Thursday, July 21, 2011

လက်ယာ မင်းခမ်းတော်များ ၃


နန်းတွင်းပုရပိုဒ်ဖြူလာ မှန်စိမ်းစီ ရှစ်ထောင့်ကွမ်းခွက်


အမျိုးသားပြတိုက်တွင် ပြသထားသော ရှစ်မြောင်ကွမ်းခွက်တော်
၁။ ရှစ်ထောင့်ကွမ်းခွက်ဟူသည်၊ လက်ယာမင်းခမ်းတော်ဝင် ပစ္စည်းများဖြစ်ပြီး ပုံနန်းခွက် များဖြစ် သော ခိုနန်းခွက် ၊ ထောင့်ချိုးကွမ်းခွက်၊ ဆယ့်နှစ်မြှောင့် ကွမ်းခွက်၊ ရှစ်မြောင့်ကွမ်း ခွက်များတွင်၊ အပါအ၀င်ဖြစ်သည်။
အချို့ကို ကျောက်မျက်စီချယ်၍၊ အချို့ကို မှန်တပ် ၊ အချို့ကို ပယင်းတပ်ပြီး အလှဆင်ထား သည်၊ အမျိုးသားပြတိုက်တွင် ရွှေသားသက်သက်ဖြင့် ပြုလုပ်၍ ပတ္တမြား ကျောက်မျက်များ စီချယ် ထားသော ရှစ်ထောင့်ကွမ်းခွက်ကို ပြသထားသည်။ အိမ်ရှေ့မင်း၊ မိဖုရားတို့၏ အသုံးအ ဆောင်ဖြစ်ကြောင်း ရွှေဘုံနိဒါန်းတွင် ဖော်ပြထားသည်၊ အင်္ဂလိပ်အခေါ်အဝေါ်မှာ Octagonal Betel Cup ဖြစ်သည်။


ရှစ်မြောင်ကွမ်းခွက်၏ အပေါ်ပိုင်း ရှိ မြန်မာမှု့ အနုသုခုမ လက်ရာများ
 

ရှစ်မြောင်ကွမ်းခွက်၏ အောက်ခြေ မြန်မာမှု့ အနုသုခုမ လက်ရာများနှင့် ပတ္တမြားများ စီချယ်ထားပုံ 


ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါတယ်  ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်မျာ။

Wednesday, July 13, 2011

လက်ယာမင်းခမ်းတော်များ၂


                  လက်ယာမင်းခမ်းတော်ဝင် စလင့်ကြာကြီးနှင့် စလင့်ကြာငယ်

၁။ စလင့်ကြာကြီးနှင့် စလင့်ကြာငယ်ဟူသည်၊ လက်ယာမင်းခမ်းတော်ဝင် ပစ္စည်းများဖြစ်ပြီး ပဋိက္က ယားမင်း၏ အဆောင်ဖြစ်သည်၊ ပဋိက္ကယားမင်းမှ အနော်ရထာမင်းစော အားဆက်သသည့် ပဏ္ဍာတော်မြတ်ဖြစ်ကြောင်း ရွှေဘုံနိဒါန်းတွင်ပြဆိုထားသည်၊ စလင့်ကြာကြီး စလင့်ကြာငယ်ဟု နှစ်မျိုး ရှိသည်၊ ယခုမြင်ရသောပုံမှာ တိုင်တားမင်းကြီး၏ နန်းတွင်းပုရပိုဒ်ဖြူမှ ပုံဖြစ်ပြီး၊ အင်္ဂလိပ် အခေါ်အဝေါ်အားဖြင့် Candelabra သို့မဟုတ် Large and small Candelabra ဟုခေါ်တွင်သည်။
 


နန်းတွင်းပုရပိုဒ်ဖြူမှ လက်ယာမင်းခမ်းတော်ဝင် နဂါးခံကွမ်းခွက်၏  ပုံတော်
 
၂။ နဂါးခံကွမ်းခွက်ဟူသည်၊ လက်ယာမင်းခမ်းတော်ဝင် ပစ္စည်းဖြစ်ပြီး ရွှေသားအစစ်ဖြင့် ပြုလုပ် ထားပြီး ကျောက်မျက်ရတနာများ စီချယ်ထားသည်၊ နဂါးခံကွမ်းခွက်မှာ တကောင်း သတိုးမင်းဆက်၏ နန်းသုံးပစ္စည်းဖြစ်ပြီး၊ တကောင်းသတိုးမင်းဆက် ၇ ဆက်မြောက်မင်း သတိုးနဂါးရမင်း လက်ထက်တွင် နဂါးများက ကွမ်းယူဆောင် ထည့်သွင်းဆက်သသော ပစ္စည်းဖြစ်ကြောင်း ရွှေဘုံနိဒါန်းလာ စကားဟောင်းများအရသိရသည်၊ အင်္ဂလိပ်အခေါ်အဝေါ်မှာ  Betel Bowl on Dragon Stand ဖြစ်သည်။

ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်မျာ။



Monday, July 4, 2011

ရွှေမန်းဆီသို့

သိပ်မကြာသေးဘူး မန္တလေးက မဒမ်ငွေအိမ်ကို  သွားလည်တာ ၊ မန္တလာမင်း ကားကို ရန်ကုန်ကနေ ည ၉နာရီ စီးသွားတယ်၊ မန္တလေးကို မနက် ၆ နာရီလောက်ရောက်သွားတယ်၊ မဒမ်ငွေရဲ့ မောင်တော်နှစ်ပါးက ကားနဲ့လာကြိုကြလေရဲ့၊ တညလုံးလည်း ဖုန်းတကွမ်ကွမ် ဆက် တယ်၊ မဒမ်အမေကလည်း ဆက်တယ် ညီတော်မောင်များကလည်း ဆက်တယ်၊ ကျွန်တော် လာလို့ ပျော်ကြတယ်ဆိုဘဲ၊ တညလုံး အိပ်လို့မရဘူးတဲ့၊ ပျော်နေလို့တဲ့ ၊ လာကြိုတဲ့ကားနဲ့ ကျွန်တော်က မဟာမြတ်မုနိဘုရားကြီးကို ၀င်ဖူးတယ်လေ၊ ဘောင်းဘီအတိုနဲ့ ဆိုတော့ ညကတည်းက ညီတော်မောင်တွေကို ပုဆိုးတစ်ထည် ယူလာခဲ့ဘို့ မှာလိုက်တယ်၊ သူတို့ယူလာတဲ့ ပုဆိုးနဲ့ ဘုရားဖူးတယ်၊ ရွှေချတယ်၊ ပြီံးတော့ မဒမ်ငွေတို့အိမ်ကို ချီတက်လာခဲ့တယ်။

အိမ်ရောက်တော့ မဒမ်ငွေရဲ့ မိခင်က အားရပါးရ ဆီးကြိုလေရဲ့၊ ရန်ကုန်သား စစ်စစ်လည်းဖြစ်ပြန်၊ ရှုမညီးတဲ့ ချစ်သမီးရဲ့ ကြင်ယာတော်လောင်းလည်း ဖြစ်ပြန်တဲ့ ကိုကိုငွေကို ၊ အဲဒီနေ့မှာဘဲ ယောက်ခမကြီးက၊ ဟင်းချက်ကျွေးပါတယ် ကြက်သားပြုတ်ကြော်တဲ့၊ နောက်ပြီးတော့ ၀က်သားနဲ့ မျှစ်ချက်သတဲ့ ကျွန်တော်နဲ့ စကားတွေပြောကြ သိပ်မကြာဘူး၊ အနံတမျိုးရတယ် ဟင်းအိုးဂျိုးတူးသွားတဲ့ အနံလေ ၀က်သားနဲ့မျှစ်အိုး ဂျိုးတူးသွားသတဲ့ ၊ ယောက္ခမကလည်း သား မက်လောင်းကို လက်စွမ်းပြချင်တာနဲ့ ဇွတ်ချက်လိုက်တာ ဂျိုးကိုတူးရော ဗျာတို့ရယ်။

