Saturday, April 9, 2011

ချဉ်ပေါင်ရွက်ချက်ခြင်းသာ ဖြစ်ပါသည်။



Mustafa ကိုသွားပြီး ဖိနပ်ဝယ်တယ်

တစ်ရံကို ၁၈ ကျပ်ခွဲ ။
 နှစ်ရံဝယ်ခဲ့တယ်
 ကုန်တိုက်သွားတာလမ်းမှားပြီး ကုန်စိမ်းတန်းရောက်လို့ ချဉ်ပေါင်ရွက်တွေ့တာနဲ့ ၀ယ်ခဲ့လိုက်တယ် တစ်ကျပ်ဘိုးတဲ့။
 တန်တာနဲ့ နောက်တစ်ကျပ်ဘိုး ထပ်ဝယ်လိုက်တော့ ၂ကျပ်ဘိုးဖြစ်သွားတယ်။
 ချွေလိုက်တာ အဲလောက်အပုံကြီးဖြစ်သွားတယ်။ အဲဒီအတိုင်းအခြောက်ခံထားလိုက်တယ်။
 ဒါကတော့ အရွက်ချွေလို့ ကျန်တဲ့ အရိုးတံတွေပေါ့။
ဒါကတော့ပင်နီဆူလာကနေ ၀ယ်ထားတဲ့ မျှစ် ၁ကျပ်တန်။
 စိတ်မထိန်းနိုင်တာနဲ့၊ ငပိသေးသေးလေး တစ်တုံးရယ်၊ မျှစ်နဲနဲရယ်၊ ငရုတ်သီးကျော်ပြီးသား ၄တောင့်ရယ်၊ နနွင်းမှုန့်နဲနဲ၊ အချိုမှုန့်၊ ငရုပ်သီးအရောင်တင်နဲနဲ၊ ထည့်ပြီး လက်တဆုတ်စာလောက်ကို ထည့် ကြော်လိုက်တာ။
 ငါးမိနစ်လောက်နေတော့ အဲသလိုလေးဖြစ်သွားတယ်။
အဲဒါနဲ့ ပုဂံထဲထည့်ပြီး နှစ်ယောက်သား စားလိုက်ကြတယ်၊ ကောင်းလိုက်တာ တအားဘဲ၊ မဒမ်ကတောင်ပြောသေးတယ်၊ ကိုကိုငွေက သိပ်တော်တယ်ဆိုဘဲ။
အဲဒီအပုံကြီးက အခြောက်ခံထားတာ၊ နောက်ကျမှာ ကြော်ချင်ရင်ကြော်၊ ဒါမှမဟုတ် အရေသောက်ချက်မယ်လို့မှန်းထားတယ်။ (မှတ်ချက်) ဒီရက်အတွင်း ဧည့်သည်လက်မခံ။ လာဖတ်တဲ့လူတွေကတော့ ငွေလမင်းတို့ကို ဆားချက်တယ်ထင်ကြမှာပေါ့ ၊ တစ်ကယ်တန်းက ဆားချက်တာမဟုတ်ရပါဘူး၊ သေသေချာချာကြည့်ကြပါ ချဉ်ပေါင်ရွက်ချက်တာပါ။ မနေ့က ကုန်ကျငွေ စုစုပေါင်းမှာ၊ ဖိနပ်၂ရံ ၃၇ကျပ်၊ ချဉ်ပေါင်ရွက်၂ကျပ်၊ မဒမ် ရိုတီစား ၄ကျပ်၊ ကိုကိုငွေ ပလာတာစား၎ကျပ်၊ ကုတ်တဗူး၁ကျပ်၊ MRT ကဒ်ဖြည့် ၁၀ကျပ်၊ စုစုပေါင်း ၅၈ ကျပ်။

Tuesday, April 5, 2011

လွှတ်တော်ရှေ့က `ကျိုင်း´

                                        မြန်မာလွှတ်တော်ရှေ့က ကျိုင်း
                                          ဗြိတိသျှလွှတ်တော်ရှေ့က ကျိုင်း
                                                         ဗြိတိသျှ ပါလီမန်
                                                       မြန်မာပါလီမန်
                            တရားလွှတ်တော်ချုပ်ရှိ ဘုရင်မကြီးကို ကိုယ်စားပြုသည့် ကျိုင်း
                                လွှတ်တော်တွင်းရှိ ဘုရင်မကြီးကို ကိုယ်စားပြုသည့် ကျိုင်း
                               လန်ဒန်မြို့တော်ဝန်၏ ဘုရင်မကြီးကိုယ်စားပြုသည့် ကျိုင်း
                                          ကျိုင်းကိုင် လုလင်ဆိုတာ သူပေါ့
 

