို မိမိပြန်စောင့် ရတဲ့ပြိတ္တာမျိုးတွေက သူ့တို့ဆွေမျိုးတွေကို အိပ်မက်တွေဘာတွေပေးပြီး တူးယူခိုင်းပြီး ကောင်းမှုပြုခိုင်းတယ် ၊ တချို့ ပြိတ္တာတွေက တော့ သူတစ်ပါးပေးတဲ့ အမျှတွေဘာတွေရပြီး ၊ ကျွတ်လွတ်ပြီး ကောင်းမွန်တဲ့ ဘုံဘ၀တွေရောက်ကုန်လို့မို့ ၊ သူ့တို့ပစ္စည်းတွေကို သာသ နာတော်စောင့် နတ်မင်းကြီးများက ဘုရားပိုင်ပစ္စည်းတွေ အဖြစ် သိမ်းယူပြီး သူတို့လက်အောက်က နတ်ပြိတ္တာ တွေကို စောင့်ခိုင်းတယ်” ။
ဘိုးဘိုး “ဒီနတ်မင်းကြီးတွေက ဒီပစ္စည်းတွေကို ဘုရားပိုင်သိမ်းပြီး ဘာလုပ်ကြမှာမို့လဲ” လူ တွေ ပေးလိုက်ပါလား ၊ မဟုတ်ဘူးကွဲ့ သူတို့ဟာလုပ်စရာရှိတယ် ၊ “ဘာလုပ်မှာတုန်းဘိုးဘိုးရဲ့” နတ်တွေက ရတနာတွေကို ၊ ဘိုးဘိုးလဲ ငယ်ငယ်က ဘိုးဘိုးနဲ့ သိုက်အတူတူ တူးခဲ့တဲ့ ဆရာကြီး ကိုမေးဖူးတယ် ၊  သူကဒီလိုပြောတယ် ၊ “ဂေါတမ မြတ်စွာဘုရားရဲ့ အသီတိ သာဝက၀င် ဓူတင် ဧတဒဂ်ရတဲ့ အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးဟာ ယခုအိန္ဒိယ နိုင်ငံအတွင်းက လှိုက်ဂူကြီး တစ်ခုထဲမှာ ၊ ပရိနှိဗ္ဗာန်ပြုတော်မူထားတယ် ၊ သူ့အဓိဋ္ဌာန်အရ အရိမေတ္တယျ မြတ်စွာဘုရား ပွင့်  တော်မူတဲ့ အခါကျမှသာ တေဇောဓာတ်လောင်ကျွမ်းမှာမို့ ၊ အဲဒီတေဇေဓာတ်လောင်တဲ့အခါ နတ်တွေက ဒီရတနာတွေနဲ့ ရှင်မဟာကဿပကိုယ်တော်ကြီးကို ပူဇောဖို့ စုဆောင်းထားတာလို့ ပြောဖူးတယ်ကွဲ့” ၊ ဒါဆိုဒီနတ်တွေက အရိမေတ္တယျ ဘုရားပွင့်တဲ့ အထိ သူတို့က နေနိုင်မှာမို့လား သူတို့က သေတော့ဘူးလား ဘိုးဘိုးရဲ့ ဘယ်သေအုံးမလဲ ငယ်ငယ်လေးရှိအုံးမယ်  သူတို့က။ ဟင် ဘာလို့လဲ ဘိုးဘိုး ၊ ၊ သူတို့နတ်ပြည်တစ်ရက်မှ ဘိုးဘိုးတို့ လူ့ပြည်မှာ နှစ်ငါးဆယ်ကြာတယ်။ ဟင် ဟုတ်လို့လား ဘိုးဘိုးကလဲ ဟုတ်ပါတယ်ကွယ် ၊ ဒါတောင် အနိမ့်ဆုံးနတ်ဘုံကွယ် သူ့အထက်က တာဝတိဲသာ နတ်ပြည်ဆိုရင် လေးနဲ့မြှောက်ယူရတယ် ၊ ယာမာနတ်ပြည်ကို တာဝတိဲသာ နတ် သက်နဲ့ လေးဆမြှောက်ရတယ် အဲလိုဆင့်ကဲဆင့်ကဲ လေးနဲ့မြှောက်ယူရတယ် ဟိုးအထက်က ပရနိမ္မိတ ၀ဿဝတီဘုံထိ အဲလိုမြှောက်ယူရတယ် ။ အို ဘိုးဘိုးကလဲ …။
ဘိုးဘိုး ဒီနေ့တော့ ဘိုးဘိုးပြောပြလို့ နတ်ပြိတ္တာနဲ့ ၊ အသူရကာယ် ပြိတ္တာဆိုတာရယ် ၊ သိုက်အ ကြောင်းရယ်တော့ တီးမှိခေါက်မှိ ရှိပါပြီ ၊ နောက်နေ့ကျမှ ဘိုးဘိုးသိုက်တူးခဲ့တာတွေကို ပြောပြ အုံးသိလား ၊ အခုအိပ်ချင်ပြီ ကောင်းပြီကွယ် အိပ်ပါ ။ ဘိုးဘိုးကို ဦးသုံးကြိမ်ချပြီး ကျွန်တော် ကျွန်တော့်အခန်းမှာ သွားအိပ်လိုက်ပါတော့တယ် ။


                                   ဒုတိယပိုင်း သိုက်တူးခဏ်းကို မျှော်





Thursday, October 14, 2010

ကျွန်တော်နှင့် ဂုန်မင်းမြောင်



သူ့နာမည် ဂုန်မင်းမြောင် လူ့နာမည်မဟုတ် ကျေးရွာတစ်ခု၏ အမည်တည်း ၊ တည်ရာအရပ် ဒေသကတော့ ပဲခူးတိုင်း သာယာဝတီခရိုင် ၊ သာယာဝတီမြို့၏ အရှေ့ဘက်  တစ်မိုင်ကျော်ကျော် ၊ ပြည်ကားလမ်းမကြီးဘေးမှာ ထိုရွာတည်ရှိပါသည် ။ ဂုန်မင်းမြောင်ရွာဟာ ၊ တောင်ရွာမြောက်ရွာ ၊ ရွာမဟူပြီး အပိုင်းသုံးပိုင်း ခွဲထားပါ၏ ၊ ရွာသူရွာသား အများစုဟာ လယ်သမားများနှင့် ၊ ပဲစိုက်တောင်သူအများစု နေထိုင်ရာအိမ်ခြေ ၆၀၀ကျော် တောမကျလွန်း၊ သာယာဝတီမြို့နဲ့ မဝေးလွန်းသည့်နေရာမှာ တည်ရှိပါ၏ ။ သာယာဝတီမြို့ကား သာမန်ညောင်ည မြို့မဟုတ် တိုက်နယ်မြို့တည်း၊ သမိုင်းအစဉ်အလာအရ သုပန္နက ဂဠုန်ဆရာစံ စသော နယ်ချဲ့အင်္ဂလိပ် မင်းတို့သွေးကို လန့်စေတတ်သော သမိုင်းဝင်ပုဂ္ဂိုလ်ကျော်တို့၏ သူပုန်ထရာဒေသပေတည်း ။

ထိုမြို့တွင် ရုံး ၊ ဂတ် ၊ ဆေးရုံ ၊ ထောင် ၊ ဘူတာ ၊ စာတိုက်စသော မြို့အရိပ် မြို့လက္ခဏာ တို့နှင့် ပြည့်စုံသော မြို့ဖြစ်သလို ၊ ထန်းလျှက် ဆန်မှုန့် စသည်တို့ နှင့် မုန့်ကိုထိုးပြီး ဆန်မှုန့်ဖြူး၍ စားသောက်ရသော ကရေကရာ နှင့် အုန်းသီးကို သကြားနှင့် အခဲပြုလုပ်ပြီး အုန်းမောင်ကူး ဟုခေါ်သော ဒေသထွက် မုန့်တို့ဖြင့် ရှေးအစဉ်လာမပျက် တထီးတနန်းရောင်းဝယ်နေကြလို့မို့ “ပုသိမ်မှာ  ဟာလ၀ါ သာယာဝတီမှာ ကရေကရာ” ဟုပြောစမှတ်တွင်သောမြို့ ဖြစ်သည့်အပြင် လွတ်လပ်ရေးခေတ်မှစတင်ပြီး ယနေ့ခေတ်ထိ ခေတ်အဆက်ဆက် စာရေးဆရာကြီးများ ၊ နိုင်ငံ ခေါင်းဆောင်ကြီးများ ၊ ထွက်ရှိရာတိုက်နယ်မြို့ကြီးတခုဖြစ်ပါ၏ ။

ထိုမြို့ကို ကျွန်တော်ရောက်ပါ၏ အကိုအကြီးဆုံးက ဆရာဝန်ဖြစ်ရကား မြို့နယ်ဆရာဝန်ကြီးအဖြစ် အမှုထမ်းရန်၊ သာယာဝတီ ဆေးရုံကြီးသို့ ရာထူးတက် ပြောင်းရွေ့ရန် အမိန့်စာကျပါ၏ ၊ အကိုဖြစ်သူက တကိုယ်ရေ တစ်ကာယ လူပျိုကြီးဖြစ်တော့ သူ့ရတဲ့ အိမ်နဲ့ လူနဲ့မလိုက်လောက် အောင် အိမ်ချောင်လှပေသမို့ ၊ ရန်ကုန်မှာကျန်ရစ်ခဲ့သော မိဘညီကိုများအား အားတာနဲ့ သာယာဝတီကို အရောက်လှမ်းခဲ့ ဘို့ ၊ မကြာမကြာဖုန်းဖြင့် အဘိယာစကပြုပါ၏ ၊ ကျွန်တော်တို့ အိမ်တွင်လဲ အသက် ၈၀ကျော် အဘိုး ၊ မေမေ အလတ်ကောင် ကျွန်တော် ဖေဖေ စသဖြင့် အိမ်မှာ ဘယ်သူကမှ ဘယ်သူ့ကိုထားသွားလို့မရတဲ့ အနေအထားဖြစ်ပါ၏ ၊ အဘိုး၏ ဗာဟိယ ပလိဗောဓ များကို မေမေကတာဝန်ယူဆောင်ရွက်ရခြင်း ၊ ကျွန်တော်က ခွေးနှစ်ကောင်ရဲ့ ဗာဟိယ အ၀၀ကို တာဝန်ယူ ဆောင်ရွက်ရခြင်း ၊ ဖေဖေ ရုံးတက် ၊ အလတ်ကောင် ရုံးတက် စသဖြင့်  တာဝန်ကိုယ်စီရှိကြသဖြင့် အကြီးကောင်ကို လွမ်းသော်လည်း၊ ဘယ်သူမှ ပေါက်ပေါက် မြောက်မြောက် သွားရောက်လည်ပတ်နိုင်ခြင်း မရှိပါချေ ။

ဒီတစ်ပတ်တော့ သွားမယ်ဟေ့ သာယာဝတီကို သောကြာနေ့ ညနေသွားမယ် ၊ ဒီစကားကို စတင် ပြောဆိုသူက ဖေဖေပါ ၊ အားလုံးလဲ ရောက်အောင် အိမ်တာဝန်တွေလဲ မလစ်ဟင်းရအောင် ကျွန် တော်နဲ့ ဖေဖေက ဒီတစ်ပတ် သောကြာနေ့ ညနေသွားမယ် တနင်္ဂနွေနေ့ ညပြန်လာမယ် ၊ နောက် တစ်ပတ် မေမေနဲ့ အလတ်ကောင်နဲ့ သွား စသဖြင့် အားလုံး တညီတညွတ်တည်း ထိုအဆိုကို အတည်ပြုကြသဖြင့် သောကြာနေ့ ညနေမှာ ကျွန်တော်ဟာ  ဖေဖေနှင့် သာယာဝတီကိုသွားဖို့ ဖြစ်လာပါတော့တယ်၊ နေ့လည်ကတည်းက ကျောပိုးအိတ် မှတ်စုစာအုပ် အ၀တ်စားတစ်စုံ ရေဗူး မုန့်ကြွပ် ၊ အကုန်ပြင်ဆင်ပြီးပါပြီ ၊ ညနေဖေဖေက ရုံးကဒရိုင်ဘာ ဦးမြအေး ကိုပါ တပါတည်း ခေါ် ဆောင်ပြီး အိမ်မှာ ထမင်းစားသောက်ပြီး  ကားနှင့်ထွက်လာခဲ့ပါပြီ ။ အိမ်ကစထွက်တော့ ၅း၄၅ သုံးဆယ်မြို့ အနီးက ဥက္ကံမြို့ကို ရောက်တော့ ဥက္ကံဘုရားကြီးပွဲနှင့် ကြုံကြိုက်သဖြင့် ပွဲဈေး ဆင်းလမ်း လျှောက်လိုက်ပါသေး၏ ၊ အဆိုတော်ခင်မောင်တိုး၏ မဇ္စျိမလှိုင်း စတိက်ရှိုးအဖွဲ့  ဒီညတွင်  ထိုဘုရားပွဲ၌ကပြရန် အစီအစဉ် ရှိသော ဟူ၏ ။