အဲဒါနဲ့ ယောက်ဖလေးနှစ်ယောက်ကို ခေါ်ပြီးတော့ ကုသိုလ်တော်ဘုရားကို ခြေကျင်လျှောက်သွား ကြတယ်၊ ဟိုရောက်တော့ ဘုရားဖူးတယ်၊ နောက်ပြီးတော့ ဓာတ်ပုံရိုက်ကြတယ်၊ နှစ်ပုံရိုက်တယ်ဗျ ပြီးတော့ပြန်ထွက်လာတော့ ဆိတ်သားကင်တို့၊ စမူဆာသုပ်တို့ကို တွေ့တယ်၊ အဲဒါနဲ့ ဆိတ်သားဒုတ်ထိုးစားကြတယ်၊ စမူဆာသုပ်အကြီးကောင်က စားတယ်၊ ကျွန်တော်က ယောက္ခမကြီးအတွက် ဆိတ်သားဒုတ်ထိုး ၀ယ်လာတယ်၊ ကျွန်တော်တို့ ညီအကိုသုံးယောက် စားနေတဲ့ဘေးက ဆိုင်မှာဘဲ သဘောင်္သီးသုပ်တွေ ဘာတွေရောင်းတဲ့ အချဉ်ပေါင်းသည်ကြီးကို တွေ့ပြန်တယ် အဲဒါနဲ့ တစ်ဆက်တည်း သဘောင်္သီးသုပ် တစ်ပွဲမှာလိုက်တယ်။

 အဲချိန်မှာဘဲ ၀က်သားဒုတ်ထိုးသည်ကြီးက ရောက်လာတယ် အမျိုးသမီးနှစ်ယောက်လေ အဲဒါနဲ့  ဒီဘက်က ဆိတ်သားဒုတ်ထိုးတို့ ဘာတို့ကိုဖြတ်ထားလိုက်ပြီး ၀က်သားဒုတ်ထိုးဘက်ကို လှည့်လိုက်ကြတယ်၊ ၀က်သားဒုတ်ထိုး ၀အောင်စားပြီး ၊ ကုသိုလ်တော် ဘုရားကနေ ပြန်လာခဲ့ကြတယ်၊ ပြီးတော့အိမ်ကို လမ်းလျှောက်လာလိုက်တယ်၊ အိမ်ရောက်တော့ မင်းသားနှစ်ယောက် မလှုပ်နိုင်တော့ဘူး ကျွန်တော်လည်း တရေးအိပ်လိုက်တယ်။

မေမြို့ကိုလည်း ရောက်ခဲ့သေးရဲ့၊ ရန်ကုန်ပြန်လာတော့ သူတို့တွေကားနဲ့လိုက်ပို့တယ်၊ ညီအကိုနှစ်ယောက် အိမ်ပြန်တော့ ငိုကြတယ်လို့ အမေက ဖုန်းဆက်ပြီး ပြောတယ်၊ ညီအကြီးကောင်က သမိုင်းဒုတိယနှစ် ကျောင်းသား၊ အငယ်ကောင်က ဆယ်တန်း၊ နှစ်ယောက်လုံး ချစ်ဘို့ကောင်းတယ်၊ နေ့တိုင်းချက်ကျွှေးခဲ့တယ်၊ ချက်တဲ့ ဟင်းတွေကတော့ စုံလို့၊ သူတို့လည်းပျော်ကြတယ်တဲ့၊ မဒမ်ငွေကတော့ ၀မ်းသာနေလေရဲ့၊ မဒမ်ငွေအမေကတော့ ပညာတတ်တွေဘဲလို့ တခွန်းတည်းသာ ပြောပါတယ်။

မဒမ်ငွေတို့ရဲ့ ဘိုးဘွားများရှိတဲ့ နန်းတော်ကျွန့်းရွာကိုလည်း နေ့ချင်းပြန်ရောက်လေသေးရဲ့၊ ဘုန်း ကြီးကျောင်းသွားတယ်၊ မေကြီးဖေကြီးတွေနဲ့စကားပြောတယ်၊ ပြန်လာခဲ့ကြတယ်၊ မန်းတလေး တခွင်တော့ နှံ့စပ်အောင်ကိုသွားခဲ့တယ်၊ နေ့တိုင်းလည်း လည်တယ်၊ ကောင်းပေ့ဆိုတဲ့ ဆိုင်တွေ မှာညစာ နေ့လည်စာတွေစားတယ်၊ တောင်တက်ဘို့ အားကစားဖိနပ်တွေ ဘောင်းဘီတွေဆင် တူဝယ်တယ်၊ နေ့တိုင်း တောင်တက်တယ်၊ အမျိုးသား ကာယလေ့ကျင့်ခန်းကိုလည်း ညီလေးနှစ် ယောက်ကိုအပ်ထားခဲ့တယ်၊ သုံးလဆော့ရမယ်လို့ အမိန့်မှတ်ခဲ့တယ်။

ရေကူးသင်ပေးခဲ့သေးတယ်၊ မန္တလာဟိုတယ်မှာ ကူးတယ် အငယ်ကောင်တော့ ရေကူးတတ်သွားတယ် အကြီးကောင်က မတတ်ဘူး၊ အေးလို့ဆိုပြီး တနာရီလောက်နဲ့ အပေါ်ကို တက်သွားတယ် ကျွန်တော်တို့ကတော့ ၄နာရီလောက်ကြာအောင်ကို ကူးတယ်၊ ကျွန်တော့်ကို ရေကူးချန်ပီယံများလားလို့  တချို့လူငယ် လူကြီးတွေက ငေးကြတယ်၊ ကျွန်တော်က ငယ်ငယ်ကတည်း ရေကူးတတ်တာဆိုတော့ ဆရာကြီးဖြစ်နေတယ်၊ သူတို့ကြည့်လေ ကျွန်တော်က ကူးလေဘဲ၊ အပေါ်တက်တော့ ကျွန်တော်ရော ညီအငယ်ကောင်ရော နှုတ်ခမ်း တွေပြာနေတယ်။

မှတ်မှတ်ရရရှိခဲ့တာတော့ ညီလေးတွေက ကျွန်တော့်ကို ချစ်ကြတယ်၊ လူကြီးပေါက်စလေးတွေ ဖြစ်နေပေမဲ့၊ ခလေးလေးတွေလို ဖြစ်နေတယ်၊ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ကိုလည်းကျွန်တော်ချစ်တယ်၊ မဒမ်ငွေ့မေမေကိုလည်းချစ်တယ်၊ မဒမ်ငွေကိုလည်းချစ်တာဘဲ သူ့ကိုချစ်လို့ အကုန်လုံး ကိုချစ်မှိသွားတာဖြစ်မယ်၊ ကြံဖန်ပြီး မဒမ်ငွေကို ကျေးဇူးတင်နေမှိသေးတယ်၊ သူ့ကြောင့် ငါမိသားစုတစ်ခု တိုးသွားတယ်လို့ ထင်မှိတယ်၊ တစ်အိမ်လုံးက သောင်းသောင်းဖြဖြ ကြိုဆိုတာ ကိုးဗျာရဲ့၊ ချက်ပြုတ်ကျွေးမွေး၊ တူတူစား တူတူသွားဆိုတော့ ရက်တိုတိုနဲ့ မဂ်ဖိုလ် အဲဟုတ်ပေါင် ရက်တိုတို နဲ့ချစ်စရှည်ကုန်ကြတာပေါ့ဗျာရယ်။

နောက်ကြမှ မန္တလေးတောင် တက်ခဲ့တာတွေ၊ ရေကူးသွားတာတွေ၊ ချက်ပြုတ်ကျွေးမွေးတာ တွေကို ပိုစ့်တခုတင်မယ်၊ အခုတော့ ဒီလောက်နဲ့ဘဲ နှစ်သိမ့်လိုက်အုံးမယ်၊ စကာင်္ပူကိုလာ မလို့မလာဖြစ်သေးဘူး၊ အားသေးဘူးဗျာတို့ရဲ့၊ လုပ်ငန်းကလည်း ရှိသေးဆိုတော့ လာမဲ့တစ်လ ပိုင်းကျမှ စကာင်္ပူကိုလာခဲ့မယ်၊ ဒါဘဲနော် ကြုံရင်လည်း ပြောလိုက်ကြပါ ကိုကိုငွေက မဒမ်ငွေကို သိပ်ချစ်တယ်လို့၊ အားလုံး ကျေးဇူးတင်ပါတယ်။

ဘလော့စာရှု့သူများ ပျော်ရွင်သော မိသားစုကို ဖန်တီးနိုင်ပါကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ။



Monday, June 20, 2011

လက်ယာမင်းခမ်းတော်များ (၁)


နန်းတွင်းပရပိုဒ်ဖြူတွင် တွေ့ရသော ကွမ်းတောင်းတော်ကြီး၏ ပုံတူ
အမျိုးသားပြတိုက်တွင် ပြသထားသော ကွမ်းတောင်းတော်ကြီး


၁။ ကွမ်းတောင်းတော်ကြီးဟူသည်၊ လက်ယာဘက်မင်းခမ်းတော် ၁၇ ပါးတွင်ပါဝင်ပြီး၊ အစိုးရ တော်မူရာ ဒေသရှိ ကျေးတော်မျိုး ကျွန်တော်မျိုးနှင့် နယ်စား၊ ပယ်စား၊ တို့မှ ကွမ်းတော် ဆက်သရာတွင် အသုံးပြုသော မင်းခမ်းသုံးပစ္စည်းဖြစ်သည်၊ ရွှေသားအစစ်ဖြင့် ပြုလုပ်ထားပြီး ကျောက်မျက်ရတနာများ စီချယ်ထားသည်ဟု မှတ်သားရပါသည်၊ အင်္ဂလိပ်အခေါ် အဝေါ်မှာ Large Betel Basket ဖြစ်သည်။
 