နှစ်လပိုင်းတုန်းက ရန်ကုန်ပြန်တယ် ပြန်တော့ညဘက်တွေ သတင်းတွေဘာတွေ နားထောင်ဖြစ် တယ် ၊ အဲတုန်းက အများအားဖြင့်က လွှတ်တော်သတင်းတွေလေ၊ လွှတ်တော် တတ်တော့မယ် ဆိုရင် အရင်ဆုံး လွတ်တော်ဥက္ကဌရှေ့က ကျိုင်းကိုင်စာရေးက ကျိုင်းကြီးကို ထမ်းလာပြီး ကလပ် ပေါ်တွင် တင်ပြီးမှ အခမ်းစတင်ပြီ ဖြစ်ကြောင်း သဘာပတိက တူထုခါ လွှတ်တော်ကို စတင်သည် ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင်တွေ့မြင်လိုက်ပါတယ်။

တူမတွေ တူတွေက အဲဒီ တင်းပုတ် လိုလို ဘာလိုလို ရွှေရောင်ငွေရောင် တပြောင်ပြောင်နဲ့ ဟာကြီးကို ဦးလေးဖြစ်သူကို ဘာကြီးလဲ လေးလေးလို့မေးတော့ ဦးလေးဖြစ်သူက ကျိုင်းတော့ လို့တော့သိတယ် ဘာလို့ဆို ကျိုင်းဆိုတာ ဘင်ခရာတီးဝိုင်းမှာလဲ ပါတယ်လေ ဘင်ခရာလေးဘာလေး တီးခဲ့မှုတ်ခဲ့ဘူးတော့ အဲဒါကျိုင်းကွယ့် တူလေး တူမလေးတို့ရဲ့ လို့ပြောလိုက်ပေမဲ့၊ တူတွေတူမတွေက ကျေနပ်ပုံမပေါ်ဘူး ကျိုင်းကြီးက ဘာလို့ဒီနားလာထားတာလဲ လေးလေး ဆိုတော့ ကျွန်တော်လဲ ဆက်မပြောတတ်တာနဲ့ `ပျောက် မှာဆိုးလို့ကွ သူကရွှေဆိုတော့ အဘိုးတန်တယ်လေ လူကြီးတွေ အစည်းဝေးလုပ်နေတုန်း လူမ သွားရင် ရွှေ၆ပိဿာ ဆုံးမှာကိုးကွ ဟဲဟဲ အဲဒါကြောင့်ယူလာတာ´။အဲလိုသလို ခပ်တည် တည်လေးနဲ့ ရွှီးလိုက်တော့ ၂တန်းသာရှိသေးတဲ့ တူနဲ့ တူမက ယုံတာပေါ့ ကျွန်တော်အ ဖြေကို တူတွေ တူမတွေ တော်တော်သဘောကျသွားတယ်၊ ဟုတ်တယ်နော် လေးလေး ရွှေတွေနဲ့ လုပ်ထားတာ ဆိုတော့ ဟိုလူကလိုချင်ဒီလူက လိုချင်နေမှာပေါ့ `ဟုတ်တာပေါ့ကွ´ ။

ခလေးကိုညာချတယ်လို့တော့ စာဖက်တဲ့လူတွေကို မထင်စေချင်ဘူး ကျွန်တော်လဲသိမှမသိတာ မသိတာနဲ့ အဲလိုဘဲဖြေလိုက်တာပေါ့ ၊ စိတ်ထဲမှာတော့ တူလေးတူမလေးတွေ အရွယ်ရောက် လာရင်တော့ ကျိုင်း အကြောင်းကို နားလည်အောင်ရှင်းပြမယ်လို့ တော့တွေးထားပါ တယ်၊ အခုအင် တာနက်ကနေ ရှာဖွေဖက်ရှုနေတာ တော်တော်လေး ကျိုင်းအကြောင်းကို သိနေ ပါပြီ၊ အဲဒါကြောင့်  ကျိုင်းအကြောင်းကို သိသလောက် ဖောက်သယ်ချပါ့မယ်နော်။ 

ကျိုင်းကို အင်္ဂလိပ်လို (Mace) လို့သုံးနှုန်းတယ်၊ မြန်မာလိုအဓိပ္ပါယ်ကတော့ အခွင့်အာဏာကို ကိုယ်စားပြုခြင်းလို့ ဆိုပါတယ်၊ မြန်မာ စွယ်စုံကျမ်း အတွဲ ၂ မှာကတော့ ကျိုင်းဆိုတာ မြင့်မြတ် သောအခွင့် အာဏာကို ညွန်းဆိုသည့် အဆောင်အယောင်လို့ ဆိုပါတယ်၊ ကျိုင်းမှာ မြန်မာမင်းများလက်ထက် ဘုရင် မိဖုရားနှင့် မင်းညီမင်းသားတို့၏ အဆောင် အယောင် တစ်ပါးဖြစ်၏။ ဘုရင်က ခြီးမြောက် သူကောင်းပြုခံရသူများလည်း ဘုရင့်အမိန့် အရ ကျိုင်းကို ကိုင်ဆောင်သုံးစွဲခွင့် ရ၏။ ကျိုင်းကို ဘုရင်၊ မိဖုရား၊ မင်းညီမင်းသား စသည်တို့ မင်းပွဲသဘင် စသော အခမ်းအနားများသို့ တက်ရောက်သောအခါ ဆိုင်ရာကျိုင်းကိုင် အမှုထမ်း များက ကိုင်ဆောင်၍ လိုက်ပါရ၏။