တစ်နာရီလောက် အညောင်းပြေ လမ်းလျှောက် အပြီးတွင် ၊ မြန်မာဘီယာ ဆိုင်တခုကို တွေ့သဖြင့် ဖေဖေကို ဘီယာသောကဖို့ တိုက်တွန်းလိုက်ပါ၏ ၊“ ဖေဖေ သောက်ရအောင်လေ” နှစ်ခါ မပြောရပါ အေးကောင်းသားဘဲ  ဟုသာဆိုပါ၏ ၊ ( ကျွန်တော်တို့ ညီကိုအားလုံးတို့သည် ဆယ်တန်း မအောင်ခင်ကတည်းကပင် အရက်မျိုးစုံ ဘီယာမျိုးစုံကို မှီဝဲတတ်ပါသည် ၊ ဖေဖေသင် ပေးတာ ဖြစ်ပါသည် ၊ ယနေ့တိုင်လဲ အခန်းထဲမှာ အရက်တစ်လုံး ဘီယာတစ်စုံတော့ အမြဲရှိပါ၏ ဘီယာဆို တစ်ဗူး အရက်ဆို ၅ ပတ်ထိ ကျော်အောင် မသောက်သုံးဖူးပါ ၊ အိမ်မှာသာ သောက်တတ်ပါ၏ သောက်ချင်တဲ့ အချိန်သောက်ပါ၏ ၊ ဘယ်သူမှမတား မူးလျှင်စာဖတ်ပါ၏ ၊ စကားတစ်ခွန်းမှမပြော  ကိုယ်ဖာသာ နေပါ၏ ၊ ဤအတတ်ပညာ အားလုံးကို အချို့သောသူများ တက္ကသိုလ်တက်မှ သင်ယူတတ်မြောက်ကြပါသော်လည်း ၊ ကျွန်တော်တို့ ညီကိုများမှာ ဆယ်တန်းမအောင်ခင်ကတည်းက အိမ်မှာပင်သင်ယူ တတ်မြောက်ပါ၏ မွေးသဖခင်၏ ကျေးဇူး တည်း ၊ ကျွန်တော် တို့ညီကိုများ အရက်သမားမဖြစ်တာ မူးရင်မရမ်းတတ်တာ သည် ဖေဖေ၏ သဘောထားကြီးခြင်း အုပ်ထိန်းမှု ကျနသေသပ်ခြင်း တို့ကြောင့်ဟု သဘောပေါက်မှိပါ၏ (ဤကား စကားမြွတ်တည်း )
သောက်စားပြီး၊ မူးမူးနဲ့ ကားပေါ် ထိုးအိပ်ပြီး ၊  ကိုကိုကြီး အိမ်ကိုရောက်တော့ ညနှစ်နာရီ ထိုးပါပြီ ၊ ခရီးပန်းလာရင် အပန်းပြေအောင်ဟူသော သဘောနှင့် ညလည်စာနှင့် အရက်ဝိုင်းတည် ခင်းပြန်သဖြင့် ၊ အလိုက်သိလိုက်သည့် သားကြီး သြရသပေတကားဟု ဂုဏ်ယူဝင့်ကြွားသော အပြုံးနှင့် ဒရိုင်ဘာ ဦးမြအေးကို နောက်တစ်ပွဲ စလိုက်ရအောင်ဗျာ လို့ ပြောလိုက်တဲ့  ဖေဖေ စကားနှင့် အပြုံးကို  ယနေ့တိုင်  မမေ့နိုင်ပါသေး ။

သားဖသုံးယောက် စားသောက်ပြီး အနုပညာဘက် ကိုလှည့်လည်ပြန် သဖြင့် အိမ်စောင့်နတ် များ နားညီးရန် အကြောင်းဖန်ပြန်ပါ၏ ၊ ဖေဖေ တယောထိုး အကြီးကောင် စစ်ကိုင်းတောင် သီချင်း လူချွန်လူကောင်း သီချင်း နှစ်ပုဒ်ကို သီဆိုနေသည့်အထိတော့ လူကမှတ်မှိသေးပါ၏ ၊ နောက်ပိုင်း ကိစ္စတစ်ခုမှ မသိတော့ပါ ၊ မိုးလင်းတော့ ကုတင်ပေါ်မှာ ကျွန်တော်ရောက်နေပြီး ညာဘက်မှာ ဖေဖေ ကျောပေးအိပ်နေပါ၏ ၊ အချိန်ကား ဆယ်နာရီ ထိုးလှပါပြီ မျက်နှာသစ် ဖေဖေကိုနိုး အကြီး ကောင်က စနေနေ့လဲ ဆေးရုံကိုသွားရသည်ဟု အိမ်တော်ထိန်းကြီး က ဆိုပါ၏ ။

ပူလိုက်တဲ့ နေခြစ်ခြစ်တောက်လို့ နေ့လည်၂ချက်တီးတော့ အကြီးကောင်ပြန်လာ နေ့လည်စာ စား သူ့ရတဲ့ အိမ်လေးက ပုပုဝိုင်းဝိုင်း ဗိုလ်တဲလိုဟာလေး မှန်တွေနဲ့ အလုံပိတ်ထားသလို အဲယားကွန်း လေးလဲ ရှိပြန်သဖြင့် တကယ့်ဗိုလ်တဲ သဖွယ်ဖြစ်ပါ၏ ၊ ကိုကို လည်စရာပတ်စရာ လေးများ လို့မေးမလို့ စကားတ၀က်ရှိသေး ၊ ဘာမှ မရှိဘူးကွ လည်ချင်ရင် ဟိုမှာ ဆရာစံ ပန်းခြံ ကြွ အဲဒီကို ၊ “အယ်” လက်ညိုးညွန်ရာ ကြည့်လိုက်တော့ ကားလမ်းဘေးက ပန်းခြံကြီး လူတစ် ယောက်မှမတွေ့ ၊ ကိုကိုကြီးရဲ့ အိမ်တော်ထိန်း မောင်သန်းညွန့် ကတော့ သွားရင်သွားလေ ညီလေး ဆိုင်ကယ်နဲ့ လိုက်ပို့မယ် ၊ အောင်မလေးဗျာ ဒီနားနဲ့ ဒီနား ဆိုင်ကယ်နဲ့သွားစရာလား နေပါ ၊ မသွားပါဘူး ၊ ဒါဆိုရင် မနက်ဖြန်ကျွန်တော်နဲ့ ဆရာကြီး နေ့လည်ပိုင်း ထောင်ကို ဆေးသွားစစ်ရမယ် လိုက်မလား ၊ “ဟေ” ဘာထောင်တုန်းဟ ထောင်ကြီးလေ  သာယာ ၀တီထောင် ဆိုတာ မကြားဖူးဘူးလား ၊ အေးကြားဖူးပါတယ် ၊ အဲကိုသွားရမှာ လိုက်မှာလား “ဟ” ကောင်းသပေါ့ လိုက်မယ် ၊ ဒါဆိုဆရာကြီးကို ပြောလိုက်မယ် အေး လိုက်မယ် လို့ပြောလိုက် (သာယာဝတီ ထောင်ထဲ ရောက်ခဲ့ပုံကို ပိုစ့်တစ်ခု သက်သက်ရေးပြီး တင်ပါ့မယ် ) နောက်နေ့ နံနက် ၁၀ နာရီ သွား နေ့လည် ၃နာရီဝန်းကျင် အိမ်ကိုပြန်ရောက်ပြီး ၊ ညနေ ၄း၃၀ မှာကိုကိုကြီး ရဲ့ အိမ်က ထွက်လာခဲ့ပါတယ် ။ ကျွန်တော်တို့ အိမ်ကို ပြန်ရောက်တော့ ည ၁၂နာရီပါ ဒါကတော့ သာယာဝတီမြို့ကို ပထမ တစ်ခေါက် ရောက်ခဲ့စဥ်ကအကြောင်း ဖြစ်ပါတယ် ။

ဒုတိယ တစ်ခေါက်ကတော့ ၊ အကြီးကောင်က အိမ်မှ သူ့ကီးဘုတ်ကို တီးမလို့လာပို့ပါ ဟူ၍ ဖုန်းဆက်သဖြင့် ၊ ထိုကီးဘုတ်ကြီးကို ရန်ကုန် = သာယာဝတီ လှိုင်းကားစီး၍ ကျွန်တော်သွားပို့ ရသောကြောင့် ဒုတိယအကြိမ် သာယာဝတီကို ရောက်ရပြန်၏ ၊ ပထမတစ်ခေါက်ကဲ့သို့ပင် နှင့် ဘာမှ မထူးခြား တစ်ယောက်ထဲ လာတာဖြစ်လို့မို့ ၊ အေးအေး ဆေးဆေးပင် အိမ်တော်ထိန်း မောင်သန်းညွန့်နှင့် ဈေးဝယ်လိုက် ၊ ထမင်းကူချက် ညဘက်သီချင်းဆိုကြ တယောထိုး ပီယာနိုတီး ဟုတ်လို့ ၊ ဒီညလဲ အဆိုတော် ဒေါ်ကြည်အောင်ရဲ့ “သင်္ကန်း ဂုဏ်ရေ ” သီချင်းကို အကြီးကောင် လက်ကျမို့လို့ ကျွန်တော်က ပြန်တပ်ပေးရမယ်ဆိုပြီး ယူလာတဲ့ ကီးဘုတ်ကြီးကို ဟိုခေါက်ဒီခေါက် လုပ်ပြီး အကြီးကောင် ပြန်လာချိန်စောင့်နေမှိပါ၏ ၊ သူပြန်လာတော့ ကိုးနာရီလောက် ရှိပါပြီ ၊ ရေချိုး ညစာစား ပြီးတော့ ၁၀နာရီထိုးပြီ သီချင်းကလဲ စတင်ပါပြီ ၊ ကျွန်တော်က ကီးဘုတ်တီးပါတယ် ၊ အကြီးကောင်က သီချင်းဆိုပါတယ် ။

“နန္ဒမူအခေါင်း န၀ရတ်ပျံပလ္လင် ၊ဖန်ဂူတန်ဆောင်း ဒြဗ်ကမ်းပါးယံတွင်၊ သယမ္ဘူအလောင်း ဆဒ္ဒန်ဆင်ကို ရန်သူအဟောင်း သောနုတ္တိုရ် သဘောယုတ်သမို့ ဤသို့သတ်ရန်ပြင်။ ဟိမ၀န္တာတွင်……………ဟင်ဟင်………… ဒေါက် ဒေါက် ဒေါက် ဆရာကြီး  ဒေါက်ဒေါက်ဒေါက် ဆရာကြီး …………..အာ ဒုက္ခဘဲ ဘာတုန်းဟ တစ်ဒေါက် တစ်ဒေါက်ဒေါက်နဲ့ ။ဤ အသံကား အိမ်တော်ထိန်း ကိုသန်းညွန့်အသံ ပေတည်း ၊ မွေးလူနာတဲ့ ဆရာ ဆေးရုံက လာခေါ်နေတယ် ၊ “ဟာဒီမြို့ရောက် ကတည်းက မွေးလိုက်ရတဲ့ ကလေး ဘာမှကိုမလုပ်ရတော့ လူတွေများ တော်တော်မွေးနိုင်ပါ့ ညဘက်မွေးတာ တော်တော်ဝါသနာ ထုံတဲ့မြို့ဘဲဟေ့@@@@@” မြည်တွန်တောက်တီးပြီး အိမ်ပေါ်မှ ဆင်းသွားပါ၏ ၊ ကျွန်တော်ခမျာ ကီးဘုတ်တစ်လုံးနဲ့ ယောင်ချာချာ ကျန်ရစ်ခဲ့ပြီး ကိုယ့်ဖာသာ တောင်တီး မြောက်တီးနဲ့  အဆုံးမှာတော့ အိပ်ယာညောင်းစောင်းမှာ လှဲလျှောင်းမှိလိုက်ပါ၏ ။

