Saturday, May 7, 2011

ကြက်ဥနှင့်ပြစ်သော် အဘယ်နည်း???

ကျွန်တော်ငယ်ငယ်က မော်လမြိုင်ကို ခဏခဏရောက်တယ်၊ မြို့မဟုတ်ပါဘူး၊တောရွာလေးပါ ၊ တောရောက်တော့ ရောက်သည့်အားလျှော်စွာပေါ့ ၊ ဟိုဟာလုပ်ဒါလုပ် သစ်ပင် တတ် ချောင်း ချို ချောင်း ကြား မြောင်းကျိုမြောင်းကြား ဂဏာန်းနှိုက် ပုဇွန်နှိုက် တောတတ်၊ အားရတယ်မရှိပါဘူး၊ တခါတရံကြတော့ ၊ ပွဲတွေဘာတွေ ကတဲ့ရာသီနဲ့ကြုံကြိုက်တဲ့အခါ ရှိတယ်၊ ကျွန်တော် ၇နှစ်သား ကမှတ်ပါတယ်၊ အဲဒီဒေသမှာ ပွဲကတာ ပွဲနာမည်က ပြည်သူ့စိန်ခဲ လားဘဲ ကလိုက်တဲ့မင်းသား ၊ ကျွန်တော် တို့ကလဲ ဘမျိုး ဘိုးတူဗျ ပွဲအင်မတန်ကြိုက်တယ်၊ ကတာခုန်တာ တီးတာမှုတ်တာ အကုန်ဝါသနာပါတယ်၊ ၇နှစ်သား အရွယ်ဆိုတာ ပွဲခင်းထဲရောက်တာနဲ့ အိပ်ရမှာ ဖြစ်ပေမဲ့ ကျွန် တော်က အိပ်ကိုမအိပ်ဖူး ၊ အပျိုတော်ထွက် တာကနေ စလိုက်တာ ၊ အော်ပဒါ၊ မြန်မာသံစဉ်၊ စတိက် ရှိုး ၊ ပြဇာတ်၊ နှစ်ပါးသွား ၊နောက်ပိုင်း အိုး မိုးလင်း ထိဆိုပါစို့ဗျာ။

ကျွန်တော့်တို့ ကပွဲကြည့်မှာဆိုတော့ သူကြီးက ဖျာနေရာတို့ဘာတို့ စီစဉ်ပေးထားရတယ်၊ ကျွန် တော်တို့ ဘေးဖျာတချပ်ကျော်က လူတွေမကဘဲ ခွေးတစ်ကောင်ပါ ပွဲထိုင်ကြည့်နေတာကို တွေ့ တယ်ဗျ၊ ကျွန်တော်ကလဲ ဒီခွေးကို ပွဲကြိုက်တဲ့ခွေးဘဲ မှတ်တာဘဲ၊ နောက်တော့မဟုတ်ဘူးဗျ၊ ဒီခွေးက ကိစ္စရှိလို့ ပွဲခင်းထဲကို တကူးတက ပိုင်ရှင်ဖြစ်သူက အစာရေစာ ပေးပြီး အချိုသက်ခေါ် ထားတာ၊ တညလုံးဘာပြဿနာမှမဖြစ်ဘူး၊ နှစ်ပါးသွားထွက်တော့ မင်းသားစိန်ခဲနဲ့ မင်းသမီးနှစ် ပါးလည်း သွားရော ခုနက ကျွန်တော်တို့ ဖျာတချပ်ကျော်က ၀ှီးကနဲ အသံကြီးထွက်ပြီး ကိန်ကိန် ဆိုတဲ့အ သံပါကြား လိုက်ရတယ်၊ နောက်တော့ ဘေးကခွေးကို ဘယ်အမျိုးကောင်းသားက ခွေးကို ဝေဟင် မှာလေ ယာဉ်စီးစေပြီး ကနေတဲ့ ဇာတ်စင်ပေါ်ကို အလည်အပတ် လွှတ်လိုက် သလဲမဆို တတ်ဘူး၊ အိုး ပြေးသူပြေး လွှားသူလွှား အော်ကြ ဟစ်ကြ နဲ့ ပွဲပျက်တယ်ဆိုပါစို့။