ကျိုင်းမှာ အရိုးရှည်တပ်ထားသော ခမောက်သဏ္ဍန်အရာ ဖြစ်၏။ အထွတ်ကို ရွှေချထားခြင်း တစ်မျိုး၊ အထွတ်ရွှေနှင့် အအုံ၊ အရွက်၊ အရိုးတို့ အနီသုတ်ခြင်းတစ်မျိုး။ ကျိုင်းဖြူတွင် အထွတ်အနီသုတ်ခြင်း တစ်မျိုးအားဖြင့် ၃ မျိုးရှိ၏။ ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် ကျိုင်းကို လက်ကိုင်အရိုး တွင် မှန်စီ၍လည်း အသုံးပြုကြောင်းကို၊ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းတွင်ပါသော 'ဝေါရှည်နှင့် ဝေါတော်ရှေ့ကျိုင်း ၄ ချက် စီ၊ လက်ကိုင် မှန်စီကျိုင်းတော်နှစ်'ဟူသော စကားအရ သိရပြီး။ တစ်ခါတစ်ရံ ကျိုင်းကိုရှေ့ မှကိုင်ဆောင်ရုံမက ဆောင်းမိုးခြင်းလည်း ပြုကြောင်းကို ပြာဋိဟာခန်းပျို့လာ 'ယာဉ်ညင်စီးစီး၊ ကျိုင်း ထီးဆောင်းဆောင်း'ဟူသော စကားအရ၄င်း၊ လွှတ်တော် သတ်ပုံလာ 'ဆောင်းသည့်ကျိုင်း' ဟူသော စကားအရ၄င်း သိရ လေသည်။

ကျိုင်းကို အဆောင်အယောင်အဖြစ် အသုံးပြုရာ၌၊ မင်းနှင့် မိဖုရားကား ၈-လက်၊ အိမ်ရှေ့မင်း၊ မင်းညီ မင်းသားတို့ကား ၄- လက်၊ တစ်ခါတစ်ရံ ၆-လက်ဆောင်၏။ ကျိုင်းကို မင်္ဂလာ အခမ်းအနား များတွင်သာမက အသုဘအခမ်းအနားများတွင် လည်း အဆင့်အတန်းအလိုက်၊ ဆိုင်ရာအမှု ထမ်းများက ကိုင်ဆောင်၍ လိုက်ပါရသည်။

ကျိုင်းကို မြင့်မြတ်သူတို့၏ အဆောင်အယောင်ဖြစ်သဖြင့် သာမာန်လူတို့နှင့် မထိုက်တန်ရကား၊ 'ကျိုင်းနှင့် သပေါက်၊ မထောက်မတန်'ဟူ၍၄င်း၊ 'သိုင်းနှင့် ကျိုင်းနှင့် ဂုဏ်ကြီးမြင့် သည်' ဟူ၍၄င်း စာပေတွင် စပ်ဆိုကြသည်။ ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဌနှင့် လူမျိုးစုလွှတ်တော် နာယကတို့တွင် ငွေဖြင့်ပြုလုပ် ထားသော ကျိုင်းကို အဆောင်အယောင်အဖြစ် ထားရှိသည်။ ထိုကျိုင်းမှာ အရှည် ၄ ပေနှင့် ၈ လက်မခွဲရှိ၍ ငွေသား ကျပ်ချိန် ၆ဝဝ ရှိ၏။ အဆိုပါကျိုင်းသည် ဥက္ကဋ္ဌနှင့် နာယက တို့၏ မြင့်မြတ်သော အခွင့် အာဏာကိုပြ၏။ မြန်မာမင်းများ လက်ထက်ကျိုင်းနှင့် ယခုလွှတ်တော် တွင် တွေ့မြင်ရသော ကျိုင်းတို့မှာ အထွတ်အမြတ်ဖြစ်သော သဘော ချင်းသာ တူ၍ ပုံသဏ္ဍာန်ချင်းကား မတူချေ။ (ရှေးမြန်မာမင်းများလက်ထက် ကျိုင်းသည် ခမောက်ကဲ့သို့ သဏ္ဍာန် ရှိပြီး ရွှေထီး ကဲ့သို့ အောက်ခြေခုံတွင် ထောင်ထားရသည်)

