Monday, March 7, 2011

သစ္စာပန်းခြံထဲသို့တစ်ခေါက် (၂)

အဲဒါတွေကိုသိမှလဲ ကိုယ်ပန်းပင်လေးတွေဟာ ဘာကိုလိုအပ်တယ် ၊ ဘာကြောင့်ဒီ လိုဖြစ်တယ်ဆိုတာ သိမယ်လေကွာ ။ သစ္စာပန်းကို စိုက်တဲ့နေရာမှာ အများ အားဖြင့် သဲမြေ ၊ နုန်းစနယ်မြေ အဲလိုမြေနှစ်ခုမှာဘဲ စိုက်တာများတယ်ညီရဲ့ ၊ သဲမြေဆိုရင် မြေသြဇာမကြာခဏ ထည့်ပေးရတယ်ညီရဲ့ ၊ နုန်းစနယ်မြေဆိုရင်တော့ နဲနဲဘဲထည့်ရတယ်ညီ မထည့်လဲရတယ် ၊ နုန်းစနယ်မှာ စိုက်တဲ့ သစ္စာပန်းမိခင်ဥမကြီးမှာ Organic နဲ့  Inorganic ဒြပ်တွေ ပါဝင်နေတော့  အပင်ဟာ အလိုလိုရှင်သန်ကြီးထွားတယ်ညီ ၊ မြေသြဇာ အာနိသင်ကိုတော့ ဆောင်းရာ သီမှာပဲ တွေ့ရလေ့ရှိတယ်ညီ ။
ပန်းပင်လေးဖြစ်လာပြီဆိုရင်တော့ ဒီအတိုင်းထားလို့မဖြစ်သေးဘူးညီ ပန်းပင်ဟာ ခလေးလေးလိုဘဲ အမြဲတစေ ဂရုစိုက်နေရတယ် ၊ N (နိုက်ဒရိုဂျင်) ချို့တဲ့ရင် ပန်းပင်လေးတွေဟာ အပွင့်နဲလာမယ် ၊ ပန်းခိုင်နဲလာမယ် ၊ အရွက်တွေဟာ အစိမ်းရောင် ဖျော့လာနေမယ်ညီ ၊ K (ပိုတတ်ဆီယမ်) ချိ့လာ ပြီဆိုရင်တော့ အဖူးအပွင့်နည်းမယ် ၊ ပန်းခိုင်နည်းမယ် ၊ ပန်းပွင့်မှုနောက်ကျမယ် ၊ အရွက်အကြော တွေဝါနေမယ်။
 Ca (ကယ်လ်လစီယမ်) ချို့တဲ့ရင်တော့ ဒုတိယနဲ့ တတိယ ပန်းပွင့်တွေအောက်က ရိုးတံမှာ အက်ကွဲနေတတ်တယ်ကွ ၊ အဲသိပ်ချို့တဲမှုတွေ များလာပြီဆိုရင်တော့ ပွင့်ဖူးအက်တာမျိုး ပုတ်တာမျိုးတွေကို ထင်ထင်ရှားရှားတွေ့လာတတ်တယ် ၊ Fe (သံဓာတ်) ချို့တဲ့လာပြီဆိုရင်တော့ အရွတ်နု အကြောများကြားမှာ အ၀ါရောင်အကွတ်တွေ ဖြစ်နေတယ် ညီရ ၊ Mg (မဂ္ဂဆီယမ်) ချို့ တဲ့လာပြီ ဆိုရင်တော့ အရွက်ရင့် အကြောများကြားမှာ အ၀ါရောင် အကွတ်လေးတွေဖြစ်နေ တတ် ပြန်ရောကွ ၊ Bo (ဗိုရွန်) ချို့ရင်တော့ အရွက်အနားလေးတွေ ကွဲလာမယ် ၊ ပုံသဏ္ဍာန်မမှန်တဲ့ အ ရွက်တွေ ထွက်လာမယ် ၊ ပုတွန့်လိန်တဲ့ ပန်းတွေဖြစ်နေမယ် ၊ ဒါဆိုတော့ရင်တော့ ဗိုရွန်ချို့တဲ့နေပြီ ဆိုတာ ကြိန်းသေတယ်ညီ။
နောက်တခုက ပန်းတွေစိုက်ခင်မှာ ခပ်စိပ်စိပ် စိုက်ပျိုးမှိတာ ၊ အမြစ် တွေကို ထိခိုက်မှိတဲ့အခါ ရေ၀ပ်နေတဲ့ အခါတွေမှာတော့ ၊ အရွက်တွေဟာ အညိုရောင် ပြောင်းသွားတတ်တဲ့ညီရဲ့ ၊ ဒါကြောင့် သစ္စာပန်းစိုက်တဲ့လူဟာ မျိုးဥတွေကို မျိုးကောင်းမျိုးသန့်ကို ရွေး ချယ်ဝယ်ယူဘို့တော့ အရမ်းလိုအပ်တယ် ၊ ညီလဲပန်းချစ်တဲ့လူဆိုတော့ ဘုရားပန်းဝယ်တဲ့အခါ ပန်းပွင့်တွေကိုကြည့်ပြီး ဒါဘာတွေချို့တဲ့နေတယ်ဆိုတာ မှန်းဆပြီး အဲလိုအပြစ်အနာဆာ ကင်းတဲ့ ပန်း တွေကို ၀ယ်ယူမှ ရေရှည်ခံတယ်ညီ ၊ အပြစ်အနာဆာကင်းတဲ့ ပန်းတပွင့်ဆိုတာ အထက်ပါအကြောင်းရာတွေနဲ့ ကင်းလွတ်နေမှ အပြစ်နာဆာကင်းတဲ့ ပန်းတပွင့် ပန်းတခိုင် ပန်းတပင်ဖြစ်တယ် ညီ ။
နောက်တခုက သစ္စာပန်းတွေဟာ အခြားပန်းနဲ့မတူဘူး အခြားပန်းတွေဟာ အဟာရဖြည့်ဆည်း တဲ့အခါ မိမိကြိုက်သလို ဖြည့်ဆည်းလို့ရတယ် ၊ သစ္စာပန်းကြတော့ အဲလိုမရဘူးညီ စနစ်တကျ လေးကြိမ်ကြိမ်ကျွေးရတယ် ။ အပင်မပေါက်မှီ ၊ အရွက်လေးတွေ ၂-၃ရွက်ထွက်လာချိန်ရယ် ၊ အ ရွက်ကြားမှာ ပန်းခိုင်လေးတွေထွက် လာချိန်ရယ် ၊ ပန်းပွင့်ပြီး နှစ်ပါတ်အကြာမှာရယ် အဲသလိုသူ့ အချိန်နဲ့ သူလိုအပ်သလို ကျွေးသွားရတယ်။
 ပန်းပွင့်ချိန်မှ ကျွေးရတာကတော့ မျိုးဥကြီးထွားဖို့နဲ့ ဥသိမ်လေးတွေ ထွက်လာနိုင်အောင်လို့ပါပဲ ၊ မမှန်မကန် မြေသြဇာ ကျွေးမှိရင်တော့ ပန်းမပွင့်တော့ဘူးညီ ၊ အပင်လေးတွေ စိတ်ဆိုးကုန်တယ်ထင်တယ် ၊ မြေသြဇာကို စနစ်တကျကျွေးရင်တော့  အပင်တွေဟာ တအားသန်တယ် အပွင့်မှန်တယ် အဲလိုဖြစ်လာပြီဆိုရင် တိုင်လေးတွေကို အပင်ဘေးမှာ စိုက်ပေးရတယ် ၊ ဘာလို့ဆိုရင် အကို့ခြံက လေတိုက်တယ်ကွ။
 တချို့နေရာတွေကျတော့ လေကမတိုက်ဘူးလေ ၊ လေမတိုက်တဲ့ဒေသတွေမှာတော့ တိုင်စိုက်ဖို့ မလိုအပ်ဘူးသိလားညီ ၊ သစ္စာပန်းစိုက်ရတာဟာ ခလေးလေးကို မွေးရသလိုဘဲညီ အယုအယသိပ်ခံတဲ့ ပန်းညီရဲ့ ၊ တချို့က စိုက်တော့ စိုက်တယ် အပင်လောက်ဖြစ်ပြီး အဖူးမဖူးတာ ၊ ဖူးတော့ဖူးပါရဲ့ မပွင့်တာ အဲလိုတွေ ခြံသမားတွေ ခဏခဏကြုံလို့ မွဲသွားတဲ့ ပန်းတောင်သူတွေလဲ ရှိတယ်ညီရဲ့ ။
နောက်ပြီး ပန်းမပွင့်နိုင်တဲ့အကြောင်း ငါးချက်လောက်ရှိသေးတယ်ညီရဲ့၊ ခြောက်သွေ့ရင် ပန်းမပွင့် နိုင်ဘူးညီ ၊ နွေဦးရာသီမှာ စိုက်ရင်တော့ ခြောက်သွေ့မှုဖြစ်ပြီး အပင်ကြီးထွားမှု ရပ်သွားတန့် သွား တာညီ ၊ နွေဦးရာသီမှာ (ဆောင်းအကုန်) မှာ နေ့တာတိုတာရော ၊ အာဟာရ ချို့တဲ့လို့ရော အစို လုံလောက်စွာ မရတာရော အဲဒါတွေစုပေါင်းပြီး ၊ ခြောက်သွေ့မှုဖြစ်တာညီ ။
ခြောက်သွေ့မှုဖြစ်တာနဲ့ တန်းပြီးတော့ အာဟာရချို့တာဘဲ ၊ အာဟာရကြောင့် ခြောက်သွေ့မှုဖြစ် နိုင်သလို ၊ ခြောက်သွေ့မှုကြောင့်လဲအာဟာရ ပြတ်သွားတတ်တယ်ညီ ၊ မြေကြီးရဲ့ အစိုဓာတ်နဲ့ ပန်းမပွင့်တာကလဲ စပ်ဆက်နေတာဘဲညီရဲ့ မြေကြီးမှာ အစိုဓာတ်မရှိရင် ပန်းကမပွင့်နိုင်ပြန်ဘူး ၊ ဆောင်းရာသီမှာ အကြောင်းမဟုတ်ပေမဲ့ အခြားရာသီတွေမှာ ခြောက်တခါ စိုတလှည့်ဖြစ်နေရင် တော့ မြေအစိုဓာတ်ရရှိမှုကို အဟန့်အတားဖြစ်ပြီး ပန်းမပွင့်နိုင်ဘူးညီ။
 နောက်တခုက အဟာရချို့တဲ့ချိန်နဲ့ အပူချိန်မြင့်နေတဲ့ ကာလမျိုးတိုက်ဆိုင် နေပြန်ရင်လဲ ပန်းမပွင့်ပြန်ဘူးကွ ၊ အဲသလိုဖြစ်ရ တာလဲ အမြစ်မှာဒဏ်ရာရမှုက စတယ်ညီ ၊ အမြစ်မှာ ဒဏ်ရာရနေတော့ အတွင်းပိုင်းက အာဟာရ စားသုံးနိုင်သလောက် အပြင်ကအာဟာရ စုပ်ယူနိုင်မှု လျော့နည်းနေတာကြောင့် ပန်းမပွင့်နိုင်ဘူး ညီ ၊ နောက်တမျိုးက မျိုးဆက်နဲ့ဆိုင်တယ်ညီ ၊ အလင်းရောင်နဲ့ အပူချိန်က မျိုးကိုလိုက်ပြီး ခံနိုင် ရည် အနဲအများ ဖြစ်နေတာကွ ၊ ဒါကြောင့် မျိုးညံ့တာကိုစိုက်မှိရင် ပန်းမပွင့်နိုင်ဘူး ၊ မျိုးကောင်းရင် အပူဒဏ်ခံနိုင်တယ် ၊ အလင်းဒဏ်ခံနိုင်တယ် ၊ ပန်းတွေလဲအများကြီး ပွင့်နိုင်သပေါ့ကွာ ။
နောက်တခါ ပန်းပွင့်ရတဲ့ အကြောင်းတွေပြောပြအုံးမယ်ညီ ၊ ပန်းပွင့်တာဟာ နေ့တာရှည်တာ တိုတာနဲ့ စပ်ဆက်တယ်ညီ ၊ နေ့တာတိုခဲ့ရင် ပန်းတွေဟာ မပွင့်ပဲအငုံ အတိုင်းရှိနေရာက ပျက်ဆီး သွားတယ် ၊ ပန်းပွင့်ခိုင်လဲ နဲသွားတတ်တယ် ၊ ဒါကြောင့်ပုံမှန်အတိုင်း ပွင့်ဖို့နေ့တာရှည်ဘို့ လိုတယ် ညီ ၊ သစ္စာပန်းကို နေ့အလင်းရောင် (Day light) ၈နာရီပေးမယ်ဆိုရင် ၁၃ဒဿမ ၂ရာခိုင်နှုန်းသာ ပန်းပွင့်ပြီး ၈၉ဒဿမ ၈ရာခိုင်နှုန်းက ပျက်ဆီးသွားတယ်။
နေ့အလင်းရောင် ၁၀နာရီပေးမယ်ဆိုရင် ၅၀ရာခိုင်နှုန်းကပွင့်ပြီး ၅၂ဒဿမ ၉ရာခိုင်နှုန်းပျက်ဆီးတယ်ညီ ၊ နေ့အလင်းရောင် ၁၂နာရီပေး မယ်ဆိုရင်တော့ ၊ ၁၀၀ရာခိုင်နှုန်းပန်းပွင့်တာကို တွေ့ရတယ်ညီ ၊ မူမှန်တဲ့သစ္စာပန်းကို ရဖို့အတွက် နေ့အလင်းရောင်၁၂နာရီ ရဘို့လိုအပ်တယ် ၊ ၁၂နာရီအလင်းရောင် ရတိုင်းတော့ ပန်းကောင်းကိုမရပါဘူးညီ ၊ နေရောင်ခြည်အပြင်း အပျော့ပေါ်မူတည်သေးတယ် ၊ အလင်းအားသိနဲတယ်ဆိုရင် တော့ ပန်းပွင့်မှုက အားနဲသွားတတ်ပြန်ရောကွ ၊ အလင်းအားနဲရင် လူတွေက ပြုပြင်ဖန်တီးပေးရ တယ် ၊ အဲလိုပြုပြင်မယ်ဆိုရင် (40 Iwa) လိုအပ်တယ်ညီ ။