မိုးလင်းမှ အကြောင်းစုံ မေးကြည့်တော့ မင်းသားစိန်ဂဲ ဇာတ်ထဲက မင်းသမီးနဲ့ ရွာထဲက ကာလသားတွေနဲ့က တော်တော်လေပေးဖြောင့်ဆိုဘဲ၊ ကာလသားတွေနဲ့ လေပေးဖြောင့်တဲ့ မင်းသမီးကို ညောင်နာနာနဲ့ မင်းသားစိန်ခဲက တညလုံး အပျိုတော် ထွက်ပြီးကတည်းက မိုးလင်းလို့ နောက်ပိုင်းကတဲ့အထိ ဒီမင်းသမီးတလက်ထဲကို မင်းသားစိန်ခဲက တွဲကလို့ ၊ ရွာကကာလသားကြီးတွေက သူတို့အချစ်တော်မင်းသမီးကို အဲလို တညလုံး ၂ရက်ဆက်တိုက် ကရကောင်းလားဆိုပြီး ခွေးနဲ့ပြစ်တင်ပြီး ပွဲဖျက်တယ်လို့ သဲ့သဲ့ကြား ခဲ့တာဘဲ၊ အဲဒီအကြောင်းကို ထိုင်းမှာကျောင်းတတ်တုန်းက သူငယ်ချင်းတွေ ပြောပြတော့ တော်တော်လေး ရီကြတယ်၊ နောက်ပြီးတော့ သူငယ်ချင်းတစ်ယောက်က မှတ်ချက်ပေးတယ် ယဉ်ကျေးမှု့ သိပ်မထွန်းကားလို့ ကွတဲ့၊ တို့အာရှနိုင်ငံတော်တော်များများမှာ ဒီလိုဘဲဖြစ် နေဆဲ တဲ့။

အခုအောက်က သတင်းလေး ဖက်လိုက်တော့ ဇာတ်စင်ပေါ်ကို ခွေးပြစ်တင်တာကို အနှီသူငယ် ချင်းက ယဉ်ကျေးမှု့မထွန်းကား သည်ဟု ဆိုရကား၊ ကြက်ဥနှင့် ပေါက်လျှင် အဘယ်သို့နည်းဟု ပုစ္ဆာပြုလိုက် ချင်ပါဘိတောင်း။

စာရှု့သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ၊ ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ ကြပါစေခင်မျာ။

 

 

          Australian charged over Justin Bieber egg throwing

SYDNEY: An Australian teenager was charged Thursday with breaking into the roof of a concert arena so he could throw eggs at Canadian pop sensation Justin Bieber.

The 17-year-old heartthrob, touring Australia, has been mobbed by screaming girls at sold-out shows, but had eggs thrown at him when performing his first single "One Time" at a concert in Sydney on Friday.

None hit him and he finished singing the song before taking a break so the stage could be cleaned up.

Australian Associated Press said a 17-year-old Sydney resident was arrested at his home early Thursday and charged with breaking and entering, trespass and malicious damage following complaints from Acer Arena.

He was bailed to appear at a children's court on June 2.


Thursday, May 5, 2011

လူမဖြစ်တတ်သော ကောင်မလေးနှစ်ယောက်

                                    အမွှာပူးသမီးမွေးစဉ်က ပြုံးပျော်နေသော သမ္မတဟောင်းဂျော့ဘွတ်
                                                    berbera နဲ့ Jenna
                                    အသက်ပြည့် ဘီယာမှီဝဲခွင့်ရရှိထားသူလေးနှစ်ဦး

အတာသင်္ကြန် အတွင်းက နာရေးကူညီမှု့အသင်းရန်ကုန်လည်း တော်တော်လေးကို မအားမလတ်ရှိ ပြီး၊ နာရေးကိစ္စအ၀၀ကို ကူညီပို့ဆောင်ပေးရသည်ဟူသတတ်၊ ထိုကဲ့သို့မအားမလတ်ပို့ဆောင် သဂြိုလ်ရ သည့် အခါတွင်း တွင် ရန်ကုန်တွင်သေဆုံးသူပေါင်း ၁၇၅ဦးကို အန်ကယ်ကျော်သူက ဦးစီးပြီး အသုဘ ကိစ္စအ၀၀ အတွက် ပို့ဆောင်သဂြိုင်္လ်ပေးခဲ့ရသောဟူ၏။

ထိုသတင်းတွေရဲ့နောက်ဆက်တွဲအရ သေဆုံးသူ တစ်ဝက်မှာ သင်္ကြန်ရေဆော့ကစားရင်း အရက်မူး လွန်ပြီး သေဆုံးသူများ ဖြစ်တယ်လို့သိရပါသေး၏၊ တချို့မှာ အသက် ၁၅/၁၆ ကျော်ကျော်မိန်း ခလေးတွေ တောင်ပါဝင်တယ်လို့ ပြောပြတဲ့လူက တအံ့တသြကြီး ပြောပြနေလို့ သဘောကျမှိသေးတယ်။