 အင်္ဂလန်နိုင်ငံ၏ လွှတ်တော်တွင် အသုံးပြုသော ကျိုင်းမှာ ဗြိတိသျှ ဘုရင်မကြီးကို ကိုယ်စားပြု သည့် အနေဖြင့် ထားသောကျိုင်းဖြစ်သည်၊ မြန်မာလွှတ်တော်တွင် ထားသော ကျိုင်းသည် လွှတ်တော် ဥက္ကဋ္ဌ၏ အခွင့်အာဏာကို ပြသည့် ကျိုင်းဖြစ်သည်၊ဥက္ကဋ္ဌဌနှင့် နာယကသည် လွှတ်တော်အစည်း အဝေးခန်းမသို့ ကြွရောက်သောအခါ ဆိုင်ရာကျိုင်းကိုင်အရာရှိက ဥက္ကဋ္ဌကြီး ၏ ရှေ့ ၈ ပေခန့်အကွာမှ ကျိုင်းကို ကိုင်လျက် သွားရ၏။

သတ်မှတ်ထားသော နေရာတွင် ဥက္ကဋ္ဌကြီး ထိုင်ပြီးသောအခါ ဥက္ကဋ္ဌကြီးရှေ့ရှိ ကျိုင်းထားရာ သီးသန့်နေရာတွင် ကျိုင်းကို အလျားလိုက် တင်ထားရသည်။ အစည်းအဝေးပြီး၍ ဥက္က ဋ္ဌကြီး ပြန်လည်ထွက်ခွာမည့်အခါ ကျိုင်းကိုင်အရာရှိသည် ကျိုင်းကို ယူဆောင်၍ ရှေ့မှ သွားနှင့်ရသည်။ ကျိုင်းမှာ လွှတ်တော်တွင် အရေးပါလှ၏။ လွှတ်တော်ထဲတွင် ကျိုင်းရှိနေလျှင် လွှတ်တော် အစည်းအဝေးရှိနေသည်။ ဥက္ကဋ္ဌကြီး၏ ရှေ့၌ရှိသော ကျိုင်းကို ယူဆောင်သွားလျှင်ပင် အစည်း အဝေး ပြီးဆုံးပြီဟူသော အထိမ်း အမှတ်ဖြစ်တော့သည်။ ကျိုင်းကိုင်အရာရှိကို အစဉ်အလာ အားဖြင့် ရဲဝန်ထက် (ရဲချုပ်သို့မဟုတ် ရဲဝန်ကြီး)  အဆင့်အတန်းနိမ့်သူကို ခန့်ထားရိုး မရှိချေ။

နိုင်ငံတော်တရား လွှတ်တော်ချုပ်နှင့် တရားလွှတ်တော် တရားဝန်ကြီးများလည်း ကျိုင်းအဆောင် အယောင်များ ရရှိကြ၍ တရားခွင်သို့ ဝင်သည့်အခါကျိုင်းနှင့် ဝင်ကြသည်။ တရားဝန် ကြီးများ၏ ကျိုင်းမှာ တရားဝန်ကြီး၏ အခွင့်အာဏာကို ပြသည့်အပြင် 'ဥပဒေနှင့် တရားမျှတမှု'၏ အထိမ်းအမှတ် လည်း ဖြစ်သည်။

တရားလွှတ်တော်ချုပ်တွင် သုံးသောကျိုင်းသည် ၆ ပေခန့် ရှည်၍ သစ်သားဖြင့် ပြုလုပ် ထား၏။ကျိုင်း၏ ထိပ်မှာ လုံးဝန်း ၍ ရွှေချထားသည်။ တရားဝန်ကြီး တရားခွင်သို့ ကြွလာသည့် အခါ ကျိုင်းကိုင်လုလင်က တရားဝန်ကြီး၏ ရှေ့ ၉ ပေခန့် အကွာမှ ကျိုင်းကို ထမ်း၍ သွားရသည်။ တရားဝန်ကြီးက နေရာတွင် ထိုက်လိုက်သည်နှင့် တပြိုင်နက်၊ ကျိုင်းကိုင် လုလင်က ကြမ်းပြင် ကိုကျိုင်းဖြင့်ဆောင့်၍ အချက်ပေးလိုက် သည်။ ယင်းသိြု့ပု လုပ်ခြင်းမှာ ထိုအချိန်မှစ၍ တရားရုံး ထိုင်ပြီဖြစ်ကြောင်း ကျေညာခြင်းပင် ဖြစ်၏။ တရားဝန်ကြီး ပြန်လည်ကြွသွားသည့်အခါ ကျိုင်း ကိုင်လုလင်က ဝင်လာသည့် နည်းတူ တရား ဝန်ကြီး၏ ရှေ့က ထွက်နှင့်ရသည်။