သစ္စာပန်းဟာ အမျိုးပေါင်း (၁၀၀၀၀)ကျော်ရှိတယ်လို့ မှတ်တမ်းတွေမှာဆိုတယ်ညီရဲ့ ၊ အကိုသိသ လောက်ပြောရရင် ဆောင်းစိုက်မျိုးထဲက white friendship T.1200. (white),friendship. Pink parade(pink). Traveler(rose),valeria,Intripid,red Majesty (scurlot or red),Jacksonville Good,Jester,T.590,Gold Field (yellow), Beverly Ann,T.704 (lavender), spic and span, Flamingo (salmon) and peter pears (Orange) ဒါတွေကတော့ ဆောင်းတွင်းမှာသာ စိုက်ပျိုး ရတဲ့မျိုးတွေဘဲညီ ဒါကအကို သိသလောက်ပြောတာကွ ၊ အဲဒီပန်းမျိုးတွေအားလုံးဟာ အဖူးမပွင့် ခင် ခူးနိုင်တယ်ညီ ၊ ရောင်းချချိန်မှာပွင့်တယ် ၊ နေ့တာအတိုအရှည်နဲ့ အပူ့ချိန်တုန့်ပြန်မှု အခြား မျိုး တွေထက် နည်းတယ် ၊ ရာသီဥတု လွှမ်းမိုးမှုကိုလဲ မခံရဘူးညီရဲ့ ၊ ပန်းတခိုင်မှာ ၁၆ပွင့်ထိ ပွင့်နိုင် တယ်ညီ ။
မြောက်ပိုင်းဒေသ တွေမှာတော့ Impala,Kings, Ranson(Red),spring song, Tryelove(pink), White prosperity, Moming bride (white), lemon lime,Goldm scepter,Goldem Harvest (yellow), အဲလိုပန်းမျိုးတွေ စိုက်ကြတယ်ညီရဲ့ ၊ အခုပြောတဲ့ အခေါ်အဝေါ်တွေကို ဥယျာဉ်စိုက်တဲ့ လူတွေမသိဘူးညီရဲ့ ၊ လူတော်တော်များများက လူများလုပ်လို့ လိုက်လုပ်တာဘဲရှိတာလေညီရယ် တကယ့်ကိုယ် ၀ါသနာအရင်းခံနဲ့ လုပ်တဲ့သူဆိုတာ ရှားတယ် ၊ ဒီဒေသတွေမှာတော့ ဥယျာဉ်သမား တွေကို ပန်းမျိုးတွေကို နှစ်မျိုးခွဲလိုက်ကြတယ်ကွ ၊ ဒီမှာအခေါ်ကတော့ နုတ်ခမ်းတွန့်တဲ့ ပန်းမျိုး ကိုတော့(အနားတွန့်) မျိုးတဲ့ ၊ နုတ်ခမ်းမတွန့်တဲ့ပန်းမျိုးကိုတော့ (အနားမတွန့်)တဲ့ညီ။
နုတ်ခမ်းတွန့်မျိုးမှာ သလဲနီ၊ အဖြူ ၊ ၀ါတာပြာ ၊ ရွှေကြားဝါ ၊ ပန်းဆီ ၊ အစိမ်း ၊ စတော်ဘယ်ရီ ၊ အဲဒီ ပန်းတွေပါဝင်တယ်ညီ ၊ နုတ်ခမ်းမတွန့်မျိုး  ကြပြန်တော့  အပြာ ၊ ပြည်ဝါ ၊ ခရမ်း ၊ ပတ္တမြား ၊ ဆိုပြီး အရောင်တွေ ထပ်ခွဲလိုက်တယ် ၊ ဒီနေရာမှာထူးခြားတာ တခုကတော့ ပတ္တမြားနီဆိုတဲ့ ပန်းမျိုးကို မြန်မာတနိုင်ငံလုံးမှာ ပြည်မြို့တခုဘဲ ရောင်းတန်းဝင်တဲ့အထိ စိုက်ပျိုးလို့ရတယ်ညီ ၊ ပြင်ဦးလွင်မှာ တောင် ဒီပတ္တမြားနီ ပန်းမျိုးကို စိုက်ပျိုးလို့မအောင်မြင်ဘူး ၊ ဒါကြောင့် ဒီကပတ္တမြားနီတွေကို အဲဒီ ကိုပို့ပြီး ဖြန့်ဖြူးပေးနေရတယ် ၊ ဈေးလဲအကောင်းဆုံးဘဲ ညီရ ။
သစ္စာပန်းရဲ့အားနည်းချက်ဟာ ရနံ့မရှိတာဘဲညီ နောက်တခုက ဘယ်ပန်းတွေမှာမှမရှိတဲ့ အဖိုအင်္ဂါ အမအင်္ဂါဟာ သစ္စာပန်းမှာရှိနေတယ်ညီ ၊ ဒါကြောင့် မျိုးစပ်လို့သိပ်ကောင်းတယ် ၊ နိုင်ငံခြားတွေမှာ ရုက္ခဗေဒပညာရပ်ကို လက်တွေ့မျိုးစပ်ဖို့သင်ကြားပြီဆိုရင် သစ္စာပန်းနဲ့သာ လက်တွေ့သင်ကြားကြ တယ်ညီရဲ့ ။
 အနံကင်းနေတာကိုတော့ ယနေ့တိုင် ဘယ်ပညာရှင်ကမှ အနံရှိတဲ့သစ္စာပန်း မျိုးဆက် ကိုမဖန်တီးနိုင်သေးဘူး ၊ သုတေသန စာတမ်းတခုမှာတော့ အမေရိက တောင်ပိုင်းမှာ အလေ့ကျ ပေါက်နေတဲ့ သစ္စာပန်းရိုင်းတွေမှာ ရနံ့ရှိနေတယ်လို့ ဆိုတယ်ကွ ၊ အဲသည်ပန်းရိုင်းတွေနဲ့ မျိုးစပ် ကြမယ်ဆိုရင်တော့ တနေ့မှာ ရနံ့သင်းတဲ့ သစ္စာပန်းကိုရလိမ့်မယ်လို့ အကိုကတော့ မျှော်လင့်နေမှိ တာဘဲကွာ ။
သစ္စာပန်းကို မျိုးစပြီး စပ်ခဲ့တဲ့လူက Manchesterတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး W.Herbet ကွ သူက သစ္စာပန်းမျိုးဆက်သစ်ကို ပထမဦးဆုံး စစပ်ခဲ့တာပေါ့ ၊ သစ္စာပန်းရဲ့ မူရင်းမျိုးဟာ အ၀ါ ရောင်ညီရ “Natalensis (Primulinus)”လို့ခေါ်တယ် ၊ အဲဒီကနေစပြီး အပွင့်ကြီးမျိုးကို မျိုးစပ်ရာက နေ ၊ တဖြေးဖြေး အရောင်သွေးစုံလင်တဲ့ ပန်းမျိုးတွေရလာတာပဲ ၊ အဲဒီမျိုးကနေ ရလာတဲ့ မျိုးဆက် တချို့နဲ့ပဲ “Prins” အပွင့်သေးမျိုးကို ထပ်ပြီးစမ်းသပ်အောင်မြင်ခဲ့တာဘဲ ။
သစ္စာပန်းမျိုး အကြောင်းပြောရင် အများကြီးဟ ၊ ဟော်လန်အပွင့်ကြီး အမျိုးအကြောင်းကို ပြောပြမယ်ညီ ၊ ကိုယ်တို့နိုင်ငံမှာ အများစု စိုက်ပျိုးရောင်းချနေတာက အဲဒီဟော်လန်အပွင့် ကြီး မျိုးဘဲညီရဲ့ ၊ ဒီပန်းမျိုးကို မြန်မာပြည်မှာ စိုက်တယ် ၊ မြန်မာပြည်မှာဘဲ မျိုးပွားတယ် အကိုတောင် လေးခါရှိပြီ မျိုးပွားလိုက်တာ ၊ ဒီပန်းမျိုးကို ၁၉၅၉-၁၉၇၀ တ၀ိုက်မှာ  ပြည်ဦးလွင်တောင်ဖက်မှာ နေတဲ့ ဦးဘသွယ်က ဟော်လန်နိုင်ငံက( Polyploid ) ကို တိုက်ရိုက်မှာယူ စတင်စိုက်ပျိုးရာကနေ ဟော်လန် သစ္စာပန်းလို့ မြန်မာမှုပြုလိုက်တာညီရဲ့ ၊ အနားတွန့် အပွင့်ကြီးတဲ့ ပန်းမျိုးတွေဆိုရင် ဟော်လန်သစ္စာလို့ သိမ်းကျုံးခေါ်ကြတော့တာဘဲ ။
ရိုးရိုးမြန်မာ အပွင့်သေးမျိုး (အမ)နဲ့ ဟော်လန်အပွင့်ကြီး (အဖို)မျိုးစပ်ရင် မျိုးအောင်တယ်ညီ ၊ မျိုး စေ့ရတယ် အပင်ပေါက်ဖို့မသေချာဘူး ၊ အပွင့်ကြီး ဟော်လန်(အမ)နဲ့ အပွင့်သေးမျိုး(အဖို)မျိုးစပ် ရင်တော့ မျိုးအောင်တယ် ၊ မျိုးစေ့ရတယ် အပင်ပေါက်တာသေချာတယ် ၊ ဟော်လန်အချင်းချင်းစပ် ရင်တော့ မျိုးမအောင်ဘူးညီ ၊ အဲလိုမျိုးစပ်ရင်းကနေ ကိုတို့ခြံထဲမှာ ကြောင်ကြောင်ကြားကြား ချစ် စဘွယ် သစ္စာပန်းလေးတွေ ရလာတာဘဲ ၊ မျိုးစပ်တာက ညီရယ် အရောင်လှဖို့နဲ့ ပင်စည်ကြီးလာ အောင် ၊ ပန်းခိုင်များအောင် ၊ ရောဂါဒဏ် ခံနိုင်အောင် ဒါတွေအတွက် စပ်တာပါ ၊ သူများစပ်ပြီးသား စိုက်လဲရတယ် ၊ အကိုက လူပျိုကြီးဆိုတော့ မျိုးစပ်သိပ်ဝါသနာပါတယ် ဟားဟားဟား ။
ပန်းစိုက်ရင် ရောဂါအကြောင်းကလဲ သိထားမှညီ ၊ အကိုစိုက်စတုန်းက ခဏခဏ ရှုံးတယ် ပန်းခုတ် ဘို့ ရက်နီးမှ ပန်းဖျက်ပိုးကျတာခံရလို့ ၊ သစ္စာပန်းက အရောင်အသွေးတင် စုံတာမဟုတ်ဘူးညီ ရောဂါလဲ တော်တော်စုံတဲ့ ပန်းဟ ၊ အပင်အခြေနေ အရွတ်အနေထား တွေကြည့်ပြီး ဘာပိုးတွေ ဖြစ်နေတယ် ၊ ဘာနဲ့ကာကွယ်ရမယ်ဆိုတာ သိရတယ် ၊ တချို့က အတွေ့အကြုံမရှိတော့ ကျနေတဲ့ ရောဂါကတခု ထည့်လိုက်တဲ့ဆေးက တမျိုးဆိုတော့ ငွေကုန်လူပန်းပြီး အချည်းအနှီး ဖြစ်ကုန်တယ် ညီ ။
ကြီးထွားနေတဲ့ အရွက်တွေ ၊ အပွင့်တွေကို တွေမှာ ပျားတွေစုပ် စားပိုးတွေကျလာရင် ယေဘုယျအား ဖြင့် Aphid လို့သက်မှတ်ထားရတယ် ၊ ဒီကောင်က ဗိုင်းရပ်တွေလဲ သယ်လာတယ် ၊ အပွင့်တွေ အရွတ်တွေမှာ ပင့်ကူအိပ်လေးတွေလို လာဖွဲ့တယ် ၊ ပန်းမစိုက်ပျိုးခင်ကတည်းက စိုက်မဲ့မြောင်း တွေထဲကို Malathion, Dimethoate,Entosulphan (ဒါမှမဟုတ်) Albicarb granyles တွေနဲ့ မစိုက်ခင် ကြိုတင်ထည့်ပေးပြီးကာကွယ်လို့ရတယ်ညီ။
Trips လို့ခေါ်တဲ့ ပိုးတမျိုးကျ ရင်တော့ ပန်းလေးတွေမှာ အနာစက်ခလေးတွေ ဖြစ်လာတယ်ညီ ၊ အဲဒါဆိုရင် Diazinon,Monocrotphos,Acerhate ဆေးတွေနဲ့ ပေါင်းမြက်ရှင်းချိန်မှာ ကာကွယ်နိုင် တယ်ကွ။
အပင်စပေါက်တဲ့ အချိန်က အရွက်နှစ်ရွက် ထွက်ချိန်ထိရယ် ၊ ပန်းခိုင်အဖူး စထွက်ချိန်ထိရယ်၊ ပန်းခိုင်က အောက်ဆုံးပန်းပွင့်စပြီး ထွက်ချိန်ရယ် အရွတ်နဲ့ အပွင့်ကိုကိုက်ဖြတ် စားသောက်တတ် တဲ့၊ “ဖြတ်ပိုး” အန္တရာယ်ကို သတိထားရတယ်ညီ၊ Bacillus churingiensis. Monocrotophos. Trichorotor ဆေးမှုန့်ဖြန်းပြီးကာကွယ် နိုင်တယ်ညီရဲ့။
Metes ပိုးကတော့ မျိုးစိတ်နှစ်စိတ်လောက်သာ ဖျက်ဆီးတော့ စီးပွားရေးကို မထိခိုက်ဘူးညီ၊ Nem atodes ပိုးတွေကတော့ Root Knot nematode သာဖျက်ဆီးတတ်တယ် ၊ ဥတွေကိုရေနွေးစိမ်တာ တို့ ၊ မြေငွေ့မှိုင်းတိုက်တာတို့၊ မြေငွေ့မှိုင်းတိုက်ခြင်းနဲ့ ကာကွယ်နိုင်တယ်ညီ။
