Saturday, September 25, 2010

အာရှတိုက်ရဲ့ ကြယ်ပွင့်လေးများ Tiger Girls Band

မြန်မာ့ ကျား ဆိုတာ အလယ်ကောင်က ကောင်ကြီးကိုပြောတာ

မြန်မာကျားဆိုပြီး ကိုက်တဲ့ အကောင်မလို့ မှတ်လိုက်ကြပါနဲ့ ၊ ဒီကျားလေးတွေက မကိုက်တတ်ပါဘူး ချစ်ဘို့ တောင်ကောင်းသေးတယ်လို့ ဆိုပါတယ် ၊ ယနေ့ ကမ္ဘာမှာ ၁၉၅၀ နောက်ပိုင်း ဂီတပညာရှင်တွေ ဟာတစ်ကိုယ်တော်ထက် အုပ်စုဖွဲ့ပြီး ပရိတ်သတ်ကို ဆွဲဆောင်လာ ခဲ့ကြတာ အားလုံးသတိထားမှိမှာပါ ၊ အဲဒီထဲမှာ ကမ္ဘာ့နိုင်ငံတွေထဲက နိုင်ငံတခုဖြစ်တဲ့ ကျွန်တော် တို့ရဲ့ မြန်မာနိုင်ငံမှာလဲ ၂၀၀၀ခုနှစ် နောက်ပိုင်းမှာ ၊ ၀ါသနာတူ အမျိုးစားတူ ဂီတပညာရှင် ကြီးငယ်တို့ဟာ အုပ်စုလေးတွေ ဖွဲ့ပြီး ပရိတ်သတ်တွေကို ဆွဲဆောင်လာကြပါတယ် ၊ ဒါပေမဲ့ သီချင်းတွေက တော့ ကော်ပီတွေသာ များတတ်ကြပါတယ် ၊ အင်္ဂလိပ်လို သီဆိုနိုင်မှုကိုလဲ သိပ်မတွေ့ ရပါဘူး ၊ အောင်မြင်မှုအနေနဲ့ ပြောရရင်လဲ မြန်မာ နိုင်ငံတွင်းမှာတောင် တောရော မြို့ပါ ၊ မသိသူတွေ ရှိကြသေးလို့ ၊ နေ့မြင်ညပျောက်ဆို တဲ့သင်္ခါရ လောကရဲ့ ဒဏ်ကို ပြင်းထန်စွာ ခံစားရပေသမို့ ၊ မကြာခဏဆိုသလို အကွဲအပြဲလေး တွေရှိပြီး နောက်ဆုံးနိဂုံး ချုပ်မှာတော့ အဖွဲ့ပျက်ပြီး ၊ တစ်ကိုယ်တော်တွေ ဘဲဖြစ်သွားကြတာကို တွေ့မြင်မှိကြမှာပါ ။

မြန်မာ နိုင်ငံမှာ ကနဦးက ရှိနေခဲ့တဲ့ အုပ်စုလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တော်တော် များများဟာ  စနစ်တကျ သင်ယူလေ့လာ ထားတာမရှိဘဲ သူများလုပ်တဲ့ အတိုင်းလိုက် လိုက် လုပ်နေကြတာမို့ အက ကနေစပြီး ကီးတွေ ဟာမိုနီတွေ Performance တွေအထိ ၊ အလွဲလွဲ ချော် ချော် ဖြစ်နေကြတာကို Music Performance နဲ့ ကျောင်းပြီး ထားသူတွေ သတိထားမှိကြမှာပါ ၊ ဒီကျား မလေးတွေ အဖွဲ့မှာတော့ ၊ Sound Impact Production ရဲ့ အဆိုတော်တစ်ဦးဖြစ်သလို Dancer တစ်ဦးလည်းဖြစ်တဲ့ Australia နိုင်ငံသူ နိုင်ငံတကာ အဆင့် ဖျော်ဖြေမှု သရုပ်ပြ (Performance) သင်တန်း ဆရာမ International Trainer,တစ်ဦး ဖြစ်တဲ့ Nicole May ကိုယ်တိုင်က လေ့ကျင့် သင်ကြားပေးနေတာမို့ ၊ အဲသလို အမှားတွေကင်းပြီး စည်းကမ်းကျန တဲ့ ဂီတရသ ကိုခံစားနိုင်ပါတယ် ။

ဒီ Tiger Girls အဖွဲ့လေးကို ၊ တည်ထောင် ရခြင်းရဲ့ ရီရွယ်ချက်နဲ့ ပတ်သက်ပြီး Sound Impact Productionမှ Creative Manager ကိုသက်ပိုင်ဖြိုးက ဒီလိုလေးပြောပါတယ် ၊“အခွေထုတ်လို့ရလာတဲ့ အကျိုးအမြတ်တွေကို မိဘမဲ့ကလေးတွေကို လှူဒါန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းဝါသနာ ပါတဲ့ အဆိုတော်သစ်တွေ လမ်းကြောင်းလေးတခု ရသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ပရိုဂျူဆာက အခုလို စီစဉ်ခဲ့တာ”ပါလို့ အလင်းတန်းဂျာနယ်ကို ပြောပါတယ် ၊ Tiger Girls အဖွဲ့ကို City FM ရဲ့ မှာ ဖျော်ဖြေရေး ကဏ္ဍ တခုကို တာဝန်ယူတင်ဆက်နေသည့် Sound Impact Production ကုမ္ပဏီနှင့် Australia မှ International Performance & Trainer Nicole May တို့ ပူးပေါင်း၍ ဖွဲ့စည်း ထားခြင်းဖြစ်ပါတယ် ယင်းTiger Girls အဖွဲ့ကို ဖွဲ့စည်းရန်အတွက် အဆို ပြိုင်ပွဲ ၀င်ရန်လျှောက်လွှာများခေါ်ယူခဲ့ပြီး အဆင့် ၃ ဆင့် သတ်မှတ်ကာ ယှဉ်ပြိုင်စေခဲ့တာပါ ၊ သီဆိုယှဉ်ပြိုင် သူများထဲမှ ပထမဆင့် လူ ၁၀၀ ၊ ဒုတိယဆင့် လူ၂၀ ၊ နောက်ဆုံးအဆင့်  ၅ ဦး ကို ဇန်နဝါရီလက လူတွေ့စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီလမှာ ကျားမလေး(၅)ဦးကို အပြီးသတ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အရွေးခံရတဲ့ ကောင်မလေး (၅)ဦးကို လူရွေးပွဲပြီးတဲ့ အချိန်ကစလို့ ဒီကနေ့အထိ နေ့တိုင်းနီးပါး ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မကြီးကြီးလမ်းမှာ ရှိတဲ့ ကိုယ်ပိုင် စတူဒီယိုမှာ၊ အဆိုအကများကို သင်တန်းပေးပြီး လေ့ကျင့်ပေးနေတာ ဖြစ်ပါတယ်“နိုင်ငံခြားသူက အဓိက အဆိုပိုင်းရယ်၊ အကပိုင်းရယ်ကို သင်ပေးတာပါ။ ဒီအဖွဲ့လေးကို ပရိသတ်နဲ့ ရင်းနှီးအောင်ဆိုပြီး သင်္ကြန်သီချင်း၂ ပုဒ် အပါအ၀င် အချစ်သီချင်း တပုဒ် စုစုပေါင်း ၃ ပုဒ်ကို အွန်လိုင်းကတဆင့် ရန်ကုန်လမ်းညွှန်၊ မန္တလေး လမ်းညွှန် စာမျက်နှာမှာ အခမဲ့ ဝေခဲ့တယ်”ဟု မန်နေဂျာ ကိုသက်ပိုင်က အလင်း တန်းကို ပြောပြပါတယ်။

နိုင်ငံခြားသူ ဆရာမရဲ့ သင်ကြားမှုနဲ့ပတ်သက်ပြီး တော့ Tiger Girls ထဲကထိုက်ထိုက် လို့ခေါ်တဲ့  Electro tigerက ဒီလိုလေး ပြောပါတယ် “သင်ပေးတဲ့ သူက နိုင်ငံခြားသူ ဖြစ်တော့  မြန်မာတွေအမြင်နဲ့ ကြည့်ရင် ရိုင်းသွားတာမျိုးတွေရှိတယ်။ သူက အရမ်း လှုပ်ပြ ချင်တဲ့ အခါကျတော့ ပရိသတ်အားပေးမှုထက် လက်ခံမှုရဖို့ ခက်သွားနိုင်တဲ့ အခြေအနေမှာရှိတယ်။ အဲဒီအပိုင်းမှာ သူ့ကို နားလည်အောင် ရှင်းပြပြီး ညှိရတာတွေရှိတယ်”လို့ဆိုပါတယ် ဟုတ်မှာပေါ့ နိုင်ငံ ခြားသူဆိုတာ က သိတဲ့အတိုင်း ဘဲလေ အလှုတ်တအား ကြမ်းတာကိုး မြန်မာတွေက ခုမှ နဖူးတွေ့ဒူး တွေ့မလား ။

Tiger Girls အဖွဲ့မှာ ကောင်မလေး  ၅ယောက်နဲ့ ဖွဲ့စည်းထား ပါတယ် သူတို့ငါးယောက် ရဲ့နာမည် လေးတွေက Electro tiger (ထိုက်ထိုက်)၊ Chilly Tiger(ခေမီ) ၊ Tricky Tiger(ဝေနှင်းခိုင်) Missy Tiger(ဆုပြည့် မှူး အိမ်)နှင့် Baby Tiger(အမွန်း) တို့ ဖြစ်ပါတယ် တစ်ယောက် ခြင်းရဲ့ အနုပညာ ဘ၀  ဖြတ်သန်း စီးဆင်း မှု့က ဒီလိုပါ ။

Electro tiger (ထိုက်ထိုက်)
Electro Tiger ဆိုတဲ့ကောင်မလေးကတော့ ထိုက်ထိုက်ဆိုတဲ့ကောင်မလေးဖြစ် ပါတယ်။ Electro ဆိုတဲ့စကားလုံးနဲ့လိုက်အောင် သူမရဲ့ Performance တွေကို ပရိသတ်များ ရင်သပ်ရှုမောအောင် ခံစားကြရမှာဖြစ်ပါတယ်။ သူမကလည်း Myanmar Super Star Singing Contest ရဲ့ Member တစ်ဦးအနေနဲ့ သီချင်းတွေသီဆိုပြီး အနုပညာ လှုပ်ရှားမှုတွေကို လုပ်နေသူတစ်ဦးဖြစ်ပါတယ်။ ရုပ်မြင်သံကြားအစီအစဉ်တွေထဲမှာ ပရိသတ် တွေ နှစ်သက်ကြတဲ့ Melody World အစီအစဉ်မှာ ပြိုင်ပွဲဝင်ခဲ့ဖူးသလို ရှင်သန်နေသော သီချင်း Living Songs အစီအစဉ်မှာလည်း သီချင်းတွေကို သီဆိုခဲ့ဖူးပါတယ်။ Graphic Designer နဲ့ English Translater အလုပ်တွေကိုလည်း ဝါသနာပါပြီး လုပ်ကိုင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ 2008 Melody World Ablum နဲ့ Master Thingyan(4) အချမ်းပြေ Ablum တွေထဲမှာ သီချင်းတွေကို ပါဝင်သီဆိုထားသူမို့လို့ သူမရဲ့အသံကိုတော့ပရိသတ်တွေရင်းနှီးပြီးသား ဖြစ်နေမှာဖြစ်ပါတယ်။

Chilly Tiger(ခေမီ)
Chilli Tiger ဆိုတဲ့ကောင်မလေးကတော့ ကင်မီဖြစ်ပြီး ချင်းတိုင်းရင်းသူလေးတစ်ဦး ဖြစ်ပါတယ်။ (၂ဝဝ၅)ခုနှစ်ကစပြီး သီချင်း တွေသီဆိုခဲ့ကာ Dancer အလုပ်ကို စိတ်ဝင်စား တဲ့သူတစ်ဦးဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ် တဲ့သူမဟာ ဘုရားကျောင်းမှာ သီချင်းဆိုခဲ့တဲ့ အတွေ့အကြုံ တွေနဲ့ပေါင်းစပ်လို့ သီချင်းသီ ဆိုသူတစ်ဦး အနေနဲ့ အနုပညာ အလုပ်တွေကို လုပ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ (၂ဝဝ၉)ခုနှစ် မှာတော့ ချင်းလူမျိုး တွေစုပြီး ထုတ်တဲ့ Ablum မှာ သီချင်းတွေ ဝင်ဆိုထားသူ လေးဖြစ်ပါတယ်။

Tricky Tiger(ဝေနှင်းခိုင်)
Tricky Tiger ဆိုတဲ့ကောင်မလေးကတော့ ဝေနှင်းခိုင်ဖြစ်ပါတယ်။ သူမကတော့ အဖွဲ့ထဲမှာ အကကောင်း သူလေးရယ်လို့ တင်စားလို့ရအောင် အကနဲ့ပတ်သက်ပြီး Talent ရှိတဲ့သူလေး တစ်ယောက်ဖြစ်ပါတယ်။ (၂ဝဝ၅)ခုနှစ်ကတည်းက Rapping Dancer တစ်ဦး အနေနဲ့ အနုပညာ အလုပ်တွေကို အားမာန် အပြည့်နဲ့ လှုပ်ရှားနေတဲ့ သူတစ်ဦး ဖြစ်ပါတယ်။

Missy Tiger(ဆုပြည့် မှူး အိမ်(ခ) ချာချာ)
Missy Tiger လို့ နာမည်ရတဲ့ ကောင်မလေး ကတော့ ချာချာဆို တဲ့ကောင်မလေး ဖြစ်ပါတယ်။ မော်ဒယ် စင်မြင့်ထက်တွေမှာ အရည်အချင်း ရှိသူလေးလို့ နာမည်ရနေပြီး Presenter အနေနဲ့ရော၊ သရုပ်ဆောင် အနေနဲ့ပါ ရပ်တည် နေပြီဖြစ်တဲ့ ကောင်မလေး တစ်ယောက်လည်း ဖြစ်ပါတယ်။ Missy Tiger ကလည်း Myanmar Super Star Singing Contest ရဲ့ Member တစ်ယောက်ဖြစ်ပြီး သီချင်းတွေ သီဆိုနေသူ ဖြစ်ပါတယ်။ မြန်မာအက တွေကိုလည်း ကျွမ်းကျင် ပိုင်နိုင်ပြီး ဆုတွေပိုင် ဆိုင်ဖူးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

Baby Tiger(အမွန်း)
Baby Tiger ဆိုတဲ့ကောင်မလေးရဲ့နာမည်ရင်းက အမွန်းဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့ ကောင်မလေးတစ် ယောက်ဖြစ်ပြီးတော့ အသက်(၄)နှစ်အရွယ် ကတည်းက သီချင်းတွေ လိုက်ဆိုနေ ခဲ့သူလေးဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ Gravity Dancer Group ရဲ့ Member အနေနဲ့ အကနဲ့ပတ်သက်ပြီး လှုပ်ရှားနေ သူလေးတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မော်ဒယ်တစ်ယောက် အနေနဲ့ စင်မြင့် ထက်မှာ လှုပ်ရှားနေသလို Myanmar Super Star Singing Tour ရဲ့ Member အနေနဲ့ မြန်မာပြည် အနှံ့လှည့်လည် သီဆိုဖျော်ဖြေ ပွဲတွေမှာ သီချင်းတွေဆိုရင်း ပရိသတ်နဲ့ထိတွေ့ နေသူလေး တစ်ဦးလည်း ဖြစ်ပါတယ်။ Baby Tiger ဆိုတဲ့ နာမည် လေးနဲ့လိုက်အောင် သူ့ကိုချစ်စရာ ဟန်ပန်လေးနဲ့ တွေ့မြင်ကြရ မှာဖြစ်ပါတယ်။