ဗြိတိသျှ ပါလီမာန်မှာ လွှတ်တော် နှစ်ရပ် အပြင်၊  စည်းမျဉ်းခံ ဘုရင်စနစ်အရ ဘုရင်မကြီး ရှိပါတယ်။ တိုင်းပြည်ရဲ့ အရေးပါတဲ့ လွှတ်တော်ကို ဗြိတိသျှတွေရဲ့ ရိုးရာ အစဉ်အလာအရ ဘုရင် မကြီး ရဲ့ ရှေ့မှောက်မှာ ကျင်းပရပါတယ်။ တကယ့်လက်တွေ့မှာ အစည်းအဝေး တိုင်းအတွက် ဘုရင် မကြီးက မတတ်ရောက်နိုင်တာရှိပါတယ် ။ ဒါကြောင့် ဘုရင်မကြီးကိုယ်စား ကျိုင်းကို ပါလီမန်မှာ ချထား တာ ဖြစ်ပါတယ်။ အစည်းအဝေး "စ" တော့မယ်ဆိုရင် ကျိုင်းကို  ဘုရင်မကြီး အစည်းအဝေးခန်းထဲ ဝင်လာတဲ့ အထိမ်းအမှတ်နဲ့ အားလုံးက အရိုအသေပေးပြီး ပါလီမန်ထဲကို လူတစ်ယောက်က သယ်လာရပါတယ်။ အစည်းအဝေးပြီးရင် ပြန်သယ်သွားရပါတယ်။ နယူးဇီလန်၊ သြစတေးလျှလို ဗြိတိသျှ ဘုရင်မကြီး သြဇာခံ ဓနသဟာရ နိုင်ငံတွေရဲ့ ပါလီမန်မှာလဲ ကျိုင်းကို ထားရှိပါတယ်။

ကျိုင်းမှာ မြင့်မြတ်သောဂုဏ်ထူးနှင့် အခွင့်အာဏာ၏ အထိမ်းအမှတ်ဖြစ်၍ အခြားနိုင်ငံ များတွင်လည်း ပါလီမန် လွှတ်တော်များ၊ တရားလွှတ်တော်များ၊ တက္ကသိုလ်များတွင် ဆိုင်ရာအကြီးအကဲများ၏ အဆောင်အယောင်အဖြစ် ထားရှိ၏။ အင်္ဂန်နိုင်ငံ လန်ဒန်မြို့ တော်ဝန်ထံတွင် ငွေကျိုင်းအဆောင် အယောင် ရှိသလို ။ ကျိုင်းကိုင် အမှုထမ်းများကိုလည်း ထားရှိလေသည်။ ရှေးခေတ်ဟောင်းက စစ်ဖက် ဆိုင်ရာ ကျိုင်းများကို လက်နက်သဖွယ် အသုံးပြုနိုင် အောင် ပြုလုပ်ထားသလို ။ အိန္ဒိယနိုင်ငံတွင်မူ အလှအပမွမ်းမံထားသော ကျိုင်းအပြင် လက်နက် သဖွယ် ကိုင်ဆောင်ရသော ကျိုင်းများကိုလည်း အသုံးပြကြသေးတာကို တွေ့မြင်ရပါတယ်။

တချို့သော သူများက မြန်မာလွှတ်တော်တွင် ကျိုင်း ထားခြင်းကို ဗြိတိသျှ ပါလီမန်မှ အတုယူ လုပ်ခြင်းဖြစ်သည် ဟုပြောဆိုတာ ကိုတွေ့မြင်ဖူးပါသည်၊ မဟုတ်ပါ ကျိုင်းထားခြင်းကို မြန်မာလွှတ်တော် စတင်ပေါ်ပေါက်ခဲ့သော ပုဂံခေတ် နရပတိစည်သူမင်းကြီး လက်ထက်မှာပင် ကျိုင်းကို စတင်သုံးစွဲနေပြီ ဖြစ်ကြောင်းရွှေဘုံ နိဒါန်းလာ မင်းခမ်းမင်းနား များတွင် ဖက်မှတ်ဖူးပါသည် မည်သို့ပင် ဖြစ်စေ ကျိုင်းဟူ သည် ၊ ယဉ်ကျေးမှုအဆင်အလာအားဖြင့် ကြီးမား သောတိုင်းနိုင်ငံများတွင် အလွန်အရေးပါသော မင်းခမ်း မင်းနား အမှတ်တံဆိပ်တခု ဖြစ်ပါကြောင်း သိသလောက် ဖောက်သယ် ချ လိုက်ရပါတယ်။

စာရှုသူများ အထွေထွေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါ တယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်မျာ။