အခုပြောတာက အပင်မှာ ကျတတ်တဲ့ပိုးကိုသာ ပြောပြခဲ့တာညီ အပွင့်နဲ့အဖူးကို သီးသန့်ဖျက်ဆီး ကျရောက်တတ်တဲ့ ပိုးတွေရှိသေးတယ်ညီရ၊ Botrytis Blight (sotrytis gladiolorun) ရောဂါဟာ အပွင့်နဲ့ အရွတ်ကိုဖျက်ဆီးတယ်ညီ၊ အေးပြီးစွတ်စိုတဲ့ ရာသီဥတုမှာ ရောဂါပြန့်ပွားချိန်မို့ သတိထား ကာကွယ်ရတယ်၊ ဒီရောဂါကျလာပြီဆိုရင် အရွက်မျက်နှာပြင်တဖက်မှ အညိုရောင် ဒါမှမဟုတ် မီးခိုး ရောင် အစက်အပြောက်တွေပေါ်လာတယ်၊ ရောဂါသိပ်ဆိုးဝါးလာပြီဆိုရင်တော့ အရွတ်ရဲ့မျက်နှာပြင်နှစ်ခုလုံးမှာ တွေ့ရတတ်တယ်ညီ၊ ရေစိုနာကွက်ကြီး တွေဟာလဲ ပွင့်ဖက်(Petals) ပေါ်မှာတွေ့ ရတယ်ညီ၊ အဲဒီရေစိုနာ ကွတ်ကြီးတွေဟာ မီခိုးရောင်အမျှင်တွေ အဖြစ်ပြောင်းသွားတယ်၊ အဲဒီရောဂါကို Maneb(Which Zinc)နဲ့ Benomyl ဆေးတွေပက်ဖြန်းပေးရတယ်။
ပူနွေးစိုစွတ်စိုတဲ့ ရာသီမှာတော့ Curvularia Blight ရောဂါပိုးကျရောက် တတ်တယ် ၊ ဒီပိုးဟာ အရွတ်တွေကနေ တဆင့် ပန်းတွေကို ကူးစက်သွားတယ်၊ ဥသိမ်လေးတွေ မြေပေါ်ထွက်စ အခြောင့်လေးတွေကို ဖျက်ဆီးပြစ်တယ်၊ Moneb and Chlorothalonil တွေနဲ့သုံးပြီး နှိမ်နှင်းရင် ထိရောက်တယ်ညီ။
Bacterial leaf and neck rots, Pseudomonas marginata and Xanthomonas gummisudans လို့ခေါ်တဲ့ရောဂါကတော့ ပူနွေးတဲ့ မိုးရာသီတွေမှာ ဖြစ်တတ်တယ်ညီရဲ့၊ ထိထိ ရောက်ရောက် ကာကွယ်နည်းမရှိသေးဘူး၊ ဒါပေမဲ့ ပေါင်းမြက်တွေကို နိုင်အောင်ရှင်းပေးရင်တော့ ဒီရောဂါဟာ အဖြစ်နည်းပါတယ်ညီ။
အေးပြီးစိုစွတ်တဲ့ ရာသီမှာတော့ Stromatinda dry rot ရောဂါကျရောက်တတ်တယ်၊ ရောဂါဖြစ် လာပြီဆိုရင် ဥအပေါ်ပိုင်းမှာ အညိုရောင် အသားလျှာ (Lissue)တွေဖြစ်နေပြီး စူးရှတဲ့မှိုနံ့လည်း ထွက်နေတတ်တယ်ညီ၊ အရွက်အောက်ခြေကြားမှာ အနက်ရောင် Sclerotia တွေကိုမြင်ရတယ်ညီ ရဲ့၊ ပန်းဥကြီးရယ်၊ ဥသိမ်တွေရယ်ကို ရေနွေးပူစိပ်ခြင်း၊ မြေမှိုင်းတိုက်ခြင်း၊ စိုက်ခင်းထဲမှာ Dicjloran ဆေးထည့်ပြီး မွှေပေးခြင်းတွေနဲ့ ကာကွယ်နိုင်တယ်ကွ၊ ဘယ်လိုပဲဖြစ်ဖြစ် ရောဂါဖြစ်ဖူး တဲ့ မြေမှာ ပန်းထပ်မစိုက်တာ အကောင်းဆုံးဘဲညီ။
နောက်တခု ညီလေးကိုပြောပြအုံးမယ် မင်း AIDS ရောဂါကိုသိလား သိပါတယ်ဗျ အေးလူမှ ဒီရော ဂါရှိတာမဟုတ်ဘူးကွ ပန်းမှာလဲ အဲဒီရောဂါရှိတယ်၊ ယနေ့တိုင်လဲ ဖြေဆေးမဖော်နိုင်သေးဘူး၊ အဲဒီရောဂါဖြစ်ပြီ ဆိုရင် ပန်းတခြံလုံးကို မီးရှို့ပြစ်ရတော့တာဟေ့၊ Fusarium Corm rot လို့ခေါ် တယ်အဲဒီရောဂါ ဟာ တကမ္ဘာလုံးကို ပြန့်နှံ့နေပြီ အဲဒီရောဂါဒဏ်ကို ခံနိုင်တဲ့ မျိုးဥလဲ ခုချိန်ထိ မရှိသေးဘူး၊ ကုသတဲ့ဆေးဝါးလဲမဖော်နိုင်သေးပြန်ဘူး။
လူတွေဟိုရောဂါ ဘယ်ကစဖြစ်လဲသိလား သိတာပေါ့အကိုရဲ့ လိင်ကိစ္စကနေ စဖြစ်တာမလား၊ အေးဟုတ်တယ် ပန်းတွေမှာလဲ ဒီရောဂါဟာ ပန်းမျိုးစပ်ရာကနေ ကူးဆက်သွားတာဘဲ၊ အဲဒီရောဂါ ဖြစ်လာပြီဆိုရင် လက္ခဏာမပြဘူးညီ၊ မြုံနေ တတ်တယ်၊ ဒီရောဂါကြောင့် သိုလှောင်ထားတဲ့ ပန်းဥတွေပုတ်တယ်၊ ပုံသဏ္ဍာန်ပျက်တယ်၊ ပြီးတော့ ပန်းမထွက်နိုင်ဘူး၊ ပန်းပွင့်ပုံသဏ္ဍာန်လဲ ပျက်ဆီးသွားတယ် ၊ ဥတွေကို ရေနွေးစိပ်မယ်၊ မှိုသက်ဆေးနဲ့ စိမ်ပြီးမှ စိုက်ပျိုးမယ်၊ မြေငွေ့မှိုင်းတိုက်မယ် အဲလိုတွေကြိုတင်လုပ်ထားမယ်ဆိုရင် တော့မကျတော့ပါဘူး ၊ အေးအဲလိုလုပ်လို့မှ ဒီရောဂါဖြစ်လာရင်တော့ ခြံကိုပါ မီးတိုက်ပလိုက်ရတယ် ဒါမှနောက်နှစ်တွေအတွက် စိတ်ချရတယ်ညီရေ့။
 နောက်တမျိုးကတော့ သစ္စာပန်းဥတွေကို ပုပ်စေတတ်တဲ့  ရောဂါမှိုတမျိုးရှိသေးတယ်ညီ Cuoryularia, Stromontina နဲ့ Botryfis (soft rot) လို့ခေါ်တယ်ညီ ရောဂါတွေဘဲညီ မှိုသတ် ဆေးတွေနဲ့ ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးဘဲညီ အခြားမှိုတွေ ဘတ်တီးရီးယားတွေက တော့ စီးပွားရေးထိခိုက်လောက်အောင် အထိတော့ အနှောင့်ယှက်မပေးတတ်လို့ တော်စားသာ တာညီ သစ္စာပန်းပေါ်တွေကို Cucumber,Mosaic,Temato mosaic Virus တွေကျရောက်နိုင် သေးတယ်ညီရဲ့။
အဲသည်ဗိုင်းရပ်တွေ ကျရောက်လာပြီဆိုရင် ပန်းခိုင်အဖုံး (Spathe)ရယ် ၊ အ ရွတ်တွေမှာရယ် သေနာကွတ် (Chdorsis) တွေပေါ်လာတယ် ၊ ပန်းပွင့်တွေမှာ အစက် အပျောက်တွေ ဖြစ်လာတယ် ၊ ပန်းခိုင်တွေ တွန့်လိန်လာတယ် အပင်ပုလာတယ် ၊ ရောဂါကင်းတဲ့ မျိုးဥတွေ ရွေးချယ်စိုက်ပျိုးခြင်း၊ ရောဂါကျနေတဲ့ အပင်အပင်ကို နုတ်ပြီး မီးရှို့ပြစ်ခြင်း စတာတွေနဲ့ ဗိုင်းရပ်တွေရန်က ကာကွယ်နိုင်တယ်ညီ အင်္ဂလိပ်စာ အခေါ်အဝေါ် အင်္ဂလိပ်စာ အသုံးနှုန်းတွေ ကြောင့် ငါ့ညီမှတ်ရတာရှုတ်ကုန်ပြီလား မသိဘူး။
 ရှုပ်ကုန်တယ်ဆိုရင် ဒီကဥယျာဉ်သမားတွေ မှတ်သလို သာမှတ်သွားကွာ ပင်ရင်းပုတ်တဲ့ရောဂါ ၊ အရွက်ရောဂါ ၊ အပွင့်တွင်ကျသော ရောဂါ ၊ ဥတွင်ကျသော ရောဂါ ၊ အမြစ်တွင်ကျသော ရောဂါတဲ့ ၊ ပန်းမှာ ရောဂါဘယ်လောက်ပေါပေါ ဒီငါး မျိုးက ကျော်ပြီး မဖြစ်ဘူးညီ ဒါကြောင့် အကိုတို့ ပန်းစိုက်သမားတွေဟာ ပန်းတပွင့် ပန်းတခိုင်ရဘို့ အလွန် ခက်ခက်ခဲခဲနဲ့ စိုက်ပျိုးရတာညီ ။
ပန်းပင်တပင်ဖြစ်ဘို့ အဲလောက်ကြိုးစားထားရပေမဲ့ ပန်းပွင့်တော့ တခင်းလုံးပွင့်တာမဟုတ် ဘူး ညီရဲ့ ဟိုတခိုင် ဒီတခိုင်ပွင့်တာမျိုး ညီရဲ့ ပိုးမွေးသလို မွေးလာပြီး ပွင့်ခါနီးမှ သဘာဝအန္တရာယ် ၊ ရာသီဥတု အန္တရာယ် ၊ ရောဂါမျိုးမွှား အန္တရာယ်တွေကြောင့်လဲ ဆင်ပြောင်ကြီး အမြီးကျမှ တစ် သွားတဲ့ ဥယျာဉ်သမားတွေလဲ ဒုနဲ့ဒေးညီ ၊ အမြဲစမ်းသပ် ၊ အမြဲလေ့လာ ၊ အမြဲသုသေတနပြု ၊ အ မြဲ သိပ္ပံနည်းကျ နည်းစနစ်တွေနဲ့ ကာကွယ်တားဆီးနှိမ်နင်းနေမှ ၊ အောင်မြင်တဲ့ ပန်းခြံတခြံ အဖြစ် အောင်မြင်တဲ့ ပန်းခင်းတွေအဖြစ် ရောက်တယ်ညီ ။
ပန်းအကြောင်းတွေတော့ သိပြီ အောင်မြင်တဲ့ ပန်းတွေကို ဈေးကွက်ကိုဘယ်လိုပို့လဲ အကို။ အော် အေး ဒီလိုကွ အကိုတို့ပြည်မြို့မှ သစ္စာပန်းကောက်တဲ့ ဒိုင်လေးခုရှိတယ် ဒိုင်ကိုရောက်လာတဲ့ ပန်းတွေကို ၅ခိုင် တစည်း စည်းပြီး ည(၁၀)နာရီရထားနဲ့ ရန်ကုန်ဒိုင်ကိုပို့တယ်ညီရဲ့ ၊ တချို့က တော့ ပြည်ဒိုင်ကနေ နိုင်သလောက်တဆင့်ဝယ်ပြီး ရန်ကုန်ဒိုင်တွေကိုပြန်သွင်းတယ် ၊ အကိုက တော့ အကို့ကားနဲ့ ရန်ကုန်က အကို့ပန်းဆိုင်ကို တိုက်ရိုက်ပို့တယ်ညီ။
 ပြည်ကနေ ရန်ကုန်ထိ သြဂုတ်လကနေ မတ်လထိ တင်ပို့တယ် ၊ မိုးရော ဆောင်းရောပေါ့ကွာ ၊ ၀ါခေါင် တော်သလင်း သီတင်းကျွတ် တန်ဆောင်မုန်း နတ္တော်ဆိုတာ သစ္စာပန်းအလှိုင်ဆုံး ကာလတွေပေါ့ ဈေးလဲအရဆုံး ကာလတွေပေါ့၊ ရန်ကုန်ကို ရောက်ပြီဆိုရင် အကောင်းဆုံးပန်းတွေကို စကာင်္ပူကို လေယာဉ်နဲ့ပို့တယ်ညီ။
 ကျန်တဲ့ပန်းတွေကို ကြိုတင်မှာထားတဲ့ ဟိုတယ်ကြီးတွေနဲ့ မင်္ဂလာဆောင် အလှူ နာရေး စတဲ့နေရာတွေမှာ သုံးတယ် ၊ ဟိုတယ်ကြီးတွေက မင်္ဂလာဆောင်တွေ မိတ်ဆက်အခမ်းနား တွေအတွက် တခါမှာရင် ပန်း၁သောင်းခွဲလောက်ပို့ရတဲ့ အခါတွေရှိတယ်ညီရဲ့ ၊ ကဲညီ မိုးချုပ်ပြီ ညစာစားပြီး အိပ်ကြစို့ ၊ မင်းတို့နက်ဖြန်ပြန်မယ်မလား အကိုမင်းတို့ သုံးယောက်ကို ရန်ကုန်ထိ ပို့ပေးပါမယ်ဗျား ၊ ဟားဟားဟား….။