မနက်၁၀နာရီလောက် ထပြီး အိမ်တော်ထိန်းကြီးရဲ့ ကမ္ဘာ့အခါးဆုံး ကော်ဖီကို သုံးဆောင်ပြီး ၊ အိမ်တော်ထိန်းကြီးနဲ့ သာယာဝတီ ဈေးကြီးကိုသွားပြီး ဈေးလိုက်ဝယ် ၊ ပြန်လာကူညီချက်ပြုတ် ပြီး စားသောက် ၊ ဆရာညွန့် ကျွန်တော်လိုက်လည်ချင်တယ် ၊ လည်လေ လိုက်ပို့မှာပေါ့ ဟုတ်ဘူး ဆရာညွန့်ရဲ့ ဒီကတစ်ယောက်ထဲ လိုက်လည်ချင်တာ ၊ ဘယ်ကိုသွားချင်တာတုန်း ရွာကို လိုက်လည်ချင်တယ် ၊ ဒါဆို ဒီကနေ အရှေ့စူးစူးကို သွားသိလား အဲဒီမှာ ရွာတွေရှိတယ် လိုက်လည်လိုက် ၊ အင်း ဟုတ်ပြီ ကျော်ပိုးအိတ်ထဲ ရေဗူးမုန့်နဲ့ ပိုက်ဆံအိတ်လေးထည့်ပြီး ၊ ဘောင်းဘီ ဒူးကျနဲ့ တောမကျမြို့မကျ စတိုင်ဖမ်းပြီး လမ်းလျှောက်ထွက်လာပါ၏ ၊ ဟော ဟိုးမှာ တွေ့ပြီ ဘာကြီးတုန်း အယ် ရေစင်ကြီးဟ ဒီလောက်ဒုထည်ကြီး မားတဲ့ဟာကြီးကို ဆောက်ထားပုံ ကြည့်ရတာ ၊ မြန်မာတွေဆောက်တာ မဟုတ်တန်ရာ ၊ စပ်စုအုံးမှ ဟော ဘုန်းကြီးကျောင်းပါလား ကျောင်းနာမည်က ဂုန်မင်းမြောင် ဘုရားကြီး ကျောင်းတိုက် ၊ ဘုန်းတော်ကြီးဘုရားကို ဦးတင်ပြီး မေးကြည့်ရင်တော့ သိလောက်ကောင်းရဲ့ ၊ စိတ်ကူးကိုအကောင်ထည် ဖော်ဖို့ ဖိနပ်ချွတ်ပြီး ဘုန်းတော်ကြီး ကျောင်းထဲကို ၀င်လာသောအခါ  ၊ ဟဲ့ ဒကာလေး ဘယ်ကတုန်း ရွာထဲကလား ဟုတ်ပါဘူး ဘုန်းဘုန်းဘုရား ၊ တပည့်တော်က သာယာဝတီက ဆရာဝန်ကြီးရဲ့ ညီအရင်းပါ ဟေ ဟုတ်လား ဘာလာလုပ်တာလဲ ကျောင်းကို ၊ ဒီရေစင်ကြီးကို စိတ်ဝင်စားလို့ ဘုရား ဘယ်သူ ဆောက်တာလဲ ဘုရား ၊ မြန်မာတွေဆောက်တာ မဟုတ်ဘူးမလားဘုန်းဘုန်း ၊ မင်းက ဘယ်ကနေ သိလာသလဲ ၊ မဟုတ်ပါဘူး တပည့်တော်မှန်းကြည့်တာပါ ၊  သံတွေကလဲ ကောင်းတယ် မဟုတ်လားဘုရား ၊ သံနဲ့ဆောက်တဲ့ ရေစင်ဆိုလို့ ဒီမှာနဲ့ သာစည်ဘူတာမှာဘဲ တွေ့ဖူးသေးတယ် ၊ ပြောပြပါဘုရား အေးပြောမယ်လေ ငှက်ပျော်သီး မုန့်တွေစား၊ စားပါမယ် ဘုရား ၊ ဒို့ငယ်ငယ်တုန်းက ဆောက်ထားတဲ့ ရေစင်ကြီးကွဲ့ တိတိကျကျတော့ မသိတော့ဘူး ၁၉၆၅ ခုနှစ်က ထင်တယ် ၊ ဗိုလ်ချုပ်ကြီးနေ၀င်းက ဂျပန်နိုင်ငံက ပညာရှင်တွေ နဲ့တိုင်ပင်ပြီး အခု မင်းလာခဲ့တဲ့ ပြည်လမ်းမကြီးကို ဖောက်တယ် ၊ ဒီလမ်းတွေဟာ ဂျပန်တွေ ဖောက်ပေးထားတာ ယနေ့ တိုင် မပျက်သေးဘူး တွေ့လား ၊ မင်းတို့ရန်ကုန်မှာ တစ်လတောင်မခံ ဘူးလမ်းဖောက် တာ ဒီလမ်းဟာ ငါ့အသက်နဲ့ ဆိုရင် ၁၂ဘဲ ငယ်တယ် ၊ တနေ့တနေ့ ကားကြီးကားငယ် အစီးတစ်ထောင်ကျော် ဖြတ်သန်းနေတာ ဘာမှမဖြစ်ဘူး မှန်လှပါဘုရား ၊ တပည့်တော်က ဒီရေစင် ကြီးကိုသိချင်တာ ၊ အေးပါဟ ဒီရေစင်က အဲဒီလမ်းကိုလာဖောက်တဲ့ ဂျပန်အင်ဂျင်နီယာတွေ ၀မ်းလျှောလို့ ရေစင်တည်ပြီး ၊ ရေကျိုချက်သောက်ကြတာလေ ၊ အခုထိကျန်နေတာ အော်တင်ပါ့ ဘုရား ၊ တပည့်တော် ရွာထဲလျှောက်လည်အုံးပါမယ် ဘုန်းဘုန်း အေးသွားလေ ၊ မင်းအကိုကိုလဲ ပြောလိုက် ၊ ငါမုန့်တွေ ကျွေးလိုက်တဲ့အကြောင်း ငါကလာလညဖို့ ဖိတ်တယ် ဆိုတာရယ် တင်ပါ့ဘုန်းဘုန်း ။

ဘုန်းတော်ကြီးနဲ့ စကားစမြည် ပြောဆိုပြီး ရွာတန်းကြီး ဆုံးအောင်လျှောက်  ဖုန်တလုံးလုံးနဲ့ သွားရတာ ပျော်စရာကောင်းပါဘိတောင်း ဟိုမှာ လယ်ကွင်းတွေပါလား သွားအုံးမှ လယ်ကွင်းထဲ ရောက်တော့ စပါးတွေရိတ်သိမ်းထားတာရယ် ငှက်ကလေး တွေ စုပြုံစားသောက်နေတာရယ်ကို ကြည့်ပြီး တယ်ပျော်ရွှင်စရာကောင်းပါလား ၊ အလို မြတ်စွာဘုရား ဘယ်လိုဖြစ်တာလဲ တွေ့လိုက်ရတဲ့ မြင်ကွင်းကား ၊ အံ့သြစရာ အတိပြီးလေ၏ ၊ တောမကျ မြို့မကျကွင်းပဲတွေ သီးနေ တဲ့ ၊ လယ်ကွက်ထဲ  ဘက်ဟိုး လို့ခေါ်တဲ့ မြေထိုးစက်ကြီး တစ်လုံးက အလုပ်လုပ်နေပါပကော ၊ ဧကန်န ယာပိုင်ရှင်ဟာ သူဋ္ဌေးနဲ့တူရဲ့ ၊ လယ်ကိုခေတ်မှီပစ္စည်းတွေနဲ့ ထွန်ယက်တာများလား လူက စပ်စုချင်စိတ်နဲ့ သွားကြည့်မှိပါတယ် ၊ မိန်းမကြီးတစ်ယောက်ကလဲ အဝေးကနေ လှမ်းကြည့် တော့ လက်တွေလှုပ်လိုက် ၊ ကိုယ်တွေလှုပ်လိုက်ဆိုတော့ သူလိုချင်တဲ့ ပုံစံကို ညွန်ကြားနေ တယ်ထင်ပါမှိပါရဲ့ ၊ ဗဟုသုတအလို့ငှာ သွားရောက်လေ့လာအုံးမှ တော်မယ်ဟု စိတ်ပိုင်းဖြတ်ပြီး အကြင်အရပ်သို့ဦးတည်ပြီး ခပ်သုတ်သုတ် လျှောက်လာကြည့်တော့ ၊ အထင်နဲ့ အမြင်လွဲလေပြီ ၊

မိန်းမကြီး၏ အသံကား တဖြေးဖြေး ပီပြင်လာပါ၏ ၊ ဒီိဘက်က ထိုးပါ ဟိုလိုထိုးပါ ဟု မြေထိုးစက် မောင်းနေသူကို ညွန်ကြားနေသည်မဟုတ် ၊ ငိုယိုတောင်းပန်နေသောအသံတည်း “မောင်ရင်လေး ရယ် တောင်းပန်ပါတယ် ၊ ဟိုဘက်ကို အရင်ထိုးပါ အဘွားကမုဆိုးမပါကွယ် ၊ ပဲကောက် အလုပ်သ မားတွေ ငှားမရလို့ပါ ၊ တစ်နွေလုံး စိုက်လာတာလေးတွေ ခူးပါရစေ ၊ တစ်ညဘဲ အချိန်ပေးပါ သားလေးတို့ရယ် အမေ့သားသမီးတွေ ခရီးသွားနေလို့ပါ ပဲရိတ်တဲ့လူတွေကလဲငှားလို့မရလို့ပါ ပဲမရှိတဲ့ဘက်ကနေ အရင်တူးသွားပါ ” ကျွန်တော်ဆက် မကြားနိုင်တော့ပါ ၊ ယန္တရားပေါ်က လူမဟုတ် ခွေးမဟုတ် အကောင်က မူးနေဟန်ရှိပါတယ် ၊ အဘွားကြီးကိုကြည့်ပြီး ကျွန်တော် မျက်ရည်လည်မှိပါ၏ ၊ နောက်ဆုံး ယန္တရားမောင်းနှင်သူကို အဆုံးစွန်ဆုံး တောင်းပန်သည့်အနေ ဖြင့် ၊ အဘွားအိုတစ်ယောက် လက်အုပ်ချီမိုး ကန်တော့လေတော့၏ ၊ အကြင် ယာဉ်မောင်းက ဂရုမစိုက် သူ့အလုပ်သည်သာ အလုပ်ဟူ၍ ယူဆဟန်ရှိပေတကား ။

“ဟိုအဖွားကြီး ခင်များကိုဖယ်လို့ ပြောနေတာနော် ထိမှိမယ် ၊ ဒီနားမလာနဲ့ ၊ ထိမှိရင်တာဝန်မယူဘူး” ၊ သားလေးရယ် အမေကမုဆိုးမပါ ၊ ဟိုဘက်က အရင်တူးလိုက်ပါ ၊ မြေတွေလဲဆုံးရှုံးပြီးပါပြီ ၊ ဒီပဲလေးကို ၊ ဒီညအပြီးခူးပေးပါ့မယ် ၊ အမေ့ကြီးကို သနားပါကွယ် ၊ သာသမီးတွေ ခရီးသွားနေလို့ပါ ဒီပဲတွေရောင်းပြီး အကြွေးဆပ်ရမှာမို့ပါ ၊ အမေ့မှာ မြေတွေလဲဆုံး ပြီမို့ ဆက်ပြီးလုပ်စားစရာ မရှိတော့ပါဘူး ၊ ဟီးဟီး အဲဒီအသံ ဗလံကို တွေကို ကြားရတာ အတော်ထိခိုက် ကြေကွဲစရာပါ ကိုယ့်အမေထက်ကြီးတဲ့ မိန်းမကြီးတစ်ယောက်က အသက်သုံးဆယ်လောက် သားအရွယ် တူအရွယ် လူငယ်တစ်ယောက်ကို လက်အုပ်ချီပြီး ငိုကြီးချက်မ ပြောဆိုနေသော စကားတို့ကို ကိုယ့်နဲ့ မဆိုင်တဲ့ အသုဘတွေမြင်ရင်တောင် မျက်ရေ ကျတတ်တဲ့ ကျွန်တော်ဟာ ရောယောင်ငိုမှိပါ၏ ၊ ဤနိုင်ငံကား ကွန်မြူနစ်ဝါဒီ ထွန်းကားသော နိုင်ငံမဟုတ်  ဂါရဝေါစ ၊ နိဝါတောစ သန္တုဋ္ဌိစ ကတညုတာ ဟူသော မင်္ဂလာ ထွန်းကားရာ နိုင်ငံတည်း ၊ အနောက်နိုင်ငံများလို့  မိခင်ဖခင်အရွယ် ကို လူအိုရုံပို့တတ်သော နိုင်ငံမျိုးမဟုတ် ၊ ကိုယ့်မိဘကို သေတဖန် သက်တစ်ဆုံး ဘုရားခန်းတင် လုပ်ကျွေးသော နိုင်ငံတည်း ၊ ဤနိုင်ငံတွင် ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာဟုခေါ်သော မြင့်မြတ်ယဉ်ကျေး လှသော ဘာသာတခု  အထွန်းကား ဆုံးနိုင်ငံတည်း ၊ မြင်ကွင်းကား ကွန်မြူနစ်ဆန်ဆန် အာဏာရှင်ဆန်ဆန် မြင်ကွင်းမျိုးတည်း ၊ ဒို့နိုင်ငံကား ဂါရနိဝါတ မရှိတော့ပြီ ၊ ဘာသာတရား ဟူသော အဆုံးအမသည်လဲ မြို့နဲ့ဝေးလေ မှေးမှိန်လေ ဖြစ်ချေပြီးတကား ။ လွတ်လပ်ရေးရပြီ ဟု စာအုပ်ထဲမှာ ဖတ်ဖူးမှတ်ဖူးထား ပါသော်လည်း ၊ တောသူတောင်သား ဟူသော အနှိပ်စက်ခံ လူထုသည် ယနေ့တိုင် အင်္ဂလိပ် ခေတ် ဂျပန်ခေတ်တို့လို အနှိပ်စက်ခံ အညှင်းဆဲခံ ဘ၀တွေရှိပေသေးတကား ။