Monday, April 4, 2011

ချစ်သူနဲ့ ထိုင်းမှာနေထိုင်တော့မယ့် Justin Bieber






 အဲဒီ ပေါ့ပ်အဆိုတော်လေး ဘန်ကောက်ကိုပြောင်းဖို့ စီစဉ်နေတာကို Bangkok Post သတင်းစာရဲ့ The Buzz ကဏ္ဍကနေ အဲဒါကို ဖွင့်ချလိုက်တာပါ။အဆိုကျော်လေးက သူ့ရဲ့ လျို့ဝှက် ရည်းစားကို လွန်ခဲ့တဲ့ လ အနည်းက ထိုင်းနိုင်ငံကို အလည်အပတ်ခရီး ထွက်သွားခဲ့တုန်းက တွေ့ခဲ့တာဖြစ်ပြီး ဒီကောင် မလေး နဲ့ တွေ့ဆုံဖြစ်ဖို့ သူ့ သူငယ်ချင်းက အကြံပေးခဲ့တာ လို့လည်း သိရပါတယ်။ သူကတော့ ဖေ့စ်ဘုတ် ဘီလီယံနာ Mark Zuckerberg ပဲဖြစ်ပါတယ်။ Zuckerberg က လွန်ခဲ့တဲ့နှစ် အနည်းငယ်က ထိုင်းနိုင်ငံမှာ မင်္ဂလာဆောင်တခု လာတက်ခဲ့ဖူးပါတယ်။

Beber ကို စွဲလမ်းတဲ့ရောဂါရနေကြတဲ့ သန်းနဲ့ချီသော မိန်းကလေးတွေကို သေချာပေါက် အံ့သြတုန်လှုပ် သွား စေမယ့် ဒီသ တင်းကြောင့် ကမ္ဘာပေါ်က အလစ်လပ်ဆုံး လူပျိုလေးတ ယောက်ဖြစ်တဲ့ Beberကို သူ့ရဲ့ ၁၇ နှစ် ပြည့် မွေးနေ့ပြီးတဲ့ ၁ လ အကြာ မှာပဲ ဒီစာရင်းကနေ ပယ်ဖျက် ပစ်လိုက်မှာ ဖြစ် ပါ တယ်။ဂီတအသိုင်းအ၀န်းနဲ့ နီးစပ်သူတွေ အဆိုအရBieber ဟာ ဘန်ကောက် တက္ကသိုလ် က ဂီတ ကျောင်းသူတဦး လို့ ထင်ရတဲ့ သူ့ချစ်သူ ကောင်မလေးကို စတွေ့တဲ့အချိန်မှာပဲ မြင်မြင်ချင်း ချစ်မိသွားတယ်လို့ သိရပါတယ်။

“သူ့ နာမည်ကို ဖော်ပြလို့ မရပေမယ့် သေချာပြောနိုင်တာတခုကတော့ သူမက အရမ်းလှပြီး ၊ အရမ်းကို ကြည့်ကောင်းတဲ့ ဆယ်ကျော်သက်ကောင်မလေးတယောက်ဆိုတာပါပဲ” လို့ ပြောထား ပါတယ်။သူမဟာ အရမ်းကို ရိုသေကိုင်းရှိုင်းတတ်ပြီး ၊ အေးချမ်းတည်ငြိမ်တဲ့ မိသားစုက လာ တာဖြစ်တယ် ဆို တာ ကောင်းကောင်း သိရသလို၊ သူတို့ ချစ်သူ နှစ်ဦးကို ကြည့်ရတာ တယောက်ကို တယောက်တကယ် ချစ်ကြ တယ်ဆိုတာ မြင်ရတယ်။အခုအထိတော့ သူတို့ဟာ သူငယ်ချင်းပုံစံ တွဲသွား ချိန်းတွေ့တာ မျိုးလောက်ပါပဲ။ နာမည်ကြီးတဲ့ ဆယ်ကျော် သက် တွေအ ကြိုက် ... ရုပ်ရှင်ကို အတူတူ သွားကြည့်ခဲ့မယ်လို့ ကျနော် ယုံတယ်။ ပြီးတော့ ကောင်မလေး အမေက သူတို့ ကြားမှာ ထိုင် တာဗျ ...။

ဂီတလောကထဲက အတွင်းသိ တယောက်က “Bieber ကတော်တော် ခိုက်သွားတယ်....သူ မစောင့်နိုင်လို့ ဘန်ကောက် ကို ပြောင်းနေတော့မယ်တဲ့ ။ သူ့ရဲ့ကမ္ဘာ့အနှံ့ ဖျော်ဖြေရေး အ သက်မွေး ၀မ်းကျောင်းနေ တာ တွေကိုတောင်စွန့်ပြီး သူ့ရဲ့ အထူး ကောင်မလေး ရှိတဲ့ ဘန် ကောက်မှာ လာနေတော့မယ်” လို့ ပြောပါတယ်။ Biber က သူ့ကောင်မလေးအတွက် ရည်စူးပြီး အယ်လ်ဘမ် တခုသွင်း မယ်လို့ သိရပါတယ်။ software ရှာတွေ့ တာနဲ့ တပြိုင်တည်း ကောင်မလေးအတွက် ထိုင်းအချစ်သီချင်းတွေ သွင်းတော့ပါမယ်။