(ဘလော့စာရှုသူများခင်မျာ ကျွန်တော်တို့ ညီကိုသုံးယောက် သွားရောက်လည်ပတ်ခဲ့တဲ့ ကိုကြီး ထွန်းစောရဲ့  ပြည်မြို့အနီးက ပွင့်လှသိမ်ကုန်းကျေးရွာ ပန်းခြံလေးကိုဖြင့် ကြုံကြိုက်ရင် ၀င်ပြီး စပ် စုကြည့်ကြပါအုံးလို့ ပန်းခြံရဲ့ အရှင်သခင် ဒေါက်တာထွန်းစောရဲ့ ကိုယ်စား ငွေလမင်းတို့က တိုက် တွန်းလိုက်ပါတယ် ၊ စာရှုသူများ ပန်းဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့မှ ဆု မွန်ကောင်း တောင်းလိုက်ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။)

Saturday, March 5, 2011

သစ္စာပန်းခြံထဲသို့တစ်ခေါက်

ကျွန်တော်ငယ်စဉ်ကပါခင်မျာ ကျွန်တော့်ကိုကိုကြီးရဲ့ သူငယ်ချင်းကိုကြီး ထွန်းစောဟာ ကိုးမိုင်အေ ၀မ်းခြံထဲက ဦးမောင်မောင်စိုး လမ်းပေါ်မှာ နေထိုင်ပါတယ် ၊ မိဘတွေက လဲ ချမ်းသာသူပါ ၊ မွန်လူ မျိုးကြီးဖြစ်ပါတယ် ၊ ၀၀တုတ်တုတ်ကြီးပါ  ညီမလေး၂ယောက်ရှိပါတယ် ၊ မိဘချင်းလဲရင်းနှီးသူတွေ ပါ ၊ ကိုကြီးထွန်းစောဟာ ဒေါက်တာဘွဲ့ယူထားသူပါ ၊ ယူကေမှာလဲ အရိုးအကြောနဲ့ မဟာဘွဲ့ အောင်မြင်ထားသူပါ ၊ ဒါပေမဲ့ သူကဆေးမကုပါဘူး ပန်းစိုက်စားပါတယ် ၊ ကျွန်တော်ကိုကိုကြီးက ပန်းဆရာဝန်လို့ နောက်နောက်ခေါ်ပါတယ် ၊ ကိုကြီးထွန်း ကိုကြီးဘာလို့ ဆေးမကုသလဲဗျလို့ မေးကြည့်တော့ “မဟော်သဓာဟာ လက်ထဲမှာဆေးလုံးပါလာပေမဲ့ ဆေးကုတဲ့သမားတော်မလုပ် ဘူးညီရယ် အကိုလဲအဲလိုဘဲ ဟားဟားဟား”လို့မေးတိုင်းအဲလိုဖြေပါတယ်။
 ပန်းစိုက်စားတယ်ဆိုပြီး ဆင်းတိဆင်းရဲ လူတော့မဟုတ်ပါဘူး၊ တစ်နှစ်ကို ငွေသိန်း၄၀၀ကျော်ဝင်ပါတဲ့ ၊ ဒါတောင် တစ်မျိုးထဲစိုက်တာပါ ၊ သစ္စာပန်းတစ်မျိုးဘဲ စိုက်ပါတယ် ၊ စကာင်္ပူနိုင်ငံကို ၁၉၉၆ခုနှစ်ကတည်းက စတင်ပို့တယ်လို့ဆိုပါတယ် ၊ သုံးကြိမ်လောက် မအောင်မြင်ဖြစ်ခဲ့တယ်လို့ လဲပြောပါတယ် ၊  နောက်ပိုင်းတွေမှာတော့ အောင်မြင်ခဲ့ပြီလို့ ပြောပါတယ် ၊ ၂၀၀၆ နဲ့၂၀၀၇မှာ ပန်းဘိုးငွေသိန်း ၇၀၀ ကျော်ရရှိတယ်လို့ ဆိုပါတယ် ၊ အခုလဲရန်ကုန်မှာ ရုံးခန်းဖွင့်ပြီး ၀န်ထမ်း၅၀ကျော်နဲ့ ပန်းရောင်း နေတာပါဘဲ။
သူ့ရဲ့ပန်းခြံဟာ ပြည်မြို့က သန္ဓေပင် နှင့် ကြံတောကုန် နားက ပွင့်လှသိမ်ကုန်းဆိုတဲ့ နေရာမှာ ရှိပါတယ။် ခြံအကျယ်အ၀န်းက ၁၅ ဧကပါ ၊ အိမ်ကိုလာလည်တိုင်း လာလာခေါ်ပေမဲ့ ကျွန်တော်တို့ ညီကိုတွေ မလိုက်ဖြစ်ကြပါ ၊ ဒီတခါတော့ သူ့မွေးနေ့ ခြံထဲမှာလုပ်မှာ မလိုက်ရင်သေခန်းပြတ်လို့ ပါးနဲ့မားကိုအပူကပ်ပါတယ် ၊ အဲဒါနဲ့ ကျွန်တော်တို့ညီကိုများဟာ သူ့ခေါ်ရာကိုလိုက်ခဲ့ရပါ တော့တယ် ၊ သူ့ခြံကြီးကတော်တော်ကျယ်ပါတယ် ၊ ပန်းစိုက်ဘို့လုပ်ထားတဲ့ ဘောင်လေးတွေ အများကြီးနဲ့ ထိုးထိုးထောင်ထောင် သစ္စာပန်းလေးတွေဟာ ၊ အရမ်းလှပပြီး ခြံထဲဝင်လာတဲ့လူကို ရင်ကိုအေးမြသွားစေပါတယ်။
 ညပိုင်းမှာ ကွစ်ပြစ်ကြီးပေါ်ထိုင်ပြီး အရက်သောက်ကြ လေဖုတ်ကြ သီချင်းဆိုကြ တယောထိုးကြနဲ့ ပျော်စရာကောင်းလှပါတယ် ၊ ကိုကြီးထွန်းရဲ့ ခြံဝန်ထမ်းတွေဟာ စုစုပေါင်း ၂၂ယောက်လို့ဆိုပါတယ် ၊ တစ်နှစ်လုံးနေမှ ပန်းပင်စိုက်တာနဲ့ အထွေထွေဝန်ထမ်းစရိတ် ဟာ သိန်း၂၀ကျော်ဘဲကုန်ကျပါတယ်တဲ့ ၊ ရတဲ့ငွေဟာ သိန်းရာချီရတာဆိုတော့ သူဟာအရင်းရှင် ကြီးဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ်။
သူ့ရဲ့ခြံကြီးထဲမှာ ဓာတ်ခွဲခန်းလေးလဲရှိပါသေးတယ် ၊ ပန်း ပင်တွေကို ကျတဲ့ပိုးတွေကို သုတေသနလုပ်တယ်လို့ ဆိုပါတယ် ၊ ဒီမြေကြီးတွေ ၀ယ်တုန်းက တစ်ဧကမှ သုံးသိန်းမရှိတရှိဘဲ ပေးရတယ်လို့ ပြောပါတယ် ၊ ကိုကြီးထွန်းရာ အကိုပန်းရောင်းတာက ချမ်းသာလိုက်တာ လွန်ရော တချို့ပန်းစိုက်တဲ့လူတွေကြတော့လဲ ဆင်းရဲလှပါလားဗျ ၊ “မတူဘူး ညီရဲ့ အကိုကပညာတတ်လေ တချို့ပန်းသာစိုက်နေတာ သစ္စာပန်းကို ဘယ်မျိုးစေ့ထဲပါမှန်းတောင် မသိဘူးညီ ၊ ပညာတတ်တဲ့ ပညာမတတ်တဲ့လူ လုပ်ငန်းခြင်းယှဉ်လုပ်ရင် ပညာတတ်တဲ့လူက ချမ်းသာတာဘဲ။
 အကိုပန်းစိုက်မယ်ဆိုတော့ အကို့အိမ်က ဆရာဝန်လုပ်ခိုင်းတယ် ၊ လှည်းတန်းမှာ တိုက်ခန်း ၀ယ်ပေးထားတယ် ၊ ဆေးခန်းဖွင့်ဘို့ အကိုကရောင်းစားလိုက်တယ် ပန်းစိုက်ဘို့အရင်း နှီး လုပ်ပလိုက်တယ် ၊ ဟောအခုတော့ ဆရာဝန်လုပ်ချင်လိုက်တာလို့ ပြောရင်မိဘတွေမပြောနဲ့ ပူတီးတို့ကတောင် လက်မခံတော့ဘူး ၊ မင်းအမပူတီးက ဘာပြောတယ်မှတ်လဲ အကိုမလုပ်နိုင် တော့ရင် ဒီပန်းခြံကို သူ့ကိုပေးရမယ်တဲ့ ၊ ဒီလုပ်ငန်းကိုသူ ဆက်လက်လုပ်ကိုင်မယ်တဲ့ ဟားဟား လောဘကြီးလိုက် ၊ ကျွန်တော်တို့ အဲဒီညမူးရူးပြီး ဟိုဟာအော် ဒီဟာအော်နဲ့အော်ကြပါသော်လဲ ရွာအပြင် ခြံဖြစ်ပါ၍ မည်သူမှလဲ လာမတားပါ ၊ ပျော်စရာတော့အလွန်ကောင်းလှပါတယ် ၊ ကိုကြီး ထွန်း ကျွန်တော်အိပ်ချင်လို့ သွားအိပ်တော့မယ် ၊ မနက်ဖြန် ကိုကြီးရဲ့ သစ္စာပန်းအကြောင်းကို သေ သေချာချာ ပြောပြနော် ကျွန်တော်မှတ်ထားမယ် ၊ နောက်တော့ စာရေးဆရာ လုပ်ဖြစ်ရင် ကိုကြီး ပန်းခြံကို ကြော်ငြာပေးမယ် ၊ ဟုတ်ပါပြီဗျား ဟားဟားဟား….။