ပရပိုဒ်ဖြူတွင် တွေ့မြင်ရသော လက်ယာမင်းခမ်းတော်ဝင် ကွမ်းချပ်တော်

အမျိုးသားပြတိုက်တွင် ထားရှိသော လက်ယာမင်းခမ်းတော်ဝင် ကွမ်းချပ်တော်ကြီး

၂။  ကွမ်းချပ်တော်ဟူသည်၊ လက်ယာမင်းခမ်းတော်ဝင် နန်းသုံးပစ္စည်းဖြစ်ပြီး ၊ ရခိုင်ဘုရင်မင်းမြတ် တို့စတင်သုံးစွဲတော်မူကြောင်း၊ ရွှေဘုံနိဒါန်းတွင် မှတ်သားရပါသည်၊ ကွမ်းတောင်းတော်မှာ ကွမ်း အရွက်  သီးသန့် ထည့်သော နန်းသုံးပစ္စည်းဖြစ်ပြီး ၊ ကွမ်းချပ်တော်မှာ ကွမ်းယာစားရာတွင် ပါဝင် သော ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ဆေး ၊ ပန်းဥ ၊ ဖာလာ ၊ စသော ကွမ်းတော်ဆက်ဆိုင်ရာ အသုံးတော် များ အကန့်လိုက် စီစဉ်ထည့်သွင်းသုံးဆောင်တော်မူသော မင်းခမ်းတော်သုံး ပစ္စည်းဖြစ်သည်၊ အင်္ဂလိပ်အခေါ် Triple - Tiered Betel vessel ရေးသားထားသည်ကို မှတ်သားထားဖူးပါသည်။

ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်မျာ။


Saturday, June 18, 2011

ကြုံရ ဆုံရ ပတ်စ်စပို့ သက်တမ်းတိုးတဲ့ ခဏ


မေးလ်ထဲကို ‘ပတ်စ်စပို့ သက်တမ်းတိုးသော ကိစ္စနှင့် ပတ်သက်၍ သတိပြု ဆင်ခြင်နိုင်စေရန်...’ ဆိုပြီး ၂ခါ ရောက်လာပါတယ် စာထဲမှာ ၀န်ဆောင်မူလုပ်ပေးတဲ့ ဆိုင်နာမည် လူနာမည်တွေ အတိအကျ ရေးပြီးပြောထားတာဆိုတော့ တစ်ဖက်လူအတွက် စိတ်တော့မကောင်းဘူး ၊ တိုက်ဆိုင်တော့လဲ ကျွန်တော် (မဒမ်ငွေ -လူမှားနေမှာဆိုးလို့ ) ပတ်စ်စပို့ စာအုပ်လဲတုန်းက ကိစ္စလေး သတိရမှိပါတယ်  စာအုပ်တိုးဖို့ မတ်လ ၅ ရက်နေ့ ၂၀၁၁ က စီးတီးဟောလ် က ဆိုင်တစ်ဆိုင်ကို သွားအပ်ခဲ့ပါတယ် အခွန်လဲ အနဲဆုံး ၆ လ စာ ဆောင်ရမယ် ဆိုတော့ အခွန်ဖိုး စာအုပ်အသစ်ဖိုး ၀န်ဆောင်ခ ၈၀ အားလုံးကို တခါတည်း ပေးခဲ့လိုက်တယ် သူတို့က ဓါတ်ပုံရိုက်ဖို့ လက်ဗွေနှိပ်ဖို့ ရက်ရောက်တဲ့နေ့ကို ဖုံးဆက်ပါ့မယ်တဲ့ သံရုံးမှာ လုပ်ပေးမဲ့လူရဲ့ နာမည် နဲ့ ဖုံးနံပါတ်ကို ဘောင်ချာမှာ တပါတည်း ရေးထဲ့ပေးပါတယ်။

အဲဒီလိုနဲ့ ဖုံးခေါ်မှာကို စောင့်လာတာ  ဧပြီလ ၂ ရက်နေ့ စနေနေ့ ညနေမှာ လူတစ်ယောက်( ဘောင်ချာမှာနာမည်ပြောထားတဲ့ လူမဟုတ်ပါဘူး) ဖုံးဆက်လာတယ် သံရုံးကို နောက်အပတ်ထဲ လာနိုင်မလား ဘယ်နေ့လာနိုင်မလဲတဲ့ မေးတော့ ခွင့်တင်ရမှာရယ် လုပ်စရာလေးတွေ လက်စသတ်ချင်တာရယ်ကြောင့် ဗုဒ္ဓဟူးနေ့မှ လာမယ် ဘယ်အချိန်လာရမလဲဆိုတော့ မနက် ၈နာရီလောက်လာခဲ့ပါလားတဲ့ စောစောလာတော့ စောစောပြီးတယ်ပြောပါတယ်။

 ဒါနဲ့ ကိုကိုငွေလဲ အလည်ရောက်နေတာနဲ့ သူ့ကို အဖော်ခေါ်ပြီး မနက်စောစော သွားခဲ့ပါတယ် တခါမှမရောက်ဖူးတော့ လိုက်ရှာနေတာနဲ့ ၈နာ၇ီခွဲ ကိုရောက်သွားတယ် စနေနေ့က ဖုံးဆက်ထားတဲ့လူကို ဖုံးခေါ်တော့ လုံးဝမကိုင်ဘူး ၉နာ၇ီထိစောင့်လိုက်မယ်ဆိုပြီး ထပ်စောင့်လိုက်တယ် သံရုံးမှာ လူတွေတော့ တန်းစီနေကြတာ တွေ့တယ် ၀န်ဆောင်မူလုပ်ပေးတဲ့ သူတွေလဲတွေ့ပါတယ် ဒါနဲ့ အမကြီး တစ်ယောက်ကို ဘာအတွက်တန်းစီတာလဲ မေးတော့ အခုမှလာတာလားတဲ့ တန်းစီလိုက်လေလို့ပြောတော့ ဖုံးခေါ်တာလဲ မရသေးတော့ မထူးပါဘူးဆိုပြီး ၀င်ပြီးတန်းစီလိုက်တယ်။

 ၉ နာရီထိုးတော့ ဖုံးထပ်ဆက်တယ် မကိုင်ပြန်ဘူး ဒါနဲ့ ဘောင်ချာထဲက နာမည်ကို ဖုံးခေါ်တော့ အဲဒီကောင်လေး  မလာသေးဘူးလားတဲ့ သူ့တပည့်ပါတဲ့ သူဆက်သွယ်ပြီး ပြန်ပြောပါ့မယ်တဲ့ ခဏနေတော့ ကျွန်တော်ဆီကို ဖုံးခေါ်ပါတယ် လာနေပါပြီတဲ့ ခဏစောင့်ပါ အခု အမ ဘာလုပ်နေတာလဲတဲ့ တန်းစီနေတယ် ဆိုတော့ မလိုဘူးတဲ့ အမက အဲဒါတွေအတွက် ကျွန်တော်တို့လုပ်ပြီးပြီတဲ့ ဓါတ်ပုံရိုက်ရမဲ့နေရာကို မေးပြီး တန်းစီလိုက်ပါတယ်တဲ့  အဲဒါနဲ လူတွေကိုမေးတော့ ဓါတ်ပုံက ၂နာရီမှ ရိုက်မှာဆိုတော့ ဟိုကောင်လေးကို ဖုံးပြန်ခေါ် ၂နာရီမှဆိုတော့ ထိုင်စောင့်ပါတဲ့ သူလာနေပါပြီတဲ့ သူပြောသလို စောင့်လိုက်တာ ၁၀နာရိ၁၅မိနစ်လောက်မှ ကိုယ်တော်လေးက ရောက်လာတယ်။