Bieber ဟာ ဘန်ကောက်မြို့က ဂီတ စင်မြင့် တွေအပေါ်တတ်လာချိန်မှာ နာမည်ကြီးဂီတနေရာ အတော်များများ မတ်လ ၃၁ ရက်နေ့က ပျော်ရွှင်သွားကြတယ်။skytrain’s Sukhunvite Line မှာရှိတဲ့ Phrom phong station အနီးက နာမည်ကြီး expat’ pub နဲ အောင် နိုင်ခြင်း ကျောက်တိုင် (victory Monument) နားက Trendy Club တခုမှာ Bieber ဖျော်ဖြေမယ်ဆိုတာ အစ ကတည်းက အစီစဉ် ရှိခဲ့တယ်လို့ယုံ ကြည်ရပါတယ်။ဂီတအသိုင်း အ၀န်းထဲက လူတွေကတော့အဲဒါကမ ယုံနိုင်လောက်အောင် အံ့သြစရာကောင်းတယ်။ တ ကယ်တော့ ဒီလို မျိုး အံ့သြစရာကောင်းတဲ့ story မျိုးတနှစ်မှတခါလောက်ပဲ ရတတ်တယ်လို့ ပြောဆို နေကြ ပါတယ်။

၁.၄.၂၀၁၁နေ့ထုတ် BANGKOK POST သတင်းစာမှာတော့ ဒီလိုရေးသားထားပါတယ်

Justin bieber ready to move to bangkok to be with thai girlfriend.



 It is believed that the singer met his mystery girlfriend when he made a secret holiday trip to Thailand a few weeks ago on the advice of his good friend, Facebook billionaire Mark Zuckerberg, who attended a wedding here late last year.

The news _ which is sure to shock millions of teenage girls with "Bieber fever" _ takes one of the world's most eligible bachelors off the market just a month after his 17th birthday.
A record industry source told The Buzz that it was "love at first sight" when Bieber met the girl, believed to be a music student at a Bangkok university.

"I can't reveal her name, but I can say that she is a beautiful and very smart young woman," the source.
"She comes from a very respectable and quite well known Thai family, and it seems like this is true love.
"So far they have only been on chaperoned dates. I believe they went to see the popular teen movie Suck Seed Huay Khan Thep together, and her mother sat between them.

"But Justin is so smitten he has told friends he can't wait to relocate to Bangkok. In fact he has said that he would happily give up his global career for this very special girl."

It is understood that Bieber will also record an album of Thai-language love songs dedicated to his girlfriend as soon as he can find a Thai version of the popular Auto-Tune software.

A number of well-known music venues yesterday confirmed they would be happy to have Bieber appear on stage in Bangkok. It is believed he has already been pencilled in for intimate performances at a trendy club near Victory Monument and a popular expats' pub near Phrom Phong station on the Skytrain's Sukhumvit line.

One music industry insider added: "This is so incredible it's almost impossible to believe. In fact, I'd go so far as to say that you'd get a story as amazing as this just once a year, probably on this date."


Thursday, March 31, 2011

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်

                                                 ဗိုလ်ချုပ်ကြီးသိန်းစိန်ဖြစ်စဉ်က
              ဒုသမ္မတများနှင့်အတူ ယမန်နေ့က ကျမ်းသစ္စာကျိန်ဆိုနေသော သမ္မတကြီး ဦးသိန်းစိန်


မြန်မာသက္ကရာဇ်၁၃၇၂ခုနှစ်၊ ခရစ်နှစ် ၂၀၁၁ခု မတ်လ-၃၀-ရက်၊ နံနက်၁၁နာရီ ၊ ၁၅-မိနစ်အချိန် တွင်၊ ပြည်ထောင်စုမြန်မာနိုင်၏ မြို့တော် နေပြည်တော်  ပြည်ထောင်စုလွှတ်တော် ခန်းမတွင် ပြုလုပ်ပြီး ထိုအခမ်းအနားကို လွှတ်တော်နှစ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များအပြင် ပြည်ထောင်စု တရား သူကြီး ချုပ်၊ ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥ ပဒေဆိုင်ရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီး များ၊ ပြည်ထောင် စု ရှေ့နေချုပ်များ၏ ရှေ့မှောက်တွင်၊ သမ္မတ ကျမ်းသစ္စာကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ဒုတိယသမ္မတများဖြစ်ကြသော သီဟသူရတင် အောင်မြင့်ဦးနှင့် ၊ ဒေါက်တာဆိုင်းမောက်ခမ်းတို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပြီး၊ ပြည်ထောင်စုမြန်မာ နိုင်ငံ၏၊ ၂၂နှစ်တာမျှ အုပ်စိုးခဲ့သော စစ်ဘက်ဆိုင်ရာ အုပ်ချုပ်မှု့ကို တခန်းရပ်ပြီး အရပ်သားအစိုးရ သစ်ကို ဦးဆောင်လိုက်ပါတယ်။