Sound Impact Production ကုမ္ပဏီနှင့် Australia မှ International Performance & Trainer Nicole May တို့ ပူးပေါင်းပြီး  Tiger Girls အဖွဲ့နဲ့ ဇူလိုင်လ ၂၈ ရက်နေ့ က တိတ်၊ စီဒီ အနေနှင့် ထွက်ရှိခဲ့ပြီးပါပြီ ၊ တေးစီးရီးမှာ Pop ၊ R&B တေးသီချင်း အမျိုးအစားများ ပါဝင်သည့် Year of the Tiger Girls (ကျားမလေးများရဲ့နှစ်) အမည်ရှိ တေးစီးရီး ဖြစ်ပါတယ် ။ ဒီအယ်လ်ဘမ်ထဲမှာ သီချင်းဆယ်ပုဒ်ပါ ၀င်ပါတယ် ၊ သီချင်းအများစုကို LR Chan ကရေးထားတာပါ Little Sister ဆိုတဲ့ အင်္ဂလိပ် သီချင်းကိုတော့ အကနည်းပြနဲ့ Tiger Girls အဖွဲ့ရဲ့ မန်နေဂျာ သြစတြေးလျ နိုင်ငံသူ Nicole May ကရေးထားတာပါ ၊ နားထောင်သွား ကြပါအုံးနော် ။

Tiger Girls အဖွဲ့ဝင်လေးတွေဟာ ဆွဲဆောင်မှုရှိကြပြီး ပင်ကိုယ်ဂီတစွမ်းရည် မြင့်မားကြတဲ့ မိန်းကလေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ သူတို့တစ်တွေရဲ့ ဂီတနဲ့အက ပေါင်းစပ်ထားတဲ့ ဖျော်ဖြေမှုတွေကို မကြာခင် ကာလမှာ  အာရှတလွှား ထိကျော်ကြား လိမ့်မယ်လို့ ထင်မြင်ယူဆ မှိပါတယ် (ကိုယ်ပိုင်အယူဆ ဖြစ်ပါတယ် ) ဒီကျားမလေး(၅)ဦးရဲ့ Tiger Girls Band ဟာ ပရိသတ် တွေရဲ့ ရင်ခွင်ကို ဘယ်လိုထိုး ဖောက်လို့ ဝင်ရောက်လို့လာမလဲဆိုတာ ကိုတော့ စောင့်ကြည့် ကြရဦးမှာပဲ ဖြစ်ပါတယ်။ ဟုတ်ကဲ့ လာရောက်ဖက် ရူသူအပေါင်းကို  ရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ငွေလမင်းမှ  ဆုတောင်း ပေးလိုက်တယ် ။

အယ်ဂျားဇီးယားရုပ်သံမှာ ထုတ်လွှင့်ပြသသွားတဲ့ သတင်းလေးမှာတော့


ဒါကတော့ မင်းအကြောင်း ငါ့အကြောင်း


သူတို့ရဲ့ “ အိမ်မက်” ဆိုတဲ့သီချင်းလေး

Friday, September 24, 2010

ကမ္ဘာ့နာမည် အကြီးဆုံး ဆယ်ကျော်သက်



ယနေ့ ပေါ့စ် အဆိုတော်တွေ ထဲမှာ နာမည်ကျော် လူကြိုက်များလာတဲ့ ၊ ဆယ်ကျော် သက်တစ်ယောက်ကို ပြပါဆိုရင် ၊ Justin Bieber ကိုပြရမှာပါ  ၊ ဘာကြောင့်လဲ ဆိုရင် အိမ်က အသက်၇နှစ်အရွယ် တူမလေး ချမ်းကတောင် သူ့ကိုကြိုက်ပါသတဲ့ ၊ နီးစပ်ရာ မိန်းခလေး သူငယ်ချင်းများက တော့သဲသဲလှုတ် (သူတို့ကတော့ လွန်တယ် ကိုးရီးယားမင်း သားဆိုလဲ လွတ်တာမဟုတ်ဘူး) လန်ဒန်မှာရောက် နေတဲ့ မြန်မာမိန်းခလေးတွေက တော့ အိုးမိုင် ဂေါ့ လို့တောင်မယောင်တော့ဘဲ ၊ အိုးမိုင်ဘီဘာလို့ ယောင်ပါသတဲ့ ၊ အပိုတွေပြော နေတယ် မထင်လိုက်ပါနဲ့ ၊ ဘီဘီစီ  မြန်မာပိုင်း အစီစဉ်တွေထဲက မိုဘီဂျီနို ကဏ္ဍမှာ အသံလွင့်သွား တာပါ အဲလောက် ၊ အဖြစ်သဲနေလို့ ဘယ်လောက် ချောလို့တုန်း တော့မမေးလိုက် ပါနဲ့ပုံကိုသာ ကြည့်ပြီး ဝေဘန်ကြပေတော့ ။

ကမ္ဘာကျော် တေးသီချင်းတွေနဲ့ မြန်မာသီချင်းတွေ ပါတစုတစည်း ထဲရှိနေတဲ့ ယူကျူ Youtube လို့ ခေါ်တဲ့ အင်တာနက် စာမျက်နှာပေါ်မှာတော့ ဒီနှစ်ဆန်းပိုင်းက  တင်ခဲ့တဲ့   ရက်ပ်အဆိုတော် Ludacris နဲ့တွဲဖက်သီဆိုထားတဲ့  Baby သီချင်းဟာ အခုချိန်ထိ ကြည့်တဲ့သူ သန်းပေါင်း ၃၀၀ ကျော်ရှိပါတယ် ၊ ပျမ်းမျှတရက်ကို တစ်သန်းခွဲ လောက်ကြည့်ကြ တယ်ဆိုတော့ သူ့ရဲ့အောင်မြင်မှု ဟာ ကြောက်ခမန်းလိလိ လို့ဆိုရမလိုပေါ့ ခင်မျာ ၊ Facebook မှာတော့ လူ၁၁သန်းရှိပါတယ်  မြန်မာ နိုင်ငံက ဆယ်ကျော်သက်တွေလဲ နှစ်သက်ပါတယ် ၊ ဘာကြောင့်လဲ ဆိုရင် ရန်ကုန်က Underground အဆိုတော် Tayza Mc ရဲ့တိက်တခိုး အချစ် ဆိုတာ ဂျတ်စတင်ဘီဘာ ရဲ့ ဘေဘီကို မြန်မာမှုပြုထားတာပေါ့ ခင်မျာ။


မကြာသေးခင်က ကျင်းပလိုက်တဲ့ MTV လို့ခေါ်တဲ့ ဂီတရုပ်မြင်သံကြားလိုင်း ကနေ ချီးမြင့်တဲ့ MTV Video Music Awards မှာလဲ သူ့ရဲ့ Baby ဆိုတဲ့ သီချင်းနဲ့ အကောင်းဆုံး လူသစ်တန်း အဆိုရှင်ဆုရခဲ့ပါသေးတယ် ၊ အင်တာနက် စာ မျက်နှာတွေ ပေါ်မှာတော့ သူ့သီချင်းတွေဟာ ၂၀၀၈ ခုနှစ်ကတည်း စတင်ရောက်ရှိနေတာပါ ၊ အဲဒီအနောက်မှာမှ လူကြိုက်များလာလို့ အမေရိကားက အဆိုတော်နဲ့ ထုတ်လုပ်သူ Usher က အလားအလာရှိလို့ ပွဲထုတ်လိုက်ရာကနေ အခုလို ကမ္ဘာကျော်ကြားလူသိများလာ သူပါ ၊ သူ့ရဲ့ ဖြတ်သန်းလာတဲ့ ဘ၀လေးနဲ့ ကိုယ်ရေးရာဇ၀င်ကို လေ့လာကြည့်လိုက်တဲ့ အခါမှာတော့ ဒီလိုလေး တွေ့ရှိပါတယ် ။

 
Justin Bieber ကို ၁၉၉၄ခုနှစ် ၊ မတ် ၁  ကနေဒါနိုင်ငံမှာ မွေးဖွားခဲ့တယ်။ ၁၆ နှစ်သား ပေါ့အဆိုတော် တစ်ယောက်ဖြစ်တယ်။ ၂၀၀၈ ခုနှစ်မှာ သူ့မန်နေဂျာ  Scooter Braun၏ အကူအညီဖြင့် youtube မှာ Bieber ရဲ့ အခွေကို တင်ခဲ့တယ်။ Braun က သူ့အတွက် အဆိုတော်ထုတ်ဝေသူ ဖြစ်တဲ့ Usher နဲ့တွေ့ဖို့ စီစဉ်ပေးခဲ့တယ်။ မကြာမီ Usher တည်ထောင်ထားတဲ့ RBMG နဲ့လတ်မှတ်ထိုးခဲ့တယ်။အဲဒီနောက်  Usher ကိုမွေးထုတ်ပေးခဲ့ သော L.A Reid တည်ထောင်ထားတဲ့ Island Records ထုတ်လုပ်ရေးနဲ့ အသံသွင်းဖို့ စာချုပ်ချုပ်ခဲ့တယ်။



၂၀၀၉ မှာ သူ့၏တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ One Time ကို ကမ္ဘာကို ဖြန့်ခဲ့တယ်။နိုင်ငံ ၁၀ ကျော်မှာ Top 30 ၀င်ခဲ့ပြီးနောက် My World စီးရီးကို နိုဝင်ဘာ ၁၇၊ ၂၀၀၉ မှာ United States က Platinum album အဖြစ်အသိမှတ်ပြုခဲ့တယ်။ Platinum album ဆိုတာက ခွေပေါင်း ၁၀သိန်းကို ကိုယ်စားပြုတယ်။ Platinum album အောက်မှာ Gold album(၅သိန်း) နဲ့ Platinum album အထက်မှာ Multi- Platinum album(၂၀သိန်း) ၊Diamond Platinum(100သိန်း) တို့လဲ၇ှိသေးတယ်။My World 2 စီးရီးကို မတ် ၂၃ ၊၂၀၁၀ မှာ ထုတ်ဝေခဲ့တဲ့အခါမှာလည်း ရှေ့အလားတူ အောင်မြင်မှု့ကို ရရှိခဲ့ပါတယ်၊ ဒီအခွေက နိင်ငံပေါင်းများစွာမှာ Top Ten ၀င်ခဲ့ပါ သေးတယ်။ ဒါကြောင့် Platinum album လို့ အသိအမှတ်ပြုခံရ ပါတယ်။My World 2 စီးရီးမှ Baby သီချင်းဟာ ဇန်န၀ါရီ ၂၀၁၀ မှာ ကမ္ဘာ့ Top Ten ဖြစ်သွားခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ 2011 Valentine’Day အမှီမှာ ခွေအသစ်ကို စီစဉ်နေတယ် လို့သိရပါတယ် ခင်မျာ ။
Justin Bieber ရဲ့ကမ္ဘာကျော် Baby ပါ။



ကိုတေဇ Mc ရဲ့ မြန်မာဖြစ် Baby ပါ



JustinBieber ရဲ့ one time ပါ



ကျွန်တော်အကြိုက်ဆုံး Bieber ရဲ့ သီချင်းတပုဒ်ကတော့ One Less Lonely Girl



ဒါကတော့ My World တဲ့




Thursday, September 23, 2010

သဘာဝ သည်သာ အန္တရာယ်ကင်း သောအလှ


လူတိုင်းလှချင်ပါတယ် ၊ ကျွန်တော်ဟာ ယောကျာင်္း ဆိုပေမဲ့ ခန့်ညားချင်ပါတယ် ၊ ကိုးရီးယား မင်းသား လေးတွေနဲ့ တူချင်ပါတယ် ၊ ဒါပေမဲ့ မျက်နှာ တော့ ခွဲစိပ်ပြီး ဆီလီကွန်ထည့်  သည့် အထိတော့ မမိုက်မဲရဲပါ ၊  မိန်းခလေးတွေ လဲကျွန်တော့လိုဘဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါ တယ် ၊ ယောကျာင်္းလေးတောင် ဒီလောက်ခန့်ညား ချော မောချင်ရင် မိန်းခလေးဆို သာဆိုးမယ် လို့တောင် မှန်းကြည့်လို့ သိနိုင်ပါတယ် ၊ ယနေ့ခေတ်မှာ ဆေးပညာဟာ အထွဋ်အထိပ်ကို ရောက် လာတဲ့ ကာလပေမို့ ၊ ခေတ်မှီ ဆန်းပြားတဲ့ နည်းပညာတွေနဲ့  မွေးရာပါ  အလှတရားတွေကို သူထက်ငါ အလုအယက် ၊ ဖန်တီးပြုပြင် ပြီးအလှ ခြင်းပြိုင်တတ်ကြပါတယ် ၊ အဲသလို အလှခြင်း ပြိုင်တဲ့ နေရာမှာ ယောကျာင်္းလေးထက် မိန်းခလေးတွေက သာလို့ပိုလို့ ဆိုးတယ်လို့ ပြောရင်တော့ လွန်များလွန်လေ မလား ။

ဟုတ်ပါတယ် တည့်တည့်ပြောရင်တော့ မိန်းခလေးတွေဟာ အလှချင်ဆုံးပါ ၊ အိမ်က ကျွန်တော့ကို မွေးတဲ့ မေမေတောင် လစဉ်အလှပြင် စရိတ်က သောင်းဂဏန်းရှိပါတယ် ၊ဖေဖေနဲ့ ညီကိုယ်သုံးယောက် ရဲ့ လစဉ်သုံးတဲ့ ခေါင်းလိမ်းဆီ ခေါင်းလျှော်ရည် ဘိုးဟာ မေမေသုံးတဲ့ ချန်နယ်ဖိုး ရေမွေးတဗူးဘိုး မရှိပါ ၊ ဒါတောင် ကျွန်တော့်မေမေဟာ အသက်၅၀ကျော် အရွယ် သားသုံးယောက် မိခင်ပါ ၊ ဒီသာဓက လေးကိုထောက် ဆခြင်းအားဖြင့် အပျိုမိန်းခလေးများ ရဲ့ လှပချင်စိတ်ကို ခန့်မှန်းမှိလောက်ပါတယ် ၊ အလှအပ ဆိုတာ လူတိုင်းမြတ်နိုးတတ် ကြပေမဲ့ အန္တရာယ် ရှိတဲ့ အလှအပကိုတော့ ဘယ်သူမှ လက်ခံမယ်မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ် မသိလို့သာ လက်ခံကြတာလို့လဲ နားလည်မှိပါတယ် ၊ ဒီပိုစ့် လေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အန္တရာယ်ရှိတဲ့ အလှတရားများကို လက်မခံ မှိအောင် မျက်စိမလည် လမ်းမမှားအောင် ကျွန်တော်သိသလောက် ရေးသားတင်ပြတာဘဲ ဖြစ်ပါတယ် ။