သစ္စာပန်းရဲ့အစ
သစ္စာပန်းဟာ မူရင်းမိခင်ဒေသဟာ တောင်အမေရိကတိုက်ရဲ့မြေထဲပင်လည်ဒေသမှာ စတင်ဖြစ် ပေါ်လာပါတယ် ၊ အာဖရိကတိုက်တောင်ပိုင်း ၊ မြောက်ပိုင်း ၊ အလယ်ပိုင်း ၊ အမေရိကတိုက်နဲ့ အာရှတိုက် အထိပျံ့နှံ့လာပါတယ် ၊ ၁၉၅၆ခုနှစ်မှာ တူရကီနိုင်ငံက သစ္စာပန်းမျိုးစေ့တချို့ဟာ ဥရောပ တိုက်ထဲထိ ပျံ့နှံ့သွားတယ်လို့ တချို့ကဆိုကြသေးတယ်ကွ ၊ မြန်မာနိုင်ငံကိုတော့ ၁၉၂၅ခု နှစ်မှာရောက်ခဲ့တယ် ၊ ပြင်ဦးလွင်က ရုက္ခဗေဒ ဥယျာဉ်နဲ့ ဘုရင်ခံအိမ်တော်မှာ စတင်စိုက်ပျိုးရာ ကနေ ၊ ၁၉၂၇ခုနှစ်မှာ မြန်မာပြည်တော်တော်များများမှာ စတင်စိုက်ပျိုးဖြစ်ထွန်းလာတယ်တဲ့ ညီရဲ့ ။
အခုဆိုရင် ပြည်ခရိုင်တစ်ခုလုံး သစ္စာပန်းကိုစိုက်လာပြီ ညီလေးရဲ့ ၊ ပြည်မြို့က စိုက်တဲ့သစ္စာပန်းဟာ ပြင်ဦးလွင်က စိုက်တဲ့သစ္စာပန်းနဲ့ အရည်သွေးခြင်းတန်းတူဘဲညီ ၊ ပြင်ဦးလွင်က မြေကို မပြုမပြင်ရဘဲ စိုက်ရတာဆိုတော့ အနံခြင်းယှဉ်လိုက်ရင်တော့ ၊ ကိုကိုတို့ ပန်းကအနံနဲနဲ နည်းတယ် ၊ ဒါကတော့လူမသိ သူမသိ လျှို့ဝှက်ချက်ပေါ့ကွာ ၊ ဒါပေမဲ့ သစ္စာပန်းဆိုတာ အနံအဓိကကျတဲ့ ပန်းမဟုတ်ဘူးကွ ၊ ပန်းပွင့် ၊ အပင် ၊ တိုရှည်နဲများနဲ့သာ တန်ဘိုးဖြတ်ရတာ ဖြစ်လို့၊ သိပ်ပြီးတော့ အရေးမကြီးတဲ့ ကိစ္စတခုဘဲလို့ ယေဘုယျမှတ်ထားလို့ရတယ်။
 ကိုကြီးထွန်း သစ္စာပန်းကို စကာင်္ပူကို ပို့ခဲ့တယ်ဆို ဘယ်လိုပို့တာတုန်း ၊ ဒီလိုပါညီ ၁၉၉၅နဲ့ ၁၉၉၆ခုနှစ်ကပါ ၊ ပန်းတွေကို ညနေပိုင်းမှာ ခုတ်ထား ၊ ည (၉)-(၁၀)နာရီ အမြန်ရထားနဲ့ ရန်ကုန်ပို့ ၊ ရန်ကုန်မှာရှိတဲ့ ကိုယ့်ရဲ့ရုံးခန်းကနေ ပန်းတွေကို ယူထားပြီး စကာင်္ပူလေကြောင်းလိုင်းနဲ့ ပို့လိုက်တာဘဲ ၊ ခက်တာက ဟိုရောက်တော့ပန်းတွေက ပွင့်ကုန်လို့ ၊ ပန်းရောင်းရမဲ့ အချိန်နဲသွားတယ်ညီ ၊ အဲဒီမှာ အကိုတို့ရှုံးတာဘဲ ၊ စကာင်္ပူကို တရုတ်နှစ်ကူးဆိုရင် ပို့တယ် ၊ အခုက လေကြောင်းလိုင်းတွေကလဲ အဆင်ပြေလာပြီလေ ဒီနှစ်တရုတ်နှစ်ကူးမှာ ရောင်းရငွေ သိန်း ၃၀၀ကျော်ဘိုးလို့ မှန်းထားတယ် ၊ အော် ညီရယ်ဒီလောက် ကတော့ ရပါတယ် ၊ ကုန်ုကျငွေများသလို အခွန်အတုတ်တွေကလဲ ပန်းအစည်းလိုက်ပေါ်မှာ အခွန် ဆောင်ရတာ ၊ အရင်က ကွန်တိန်နာနဲ့ ချိန်ရတာ ၊ အခုတော့ တစ်စီးခြင်းဖြစ်သွားပြီ ၊ ရတာတွေဘဲညီက မြင်တာကိုးကွ ၊ ပေးရတာတွေကလဲ မနဲဘူးညီ ။
ဘယ်လိုမြေတွေစိုက်နိုင်လဲ သစ္စာပန်းက ရေစီးရေလာကောင်းတဲ့ မြေကြီးရှိတဲ့ နေရာကိုနှစ်သက် တယ်ညီရဲ့ ၊ သစ္စာပန်းဆိုတာက ဥဘေးကနေ အမြစ်ထွက်ပေါက်ရတာဆိုတော့ကွာ အမြစ်ထိုး ထွက်လို့ကောင်းတဲ့ မြေမျိုးကိုနှစ်သက်တယ် ၊ အမြန်ခြောက်သွေ့စေတတ်တဲ့ မြေမျိုးကိုတော့ မနှစ် သက်ပြန်ဘူး ၊ ရေ၀ပ်တဲ့ မြေမျိုးကိုလဲ မကြိုက်ဘူး ၊ အစိုဓာတ်လဲရှိရမယ် အမြစ်ထိုးထွက်လို့ ကောင်းတဲ့ မြေလဲဖြစ်ရမယ်ဆိုရင်တော့ သစ္စာပန်းစိုက်နိုင်ပါတယ်ကွ ၊ မြေတိုင်းမှာစိုက်လို့ ဖြစ်ပါတယ် ခြောက်သွေ့လွယ်တဲ့မြေ မဟုတ်ရဘူး ၊ ရေ၀ပ်မနေရဘူး ရေ၀ပ်နေရင် အပင်ခါးရိပြီး အမြစ်ပုတ်သွားတတ်တယ် ၊ စီးပွားဖြစ်စိုက်မယ် ဆိုရင်တော့ကွာ စိုက်ပျိုးရလွယ်ကူတဲ့ သဲနုန်းမြေအမျိုးအစား ဖြစ်ရမယ် ၊ သစ်ဆွေးဓါတ် Organle Matter ထည့်ပေးသင့်တယ် ၊ စိုက်ပျိုးမဲ့ မြေဟာ PH 6.0 ရှိရ မယ် ၊ အဲဒီအဆင့်တန်းမရှိဘူးဆိုရင် အောင်မြင်ဘို့ခက်တယ် ၊ မြေကိုလဲပြုပြင်ရမယ် ထယ်ထိုး ၊ ထွန်မွေ ၊ သုံးကြိမ်လောက်လုပ်လိုက်ရင်တော့ သမန်းကောင်းတဲ့မြေ ဖြစ်လာပြီး ခုနကအဆင့် အတန်းကို မှီသွားတယ် ။
ဘယ်ရာသီတွေမှာ စိုက်ရလဲ ဒို့နိုင်ငံမှာတော့ မိုးဦးကျ မေ၊ဇွန် ၊ ဆောင်းဦးပေါက် စက်တင်ဘာ ၊ အောက်တိုဘာ ၊ နိုဝင်ဘာမှာ စိုက်ကြတယ်ညီ ၊ ဘယ်လိုစိုက်ကြလဲအကို ။ စိုက်တာကတော့ နည်း စနစ်ငါးခုရှိတယ် ၊ အဆင်ပြေသလိုစိုက်ကြတာပါဘဲ ၊ ဘောင်ဖေါ်စိုက်ပျိုးခြင်း နှစ်ပင်တစ်တန်းစနစ် နဲ့ စိုက်လို့ရအောင် ဘောင်တွေဆွဲရတယ်ညီ ၊ ဘောင်တခုနဲ့တခု သုံးပေကွာပြီး မြောင်းရဲ့အရှည်က ပေခြောက်ဆယ်ရှိတယ် ၊ မြောင်းဘောင်ပေါ်က သစ္စာပန်းနှစ်တန်းဟာ တစ်တန်းနဲ့တစ်တန်း ဆယ် လက်မကွာတယ်  ၊ တစ်ပင်နဲ့ တစ်ပင်ဟာ သုံးလက္မ သို့မဟုတ် ခြောက်လက္မ ခွဲထားရတယ် ၊ ဒါကတော့ ဘောင်ဖေါ်စိုက်ပုံပေါ့ ။
နောက်တခုက ဥသိမ်စိုက်ပျိုးခြင်းပဲကွ မျိုးဥယျာဉ်တွေမှာ မျိုးမွေးပြီး မျိုးကောင်းဥတွေ ရောင်းချ တယ် ဥသိမ်လေးတွေဟာ စားတော်ပဲစေ့လောက်ဘဲ ရှိတယ်ညီရဲ့၊ ဥသိမ်စိုက်ပျိုးခြင်းဟာ တနှစ် လောက်စိုက်ပျိုးရပေမဲ့ ၊ ပန်းပွင့်သေးဘူးညီရဲ့ ဒါပေမဲ့ ကြီးထွားလာတဲ့ ဥသိမ်လေးတွေကို မျိုးအဖြစ်သုံးလို့တော့ရတယ် ၊ ဥသိမ်သက်တမ်း၂နှစ်ကျော်ရင်တော့ ပန်းပွင့်လာတယ် ၊ တချို့က တော့၃နှစ်လောက်ကြာတယ်။
စိုက်ပျိုးပုံကတော့မခက်ပါဘူးကွ မြောင်းဘောင်ဖော် တစ်မြောင်းနဲ့ တစ်မြောင်း ၆လက္မလောက်ခွာပြီး မြောင်းငယ်လေးတွေဆွဲလိုက် ၊ ဥတခုနဲ့ တခုဟာ ၃လက္မခြား လောက်စိုက်လိုက်ရင် ဖြစ်သွားတာပါဘဲ ၊ မြေသြဇာ ထက်သန်ဖို့တော့ လိုတယ်ညီရဲ့ ၊ ဒါမှဥကြီး ထွားတာမြန်တယ် ၊ မိုးဦးကျတာနဲ့ ပေါင်းရှင်း ၊ မြေဆွဲပြီး ပျိုးထောင်စိုက်ပျိုးရတယ် ၊ ဒီနည်းက တော့ ပန်းအဖြစ်ရောင်းတဲ့ဥယျာဉ်သမား ၊ ခြံသမားတွေသိပ်မလုပ်ကြဘူး အကိုကတော့ လုပ်တယ် ဒါမှ မျိုးကောင်းမျိုးသန့်အတွက် စိတ်ချရတယ်ညီ ၊ ဒီနည်းကို မျိုးရောင်းတဲ့လူတွေကဘဲ သီးသန့် လုပ်တတ်ကြတယ် ။
နောက်တခုက အစေ့ကိုစိုက်တာ ဥသိမ်ကိုစိုက်တဲအခါ ဆန်းသစ်တဲ့ အရောင်အသွေးနဲ့ တိုးတတ် တဲ့မျိုးဆက်တွေရဖို့  ခဲယဉ်းလို့ တချို့က အစေ့ကိုစိုက်ကြတယ် ၊ အကိုအခုစိုက်ထားတဲ့ ဥသိမ်မျိုး တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်က အမျိုးညီ ၊ အစေ့ကိုစိုက်ပုံကတော့ကွာ မစိုက်ခင် အရင်ပျိုးထောင်ရတယ်ညီရဲ့ ထင်းရူးသေတ္တာထဲမှာမြေဆွေး ၊ နွားချေးဆွေးတွေကို မွအောင် ထည့်ပြီးမှ အစေ့ချလိုက်ရတယ်။
 တပေါင်းလ ဆိုရင် ပျိုးထောင်ဖို့အကောင်းဆုံး လပဲညီရဲ့ ၊ စိုက် ပျိုးတော့မယ်ဆိုရင်တော့ ၊ ၁/၂လက္မလောက် မြေမှာမြုတ်ပြီး စိုက်ရတယ် ၊ တပါတ်အတွင်း အပင်ပေါက်တာဘဲ ညီရဲ့ ၊ အပင်ပေါက်လေးတွေဟာ မသိရင် မြတ်နဲ့တူတယ် ၊ ရွေ့ပြောင်း စိုက်ရင် ခတ်ခဲလို့ ကြီးတဲ့အထိထားရတယ် ၊ ပျိုးပင်ပေါက်ကို အလောတော် ရေစိုအောင်ထား ၊ ပေါင်းမြက်ရှင်း ၊ ညှက်လွန်းတဲ့အပင်တွေကိုလည်း နှုတ်ပြစ်ရတယ် ၊ ပျိုးပင်ပေါက်တွေကို ဆောင်ဦး ပေါက်မှာ တူးဖော်တာအကောင်းဆုံးဘဲ။
 အဲဒီကာလဆိုရင် သစ္စာပန်းအစေ့လေးတွေဟာ ဥသိမ် လောက်ကြီးလာပြီ ညီရဲ့ ၊ ဥသိမ်လေးတွေကို သေချာစွာသိမ်းဆည်းပြီး ရှေ့နှစ်မိုးဦးကျမှာ ပြန်လည်စိုက်ပျိုးဖို့ မျိုးသိမ်းထားရတယ် ညီရဲ့ ဒုတိယနှစ်မှာတော့ အပင်တစ်ပင်တည်းက ပေါက် ဖွားလာတဲ့ သားပင် တွေက ပန်းပွင့်များစွာဟာ အရောင်အမျိုးမျိုးနဲ့ ပွင့်လာရော ၊ အရေအသွေးရှိ အလားအလာကောင်း တဲ့အပင်တွေကို ရွေးချယ် မျိုးထားပေးပြီး ကျန်တဲ့အပင် တွေကို ဖယ်ရှားပြစ် ရတယ်ညီရဲ့ ။
နောက်တခုကတော့ ရေထဲမှာ စိုက်ပျိုးတာပါ ၊ ဒီစိုက်နည်းက စီးပွားဖြစ်စိုက်ပျိုးနည်းမဟုတ်ဘူး ညီ အနောက်နိုင်ငံတွေမှာ ပန်းအလှထိုးပြီး အိမ်တွင်းအလှဆင်တာ စတာတွေလုပ်တဲ့နည်းပါ ၊ ဒို့နိုင်ငံ မှာမလုပ်ကြဘူး ၊ ဒို့လူမျိုးက အလှအပကိုသာကြိုက်တာ အပန်းပန်းတော့မခံဘူးလေ ၊ ကြိုက်တဲ့ လူတွေများတယ် ၊ မြတ်နိုးတဲ့လူက မရှိဘူးလေ ၊ ဒီစိုက်ပုံလေးကတော့ သစ္စာပန်းဥကို ရေထည့် ထားတဲ့ အိုးထဲက ကျောက်တုံးပေါ်မှာ တင်ပြီးစိုက်ရတာညီ ၊ ဥလေးကို ရေမျက်နှာပြင်ပေါ်မှာ နဲနဲ လေးဖော်ပေးထားရတယ် ၊ ရေရဲ့ (level)ကိုတော့ မကြာမကြာစစ်ပေးဘို့ လိုမယ်ညီ ၊ စိုက်ပျိုးထား တဲ့အိုးတွေကို အေးပြီး အလင်းရောင်မှရှိ လေ၀င်လေထွက် ကောင်းတဲ့နေရာမှာ အပင်သူငယ်လေး ၁လက္မကျော်တဲ့ အထိထားပေးရတယ်။
 အဲဒီအရွယ်ကို ရောက်ပြီဆိုရင်တော့ အလင်းရောင်ပိုရပြီး အနွေးဓာတ်ရှိတဲ့ နေရာကို တဖြေးဖြေး ရွေ့ရွေ့စိုက်ပေးရတယ် ညီရဲ့ ၊ အဲပန်းလေးတွေပွင့်လာ ပြီဆိုရင်တော့ ၊ အလှထိုးပန်းအိုးလေး ဖြစ်သွားရောညီ ၊ ဒါကတော့ အိမ်တွေမှာ အလှဆင်တဲ့ သစ္စာပန်းစိုက် ပျိုးနည်းလေးပါဘဲ ၊ ကိုကိုအိမ်က ဧည့်ခန်းထဲမှာ စိုက်ထားတဲ့ ပန်းလေးတွေက ဒီနည်းနဲ့စိုက်ထားတာညီ ၊ ဂျပန်နိုင်ငံမှာ အဲလိုစိုက်ပျိုးပြီးသား ပန်းအိုးလေးတွေ ရောင်းတယ်ညီ ။
နောက်တနည်းကတော့ ရှားပန်းပန်းမျိုးတွေကို စိုက်တာညီ ထက်ခြမ်းခွဲစိုက်နည်းခေါ်တယ် သစ္စာပန်းဥအောက်ဖက် အမာရွတ် (ချက်)ပိုင်းပါအောင် ဓားထက်ထက်နဲ့ လှီးရတယ် ၊ (lateral bud ) မျက်စေ့လည်း ပါရမယ် ၊ ထက်ချမ်း ခွဲထားတဲ့ သစ္စာပန်းဥကို အခြောက်ထားပြီး စိုက်ကွင်းမှာ စိုက်ရတယ် ။ သစ္စာပန်းဥ အမြစ်ကို မီးသွေးမှုန့်နဲ့ စိုက်မယ်ဆိုရင်တော့ ဥထဲကရေခိုးရေငွေ့ တွေအပြင်ထွက် မသွားတော့ဘူး ၊ အပြင်က ရေခိုးရေငွေ့ကိုလည်း စုပ်ယူနိုင်သေးတယ် ၊ ပြင်ပပိုးမွှားရောဂါကိုလည်း ကာကွယ်နိုင်သေးတယ်ညီ ရဲ့ နောက်ပြီး ပန်းပွင့်လဲမြန်တယ်ကွ ၊ တချို့ကတော့ (Aldrin) လူးစိုက်ရင်တော့ ပိုကောင်းတာပေါ့ ညီ။
 ရှားပါးတဲ့ သစ္စာပန်းမျိုးတွေကို ထက်ခြမ်းခွဲပြီးစိုက်ပျိုးတာဟာ မျိုးဥနဲနဲနဲ့ အပင်များများရတယ် ညီရဲ့ နောက်မျိုးဥတွေအတွက် ကုန်ကျစရိတ်လဲ အင်မတန်သက်သာတယ်ညီ ။ အကိုတော်တော်လေး ပန်းအကြောင်းကို သိတယ်နော် အင်းပေါ့အကိုက ပန်းသယ်ဆိုတော့ ပန်းအကြောင်းသိရတာပေါ့ ဒီလောက်သိရုံနဲ့တော့ ပန်းစိုက်လို့မရသေးဘူးညီ ၊ အကိုပန်းစိုက်စားဘို့ ၄နှစ်လောက် စာအုပ် မျိုး စုံဖက်ပြီး လက်တွေ့ ၂နှစ်လုပ်ခဲ့ရတယ် ၊ မင်းကပန်းရောင်းတာလေးဘဲ မြင်တာကိုကွ ။
အခုပြောခဲ့တာက ပန်းစိုက်ပုံလောက် ရှိသေးတာညီရဲ့ မင်းကို သစ္စာပန်းတွေရဲ့ လိုအပ်တဲ့ အာဟာ ရအကြောင်းတွေ ပြောပြရအုံးမယ်။

ဟုတ်ကဲ့ စာရေးထားတာ များနေလို့ ခွဲတင်ပါ့မယ် စာဖတ်သူများ စိတ်ဝင်စားရင် ပန်းစိုက်လို့ရအောင် သစ္စာပန်း စိုက်နည်း ပြုစုနည်းများကို မှတ်ထားတာရော စာအုပ်များမှ ပါကိုးကားပြီးတော့ ရေးထားပါတယ် ခင်မျာ ။ စာဖတ်သူများ ကျန်းမာပျော်ရွှင်ပါစေ လို့ ငွေလမင်းတို့က ဆုတောင်းလိုက်ပါတယ် ဗျာ။