အဘွားကြီးသည် ဤမျှနှင့် မရပ် မြေကော်သော ဂေါ်အရှေ့မှ  လက်နှစ်ဖက်ကို ဖြန့်ကားပြီး ဟိုဘက်ကဟာကို တူးဘို့ ငိုယိုပြီး ပြောပြန်လေ၏ ၊ ယန္တရားမောင်းသော မောင်ရင်နှင့် လူတစ်ယောက် ယာဉ်ပေါ်မှ ဆင်းပြီး အဘွားအိုအား လက်တစ်ဖက် တစ်ယောက် ၊ မယူပြီး မြေဆိုင်ခဲများ ၊ ပုံထားရာဘက်သို့ မယူလာပြီး ချထားလေ၏ ၊ အဘွားအိုကား အငိုမရပ် ၊ သူ့လက်တစ်စုံ ဖြင့် မြေဆိုင်ခဲပေါ်မှ ပဲပင်လေးတွေကို နုတ်ပြီး ငိုယိုနေပြန်၏ ၊ ယာဉ်မောင်းသည့် တိရိစ္ဆာန်များ ပါးစပ်မှလဲ အယုတ်တ အနတ္တတွေ ဆဲတိုင်းပြီး ၀တ္တရားနှောက်ယှက်မှုနဲ့ ထောင်ထဲထည့်လိုက်ရမလား ဘာလားနှင့် ဆဲဆိုရေရွတ်နေပေသေး၏ ၊ ကျွန်တော် အဘွားနားသွားပြီး ၊ “အဘွားရယ် ယူမနေပါနဲ့တော့ တော်ကြာထိခိုက်မှိပါမယ် ၊ ရွာထဲကလား အတူတူကျွန်တော်နဲ့ ပြန်မယ်လေ ဟု အဘွားအို ကိုချော့မော့မှိပါ၏ ၊ အဘွားအိုကား ငိုယိုလျှက် ၊ ငါ့မြေးရယ် အဖွားမှာ ယာလေး ၃ဧက ရှိတာပါ ၊ အဖွားယာထဲက နေ ဆည်မြောင်းဖြတ်တူး တော့ ၊ အရော်လဲ တစ်ပြားတစ်ချပ်မပေးဘူး အလံတိုင်တွေ စိုက်ပြီး တန်းတူးတာဘဲ ၊ တစ်နေ့က လာပြောတော့ ချက်ချင်းမတူးဘူး မှတ်တာ ဟိုဘက်က ယာတွေတွေ့လား ဒီရွာက သူဋ္ဌေးတွေရဲ့ ယာတွေဘဲ ၊ အဖွားလက်ညိုးညွန်ရာကိုကြည့်လိုက်တော့ လူတွေနဲ့ ပဲရိတ်နေသော အုပ်စုတွေကို တွေ့ရပါ၏ ၊ အလံတိုင်လေးများ တန်းစီပြီး စိုက်ထူထားသော မြေတူးဖို့ လမ်းတစ်လျှောက် ကိုတွေ့ရပါ၏ ၊ တူးမြောင်းကြီးကား အလျားမခန့်မှန်းတတ် အနံက ပေလေးဆယ်နီးပါး ရှိမည်ဟု ခန့်မှန်းမှိပါ၏ ။

ပိုက်ဆံရှိတဲ့ လူတွေ ယာဘက်က အရင်မတူးဘူး ၊ တကယ်တန်းက သူတို့ဘက်က အရင်တူးရမှာ ဒီမောင်းတဲ့ကောင်တွေက အဲဒီလူတွေဆီက ငွေယူပြီး နောက်မှတူးရမဲ့ အဖွားတို့ဘက်ကနေ အရင်လာတူးတယ် ဟီးဟီး အဖွားတို့မှာ ငွေကမရှိတော့ ပဲရိတ်မဲ့လူမငှားနိုင်ဘူး ပိုက်ဆံရှိတဲ့ လူတွေက ရွာထဲမှာ ပဲရိတ်နိုင်တဲ့ လူတွေကို အကုန်ငှားပြီး သူတို့ဘက်က အရင်ရိတ်ကုန်ကြပြီ ၊ အဘွားက မြေလဲမရှိတော့ဘူးဆိုတော့ ဒီပဲလေးတော့ ယူချင်တာပေါ့  စိတ်တော်တော်လေးပျက်ဖို့ ကိုကောင်းပါ၏ ကဲအဘွား ကျွန်တော်နဲ့ ရွာထဲအတူတူ ပြန်ရအောင် ခူးနေလဲ ဘာမှရမှာ မဟုတ်ဘူး ၊ ကျွန်တော်အဘွားကို ကြင်နာစွာ ဖေးမခေါ်ပြီး ရွာဘက်သို့ ဦးတည်လျှောက်ခဲ့ ပါ၏ ၊ အဘွားလဲ စကားမပြောနိုင် ကျွန်တော်လဲမပြောနိုင်ပါ ၊ ဘာမဆိုင် ညာမဆိုင် မဟာဂီတ သီချင်းကြီးတွေထဲက “ကြုံလေဘွေ ပတ်ပျိုး” ကိုသတိရမှိပါ၏ ၊ “ ကြုံလေဘွေ ကြုံလေဘုံဘွေ စောထွေမှိုင် မိရင်းကံငယ်ခေ ၊ ဂြိုလ်မင်းက မယ့်ကိုမွှေ နတ်မင်းတို့ နေနိုင်ပေ”…….။

သားအိမ်ထဲ ၀င်အုံးလေ ကျွန်တော်အတွေးပျက်သွား၏ ၊ အဘွားအိမ်လေးထဲကို ၀င်မှိပါ၏ ၊ အဘွားအိမ်ကား ခြေတံရှည် ပြင်ထောင်သွပ်မိုး အိမ်တည်း အိမ်အောက်မှာ ကွတ်ပြစ်တခု ခင်းထားပြီး ၊ ထိုပေါ်မှာ ကျွန်တော့ကို ဓာတ်ဗူးတစ်လုံးနှင့် ရေနွေးတိုက်ပြီး ဘယ်ကလဲဟု မေးပါသည် ၊ မြို့နယ်ဆရာဝန်ကြီးရဲ့ ညီပါခင်မျာ စသဖြင့် မိတ်ဆက်ပြီး ၊ ဒါနဲ့ ဒီလယ်တွေကို အစိုးရက လျှော်ကြေးမပေးဘူးလား အမေကြီး ပေးပါတယ် ဘယ်လောက်ပေးလဲ တစ်ဧကကို ၃၅ကျပ် ၊ ဗျာ သုံးဆယ်ငါးကျပ် ဟုတ်လား ဟုတ်တယ် ဟုလေသံပြတ်နှင့် ဖြေပါ၏ ၊ မြေတစ်ဧက ကို အပြင်မှာဘယ်ဈေးပေါက်သလဲ အဘွား ၄သိန်း ဟာ လေးသိန်းပေါက်တဲ့ မြေကြီးကို ၃၅ကျပ်ပေးတာ၊ ဒီလူတွေ ရူးနေကြလား မသိဘူး ၊ ဘယ်သူမှ မတိုင်ဘူးလား အမေကြီးတို့က ဘယ်သူ့ကို တိုင်ရမှာတုန်းကွယ် တိုင်ရမဲ့လူတွေက လုပ်နေတဲ့ဟာကို အာဗျာ အမေကြီးမှာ သားသမီး ရှိတော့ဘူးလား ရှိတယ် သုံးဆယ်မြို့ကို အလှူသွားနေကြလို့ ၊ ယာကဒီသုံးဧက ဘဲရှိတာလား အခြားရှိသေးလား ၊ ၁၁ဧက ရှိတယ် ကျန်တာ တွေက စပါးစိုက်တဲ့ လယ်တွေ ပဲကတော့ ဒီသုံးဧကဘဲရှိတာ ၊ ကျန်တာတွေက သားတွေ သမီးတွေကို ခွဲပေးလိုက်ပြီ ဒီယာသုံးဧကက သူ့တို့ အဖေလက်ထက်ကတည်း စိုက်လာတဲ့ ယာလေးမို့ နှမြောမှိတယ် ၊ အချို့ဆို အကုန်ပါသွားတဲ့လူတွေ ရှိတယ် ။

ရေနွေးသောက်ပြီး အိမ်ပေါ်ကပြန်ဆင်းလာခဲ့ပြီး အပြန်လမ်းမှာ တစ်ဦးတည်းတွေးလာမှိခဲ့ပါ၏ ၊ ငါသာ အရာရှိကြီးတစ်ယောက်ဖြစ်ခဲ့ရင် ၊ ဒါမှမဟုတ် တိုင်းပြည်ကို စီမံအုပ်ချုပ်ခွင့်ရခဲ့ရင် ၊ စသော စသော အတွေးဖြင့် ကျွန်တော် ကိုကိုရဲ့အိမ်ကို ရောက်တော့ ကျွန်တော့်ဒိုင်ယာရီလေးထဲမှာ ဂုန်မင်းမြောင်မှ အမှတ်တရ ဟူသော ခေါင်းစဉ်လေးဖြင့် တွေ့ပုံမြင်ပုံ အလုံးစုံလေးကို ရေးချမှိပါတော့၏ ။

ရန်သူမျိုးငါးပါးဟူ၍ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း တက်စဉ်က ဘုန်းဘုန်းဦး ဆေကိန္ဒ သင်ပေးခဲ့ဖူးပါ၏ ၊ ရေ ၊ မီး ၊ မင်း ၊ ခိုးသူ ၊ မချစ်မနှစ်သက်သောသူ ဟူ၏ ၊ ကျွန်တော့်မွေးရပ် အမိ မြန်မာနိုင်ငံသည် ၊ ကမ္ဘာတည်သရွှေ့ ရန်သူမျိုးငါးပါး ဘေးကင်းလွတ်နိုင်ပါစေကြောင်း ဆုတောင်း ချင်မှိခဲ့ပါ၏ ၊ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုပါသော် ………..။

Wednesday, October 13, 2010

ကွန်ပျူတာအကြည့်လွန်ရောဂါComputer Vision Syndrome

                                   ကွန်ပျုတာသုံးမယ်ဆိုရင် ဒါလေးဖတ်သွားအုံး
                                    သတိပြုဖွယ်ရာလေးပေါ့
                                            ကိုယ်ဟန်အနေထားလေးကတော့ဒီလို
                           ကွန်ပျုတာကြည့်ဘို့ဖန်တီးထားတဲ့ ဒရိုက်ဖိုဂယ်ဆိုတာ အဲဒါပေါ့

ကွန်ပြူတာအကြည့်လွန်ရာ ကဖြစ်လာတဲ့ ရောဂါလက္ခဏာဟာ အခုနောက်ပိုင်း လူသားတွေ ခေတ်ပေါ် လျှပ်စစ်ပစ္စည်းတွေ၊ ကွန်ပျုတာတွေ၊ Smart Phone နောက်ဆုံးပေါ် ဖုန်းတွေ၊ ဗီဒီယိုဂိမ်းကစားတဲ့ လက်ကိုင်လျှပ်စစ်ပစ္စည်းလေးတွေ၊ e-book လို့ ခေါ်တဲ့ ကွန်ပြူတာကတဆင့် စာအုပ်ဖတ်တာတွေ အသုံးများတာကြောင့် ဖြစ်လာတဲ့ မျက်စိရောဂါ ဖြစ်ပါတယ်။ လူတစ်ယောက်က ကွန်ပျုတာအရှေ့မှာ တစ်နေ့သုံးနာရီကျော် ထိုင်တယ်ဆိုရင် ၊ ဆရာဝန်တွေ အခေါ်ကတော့ အဲဒီလူဟာ Computer Vision Syndrome လို့ခေါ်တဲ့ မျက်စိရောဂါ လက္ခဏာ တစ်ခုကို ခံ စားရဘို့ များတယ်လို့ဆိုပါတယ် ။

အမေရိကန် မျက်စိကု ဆရာဝန်များအသင်းက ဒေါက်တာ မိုက်ကယ်ဒူးနပ် ဟာအဲဒီရောဂါ နဲ့ပတ်သတ်ပြီး ခုလိုပြောပါတယ် ၊ “အဲလိုဖြစ်ရင် ပင်ပန်းနွမ်းနယ်မယ် ၊ ခေါင်းကိုက်မယ် ၊ ဂုတ်တွေဘာတွေကိုက်မယ် နောက်ကြောတက်မယ်ပေါ့ဗျာ ၊ အဲဒါတွေအပြင် အမြင်အာရုံတွေ နှစ်ထပ်ဖြစ်လာတာတို့ ၊ ကြိုကြား ကြိုကြား အမြင်မကြည်လင်တာတို့ ဖြစ်တတ်ပါတယ်” ဒေါက်တာဒူးနပ်စ် ကပြောသွားပါတယ်  ၊ ၀ါရှင်တန်ဒီစီ မြို့ရဲ့ အမျိုးသား အကြံပေးဋ္ဌာနရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ ရေချယ်ဗစ်ချပ်ကတော့ ၊ “Computer  Vision Syndrome ဟာ မျက်စိကိုပျက်ဆီးစေတာတော့ မဟုတ်ပါဘူးရှင် ၊ ရေတိမ် တို့ မျက်စိအာရုံကြော ပျက်ဆီးတာတို့လို ရောဂါလဲမဟုတ်ပါဘူး ၊ ဒါကမျက်သားလွှာကအရေကြည် ခန်းခြောက်တာတို့ ၊ မျက်လုံးက တစ်နေရာကို ကောင်းကောင်း အာရုံစိုက်မကြည့်နိုင်တာလောက်ပါဘဲ” လို့ဆိုပါတယ် ။