ယနေ့ခေတ် မှာ မိန်းခလေးများက  အလှတရားကို  အပြိုင်အဆိုင် ဖော်ကျုးဘို့အတွက် တချို့က ဟိုမုန်း ဆေးသောက်ကြ ပါတယ် ၊ တချို့ကတော့ စီလီကွန် ဆိုတဲ့ ဓာတ်ပစ္စည်း တမျိုးခွဲ စိပ်ပြီး ထည့်သွင်းကြပါတယ် ၊ ထိုင်းမှာ ကျွန်တော် အလတ်စ် ကျိပ်ဖြစ်လို့ ရုတ်တရုက် မဟာချုလာ လောင်ကွန်း ဆေးရုံကို တတ်ခဲ့ဘူးပါတယ် ၊ အဲဒီမှာ ကြားရတဲ့ သတင်းက ဂေးတစ်ယောက် ရင်သား နဲ့ တင်ပါးမှာ ထည့်ထားတဲ့ ဆီလီကွန်တွေက ကျောက်ကပ်ကို ထိခိုက်ပြီး ၊ ကျောက်ကပ် တခုလုံး ၊ အလုပ်မလုပ်တော့လို့ ဆီးပိုက်ထည့်ပြီး ကျင်ငယ် စွန့်နေရကြောင်းကို သတင်းလာ မေးတဲ့ ၊ သူငယ်ချင်းတွေ ကလာပြောလို့ မှတ်သားထားဘူးပါတယ် ၊ ကျောက်ကပ်ကို အမြန်အစား မထိုးနိုင်ရင် ၊ သေဘို့ ၉၉%ကြိန်းသေပါတယ်တဲ့ ၊ နောက်တခုက ရန်ကုန်မှာပါ ဒဗ္ဗလင် ဆေးရုံမှာ အကြီးဆုံး အကိုတာဝန်ကျနေတုန်း ၊ ယခုရန်ကုန်တိုင်း ကျမ်းမာရေးမှူး ဒေါက်တာဦးလှမြင့်က ကိုကိုကြီးကို ချက်ချင်းရန်ကုန် ဆေးရုံကြီးကို လာဘို့ဆင့်ခေါ်ပါတယ် ၊ ဒေါက်တာဟာ မိသားစုနဲ့ အရမ်းရင်းနှီးသူပါ ၊ ဘာကြောင့်ဆင့်ခေါ်သလဲ လို့ အကြီးကောင် ပြန်လာလို့ မေးကြည့်တဲ့ အခါ သားဖွားလူနာ တစ်ယောက်မှာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ ကိစ္စတခု ကြုံလို့ မှတ်တမ်းပြုဘို့လို့ ဆိုပါ တယ် ၊ အားလုံးဝိုင်းမေးကြည့်တဲ့အခါ မှာတော့ ဗိုက်ထဲကမွေး ကင်းစ ခလေးလေးကို အမျိုးအမည် မသိ ၊ ဆံပင်လိုလို အသားမျှင်တွေလိုလို ဟာတွေက ခလေးကို ရစ်ပတ်ထားပြီး အပြင်ကို ထွက်လို့ မရအောင် လုပ်ထားတာပါ ၊ နောက်ဆုံး ခွဲစိပ်လိုက်တဲ့ အခါမှတော့ ခုနအသားစလိုလို ဆံပင်လိုလိုအထွေးကြီးရဲ့ အလေးချိန်ဟာ ၆ပေါင်ကျော် ရှိပါသတဲ့ ၊ မွေးတဲ့ ခလေးကလဲ ၇ပေါင်နဲ့ လေးအောင်စ ဘဲရှိပါတယ် ၊ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ သားဖွားမီးယပ်ဆရာ ၀န်ကြီးများ မကြားဘူး တဲ့ရောဂါကို အဖြေပူးပေါင်းရှာတဲ့ အခါ ပြည်ပဓာတ်ခွဲ ခန်းတခုရဲ့ အကူအညီနဲ့ အဖြေထုတ်လိုက်တာ တင်ပါးမှာ ခွဲစိပ်ထည့်ထားတဲ့ စီလီကွန်တွေကြောင့်လို့ အဖြေထွက်လာပါတယ် ။

အဲဒါကတော့ ဆီလီကွန်နဲ့ ပတ်သက်ပြီး ကိုယ်တွေ့ကြုံခဲ့ရ ဘူးတဲ့ ကိစ္စလေးတခုပါ ကျွန်တော့်ကိုကိုကြီးဟာ သားဖွားမီးယပ်အထူးကုကို ယူကေကနေ သင်ယူလာသူပါ ၊ ဒါပေမဲ့ အဲဒီ ကိစ္စကို ချက်ချင်းသူမသိပါဘူး ၊ တစ်လလောက်ကြာမှ အခြားဆရာဝန် ဆရာဝန်မကြီးများရဲ့ အကူညီ နဲ့မှ ဒီကိစ္စကို သိပါတယ် ၊ ဒါကြောင့် သူဟာ ယနေ့သူ့ကိုဗိုက်လာ အပ်တဲ့လူနာ တွေကို ဆီလီကွန် နဲ့ပတ်သက်လား မပတ်သက်ဘူးလား အရင်မေးပါတယ် ၊ ဆီလီကွန်နဲ့ ပတ်သက်ရင် တော့ သူဟာ အခြားမှာအပ်ဘို့ ၊ သူပြောတတ်ပါတယ် တနေ့မှာ ကျွန်တော်နဲ့ အဲလိုကိစ္စတခု ထိပ် တိုက်တွေ့တော့ “ကိုကိုမင်းက ဘာလို့ဆီလီကွန် ထည့်ထားရင် မွေးမပေးတာတုန်း” ခွေးမသားလေးရ အလုပ်ရှုတ်တယ်ဟ ငါလဲဒီကိစ္စကို မသိဘူး ၊ လေ့လာဘို့က လဲဘာကရိယာ မှ မရှိဘူး သူတို့ဒါကိုထည့်ရင် အနဲဆုံး ထိုင်းနိုင်ငံလောက်မှာ ထည့်ရမယ် ၊ မွေးရင်လဲ ထိုင်းသွားမွေး ပေါ့ကွာ ၊ ဒီမှာက ဘာမှမရှိဘူးဟ အလကားနာမည်ပျက်မယ် ဆိုပြီး လေသံပြတ်နဲ့ ပြောပါတယ် ။ ဆိုလိုတာက မြန်မာ ပြည်မှာလဲ ဆီလီကွန်တွေ နဲ့ပြုပြင်ထားတာ တွေရှိနေပြီလို့ သိစေလိုတာပါ ။

ဆီလီကွန်ဆိုတာ ဘယ်လိုဟာလဲ ဆိုတာကို လေ့လာကြည့်တော့ အောက်ပါအတိုင်း တွေ့ရပါတယ်
အက်တမ် အမှတ်စဉ် (Atomic number)
14
အမ်တမ်၏ထုထည် (Atomic mass)
28.0855 g.mol -1
Electronegativity acoording to Pauling
1.8
သိပ်သည်းဆ (Density)
2.33 g.cm -3 at 20 °C
အရည်ပျော်မှတ် (Melting point)
1410 °C
အရည်ဆူမှတ် (Boiling point)
3265 °C
Vanderwaals radius
0.132 nm
Ionic radius
0.271 (-4) nm ; 0.041(+4)
Isotopes
5
Electronic shell
Ne] 3s23p2
Energy of first ionisation
786.3 kJ.mol -1
Energy of second ionisation
1576.5 kJ.mol -1
Energy of third ionisation
3228.3 kJ.mol -1
Energy of fourth ionisation
4354.4 kJ.mol -1
ရှာဖွေတွေ့ရှိခဲ့သူ
Jons Berzelius in 1823

Silicon ဆီလီကွန်
Silicon သည်ကမ္ဘာ့ အပေါ်ယံလွှာတွင် အပေါများဆုံး ရရှိနိုင်သည့် လျှပ်ကူးပစ္စည်းဖြစ်ပါသည်။ အလွန်ကြွပ်ဆပ်ပြီး တောက်ပသော အရောင်ရှိသော သတ္တု (metalloid ) ဖြစ်သည်။ ဒြပ်ပေါင်း၏ ဂုဏ်သတ္တိသည် tetravalent ဖြစ်သလို တခါတရံတွင် bivalent ရှိတတ်ပါသည်။ ဓာတု ဂုဏ်သတ္တိအားဖြင့် လုံးဝလျှပ်ကူးပစ္စည်း ဖြစ်ပါသည်။ တခြားအသိများသော silicon ဓာတ်ပေါင်းများမှာ pentacoordinated နှင့် hexacoordinated compounds ဖြစ်ပါသည်။ သဘာဝတွင် silicon ကို ဆီလီကွန် အိုင်ဆိုတုပ် ၂၈ (Si28) သည် 92.2%, ဆီလီကွန် အိုင်ဆိုတုပ် ၂၉ (Si29) ကို 4.7% နှင့် ဆီလီကွန် အိုင်ဆိုတုပ် ၃၀ (Si30) ကို 3.1% တို့ပါဝင်ကြပါသည်။ တည်ငြိမ်မှုရှိသည့် သဘာဝ အိုင်ဆိုတုပ် များအပြင် အမျိုးမျိုးသော ရေဒီယို သတ္တိကြွပြီး လူသားတို့ ပြူပြင်ထားသော (artificial isotops ) များလည်းရှိပါသည် ။ ဆီလီကွန် ဒြပ်စင် များသည် periodic table, group IV ရှိ germanium နှင့် အလားတူ metalloids များကဲ့သို့သော ရူပဆိုင်ရာ ဂုဏ်သတ္တိများ ရှိပါသည်။ ဆီလီကွန်၏ လွတ်လပ်စွာ တည်ရှိနေသော အခြေနေမှာ သဘာဝ တစ်ပိုင်းလျှပ်ကူး ပစ္စည်းတစ်မျိုး ဖြစ်သောကြောင့် သေးငယ်သော အညစ်အကြေး များစွာပေါင်းခြင်းဖြင့် ၎င်း၏ ဂုဏ်သတ္တိ ကို မြှင့်တင်ပေးခြင်း ခံရသော်လည်း metal ၏ chemical behavior နှင့် ဂုဏ်သတ္တိတူသည် ။
သူ၏ electropositivity သည် သံဖြူများ ကဲ့သို့ပမာဏရှိပြီး germanium နှင့် ခဲ တို့ထက် ပမာဏပိုပါသည် ။ metallic character ကြောင့် tetrapositive ions and various covalent compounds တို့ဖြစ်ပေါ်လာရပါသည်။ အနည်းငယ်သော silicides တို့တွင် negative ions အနေဖြင့် တွေ့ရပြီး oxyacids or complex anions တို့တွင် positive constituent အဖြစ်တွေ့ရပါသည်။ Hydrides serious အမျိုးမျိုး ဖြစ်ပေါ်ပြီး ၎င်းအုပ်စု အများစုတွင် silicon-silicon bonds များပါဝင်ပါသည်။ Compounds Hydride serieous အများစုတွင် ionic or covalent property ပါရှိသည့် Oxygen ပါဝင်ပါသည်။
အသုံးပြုခြင်း
Siliconသည် ဖန်၊ အင်္ဂတေ(ဘိလပ်မြေ) နှင့် semiconductor devices အများစု၏ အဓိကပါဝင်သော ပစ္စည်းဖြစ်ပြီး နောက်ဆုံးပေါ် ပလပ်စတစ် ပစ္စည်းများတွင် silicon များထည့်သွင်း သုံးစွဲကြပါသည်။ တချို့သော သတ္တုထည်များ၏ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ကြွေထည်မြေထည် ပစ္စည်းတွင်လည်း အဓိက ပါဝင်ပါသည်။
ကြွေထည်များ ကြွေရည်သုတ်သည့် နေရာတွင် အသုံးပါသည်။ ကုန်ကြမ်း silicon နှင့် သတ္တုတ၀က် compounds များကို aluminium , magnesium , copper and other metals တွေထက် ပိုပြီးတောင့်ခိုင်မာစေရန် ပေါင်းပေးသော သတ္တုစပ်အနေဖြင့် အသုံးပြုပါသည်။ 98-99% ထိ သန့်စင်မှုရှိသော Metallurgic silicon များကို organosilicic နှင့် silicon resins ၊ seals နှင့် oils များ ထုတ်လုပ်သည့် နေရာများတွင် ကုန်ကြမ်းအဖြစ် အသုံးပြုပါသည်။ Silicon chips ပြားလေးများကို အိုင်စီပြား (integrated circuits) များ ပြုလုပ်ရာတွင် အသုံးပြုပါသည်။ တိုက်ရိုက် နေရောင်ခြည်စွမ်းအင် လက်ခံပေးသော Photovoltaic cells များအဖြစ် သေးသွယ်ပါးလွှာသည့် silicon crystals of electronic grade ကိုသုံးပါသည်။ Silicon dioxide ကို elemental silicon နှင့် silicon carbide ထုတ်လုပ်သောနေရာတွင် ကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုပါသည်။ Big silicon crystals များကို piezoelectric glasses အတွက်အသုံးပြုပါသည်။
အရည်ဖျော်ထားသည့် သလင်းကျောက်များကို ဓါတ်ခွဲခန်းနှင့် ဓာတုအပင်စိုက်ပျိုးရေးသုံး silicon glasses အဖြစ်အသွင်ပြောင်း အသုံးချပါသည်။ Electric insulator တွင်လည်း အသုံးပြုပါသည်။ silicon၏ ရေထဲတွင် colloidal ပျံ့နှံ့မှုကို coating agent တခုသကဲ့သို့ သုံးသလို တချို့သော ကြွေထည် ပစ္စည်းများအတွက် ပါဝင်ပစ္စည်း အဖြစ်အသုံးပြုပါသည်။ silicon သည် တည်မြဲသော ဒြပ်စင် ၉၆ ခုတွင် ၆၄ ခုသော ဒြပ်စင်များနှင့် ဓာတ်ပြုပြီး ဓာတ်ပေါင်းဖြစ်ပေါ်စေပါသည်။ ကျန် ၁၈ ခုနှင့် Silicides များ ဖြစ်ပေါ်စေပါသည်။ ဆီလီကွန်ကို ကြီးမားသော ပမာဏ အဖြစ် သတ္တု အရည်ကျိုခြင်း လုပ်ငန်းများတွင် အသုံးပြုသော Metallic silicides များမှလွဲပြီး hydrogen , carbon , halogens , nitrogen , oxygen and sulphur တို့နှင့်ပေါင်းစပ်ပြီး အသုံးများ အရေးကြီးသော compounds များဖြစ်ပေါ်သည် ။ ထို့အပြင် အလွန် အသုံးဝင်သော organosilicic products များလည်း ရရှိနိုင်ပါသည်။ ဆီလီကွန်ကို များစွာသော dioxide ပုံစံများနှင့် မရေမတွက်နိုင်သော သဘာဝ silicates အသွင်ကွဲများမှ တွေ့ရပါသည်။ ကမ္ဘာ့ အပေါ်ယံလွှာ၏ 27.72% ပါဝင်ပါသည်။ အောက်ဆီဂျင်နှင့် အလူမီနီယမ်များက 46.6% နဲ့ 8.13% စီပါဝင်ပါသည်။ ဆီလီကို စီပွားဖြစ်ထုတ်လုပ်ရာတွင် သဲမှထုတ်လုပ်ပါသည်။ အနည်း ငယ်သော ဆီလီကွန် အမျိုးစားများကို သတ္တုတွင်းများမှ ရရှိပါသည်။ (ဥပမာ – talc and mica) တခြား တွင်းထွက် silicates များမှာ feldspars , nephenile , olivie , vermiculite ,perlite , kaolinite စသည်တို့ ဖြစ်ကြပါသည်။ ထို့အပြင် တခြား ဆီလီကွန် ဓာတ်ပေါင်းများ အနေဖြင့် ရှားပါးစွား တွေ့ရှိရသော တန်ဖိုးရှိ ကျောက်များမှာ opal , agate နှင့် rinestone စသည်တို့ ဖြစ်ကြပါသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ
ဆီလီကွန်သည် သတ္တ၀ါတို့၏ အရိုး ချဉ်ဆီတွင် အသုံးမပြုနိုင်သော်လည်း အရေပြားနှင့် တစ်ရှူးများ ဆက်နွယ် အသုံးပြုနိုင်သည်ကိုတွေ့ရပါသည်။ (ပေါပေါများများရနိုင် သော ) nameli silica နှင့် silicates ၊ Silicon တို့သည် သဘာဝအတွင် သက်ရှိများအတွက် အဆိပ်ဖြစ်စေသော ပစ္စည်း မဟုတ်ပါ။ ဆီလီကွန် ဒြပ်စင်သည် ဓာတ်မပြုသောပစ္စည်းဖြစ်ပြီး အဆုတ် တစ်ရှူးထဲမှ fibrosis ကဲ့သို့ ဂုဏ်သတ္တိရှိပါသည်။ သို့သော် အဆုတ်ပိုင်းဆိုင်ရာ ပြဿနာ အနည်းငယ်ရှိကြောင်း ဓါတ်ခွဲခန်းတွင် တိရိစ္ဆာန်များကိုစမ်းသပ်ခြင်းမှ သိရှိရပါသည်။ ဆီလီကွန် အမှုန့်များသည် အဆုတ်အပေါ်တွင် မကောင်းသော သက်ရောက်မှု အနည်းငယ်ရှိသော်လည်း ခန္ဓာကိုယ် အင်္ဂါရပ်ပိုင်းဆိုင်ရာ သိသာသည့်ရောဂါလက္ခဏာ မတွေ့ရပါ။ အဆိပ်တောက် ဖြစ်သောလက္ခဏာသည် သိသာထင်ရှားမှု မရှိနိုင်ပါ။ဆီလီကွန် များသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ လည်ချောင်းပိုင်းကို ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။ ဆီလကွန် ဒိုင်အောက်ဆိုဒ် ပုံဆောင်ခဲများ (Crystalline silica dioxide ) သည် ပြင်းထန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ပေးနိုင်ပါသည်။ ဆီလကွန် ဒိုင်အောက်ဆိုဒ် ပုံဆောင်ခဲများ ၏ ဘေးထွက် ဆိုးကျိုးဖြစ်စဉ်သည် မျိုးဆက် တစ်ခုခြားပြီး ဖြစ်ပေါ်လေ့ရှိပါသည်။ ဆီလကွန် ဒိုင်အောက်ဆိုဒ် ပုံဆောင်ခဲများ ကိုထိတွေ့မှုရှိလျှင် အရေပြားနှင့် မျက်လုံး ယားယံမှု ဖြစ်စေတတ်ပါသည်။ ၎င်းကို ရှူသွင်းမိပါက အဆုတ်နှင့် ကြွက်သားမျှင်များ ယားယံခြင်းဖြစ်စေနိုင်ပါသည်။ မျက်လုံးနှင့် ထိမိလျှင် မျက်ကြောများ ပူလောင်ခြင်း၊ မျက်ရည်ပူများ ကျခြင်းများဖြစ်ပေါ် စေနိုင်ပါသည်။ အရေပြား နီမြန်းလာခြင်း၊ ယားယံလာခြင်း တို့သည်အရေပြားနှင့် မတည့်သော လက္ခဏာများဖြစ်ပါသည်။ အဆုတ်ကင်ဆာသည် ဆီလကွန် ဒိုင်အောက်ဆိုဒ် ပုံဆောင်ခဲများ အထူးသဖြင့် သလင်းကျောက်နှင့် cristobalite တို့နှင့် မကြာခဏထိတွေ့မှုနှင့် သက်ဆိုင်နေပါသည်။ ၄င်းရောဂါမျိုးကို မိုင်းတွင်းအလုပ်သမားများ၊ ကျောက်အလုပ်သမားများ မြေထည်အလုပ်သမားများ တို့တွင် အများဆုံးဖြစ်ပေါ်စေတတ်ပါသည်။ မကြာသေးခင်က အရေပြား လေ့လာသူများက ဆီလကွန် ဒိုင်အောက်ဆိုဒ် ပုံဆောင်ခဲများ နှင့် မကြာခဏထိတွေ့မှုသည် ကျောက်ကပ်ဆိုင်ရာ ရောဂါနှင့် စမ်းသပ် မတွေ့ရှိနိုင်သော ကျောက်ကပ်ဆိုင်ရာ ပြောင်းလဲမှုများ နှင့်ပတ်သက်နေကြောင်း လေ့လာတွေ့ရှိခဲ့ကြပါသည်။ ဆီလကွန် ဒိုင်အောက်ဆိုဒ် ပုံဆောင်ခဲများ သည် ကိုယ်ခံအား စနစ်ကို ထိခိုက်စေနိုင်ပါသည်။
ဘာသာပြန်သူ … ထွန်းလင်းသန့်