သူငယ်ချင်းတစ်ယောက်က ဂျီတော့ကနေ သူငယ်ချင်းမတစ်ယောက် အခါတွင်း ပျော်ပါး ဆော့က စားရင်း ၊ အရက်မူးလွန်ပြီး သေချင်းဆိုးသွားရှာတယ်လို့ သတင်းပေးလာလို့၊ကိုကိုငွေကလဲ အားကျမခံ မောင်ရင်ရယ် ၁၅/၁၆တွေ အရက်သောက်လို့ သေတာဘာများဆန်းလို့ တုန်း ဘိန်းတောင်ရှုနေမှဟုတ်စာ ၊ သူကပြန်ပြောပါတယ် ကျွန်တော့်ကို `မင်းကလဲကွာ´ မကွာနဲ့ မောင်ရင်ရဲ့ ဒို့နိုင်ငံရဲ့ တချို့သော အရပ်ဒေသတွေမှာ  တချို့မိဘတွေ အရွယ်မရောက်သေးတဲ့ သားသမီးတွေကို အရက်ဆိုင်လွတ်ပြီး အရက်ဝယ်ခိုင်းတယ်မောင်၊ စာသင်ကျောင်းနားမှာ ဘီယာ ဆိုင်ရှိတယ်မောင်၊ ထန်းတောထဲမှာ တက္ကသိုလ်ရှိတယ်မောင်၊ တက္ကသိုလ်ဝန်းကျင်မှာ ဘော်ဒါလို လို ဘာလိုလိုနဲ့ မာဆပ်ဖွင့်ထား တာရှိတယ်၊ နောက်ဆုံးကွာ ဆောင်ကြာမြိုင်တောင်ရှိနေသေး တယ်မင်းဘာပြော ချင်သတုန်းမောင်ရင်။

`အိုကွာ´ လို့သူကတခွန်းဘဲပြောနိုင်တယ်၊ ကျွန်တော် လဲ ဆက်ပြောလိုက်သေးတယ်၊ ရန်ကုန်မြို့ လည်ခေါင်မှာ ယာမလိုစိတ်ကြွ ဆေးပြား ၀ယ်လို့ရတယ် ပိုက်ဆံတတ်နိုင်လို့ကတော့ မူးယစ်ဆေး မျိုးစုံရတယ်ကွ၊ ဒီလိုဖြစ်နေမှ တော့ သင်္ကြန်ရက် အရက် သောက်ပြီး ကာလနာ တိုက်တာ ဘယ်တတ်နိုင် မတုန်းလို့ ဘုတောတော လိုက်မှိပါတယ်။

ဒီလိုသတင်းမျိုးတွေ ကိုကိုငွေတို့ ၀န်းကျင်မှာ ရိုးဟိုးဟိုးနေပါ့မဟုတ်လား ဆေးမိလို့  ဘယ်လူ ကြီးသားက ဘယ်အဆိုတော်နဲ့ ဆေးချကြလို့ ရဲကမှိပေမဲ့ မဖမ်းရဲဘူး၊ ခနခနကြားတယ် ဘယ်သူ့သမီးနဲ့ ဘယ်သူ့သားက ဆေးလွန်ပြီးဆေးရုံရောက်ပြန်ပြီ စသဖြင့်စသဖြင့် အဲသလိုကြား ဖန်များတော့ နားတောင်ယဉ်နေပါပြီ၊ ဒါတွေနဲ့ပတ်သတ်ပြီး စကားမစပ် လွန်ခဲ့တဲ့ ၂၀၀၁ခုနှစ်က ဧပြီလလား မေလလား မမှတ်မှိဘူး၊ သတင်းတခုဖက်လိုက်ရသေးတယ်၊ အဲဒီအချိန်က အမေရိကန် နိုင်ငံရဲ့ ၄၃ဆက်မြောက် သမ္မတကြီး ဂျော့ဘုရှ် ရဲ့ အမွှာသမီးနှစ်ဦးဖြစ်တဲ့ berbera နဲ့ Jenna ဆိုတဲ့ ငတိမလေးနှစ်ယောက် ညကြီးအချိန်မတော် တက္ကဆက်ပြည်နယ်ထဲက  Austin အရပ်မှာ ရှိ တဲ့ Chuy’s ဆိုတဲ့ ဘားလေးတခုမှာ သူများမှတ်ပုံတင်နဲ့ ဘီယာဝယ်မှိလို့ တက္ကဆက်ပြည်နယ်ရဲ့ ဥပဒေအရ အသက်၂၁နှစ်မပြည့်သေးဘဲ အရက်မရောင်းချခွင့်မရှိသောကြောင့် အဆိုပါ သတို့သမီး နှစ်ယောက်ကို ရဲကိုအကြောင်းကြား ပြီးဖမ်းဆီးသမှု့ပြုခဲ့လိုက်တဲ့ကြောင်းဖက်လိုက်ရပါသေး တယ်။