Friday, February 25, 2011

သောကြာဂြိုလ်နှင့် တနင်္လာ(လ) တို့ပူးခြင်း

လာမည့် မတ်လ ၁ရက်နေ့ မြန်မာစံတော်ချိန် နံနက်၁၀နာရီ ၊ ၉မိနစ်တွင် မြန်မာနိုင်ငံ ကောင်းကင်တွင် လနှင့် သောကြာဂြိုလ်တို့ ပူးခြင်းဖြစ်ပေါ်ပါမည်။ ထိုသို့ ပူးနေချိန်တွင် မကာရ ရာသီတွင် ဂြိုလ်များရဲ့ ရပ်တည်မှုများဟာ အရှေ့လောင်ဂျီတွဒ် ၈၇ ဒီကရီ ၊ ၂၈မိနစ်နှင့် ၊ တောင်လတ္တီတွဒ် ၁၇ ဒီကရီ ၊ ၅၅ မိနစ်တွင် သြစတြေးလျတိုက် အနောက်ဘက် အန္ဒိယ သမုဒ္ဒရာ အတွင်းမှာ ဖြစ်ပေါ်ပါမည် ၊ စတင်ဖြစ်ပေါ်ချိန်တွင် မြန်မာနိုင်ငံတွင် နေထွက်နေသော ကြောင့် မမြင်ရနိုင်ပါ ။

မတ်လ ၁ရက်နေ့ နံနက်လေးနာရီ ၂၅ မိနစ်အချိန်ကစပြီး အာရုံတတ်သည့် အရှေ့ဘက်မိုး ကောင်းကင်ကို ကြည့်လျှင် လအနီးနားတွင် သောကြာဂြိုလ် နီးကပ်ပြီး ရပ်တည်နေတာကို တွေ့နိုင်ပါသည်၊ ထိုသို့ ရပ်တည်ရာမှ မြန်မာစံတော်ချိန် ၁၀နာရီ၊ ၉မိနစ်တွင် တနလာင်္ဂြိုလ်ဟု ခေါ်သော လနှင့်  သောကြာဂြိုလ်တို့  အထက်ဖော်ပြပါ လတ္တီတွဒ်၊ လောင်ဂျီတွဒ်များ အတိုင်း ပူးယှဉ်ခြင်း အဖြစ်ကိုရောက်ရှိပါလိမ့်မယ်။

ထိုကဲ့သို့ လနှင့် သောကြာ ဂြိုလ်ပူးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များမှာ နိုင်ငံ အတွက်ဆိုလျှင် ၊ အကြီးအကဲ များ ၀ိဝါဒကွဲပြားပါမယ်၊ သောကြာ သာသမီးများ ဘုန်းကံ မြင့် မားပါမယ်၊ အလုပ်အကိုင်များ တိုးချဲ့လုပ်ကိုင်နိုင်ပါတယ်၊ ဇာတာဆန်းလဒ် ငန်းဆောင်တာ အောင်မြင်ပါလိမ့်မယ် ၊ တနလာင်္သား သမီးများ အမှု့အခင်းဖြစ်ပါမယ် ၊ နိုင်ငံ ရပ်ခြား နေထိုင်ကြသော တနလာင်္ သား သမီးများ အမှု့အခင်းဖြစ်ပါလိမ့်မယ်၊ စကား၊ ခရီး ၊ သွားလာ၊ လှုပ်ရှားတို့ကြောင့် ၊ အဆင်မပြေမှုများ ဖြစ်ပေါ်နိုင်ပါတယ်။

ဤကဲ့သို့ လနှင့် သောကြာ ပူးခြင်းသည် မြန်မာနိုင်ငံတွင် ၅နှစ်လျှင်၊ တစ်ကြိမ်နှစ်ကြိမ် ဖြစ်လေ့ ဖြစ်ထရှိပါတယ် ၊ အလားတူ ဖြစ်ပေါ်မှု့မျိုးကို ၂၀၁၆ခုနှစ် ၊ မေလ ၆ရက်နေ့ ၊ နံနက် ၁၀နာရီ ၃၀ မိနစ်တွင် တစ်ကြိမ် ထပ်မံဖြစ်ပေါ် ပါမည်။

ဘလော့စာဖတ်သူများ ဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့က ဆုမွန် တောင်းအပ်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Sunday, February 20, 2011

ပိုလာဝက်ဝံ နဲ့ တူနေပြီလား???

 
မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား….?
အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှအင်အား ထုတ်စရာမလိုဘဲအဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီးဖျံရဲ့သွေးကို ပုံးတစ်ခုထဲ ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ဓါးမြှောင်ကိုသွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ အချိန်တိုအတွင်းမှာခဲသွားပါတယ။ အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီးရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။ ၀က်ဝံတွေက သွေးအရမ်းကြိုက်တယ်။
 
အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့အငမ်းမရလျှာနဲ့စတင်လျက်ပါတော့တယ်။လျက်ရင်းလျက်ရင်းလျှာခဲသွားလည်းအစာကောင်းကိုလက်မလွတ်ချင်တာနဲ့ ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုတာကို သတိမထားမိတော့တဲ့ အထိပါပဲ။

လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။ အကြောင်းကသွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို
လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက နာကျင်တာကိုမခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက မြန်လေလေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက် နေမိတော့တယ်။ နောက်ဆုံးတော့သွေးထွက်လွန်ပြီး မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကိုဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။

ဘ၀ရဲ့ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေလေ ၀င်ငွေများများ ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်း မသိကြဘူး။ဝင်ငွေများလာတာနဲ့ နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံးကြရတယ်။ လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာ ငတ်နေတဲ့သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊လူတစ်ဖက်သားကို ကူညီဖို့အရေးဆိုတာကိုတောင် သူတို့မေ့နေခဲ့ကြတယ်။

အမေရိကားရဲ့အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင်
ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဖူးတယ်။

မေးခွန်းက“တကယ်လို့ဘ၀ကိုအသစ်ပြန်စရရင်သင်အမျှော်လင့်ဆုံးနဲ့လက်မလွတ်ချင်ဆုံးအရာကဘာလဲ”တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။

အဖြေက“တကယ်လို့ဘ၀ကို အသစ်ပြန်စရရင်သားသမီးတွေနဲ့ အတူနေတဲ့အချိန်ကို လက်မလွတ် ချင်ဆုံးပါ”လို့ပြန်ဖြေခဲ့ကြတယ်။

တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့… ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့လုံလောက်ပြီလို့ မထင်ဘဲ ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။
 

ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီးပျော်နေကြတဲ့လူဖြစ်နေခဲ့ပြီလား…?

တင်းတိမ်ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှမဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူကအမြဲဆင်းရဲနေတယ်။

ရေးပြီးသားစာများရှိသော်လည်း မအားတာရော ပျင်းတာရော စာများကိုမတင်ဖြစ်တာပါ။ အခုပို့စ်ကလည်း ကိုယ်တိုင်ေ၇းထားတာ မဟုတ်ပါ။ မေးလ်ထဲရောက်လာတာကို ဖတ်ပြီး ကြိုက်လို့ ပြန်တင်လိုက်တာပါ။ အားလုံး ပျော်ရွှင်ပါစေလို့ ငွေလမင်းတို့က ဆုတောင်းလိုက်ပါတယ်။



Sunday, February 6, 2011

မြန်မာနိုင်ငံသား ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင်

တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်းဥက္ကဌ ဒေါက်တာဇော်ထွန်း မိတ်ဆက်ပေးသဖြင့်ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ၊တီဗီအစီအစဉ်တင်ဆက်သူ Adrian Zaw (ကြည်မောင်ဇော်) နှင့်လော့စ်အိန်းဂျလိစ်မြို့ မွန်ထရီပတ်ခ်မြို့နယ်ရှိ အောင်ဇေခန်းမတွင်၂၀၁၀ဒီဇင်ဘာလ၆ရက်၌ တွေ့ဆုံစကားပြောခဲ့ပါသည်။ ၁၉၈၉ခုနှစ်၊ ၅နှစ်သားအရွယ်တွင်မိဘနှင့်အတူ အမေရိကနိုင်ငံသို့ ပြောင်းရွှေ့ရောက်ရှိ လာသည့် Adrian Zaw သည် လက်တွေ့ ’အမေရိကန်အိပ်မက်’၌ ကြုံတွေ့ရသော အခက်အခဲပေါင်းများစွာ ကိုမိသားစုနှင့်အတူ ရုန်းကန်ကြိုးစားခဲ့ရပြီး စီးပွားရေး အခြေအနေအရ အိမ်ပေါင်းများစွာ ကျောင်းပေါင်းများစွာ ပြောင်းရွှေ့ကာ ကျောင်းတက်ခဲ့ရသူတဦး ဖြစ်သည့် အလျှောက် ငယ်စဉ်ကပင် နေရာဒေသ ပေါင်းများစွာ၊ သူငယ်ချင်းပေါင်းများစွာနှင့် ပြောင်းလဲဆက်ဆံခဲ့ရသည်။ ထိုအကျိုးကျေးဇူးကြောင့်ပင် လူအများနှင့် ဆက်ဆံမှုတွင် အောင်မြင်သူတဦး ဖြစ်လာခဲ့သည်။

ထိုစဉ်အချိန်က ကွန်မြူနတီတွင်မြန်မာလူမျိုး မများသဖြင့် မြန်မာသူငယ်ချင်းမရှိပဲ အိမ်တွင် တီဗီကြည့်ရင်း၊ ရုပ်ရှင်ဇာတ်ကားများ ကြည့်ရင်း ငါးပိသံထွက် အင်္ဂလိပ်စကားပြောအဆင့်မှ အဆင့်မှီမေရိကန်သံထွက်
အင်္ဂလိပ်စကားအဆင့် ရောက်အောင်ကြိုးစားနိုင်ခဲ့သည်။ ၁၉၉၇ခုနှစ်၊ အသက်၁၃နှစ်အရွယ်တွင် သူတက်နေသောကျောင်းသို့ Career Day အတွက်လုပ်ငန်း ဘာသာရပ်ပေါင်းစုံမှ ပရော်ဖက်ရှင်နယ်များ လာရောက် ဟောပြောကြရာ ရုပ်ရှင်လုပ်ငန်းအတွက် ဟောပြောသူ အမျိုးသမီးက ရုပ်ရှင်သရုပ်ဆောင်တဦးအနေဖြင့် ပျော်ရွှင်စရာကောင်းပုံ၊ ကစားနည်းပေါင်းများစွာကို ကစားရပုံ၊ရုပ်ရှင်ရိုက်ကွင်းတွင် အစားအစာများကိုကြိုက်သည့်အချိန်တွင် အခမဲ့စားသုံးရပုံများကိုဟောပြောသွားသည်ကိုကြားရပြီးနောက် ရုပ်ရှင်သရုပ်ဆောင်ဖြင့် အသက်မွေးဝမ်းကျောင်းရန်စိတ် ဆုံးဖြတ်ချက်ချခဲ့သည်ဆိုပါသည်။

ထိုနှစ်နွေရာသီတွင်သရုပ်ဆောင် သင်တန်းတက်ရန်အတွက် Scholarship
မဲပေါက်ကာ နှစ်နှစ်ဆက်တိုက်သင်တန်း တက်ရောက်ခဲ့ရုံမျှက ကျောင်းတွင်း Speech and
Debate(ကျဘန်းစကားပြောပြိုင်ပွဲနှင့်စကားရည်လုပွဲ)တွင်စတင်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အတက်တန်း ကျောင်းသားဘ၀၌ ဆုပေါင်း၆၀ကျော်ရရှိခဲ့သည်။၁၀တန်းတွင်League ချန်ပီယံဆုရခဲ့ပြီး ၁၁တန်းတွင်ကယ်လီဖိုးနီးယားပြည်နယ်၏ ချန်ပီယံဆုကို ဆွတ်ခူးရရှိကာအမေရိကတပြည်လုံးအဆင့်သို့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီးမြန်မာနိုင်ငံသားတို့ ဂုဏ်ယူနိုင်ဖွယ်အဆင့်၅နေရာရခဲ့သည်။

အထက်တန်းကျောင်း အောင်မြင်ပြီးနောက် Pasadena City College တွင်သရုပ်ဆောင်
နှင့် အသံပိုင်းဆိုင်ရာသင်တန်းများ Scholarshipဖြင့် တက်ရောက်အောင်မြင်ခဲ့ပြီး
ဗီယက်နမ်လူမျိုးစု အများနေထိုင်ရာ Orange County ၏ ရုပ်မြင်သံကြား
အသံလွှင့်ဌာနတွင် ၃နှစ်ကျော်ကြာ သရုပ်ဆောင်နှင့် တီဗီအစီအစဉ်
တင်ဆက်သူအဖြစ် တီဗီရှိုးပေါင်းများစွာလည်း ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အသက်၂၀တွင်
USC (University of Southern California)
တက္ကသိုလ်သို့ တက်ရောက်ခွင့်ရခဲ့ပြီးနောက် ဆုံးနှစ်တက်ရောက်နေစဉ် ပညာသင်ကြားရေးကိုခေတ္တရပ်
နားကာ Satacracy 88 ရုပ်သံစီးရီးတွင်ဇာတ်ရုပ်Ariel Zim
အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့သဖြင့် ၂၀၀၇ခုနှစ်အတွက် Emmy Award for
Oustanding Broadband Drama ဆုကို ဆွတ်ခူးရရှိနိုင်ခဲ့သည်။

၆လအကြာတွင် မီဒီယာကုမ္ပဏီသစ်ဖြစ်သော Arrow Entertainment
ကိုတည်ထောင်ခဲ့ပြီး ကေဘယ်လ်တီဗီလိုင်းများတွင် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့ရာ ၂၀၁၀အောက်တိုဘာ၎ရက်တွင် Adrianပါဝင်သရုပ်ဆောင်သော The Resistance Series ဇာတ်ကား
ကိုSyFyလိုင်းမှထုတ်လွှင့်ပြသခဲ့သည်။

Adrianသည်အသက် ၂၃နှစ်ရွယ်တွင် နာမည်ကျော် Wire Image
အပါအ၀င်တီဗီရှိုးပေါင်း၇ခုအတွက်ကော်ဇောနီလွင်ပြင်မှကမ္ဘာကျော်ဟောလီးဝုဒ်သရုပ်ဆောင်များကို အင်တာဗျူးသည့်တီဗီသတင်းထောက်အဖြစ်၎င်း၊တီဗီအစီအစဉ်မျိုးစုံတင်ဆက်သူအဖြစ်၎င်း၊ရုပ်ရှင်ဇာတ်ကားပေါင်း၄၀ရိုက်ကူးထုတ်လုပ်ခဲ့သည့်အတွေ့အကြုံဖြင့်၎င်း၊အောင်မြင်မှုရရှိနေသည့်တက်သစ်စသရုပ်ဆောင်ထုတ်လုပ်သူတဦးဖြစ်နေပါပြီ။ Adrian သည်မြန်မာစကားကို သွက်လက်ပီသစွာပြောသော်လည်း အင်တာဗျူးကိုပထမမြန်မာ-အမေရိကန်မျိုးဆက်သစ်ကျောင်းသားလူငယ်များပါဖတ်ရှုနိုင်ရန် အင်္ဂလိပ်ဘာသာအဓိကဖြင့်ဖေါ်ပြလိုက်ပါသည်။

*Please tell your Background…*
Name: Adrian Zaw
Age: 26
DOB: May 7th, 1984
Height: 5’5

Weight: 140 LBbs
Religion: NONE
Birthplace: Rangoon, BURMA
Parents: Arthur Zaw  (a’gufwmodef; aZmf) & Amy Zaw
Siblings: Andrew Zaw (tpfudk)

*Where do you live?*
El Monte, California.