ဆက်လက်ပြီးတော့ ဒေါက်တာဒူးနပ်စ်က “လူတွေက ကွန်ပျုတာ စားပွဲပေါ်မှာ တစ်ခုခုကို အာရုံစိုက်ကြည့်မှိပြီဆိုရင် ၊ မျက်တောင်သိပ်မခတ်ကြတော့ဘူး ၊ အဲဒါကြောင့် အရေကြည်ခန်း ခြောက်တာနဲ့ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်ကုန်ကြတယ် လို့ဆိုပါတယ် ၊ ကိုယ်ဘာကို ကြည့် နေတယ် ဆိုတာကို အာရုံစိုက်နိုင်တဲ့ ကြွက်သားတွေ မျက်လုံး ထဲမှာရှိတယ် ၊ ကွန်ပျုတာ တင်ထားတဲ့စားပွဲက သမားရိုးကျစာအုပ်တွေ ထက်စာရင် ပိုလှမ်းတဲ့ နေရာမှာ ရှိပေမဲ့ တစ်နေရာထဲကို ကြာကြာစိုက်ကြည့်နေတယ် ဆိုရင် အဲဒီကြွက်သားတွေက ညောင်းလာတတ် တယ် ၊ ဒီရောဂါလက္ခဏာက လူကြီးတွေအကြား လုပ်အားနဲ့ သင်ကြားနိုင်မှု အနေအထားတွေ လျှော့ကျနိုင်ပြီး ၊ ကျောင်းတက်နေတဲ့ ကလေးသူငယ်တွေ အကြားမှာလဲ အရည်အချင်း ကျဆင်းနိုင်တယ်လို့ ဒေါက်တာဒူးနပ်စ် ကပြောပါတယ် ။

ပုံနှိပ်စာအုပ်က စာသားတွေနဲ့ ကွန်ပျုတာ မှန်သားပြင်ပေါ်က စာသားတွေဟာ တူညီမှုမရှိဘူး ကွဲပြားခြားနားတယ် ဆိုတဲ့အချက်ကိုတော့ ဆရာဝန်အားလုံးက သဘောတူကြပါတယ် ၊ ပုံနှိပ်စာ သားတွေကတော့ကြည့်ရတာ လွယ်ကူပြီး ၊ ကွန်ပျုတာ မှန်သားပြင်ပေါ်က စာသားတွေကတော့ အမြင်အာရုံ ကြည်လငဖို့ အတော်ကို အားစိုက်ရတယ်လို့ ဆိုပါတယ် ၊ အလင်းရောင်များလာ အောင် လိုက်လုပ်တာတို့ မျက်လုံးစူးအောင် လုပ်တာတွေကတော့ အမြင်အာရုံကို ထိခိုက်စေပါ တယ်  ။

ယနေ့ခေတ်လူငယ်တွေဟာ များပြားလှတဲ့ ပြဿနာတွေထဲမှာ နေထိုင်ရတယ်လို့ အထောက် အထားတွေက ပြသနေတယ်လို့ ဆရာဝန်ဒူးနပ်စ် ကဆိုပါတယ် ၊ လက်ကိုင်ကွန်ပျုတာတွေကို အချိန်များစွာ အသုံးပြုလာတဲ့အတွက်ကြောင့် လူတွေဟာ တဖြေးဖြေး အနီးကြည့်လောက်ဘဲ ရတော့တယ်လို့ သူကဆိုပါတယ် ၊ လွယ်ကူတဲ့ အဆင့်လေးတွေကို လုပ်လိုက်ရုံနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်တယ်ဆိုတာ ဆရာဝန်တွေက ပြောပါတယ် ၊ ဥပမာအားဖြင့်  လုပ်ငန်းအလိုက် တက်ရတဲ့ မျက်မှန်မျိုးပါ ၊ အခုဆိုရင် သမရိုးကျ အနီးကြည့်နဲ့ အဝေးကြည့်တက်ကြမဲ့ အစား ၊ ကိုယ်လုပ်တဲ့ အလုပ်နဲ့ ဆိုင်တဲ့ အနီးအဝေးကြည့်မျက်မှန် ၊ဒါမှမဟုတ် ဒရိုက်ဖိုဂယ်လို့ ခေါ်တဲ့ ခေါ်တဲ့ ကွန်ပျုတာကြည့် မျက်မှန်တွေပါ ပေါ်လာပြီလို့လဲ သူကပြောပါတယ် ။


 ကွန်ပျုတာကို ကြည့်တဲ့မျက်မှန်သားကိုတော့ ထိပ်ပိုင်းမှာ တပ်တယ်လို့ ဆိုပါတယ် ၊ ဘာလို့လဲဆိုရင် ကွန်ပျုတာကို ကြည့်တဲ့အခါ အပေါ်ပိုင်းကို ကြည့်လေ့ရှိကြတာကြောင့်ပါ ၊ စာ ဖတ်တဲ့ အပိုင်းကတော့ အောက်မှာထားကြတာပေါ့လေ ၊ မျက်လုံးမညောင်းအောင် မျက်စဉ်း ခပ်တာမျိုး ၊ ၁၅မိနစ်တခါ အခြားတစ်ဖက်ကို လှည့် ကြည့်တာမျိုးတွေ လုပ်ဖို့ဆရာဝန်တွေ အကြံ ပြုပါတယ် ၊ ဒါ့အပြင် နောက်တစ်ခုလုပ်နိုင်သေးတာက ကွန်ပျုတာတင်တဲ့ စားပွဲပြင်နဲ့ ကွန်ပျုတာ မှန်သားပြင်ဟာ သူ့ရှိသင့်တဲ့ အမြင့်မှာ ရှိဖို့လိုပါ တယ် ၊ ကွန်ပျုတာ တင်တဲ့ စားပွဲကလဲ ကိုယ့်မျက်လုံးမြင်ကွင်းရဲ့ လေးလက်မ အောက်မှာရှိသင့်တယ် လို့ဆိုပါတယ် ၊ ဆိုလိုတာက လူတစ်ယောက်ဟာ ကွန်ပျုတာကိုမော့ကြည့်နေရတဲ့ အနေအထား မဖြစ်ရပါဘူး ၊ Computer Vision Syndrome လို့ခေါ်တဲ့ ဒီရောဂါကို ကုသရတာလွယ်ပေမဲ့ ၊ ရုပ်မြင်သံကြား အစီအစဉ်တွေ ကွန်ပျုတာ နဲ့ကြည့်လို့ရနေတာကြောင့်ရယ် လက်ကိုင်ကွန်ပျုတာ ပစ္စည်းများ ပေါများလာတာ ကြောင့်ရယ်  ဒီရောဂါဟာ ပိုမိုကျယ်ပြန့်လာတယ် လို့ ၊  ဆရာဝန်များက သုံးသပ်ထားပါတယ် ။

မှတ်ချက်

ဒီပိုစ့်ကိုရေးတော့ မဒမ်ငွေလမင်းက လူတွေစိတ်ဝင်စား မှာမဟုတ်ဘူး အခြားပိုစ့်တစ်ခု တင်ပါလို့ဆို လာပါတယ် ၊ ပြည်ပမှာနေတဲ့ လူတိုင်းက ကွန်ပျုတာနဲ့ အလုပ်လုပ်နေကြတာတဲ့ သူတို့ကို ဒီရောဂါကြီး ဖြစ်နိုင်တယ်လို့ ပြောရင် ကြိုက်မှာမဟုတ်ဘူး လို့ပြောပါတယ် ၊ သုံးတဲ့သူများ သတိရှိအောင် မျက်စိအန္တရာယ် ကင်းဝေးအောင်ဆိုတဲ့ စေတနာလေးနဲ့ ရေးသားလိုက်ရတာပါ ၊ မဒမ်ငွေလမင်း ပြောသမျှကို ခေါင်းငုံပြီး ကြိတ်မှိတ်သည်းခံ နေရသည့် သနားစဖွယ်ဖြစ်သည့် မစ္စတာငွေလမင်း ။

Monday, October 11, 2010

ရဟတ်

ဒါဘာကြီးလဲ “ခွမ်း” ဒီအသားကို ငါရှိရင်မစားပါနဲ့လို့ ဒီအိမ်ကလူတွေကို ပြောထားတယ် လူလိုနား မလည်ဘူးလား ၊ “ခွမ်း”   “ခွမ်း”  ………။ အေးပါသားရယ် အမေကြီး  ဒီဟင်းကိုသိမ်းလိုက်ပါကွာ အကြီးကောင်တွေ မစားကြနဲ့တော့ကွာ ၊ မင်းညီလေးမကြိုက်ဘူး ။

ဒါဘာမုန့်လဲ  ဒီမုန့်ကိုမကြိုက်ဘူးလို့  ပြောထားတယ်ဗျာ နိုင်ငံခြားက မကလို့  နတ်ပြည်ကလာလာ တစ်ခါပြောထားရင် နားမလည်ကြဘူး “ဘုန်း”  “ဒုံး” “အုန်း” ၊ အေးပါသားရယ် ပါးလက်ဆောင် ရလာတာ လေးမို့ပါ  မင်းမစားချင်လဲ နေပါ  ပါးပြန်ယူလိုက်မယ် ………..။

ဒီအဆင်မကြိုက်ဘူး အေးအေး ပြန်ပေး ပြန်ပေး မင်းကိုကို ကိုပေးလိုက်မယ် ၊ ဘယ်သူ့မှ မပေးရဘူး အမှိုက်ပုံးထဲ ထည့်မှာ ၊ ဒီအရွယ်ရောက်နေပြီ ကိုယ့်သားသမီး ဘာကြိုက်လဲ မသိကြ ဘူး ၊ အေးပါသားရယ် မေမေက အဆင်တူလေးမို့ ညီကိုတွေ တူအောင် ၀ယ်လာခဲ့တာပါ  မရဘူးဗျာ………….။

ဒီခွက် ကဘယ်သူ့ခွက်လဲ ငါယူမယ် ၊ အာမလုပ်ပါနဲ့ ချစ်သူက လက်ဆောင်ပေးလိုက်တာပါ ၊ ညီလေးရယ် ၊ ကိုကိုပုံစံတူ တခုဝယ်ပေးမယ် အာမရဘူး ဒါဘဲကြိုက်တယ် ၊ ယူပြီဗျာ ………………..ဘာလဲ မယူရဘူးလား ၊ အာမဟုတ်ပါဘူး ယူ ……ယူ……….ယူ ……………..ယူပါကွာ ….။

ဒီနေ့ ဟင်းချက်တာ ဘယ်သူလဲဟေ့ ငံတယ်နော် ၊ ဟုတ်လားပေး အဲဒီငံတဲ့ ဟင်းပုဂံ  ကိုဖြူကွက်ရေ လာဟေ့ ရော့ ပုဂံလိုက်စားလိုက် ၊ ငံတဲ့ပုဂံပါ လာထား “ခွမ်း” ကဲကွာငံအုံး “ခွမ်း”….အေးပါကွာ နောက်မပြောတော့ပါဘူး တောင်းပန်ပါတယ် ………….။

၆နှစ်ခန့်ကြာသောအခါ

မောင် ဂဏာန်း စားချင်လို့ ၄ကောင်ကို ၅ကျပ်နဲ့ ၀ယ်လာတယ် ၊ ဘယ်လိုချက်ရ မလဲ ဟင် မင်းကဘယ်လို စားချင်တာလဲ ၊ အရေသောက်စားချင်တာ ဂဏန်းကို အရင်ဆုံး ပြုတ်လိုက်ကွာ ရေနဲနဲ လေးထဲကိုဆားပါထည့်လိုက် ၊ဂဏန်းကောင်တွေ နီလာပြီဆိုရင် ကျတ်သွားပြီ ပြီးရင် ဂဏာန်းကို ခွာပြီး ၊ မာလာဟင်းနှစ်ထဲ ထည့်ပြီး ရေနဲနဲထည့်လိုက် ဆူရင် ချစား ၊ ဟင်ဘယ်လို………………၊ ဟင်ဘယ်လို……………။ ဟင်ဘယ်လို………….၊ ကဲလုပ်ချင်သလို လုပ်တော့ကွာ ၊ သုတ်ခနဲ သူထသွားသည်  ဂဏန်းလေးကောင်ကို အများသုံး အမှိုက်ပုံးထဲ ထည့်လိုက်၏ ။

ဝဋ်ဆိုတာ ဒါလား ၊ ရဟတ်လိုဘဲနော် ၊ အမြင့်ကြီးကို ရောက်ပြီးတဲ့အခါ ၊ အနိမ့်ဘက်ကို ပြန်ဆင်း တတ်ပါရော …………။

Wednesday, October 6, 2010

“တင်လေအထူး ၊ သူ့ကျေးဇူး ၊ မချေဖျက်မှိ ပါစေသော် ”