အဲဒါတွေဟာ ဆီလီကွန်မှာ ပါတဲ့ ဒြပ်ပေါင်း တွေဘဲဖြစ်ပါတယ် ၊ ခန္ဓာကိုယ်ကို အကျိုးဖြစ်စေ မဲ့ ဓာတ်ပစ္စည်းများ မပါတာတော့ လုံးဝနီးနီးကို ကြိန်းသေပါတယ် ၊ ယနေ့ခေတ်မှာတော့ မိန်းခလေး များဟာ မွေးရာပါ အလှအပတို့အတွက် ဆီလီကွန်ကို လွယ်လွယ်လဲ ခွဲစိပ်ကုသ ခံယူပြီး ထည့်သွင်း တတ်ကြပါတယ် ၊ ၂၀၀၉ခု နှစ် နှစ်ဆန်းပိုင်းက အင်တာနက် စာမျက်နှာ တခုမှာ ဂျနီဖာလိုပက်ဇ်၏ ခန္ဓာကိုယ်အလှကို အားကျပြီး ဆီလီကွန်ထိုးခဲ့တဲ့ အသက်၃၀ အရွယ် အန်ဒရာလီး ဆိုတဲ့ အမျိုးသမီး ဟာ ကျောက်ကပ်တခုလုံးပျက်ဆီးသွားလို့သွား ပါတယ် ၊ ဆရာဝန်တွေရဲ့ လေ့လာတွေ့ရှိချက်မှာတော့ ဆီလီကွန်နဲ့ ဓာတ်မတည့်လို့လို့ ဆိုပါတယ် ။သူမ၏ သူငယ်ချင်းဖြစ်သည့် အသက်(၃၃)နှစ်အရွယ် ဇာကီတာတီဂျယ်လ်မှာလည်း ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ လုပ်ငန်းဆောင်ရွက်မှု လုံးဝရပ်တန့်သွားပြီဖြစ်ပြီး အသက်အန္တရာယ် အလွန်စိုးရိမ်နေရကြောင်း သူမတက်ရောက် ကုသမှု ခံယူနေရသည့် ဖလော်ရီဒါဆေးရုံမှ
ဆရာဝန်များက ပြောကြားကြောင်း ဖက်လိုက်ရပါသေးတယ် ။ အဲလိုခွဲစိပ်ဘို့ ငွေကြေးပမာဏဟာ သန်းချီကုန်ကျပါတယ် ပြဿနာ မီးခွက်ထွန်းရှာတယ်တို့ ၊ ရောဂါ ပိုက်ဆံ နဲ့ဝယ်တယ်ဆိုတာတို့ ဟာ သူတို့တွေ လို လူတွေ နေမှာပေါ့....။

"ဆီလီကွန်ကို ခန္ဓာကိုယ်ထဲ ဘယ်တော့မှ မထိုးထဲ့ပါနဲ့။ ဒီလိုလုပ်ခြင်းကြောင့်  ကူးစက်ရောဂါများ၊ အရေပြားရောများနဲ့ ပတ်သတ်တဲ့ ရောဂါများကို ခံစားရတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲမှာ ထိုးထားတဲ့ ဆီလီကွန်များဟာ တခြားနေရာများကို ရောက်သွားပြီး ကြီးမားတဲ့ အဖုအပိန့်ကြီးတွေ ဖြစ်ပေါ်စေတတ်ပါတယ်။ ရင်သားကြီးစေဖို့အတွက် ထိုးလိုက်တဲ့ ဆီလီကွန်များဟာ တခါတရံမှာ နှစ်ခုပေါင်းသွားပြီး ရင်ဘတ်မှာ အလွန်ကြီးမားတဲ့ အဖုကြီးကို ဖြစ်ပေါ်စေတတ်ပါတယ်။" လို့ မိသားစု ဆေးပညာ ဂျာနယ်မှာလဲ ဖက်ရှုလိုက်ရပါသေးတယ် ။

အခုရေးခဲ့တာ တွေဟာ တွေ့မှိသလောက် ဖက်မှိသလောက် ခလေးတွေကို တင်ပြလိုက်တာပါ အောက်မှာပေးထားတဲ့ လင့်လေးကိုလဲ ကြည့်လိုက်အုံးနော် တကယ်ဖြစ်ရပ်ခလေးရယ်ပါ ၊ ဆရာဝန်က ပါအနောက်က ရှင်းပြထားသေးတယ် ၊ နိဂုံးချုပ်ရမယ် ဆိုရင်တော့ အလှအပ ဆိုတာ သက်ရှိ သတ္တ၀ါ အားလုံး အတွက် သဘာဝတရား ကြီးက သင့်တော်သလို စီမံ ဖန်တီးပေးထား ပြီးသားရယ်ပါ ၊ ဒါကိုမကျေနပ်လို့ ထပ်မံပြုပြင်ကြ သေးတယ်ဆိုရင်တော့ သဘာဝ တရားကြီးက ပြင်းထန်စွာ ဒဏ်ခတ်အရေးယူပါလိမ့်မယ် ၊ ဒါကြောင့် ကျွန်တော်ပြောချင်တာကတော့ သဘာဝ အလှသည်သာ အန္တရာယ် ကင်းသော အလှတရားပါလို့ ဟုတ်ကဲ့ ရွင်လန်းချမ်းမြေ့ကြပါစေ ခင်များ …..။

တကယ့်ဖြစ်ရပ်လေးပါ........။




Wednesday, September 22, 2010

ကျွန်တော်နှင့် ထုံးကြီးရွာ ရထားပျက်မှု

ဝန်ဇင်း၁၆ အကြောင်းရေးပြီးတော့ မှတ်စု စာအုပ်ပြန်ဖက်ကြည့်တော့မှ ထူးထူးခြားခြား ရီခဲ့ရတာ လေးရှိသေးတယ် ၊ ဒီဟာလေးက လဲ မိတ္ထီလာ ကအပြန် ကြုံခဲ့တဲ့ ဟာဘဲ ၊ အလတ်ကောင်က မိတ္ထီလာ တပ်ရင်းတပ်ဖွဲ့တွေ ရဲ့ကိစ္စပြီးသွားတော့ ၊ မန္တလေးက ၉၅ ထင်ပါတယ် ၊ အဲဒီကို တာဝန်နဲ့ ဆက်လက်ထွက်ခွာ ရမယ်လို့ အမိန့်ကျလာတော့ သူမသွား ခင်တရက် အလိုမှာဘဲ ကျွန်တော့ကို ရန်ကုန်ပြန်မလား ၊ မန္တလေးလိုက်မလား လို့မေးပါတယ် ကျွန်တော်က မန္တလေး မလိုက်ဘူး ရန်ကုန်ပြန်မယ် လို့ ပြောတော့ အေး ပြင်ထား ဒီည ငါရထားနဲ့ စီစဉ်ပေးလိုက်မယ် လို့ ပြောပါတယ် ၊ ဖေဖေနဲ့ မေမေအတွက် ထမိန်နှစ်ထည်နဲ့ ချည်တဘက်ပါးပါးလေးနှစ်ထည် ပုဆိုးနှစ် ထည်ပါ ယူသွားရမယ်ဆိုပြီး အိပ်ထဲမှာ ထည့်ပေးပါတယ်..။

ရန်ကုန် မန္တလေး ရထားတွေက သာစည်မှာဘဲ စီးရတယ် ၊ အဲတုန်းက ခုတော့ ဘယ်လိုလဲ မသိဘူး စာပို့ရထားတဲ့ ၊ မန္တလေးက ညနေ လေးနာရီ ၁၅ ထွက်လာမဲ့ ၁၄ အစုန် သာစည်ကို ၁၀နာရီ ခွဲရောက်မယ် ဆိုပြီး ညနေစာ လိုက်ကြွေးပါတယ် ၊ အလတ်ကောင်က တပ်က ကားတစီးနဲ့ သာစည်ကို ရဲဘော်၎ယောက်နဲ့ လိုက်ပို့ပါတယ် ၊ ဟိုကိုရောက်တော့ ရုံပိုင်က VIP ကနေ လက်မှတ်တခု လုပ်ပေးတယ် ၊ (အပ) တောင်မဟုတ်ဘူး ပထမတန်း လက်မှတ် ၊ စောင့်လိုက်တဲ့ ရထား အချိန်းအတိကျပါဘဲ ၁၁ နာရီထိုးလို့တောင် မရောက်ဘူး ၊ ရထားရောက်တော့ တရေးရနေပြီ ၊ ရဲဘော် တစ်ယောက် ကျောကုန်းကို မှီအိပ်တာ ၊ ရထားပေါ်လဲ ရောက် နာရီလေးကြည့်လိုက်တော့ ၁၂နာရီ မတ်တင်း ၊ ကိုလတ်ကို နုတ်ဆက် ရဲဘော်တွေက နုတ်ဆက် နဲ့ ၊ နုတ်ဆက်နေတုန်း ရထားကြီးက ထွက်လာပါတော့ တယ် ။

အဲဒီမှာ စတင်ပြီး ဒုက္ခသုက္ခတွေ ရောက်ပါတော့တယ် ၊ ကမ္ဘာပေါ်မှာ ရှိတဲ့ ရထားတွေထဲမှာ ထိုင်ရတာ မသက်မသာ အရှိဆုံး ရထားကိုပြပါ ဆိုရင်တော့ မြန်မာ့မီးရထားပါဘဲ ၊ ပထမတန်းသာ ဆိုတယ် ၊ ညစ်ပတ်လိုက်တာ လွန်နေတာဘဲ  ၊ အသံကလဲ သိပ်လုံတာဘဲ ပဲကြီးလှော်နဲ့ မုန့်လေပွေကို တပြိုင်ထဲ ၀ါးနေရသလိုဘဲ ဂျိုပိုးလား ဂျပိုးလား နံနံစော်စော် အကောင်လေး တွေကလဲ ကိုက်တယ် တင်ပါးမှာ ဖုတွေတောင်ထွက်တယ် ၊ ပထမတန်းက VIP ရတာဆိုတော့ မျက်နှာ ချင်းဆိုင်မှာ နှစ်ယောက် ကျွန်တော့်ဘေးမှာ အမကြီးတစ်ယောက် ဋ္ဌာနဆိုင်ရာက ဘဲထင် ပါတယ် ၊ ရှေ့တည့်တည့်က လူကြီးပိုင်းစုံတွဲ တတွဲနဲ့ အလည်ခေါင်မှာတော့ တော့ လေးထောင့် စားပွဲ လေးတခုပါတယ် ၊ ဒါနဲ့စီးလာ လိုက်တာ နဲနဲကြာတော့ ရပ်ထားက ခဏရပ်တယ် ရန်ကုန်က လာမဲ့ ရထားကိုစောင့်နေတာ ဆိုဘဲ ၊ ဘေးက အသက်၂၅ လောက်ရှိမ အမကြီးက လဲစားလိုက်တဲ့ မုန့် ၊ သောက်လိုက်တဲ့ ရေ ရထားပေါ်မှာ လာတဲ့ အသယ်မှန်သမျှ သူနဲ့ မလွတ်ဘူး ၊ ပုဂံနဲ့ တစ်မျိုး ကြွပ်ကြွပ်အိပ်နဲ့ တဖုံ ၊ ဖက်နဲ့ တသွယ် မျိုးစုံ စားသောက်ပြီး နေပေမဲ့ သေးတခါ မှ ပေါက်တာ မမြင် သလို နောက်ဖေး သွားတာလဲ မမြင်မှိပါဘူး ၊ မကြာမကြာ လဲပြုံးပြုံးပြတယ် ၊ ရှေ့က ဘိုးတော်က ချီးပေါက်တာ ၊ ခဏခနဘဲ စိတ်ညစ်လိုက်တာ ဆိုတာ ဘာပြောကောင်းမလဲ ၊ နဲနဲအေးတာနဲ့ အက်ျီလေး ထုတ်ဝတ်နေတုန်း ၊ မောင်လေး မင်းမှာ တစ်ရှုးလေးမပါဘူးလားတဲ့ ၊ ဗျာ ဟုတ် ပါတယ် မမ မင်းလိုလို့လား ယူလေဆိုပြီး တစ်ရှုးလိပ်လေး ထုတ်ပေးလိုက်တယ် ။