 ဆောရီး အမ နဲနဲနောက်ကျသွားတယ်တဲ့ သိပ်နောက်မကျပါဘူး ၈ နာရီချိန်းတဲ့သူ ၂ နာရီကျော်ကျော်မှ ရောက်လာတယ် ကျွန်တော်တို့မှာ နောက်ကျမှာဆိုးလို့ ပေါင်မုန့်ကို လမ်းမှာဘဲ ၀ယ်စားခဲ့ရပါတယ် ဟိုကောင်လေးက ကျွန်တော့်ကို အမ လာလာ  ဒီနေရာမှ တန်းစီပါတဲ့ ခေါ်သွားတယ် ဒီအမကြီးရှေ့ကနေတဲ့ ကျွန်တော့်နောက်မှာ ကချင်အမကြီးတစ်ယောက် နာမည်ကတော့ မမှတ်မှိတော့ဘူး maid လုပ်တောတဲ့ သူ့ကို သူ့အိမ်ရှင်ကလိုက်ပို့တာ အိမ်ရှင်က မအားလို့ ပြန်တော့မယ်တဲ့ ကျွန်တော်ကို အမကြီးကို Clementi MRT ကို လမ်းညွှန်ပေးနိုင်မလားတဲ့ အမကြီးက MRT မစီးတတ်ဘူးတဲ့ ကျွန်တော်ကို အပ်သွားတယ်။

 ဟုတ်ကဲ့ ကူညီလိုက်ပါ့မယ်ပေါ့ စကားတွေပြော မိတ်ဆက်ပေါ့ နေကလဲပူလိုက်တာ ထီးဆောင်းပြီး စောင့်ရပါတယ် နာရီဝက်လောက်စောင့်ပြီးမှ သံရုံးအတွင်းကို ရောက်ပါတယ် ကျွန်တော် အလှည့်လဲ ရောက်ရော သံရုံးက ကောင်မလေးက အမက ဘာမှလုပ်စရာမလိုဘူးလေ အခွန်ဆောင်ပြီးသားတဲ့ ဒီနေရာက အခွန်ဆောင်ရတဲ့နေရာတဲ့ ဟိုကောင်လေးကို ရှာတာလဲမတွေ့ဘူး ဒါနဲ့ ဘေးကပ်နေလိုက်တယ။်

နောက်က အမကြီးအလှည့် ရောက်တော့ ကောင်မလေးက ဘာမှလဲ မလုပ်ရသေးဘူးတဲ့ ဘယ်ဝန်ဆောင်မူကလဲ အဲဒီကို ဖုံးဆက်ပြီးမေးပါတဲ့ အဲဒီအမကြီးက ဖုံးမပါဘူး ညီမ ဖုံးခေါ်ပေးပါအုန်းတဲ့ ကျွန်တော်ဖုံးခေါ်ပြီးမေးပေးတော့  ဟိုကောင်လေးက စီးတီးဟောလ်မှာတဲ့ အမကြီးရဲ့ စာရွက် ကျန်နေလို့ သွားယူနေတာပါတဲ့ စောင့်ပါအုန်းတဲ့ ပြောပြန်ရော အဲဒါနဲ့ နောက်ထပ် ၁နာရီလောက် ထပ်စောင့် ကိုကိုငွေက စိတ်အရမ်းတိုနေပြီ တန်းစီစရာ မလိုတာကို နေပူထဲမှာ စောင့်ခိုင်းတယ် ဆိုပြီး  စိတ်အရမ်းဆိုးနေတာ ဟိုကောင်လေးက အမကြီး အဖော်မရှိလို့ ကျွန်တော့်ကို အဖော်လုပ်ခိုင်းသွားတာ မလိုတာကို သူက အစကတည်းကသိတယ် လူကို သက်သက် လူလည်လုပ်သွားတာလေ။

 ဟိုကောင်လေးရောက်လာတော့ ကိုကိုငွေက ဒေါသတကြီးနဲ့ ဟကောင် လာစမ်း မင်းဘာအချိုးချိုးတာလဲ လူကိုမခန့်လေးစားနဲ့ မလိုအပ်တာကို သိရဲ့သားနဲ့ နေပူထဲစောင့်ခိုင်းတယ် မင်းက ဒီအလုပ်လုပ်စားနေတာမလား ဘာသဘောလဲ ဘာညာဆိုပြီး ထအော်တယ် ဟိုကောင်လေးမှာ တောင်းပန်ပါတယ် အကိုရယ် ဆိုပြီး ကျွန်တော့်ကို မျက်နှာငယ်လေးနဲ့ ကြည့်ပြီး ပြောတော့ ကိုကိုငွေ တော်ပါတော့ လူတွေ ၀ိုင်းကြည့်ကုန်ပြီ ရှက်စရာကြီး တော်ပါတော့ မင်းဘာသိလို့လဲ မင်းအဲဒီလို ငြိမ်ခံနေလို့ ဒီကောင်တွေ ကန်းတက်နေတာ ဆိုပြိးဟိုကောင်လေးကို ဆက်အော်ပြီး ထိုးတော့မလို့ ဖြစ်တော့မှာမို့ မောင်လေး သွားသွား ဟိုမှာ မင်းကို အမကြီးစောင့်နေတယ်ဆိုပြီး ရှောင်ခိုင်းလိုက်ပါတယ် ကိုကိုငွေ ဒေါသက ကျွန်တော့်အပေါ်ရောက်လာပြီး ဆူပါတယ် ဒါပေမဲ့ ခဏတော့ နားပူခံလိုက်ရပါတယ် ဟိုကောင်လေးနဲ့ ရန်မဖြစ်တာဘဲ တော်သေးတယ်။

 ဟိုကောင်လေးက သံရုံးအတွင်းကနေ လက်ရက်ပြီး ခေါ်တော့ အမ တောင်းပန်ပါတယ် ဓါတ်ပုံရိုက်ဖို့က ၂ နာ၇ီမှတဲ့ လက်ဗွေနှိပ်ဖို့က ၄ နာရီတဲ့ အခု ၁၂ နာ၇ီထိုးနေပြီဆိုတော့ အမတို့  ထမင်းသွားစားလိုက်ပါလားတဲ့ တခါတည်း ဒီအမကြီးကိုပါ ခေါ်သွားပေးပါ ကျွန်တော်က ဒီအမကိစ္စလေး လုပ်ရအုန်းမှာမို့လို့ပါတဲ့ လူကြီးတစ်ယောက်ကို အပ်သွားတယ် အမကြီးက အသက်က ၃၈ နှစ်တဲ့ ရောက်တာ ၂ နှစ်ပြည့်တော့မှာ တခါမှ အပြင်ထွက်မလည်ဖူးဘူး  အိမ်ရှင်တွေသွားမှ လိုက်ရတယ်။

 ဒါကြောင့်ဘယ်မှ မသွားတတ်ပါဘူးတဲ့ ထမင်းစားပြီးတော့ စောနေတာနဲ့ ကိုကိုငွေက အမကြီးကို ဘူးဂစ်က ကွမ်းရင်မယ်တော်ဆီကို လိုက်ပို့ရအောင်ဆိုပြီး ကိုယ်စရိတ်နဲ့ကိုယ် တက္ကစီငှါးပြီး လိုက်ပို့ပြီး ၂ နာရီအမှီ ပြန်လာပြီး ဓါတ်ပုံရိုက်မဲ့နေရာမှာ တန်းစီတယ် ပတ်စ်စပို့စာအုပ်ထပ်ပြီး ရိုက်ရတာ ဆိုတော့ အမကြီးအတွက် အဆင်ပြေသွားတယ်။

အဲဒါနဲ့ ဟိုကောင်လေးက အမတို့နှစ်ယောက် ဒီအပေါက်ဝမှ စောင့်နေပါ ၄နာရီဆိုပေမဲ့ စောချင်စောသွားနိုင်တယ်တဲ့ ဒါနဲ့၃ နာရီလောက်ကတည်းက မတ်တပ်ရပ်စောင့်လိုက်တာ မစောပါဘူး ၄နာရီမှ   သံရုံးကကောင်မလေး ရောက်လာပြီး လတ်မှတ်ထိုးခိုင်းပြီး ဘေးက အပေါက်မှာ လက်ဗွေနှိပ် ဒါနဲ့ ကျွန်တော်က ၈ရက်နေ့ သဘက်ခါ စာအုပ်အသစ်ထုတ်လို့ရမဲ့ စလစ်ပေးပြီးလို့ ပြီးသွားတယ။်

အမကြီးအလှည့်ရောက်တော့ ဟိုကောင်လေးက သံရုံးကကောင်မလေးကို ငါတို့လူပါ လုပ်ပေးလိုက်ပါ နောက်မှပြောမယ် ပြောတော့ ကောင်မလေးက ငွေသွင်းပြေစာမပါရင် ဘာမှလာမပြောနဲ့ ပြသာနာမတက်ချင်ဘူး ဆက်မပြောနဲ့တဲ့ ဟိုကောင်လေးလဲ ဘာမှမပြောနိုင်ဘူး အမကြီးကတော့ စိတ်တိုနေပြီ ဒါနဲ့ ကောင်လေးနဲ့ အမကြီး ဆက်ပြီး စကားတွေပြော အမကြီးက ရန်ထောင် ကျွန်တော့်ကိုလဲ ကြားထဲက ဟုတ်တယ်မလားဆိုပြီး နှစ်ယောက်စလုံးက ထောက်ခံခိုင်းနဲ့ အခန်းထဲမှာ ပဲလှော်ကြားထဲ ဆားညှပ် နေတာ ကိုကိုငွေကတော့ အပြင်က ထိုင်စောင့်နေတော့ ဘာမှမသိဘူး အကုန်သာသိရင် ကျွန်တော်ကို အော်အုန်းမှာ တကယ်တော့ အမကြီးတွက် အခွန်ကို လုံးဝမဆောင်ပေး၇သေးဘူးလေ။