ရောင်းတဲ့ဆိုင်ကိုလဲ ပထမအကြိမ်ရောင်းချခြင်းကြောင့် ဆိုင်ကို ရက်ပေါင်း၆၀ ပိတ်၊ ၀ယ်ယူသူကို လည်း ဒဏ်ငွေ၅၀၀ပေးခိုင်းလို့ ကမ္ဘာတလွှား ဟိုးလေးတကျော်ဖြစ်တဲ့ သတင်းတမုတ်ဟုတ် ချင်း တောင်ပျံ့နှံ့ သွားသေးမဟုတ်လား။ ဖခင်ဖြစ်သူ သမ္မတကြီးခင်မျာ ၀ါရှင်တန်ကိုသွားဘို့ သမ္မတ အထူးလေ ယာဉ်ပေါ်ကိုရောက် နေမှ ရဲကဖုန်းဆက်လို့၊ တက္ကဆက်ကိုပြန်ပြီး အသက်၂၁ နှစ်မပြည့်သေးတဲ့ သမီး ငယ်လေးတွေ အတွက် ဒဏ်ငွေ၅၀၀ကို ကိုယ်တိုင်ပေးဆောင်လိုက်ရပြီး၊ သူ့သမီးလေးတွေကြောင့် ဆိုင်ပိတ် သိမ်းလိုက်ရတဲ့ ဆိုင်ရှင်ကြီးကိုလဲ ၀မ်းနည်းပါကြောင်း တောင်းပန်လိုက်ရသေးဆိုဘဲ။

 အခါတွင်းမှာ သေခဲ့တဲ့ အမျိုးသမီးငယ်လေးတွေကို အရက် ရောင်းလိုက်တဲ့ ဆိုင်တို့ ဘီယာရောင်းလိုက်တဲ့ ဆိုင်တို့ကို နိုင်ငံတော်သမ္မတကြီး နေပြည်တော် ဆရာသိန်းက အဲသလို ဥပဒေဥပဒတ်တွေနဲ့ ထုတ်ပြန်တားမြစ်ထားရင် သိပ်ကောင်းမှာဘဲလို့ တွေးမှိလိုက်သေးတယ်။ သို့ကလိုမင့်လေလဲ၊ စိတ်ကူးဟာ စိတ်ကူးသာရှိတာဘဲပ ကိုကိုငွေတို့က ဘာအာဏာမှ မရှိပါ့ဘဲ ရှိတဲ့လူများ လုပ်ချင်ရင်လုပ်ဖို့ပေါ့ ။

ကဲနိဂုံးချုပ်မယ်ဗျာ ၊  ဟိုအမေရိကန် သမ္မတဟောင်းကြီးရဲ့ သမီးလေး နှစ်ယောက် ဘီယာမ သောက်ရဘူး ဟုတ်စ ၊ လာခဲ့မြန်မာပြည်ကို ဒီမှာ မင်းတို့ထက် ငယ်တဲ့ မြန်မာမိန်းခလေး တွေတောင် ဘီယာတို့ အရက်တို့ပေါပေါများများ ပျော်ပျော်ရွှင်ရွှင် သုံးဆောင် နေမှ ၊ မင်းတို့ ညီမဟာ ကံကိုဆိုးတယ်၊ လူစဖြစ်ဘို့ စဉ်းစားကတည်းက မြန်မာပြည်မှာ လူဝင်စားဘို့ ကောင်းတယ်၊ အခုတော့ အမေရိကန်သမ္မတ ကတော်ကြီး လော်ဒါဘွတ် ထံဝင်စားတော့ ဘီယာမ သောက်ရဘဲ အရှက် တကွဲအကျိုးနဲဖြစ်တာပေါ့ ၊ ဒို့ဆီက လူဆင်းရဲ တွေဆီမှာ သာဝင် စားလိုက်ရင် ၁၅/၁၆ လောက်နဲ့ ကလပ်လဲရောက်မယ်၊ ဘီယာ လဲ သောက်ရတယ် ၊ အရက် လဲသောက်ရတယ် +++++ +ဖြစ်တယ်ပေါ့ကွာ ပေါ့ကွာ။ နောင်များ လူဖြစ် တတ်ပါစေပေါ့….။

ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ..။





Tuesday, May 3, 2011

မှန်ရာကို သစ္စာဆိုပါမည်..။

ဒီတလော စာမရေးဖြစ်တာ တော်တော်လေးကြာနေပါပြီ၊ နေ့ဖက်တွေကြတော့ မအားဘူး ညဖက် အားလို့ စာလေးပေးလေး ရေးမလားမှတ်တယ်၊ မန္တလေးရွှေမြို့တော်က ဘလော်ကာ စိန်ကိုးကို ကိုးက လှမ်းလှမ်းခေါ်တာနဲ့ မရေးဖြစ်ဘူး၊ နေ့ဖက်ကြတော့ မဒမ်က မာဆပ်သွားသွားနေရတယ် ခေါင်းကိုက်လို့၊ ဟိုနေ့က ဆေးခန်းသွားတယ်၊ ကုန်လိုက်တဲ့ပိုက်ဆံ။

ဘယ်လောက် ဘလော့နဲ့ဝေးစွခြောက်ပါး အေးမြယောကျာင်္း ဖြစ်နေသလဲဆိုရင် ဘလော့ ကာများရဲ့ အချစ်တော် ငွေလမင်းတို့အခေါ်အားဖြင့် ဘကျောက် ဘ၀တပါးကူး ပြောင်း သွားတာ မသိလိုက်ဘူး ၊ ဧပြီလ ၂၄ရက်နေ့ကတောင် ငွေလမင်းမှာ လာပြီးတော့ ကွန်မင့်ပေးသွားသေး တယ်၊ နောက်ဆုံး ကွန်မင့်လေလား ဘကျောက်ရယ်၊ ဘကျောက်ရေ ငွေလမင်းတို့က လူငယ်တွေ ဆိုတော့ မရိုမသေ မလေးမစားနဲ့ ပေါက်ကရ ပေါက်ပန်းဈေး ပြောဆိုမှိခဲ့ရင် သည်းခံပါလို့ တောင်း ပန်လိုက်ပါတယ်၊ အဘရဲ့ ဘလော့ကို လာပြီးတော့ ကွန်မင့်မရေးချင်ဘူးဗျ ၊ ကျွန်တော်က ၀မ်း နည်းတတ်တယ်၊ မဒမ်ကလဲ နေမကောင်းနေတဲ့ကြားက အလိုက်ကန်းဆိုးမသိ သွားမန့်လိုက်ပါအုံး တဲ့၊ ကျွန်တော်လဲ မန့်မလို့ စာတွေရေးပြီးမှ စိတ်မကောင်းဖြစ်လာလို့၊ ဖြတ်ပလိုက်တယ်ဘ ကျောက်ရေ၊ ကျွန်တော် တို့ရဲ့ ငွေလမင်းလေးက ဘလော့စပေါ့ မဟုတ်တော့ဘူးဗျ ၊ ဒိုမိန်းဖြစ်သွား ပြီသိလား၊ အော် …. အဘ ..အဘ မြင်မသွားရရှာပါလား၊ ဧရာဝဏ်ဆင်သေလို့ ဧရာဝဏ်နတ်သားဖြစ်တယ်ဆိုရင် ၊ ဘလော်ကာ ဘကျောက်သေရင် ဘလော်ကာကျောက် နတ်မင်း၊ သို့တည်းမဟုတ် ဘလော့နတ် မင်းကြီး ဖြစ်စေချင်ပါတယ်။

ဘကျောက်ဆုံးပြီး ရက်သိပ်မကွာဘူး အိုစမာဘင်လာဒင်ဆုံးတယ်၊ ဘကျောက်သာရှိသေးရင် ဟာ သနှောပြီး ဘယ်နည်းဘယ်ပုံရေးပါလိမ့်မလဲလို့ အတွေးနဲ့ ဆွေးနေသေးတယ်၊ တစ်ကယ်လို့သာ ဘကျောက်က ဘလော်ကာနတ်မင်းကြီး ဖြစ်ရင် ဘ၀တူနတ်သားတွေနဲ့ အိုစမာအကြောင်းရေး ကြပေါ့ ၊ ဟုတ်ဘူးလား၊ ကုသိုလ်ကလဲ အမျှအတန်းပေးရလောက်အောင်ထိ ကြီးကြီးမားမား မရှိဘူး အဘရဲ့၊ ဟိုးနေ့ကတော့ ကုန်တိုက်ထဲ ဂျပန်ငလျင်အတွက် အလှူခံပုံးတွေ့လို့ ၂ကျပ်လှူ လိုက်တယ်၊ နောက်တခါ အကြွေစေ့ ၁ကျပ်နဲ့ ပြား၇၀လောက်ရှိတယ်၊ အဲဒါအဘကို အမျှပေး တယ် သာဓုခေါ်ပါ အဘကျောက်၊ အဘမြေးမကိုလဲ စောင့်လျှောက်နော် ၊ စကာင်္ပူထီ ၅စောင်ထိုး ထားတယ် လေးရက်နေ့ထွက်မတဲ့ အဘရဲ့ ၊ မစလိုက်စမ်းပါ ပထမဆုလောက်ပါအောင် ပါလို့ကတော့ စကာင်္ပူမှာရှိတဲ့ ဘလော်ကာတွေကို အဘကျောက်အတွက် ဆိုပြီး တိုပါးယိုးကျောင်း မှာသွားလှူပလိုက်မယ်။