*Your Education…*
High School: Gabrielino High School 1999-2002
College: Pasadena City College 2002-2003
University: USC (University of Southern California) 2004-2006
*
What is your ambition? Is that the same ambition as when you were young?*
My Ambition now is the same as when I was young, to be an Actor! There’s no
other career or occupation I find myself at peace with other than being an
actor, but it doesn’t mean I won’t do what I have to achieve what I want to.

*Can you speak & write in Burmese? Have you ever watch Burmese Movie? What
is your impression?*
Yes, I can speak Burmese, but I can’t write it.
Yes, I’ve watched Burmese Videos, and I can see there’s a lot of room for
growth. It would be nice to have an opprtunity to one day direct a Burmese
movie.

မြန်မာစကားကိုပိုပြောတတ်ချင်တယ်။အခုဂျပန်ဘာသာစကားကိုသင်နေတယ်။ဘာသာစကားမျိုးစုံတတ်
ထားရင်လူမျိုးပေါင်းစုံနဲ့ပိုပြီးဆက်သွယ်လို့ရတယ်။မြန်မာပြည်ပြန်ရောက်သွားတယ်လို့အိပ်မက်မက်တယ်။ မြန်မာရုပ်ရှင်ဒါရိုက်တာတဦးနဲ့ဆက်သွယ်ပြီးရုပ်ရှင်ရိုက်ဖို့စီစဉ်ထားတာတွေရှိတယ်။မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။ကျွန်တော်သိထားတဲ့ဟောလီးဝုဒ်ကအဆင့်မြင့်အတတ်ပညာတွေနဲ့အတွေ့အကြုံတွေကိုမြန်မာပြည်မှာရုပ်ရှင်ရိုက်ဖို့အတွကှ့်လုပ်ချင်တယ်။

*Are you doing Modeling?*
Only you give me 2 months of notice for me to get back into shape.

*What is your hobby?*
I don’t think I have many since Acting is so much fun. But if I had to
choose, I guess I would have Firearms, Sky diving, Bungee jumping and
Motorcycles on my list of fun things to do. Watching Movies, Playing Music
is more part of work than Hobby.

*What TV Channels are your favorite?*
Currently, I’m a big fan of AMC’s “The Walking Dead” and also TNT”s “South
Land” but I love my Cartoons, “Family Guy” & “South Park”.

*Any interest in Reading, and what are your favorite book?*
“The Little Black Book of Networking”
“Secrets of the Millionaire Mind”
“Rich dad, Poor Dad”.

*Have you ever been to Burma for Vacation?*
No, but I would love to go there to make a movie more than going there on
vacation. I’m a Work-a-holic, and can’t stand not being productive.

*Do You like Burmese food? What is your favorite Burmese food? What kind of
food you like most?*
Yes! I love Burmese food!  My favorite is aMu;tdk;. Other than that I love
Japanese Sushi, Rame, Vietnamese Pho, and Hotwings.

*What car are you driving? What is your favorite car and Why?*
I am curently driving a Toyota Yaris. This is my favorite car, because I
don’t need much to get around. Not very into Fancy Cars. Since its all about
getting from one place to another in the most cost efficient. Since I drive
a lot to auditions, I can’t complain about the great gas milage. I think I
would drive a Yaris, Even I was a Multimillionaire.

*Can you please compare the freedom of America and other countries?*
*Also please compare the weather, environment in Los Angeles with other
states?*
Comparatively, when it comes to Freedom, the heart of America has the most
Freedom and it gets less as you move towards the cosat and to other
countries.
For Example, Gun laws are more strict when you move towards the west, and
illegal when you move to say Hawaii, or even more when you got to Japan.
The most fundamental freedoms of Self Preservation is stripped and compared
to other countries I think that’s one of most essential ones I value.
The Weather of Los Angeles is hot all year round, it has beaches and a
pollution and a lot of traffic, it’s a compromise.

*Who is your Idol or Mentor in your life and Why?*
I need one. Being one of the few Burmese Actors in the industry, there’s
unfortunately not many people to seek advice from or help from. If they have
a lot to say, they also have a of time and not much accomplishments. If they
have a lot of accomplishments, they rarely have time.
o&kyfaqmif Brad Pitt  eJY Edward Norton wdkYu uRefawmfhudk Character t&
Inspirational jzpfapygw,f/

*Do you like Traveling? Where is your favorite city in USA & favorite
countryin the world?*
My favorite city in the USA? Probably Southern California for its Diversity
in Food. But the compromise is that it’s too crowded.
For Favorite Country, it’s hard to say, Japan vs USA. But I like my Freedoms
too much live out my years in Japan.

*What kind of name brands you like in Fashion and Dress?*
As for Fashion, I think it’s in the eye of the Beholder, and not the brand
name. I wear Walmart or Target Clothing if I have to, but I were to get a
suit, there’s only one place that fits me well and that’s “Express”.

*What kind of Computer Note book are you using?*
I can go on and on about How much I love Apple Computers and products. It
gives me peace of mind, and because I’m not a programmer I have many
heartaches with viruses using PC Computers that I will never willingly touch
a PC Computer if I didn’t have to use it.

*What is your experience in Burmese Thingyan Water festival in LA and your
feeling?*
It rang close to home, I feel like I got to discover a little bit about Who
I was and my favorite part about it was the Food. I couldn’t stop eating,
and I wish they had it more often so I can enjoy more of the authentic
Burmese food. I hope one day I can be a part of the Festival too.

*Any Unforgettable memorable moment in your life?*
There were 2 times:
1. State Championship for Dramatic Interpretation. In Speech and Debate, I
was standing next to 5 other Competitors, African-Americans, and Caucasians,
and on the top of that, they were all taller than me. But it didn’t matter,
because when it came to performance, this short Burmese Guy won the First
place.
2. 2007 Emmy Award for Oustanding Broadband Drama. “Satacracy 88
was the
name of the show, and I was convinced that Success wasn’t about Luck but
about Hard Work and Making Happen Yourself.

*Please tell some of the audition experience?*
It’s neither glamorous, or exciting. If Acting was ever work, the Audition
would be 99% of the unwanted process. And I personally dread it, hate it and
prefer not to if I had a choice.
In an Audition, you are treated like a number, waiting in line. It’s worst
than the DMV. Because at least at the DMV, if you wait long enough, you get
what you came for at the end of the line. At  Auditions, you’re often set up
for High Hopes and a lot of Disappointment.

*ဟောလီးဝုဒ်မှာအောင်မြင်ဖို့လျှို့ဝှက်ချက်ကဘာလဲ။*
ဟောလီးဝုဒ်မှာအောင်မြင်ဖို့လျှို့ဝှက်ချက်ဆိုတာမရှိပါဘူး။အချိန်ကြာကြာကြိုးစားရမယ်။ ကိုယ့်ကိုကိုယ်
ယုံကြည်ရမယ်။ အမြဲနှိမ့်ချထားရမယ်၊ အမြဲကြိုးစားလေ့ကျင့်နေရမယ်။အချက်၃ချက်နဲ့ပြောရရင် ကိုယ့်ကို လူအများဆုံးသိနိုင်အောင်လုပ်ရမယ်။ကိုယ့်ရဲ့အရည်အချင်းကိုပြောပြရမယ်။ကိုယ်ဘယ်လိုလုပ်မယ်ဆိုတာ ပြောပြရမယ်။သူများကိုကူညီရမယ်။ တခါတလေမှာကိုယ့်အကျိုးဘာမျှမရှိဘဲအလကား လုပ်ပေးလိုက်ရတာတွေ ရှိတယ်။ ဒါဆိုရင် သူများက ကိုယ့်ကိုသိသွားတယ်။ ကိုယ်ဘာလုပ်နိုင်တယ်၊ ဘယ်လောက်လုပ်နိုင်သလဲဆိုတာသိသွားတယ်။တချိန်မှာအကျိုးရှိတာကိုယ်ကပြန်ခံစားရမှာပါ။

*အေးဂျင့်ရှိပါသလား၊*
ကျွန်တော့်အသက်၁၃နှစ်ကနေ၂၆နှစ်အထိအေးဂျင့်မရှိပါဘူး။ခုမှအေးဂျင့်ထားပါတယ်။အလုပ်တွေများလွန်းလို့အေးဂျင့်ကလုပ်ပေးနေရတယ်။

*ရုပ်ရှင်သရုပ်ဆောင်လုပ်ဖို့ဟောလီးဝုဒ်မှာဖွင့်တဲ့သရုပ်ဆောင်သင်တန်းတွေတက်ဖို့လိုသလား၊*
မလိုပါဘူး။ များသောအားဖြင့် ညာနေတာတွေများတယ်။ ဈေးကြီးတယ်။ ဒီသင်တန်းမျိုးကို
စီးတီးကောလိပ်တွေမှာတယူနစ်၁၈ဒေါ်လာလောက်နဲ့တက်လို့ရတယ်။သင်တန်းမှာသင်တာတွေအားလုံးအတူတူပါပဲ။ကောလိပ်သင်တန်းတွေနဲ့သရုပ်ဆောင်ဖြစ်ဖို့လုံလောက်ပါတယ်။

*မြန်မာတယောက်ဖြစ်ရတာဂုဏ်ယူသလား၊ဘာကြောင့်လဲ၊*
ဂုဏ်ယူပါတယ်။မြန်မာကထူးခြားတယ်။ရှားပါးတယ်။ဟောလီးဝုဒ်မှာနာမည်ဆိုးမရှိသေးဘူး။ ဒါကြောင့်မြန်မာဆိုတာကိုဂုဏ်ယူစွာနဲ့ပြောရဲတယ်။ဒါပေမဲ့ဘာခက်သလဲဆိုတော့မြန်မာကို သိပ်မသိကြဘူး။ မြန်မာလူမျိုးကိုမိတ်ဆက်ပေးတဲ့နေရာမှာအရမ်းသတိထားရတယ်။လူတွေကလူမျိုးတမျိုးကိုတပုံစံထဲအနေနဲ့မှတ်ထားပြီးဆက်ဆံတတ်တယ်။

*၂၀၁၁ခုနှစ်ရဲ့အစီအစဉ် ကဘာလဲ၊*
ရုပ်ရှင်သရုပ်ဆောင်၊တီဗီအစီအစဉ်တင်ဆက်သူ၊ရုပ်ရှင်ထုတ်လုပ်သူအနေနဲ့ဆက်လုပ်သွားဘို့ရှိတယ်။
ရုပ်ရှင်ကားကြီးရိုက်ဘို့ရှိတယ်။ကေဘယ်လ်တီဗီအတွက်တီဗီအစီအစဉ်တွေရိုက်ဘို့ရှိတယ်။

*Adrianရဲ့ပညာနဲ့အတွေ့အကြုံနဲ့မြန်မာကွန်မြူနတီကိုဘာတွေများလုပ်ပေးချင်သလဲ၊*
Speech and Debate ပြိုင်ပွဲအတွက်အကြံပေးနိုင်ပါတယ်။ ကျောင်းသားတွေအတွက် ရတနာပုံနေပြည်တော်သတင်းစာကနေလုပ်တဲ့ပွဲတွေမှာလာပြီးဟောပြောပေးချင်ပါတယ်၊အကြံဥာဏ်ပေးချင်ပါတယ်။ကလေးတွေအောင်မြင်သွားရင်ကိုယ်အောင်မြင်သလိုခံစားရပါတယ်။

Your contact e mail address?
Website: www.AdrianZaw.com
E-Mail: AdrianZaw
@yahoo.com

မေးလ် ထဲ ၀င်လာတာလေးကို ဖတ်စေချင်လို့ ငွေလမင်းတို့ ရှယ်လိုက်ပါတယ်။ စာများ မညီမညာ ဖြစ်နေတာကို တောင်းပန်ပါတယ်ဗျာ။ စာဖတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Tuesday, February 1, 2011