ကျေးဇူးတင်ကြောင်း အမက တောင်ငူကို သွားမှာဖြစ်ကြောင်း ပြောဆိုပြီး ငုတ်တုတ်အိပ်ပျော် သွားပါတယ် ၊ မကြာမကြာ ခေါင်းက ပခုံးကို လာလာထိပါတယ် ၊ တောင်ငူရောက်တော့ သူဘာသာ ဆင်းသွားပါတယ် ၊ အဲဒီနေရာဘဲ ရွယ်တူအသက် ကြီးအကိုတစ်ယောက် ထပ်တတ်လာ ပါတယ် ၊ သူကတော့ တအားဖော်ရွေပါတယ် ၊ ရန်ကုန်သင်္ဃန်း ကျွန်းက ဆိုပြီး စတင်မိတ်ဆက်ပါတယ် ၊ တောင်ငူမှာ ပန်းပုလာထုတာ လို့လဲပြောပါတယ် ၊ တလမ်းလုံး အာလူးဖုတ် လာလိုက်တာ ၊ မိုးလင်းခါနီးမှ အိပ်ပျော်သွားကြပါတယ် ၊ အိပ်ယာနိုးတော့ ၉-နာရီ မျက်နှာ ရေသန့်ဘူးနဲ့ သစ်ရပါတယ် ၊ ပထမတန်း တွဲကရေက မရှိတော့ပါဘူး ၊ မုန့်ကြွပ်လေး ထုတ်စားပါတယ် ၊ ကိုယ့်ဘေးက ပန်းပုဆရာ ကမုန့်လဲပါမလာပါဘူး ၊ ရေဗူးလေး တော့တွေ့တယ် သူ့ကိုပါ ကိုယ့်မှာပါတဲ့ ဂျိုကာ မုန့်ကြွပ်ခလေးနဲ့ ဧည့်ခံရပါတယ် ။

စားသောက်ပြီး တစ်မှေးမှေးလိုက်တော့ အောင်မလေး သောက်ကျိုးနဲ ၊ လူတွေ အကုန်လုံး အောက် မှာ ၊ ရထားကြီးကလဲ ရပ်လို့ ဘယ်လိုတုန်း ဆိုပြီးလေ့လာ လိုက်တော့ ရထားစက်ခေါင်း ပျတ်လို့တဲ့ ၊ ရန်ကုန်က ရထားခေါင်းသွားယူ နေပြီတဲ့ ညနေလောက်ရောက်မယ် တဲ့ အိုး ၊ ကိုယ့်ဘေးက ပန်းပုဆရာ သမားကသိဟန် မတူသေးတော့  အကိုထဟ လူတွေအကုန်လုံး အောက် မှာ ဒို့နှစ်ယောက်ထဲ ကျန်တာ ၊ မင်းကိုလာခေါ်တာ ဒို့ဘာစားကြမလဲ ဆိုတော့မှ ပြူးပြဲပြီး ဟေ ဟုတ်လား ဆိုပြီး ကသိုက်ကရိုက် ထလာပြီး ရထားပေါ်ကနေ ခုန်ဆင်းလိုက်ပါတယ် ၊ နာရီ ကြည့်လိုက်တော့ ၁၂ နာရီကျော်နေ ပါပြီး ဗိုက်တွေက ဆာလောင်နေပြီ ဖြစ်ကြောင်း အစာချက် ကိရိယာများက အချက်ပေးပါတယ် ။

ရထားဘေးဝန်း ကျင်မှာ ရထားပေါ်ရှိတဲ့ လူတွေအကုန်ဆင်း ပြီးရွာထဲက အသယ်တွေ လာရောင်းသမျှ ၊ လေလံစနစ် ပုံစံမျိုးနဲ့ တောင် ၀ယ်စားနေတာကို တွေ့ရပါတယ် ၊ ရထားတစီးလုံး မှာ လူပေါင်း ၃၀၀ကျော် ၄၀၀နီးပါး ရှိမယ်လို့ထင်ပါတယ် အတန်းစား အမျိုးမျိုး အလွှာ အသီးသီး အဲဒီထဲမှာ ငွေရှင်ကြေးရှင်တွေက လေလံပုံစံနဲ့ ၂၀၀တန်းပစ္စည်းကို ၅၀၀လောက် ပေးဝယ်စားနေ တော့ ၊ ချို့တဲ့ သော လူတချို့ဝယ် ဘို့ပြောထားလိုက်ပြီးမှ ၊ ရောင်းတော့ ငွေပိုပေးတဲ့ လူကိုရောင်းလိုက် တာတွေ လူမဆန်စွာတွေ့ မြင်ရပါတယ် ၊ ရေအိုးခေါင်း ပေါ်ရွတ်ပြီး ရေကုသိုလ် လို့ ၊ အော်ဟစ်နေတဲ့ လူများကလဲ ၊ ရေဗူး တဗူးကို နှစ်ရာတို့ ဘာတို့ဖြစ်လာ ပါတယ် ၊ ရွာနာ မည်က ထုံးကြီးပါ ၊ အိမ်ခြေ ၁၀၀တောင်မပြည့်ပါ ၊ ရေတောင် အဲဒီရွာမှာ လုံလောက်အောင် ရှိပုံ မပုံပါ ၊ ဟိုးနောက် ကို လှမ်းမျှော်ကြည့်လိုက်တော့ လူတစ်စု ဆဲတိုင်းနေတာ တွေ့ရပါသေးတယ် ၊ ဟိုစကား ဒီစကား တစွန်းတစ ကြားလိုက်ရတော့ တော်တော်လေး စက်ဆုပ်သွားပါတယ် ၊ စားစရာ ၀ယ်စားတာတောင် လူတိုင်းမပြည့်စုံ လို့ ၊ ရေသန့်ဗူးတဗူးကို ဆိုင်မှာဝယ်ရင် ၁၅၀ ပေးရချိန်မှာ ၂၀၀နဲ့ ပေးဝယ်သောက် တဲ့ရေက ကန်ရေမဟုတ်ဘဲ ၊ အိုင်ထဲက နေခပ်လာတဲ့ ရေတွေကို ခေါင်းပေါ်မှာ ခပ်တည်တည်နဲ့ တင်ရောင်းနေကြတာကို ၀ယ်သောက်တဲ့လူတွေက ဒိုက်ဆော်လား အပုတ်နံ့ ဆိုလား ရလို့ ရေသယ်ကို ရန်တွေ့နေတာပါ ဘေးက ရေသယ်တွေကလဲ ၀ိုင်းပြီး အဲဒီရေ ရောင်းတဲ့ လူကို ၊ ဆူပူရန်ထောင်ပြီး သူတို့ရေ ရောင်းရအောင် လုပ်နေကြတာကို တွေ့မြင်ရပါသေးတယ် ။

မြန်မာလူမျိုးများရဲ့ အကျင့်စာရိတ္တဟာ အင်မတန်အောက်တန်း ကျတဲ့ အဆင့်ကိုရောက်ရှိနေပါ ပြီ ဒုက္ခရောက်ရင် ကူညီတဲ့လူတွေ ဒီခေတ်မှာ သေကုန်တာလား မရှိတော့တာလား ၊ မျိုးတုန်းကုန် တာလား ၊ မသိတော့ပါဘူး အကျင့်စာရိတ္တ သိပ်ခေါင်းပါး ကုန်ပါပြီ ၊ ကာယသတ္တိဟာ ကျင့်ယူရင် လွယ်ပါတယ် ၊ ရန်ဖြစ်တာ ကြောက်တဲ့လူဟာ သိုင်း  ၊ လက်ဝှေ့ ၊ ကရာတေး ၊ ဂျူဒို ၊ တခုခု သင်ထားလိုက်ရင် ရန်ဖြစ်ရမှာကို ၀န်မလေး တတ်တော့ပါဘူး ၊  ငါနဲ့မတန်ရင် မယူဘူး ၊ မတရားတာမလုပ်ဘူး ၊ မဟုတ်တာ မပြောဘူး  ဆိုတဲ့  စိတ်ပိုင်းဆိုင်ရာ သတ္တိကတော့ ကျင့်ဘို့ တော်တော် ခတ်ခဲပါတယ် ၊ မြန်မာတွေ ဟာယုတ်ပတ်ပြီ ဆိုရင် သူတပါးနဲ့ မယှဉ်နိုင်လောက် အောင်ယုတ်ပတ်ပါတယ် ၊ နာဂစ်မုန်တိုင်း တိုက်တော့ ရေသန့်ဗူးကြီး တဗူး ၂၀၀၀ ဖြစ်သွားပါတယ်၊ သံတချောင်းကို ၂၀၀၀ ဖြစ်သွားလို့ ကျွန်တော်တို့ အိမ်ကလူတွေ တအားအံ့သြ သွားဘူးပါတယ် ၊ ကျန်တဲ့ စားသောက်ကုန် ဆိုတာတော့ ကြုံဘူးတဲ့ လူတိုင်းသိပါတယ် ၊ ဘာသာ တရား သိပ်ထွန်းကားပါတဲ့ ၊ သာကီနွယ် မျိုး မြန်မာအမျိုးသားတွေ ဘယ်နည်း ဘယ်ပုံဖြစ်သွား တာလဲတော့ ကျွန်တော်လဲ မတွေးတတ်အောင်ရှိပါတယ် ။

ဒါက အကြောင်းဆက်လို့ တွေးမှိတာလေး ထည့်ရေးလိုက်တာပါ ၊ ကျွန်တော်နဲ့ ပန်းပုဆရာဟာ ထမင်းဆာ လာပါတယ် ၊ အကိုဘယ်လို လုပ်မလဲ ဗျာလို့ မေးကြည့်တော့ ဒီလိုလုပ်ကွာ တဲ့ ရွာထဲ ၀င်ပြီး ဆိုင်တွေ ဘာတွေ ရှာရအောင်တဲ့ ၊ ဒါနဲ့ လိုက်ရှာတာ ပဲကြီးလှော်တောင် မရတော့ ပါဘူး ခင်မျာ ၊ ကျွန်တော်တို့ နှစ်ယောက် ကနောက်လဲ နောက်ကျတယ် မို့လား တချို့လူတွေ လာဝယ်သွား ကြပြီလေ ၊ တချို့လူတွေက တော့ ငွေကြေးအသင့် တင့်ရှိမယ် ထင်တဲ့ အိမ်တွေကို အကူညီတောင်းပြီး ၊ ထမင်းစု ချက်စားပါတယ် ၊ ရထားတစီးလုံး လူသုံးရာ ကျော်ကို အိမ်တရာ တောင်မရှိတဲ့ ရွာလေးနဲ့  ကွတ်တိဖြစ် နေရောပေါ့  ၊ ရထား ဆီပြန်လာတော့  ဘုန်းတော်ကြီး နှစ်ပါးလဲ အငတ်ဘေး ဆိုက်နေရှာတယ် ၊ စပ်စုပြီး သွားမေးတာ အရှင်တို့ ဆွမ်းစားပြီး ပလား ဘုရားလို့ မေးလိုက်မှိတယ် ၊ ကိုယ်ကလဲ ကိုယ့်အကြောင်းနဲ့ ကိုယ်မေးတာပါ ဘုန်းကြီးကျောင်း လေးဘာလေး သွားစားရအောင် ၊ အစားအစာဆိုတာ ဘုန်းကြီးကျောင်း မှာပေါတာ များတယ်မဟုတ်လား မေးလိုက်မှ ကိုယ်ပါ တရားခံ ဖြစ်သွားတယ် ၊ အေးသားရ ငါတို့လဲ ဘုန်းကြီး ကျောင်း စုံစမ်းတာ မရှိဘူးတဲ့ဟ ၊ ဒါကြောင့်ထိုင်နေတာ တဲ့ ဘုန်းကြီး စကား အဆုံး ကိုယ်ပါ စိတ် ဓာတ် တော်တော်လေးကျသွားတယ် ၊ စားစရာမရှိဘူးလို့ သိနေလို့လား မသိဘူး ဗိုက်ကလဲ ဆာလိုက် တာဗျာ ၊ ကဲအကိုရေ လာဗျာ နောက်တစ်ခေါက် ရွာထဲဝင်ရအောင်လို့ တခုခုတော့ ရအောင်ကြံမယ် ဗျာ  ၊ အေးကွာ တဲ့ တခုခုတော့ ရမှာပါတဲ့ ၊ ရွာထဲ ၀င်တော့လဲ ကျွန်တော် မပြောရဲဘူး ခင်မျာ ၊ ဗိုက်ကတော့ ဆာတယ် တခါမှ အဲလိုမကြုံဘူးတော့ ခတ်နေတယ် အိမ်ထဲလဲမ၀င် ရဲ စကားလဲ မပြောရဲ ၊ ပြောရမှာလဲ ရှက်ဆိုတော့ နောက်ဆုံး အရဲစွန့်ပြီး ဈေးဆိုင် လေးတခုကို ၀င်လိုက်တယ် ၊ အမကြီး တစ်ယောက်ဘဲရှိတယ် ၊ ရောင်းလို့ရတဲ့ ငွေလေးတွေ ရေတွက်နေတာ နဲ့တူပါတယ် ။

မမ မင်းတို့ ရွာမှာ ဆန်ဆိုင်တွေ ဘာတွေမရှိဘူးလားဗျာ လို့မေးလိုက်တော့ ၊ ရှိတာပေါ့ မောင်လေးရဲ့တဲ့ ဒါပေမဲ့ ဆန်မရှိတော့လောက်ဘူး တဲ့ ခုနကအမတောင် ဧည့်သယ်တွေ အတွက် သွားဝယ်တော့ မရှိတော့ဘူးလေ တဲ့ ကဲပျက်ကရော ဆိုတာဒါဘဲ နေမှာပေါ့  ၊ ကိုကိုပန်းပု ဆရာကလဲ ကိုယ့်ထက်ဆိုးတယ် ၊ ခေါင်းကြီးငုံ့ပြီး ၊ ကဲ အကို မင်းဘယ်လိုလုပ်မလဲ ငါလဲမသိတော့ဘူးကွာ တဲ့ ဒါဆိုဟိုဘက် ရွာတွေ လျှောက်သွားမယ်ဗျာ ၊ လို့အဖော်စပ်တော့ သူကလဲ အေးကွာတဲ့ ထိုင်နေတာထက် စာရင် တခုခုရမှာပါတဲ့ ၊ ဒါနဲ့ ကွင်းထဲက နေဖြတ်ပြီး ခပ်ပြပြလေး မြင်ရတဲ့ ရွာတန်းဘက်ကို သွားမယ်ဆိုပြီး နှစ်ယောက်သား ကျောပိုးအိပ် တစ်ယောက် တလုံးစီနဲ့  ရေနဲနဲစီ ရှိတဲ့ ရေဗူးလေး တစ်ဗူးစီ ကိုင်ပြီး လမ်းလျှောက် လာတာ ပူလိုက်တဲ့ နေ လူအနောက် လိုက်ပူနေသလား မှတ်ရတယ် ၊ စပါးရိုးပြတ် တွေက လဲယားတယ် နေပူ ချွေးထွက် အောက်က ရိုးပြတ်တွေက ရှနဲ့ ခံရခတ်လိုက်တာ ဗျာ ၊ ကွင်းတဲလေး တစ်လုံးတွေ့တယ် အကိုဝင် နားမယ်ဗျာ ဆိုတော့ အေးဆိုပြီး နှစ်ယောက်သား ၀င်နားကြတာပေါ့ ၊ သားမိနှစ်ယောက် အိပ်နေ တယ် ၊ ခွေး တစ်ကောင် ကဟောင်တယ် ၊ တဲရှင်သားမိက ထလာတော့ ဘာလဲ တဲ့  ပါးစပ်က လဲဆာလွန်းလို့ လားမသိဘူး လွတ်ခနဲထွက် သွားတယ် ၊ ဗိုက်ဆာလို့ပါ လို့ပြောလိုက်တော့ ကျွန်တော့် ရုပ်ရေ ကြည့်ပြီး တော်တော်သနား သွားဟန်တူတယ် ၊ လာလာ မောင်လေးတို့ ဘယ်ကလဲ ဘာလဲနဲ့ မေးတော့ ၊ အကြောင်းအကုန်ပြောပြ  အင်း ဖြစ်မှဖြစ်ရလေကွယ် ၊