အော်အဘရေ စကားမစပ်ဗျာ ၊ မနေ့ညက ဘလော်ကာမာနတ်မင်းက ကူညီလို့ ငွေလမင်းတို့ရေး နေကြ ၊ http://www.lamin30.blogspot.com/ ကို http://www.ngwelamin.com/ ပြောင်းလိုက်တယ်၊ အိုင်တီ ကိုနကန်းတစ်လုံးမသိတဲ့ ကျွန်တော့်ကို ရှင်းပြနေလိုက်ပုံများ သိပ်ပြီး ချစ်ဘို့ကောင်း တယ်လို့တောင် ဆိုလိုက်ချင်ပါရဲ့ အဘရဲ့၊ အဲဒီမာနတ်ကြီးက တန်းဗျူ ဟာ ဆော့ဝဲလေး ပြေးလိုက်ပြီး မလေးရှားကနေ စကာင်္ပူကို လှမ်းကလိ လိုက်တာ ငွေလမင်းဒေါ့ကွန်းဖြစ် သွားတာပါဘဲအဘရဲ့။ ကဲအဘရေ လိုရင်းပြောမယ်ဗျာ စာသိပ် မရေးဖြစ်ဘူး အဘမြေးမဒမ်ငွေ နေမကောင်းဘူး၊ အိုစမာဘင်လာဒင်သေပြီ၊ အဘကို ဘလော်ကာနတ်မင်းဖြစ်စေချင်တယ်၊ လှူ တန်းထားတာလေးတွေကို အမျှအတန်းပေးဝေတယ်၊ အဘဆုံးတာကို ၀မ်းတော်တော်နည်းတယ်၊ စကာင်္ပူထီထိုးထားတာပေါက်ရင် အဘအတွက် စကာင်္ပူ ဘလော်ကာတွေစုပြီး အလှူလုပ်ပေးမယ်၊ မစပေါ့၊ http://www.ngwelamin.com/ ဖြစ်သွားပြီ ဒါပါဘဲအဘရေ အဘကောင်းရာသုဂတိ လားပါစေ။

ဘလော့ကာအပေါင်းတို့ခင်မျာ ငွေလမင်းတို့ကို http://www.ngwelamin .com/ ပြောင်းချိတ် ပေး ပါဟု ပြောကြားလိုပါတယ်၊ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ငွေလမင်းတိုက ဆုမွန်တောင်းပါ တယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Thursday, April 21, 2011

ဒေါ်လာ၂၀၏ တန်ဘိုး


ဟောပြောပွဲတခုတွင် ပညာရှင်တစ်ယောက်ဟာ ဒေါ်လာ၂၀တန် တစ်ရွတ်ကို ကိုင်ပြီး ဒီဒေါ်လာ ၂၀တန်ဒေါ်လာကို ယူချင်တဲ့ လူရှိရင် လက်ထောင်ပါလို့၊ စတင်ပြောဆိုလိုက်ပါတယ်၊ အဲဒီအချိန် မှာ ဟောပြောပွဲလာ ပရိတ်သတ်အားလုံးဟာ လက်ညိုးကိုယ်စီထောင်ပြီး ယူလိုကြောင်းပြ သလိုက် ကြပါတယ်၊ အဲဒီအချိန်မှာ ဟောပြောသူပညာရှင်က `ကောင်းပါပြီ´ ကျွန်တော့်ကို တခုခု လုပ်ခွင့် ပြုပါလို့ ပရိတ်သတ်ကို တောင်းဆိုလိုက်ပြီး ခုနက ပြထားတဲ့ ဒေါ်လာ၂၀တန်ကို လက်နဲ့ပွတ်ချေပြီး ကျေ မွသွားအောင်ပြုလုပ် လိုက်ပါတယ်။