                                ဤကား  ကိုဖြူကွက်နှင့် တူသော ခွေးတည်း

သူတို့၏ အမည်များမှာ  ကိုဖြူကွက်နှင့် ကိုငမဲ ဟူသတည်း ၊ ကိုဖြူကွက်ဆိုတာ အခုခွေးတို့ ၏သက်တမ်းအားဖြင့် ၇၀ကျော် လူ့သက်တမ်းအားဖြင့် ၈ သား မြန်မာခွေးစစ်စစ်ဖြစ်ပြီး ၊ အရောင် မှာ အဖြူနှင့် အ၀ါကွက်သဖြင့် ကိုဖြူကွက်ဟု တွင်ပါသည် ၊ ခွေးဆိုပေသိ ရဲစွမ်းသတ္တိနှင့် ပြည့်စုံ လိမ့်မည် ဟူ၍ မထင်လိုက်ပါနှင့် အင်မတန်ကြောက်တတ်သည့် ခွေးဖြစ်ပါသည် ၊ တနေ့ တာ သူ့လုပ်ငန်းမှာ မိုးလင်းရင် အိမ်က အကြီးကောင် ပိုသော ကော်ဖီနဲနဲ ၊ ကျွန်တော်ပိုသော နွားနို့ နှင့် နံပြား ကတ်ကြေးကိုက် တစ်ခုနှစ်ခု ၊ မေမေနှင့် အလတ်ကောင်၊ ပါး တို့ပိုသော မုန့်ဟင်းခါးကို အဖတ် မပါတောင် အရေနဲနဲ သူ့ဇလုံလေးထဲ ထည့်ပေးထားလျှင် သူ့ဖာသာ တမျိုးပြီး တမျိုး စားသောက်ပြီး ၊ သူ့အတွက် အထူးစီမံ ထားသော ခွေးကုတင်ပုလေးမှာ မှေးစက်ခါ  ဇိမ်ယူတတ်သလို ၊ နို့ ကော်ဖီ မုန့်ဟင်းခါး အရေ တစုံတခု လိုပါက ၊ ချောင်းပင် မဟန့်ရဲလောက် အောင် ပြာလောင်ခတ်ပြီး အမြီးယမ်းလေ့ ရှိပါတယ် ၊ “ကိုဖြူုကွက် ခင်များကို ကြည့်မ ရတော့ဘူးနော် ” လို့ ခပ်မာမာ အသံပေးလိုက်လျှင်ဖြင့် ၊ တုတ်တုတ်မျှ မလှုပ်တော့ဘဲသူ့ကု တင်ပုလေး စီပြန်သွားပြီး မျက်နှာငယ်လေးနှင့် အိပ်နေတတ်ပါသည် ။

နေ့လည်ပိုင်းတွင် လူတွေထမင်းစားတာနဲ့ စားပွဲခုံအောက်မှာ ၀င်ပြီး အီအီနှင့် သူရှိပါကြောင်း အရိုးများကို ချပေးလျှင် စားမည်ဖြစ်ကြောင်း သတင်းပို့သကဲ့ သို့ အတင်းအမြီးကို သမံတလင်းနှင့် ပုတ်ပါသည် ၊ ချကြွေးတာ မှန်သမျှ အကုန်စားပါသည် ၊ ကိုငမဲကား ထိုသို့မဟုတ်ခွေး ဣနြေ္ဓ တို့ နှင့် ပြည့်စုံ၏ ၊ မည်သည့်အခါမျှ မတောင်း သူ့ဇလုံထဲ လာထည့်မှ စားတတ်၏ စားလျှင် လဲ စည်းစနစ်ကျ၏ ကိုဖြူကွက်လို ဟိုထိုးဒီိထိုး ပွနေအောင်မစား  အောက်ခြေကနေ နခမ်းသပ်စား တတ်၏ ၊ တနေ့ကို နှစ်ကြိမ် အပြင်ထွက်ပေးရ၏ ၊ မနက်ဘက် အိမ်မှ အကြီးကောင်ကား စထွက်သည့် အချိန်မှစ၍ ကိုဖြူကွက် ခင်မျာ တအီအီနှင့် ဟိုပြေးဒီပြေး မျက်စိနောက် လောက် အောင် ဟန်ရေးပြတတ်၏ ၊ ခြံတံခါး ဖွင့်လျှင် သူ့ဖမ်းထားရပြီး ပါးနောက်ဆုံးထွက် ပြီဆိုမှ သူ့ကို လွှတ်ပေးရ၏ ၊ ကိုငမဲ ကားတုတ်တုတ်မျှ မလှုပ် ၊ “ကိုငမဲ အပြင်ကြွ” ဆိုမှ ဖြေးဖြေးလေး တစ်လှမ်း ချင်းထွက်သွားတတ်၏ ။အိမ်ကို ပြန်လျှင် ကိုငမဲ အရင်ရောက်ပြီး ၊ ဖြူကွက်ရေ လာဟ ဘာညာ သာရကာ ဆိုမှ ၊ ပြန်ဝင်လာ တတ်၏ ၊ အပြင်မှာ တွေ့လို့ လိုက်ခေါ်ပါက ငမဲရေဆိုလျှင် ပြန်လာ တတ်ပေမဲ့ ၊ ဖြူကွတ်ရေ ဟု ခေါ်လိုက်လျှင် နှစ်ဆ တိုးပြီး အရှေ့ကိုသွားတတ်၏ ။

အဲလို ခွေးဆိုးလေးကို မေမေကလွဲရင် တစ်အိမ်လုံး ဖြူကွက်ကို ချစ်ကြ၏ ၊ ဘာစားစား ဖြူကွက်ဘို့ သာအများဆုံး ပိုပိုသာသာ ကျွေးမွေး၏ ၊ ငမဲကိုတော့ ပုံမှန်လောက်သာ ကျွေးမွေးပါတယ် မေမေကတော့ ကိုငမဲကို အသဲစွဲ ချစ်ပါတယ် ၊ “နင်တို့ ဖြူကွက်က တို့အိမ်ပေါက်မဟုတ်ဘူး ကြီးမှ ရောက်တာ ၊ ဒို့ငမဲက ငယ်ငယ်ကတည်းက ဒီမှာနေတာ ငယ်မွေးခြံပေါက် စည်းကမ်းလဲ ရှိတယ်လို့” ငမဲဘက်က ရပ်တည်ပြီး အမြဲပြောတတ်သလို ၊ သူ့စားသမျှကိုလဲ ငမဲကိုသာ ကျွေးမွေး တတ်ပါတယ် ၊ ထိုနှစ်ကောင်ဟာ လူတွေနဲ့ နီးလို့လား မသိပါ ၊ လူစားသမျှ အကုန်စားတတ် သောက်တတ်ပါတယ်၊ ဖရဲသီး ၊ ငှက်ပျောသီး ၊ အုန်းသီး ၊ သီးနှံစုံ စားသောက်တတ်သလို နေ့လည်စာ အပြီးနဲ့ ညစာ ကြားမှာ အချိန်တအား ကွာတာကြောင့် သူ့တို့အတွက် ဘီစကွတ်မုန့် အ၀ိုင်းလေးတွေ ၀ယ်ပေးထားရပါတယ် ၊ ညစာက ၈နာရီ ၉ နာရီလောက်မှ စားတာမို့  သူ့တို့ကို ညနေပိုင်း ဘီစကွတ် မုန့်အ၀ိုင်းလေးတွေ ကျွေးမွေးရပါတယ် ၊ ကျွေးပြီဆိုလျှင် ဖြုကွက်ဟာ အမြန်ကုန်အောင် စားပါတယ် ၊ ၀ါးတောင်မ၀ါးဘဲ မျိုချပါတယ် ၊ ငမဲကတော့ တစ်ခုခြင်း စားသောက်ပါတယ် ၊ ကိုဖြုကွက်ဟာ လောဘလဲ ကြီးပြီး မုန့်တွေကို ခြံပတ်ပတ်လည်မှာ လိုက်ဖွက်ထားပြီး ၊ အီကြာကွေ့များ ကျွေးမှိရင်တော့ ဖဲ့ပြီးစောင့် ကျွေးမှ အကုန်စားပါတယ် ၊ အချောင်းလိုက် များ ပေးလိုက်ရင်တော့ သူမစားဘဲ သွားဖွတ်ထားပြီး နောက်တစ်ခေါက် လာတောင်းပါတယ် ၊ ငမဲကား  ထိုသို့မဟုတ် ၊ အချောင်းလိုက်ပေးလိုက် ရင်သူ့ဇလုံထဲ ထည့်ပြီး သေသေချာချာ စားတတ်၏် ။

ကိုဖြူကွက် ၊ ကိုငမဲဟူသော  အမည်သညာသည် ၊ အဓိပ္ပါယ် မရှိသော ရုဠှီအမည် သညာ များမဟုတ် ၊ အဓိပ္ပါယ် ရှိသော နိမိတ္တက အနွတ္တ အမည်များဖြစ်ကြလေ ၏် ၊ ကိုဖြူကွက် ၏မိခင်တပ်ရင်း ကား ဘုန်းတော်ကြီး ကျောင်းမှ  ဖြစ်ပြီး ကိုငမဲ၏ မွေးဖွားရာ ဒေသကတော့ မရမ်းကုန်းမြို့နယ် ၊ ကန်ပတ်လမ်း ၊ ၅ ရပ်ကွက် သားတည်း ၊ ကိုဖြူကွက် ကိုရလာစဉ်က ၆လက်မ ကျော်ကျော် ပိန်သေးသေး ခွေးခလေးပေတည်း ၊ အိမ်နားက ဘုန်းတော်ကြီး ကျောင်းတော်မှ ခွေးကြီးများက နှိပ်စက်သည့်အပြင် ၊ ကျောင်းသားငယ် ခလေးများကပါ ၀ိုင်းဝန်းနှိပ်စက်သော ကြောင့် တင်ပါးမှာ အနာကြီးဖြစ်ခါ လောက်ပါတွယ်ပြီး လူကိုမြင်လျှင်တုန် နေအောင်လန့် နေတတ် လို့ ဘုန်းကြီးကျောင်းကို သွားဘောကန်ရင်း သနားလို့ အိမ်ကို ခေါ်လာရင်းက အဆင်းသဏ္ဍာန် ကို ကြည့်သော အားဖြင့် ကြောင်တို့၏ အဆင်းသဏ္ဍာန်နဲ့ ဆင်တူသဖြင့်၎င်း ၊ အဖြူတွင် အ၀ါကွက် သဖြင့်၎င်း ထိုထိုသော အကြောင်းအရာတို့ကို အစွဲပြု၍ ကိုဖြူကက်ဟု တွင်ပါ၏ ၊ အိမ်ကိုရောက် တော့ ဗုဒ္ဓဟူးနေ့ဖြစ်ပါ၏ ၊ ရောက်ကတည်းက ကျွန်တော့ခင်မျာ ပလက်စတစ် လက်အိတ်တထုပ် ၀ယ်ပြီးပြီး နေ့စဉ် အနာဖန်ဆေးခြင်း ၊ နေ့တိုင်းထည့်ပေး ရခြင်း စသောခွေးသူနာ ပြုလုပ်ငန်း ဆောင်တာ အဖြာဖြာကို တာဝန်ယူ လုပ်ဆောင်နေရသလို ၊ တစ်ဖက်ကလဲ အိမ်မှာခွေးမမွေးရ ဟူသော စည်းကမ်းများကို မသိကျိုးကျွံ့ပြု ပြီး တစ်အိမ်လုံးကို ဖားပြီး မွေးဘို့ လုပ်ရပါသေး၏ ၊။

တစ်အိမ်လုံးက ကိုဖြူကွက်ကို လက်မခံကြပါ ၊ ကိုဖြူကွက် ဘ၀သည် သနားစရာအတိ ပြီးလေ၏ ၊ ကျွန်တော့်ဘိုးဘိုးသည် ကိုဖြူကွက်ကို မေတ္တာ အမဲ့ဆုံး လူသားကြီးဖြစ်ပါ၏ ၊ “မွေးချင်ရင် အခြားခွေးကိုမွေး ဒီခွေးဟာ ကျောင်းခွေးကွယ် အင်မတန် အကျင့်တန်တတ်တယ်”လို့ အဘိုး ကနားချ ပါ၏ ။“အဘိုးရယ် မွေးပါရစေပါ ကိုဖြူကွက်ဟာ အနာကြီးနဲ့ပါ အခြား ခွေးကြီး တွေက တအားနှိပ်စက်တယ် ၊ ကျောင်းသားလေး တွေကလဲ ရိုက်တယ် ကျွန်တော်တို့မကယ်ရင် သူ့ဘ၀ဟာ သနားပါတယ်” ၊ ကယ်ပါနော်လို့ မျက်ရေလေး စမ်းစမ်းနှင့် အသနား ခံပါသော်လည်း  အဘိုးက ၊ “ဒီမှာ ငါ့မြေး အခြားခွေးဝယ်ပေးမယ် ၊ သူ့အနာ ပျောက်ရင် ကျောင်းပြန်ပို့လိုက် လို့” ဒေါသနဲ့ ပြောပါတယ် ကျွန်တော်တို့ တအိမ်လုံးမှာ ဖေဖေရဲ့ ယောက္ခမ မေမေရဲ့ ဖေဖေဟာ သြဇာအကြီးဆုံး လူသားဖြစ်ပါတယ် ၊ သူကဒါဘဲဆိုရင် ကျန်တဲ့လူတွေ ချောင်းတောင်မဟန့် ရဲပါ ၊ ကိုဖြူကကရဲ့ အနာလေးဟာ နေ့စဉ် ဂရုတစိုက် ပြုစုပေးလို့ အသားနီလေးတွေ တက်လာသလို ၊ စားကောင်းသောက်ဖွယ်လေး တွေကြောင့်လဲ ဆူဖြိုးပြီး ပုဝိုင်းဝိုင်းလေး ဖြစ်လာလို့  ချစ်ဘို့ ကောင်း လာပါတယ် ၊ သတ္တ၀ါလေးရဲ့ အနာအမြန် မကျက်ပါစေနဲ့ လို့  မွေးချင်စိတ်နဲ့ မတရားဆုတောင်း မှိပါတယ် ။