အမယောကျာင်္း ဒိုင်းဝန်း ဆိုလားသွားခပ်တယ်တဲ့ ဘာကြီးလဲ မသိဘူး ဒိုင်းဝန်းက အမမှာ ငပိရေကြိုနဲ့ ဆန်တော့ရှိတယ် စားနိုင်လားတဲ့ ဟုတ်ကဲ့ စားမယ် လို့နှစ်ယောက်သား သံပြိုင်ထွက် သွားတယ် ၊ သူ့သမီးလေးက ချစ်စရာလေး မဲမဲ၀၀လေး လေးနှစ်လောက်ရှိပြီ ထင်တာဘဲ ၊ အဲအမ ကြီးက ဆန်လေးလုံးလောက် ရှိတယ်ထင်ပါတယ် ၊ ထည့်ပြီးချက်တယ် ၊ ကျွန်တော်တို့ နှစ်ယောက် က မီးမွှေးပေးတယ် ၊ သူကချက်တယ် ၊ ကြက်ဥ နှစ်လုံးပါ ထမင်းအိုးထဲ အလုံးလိုက်ထည့် ချက်တယ် ၊ ကျွန်တော်တို့ ကိုရန်ကုန်ကလား ဘယ်ကလဲ အစုံပါဘဲ ကျွန်တော်တို့လဲ အကုန်ဖြေ တာဘဲ ၊ ပြီးတော့ သူက တဲအပြင်ထွက်သွားတယ် ၊  တဲရဲ့ခေါင်းရင်း မှာ ပေါက်နေတဲ့ အရွတ်တချို့ ခူးလာတယ် ၊ မြင်းခွာရွတ်လို့ ခေါ်တဲ့ ပုပုဝိုင်းဝိုင်း လေးတွေ ၊ ပြီးတော့ စမုတ်တိုင်နဲ့ လုပ်ထားတဲ့ ၊ သီတံမှာ ငရုပ်သီး အနီတောင့်တွေ ထိုးသီတယ် ပြီးတော့ မီးဖိုနားမှာ  အဲဒီသီတံ လေးကို ထောင်ထားလိုက်တယ် ၊ အဲဒီသီတံက မွေးလာတဲ့ ငရုပ်သီး ညော်နံ့လေးဟာ ဗိုက်ကို တော်တော်လေး ဆာလောင်စေပါတယ် ၊ အမကြီး ဘာလုပ်ပေးရမလဲ ဆိုတော့ ငရုပ်သီးထောင်းတဲ့ ခုနက သီထားတဲ့ ငရုပ်သီးတွေ ငရုပ်ဆုံ နခမ်းပဲ့ထဲ ထည့်ထောင်းခိုင်းတယ် ၊ ငပိရေ ကျိုအုံးမယ် ဆိုပြီး ဒန်ဒယ်အိုး ပိန်လေးထဲကို ကြွပ်ကြွပ်အိပ်ထဲ ကငပိလေးတွေထည့်ပြီး ကျိုတယ် ၊ ထမင်းအိုး ထဲက ထမင်းတွေ ကို ပုဂံထဲခူးထည့်  ၊ ပုဂံလဲ များများစားစား မရှိပါဘူး နှစ်ချပ်ဘဲ ရှိတယ် ၊ ပုဂံ လုံးလေးက ရွယ်တူ သုံးခုလောက်ရှိတယ် တခုထဲကိုငပိရေ ထည့် ကျွန်တော်နဲ့ ပန်းပုဆရာ ထောင်းထားတဲ့ ငရုပ်သီးကို ငပိရေထဲရော အချို့မှုန့်လေးလဲ ထည့်တာကိုတွေ့တယ် ၊ ပြီးတော့ ကြတ်ဥခွာပေး ၊ ကြက်ဥကိုပန်းကန်ထဲ ထည့် ဆီထည့် ၊ မြင်းခွာရွတ် ပုပုလေးတွေကို ရေဆေးပြီး ပုဂံတလုံးထဲ ထည့်ပေး အဲအမကြီးနဲ့ ကျွန်တော်တို့ နှစ်ယောက် တက်ညီ လက်ညီလုပ်လိုက်တာ ထမင်းစား ရခါနီးနေပါပြီ ။

အဲဒီချိန်မှာ ပါးစပ်က သီချင်းဆိုပြီး ဒိုင်းဝန်းလို့ ခေါ်တဲ့ ပိုက်နဲ့ယက်လုပ်ထားပြီး ၀ါးနဲ့အနားကွတ် ထားတဲ့ ငါးဖမ်းကိရိယာနဲ့ ၊ အကိုကြီးတစ်ယောက် ၀င်လာပါတယ် ၊ ဟေး မိသန်းငြိမ်း ဧည့်သယ်တွေလား တဲ့ ၊ ဟုတ်တယ် ရထားပျက်လို့တဲ့ တော် ၊ ထမင်းမစားရသေးဘူး ဆိုလို့ ရှိတာလေး ချက်ကြွေးနေတာ ၊ ဟနေအုံး ဒီမယ် ပုဇွန်တွေ ပါတယ်တဲ့ ကြော်ကြွေးလိုက်တဲ့ ကျွန်တော် တော်တော်လေး အံ့အားသင့်မှိပါတယ် ၊ စိတ်မကောင်းလဲ ဖြစ်မှိပါတယ် ၊ အော် သူတို့ကျတော့ စိတ်ကောင်းရှိလိုက်တာလို့ ပါလာတဲ့ ပလိုင်းလေးထဲက လက်နှစ်ဆုပ်စာ လောက်ရှိတဲ့ ပုဇွန်လေး မသေးမကြီးလေး တွေကို ရေဆေးပြီး ၊ မိန်းမဖြစ်သူကို လာပေးပါတယ် ၊ မိန်းမက ခေါင်းတွေရော ဘာတွေရော အဖြူထည်ကျော်ပြီး ၊ ထည့်စရာ ပန်းကန်မရှိတော့လို့ ဒယ်အိုးလေး အတိုင်း ဆေးလိပ်ပြာခွက်လုပ် တဲ့ မြေခွက်ထဲမှာ တင်ပြီး ထမင်းဝိုင်းကို လာပို့ပါတယ် ၊ ကဲ မောင်လေးနှစ်ယောက် စားတော့ ဆိုတော့ ဘာပြောကောင်းမလဲ စားလိုက်တာ တာဆိုတာ ၊ ကျွန်တော်ဟာ မြန်မာပြည်အနေ ထားအရ သူဌေးသား တစ်ယောက်လို့ ပြောလို့ရပါတယ် ၊ ကျွန်တော့ တစ်သက်မှာ အဲလိုအစား အစာမျိုး လုံးဝမစားဘူးခဲ့ပါ ၊ စားခဲ့ ဘူးသမျှ အစားထဲမှာ လဲ ဒီလောက်မြိန်တဲ့ ထမင်းတနပ်ကို အဲဒီတခါ ဘဲစားဘူးပါတယ် ၊ တဲရှင်အကိုကြီးကေ၇ချိုးပြီး တတ်လာပါတယ် ၊ လင်မယားနှစ် ယောက် ကထိုင်ကြည့်နေပါတယ် ကျွန်တော်တို့ စားတာသောက်တာ ကြည့်ပြီး သူတို့ပျော်နေပုံ ရပါတယ် ၊ ဘယ်ကလဲ ဘယ်လိုဖြစ်တာလဲ စုံနေတာဘဲ မေးတာ ဖြေလိုက်စားလိုက်နဲ့ ၊ ထမင်းအိုး လေးဟာ တ၀က်လောက်ဘဲ ကျန်တော့ပါတယ် ၊ သူတို့က ထပ်ထည့်ခိုင်းနေပါတယ် ၊ ရထားပေါ် ကလူတွေ ဘယ်လိုစားကြတုန်း ၊ မသိဘူးနော် လို့မေးလာပါသေးတယ် ၊ စုချက်စားနေတာတော့ တွေ့တယ် လို့ပြောလိုက်တော့  ၊ အင်းမချမ်းသာလို့ပါ ကွာ ချမ်းသာရင် ငါလာလှူပါတယ်တဲ့ ၊ အော် မြန်မာ စစ်လိုက်တာ အကိုကြီးရယ်လို့ စိတ်ထဲကတောင် ကြိတ်ပြီး ချီးကျုးမှိသေးပါတယ် ။

စားသောက်ပြီးမှ ဘုန်းကြီးနှစ်ပါးကို သွားသတိရတယ် ၊ အကိုကြီး ဘုန်းကြီးနှစ်ပါး ဆွမ်းမစားရ သေးဘူးဗျ ၊ လို့  ဒါလေးတွေ ကျွန်တော်တို့ ထည့်ယူသွားလို့ရမလား ၊ ဟာရတယ် ကောင်းပါ့မလား ငါ့ညီရယ် စားပြီးသားတွေ ဘုန်းကြီးလှူလို့ ၊ ရလောက်ပါတယ် အကိုရာ သူတို့နှစ်ပါးလဲ ဆာမှာပေါ့ ၊ အင်း ကြွပ်ကြွပ်အိပ် နဲ့ထည့်ပေးလိုက်မယ် တဲ့ ၊ ကြက်ဥ တခြမ်းရယ် ပုဇွန်ကျော် ၊လေးနဲနဲရယ် ငပိရေ နဲ့ အတို့ရယ် တပါတည်းပေါင်းထည့်ပေးပါတယ် ၊ ကျွန်တော်လဲ စားသောက်ပြီးလို့ ၊ ပြန်ခါနီးမှာ စိတ်ကူးမှိတယ် ၊ ငါတို့တကြိမ်တခါမှ မမြင်ဘူးဘဲနဲ့ ဒီလောက်ကူညီတဲ့ လူတွေ ထမင်းတနပ်ကြွေးဘူးတဲ့ လူတွေ ဘာပြန်လုပ်ပေး ရမလဲ ဆိုပြီး စဉ်းစားတော့ ၊ အကြံတခုရတယ် ၊ ငွေပေးရင်တော့ ရိုင်းမယ်ထင်လို့ ၊ အလတ်ကောင် ပါးနဲ့ မေမေ အတွက် ထည့်ပေးလိုက်တဲ့ ချည်တပတ်လေး နှစ်ထည်နဲ့ ပုဆိုးနှစ်ကွင်းနဲ့ ထမိန်နှစ်ကွင်းကို အမကြီးနဲ့ အကိုကြီးရှေ့မှာ ချပြီး ထိုင်ကန်တော့လိုက်တယ် ၊ မယူပါဘူးလို့ အတန်တန်ငြင်းနေပေ မဲ့ မယူရင် စိတ်ဆိုးမှာလို့ ၊ ပြောတော့ ယူထားလိုက်တယ် ၊ သူတို့သမီး လေးကိုမုန့်ဘိုး ၂၀၀၀ပေးခဲ့တယ် ၊ ပန်းပုဆရာအကိုက  သူ့လက်ထဲက လက်ပတ်နာရီလေးကို တဲရှင်အကိုကြီး ကို ပတ်ပေးလိုက်တယ် ၊ ငွေ၅၀၀ ခလေးလေးကို မုန့်ဘိုးပေးလိုက်တယ် ၊ အားလုံးနုတ်ဆက်ပြီး ထမင်းထုတ်လေးယူ ၊ ရေဗူးထဲ ရေဖြည့်ပြီး ရွာဘက်ကို ဦးတည်ပြီး လျှောက်လာခဲ့တယ် ၊ တပြလောက် ရောက်မှ ပန်းပုဆရာ အကိုကြီးကို အကို တဲရှင်အကို ကြီးနာမည်ဘယ်သူတုန်း ဆိုတော့ အေးသိဘူးဟတဲ့ ၊ ဟာမေးခဲ့အုံးလေ ဟာ ပြန်သွားနေရအုံးမယ် တဲ့ အဲဒါနဲ့ နှစ်ယောက် သား သံပြိုင်အော်လိုက်တာ“ အမကြီး မိသန်းငြိမ်းရေ အကိုကြီးနာမည် ဘယ်သူတုန်းဗျ ” ဟိုအကိုကြီးက ပြေးထွက်လိုက်လာတယ် ၊ ဘာလဲညီလေးတို့တဲ့ အကိုကြီးနာမည် ဘယ်သူတုန်း ဗျလို့ မေးလိုက်တော့ သန်းအောင်တဲ့ ဘာလို့တုန်း မှတ်ထားမလို့ ဆိုတော့ ဟားဟားဟား နဲ့ရီပြီး ကြောကိုပုတ်ပြီး ကျန်ရစ်ခဲ့တယ် ၊ အော် တွေ့စုံကြုံ ကွဲ ဓမ္မာဆိုပေမဲ့ နှစ်နာရီလောက်စုံ လိုက်ရပြီး ခွဲခဲ့ရတော့ စိတ်ထဲမှာ အမျိုးတွေစီက ပြန်သလိုလိုလေး ဘဲ ၊ တော်တော်ပြပြ လေးရောက်မှ လှည့်ကြည့်တော့ နေပူထဲမှာ ငူငူကြီးရပ်ပြီး ၊ တာ့တာလုပ်ပြနေလေရဲ့ ။ မမေ့ပါဘူး ကိုသန်းအောင် နဲ့ အမကြီး မိသန်းငြိမ်းရယ် ။

ထမင်းထုတ်လေး ကိုင်ပြီး ရွာထဲကို ကိုယ့်အတွေးနဲ့ ကိုယ်နှစ်ယောက်သား စကားမပြော ဘဲဝင်လာပြီး ၊ ရထားစီပြန်လာ ဘုန်းတော်ကြီးတွေကို သွားတွေ့တော့ ဘုန်းကြီးတွေက အငယ် တပါးက စာစောင်ဖက်နေတယ် ၊ အကြီးဘုန်းတော်ကြီးက အိပ်နေတယ် ၊ အရှင်တို့ ထမင်းသုံး ဆောင်ပြီးပလား ၊ အေးစားပြီးပြီကွ ဘာလို့တုန်း ၊ ကပ်မလို့ပါဘုရား ၊ အယ် ငါတို့က ရွာထဲက ဒကာမကြီးတွေ လာကပ်သွားတယ်တဲ့ ၊ ကဲမှတ်ကရော မင်းတို့က ဘယ်ကရတာတုန်း ထမင်းကို ကိုသန်းအောင်တို့ လှူလိုက်တာပါဘုရားလို့ နှစ်ယောက်တိုင်ပင် ထားသလို ပြောလိုက်တော့ ရီလိုက်ရတာ ၊ အင်းမစားရသေးတဲ့ လူတွေ ရှိလောက်တယ် သားရဲ့သူတို့ကိုရှာ ပေးလိုက်ပါလား တဲ့ ၊ မှန့်လှပါဘုရား  ဆိုပြီး ၊ ပန်းပုဆရာနဲ့ ကျွန်တော် တစ်ယောက် မျက်နှာတယောက်ကြည့် မှိလိုက်တယ် ၊ ဒီထမင်းနဲ့ ဒီဟင်းလေးကို သမြောနေမှိတယ် ၊ ဘာကြောင့်မှန်းမသိပါဘူး ၊ အကိုမင်း သမြောလား အေးကွာ ၊ ငါသမြောသလိုလို ဖြစ်တယ်ကွတဲ့ ၊ ကျွန်တော်လဲ တူတူဘဲ အကိုရာ တခါမှ ဒီလောက်ဆင်းဆင်းရဲရဲ မဖြစ်ဘူးဘူး အေးကွာ ငါလဲဒီတခါ ကြုံဘူးတာဘဲ ၊ ကဲပါ ညီရာ မင်းနဲ့ အကိုအမှတ်တရ ပေါ့ ၊ လာလိုက်ရှာပြီး လှူလိုက်မယ် ဆိုပြီး လိုက်ရှာတာ စားမဲ့လူ မရှိပါဘူး ၊ နောက်ဆုံးတော့ ကဲ အကို ကျုပ်တို့ နှစ်ယောက်ထပ်စား မယ်ဗျာ လို့ပြောတော့ အေး ကောင်းတယ် ဆိုပြီး ရထားလမ်းဘေးက အိုင်ထဲ လက်ဆင်းဆေး ပြီး နှစ်ယောက်သား ကြွပ်ကြွပ် အိပ်ထဲ နှိုက်စားတာ ပြောင်သွားတာဘဲ ၊ ပြီးတော့ ဘာကို ရီချင်မှန်းမသိတာနဲ့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး တစ်ဟီးဟီးနဲ့ ရီလိုက်တာ ပျော်သလိုလို ၀မ်းနည်းသလိုလိုလေး လဲခံစားရတယ် ။ ပြီးတော့ မြောင်းထဲက ကရေနဲ့ လက်ဆေး ၊ ကိုယ်အ၀တ်စားနဲ့ ကိုယ်သုတ် လူ့ဘ၀ တသက်မှာ လယ်တဲထဲလဲ ထမင်း စားဘူးခဲ့သလို ၊ ရထားလမ်းဘေးက မြတ်ခင်းပေါ်မှာ လဲ ကြွပ်ကြွပ်အိပ်ထဲက ထမင်းကို နှစ်ယောက်စားခဲ့ ဘူးခဲ့ပါ၏။