သမ္မတကြီးဦးသိန်းစိန်၏ ကိုယ်ရေးအကျဉ်း

သမ္မကြီး ဦးသိန်းစိန်ကို ၁၉၄၅ခုနှစ်ဖွားမြင်ပြီး၊ စစ်တက္ကသိုလ် အပတ်စဉ် ၉ မှ သင်တန်းဆင်းကာ တပ်မတော် တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး။ ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံဖြိုးရေးပါ တီဗဟိုအ ဖွဲ့ခေါင်း ဆောင်အဖြစ် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် စတင်လှုပ်ရှားကာ ၀င်ရောက် ယှဉ်ပြိုင် အ ရွေးခံပြီး  အနိုင်ရခဲ့သူဖြစ်သည်။

၁၉၈၈ တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကကကြည်းတွင် စစ်ဦးစီးဗိုလ် မှူးကြီး၊စစ် ဆင် ရေးကွပ်ကဲရေးမှူးတာဝန်များကိုထမ်းဆောင်ခဲ့ရပြီး ၁၉၉၇တွင် ကြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်း မှူး အဖြစ် တိုးမြှင့်ခန့်ထားခြင်းခံခဲ့ရသည်။

၁၉၉၈တွင် ဗိုလ်ချုပ် ၂၀၀၂တွင် စစ်ရေးချုပ် ၂၀၀၃တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးအပြင် နိုင် ငံတော်အေး ချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၂)၂၀၀၄တွင် အတွင်း ရေးမှူး(၁) ထမ်းဆောင်ခဲ့သည်။ ၂၄-၁၀-၂၀၀၇ ရက်နေ့မှစ၍ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင် ခဲ့ပြီး။ လက်ရှိ တပ်မတော် အစိုးရ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တွင် အတွင်းရေးမှူး (၂)၊ အတွင်းရေးမှူး (၁) ၊ ခေတ္တ၀န်ကြီးချုပ်အထိ အဆင့်ဆင့် တာဝန်ပေး ခန့်အပ်ခြင်းခံရပြီး နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီးစိုးဝင်း ထံမှ ဆက်ခံသည်။ 

နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးသည့်နောက် ၂၀၀၅တွင်ဗိုလ်ချုပ်ကြီးဖြစ်လာပြီး နိုင်ငံတကာနှင့် ချစ်ကြည်ရေးခရီးစဉ်များအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမို ကရက်တစ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ပြီး ရင်းနှီးချစ်ကြည်ရေး တိုးတက်တည်ဆောက်ခဲ့သည်။ မကြာမီက မြန်မာနိုင်ငံ တွင်ဖြစ်ပွားခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသည့် ပြည်သူများထံသို့ ဦးဆုံးရောက်ရှိ သော အရာရှိကြီး လည်းဖြစ် သည်။ အမျိုးသားသဘာဝဘေး ကာကွယ်တား ဆီး ရေး ဗဟိုကော် မတီ၏ ဥက္ကဋ္ဌတာဝန်ကိုလည်း ပူးတွဲ ထမ်းဆောင်ခါ နိုင်ငံတော်အဆင့် အခြား လုပ်ငန်း ကိစ္စအ၀၀တွင်လည်း အစိုးရအဖွဲ့ကို ဦးစီးကွပ်ကဲလျက်ရှိပြီး။ ယခုအချိန်အထိ (၄၃) နှစ်တိုင်တိုင် စစ်ဆင်ရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စစ်ဘက်နယ်ဘက်တာဝန်အသီးသီးကို ထမ်း ဆောင်ခဲ့ပြီးဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဇမ္ဘူသီရိ မြို့ နယ်မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရ ရွေးချယ်ခံရပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ပထမအကြိမ် ပြည်ထောင် စုလွှတ်တော်အ စည်းအဝေးမှ နိုင်ငံတော်သမ္မတအဖြစ်ရွေ့းချယ် တင်မြှောက်ခြင်းခံရခါ သူပြည် ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံဖြိုးရေးပါတြီကီး၏ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ဇနီးမှာ ဒေါ်ခင်ခင်ဝင်းဖြစ်ပြီး။ ရင်သွေး (၃) ဦး ထွန်းကားခါ ။ ယခုအခါတွင်နေပြည်တော် ရှိ နိုင်ငံတော် သမ္မတအိမ်တော် တွင် နေထိုင် လျှက်ရှိ ပါသည်။

မည်သို့ပင်ဖြစ်စေခါမူ ပြည်ထောင်စုမြန်မာနိုင်ငံသားများ ဖြစ်သည့်အားလျှော်စွာ ပြည်ထောင်စုကြီး၏ သမ္မဖြစ်သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ကြိုဆိုလိုက်ကြပါဆို့လားခင်မျာ။

နိုင်ငံတော်သမ္မတကြီးအပါဝင် ပြည်ထောင်စုသားများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေေ ကြာင်း ငွေလမင်း တို့က ဆုမွန်တောင်းလိုက်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြ ပါစေခင်မျာ..။