 ညနေ ၅ နာရီ ထိုးနေပြီဆိုတော့ အမကြီး ဘာလုပ်မှာလဲ ကျွန်တော်ပြန်ချင်ပြီ  တခါတည်းလိုက်မှာမေးတော့ သူ့အိမ်ရှင်က တခုခုပါသွားမှ ဖြစ်မှာ မဟုတ်ရင် သူ့ကိုဆုမှာတဲ့ နေခဲ့မယ် ဟိုကောင်လေးကို ငါ့ကို MRTကို ရောက်အောင်ပို့ပေးပါ ဒါဆိုရင် ငါပြန်တတ်ပြီတဲ့ ဒီလိုနဲ့ ပြန်လာလိုက်တာ အိမ်ကို ၇ နာရီခွဲမှရောက်တယ် အလုပ်လုပ်တာထက် ပိုပင်ပန်းသွားခဲ့ပါတယ်။

 အစက ကျွန်တော်တို့ စဉ်းစားထားတာက စောစောပြီးရင်  ဆန်တိုစာ ကို သွားလည်မလို့ပါ မလည်ဖြစ်ခဲ့ဘူး နောက်အပတ် အားတဲ့ရက်မှသွားမယ်  စိတ်ကူးခဲ့ပေမဲ့ နေမကောင်းဖြစ်သွားတော့ ကိုကိုငွေသာ ပြန်သွားတယ် ဆန်တိုစာကို မသွားလိုက်ရဘူး အဲဒီ ဟိုကောင်လေး လုပ်လို့ဖြစ်တာ တကယ်ဆို ကိုကိုငွေက အပြင်မှာ ထိုင်ရင်း ဘေးလူတွေ ပြောလို့ သိလိုက်ရတာက အရင်က ဓါတ်ပုံရိုက်တာရော လက်ဗွေနှိပ်တာရော မနက်ကတည်းက လုပ်ပေးတယ် ဖြစ်ချင်တော့ အင်္ဂါနေ့က  ဗီဇာ လာလျှောက်တဲ့ ကုလားတစ်ယောက်နဲ့ မြန်မာတစ်ယောက် ရန်ဖြစ်တာ  ထိုးတာကြိတ်တာ ပါသွားတော့ လူကြီးက မနေ့ကတည်းက အချိန်ကို ခွဲလုပ်ဖို့ ကြေငြာခဲ့တယ်တဲ့ အဲဒါကို ကြိုသိနေရက်နဲ့ ကျွန်တော့်ဆီကို အင်္ဂါနေ့ညနေကတည်းက ပြောသင့်တယ။်

ဒါဆို ကျွန်တော်တို့လဲ နေ့လည် ၂ နာရီမှ လာမှာပေါ့ မနက်ပိုင်း လျှောက်လည်လိုက်မှာပေါ့ မဟုတ်ဘူးလား Customer ကိုမလေးစားတာ ဒီလို လူမျိုးတွေနဲ့ ဆက်ဆံရတာ မကောင်းပါဘူး မလိုအပ်ဘဲ အချိန်ကုန် လူပင်ပန်းတယ်  ဒါတင်မပြီးသေးဘူး ပတ်စ်စပို့အသစ်က ၈ရက်နေ့ ရမှာဆိုတော့ ၁၀ ရက်နေ့ကို ကျွန်တော်လုပ်ခဲ့တဲ့ ၀န်ဆောင်မူဆိုင်ကိုဆက်တယ် ။

သူတိုက မသိဘူးတဲ့ လုပ်ပေးတဲ့သူကိုဘဲ ဆက်သွယ်ပါတဲ့ ဟိုလူက ဖုံးမကိုင်ဘူး  ကိုကိုငွေက သူတို့ကို ယုံလို့ အပ်ထားတာ လုပ်ပေးတဲ့လူကို အပ်တာ မဟုတ်ဘူး သူတို့ကဘဲ  မေးပေးရမယ်ဆိုပြီး ဟိုကို ဖုံးဆက်ပြီး ရန်ထောင်မယ်ဆိုပြီး ဖုံးခေါ်တယ် ကိုကိုငွေ အကြောင်းသိနေတော့ ဖုံးကို ဇွတ်ဆွဲလုပြီး စကားလွဲလိုက်ရတယ်။

ကိုကိုငွေက အဲဒီဝန်ဆောင်မူကို နာမည်အတိအကျ ရေးပြီး ဘလော့မှာတင်မယ် တခြားမှာလဲ တင်မယ် ၀န်ဆောင်မူကို တန်ရာတန်ကြေး ယူထားပြီး တာဝန်မကျေဘူး Customer ကို ဘာမှ မလုပ်ပေးဘူး ဆိုပြီး ပို့စ်စရေးတော့ မလုပ်ပါနဲ့ သူများတွေ နာမည်ပျက်နေပါ့မယ် ပြောတော့ ကျွန်တော်တို့ ရန်ဖြစ်ကြတယ် ကိုကိုငွေက ဒါလုပ်သင့်တယ် ဒါမှသူများတွေ သူတို့မကောင်းတာသိမှာတဲ့ နောက်ဆုံး အကြပ်ကိုင်လိုက်တာ မဒမ်ငွေကိုချစ်ရင် ဒီပို့စ်ကို နာမည် အတိအကျတွေနဲ့ မရေးပါနဲ့ဆိုပြီး ပြောမှ ကိစ္စက ပြီးတယ် ။

ဒီလိုနဲ့ အရေးတကြီး ခရီးသွားစရာလဲ မရှိ နေမကောင်းဖြစ်နဲ့ဆိုတော့ စာအုပ်တောင်းဖို့ မေ့တောင်သွားတယ်  လကုန်မှ ၀န်ဆောင်မူပေးတဲ့ ဆိုင်က စာအုပ်လာယူလို့ရပြီတဲ့ စာအုပ်လုပ်တာ ၂ လလောက်ကြာသွားတယ် PASS သာ စတေးမကျန်တော့ရင် ကျွန်တော်ဘဲ စိတ်ပင်ပန်းရမှာ  ကံကောင်းတာတစ်ခု က PASS လျှောက်တုန်းက ပတ်စ်စပို့သက်တမ်းက ၉ လ ဘဲကျန်တော့တာကို OFFICER က မျက်စိလည်ပြီး ကတ်ကို ၂ နှစ် သက်တမ်းပေးလို့တော်သေးတယ် မဟုတ်ရင် စာအုပ်နောက်ကျတာနဲ့ အလုပ်ရှုပ်မှာလေ စာအုပ်အသစ်လုပ်ရတာ တော်တော်လေးကို အလုပ်ရှုပ်သွားတယ် ။

အဓိက ပြောချင်တာက  သံရုံးကို စောစော မလာရမှန်း သိတာကို အကြောင်းမကြားဘူး ချိန်းထားပြီး အိပ်နေတယ် မလိုအပ်ဘဲ အဖော်လုပ်ပေးဖို့ တန်းစီခိုင်းတယ်  စာအုပ်ကိုလဲ စောစောပြန်မပေးဘူး  ဟိုအမကြီးကိုလဲ  ဘာမှမလုပ်ပေးရသေးဘဲ သံရုံးကိုခေါ်ပြီး စိတ်ဒုက္ခပေးတယ် သူ့ခမျာ    ကိုယ်ချင်းစာပါတယ် စိတ်ညစ်မယ်ဆိုတာ၊  စုံနေတာဘဲ နောက်တစ်ခါ စာအုပ်တိုးဖြစ်ရင်  အဲဒီဆိုင်မှာ မလုပ်တော့ဘူး ကိုကိုငွေကဆို အဲဒီဆိုင်နဲ့ လုံးဝမပတ်သက်နဲ့တော့တဲ့  ပြောချင်တာတွေကို ဗဟုသုတအနေနဲ့ ပြောတတ်သလို ပြောလိုက်ပါတယ် ဆောင်ရန် ရှောင်ရန်လေးတွေကို သိစေချင်လို့ပါ။

ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Monday, June 13, 2011

လွဲလိုက်ပုံ

၂၀၁၀ မတ်လ ၁၉ရက် သောကြာနေ့ ည ၉း၄၅ မှာ စင်ကာပူ ချန်ဂီလေဆိပ်ကို ရောက်လာခဲ့ပါတယ် သူငယ်ချင်း ၃ ယောက် အတူတူ အူတူတူ နဲ့ ရောက်ခဲ့ပြီး လာကြိုမဲ့သူငယ်ချင်းတွေ ရောက်ပြီလား မသိဘူး အတွေးနဲ့ ဟိုဟို  ဒီဒီ ရှာကြည့်တော့ သူငယ်ချင်း ၉ ယောက်လာကြိုကြတယ် အမလေး တော်ပါသေးရဲ့ လာကြိုလို့ မဟုတ်ရင် မသွားတတ် မလာတတ်နဲ့ ဒုက္ခရောက်မှာ ဒီလိုနဲ့ တက္ကစီ ငှါးပြီး အိမ်ခန်းငှါးထားတဲ့ နေရာအသီးသီးကို သူငယ်ချင်းတွေ ကောင်းမူ့နဲ့ ကျွန်တော်တို့ ၃ယောက်လုံး ချောချောမွေ့မွေ့နဲ့ ရောက်သွားပါတော့တယ်။

နောက်တစ်နေ့ကို သူငယ်ချင်းတွေကဘဲ လိုအပ်တဲ့ ပစ္စည်းတွေ လိုက်ဝယ်ပေးပြီး MRT စီးဖို့သင်ပေး Bus စီးဖို့သင်ပေးကြပါတယ် နောက်နေ့ တနင်္ဂနွေနေ့ကို လျှောက်လည်မယ် ဆိုပြီး သူငယ်ချင်းတွေ ချိန်းတော့ သူငယ်ချင်း ၆ ယောက်စုနေတဲ့ အိမ်မှာ မြီးရှည်လုပ်စားပြီးမှ အထပ် ၅၀ ရှိတဲ့  Sky Bridge ကို သွားခဲ့ပါတယ် ကျွန်တော်က ဘတ်စ်ကားစီးရင် မူးတတ်တဲ့ အကျင့်ရှိတယ်။

ကားစီးတာအချိန်ကြာရင် အန်တယ် ရောက်ခါစလည်းဖြစ် ဘတ်စ်မစီးတာလဲ ကြာပြီဆိုတော့ မူးလာတယ် ဓါတ်ပုံတွေတော့ ရိုက်နိုင်ခဲ့တယ် အပြန်မူးတာမှ အရမ်းမူးတယ် သူငယ်ချင်းအိမ်ရောက်တော့ အိပ်ခန်းထဲ ၀င်အိပ်တယ် အိပ်ပြီးနိုးတော့ အိမ်သာ သွားတက်ခဲ့ပါတယ် အဲဒီမှာ ပထမဆုံးဖြစ်တဲ့ ကမောက်ကမလို့ ပြောမလား အလွဲလို့ ပြောမလား စဖြစ်ခဲ့ပါတယ် ဘာလဲဆိုတော့…

ကျွန်တော့်ကို ဖုံးဝယ်ပြီး သုံးရင် ပိုက်ဆံကုန်မှာဆိုးလို့ အလုပ်ရမှ ဖုံးအသစ်ဝယ်ဆိုပြီး ကျွန်တော့်ဆရာက Sony Ericsson ဖုံး ဆရာမှာ တစ်လုံးပိုနေတာတဲ့  Sim Card ပါ တခါတည်းထဲ့ပေးပါတယ် အဲဒီနေ့က ဖုံးကို ဂျင်းဘောင်းဘီ နောက်ဖက်က အိတ်ထဲမှာ ထိုးထည့်ထားတာပါ အိမ်သာတက်ပြီးတော့ သူငယ်ချင်းတွေ မုန့်စားရအောင်ဆိုပြီး စားကြတယ်။

မုန့်စားပြီးတော့မှ မန်းတလေးက အိမ်ကို ဖုံးဆက်ချင်တာနဲ့ ဖုံးလိုက်ရှာတော့ တစ်အိမ်လုံး ဘယ်မှာမှ ရှာမတွေ့တော့ဘူး အကုန်လုံးလဲ ရှာတာ နှံနေပြီ နောက်ဆုံးရှာစရာဆိုလို့ အိမ်သာတစ်ခုဘဲ ကျန်တော့မို့ သွားရှာလိုက်တော့ ထင်တဲ့အတိုင်းဘဲ ဖုံးလေးက ခွက်လေးထဲမှာ ထောင်ထောင်လေး ရေထဲမှာ ပေါ်နေပါတော့ မြန်မြန်ဆယ်ပြီး အ၀တ်နဲ့  သုတ်တော့ ရေထဲမှာ နာရီဝက်လောက် ကြာသွားတာဆိုတော့ တော်တော်စိုနေတာ ဘတ်ထရီထုတ်ပြီး နေပူလှန်း ကတ်ထုတ်ပြီး အဲဒီနားက ဈေးပေါတဲ့ Nokia ဖုံးလေးကို ၀ယ်သုံးရပါတော့တယ် ဆရာ့ ဖုံးကတော့ လုံးဝကို သုံးမရတော့ပါဘူး။ဖုံးကိစ္စပြောရင်းနဲ့ တလက်စတည်း ပြောလိုက်အုန်းမယ်နော် အလုပ်ရပြီးတော့ အိုင်ဖုံး plan လေးဝယ်လိုက်တယ် ၀ယ်ပြီး ၁ပတ်လောက်နေတော့ ထမင်းဟင်းချက်ရင်း အိတ်ကပ်ထဲကနေ အောက်ငုံလိုက်တာ့ ဖုံးက အောက်ကျပြီး  မှန်ကွဲသွားပါတယ် ကွဲပုံကလဲ နေကြာပန်းလို အက်ရာအကြီးကြီးဘဲ လက်နဲ့ တို့ရင် ရှတတဖြစ်နေတော့ မှန်ကို အဟောင်းဆိုင်ကို မှန်အသစ်လဲတော့ ပိုက်ဆံ ၈၀ ကုန်သွားတယ်။


ဒါတင်မပြီးသေးဘူး ဈေးဝယ်ရင်းနဲ့ လက်ကနေ ချပြီး ဟင်းသီးဟင်းရွက်ကို ရွေးလိုက်မှိတယ် ပြီးတော့ ဖုံးကို မေ့သွားတယ် အပြန်လမ်းကျမှ သိတော့ သွားရှာတယ် မတွေ့တော့ဘူး အဲဒါနဲ့ Cashier ကိုမေးတော့ သူတို့သိမ်းပေးထားတယ်တဲ့ တော်သေးတယ် သူငယ်ချင်းတစ်ယောက်ပျောက်တာ  ပြန်မရဘူး  Market က မန်နေဂျာက ဖုံးထဲက data အချို့ကို မေးပြီး ကျွန်တော့်ဖုံးဆိုတာ သေချာမှ ပြန်ပေးပါတယ် အခုရက်ပိုင်း ဖုံး Casing က ခဏခဏ ကွာနေတာနဲ့ စိတ်မရှည်တာနဲ့ စင်ကော်နဲ့ ဒေါင့်လေးဒေါင့်ကို ကပ်လိုက်မှိတယ် ဒီနေ့ သူငယ်ချင်းတွေနဲ့ စကားတိုက်ဆိုင်လို့ စင်ကော်ကပ်ထားတာကို ပြောလိုက်မှိတယ် အားလုံးက ၀ိုင်းပြီး ပြောကြတယ် ထူးဆန်းတယ်တဲ့ ပြန်ခွါရင် နင့်ဖုံး ဆေးကျွတ်မှာ ဘာညာဆိုပြီး ဟာသတစ်ခုလို ပြောနေကြတာ။

ဒီလို အလွဲလောက်က တော်သေးတယ် အလုပ်လျှောက်တဲ့အခါမှ လွဲလိုက်တာတွေမှ အများကြီးပါ ဘယ်လိုလွဲလဲ ဆိုတော့ Resume ကိုရေးတော့ သူငယ်ချင်းတစ်ယောက် ရေးပြီးသားမှာ မတူတာတွေပြင်ပြီး  အလုပ်လျှောက်ပါတယ် ဘယ်လိုမှားသွားလဲ ဆိုတော့ သူငယ်ချင်းက  BTech BE ဆိုပြီး ၂ပိုင်းခွဲပြီး ဘွဲ့ရခုနစ်ကို ပြထားတယ် အဲဒါကို ကျွန်တော်က BE ၊ ME ပြင်ထဲ့တယ် ME အတွက်  ခုနစ်ကို ပြင်ဖို့ သတိရပေမဲ့ BE ကိုပြင်ဖို့မေ့သွားတယ် ကျောင်းတက်ခုနစ်ကို ၂၀၀၄ လို့ မှားရေးလိုက်မှိတယ်။