 သူကဆက်ပြီး ပရိတ်သတ်ကို မေးလိုက်ပါတယ် `ဒီ၂၀တန် ငွေစက္ကူကို လိုချင်တဲ့ သူများ ရှိရင်သေး  လက်ထောင်ပါလို့ ပညာရှင်ကမေးလိုက်ပါတယ်၊´ အဲလိုမေးလိုက်ချိန်မှာ လက် ထောင်တဲ့ သူများဟာ အရင်ကလိုဘဲ ယုတ်လျော့မှုမရှိတာကို ပညာရှင်ကတွေ့မြင် နေလိုက် ပါတယ်။

`အိုကေ ဟုတ်ပြီ ကျွန်တော် ဒီလိုထပ်လုပ်ရင်ရောလို့´ ပညာရှင်က မေးပြီး ခုနက ၂၀တန်ဒေါ်လာ ကို ကြမ်းပြင်ပေါ်ကို ပြစ်ချပြီး၊ ခြေထောက်နဲ့ တတ်နင်းချေပါတယ်၊ ပြီးတော့ ပြန်ကောက်ပါတယ် ပြန်ကောက်တော့ ငွေစက္ကူဟာ ကြေမွနေရုံတင်သာမကဘဲ၊ ညစ်ပေပြီးနေပါတော့တယ်၊ အဲဒီအချိန်မှာ ပညာရှင်က အခုကိုင်ထားတဲ့ ကြေမွညစ်ပေနေတဲ့ ငွေစက္ကူကို လိုချင်တဲ့လူများ ရှိသေးရင် လက်ညိုးထောင်ပါလို့ ထပ်မံပြီးမေးလိုက်တဲ့ အခါမှာတော့ အရင်ကလိုဘဲ လက်ညိုးထောင်သူများ များပြားနေဆဲပါ။

အဲဒီအချိန်မှာ ပညာရှင်က `လေးစားအပ်တဲ့ မိတ်ဆွေများခင်မျာ အင်မတန် အဘိုးတန်တဲ့ သင်္ခန်းစာ တခုကို ကျွန်တော်တို့ ရလိုက်ပြီဖြစ်ပါတယ်၊ ဒီငွေစက္ကူကို ဘယ်လိုဘဲလုပ်လုပ် မိတ်ဆွေ တွေက လိုလားနှစ်သက် လက်ခံကြဆဲဖြစ်ပါတယ်၊ ညစ်ပေအောင် ပေပွကြေမွအောင် လုပ်ခဲ့ပြီးပါ ပြီ၊ ဒါပေမဲ့ မိတ်ဆွေတွေကတော့ ဒီငွေစက္ကူကို လိုလားနေဆဲဖြစ်ပါတယ်၊ အဲဒါဘာကြောင့်လဲ ဆိုရင် သူဟာ အရင်ကလည်း ဒေါ်လာ၂၀၊ အခုလဲ ဒေါ်လာ၂၀ဘဲဖြစ်ပြီး သူ့တန်ဘိုးကို ယုတ် လျှော့သွားခြင်းမရှိလို့ပါဘဲ။ လို့ပြောဆိုပြီး သူ့ ရဲ့ဟောပြောပွဲကို ရုပ်သိမ်းလိုက်ပါတယ်။

ဒီပုံပြင်လေးကတော့ ဆရာဖေလင်းသစ် မော်လမြိုင်မှာ ဟောပြောသွားတဲ့ ဟောပြောချက်ထဲက ပုံပြင်လေးတခုပါ၊ တန်ဘိုးရှိတဲ့အရာ ၀တ္ထုတခုခုကို ဘယ်လိုတန်ဘိုးကျအောင် လုပ်လုပ် လက်ခံ သူတွေ ကလက်ခံနေသေးရင် ထိုအရာဝတ္ထုဟာ တန်ဘိုးရှိနေဆဲဖြစ်တယ်လို့ ဆရာဟာဆိုလိုဟန် ရှိပါတယ်၊ ဒီပုံပြင်လေးကို ဆရာက မဂ္ဂဇင်းတခုမှာ ရေးလိုက်ပေမဲ့ မြန်မာနိုင်ငံ စာပေစိစစ်ရေးက ဖော်ပြခွင့်မရရှိတဲ့အတွက် ဆရာ့ရဲ့ပုံပြင်လေးဟာ ဖော်ပြခွင့်မရလိုက်ဖူးလို့ ဆရာက ဆိုပါတယ်။