စားသောက်ပြီး ၊ ညနေ လေးနာရီ လောက်ရောက်တော့ ရန်ကုန်က ရထားစက်ခေါင်းကြီး ရောက်လာ ပါတယ် ၊ ရထားစက်ခေါင်းတပ်ပြီး ရထားကြီးကို စတင်ခုတ်မောင်းဘို့ ဥသြသံ ရှည်ကြီး ဆွဲလိုက်တဲ့ အချိန်မှာတော့ ၅ နာရီထိုးဘို့ ဆယ်မိနစ်သာ လိုပါတော့တယ် ၊ တရွေ့ရွေ့နဲ့ စထွက်ပြီး ၊ တစနဲ့တစ မြန်လာတဲ့ အချိန်မှာတော့ ကျွန်တော်နဲ့ ပန်းပုဆရာ အကိုကြီးဟာ ကိုကြီး သန်းအောင်နဲ့ မကြီး မိသန်းငြိမ်းတို့ တဲလေးရှိတဲ့ အရပ်ကို လှမ်းမျှော်ကြည့်မှိပါတယ် ၊ နေခဲ့ကြပေ အုံးတော့ ထမင်းရှင် ဇနီးမောင်နှံ့နဲ့ ထုံးကြီးကျေးရွာရေ ၊ ပဲခူးကို ကျော်တော့ ဖုန်းလိုင်းတွေ မိပြီ မို့ ဖွင့်ကြည့်လိုက်တော့ အိမ်ကခေါ်ထားတာ ကော ပေါင်းလေးဆယ်ကျော် ၊ အကြီးကောင် အလတ်ကောင် ပါးနဲ့ အိမ်ဖုန်းကော တွေပါ တစ်သီကြီး ၊ ရန်ကုန်ရောက်တော့ ၈နာရီ ထိုးပြီ ၊ အကြီးကောင်ရယ် ပါးရယ် မေမေရယ် လာကြိုကြလေရဲ့ ၊ ဘူတာကို ဖုန်းဆက်မေးကြည့်တယ် နဲ့တူပါတယ် ၊ ရထားပျက်တာကို သိတာနဲ့ အစားအသောက်တွေနဲ့ လာကြိုနေကြတာ ပန်းပုဆရာ ကိုပါ တပါးတည်းခေါ်လာပြီး  ၊ သုဝဏ ဘောလုံးကွင်းနား ထားခဲ့ ပြီး တောင်ဥက္ကလာ ထဲကနေဖြတ်မောင်းပြီး အိမ်ကိုပြန်လာခဲ့ကြတယ် ။

ဘယ်မလဲ အလတ်ကောင်ထည့်ပေးလိုက်တဲ့ ထမိန်နှစ်ထည် တဲ့ မေမေက မေးတယ် ၊ အကြောင်းစုံ ပြောပြလိုက်တော့ ဖေဖေက ချီးမွမ်းလိုက်တာ သိပ်မှန်ကန်တဲ့ လုပ်ရပ်တဲ့ ၊ မေမေကတော့  သဲတော ၀မ်းတွင်းဘက်က လာတဲ့ ထမိန်ကအေးတယ်တဲ့ ၊ ရဘို့မလွယ်ဘူးတဲ့ ပုဆိုးကန်တော့ ခဲ့ရင်တော်လိုက်ပါပြီတဲ့ စာဂရဲလိုက်တာ တအားဘဲတဲ့  ၊ သူ့တို့ဘာတွေ ဆက်ပြောနေလဲ တော့မသိဘူး ၊ ကျွန်တော်လဲ ဖေဖေကို မှီပြီးကားပေါ်မှာ အိပ်လာတာ ၊ မိုးလင်းမှ အိပ်ယာ ပေါ်ရောက်နေတာ ကိုသိတော့တယ် ….။

(ပဲခူးတိုင်း အရှေ့ပိုင်း ၊ ထုံးကြီး ကျေးရွာမှာ ရထားပျက်ခဲ့စဉ်က ကိုယ့်တွေ့ဖြစ်ရပ် ကိုနာမည်နဲ့လိပ်စာတောင် မပြောင်းဘဲ ပြန်လည်ရေးပြတာပါ ၊ ကိုကြီးသန်းအောင်နဲ့ မကြီးမိသန်းငြိမ်း ၊ အမည်မသိ ညီမလေးပါ ကျမ်းမာ ချမ်းသာကြပါစေ….။ )

Sunday, September 19, 2010

ကျွန်တော်နဲ့ ၀န်ဇင်း ၁၆

ဝန်ဇင်း၁၆ ဆိုတာ ရပ်ကွက် နာမည်လေးပါ ၊ မိတ္ထီလာ မြို့ကပေါ့ဗျာ မိတ္ထီလာ မြင်းခြံ သွားတဲ့ကားလမ်း ဘေးမှာ အဲဒီရပ်ကွက်လေး ရှိတယ် ၊ ရပ်ကွက်လေးက ဘယ်လို လေးလဲဆိုရင် မိတ္ထီလာ ကန်ကြီးကို အလည်ခေါင်တည့်တည့်ကနေ ပြီး မြင်းခြံ ကားလမ်းဖောက်လိုက်တော့ ကန်တခြမ်းက ရေတွေနဲ့ တခြမ်းက ရပ်ကွက်လေး ၊ တစ်နည်းပြောရရင် ၀န်ဇင်း၁၆ ဆိုတဲ့ ရက်ကွက် လေးက မိတ္ထီလာ ကန်ထဲက ရပ်ကွက်လေးတခု ဆိုရင်လဲ မမှားပါဘူး……..။

ကျွန်တော်က ခပ်ငယ်ငယ်က တည်းက တောင်တက်တာတို့ တစ်ယောက်တည်း ခရီးသွားတာ တို့အရမ်းဝါသနာပါတယ် ၊ ဒါပေမဲ့ ဓာတ်ပုံရိုက်တာ ကြတော့ မနှစ်သက်ဘူး ဟုတ်တယ်ဗျ အလှအပ ဆိုတာ မျက်စိနဲ့ မြင်သခိုက်လေး မှာခံစားတာ အကောင်းဆုံးဘဲ ၊ ဒီအလှအပ လေးတွေကို ဓာတ်ပုံရိုက်ယူထားရင် ၊ ဘာအဓိပ္ပါယ်မှ မရှိဘူး မြင်ခဲ့မှိသလို လဲခံစားလို့ မရဘူး အဲဒါကတော့ ဓာတ်ပုံမရိုက်ခြင်းရဲ့ ကျွန်တော့အယူအဆပေါ့ ၊ ခရီးထွက်တာကတော့ ဘာရယ်မဟုတ်ပါဘူး တခါတခါ အိမ်ကို အပြင်သွားမယ်ဆိုပြီး ကျောပိုးအိတ် တစ်လုံးရယ် ၊ မှတ်စု စာအုပ်တစ်အုပ်ရယ် ၊ မုန့်ကြွပ်လေးတွေရယ် ၊ ငွေနဲနဲရယ် ၊ ရေဗူးတစ်ဘူး ရယ်ထည့်ပြီး တွေ့တဲ့လိုင်းကား တတ်စီး တွေ့တဲ့လူနဲ့ စကားပြော ၊ ရောက်ချင်တဲ့ နေရာကို ရောက်ဆိုပြီး တနေ့လုံး လျှောက်သွားတာ မနက်စောစော ကနေ ထွက်သွား ၊ ညနေမိုးနီး စပ်ချုပ်ဆို အိမ်ကို ပြန်ရောက်တာဘဲ ၊ ဘာသွားလုပ် တာလဲ လို့မေးခဲ့ရင် တော့ ကျွန်တော်လဲ မဖြေတတ်ဘူး ပျော်တာ တော့အမှန်ဘဲ ၊ မြင်လာတာတွေ လဲအစုံဘဲ ၊ ခံစားမှုလဲ အစုံဘဲ ။

 တခါတုန်းက အေ၀မ်း မှတ်တိုင်က နေ ၅၁ လိုင်းကား တက်စီးသွားတာ နာနတ်တော လမ်းစုံရောက်တော့ ဆင်းတယ် အဲ ဒီမှာ ဘုန်းကြီးပျံ နာရေးယာဉ် တန်းကြီး လာရော ၊ ကျွန်တော်က လိုက်သွားတယ် ကက ငှားပြီး သုဿာန်ရောက်တော့ ၊ ငိုကြတော့ လူကလဲ ၀မ်းနည်းတာနဲ့ ရောငိုလိုက်သေးတယ် ၊ ပြီးတော့ အဲဒီက ဝေတဲ့ ရေသန့်ဗူးကြီး တစ်ခု ယပ်တောင် တစ်ခု ၊ အအေးဗူး တစ် ခုတွေကို ယူပြီး ဆက်သွား တယ် ၊ တခါတခါ တော့ လမ်းဘေးမျက်လှည့်ဝိုင်းကို တနေကုန်လိုက်ကြည့်တယ် ၊ တခါတခါတော့ ဆင်အက နဲ့အလှူခံတဲ့ ကထိန်အလှူခံတို့ ဘာတို့ကိုလဲ ၊ တနေ့လုံးလိုက်ကြည့်တတ်တယ် ၊ အဲလိုတွေ လျှောက်သွားနေပေမဲ့ ၊ ကျွန်တော်က အရမ်းကြောက်တတ်တဲ့ လူပါ ၊ ရန်ဖြစ်ရင် နဲနဲ ကြောက်တယ် ၊ သူများရန်ဖြစ်ရင် လက်တွေခြေတွေ အေးတဲ့အထိ ကြောက်ပါတယ် ၊ ခွေး တွေ ကိုက်နေတယ်ဆိုရင် အဲဒီခွေးတွေ ရန်ပွဲမပြီး မချင်းထိုင်စောင့်ပြီး ခွေးတွေ အကုန်မရှိတော့မှ ဆက်သွားပါတယ် ၊ အခုလဲ မိတ္ထီလာ မြို့ကိုရောက်ခဲ့ ပြန်ပါပြီ ။

ဘယ်လိုရောက် လာသလဲဆိုရင် ကျွန်တော့်အကို အလတ်ကောင်က စစ်ဆေးကပါ  အခုတော့ ဗိုလ်မှူးကြီး အဆင့်ကိုရောက်နေပြီ ၊ ၂၀၀၆ လောက်တုန်းက သူက ဒုတိယ ဗိုလ်မှူးကြီး အဆင့်ပါ မိတ္ထီလာ တပ်မြို့က တပ်တွေရဲ့ ကျမ်းမာရေးဆိုင်ရာ ကိစ္စတွေရှိလို့ ၊ သွားရမယ်ဆိုတော့ အိမ်မှာက သူရယ် ကျွန်တော်ရယ် ၊ မေမေရယ်ဘဲ ရှိတာကိုး ၊ အကြီးကောင်ကြီးနဲ့ ဖေဖေက ဘယ်ကိုလဲ သွားနေတာတာ မသိပါဘူး ၊ အဲဒါနဲ့ ဘွားတော်က ဟဲ့ ကောင်လေး ဒို့သားမီပျင်းတယ် ဒို့လဲ လိုက်မယ် ဆိုတော့ မိတ္ထီလာကို ချီတတ်သွားကြတာ ၊ ရထားနဲ့ ဟိုရောက်တော့ သာစည် ဘူတာမှာ ဆင်းတယ် တပ်ကလာကြိုတဲ့ ကားနဲ့ လိုက်သွား ၊ တပ်ထဲရောက်တော့ တပ်က အရာရှိတွေက လူပျိုဆောင်ပေးတယ် အလတ်ကောင်ကို ၊ လာမယ်လို့ သတင်းပို့ထားတုန်းက တစ်ယောက်ထဲ ဆိုတော့ သူတို့ကလဲ အဲလိုစီစဉ်ထားတာပေါ့ ၊ ဒါနဲ့ လူပျိုဆောင်က ကျဉ်းကျဉ်း ကျုတ်ကျုတ်နဲ့ မနေတတ်ပါဘူးတော်ဆိုပြီး ၊ မိတ္ထီလာ မြို့လယ်ခေါင်က လွတ်လပ်ရေး ကျောက် တိုင်နဲ့ မြို့တော်စည်ပင် ရုံးအနီးက ဗီးနပ်ဆိုတဲ့ တည်းခိုခန်းကို အရာရှိ တွေက စီစဉ်ပေးတော့ အိုကေသပေါ့ဗျာ ၊ အလတ်ကောင်က တပ်ထဲနေခဲ့  ကျွန်တော်တို့ သားမိက တဲခိုခန်းနေ သုံးရက် ကြတော့ ရန်ကုန်ကနေ ဖေဖေနဲ့ အကြီးကောင် ပြန်ရောက်လာလို့ မေမေကို ရန်ကုန်ပြန်ခေါ်တယ် ကျွန်တော့်ကိုခေါ်တော့  အလတ်ကောင်နဲ့မှ တူတူပြန်လာမယ် ဘာညာနဲ့ နဲ့ပြောပြီး ဘွားတော်ကို ရထားနဲ့ ပြန်တင်ပေးလိုက်ပြီး ၊ ကျွန်တော်က တည်းခိုခန်းမှာ တစ်ယောက်ထဲ နေဖြစ်နေတော့တာ ပေါ့ ……..။