အဲဒီအမှားကြီးနဲ့ အလုပ်လျှောက်တော့ ပထမဆုံးအလုပ်ကိုတော့ Work Permit နဲ့  လစာ ၁၈၀၀ ပေးတယ် Work Permit ကို မလုပ်ချင်တာနဲု့ငြင်းလိုက်တော့ Pass ကို မလျှောက်ဖြစ်ခဲ့ဘူး ဆိုတော့ အမှားကို မသိသေးဘူး ဒုတိယ အင်တာဗျုးက Drafter နဲ့ခေါ်ပါတယ်  သူတို့ဆွဲခိုင်းတဲ့ ပုံလေးက လွယ်နေတော့ ဆွဲတတ်ခဲ့ပါတယ် အဲဒါ ဘော့စ်က အိုကေရပြီ မင်းလစာတောင်းထားတာက ၂၀၀၀  အလုပ်ဆင်းပြီး ၆လ နေမှ ၂၀၀၀ ပေးမယ် အခုတော့ ၁၈၀၀ နဲ့ လက်ခံရင် အလုပ်ခန့်လိုက်ပြီ လိုအပ်တာတွေကို မန်နေဂျာကို ပေးခဲ့ပြီး နောက်အပတ်ကို အလုပ်စဆင်းလို့ ရပြီ ဆိုတော့ ၀မ်းသာခဲ့ပါတယ်။

မန်နေဂျာက Resume ကအမှန်ဆိုရင် အဲဒီထဲအတိုင်း လျှောက်ပေးမယ်ဆိုပြီး  passport စာအုပ်ကိုဘဲ ကော်ပီကူးထားလိုက်ပါတယ် နောက်နေ့မနက် ၁၀နာရီလောက်မှာ သူငယ်ချင်းက ဖုံးဆက်ပြောတယ် နင့် Spass Reject တဲ့ ကြားလိုက်တော့ စိတ်ညစ်လိုက်တာ အရမ်းဘဲ ကုမ္ပဏီကို ဖုံးဆက်ပြောတော့ သူတို့က EP နဲ့ ထပ်လျှောက်ပေးမယ်ဆိုပြီး နေလည်မှာ လျှောက်ပေးတော့လဲ ချက်ချင်း Reject တဲ့ ဘာဆက်လုပ်မလဲ ကုမ္ပဏီကိုမေးတော့ Work Permit ကိုလက်ခံမလားတဲ့ အဲဒီ Work Permit ကို စဉ်းစားအုန်းမယ် ပြောပြီး သူငယ်ချင်းတွေနဲ့ ဆရာတွေကို မေးတော့  Appeal Letter လျှောက်ခိုင်းတဲ့။

ကုမ္ပဏီကို Appeal Letter လျှောက်ပေးဖို့ပြောတော့ အချိန် ၃ ပတ်ကြာမှာတဲ့ မစောင့်နိုင်ဘူးပြောတာနဲ့ Reject Reason ကိုတော့ မေးပေးပါဆိုတော့ ဘွဲ့ရတဲ့ခုနစ်မှာ problem ဖြစ်နေတာပြောမှ Resume ကို သေချာပြန်စစ်တော့မှ ကိုယ့်အမှားကို ကိုယ်ပြန်တွေ့ပါတယ် သေလိုက်ပါတော့ မှားတာမှ နဲနဲပါဘဲ အမှန်က ၂၀၀၁ ကို ၂၀၀၄ ဖြစ်နေမှတော့ Reject ဖြစ်တာမဆန်းပါဘူး MOM က မှန်နေရင်တောင် အလကားနေရင်း Reject ဖြစ်နေတတ်တာ ဒီလိုနဲ့ အလွဲတွေ တသီကြီး နဲ့ အခုချိန်ထိ ပျော်ပျော်ပါးပါးကို အလုပ်လုပ်နေပါတယ် နောက်မှ ဆက်ပြီး အလွဲတွေ အမှားတွေကို ရေးပါအုန်းမယ် ဖတ်လို့မကောင်းပေမဲ့ အမှတ်တရအနေနဲ့ ရေးချင်ပါတယ်။

ဒီနေ့ အသစ်ရောက်လာတဲ့ သူငယ်ချင်းတစ်ယောက်ကို sky bridge ကို လိုက်ပို့ပေးတော့ ရောက်ခါစက အဖြစ်လေးတွေ သတိရပြီး ပို့စ်တစ်ခုအဖြစ် ချရေးလိုက်ပါတယ် စာဖတ်သူတွေတော့ မသိဘူး ကိုကိုငွေကတော့ မဒမ်ငွေ မင်းရေးတာတွေက အသက်မပါဘူး ဖတ်လို့မကောင်းဘူးဆိုပြီး ခဏခဏပြောနေပေမဲ့ အမှတ်တမဲ့လေးတွေကို အမှတ်တရအဖြစ် ချရေးချင်လို့ ရေးလိုက်မှိပါတယ်။

ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်း ပါတယ် ရွှင်လန်းချမ်းမြေ့ ကြပါစေ။

Saturday, June 11, 2011

လကြတ်ခြင်း

             
 
                  16-6-2011 နေ့ လကြတ်ချိန် နိရာယနဇာတာခွင်

                 လာမည့် ၁၆-ရက်နေ့တွင် လကြတ်မည့်ပုံ အနေထား
မြန်မာနှစ် ၁၃၇၂ခုနှစ်၊ နယုန်လပြည့်နေ့ ခရစ်နှစ်၂၀၁၁ခုနှစ်၊ ကြာသပတေးတွင် လအပြည့်စုံ ကျတ်ခြင်း (Total eclipse) ကောင်းကင်ယံတွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း ။ မြန်မာနိုင်ငံမှ နတ္တခတ္တဝေဒ ပညာရှင် ဆရာကြီး ဦးလှမောင်၏ တူ ဆရာကာလာစန်၏ သံဒိဋ္ဌ နေ့စဉ်ဂြိုလ် သွားပြက္ခဒိန် ၁၃၇၂ခု (၂၀၁၁ - ၂၀၁၂) နှစ်တွင် ရေးသားဖော်ပြထားသည်။

ဖော်ပြပါ နေ့ရက်တွင် ကြတ်မည့် လကြတ်ခြင်းအခြင်းရာကို ၊ အာရှ၊ အာဖရိက၊ ဥရောပ အချို့၊ သြစတေးလျ၊ အမေရိကအချို့၊ ပစိဖိတ်အချို့၊ အိန္ဒိယသမုဒ္ဒရာနှင့်၊ တောင်အတ္တလန္တိတ် တို့မှ သက်ဆိုင်သလို မြင်ရမည်ဖြစ်သည်။

မြန်မာစံတော်ချိန် နံနက် ၁နာရီ၊ ၆ မိနစ် ၄၈စက္ကန့်တွင် လသည် အရှေ့လောင်ဂျီတွဒ် ၇၉ဒီကရီ၊ ၅၄မိနစ်၊ တောင်လတ္တီတွဒ် ၂၃ဒီဂရီ ၁၈မိနစ်တွင် အိန္ဒိယသမုဒ္ဒရာတွင် စတင်ကြတ်ပြီး နံနက် ၂နာရီ ၅၄မိနစ်၊ ၂၄စက္ကန့်တွင် လသည် အရှေ့လောင်ဂျီတွဒ် ၅၄ ဒီဂရီ၊ ၂၀ မိနစ်နှင့် ၊ တောင် လတ္တီတွဒ် ၂၃ဒီဂရီ  ၂၃မိနစ်တွင် မာဒါဂါစကာ အနီးတွင်  လအပြည့်အစုံကြတ်၍  လကြတ်ခြင်း၏ အလယ်သို့ရောက်လျှက် နံနက် ၄နာရီ ၊ ၃၆ မိနစ်၊ ၄၈ စက္ကန့်တွင် လသည် အရှေ့ လောင်ဂျီတွဒ်  ၂၉ဒီဂရီ ၊ ၁၃မိနစ်နှင့် ၊ တောင်လတ္တီတွဒ် ၂၃ဒီဂရီ ၃၂ မိနစ်တွင် တောင်အာဖရိက  ကရက်စတိုရီး ယားမြို့ အနီးတွင် လကြတ်ခြင်းပြီးဆုံးမည်။
လကြတ်ချိန် စဆုံး ၃နာရီ ၃၀မိနစ်ကြာပြီး၊ သီးသန့်အပြည့်ဝကြတ်ချိန် (Duration of total obs curation) ၁နာရီ ၂၇ မိနစ်ကြာမြင့် မည်ဖြစ်ပါသည်။