တိမ်၌ဖြစ်သောနိမိတ်လက္ခဏာ

တနင်္ဂနွေ၊ ရက်ဒိဝေ၌၊ ထက်ဗွေအာကာ၊ တိမ်တိုက်သာလျှင်၊ ဖီလာဖြတ်သန်း၊ တံခွန်တန်းက၊ ရှေ့ခန်းရပ်မြေ၊ စစ်ထွက်ပေအံ၊ ရောင်ရွှေဝင်းဝါ၊ တနလာင်္ကား၊ သေနာသူရ၊ ပျက်ဆီးရလိမ့်၊ တ၀ဘောမာ၊ ရက်အင်္ဂါမူ၊ ဒိသာရှေ့ခွင်၊ စစ်ကြီးဆင်အံ့၊ ရက်လျှင်ဗုဒ္ဓ၊ တံခွန်ပြသော်၊ ပါပမသွေ၊ ရောက်လတ်ချေ၏၊ တစ်ထွေဂုရု၊ ထွက်လာပြုသော်၊ ရောက်မူကညာ၊ ရတနာဆင်ဖြူ၊ စွဲမှတ်ယူလော့၊ တရဂူတွင်သာ၊ ရက်သောကြာဝယ်၊ မှန်စွာစစ်မက်၊ ထွက်လတ်အပြီး၊ တစ်သီးမှတ်ဖွယ်၊ စနေ၀ယ်ကား၊ ပြည့်ကြယ်ဝပြော၊ မိုးလျှင်ပေါသည်၊ ထွက်သောတိမ်တို့ ခြင်းရာတည်း
လို့နက်စက်ရောင်ဆရာတော်က သူရဲ့ နတ်စက်ရောင်သိုက်စာမှာ တိမ်တို့တွင် ဖြစ်တတ်သော အခြင်းအရာများကို ရေးသာပြဆိုထားပါတယ်၊ ကောင်းကင်ရှိလျှင် တိမ်တိုက်ဟာ ရှိစမြဲပါ ၊ တရံ တခါမှာ တိမ်ဖုံးနေတာ ၊ တိမ်တွေတောက်နေတာ ၊ နဂါးငွေ့တွေတန်းတာ၊ တိမ်တွေ အရောင် ပြောင်းတာ စတဲ့အခါတွေမှာ ဒီအဟောနဲ့ သတ်ဆိုင်တယ်လို့ ဆိုပါတယ်။
တနင်္ဂနွေ၊ ရက်ဒိဝေ၌၊ ထက်ဗွေအာကာ၊ တိမ်တိုက်သာလျှင်၊ ဖီလာဖြတ်သန်း၊ တံခွန်တန်းက၊ ရှေ့ခန်းရပ်မြေ၊ စစ်ထွက်ပေအံ၊ ဆိုတာက တနင်္ဂနွေနေ့မျာ တိမ်ဟာ ရှေ့နဲ့နောက် တောင် နဲ့ မြောက်စသဖြင့် ဖီလာကန့်လန့်သွားနေပြီး ၊ ကောင်းကင်ပြင်မှာ တံခွန်တန်းနေလျှင်တော့ ၊ တိုင်း ပြည်ရဲ့ အရှေ့အရပ်မှာ စက်မက်ဖြစ်လို့ ၊ တိုင်းပြည်ကစစ်သားများ စစ်ထွက်ရမယ်လို့ ဆိုပါတယ် အဘိုးရဲ့ မှတ်စုအောက်ခြေမှာ ဒီလိုလေးရေးထားပါတယ် ( ၁၉၆၂ခု မေလ၃၀ရက် တိမ်များ အရှေ့မှ အနောက်သို့ ရွေ့လျှား ၁၂ရက်အကြာ ၊ အရှေ့ဖျားတိုင်း ကွန်မြူနစ်ပါတီ မြန်မာပြည်ကို ဗိုလ်နေ၀င်း စစ်တပ်ခြေမှုန်းလို့) ရေးသားထားပါတယ်။
ရောင်ရွှေဝင်းဝါ၊ တနလာင်္ကား၊ သေနာသူရ၊ ပျက်ဆီးရလိမ့်၊ ဆိုတာကတော့ တနလာင်္နေ့မှာ တိမ်ဟာ ရွှေရောင်တောာက်ပြီး ၊ နေတယ်ဆိုရင်တော့ စစ်သူကြီးများ စစ်ခေါင်းဆောင်များ သူရဲ ကောင်းများကျဆုံးတတ်ပါတယ်၊ ဓနုဖြူခံတပ်သို့မရောက်မှီ ၊ မြ၀တီမင်းကြီး ဦးစက မင်းကြီးမဟာ ဗန္ဓုလကို တိမ်နိမိတ်မကောင်းကြောင်း သတိထားရန်အကြောင်း လျှောက်ထားဖူးတယ်လို့ ၊ မင်း ကြီးဦးစ အထုပ္ပတ္တိမှာ ဖက်မှတ်ဖူးပါတယ်၊ မင်းကြီးဦးစ လျှောက်တဲ့အတိုင်းပင် ၊ ဓနုဖြူမြို့မှာ မင်း ကြီးမဟာဗန္ဓုလ ကျဆုံးခဲ့ပါတယ်။
ရက်အင်္ဂါမူ၊ ဒိသာရှေ့ခွင်၊ စစ်ကြီးဆင်အံ့၊ဆိုတာကတော့ အင်္ဂါနေ့မှာ တိမ်တောက်တယ် အရောင်း အဆင်းပြောင်းလဲ ခြင်းများရှိတယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အရှေ့အရပ်မှာ ၊ စစ်ပွဲကြီးများ ပြည် တွင်းစစ်များ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
ရက်လျှင်ဗုဒ္ဓ၊ တံခွန်ပြသော်၊ ပါပမသွေ၊ ရောက်လတ်ချေ၏၊ဆိုတာကတေှာ့ဗုဒ္ဓဟူးနေ့ မှာ ကောင်းကင်မှာ တံခွန်ထွန်းလျှင်ဖြင့် တိုင်းခန်းပြည်ရွာမှာ မကောင်းမှုကျရောက်တတ်ပါတယ်၊ ရောဂါဆိုများ ၊ သဘာဝဘေးအန္တရာယ်များ စသဖြင့်စသဖြင့် မကောင်းမှုတွေ စုံပြုံကျရောက် တတ်ပါတယ်။
တစ်ထွေဂုရု၊ ထွက်လာပြုသော်၊ ရောက်မူကညာ၊ ရတနာဆင်ဖြူ၊ စွဲမှတ်ယူလော့၊ ဒါကတော့ ရှင်းပါတယ်၊ ကြာသပတေးနဲ့ မှာတိမ်တောက်တယ် ၊ အရောင်ထွက်တယ် ၊ တံခွန်ပြတယ်ဆိုရင် တော့ ၊ ဆင်ဖြူရတနာတို့ သမီးရတနာတို့ ဆိုက်ရောက်လာတတ်တယ်လို့ ဆိုပါတယ်။
တရဂူတွင်သာ၊ ရက်သောကြာဝယ်၊ မှန်စွာစစ်မက်၊ ထွက်လတ်အပြီး၊ တစ်သီးမှတ်ဖွယ်၊ သောကြာနေ့မှာ တိမ်တောက်တယ် ၊ တံခွန်ပြတယ် ၊ အရောင်အဆင်းပြောင်းလဲ ခြင်းရှိတယ်ဆို ရင်တော့၊ ပြည်တွင်းစစ်တွေပြီးဆုံးမယ် ၊ တိုင်းတပါးနဲ့ တိုက်ခိုက်တဲ့ စစ်တွေအောင်မြင်မယ်လို့ ဆိုလိုပါတယ်။
တစ်သီးမှတ်ဖွယ်၊ စနေ၀ယ်ကား၊ ပြည့်ကြယ်ဝပြော၊ မိုးလျှင်ပေါသည်၊ ထွက်သောတိမ်တို့ ခြင်းရာတည်း။ဆိုတာကတော့ စနေမှာ တိမ်တောက်တယ် ၊ တံခွန်ပြတယ် ၊ နဂါးငွေ့တန်းပေါ်တယ် ၊ အရောင်အဆင်း ပြောင်းလဲခြင်းများရှိတယ်ဆိုရင်တော့ မိုးပေါပြီး ဆန်ရေစပါး ပေါများမယ်လို့ ဆိုလိုပါတယ် ။ အထက်ပါ အကြောင်းအရာများဟာ အဘိုးရဲ့ မှတ်စုမှ ကူးယူဖော်ပြခြင်းသာ ဖြစ်ပါတယ် ၊ ကျွန်တော် ဘာမှမသိပါ ၊ တစုံတရာမှားယွင်း ဖော်ပြမှိပါက ၊ တတ်သိသူများ ဝေဘန် ထောက်ပြနိုင်ပါကြောင်း။
ဘလော့စာရှု့သူများ စာပေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေ၊ လို့ငွေလမင်းတို့က ဆုတောင်းလိုက် ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Sunday, January 30, 2011

လ၌ဖြစ်သော နိမိတ်လက္ခဏာ


ဂဠုန်ရက်၌၊ ထွန်းတတ်စန္ဒြာ၊ ခြည်ဝါရောင်မဲ့၊ လအိမ်ဖွဲ့သော်၊ ပြည်ထဲရေးသာ၊ ၀ပြောစွာ၏၊ ဗျ ဂ္ဃါ ရက်မင်း၊ ဖွဲ့လာခြင်းကား၊ မိုးမင်းသွေရှောင်၊ မရွာခေါင်အံ့၊ထိုနောင်အင်္ဂါ၊ ဒေ၀ါသုန်ဖျင်း၊ ဖြစ်တို့လျှင်းလိမ့်၊ ရက်မင်းဗုဒ္ဓါ၊ ဖွဲ့ဝန်းကာသော်၊ ပြည်ရွာလေးသွယ်၊ ၀ပြောကြွယ်အံ့၊ တစ်သွယ် ဂုရု၊ ဖွဲ့လာပြုမူ၊ နတ်တုကညာ၊ရတနာဆင်ဖြူ၊ ရောက်မူဧကန်၊ မချွတ်မှန်အံ့၊ တစ်တန်သောကြာ၊ ဖွဲ့ဝန်းကာသော်၊ သေတ္တာသန္ဓေး၊ ရောက်လာရေးရှင့်၊ မည်ပေးမသွေ၊ ရက်စနေ၌၊ ဖွဲ့ထွေ တ သီး၊ပြည်ကြီးပြည်ငယ်၊ ပျက်ကြောင်းသွယ်သည်၊ လ၀ယ်နိမိတ် အဟော တည်း။
ဟူ၍ လတွင်ဖြစ်တတ်သော နိမိတ်လက္ခဏာများကို ၊ နတ်စက်ရောင်ဆရာတော်မှ သူ၏နတ်စက် ရောင်သိုက်စာတွင် ၊ အထင်အရှားရေးသားထားပါတယ်။ ဆိုလိုရင်းကတော့ လဟာ ၀ိုင်းဝိုင်းစက် စက်ထွန်းလင်းတောက်ပမနေဘဲ၊ အပိတ်အဖုံးများနှင့် မှောင်ပိတ်နေတာကို ဆိုလိုပါတယ်။ လဟာ အိမ်ဖွဲ့လျှင် အလင်းရောင် မရတော့ဘဲ ၊ မှောင်ပိတ်နေတတ်ပါတယ် ၊ ဒါကိုပင် ပညာရှင်များက လကြတ်သည်ဟု သုံးနှူံးတတ်ကြပါတယ်။
ဂဠုန်ရက်၌၊ ထွန်းတတ်စန္ဒြာ၊ ခြည်ဝါရောင်မဲ့၊ လအိမ်ဖွဲ့သော်၊ ပြည်ထဲရေးသာ၊ ၀ပြောစွာ၏၊ ဆိုတာ ကတော့ တနင်္ဂနွေနေ့မှာ လကြတ်တယ်ဆိုရင် ပြည်ထဲအရေး သာယာဝပြောတတ်တယ် လို့ဆိုပါတယ်။
ဗျ ဂ္ဃါ ရက်မင်း၊ ဖွဲ့လာခြင်းကား၊ မိုးမင်းသွေရှောင်၊ မရွာခေါင်အံ့၊ ဆိုတာက ဗျ ဂ္ဃလို့ခေါ်တဲ့ ကျားနေ့ တနည်း တနလာင်္နေ့မှာ နေကြတ်လျှင်ဖြင့်၊ မိုးမရွာဘဲ အဲဒီနှစ်မိုးခေါင်းလိမ့်မယ်လို့၊ ဆိုလို ပါတယ်။
ထိုနောင်အင်္ဂါ၊ ဒေ၀ါသုန်ဖျင်း၊ ဖြစ်တို့လျှင်းလိမ့်၊ အင်္ဂါနေ့ ကြတ်လျှင်တော့ မိုးမကောင်းပါဘူးတဲ့ခင် မျာ၊ မိုးရွာခဲ့လျှင်လဲ ရွာကာမတ္တမျှသာ ရှိပြီး ရေမပါလို့မို့ ကောက်ပဲသီးနှံများ ပျက်စီးမယ်လို့ ဆိုလို ပါတယ်။
ရက်မင်းဗုဒ္ဓါ၊ ဖွဲ့ဝန်းကာသော်၊ ပြည်ရွာလေးသွယ်၊ ၀ပြောကြွယ်အံ့၊ဆိုတာကတော့ ဗုဒ္ဓဟူးနေ့မှာ လကြတ်ပြီဆိုလျှင်တော့၊ တိုင်းခန်းပြည်ရွာ သာယာလိမ့်မယ်လို့ဆိုပါတယ်။
ဂုရု၊ ဖွဲ့လာပြုမူ၊ နတ်တုကညာ၊ရတနာဆင်ဖြူ၊ ရောက်မူဧကန်၊ မချွတ်မှန်အံ့၊ ဆိုတာကတော့ ဂုရုခေါ် ကြာသပတေးနေ့မှာ လကြတ်ရင်ဖြင့် တိုင်းတစ်ပါးကသော်လည်းကောင်း၊ မိမိတိုင်းပြည်ထဲ ကသော်လည်းကောင်း သမီးကညာတို့၊ ရတနာဆင်ဖြူတို့ ဆိုက်ရောက်လာတတ်တယ်လို့ ဆိုလို ပါတယ်။
တစ်တန်သောကြာ၊ ဖွဲ့ဝန်းကာသော်၊ သေတ္တာသန္ဓေး၊ ရောက်လာရေးရှင့်၊ ဆိုတာကတော့ သောကြာနေ့ လကြတ်လျှင်၊ လက်ဆောင် ဆက်သရလာမယ်လို့ ဆိုလိုပါတယ်။
မည်ပေးမသွေ၊ ရက်စနေ၌၊ ဖွဲ့ထွေ တ သီး၊ပြည်ကြီးပြည်ငယ်၊ ပျက်ကြောင်းသွယ်သည်၊ လ၀ယ် နိမိတ် အဟော တည်း။ ဆိုတာကတော့ စနေနေ့ လကြတ်လျှင်တော့ တိုင်းပြည်ကြီးငယ် ပျက်ဆီး မယ်လို့ ဆိုလိုပါတယ်။ အခုရေးခဲ့တဲ့ အကြောင်းအရာများဟာ အဘိုးမှတ်စုမှ ကူးယူဖော်ပြခြင်း သာဖြစ်ပါတယ်၊ မှားသည်မှန်သည် ကျွန်တော်မသိပါ ၊ တတ်သိသော ပညာရှင်များ ဒီစာကို ဖတ်မှိ ပါက ၊ ထောက်ပြဝေဖန် ပြောဆိုနိုင်ပါကြောင်း။
ဘလော့စာရူသူများ စာပေဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း၊ ငွေလမင်းတို့က ဆုတောင်း လိုက်ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။