တယောက်ထဲ ပျင်းတာနဲ့  မိတ္ထီလာ မြေပုံကိုကြည့်ပြီး လည်ဘို့ပတ်ဘို့ စီစဉ်ရတာပေါ့ ဘွားတော်ရှိတုန်း ကမလည်ရဘူးလေ နားကလဲငြီးသေးတယ် ၊ အခုပြန်သွားပြီဆိုတော့ နက်ဖြန်ကို မြို့ပြင်က ၀မ်းတော်ပြည့်ဘုရားရယ် ၊ မြို့တွင်းက မာန်အောင်မြင်ဘုရားရယ် ၊ ထီးသုံးဆင့် ဘုရားရယ်ကို လိုက်ဖူးမယ် ၊ ပြီးရင် ပြန်အိပ်မယ် ညနေပိုင်း ရေလည်ဘုရားကို စက်ဘီးနဲ့ သွားမယ် အဲလို ဇယားချပြီး သွားလိုက်တာ အိုကေတယ် ပထမတစ်ရက် ၊ ဒုတိယနေ့ ကြတော့ ဘုန်းကြီးကျောင်း တွေလျှောက်သွားမယ် ၊ ပဌမကျော် ဓမ္မာစရိယ ကျောင်းတိုက်ရယ် ၊ နဂါးရုံ ကျောင်းရယ် ၊ သာသနာ့ ဝေပုလ္လရယ် ၊ လမ်းမှာ တွေ့တဲ့နေရာ မှာထမင်းစားမယ် ပြီးရင် ရပ်ကွက်ထဲ ကိုလိုက်ကြည့်မယ် အဲလိုဇယားချပြီး ၊ တကယ်တန်းသွား ဖြစ်တော့ ပဌမကျော်  ဓမ္မာစရိယ ကျောင်းကိုဘဲ သွားလည်ဖြစ်တယ် ကိုရင်တွေကို သကြားလုံးဝယ်ကြွေး လေရိုက်နဲ့ လုပ်နေလိုက်တာ နေ့လည်စာ ဘုန်းတော်ကြီးတွေ စားချိန်ရောက်တော့ ပြန်ဘို့ပြင်တော့ ဘုန်းတော်ကြီး နဲ့ကိုရင်တွေက ဟေ့ ရန်ကုန်သား ဘယ်တုန်း ဆိုတော့ တပည့် ပြန်တော့မယ် အရှင်တို့ လို့ပြန်ပြောလိုက်တော့ ဟဘုန်းကြီး ကျောင်းဆိုတာ စားပြီးမှ ပြန်ရတယ် တဲ့ အဲဒါနဲ့ မစားချင်ဘဲ စားလိုက်ရတာ ၃ပန်းကန်လောက်ကုန်တယ် ၊ တော်တော်ကောင်းတယ် စားလို့ နေ့လည် တချက်ထိုး လောက်ကျတော့ အရှင်တို့ တပည့်ပြန်တော့မယ် လို့ နုတ်ဆက်တော့ အင်းအင်း နေပူတယ်ညနေမှ ပြန်ပါလား ဆိုတော့ နေပါစေ အရှင်တပည့် ရပ်ကွတ်ထဲ ကိုလည်ပတ် ချင်ပါသေးတယ် လို့ ပြောပြီး အခုပြောမဲ့ ၀န်ဇင်း ၁၆ ထဲကိုရောက်တာဘဲ……..။

ဝန်ဇင်း၁၆ဆိုတဲ့ ရပ်ကွက်လေးကိုလဲ ကြည့်ပါအုံး ၊ မိတ္ထိလာ မြင်းခြံကားလမ်း ပေါ်ကနေကြည့်လိုက် ရင်ပေငါးဆယ်လောက် နိမ့်တဲ့ မိတ္ထီလာ ကန်ထဲမှာလေ တစ်ဘက်က မိတ္ထီလာ ကန်တစ်ဖက်က ၀န်ဇင်း၁၆ အလယ်ကတော့ မြင်းခြံ ကားလမ်းကြီး ၊ အဲဒါနဲ့ လမ်းရိုးကနေ မသွားဘဲ ၊ ကားလမ်းဘေးက ဆင်ခြေလျှောလေး ကိုတွယ်ကပ်ပြီး နေပူကြဲတဲ ထဲမှာ ကုတ်ကုတ် ကပ်ကပ်နဲ့ တွယ်ပြီးဆင်း ဟူး မောလိုက်တာဗျာ နေကလဲပူလိုက်တာ ခြစ်ခြစ်တောက် ၊ ကျောပိုးအိတ် ထဲကရေသန့်ဗူး ထဲမှာရေ ကမရှိဘူးတော့ဘူ ဘုန်းတော်ကြီး ကျောင်းကထည့်လာ မလို့ မေ့သွားတော့ ရေငတ်လိုက်တာ ၊ အိမ်လေးတွေ ရှိပါရဲ့ ဒါပေမဲ့ ၀န်းတံခါးလေး တွေကပိတ်လျှက် ကြီးတွေဆိုတော့ တောင်းသောက်ဘို့ကလဲ ခတ်တယ် ၊ သောက်ရေ အိုးစင်လေး များတွေ့လို တွေ့ငြား ဟိုကြည့် ဒီကြည့်နဲ့ ကြည့်နေတုန်း ၊ အိုး တွေ့ပြီ သူတော်ကောင်း မို့ထင့် နတ်ကောင်းမ တာပါဘဲ ၊ “လာပါအုံး” ဂျပန်ဖရဲသီး သေးသေးလေး တွေကို ဆိုင်းနဲ့ထမ်းပြီးရောင်းတဲ့ အသယ်ကြီး ကိုတွေ့တော့ ၀မ်းသာလိုက်တဲ့ ဖြစ်ခြင်း..။

တစ်လုံးဘယ်လောက်တုန်း ၁၅၀ ဟုတ် သုံးလုံးယူမယ် ၊ လေးရာထားပါလို့ စစ်လိုက်တော့ အိုကေပါ တယ် ၊ ရောင်းသူကလဲ ကျေနပ်တော့ သုံးလုံးကို လေးရာနဲ့ ရလိုက်တယ် ၊ ဖရဲသီးတော့ ရပါပြီ ဘယ်လို စားမတုန်း ၊ အဝေးကို လှမ်းမျှော်ကြည့်လိုက်တော့ ထနောင်းပင် ခပ်ကြီးကြီးတပင် တွေ့ တယ် ၊ မျက်စောင်းထိုးမှာလဲ အိမ်လေးရှိလေရဲ့ ထောင့်အိမ်ဆိုတော့ ဒီဘက်ဆို လမ်းရှိတော့တာ  အဲဒီအပင် အောက်မှာဘဲ စားဘို့ စိတ်ပိုင်းဖြတ်လိုက်တာပေါ့ ၊ အပင်အောက် ကိုရောက်တော့ သတင်းစာ လေးထုတ် ဖင်အောက်ကို တစ်ရွတ်ခင်း ၊ ဖရဲသီးအောက်ကို နှစ်ရွတ်ထပ်ခင်းပြီး မောက်ချ ဓါးလေးနဲ့ ခွဲစားတာ အောင်မလေး ကောင်းလိုက်တဲ့ ဖရဲသီး ၊ ချိုလိုက်တာ အေးနေ တာဘဲ ၊ သီချင်းလေး နားထောင်အုံးမယ် ဆိုပြီး mp3 လေးထုတ်ပြီး သန်းထွန်းလေးရဲ့ မွေးဋ္ဌာနီ ကိုနားထောင်လိုက် ၊ ဖရဲသီးလေးကို စားလိုက် ဇိမ်ကျနေတုန်း ။

မျက်စောင်းထိုး အိမ်ထဲက မဲတူးနေတဲ့ နို့ဆီဗူး လေးလုံးချက်လောက် ရှိတဲ့ ဒန်အိုးမဲမဲ တလုံးဟာ သိပ္ပံကားတွေ ထဲမှာပါတဲ့ ပုဂံပြားပျံလို ပျံပြီး ကျွန်တော်ဘက်ကို ဦးတည်လာပါတယ် ၊ ကျွန်တော်နဲ့ ဆို လက်တကမ်း အလိုမှာ ဘုတ်ခနဲ ပြုတ်ကျသွားပါတယ် ၊ အိုး ဘယ်လိုသဘောတုန်း ကျွန်တော် တော်တော်လေး ကြောင်သွားပါတယ် ၊ ဒီကိစ္စကို နားလည်လို့ မရပါဘူး ဘယ့်နှယ် ဒန်အိုးကြီးက ဒီနားလာကျတာလဲ ၊ ဆိုပြီး နားကြပ်ခလေး ဖြုတ်ပြီး ပတ်ဝန်းကျင် ကိုလေ့လာလိုက်တော့ ဒီလို အသံတွေကို အဲဒီအိမ်ထဲက နေကြားရပါတယ် ………..။

ကိုအေးထွန်း ရှင်က ဒန်အိုးကို လွင့်ပြစ်တယ်ပေါ့ ၊ ဒီလိုလား ရှင်က ဟားဟား မိအေး ပိုတယ်မှတ်လိုက် ၊ ရှင်ကဒန်အိုးနော် ဒီမယ် ဒယ်အိုး ၀ှီး ခနဲ့အသံအပြင် ကလုံ ကလွမ်ဆိုတဲ့ အသံတွေပါ ထပ်ချပ်ပါလာပြီး ဒယ်အိုး တစ်လုံး ထပ်ပြီး ကျွန်တော့်နား ရောက်လာပြန်ပါတယ် ၊ ခုနက ပျော်နေတဲ့ စိတ်ကလေး ဘယ်ရောက်သွားမှန်းမသိ လိုက်ပါ ၊ သူများရန်ဖြစ်ရင် ကျွန်တော် မွေးရာပါ ဗီဇက လက်ခြေအေးတဲ့အထိ ကြောက်တတ်ပါတယ် ၊ ထပြေးရအောင်လဲ ဖရဲသီးက ခွဲလက်စ တလုံး ၊ မခွဲရသေးတာ နှစ်လုံး ကျောပိုးအိတ် ရှုတ်ရှက်ခတ်နေတော့ ထလဲမပြေးရဲ ပြေးလို့လဲ မရဖြစ်နေတဲ့ ကျွန်တော့်ဘ၀ဟာ တော်တော်လေးကို အခြေနေဆိုးပါတယ် ၊ အိမ်ထဲက အသံကို နားစွင့်ကြည့်လိုက်တော့ “မိအေး နင်တော်တော့နော် ” မတော်တော့ ရှင်ကဘာလုပ် ချင်လို့တုန်း ” ဟာဒီမိန်းမ ငါ TV ရိုက်ခွဲလိုက်လို့ ” တော်က ဒီလိုလား ရှင်က TV ဆိုရင် မိအေးက VCD လို့မှတ်လိုက် ၊ လုပ်လိုက်လေ ကိုအေးထွန်းရဲ့ ကြာသလားလို့” အဲလိုအပြန်အလှန် ရန်ဖြစ် နေတုန်း  အမေဖြစ်ဟန်တူတဲ့ အဘွားကြီးတစ်ယောက်ရဲ့ အသံကို ဒီလိုလေး ကြားရပြန်ပါတယ် ဟဲ့ “သေချင်းဆိုးမနဲ့ သေနာကောင် တော်ကြတော့ဟဲ့ လူကြားလို့မကောင်းဘူး နင် တို့မရှက်ပေ မဲ့ငါရှက်တယ် ဟဲ့ ရပ်ကွတ်ထဲမှာ လူတွေနဲ့နေတာ ” မိအေးက ဒီလိုတုန့်ပြန်တယ် “ အမေ တော် အသာနေစမ်းပါ  လူကြီးလူကြီးနေရာ နေ ” အဲလို အဘွားကြီးကို ဟောက်လိုက်ပြီး နဂိုထက် နှစ်ဆ ခန့် လောက်မြင့်တဲ့အသံနဲ့ ရန်ထက်ဖြစ်နေကြပြန်ပါတယ်  ထူးခြားချက်ကတော့ အဆဲ အတုတ် လေးတွေ ဟာ အစပိုင်းထက် ပိုမို မြိုင်ဆိုင်လာတာကို သတိထားမှိပါတယ် ….။

ကျွန်တော်လဲ လူကကြောက်တတ် ပါတယ်ဆို အဲလိုရန်ဖြစ်နေတော့  နေသာပူနေတာ လက်တွေ ခြေတွေ အေးစက်တဲ့အထိ ကြောက်လာပါတယ် ၊ ဘာကိုကြောက်မှန်းကိုမသိပါ အဲဒီချိန်မှာ  အိမ်ထဲက နေ ဘွားတော်ကြီးက အ၀တ်လျှော်တဲ့ ဒုတ်နဲ့ ထွက်လာပါတယ် အောင်မလေး မြတ်စွာ ဘုရား ကြောက်လိုက်တာမှ ဘာကြောက်သလဲမမေးနဲ့ ကြည့်လဲမကြည့်ရဲ ၊ ခေါင်းကိုအောက်ငုံ့ပြီး အဲဒီဘွားတော်ရဲ့ ၊ ခြေထောက်ကိုသာ ကြည့်နေမှိပါတော့တယ် ကိုယ့်ကိုလာရိုက်တာ ဆိုရင် ရှောင်ရအောင်ပါ ၊ ဘွားတော်ကလဲ အသက်သာကြီးတာ ဆဲလိုက် တုတ်လိုက်တာ ဆိုတာ ပါးစပ် က ဂါထာဆိုနေသလိုဘဲ ၊ ဘာလုပ်တယ် မှတ်တုန်းအဲဒီဘွားတော်က ကျွန်တော့အနား က ဒန်အိုးနဲ့ ဒယ်အိုးကို  ကျကျနန သူ့ရှေ့ဆွဲယူပြီး “ဒီလောက်ပြောမရတဲ့ ဟာတွေ သောက်ရှက် မရှိဘူး ဘာညာနဲ့ဆိုပြီး ဒန်အိုးနဲ့ ဒယ်အိုးကို အ၀တ်လျှော်ဒုတ်နဲ့ ရိုက်တာများ အောင်မလေး ကြတ်သိန်းတွေ တောင်ထတယ် ကြောက်လိုက်တာဗျာ ဘွာတော်ကြီး ကြီးက အဲလိုလုပ်တော့ အိမ်ထဲကလူတွေ ဘာသံမှ မကြားတော့ဘူး ဘွားတော်ကြီး က ဆယ်မိနစ်လောက် အားရပါးရ ထုရိုက်ပြီး သွားတော့  ဒန်အိုးနဲ့ ဒယ်အိုးဟာ  မလှမ်းမကန်းက ကြည့်ရင် ဂေါ်ဖီထုတ်လိုလို သံခမောက် လိုလို ဖြစ်သွားတဲ့ အထိ ဖြစ်သွားတယ် ၊ ပြီးတော့ ကျွန်တော်ကိုဘက်ကို  လှည့်ပြီး ဒန်အိုးပိန် ဒယ်အိုးပိန်ကို ယူပြီး အိမ်ထဲဝင်သွားတယ် ကျွန်တော့်ကို အမှိုက်ကောက်တဲ့ လူလို့ထင်လို့နဲ့တူတယ် သူ့ဟာလေးတွေကောက် သွားမှာလဲ စိုးရိမ်တယ်နဲ့ တူပါတယ် ။

အဲဒီဘွားတော် အိမ်ထဲဝင်သွားရော အောင်မလေး အသက်ရှုချောင်လိုက်တာ ခင်မျာ လွတ်လပ်လိုက်တာ ဟုမ္မရူးတို့ အင်နီဗင်းတင့် တို့ ကိုယ်ပိုင်အုပ်ချုပ်ရေး တို့ဆိုတဲ့ လွတ်လပ်ရေးမျိုး တွေက  ကျွန်တော်လွတ်လပ်လောက် မလွတ်လပ်ဘူး ထင်မှိတာဘဲ အဲဒီဘွားတော်လဲ အိမ်ထဲဝင်ရော ကျွန်တော်လဲ ဖရဲသီး ခွဲလက်စကို တောင်မစားနိုင်တော့ဘဲ မခွဲရသေးတဲ့ ဖရဲသီး နှစ်လုံးကို ပိုက်ပြီး သုတ်ခြေတင် ပြေးလာလိုက်တာ ၊ ကားလမ်းမပေါ် လဲရောက်ရော ၊ မြင်းလှည်းတားပြီး တဲခိုခန်းပြန်လာ အခန်းတံခါး ဖွင့်ပြီး ကုတင်ပေါ် ပြစ်တတ်ပြီး ဒိုင်ယာရီ စာအုပ်လေးဖွင့်ရေးပြီး ထိုးအိပ်ပလိုက်ပါတော့တယ် …………………။

(မိတ္ထီလာကို ရောက်စဉ်က တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်လေးပါ နာမည်နဲ့ နေရပ်လိပ်စာတောင် လွှဲမထားပါဘူး)