နိရာယနဇာတာဂြိုလ်ခွင်၌ ဗြိစ္ဆာရာသီမှ ဓနုရာသီသို့ စန်းခေါ် တနလာင်္ဂြိုလ် လမင်းကူးပြောင်းခါစ ဓနုရာသီ -၀-အံသာ-၅- လိတ္တာတွင် လကြတ်ရာ မိဿရာသီ-(Ascendant) ၁၉ အံသာ- ၅၈ လိတ္တာ၊ မူလနက္ခတ်နှင့် ဓနုစန်းယှဉ်၍ လကြတ်ခြင်းဖြစ်သည်၊ ထိုလကြတ်ခြင်း၏ အကျိုးအပြစ်ကို ဂရင်းနစ်စံချိန် အနောက်နိုင်ငံသုံး နိရာယနဇာတာဂြိုလ်ခွင်အရ ၆-လအတွင်းအကျိုးအာနိသင် ရှိသည်ဟု ၁၆၉၇ခုနှစ်က စ၍ လန်ဒန်မြို့တွင် ထုတ်ဝေခဲ့သော Foulsham’s Almanac နှင့် ၁၈၂၀ ခုနှစ်က စတင်ထုတ်ဝေခဲ့သော Raphael’s Almanac ၊ ၁၈၃၀ခုနှစ်လန်ဒန်မြို့မှ ထုတ်ဝေ ခဲ့သည့် Zadkiel’s Almanac ၊ Raphael’s Mundane Astrology စာအုပ်များက တညီတညွတ်တည်း ဆိုထားကြပါသော်လည်း။

မြန်မာစံတော်ချိန် အရှေ့နိုင်ငံသုံး နိရာယနဇာတာဂြိုလ်ခွင်တို့နှင့် တွက်ချက်ထားသည့် ကန်ဦးမူသံ ဒိဋ္ဌပြက္ခဒိန်၊ ဆင်တဲမူ သံဒိဋ္ဌ ၊ ဆရာကာလန်စန်၏ နေ့စဉ်သုံး သံဒိဋ္ဌ ၊ နက္ခတ္တဝေဒ ပညာရှင် ၀ဏ္ဏကျော်ထင် ဆရာကြီး ပျဉ်းမနား ဦးသန်းမောင်၏ နေကြတ် လကြတ်ဆိုင်ရာ ဟောပြော ချက်များတွင် ယခုကဲ့သို့ လကြတ်ခြင်းမျိုးကို ၂လအတွင်း ဆိုးပြစ်ကောင်းကျိုးရှိကြောင်း မှတ် သား ရပါသည်။

ယခုလကြတ်မှု့၏ နိုင်ငံအလိုက် ဆိုးကျိုးမှာ အမေရိကန်ပြည်ထောင်စု နှင့် ဆက်စပ်သည့် ပြည်နယ်များ ၊ တောင်အာဖရိက ဒေသတချို့တို့တွင် မုန်တိုင်းများ ၂လအတွင်း တိုက်ခတ် ပါလိမ့်မည် ၊ မြန်မာ နိုင်ငံအတွက်ကား ရခိုင်ကမ်းလွန် နှင့် မုတ္တမ ဒေသများသို့ မုန်တိုင်းများ အရှိန်ပြင်းစွာ ၀င်ရောက်တိုက်ခတ်ပြီး ကုန်းတွင်းပိုင်းတွင် ပျက်ပြယ်ပါလိမ့်မည်။ သြစတေးလျ ပြည်နယ်များနှင့် ၊ အိန္ဒိယ ပြည်နယ်ကြီးများတွင် မုန်တိုင်းများ ဆက်တိုက်ဝင်ရောက်ပြီး အနီးအပါး နိုင်ငံများ ဒေသများသို့ ရွေ့လျားပါလိမ့်မည်။ မြန်မာပြည်တွင် လျှပ်စီးမိုးကြိုး များ မကြာခဏ ဖြစ်ပေါ်ခါ  နောက်ဆက်တွဲမုန်တိုင်းများပါ တိုက်ခတ်မည်ဟု ခန့်မှန်းရပါသည်။

လူတဦးခြင်း၏ ဆိုးကျိုးကောင်းပြစ်မှာ ယေဘုယျ အားဖြင့် တနလာင်္ သားသမီးများ အထူးမကောင်းဟု မှန်းဆရပါသည်၊ ဓာတ်လိုက်ခြင်း၊ ယာဥင်္တိုက်မှု့၊ အလုပ်အ ကိုင်ကြပ် တည်းခြင်း၊ နေရာပြောင်းရွေ့ရခြင်း၊ နှလုံး၊ သရက်ရွတ်၊ အူ ၊ စသော ၀မ်းတွင်း အနာရော ဂါများဖြင့် ဆေးရုံတတ်၍ ဆေးကုသမှု့ခံယူနေသူ  ဖြစ်ပါက အသုံးဆုံးရှုံးနိုင်ပါသည်၊ ဆေးရုံတတ် ရောက် နေ သူမဟုတ်ပါက ထိုရောဂါများကို သတိထားရန်ဖြစ်ပါသည်။

နေကြတ်လကြတ် ခြင်းသည် ဖြစ်ပေါ်သည့် ရာသီ ဘာဝနှင့်ဆိုင်သည့် ထူးခြားမှု့ဖြစ်မည်ဟု W Gorn old ရေးသားသည့် `နေကြတ် လကြတ် သီအိုရီနှင့် လက်တွေ့စာအုပ်´ကမိန့်မှာ ထားသလို
ကမ္ဘာကျော် အင်္ဂလိပ်နက္ခတ်ဗေဒင်ကျမ်းပြုဆရာကြီးတစ်ဆူဖြစ်သော Alan leo ရေးသားပြုစုသော ဗေဒင်အဘိဓာန်ကို ဆက်လက်ပြုစုသူ V.E Robson က မူလဖွားဇာတာရှိလဂ်၊ စန်း (တနလာင်္)၊ တနင်္ဂနွေဂြိုလ်နှင့် အခြားဂြိုလ်များ ၊ ၁၀ဘာဝတို့အပေါ် နေကြတ်ခြင်းသည် ဇာတာရှင်အတွက် ထူး ခြားမှုဖြစ်စေတတ်ပြီး၊ မူလဖွားဇာတာရှိ ဂြိုလ်တလုံးအပေါ်သို့၊ ကောဇာ နေကြတ် လကြတ် ခြင်းသည်  ဆိုးကျိုးသက်ရောက်မည်ဖြစ်သည်။

မွေးဇာတာရှိ မူလကြာသပတေး ဂြိုလ်အပေါ် နေကြတ်လကြတ်ပါက တခါတရံ ကောင်းကျိုးသက် ရောက်စေပြီး၊ မူလသောကြာဂြိုလ် အပေါ် ကြတ်လျှင် သာမန်ကောင်းကျိုးသက်ရောက်မှု့ ရှိမည် ဖြစ်သည်၊ လဂ်၊ စန်း တနင်္ဂနွေ ဂြိုလ်ပေါ်သို့ နေလကြတ်ခြင်းသည် အဆိုးဆုံးဖြစ်သည်၊ ဇာတာရှင် ၏ ကျမ်းမာရေးကို ထိခိုက်စေတတ်ပြီး အသက်အန္တရာယ်ကို ဖြစ်စေတတ်သည်ဟု ဟော ဆိုပါ  တယ်။

မြန်မာ နက္ခတ္တပညာရှင်ကြီး ၀ဏ္ဏကျော်ထင် ဆရာကြီးပျဉ်းမနား ဦးသန်းမောင်ကလည်း ၄င်းနည်း တူဟောဆိုထားသည်ကို မှတ်သားရပါတယ်။ ထို့အတွက် ကြောင့် ယခုနှစ် လကြတ်ခြင်းသည် တနလာင်္သားသမီးများ အတွက် မကောင်းသလို ၊ ဖော်ပြပါ နိုင်ငံကြီးများ အတွက်နှင့် အမိမြန်မာ နိုင်ငံ ရခိုင်ကမ်းလွန်ဒေသ များသည်လည်း မကောင်းပါကြောင်း မှတ်သားမှိသမျှ ဖောက်သယ် ချလိုက်ရပါတယ်။

(အလားတူ လကြတ်ခြင်းမျိုးကို လာမည့်ဒီဇင်ဘာ ၁၀ရက်နေ့တွင် ထပ်မံ ဖြစ်ပေါ်အုံးမည်ဟု ဆရာကာလာစန်၏ နေ့စဉ်ဂြိုလ်သွားပြက္ခဒိန် (Ephemeris) (2011-2012) တွင်ရေးသား ဖော်ပြ ထားပါတယ်)

ဘလော့စာရှု့သူများ ဝေဒဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါ တယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။