ကျွန်တော့်ဆုတောင်း မပြည့်ပါ အနာကျက်လာပြီး အိမ်မှာလဲ နေသားကျနေတဲ့ ကိုဖြူကွက် လေးကို ကျွန်တော် ကျောင်းသွားတုန်း ၊ အဘိုးက ကျောင်းကိုသွားပို့လိုက်တာကို ကျွန်တော်မ သိလိုက်ပါ  ၊ ကျောင်းကနေ ပြန်လာတော့ ၊ ထမင်းစားပြီး အရိုးတွေနဲ့ ဟင်းရေလေးတွေ ပယ်ပယ် နယ်နယ် နယ်ယူပြီး ၊ ဖြူကွက်ကို ထားတဲ့နေရာမှာ သွားကျွေးတော့ ဖြူကွက်မရှိတော့ပါ ၊ “ဘိုးဘိုး ကိုဖြူကွက်ရော ” “ အေးကျောင်းပြန်ပို့ လိုက်ပြီ” ၊ ကျွန်တော်တော်တော် တင်းသွားပါတယ် နလန် ထူစ ခွေးလေးကို နေကောင်းမှ ပြန်ပို့လဲ ရပါလျှက် ၊ လူကြီးမတန်မဲ့ သနားညှာတာရမှန်း မသိ ဇွတ်အတင်း ပြန်ပို့လို့ စိတ်ထောင်းခနဲ့ ဖြစ်ပြီး ၊ “ဘိုးဘိုးကို ဘယ်သူ့ပို့ခိုင်းလို့လဲ လူကြီးလုပ် နေပြီး ဘိုးဘိုး အိပ်ယာထဲ လာမွေးလို့လား သူဘာသာ နေတာကို စပြီးပြဿနာတွေ တက်ပါတယ်  ဘယ်သူဘာ ပြောပြော စိတ်ထဲမှာ ကိုဖြုကွက်ကို ရအောင်မွေးမယ်လို့ ဆုံးဖြတ်ပြီးပြီမို့  ၊ ခြံတခါး ဒိုင်းခနဲ မြည်အောင် ဖွင့်ပြီး ကျောင်းဘက်ကို ထွက်လာပါတော့တယ် ၊ ကျောင်းကိုရောက်တော့ ရင်ဝကို ဆောင့်ကန်လိုက် သလို ကျင်ခနဲဖြစ် သွားပါတယ် ၊ အပြင်မှာ အစားကောင်း အသောက် ကောင်း တွေနဲ့ ဆူဖြိုးလာ တဲ့ ကိုဖြူကွက်လေးကို ကျောင်းက ခွေးတွေက ကျောင်းကိုပြန်လာတာ ၊  မနှစ်သက်ကြဘူးနဲ့ တူပါတယ် ၊ “မင်းက အပြင်ကကောင် ငါတို့ ကျောင်းထဲ မလာနဲ့” ဆိုတဲ့သဘောနဲ့ ကိုဖြူကွတ်ကို အနိုင်ဝိုင်း ကျင့်ထားကြဟန် ရှိပါတယ် ၊ ကိုဖြူကွတ် ရေ လို့လိုက် ခေါ် တော့ ထင်းတုံးတွေ ကြားထဲ က အီအီနဲ့ ကျွန်တော့်အသံကို မှတ်မှိပြီး ၊ သွေးစသွေးန လေး တွေနဲ့ ကုတ်ကုတ်လေး ထွက်လာ ပါတယ် ။

ဘယ်လိုပြောရမှန်း မသိအောင်ကို သနားမှိပါတယ်  ၊ “ဖြစ်ရလေ ဖြုကွက်ရယ်” လို့တောင် မြည်တမ်းမှိ ပါတယ် ၊ ကျွန်တော် စွေ့ကနဲ ကောက်ယူလိုက်ပြီး ပါးစပ်ကနေ ပြီး“ မင်းကလဲ ဒီမှာကိုက်ရင် အိမ်ပြန်လာခဲ့ပေါ့ကွ အိမ်ကိုမင်းမသိဘူးလား ” ၊ ဆိုပြီး  ကရုဏာဒေါသ နဲ့ တင်ပါးကို လက်နဲ့ ရိုက်လိုက်မှိပါတယ် ၊ သူ့မှာ အီအီနဲ့ တကိုယ်လုံးကိုတုန်ခါ နေပါတယ် ၊ခွေးမျက် နှာငယ် တယ်ဆိုတာ သူများတွေ ပြောတုန်းက နောက်တာ ထင်ခဲ့တာပါ အခု ကိုဖြူကွက် လေးဟာ ၊ ခွေးတို့ရဲ့ မျက်နှာငယ်ခြင်း နဲ့ မျက်နှာငယ်နေတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါတော့တယ် ၊ လူလိုသာစကား ပြောတတ်ရင် “ကျွန်တော့ကို ကယ်ပါခင်မျာ ၊ ကျွန်တော့်ကို ဟိုကောင်တွေ ၀ိုင်းလုပ်ပါတယ် ၊ အင်အားမမျှလို့ ကျွန်တော်ပုန်းနေ ရပါတယ် ကယ်ပါ ကယ်ပါလို့ ”ပြောချင်ဟန် ရှိပါတယ် ၊ ။ကဲ မင်းကို ဒီနေ့က စပြီး ငါမွေးစားမယ် ၊ မင်းသခင်ဟာ ငါဘဲလိုက်ခဲ့ ဆိုပြီး အိမ်ကို ပြန်သယ်လာခဲ့ပါတယ် ။

“ဟဲ့ကောင် လေး မင်းဒါဘာလုပ်တုန်း ပြောထားတာ နားမလည်ဘူးလား” ၊ “ဘာဖြစ်တုန်းဗျာ ဂျုန်းဂျုံကျ ကျောင်းဒကာကြီးရဲ့ (ဂျုန်းဂျုံကျ ဆိုတာ မော်လမြိုင်က ဘုန်းတော်ကြီးကျောင်းပါ အဘိုးရဲ့ မိဘတွေကနေ စပြီး ကျောင်းတည်ပြီး မေမေတို့လက်ထက် ထိ လှူဒါန်းလာတဲ့ ကျောင်းပါ) ကိုယ့်ဘာသာ ကိုယ်မွေးတာ ကျောင်းဒကာကြီး အိပ်ယာထဲ ထည့်မွေးလို့လား ဒီမှာ သတ္တ၀ါ တစ်ကောင် ဒုက္ခရောက်နေတာ မတွေ့ဘူးလား ၊ ကျောင်းတွေကြီး လွှတ်ဆောက် မနေနဲ့ ကျောင်းဒကာကြီးရဲ့ အခြေခံ မေတ္တာကရုဏာ လေးတွေ မွေးမြူကြအုံး ” ဒီအစုတ်ပလုတ် ကောင် အဘိုးကို ပြန်ပြောနေလိုက်တာ ခွေးမျိုး @@@@@@ ငါရိုက်လို့ နာအုံးမယ် ၊ ရိုက်လေ ရိုက်ရင် အိမ်ကိုမီးနဲ့ရှို့မယ် ၊ ဘာ ညာ နဲ့ ရန်အကြီးအကျယ် ဖြစ်ပြီး ၊ နောက်ဆုံး ကိုယ့်တာဝန် ကိုယ်ယူပြီး မွေးရမယ်ဆိုပြီး တရားဝင် ခွင့်ပြု ချက်ယူပြီး ကိုဖြူကွက်ကို မွေးစားလိုက်ရပါတယ် ၊ ကိုယ့်တာဝန် ကိုယ်ယူဆိုတာ ခွေးကခြံထဲမှာ မစင်စွန့်ရင် ကျုံး ၊ အစာကိုယ့်ဖာသာ ကျွေး ရေကိုယ့်ဖာသာ ကိုယ်ချိုးပေး အိပ်ယာ နေရာ ၊ အင်္ကျီ အစရှိတဲ့ ခွေးဗာဟီယ ကိစ္စအ၀၀ကို ခွေးပိုင်ရှင်က သာတာဝန်ယူရမယ်လို့ ဆိုလိုခြင်းပါတယ် ။

ကိုဖြူကွက် ကိုကုတင်ပုလေး လုပ်ပေး ၊ နို့တိုက် ထမင်းကြွေး ၊ ရေချိုးနေ့စဉ်လုပ် ပေးပါတယ် ၊ “ငါ မရှိရင် ကိုယ့်ကုတင်ပေါ်ကိုယ်နေ နော်ကိုဖြူကွက် မင်းကိုဘယ်သူကမှ ကြည်တာမဟုတ်ဘူး ငါပြန်လာမှ အပြင်ကိုသွား ၊ မစင်မစွန့်နဲ့ ခြံထဲမှာ ညနေကြမှ အပြင်မှာစွန့် ” ရေချိုးပေးတိုင်း သင်ပေးထားပါတယ် ၊ တိရိစ္ဆာန် တွေလဲ လူလိုသိပါ တယ် ၊ ကျွန်တော်ကျောင်းသွားရင် သူဟာ ကုတင်ပုလေးပေါ်က မဆင်းပါ ၊ ကိုဖြူကွက် မစင်ကို တခါမှ ကျွန်တော်မကျုံးခဲ့ဖူး ဘူးပါ ကျွန်တော်ပြန်လာ လို့ ကိုဖြူကက်ရေ ထုတ်ထိုးပါတယ်ဆိုရင် ၊ မိခင်ကိုတွေ့တဲ့ ခလေးလေးလို ခုန်ပေါက်ပြီး လာပါပြီခင်မျာလို့ မအော်ရုံတမယ် တအီအီနဲ့ လာကြိုပါတယ် ၊ ခွေးတွေဟာ အချိန်ကို သိပါတယ် ၊ ငါးနာရီထိုး လို့ကျွန်တော် အပြန်နောက်ကျရင် ကိုဖြူကွက် အိမ်မှာပြာလောင် ခတ်နေပါတယ် ၊ ဘယ်သွားပါလိမ့် ၊ နောက်ကျလိုက်တာ အဲလိုသူ့စိတ်ထဲမှာ နေမယ်ထင်တာပါဘဲ ၊ ကျွန်တော် နောက်ကျတဲ့ နေ့တွေဆိုရင် သူက ခုန်ပေါက်ပြီး ပြေးကြိုပြီး ၊ အကြာကြီး အနားကမခွာ တတ်တော့ပါ ၊ အိမ်က လူတွေက မင်းနောက်ကျလို့ ကိုဖြူကွက် အော်နေတာ လို့ပြန်ပြော ပြပါတယ် ၊  အိမ်က လူတွေ ကျွန်တော် အိမ်ပြန်နောက်ကျ တာကို ဘယ်သူမှ သတိမထား မှိပေမဲ့ ကိုဖြူကွက်က သိပါတယ်  ၊ သူတို့ သားကို ချစ်တဲ့ ကိုဖြူကွက် ကို တစတစနဲ့ တစ်အိမ်လုံး မေတ္တာသက်ဝင် လာကြပြီး မိသားစုဝင် အဖြစ် တစ်ညီတစ်ညွတ်တည်း လက်ခံ ပေးကြပါတယ် ။

နေ့စဉ် ပေါင်ချိန်စက်ပေါ်ကို ကိုဖြူကွက်ကို တင်တင်ချိန်ကြည့်  ကိုဖြူကွက်ကို ခေါ်လာတုန်းက ငါးပေါင်ခွဲ  ဘဲရှိပါတယ် တနေ့တခြား ၀လာလို့  ပျော်မှိပါတယ် ၊ အခုတော့ ကိုဖြူကွက်ဟာ တစ်အိမ်လုံးရဲ့  အချစ်တော် ခွေးကြီး ဖြစ်နေပါပြီ  သူ့ကိုယ်လုံးကို ကျွန်တော်တောင် မမနိုင်တော့ ပါ နေ့လည်ပိုင်း ပူတဲ့အခါတွေမှာ ခြံထဲဆင်းပြီး သင်ဖြူးဖျာခင်း ၊ ကိုဖြူကွက်ကို ခေါင်းအုံးပြီး စာအုပ်ဖတ် ရတဲ့အရသာဟာ အနှစ်သက်ဆုံးသော ပျော်စရာတွေထဲက တစ်ခုပါ ၊ ကိုဖြူကွတ် စာ ဖတ်မယ်ဟေ့ အော်လို့ ပြောလိုက်လျှင်ဖြင့် နောက်ကနေလိုက် လာတတ်ပြီး ၊ လက်ပုတ် ပြလိုက်ရင် ခြေပြစ် လက်ပြစ် ကျွန်တော်ကို ကျောပေးပြီး အိပ်ပါတယ် ၊ သူ့ကျောကို ခေါင်းတင်ပြီး စာဖတ် မလှုပ်မယှက် ငြိမ်ပြီး နေပေးတတ်ပါတယ် ၊ ကိုယ်တော်တွေ ဆွမ်းခံကြွလို့ လူတွေ အိပ်နေ တယ်ဆိုရင် ကိုဖြူကွက် လူနားလြာ့ပီး အီအီအီနဲ့ ( ဆွမ်းတော်ဗျို့ ကိုယ်တော်လေးကြွတယ်) လုပ်ပါတယ် ၊ ဒါဆိုရင် ဆွမ်းခံကြွတာ ကြိန်းသေပါတယ် ၊ ဘုန်းကြီးကျောင်းသား ခွေးမလို့ လားမသိပါ ၊ လူဆိုရင်တော့ ငယ်သံပါအောင် ဟောင်ပါတယ် ၊ ကိုရင်ဦးဇင်းတွေကို လုံးဝမဟောင်ပါ ။ (သုကိုရိုက်ထားတဲ့ ဘုန်းကြီးကိုတော့ တွေ့တဲ့ နေရာဟောင်ပါတယ် )

ကိုဖြူကွက်ဟာ စိတ်နာတတ်ပါ၏ ၊ သူ့ကိုငယ်စဉ်က နှိပ်စက်ထားတဲ့ ကျောင်းဘက် ကိုဘယ်တော့မှ မသွား ၊ ကျောင်းဘက်ကို ကျွန်တော်သွားရင်လဲ မလိုက်ပါ ၊ ကျောင်းထဲ ကခွေးတွေနဲ့ သူကိုရိုက်ထားတဲ့ ဦးဇင်းတပါးကို မြင်ပါက တအားဟောင်ပါ၏် ၊ ခွေးပေမဲ့ သူ့ကို မကောင်းတာ လုပ်ထားတဲ့ လူမှန်သမျှကို သူမုန်းပါ၏ ၊ ကိုဖြူကွက်  ဟာ ကြောင်နဲ့ သာတူသည် မဟုတ် ကြောင်ကဲ့သို့ ကြွက်ခုတ်နိုင် စွမ်းလဲလည်းရှိပါ၏ ၊ ကြွက်စုတ်လို့ ခေါ်တဲ့ နုတ်သီး ချွန်ကြွက် တစ်ကောင်တလေ မျက်စိလည် လမ်းမှား  အိမ်ထဲဝင်လာရင်ဖြင့် “ကိုဖြူကွက်ရေ ကယ်ပါအုံးဟ” လို့ အော်လိုက်လျှင် လက်ညိုးထိုး ပြလိုက်တဲ့ နေရာကို အနံ့ခံပြီး မှိအောင်ဖမ်း တတ်ပါ၏ ၊ကြောက်လဲ ကြောက်တတ်ပါ ၏ ၊ သစ်ရွက်လေတိုက်လို့ လှုပ်ရင်တောင်ဟောင်ပါ၏ ၊ တရံတခါ ပိုးဟပ်တကောင်လောက် နံရံမှာတက်လာလျှင် ဟောင်လို့ မဆုံးတော့ သည့်အပြင် တုန်များတောင် နေတတ်ပါသေး၏ ၊ မီးမှောင်ရင် ကုတင်ပေါ်က မဆင်းတော့ပါ ည၁၀ နာရီလောက် ကိုဖြူကွက် ကျင်ကြီးကျင်ငယ် စွန့်ဘို့ မီးဖွင့်ပေးရ ပါသေး၏ ။

 ခွေးပေမဲ့ ကျေးဇူးတရား  ကိုနားလည် တတ်ပါ၏ အိမ်ကလူတွေ ဘာကျွေးနေနေ ကျွန်တော်က ကိုဖြူကွက် လာပါအုံး ဆိုရင် သူ ကျွန်တော့်ဆီ အရင်လာပါ၏ ၊ သူ့စိတ်ထဲမှာ တစ်အိမ်လုံးမှာ ကျွန်တော့ကိုသာ သခင်ဟု မှတ်ယူထားဟန် တူပါတယ် ၊တခါက ညီကိုယ်တွေ  အပျော်သဘော စမ်းသပ်ဖူးပါ၏ အကြီးကောင် တွေကို ကျွန်တော်က ကိုဖြူကွက်ဟာ ငါ့ကိုအချစ်ဆုံးလို့ ပြောတာကို ဟို မောင်တွေက မယုံ သကာင်္ဖြစ်လို့ ငါးကြော် တစ်တုံးနဲ့ ဖြူကွက်ကို ကျွေးဟန်ပြု ခိုင်းပြီး ကျွန်တော်က ကိုဖြူကွက် “ဒီကိုလာစမ်းလို့ လှမ်းခေါ်ပါတယ်” ငါးကြော် စီသွားရနိုးနိုး ကျွန်တော်စီ လာရနိုးနိုး နဲ့ဖြစ်နေချိန်မှာ “ဖြူကွက် လာစမ်း ငါခေါ်နေတယ် လို့ ” ငေါက်လိုက် ချိန်မှာတော့  ငါးကြော်ကို လှည့်တောင် မကြည့်တော့ဘဲ ကျွန်တော့ စီကိုရောက်လာပါတယ် ခွေးဆိုပေမဲ့ ဒုက္ခရောက်တုန်း ကူညီထားတဲ့ လူနဲ့ ပြည့်စုံချိန်မှ ကျွေးမွေးတဲ့ လူကိုခွဲခြား သိတဲ့ လူသားဆန်တဲ့ ခွေးပေတကား ။

မြန်မာခွေးပေမဲ့  နာခေါင်းအရမ်းကောင်းပါတယ် ကျွန်တော်အ၀တ်အစားတွေ ဖိနပ်တွေ လွင့်ကျတာ တို့ တစ်နေရာရောက် နေတာတို့ဆိုရင် သူချီယူလာတတ်ပါတယ် ၊ ကျန်တဲ့ လူအားလုံး ပစ္စည်းဟာ သူနဲ့မပတ်သက်သလို နေပါတယ် ၊ မေမေက “လူပါးဝတဲ့ခွေး” လို့မကြာမကြာ ပြုံးပြီး ပြောတတ်ပါတယ် ၊ အစားအရမ်းကြီးပါတယ် ကိုယ်လုံးကြီးကတုတ်တုတ် ခဲခဲနဲ့ အရမ်းကိုချစ်ဘို့ ကောင်းသူပါ ၊ ကျွန်တော် နိုင်ငံခြားကို သွားတော့မယ်လို့ အထုတ်တွေ ပြင်နေချိန်မှာ ခွေးပေမဲ့ သိဟန်တူပါတယ် ၊ ဘာကျွေးကျွေး မစားတော့ပါ ၊ ကျွန်တော့်နား ကိုခါတိုင်းထက် ပိုပြီး ကပ်နေပါတယ်  ကျွန်တော် လေယာဉ်ကွင်း သွားဘို့ ကားအပြင်ထုတ် ချိန်မှာတော့ သူဟာ အူပြီးလိုက်လာပါတယ် ၊ မိသားစုတွေ အားလုံး မျက်ရေ ၀ဲရတဲ့အထိ သနားစဖွယ်လေး အူနေပါတော့တယ်  ခြံထဲလဲ ပြန်သွင်းလို့မရပါ သူ့သခင် အဝေးကြီးကို သွားတော့မယ်ဆိုတာ သူသိဟန်တူပါတယ် ၊“ခြေနှစ်ချောင်းနဲ့ နားရွတ်တို မကယ်နဲ့လို့ ”မြန်မာစကားပုံ ရှိပေမဲ့ ကိုဖြူ ကွက်ကို ကျွန်တော်ကယ် တင်ခဲ့ရလို့ ၊ တစ်ခါမှ နောင်တမရဖူးပါ ၊ တရံတခါမှာ အိမ်ကလူကြီး တွေ ကိုဖြူကွက်ကို ဟောက်ရင် ၊ ကျွန်တော်ဟာ ကိုဖြူကွက်ဘက်က ရပ်တည်ခဲ့သူပါ ၊ ဖြူကွတ်ဟာ လူသား မဟုတ်ပေမဲ့ ကျွန်တော့်ညီလေး လိုဖြစ်နေသူပါ  ။

တခါတရံ မိသားစုတွေ နဲ့ရန်ဖြစ်တဲ့ အခါ ဖြူကွက်က ကျွန်တော့်ဘက် ကနေရပ်တည် ပါတယ် ၊ ကျွန်တော် ကစိတ်ဆိုးပြီး အပြင်ထွက်လာရင် ကိုဖြူကွက်က အိမ်ဘက်ကို ခေါင်းလှည့်ပြီး ဟောင် တတ်ပါတယ် ၊ အကြီးကောင် အလတ်ကောင် တွေက ကျွန်တော့ကို လည်ပင်းညစ်ချင် ယောင် ဆောင်ပြီး သူ့ကိုစတဲ့ အခါကိုဖြူကွက်က တကယ်ကို ကိုက်တော့မဲ့ ဟန်ပန်နဲ့ မာန်ဖီတတ်ပါတယ် ၊ “ကိုဖြူကွက် ရေကယ်ပါအုံးဟ” ဆိုတဲ့ ကျွန်တော့အသံ ကိုသူ့သခင် ဒုက္ခရောက်လို့ သူ့ကို တတာ လို့ ၊ ထင်ထားပုံရပါတယ် ၊ အဲလိုကျွန်တော် အော်လိုက်ပြီ ဆိုရင် ကျွန်တော့်ဆီ ပြေးလာပြီး ဘယ်ကောင်လဲ ငါ့သခင်ကိုလုပ်တာ ဆိုတဲ့ ဟန်ပန်နဲ့ ကျွန်တော့အမိန့်ကို နာခံတတ်ပါတယ် ။ ကျွန်တော့ဟာ အိမ်မှာပါးကို အချစ်ဆုံးဆိုတာကို သူသိပုံရပါတယ် ၊ တစ်အိမ်လုံးမှာ ကျွန်တော် ပြီးရင် သူ့ဘ၀မှာ ဖေဖေ့ကို ကျိုးနွံ့ဆုံးပါ ၊ သူ့ရဲ့ လူသားဆန်ဆန် ချစ်စဖွယ်အမူယာ လေးတွေကြောင့်  ယခုတော့ ကိုဖြူကွက်ဟာ ကျွန်တော်တို့ မိသားစုဝင် ဖြစ်သွားခဲ့ ပါပြီ ။

 ခွေးပေမဲ့ အရမ်းကျေးဇူးသိတဲ့ ခွေးပေမို့ ၊ တရံတခါ ကျွန်တော်ဝန်းကျင်မှာ  ကိုဖြုကွက်လောက်မှ သစ္စာမရှိတဲ့ လူသားများကို မြင်မှိကြုံမှိ တဲ့အခါ အော့နှလုံးနာမှိပါတယ် ၊ အဲလိုလူတွေကို ကျေးဇူးပြုမှိ ခဲ့တဲ့အတွက်လဲ တော်တော်လေး စိတ်ရှုတ်ရပါတယ် ၊ကျေးဇူး တရားဆိုတာ မဆပ်နိုင် ရင်နေလို့ ရပေမဲ့ ရှိဘူးတဲ့ ကျေးဇူး ကိုချေဖျက်တာဟာ အင်မတန် သိပ်ဖျင်းယုတ်ညံ့တယ်လို့ ယူ ဆပါတယ် ထိုအလုပ်ကို သက်ရှိသတ္တ၀ါတွေထဲမှာ အယုတ်ညံ့ဆုံး ကိုဖြူကွက်တို့ တောင် မလုပ်ဘူးဆိုတာ လူတိုင်းသိကြပေမဲ့ လူတိုင်းမလိုက်နာတာဟာ အင်မတန်လူ့သိက္ခာ ကျဆင်း ရပါတယ်   ၊ အတုယူဖွယ်ရာ တိရိစ္ဆာန်တွေရဲ့ အကျင့်စရိုက် တွေထဲမှာ ၊ ကျီးငှက်ကဲ့သို့ အမျိုး ကိုချစ်ခြင်း ၊ ချကောင်ကဲ့သို့ လုံးလ ၊ ကြက်ကဲ့သို့ ၀ီရိယ ၊ ခွေးကဲ့သို့ ရောင့်ရဲမှု ကျေးဇူးသစ္စာ စောင့်သိမှုလို့ ဟိတောပဒေသ မှာရေးသားထားတာကို ဖတ်မှတ်ဖူးပါ၏ ၊  “တင်လေအထူး ၊ သူ့ကျေးဇူး ၊ မချေဖျက်မှိပါစေသော် ”

အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေလို့ မေမေငွေလမင်းနှင့် သားလေးငွေလမင်းက ဆုတောင်းလိုက် ပါတယ် ။

ရေးသားသူ သားငွေလမင်း ၊ စာလုံးပေါင်း သတ်ပုံ စစ်သူ မေမေ ငွေလမင်း။