ပတ္တမြား အစစ် ၊ နွံ့မှာနစ်သော် ၊ မညစ်အရောင် တိုး၍ပြောင်၏လို့ မြန်မာဆိုရိုးစကား ရှိ သမို့လားခင်မျာ တန်ဘိုးရှိသော အရာဝတ္ထုတိုင်းကို ဖုံးကွယ်လို့ ရတယ်ဟူ၍ ကြား ဖူးမှိကြပါ သလား??????။ ဒေါ်လာ၂၀ကို ဤမျှလောက် လူတိုင်း တန်ဘိုးထားသည်ဟု ဆိုလျှင်….??????။

ဘလော့စာရှုသူများ မင်္ဂလာနှစ်သစ်ပါလို့ နုတ်ခွန်းဆက်သရင်း ၊ တန်ဘိုးရှိသော အရာဝတ္ထုများကို ရယူပိုင်ဆိုင်နိုင်ကြပါစေကြောင်း ၊ ငွေလမင်းတို့ သားမိက ဆုမွန်တောင်းလိုက်ပါတယ်၊ ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်မျာ။

Wednesday, April 13, 2011

အတာစားခြင်း

"အတာ"ဟူသည် လောကီ အလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် "အန္တ”အဆုံး ဟူသောပါဠိပုဒ်မှ "အတာ" ဖြစ်လာသည်ဟုလည်း ကြံဆကြပြီး၊ ယင်းအလို အားဖြင့် "အတာ" ဟူသည် " နှစ် တနှစ် ၏ နောက်ဆုံး ကာလ၊  နောက်ဆုံးရက် အကျပိုင်း ကာလ" ကို ဆိုလိုပြီး "အတာရက်"မှာ သင်္ကြန် အတက် ရက်ကိုခေါ်ဆိုသည်ဟု မှတ်သားဖူးပါသည်။


အတာစား သည်ဟူသည် နှစ်တနှစ်၏နောက်ဆုံး ရက်ဖြစ်သော၊ သင်္ကြန်အတက်ရက်နှင့် မိမိတို့၏မွေးနေ့ တိုက်ဆိုင်သူများသည် "အတာစား"သူများဟု အစဉ်အလာအားဖြစ့် ခေါ်ဝေါ်ကြ ခြင်းဖြစ်ပါသည်။


မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်၊ နှောင်းတံခူးလဆန်း၁၃-ရက် ၊ ခရစ်နှစ် ၂၀၁၁ခု၊ဧပြီလ ၁၆ရက်၊ စနေနေ့ မြန်မာစံတော်ချိန် ည၇နာရီ ၊ ၄၅မိနစ်၊ ၃၁စက္ကန့်တွင် အတာတတ်သဖြင့် ၊ စနေသားသမီးများ အတာသင့်ပါသည်။ ထိုကဲ့သို့ အတာသင့်သောကြောင့် အတာသင့်သော နေ့နံသားများသည် ၊ အတာစားခြင်းအမှု့ကို ပြုလုပ်ရပါသည်။

"အတာစား" ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အနောက်တောင် အရပ်သို့ မျက်နှာမူကာပူဇော်ရိုသေ ထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင် ဆက်ကပ် ပူဇော်ခြင်းကို ဆိုလိုပါသည်။

၂၀၁၁ခုနှစ် သင်္ကြန်စာတွင် အတာစားပုံကို ဤကဲ့သို့တွေ့မြင်နိုင်ပါသည်၊"အတာသင့်သော စနေသားသမီးတို့သည် အတာ တက်သော အချိန်၌ ရတနာ ၇ ပါးဖြင့် ဆင်ယင်၍ မြတ်သောနေရာမှ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊ ဗြဟ္မာ သိကြား၊ စတုလောက ပါလ သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်တို့အား မိမိတို့ ဆန္ဒရှိသော ၀တ္ထု ပစ္စည်းတို့ဖြင့် လှူဒါန်း ပူဇော်ပသ၍ တိထီမြေခံ တနင်္ဂနွေ၏ ဂြဟဇာပွင့်ရာ အရပ်ဖြစ်သော အနောက်တောင် အရပ်သို့ မျက်နှာမူပြီးလျှင် အတာ စားကုန် ရာသည်။"



အတာစားလိုက်သည့်အတွက် စနေသား သမီးများသည် တနှစ်လုံး လိုအင်ဆန္ဒ ပြည့်ဝ လာနိုင်ပြီး။ အနှောင့် အယှက် ကင်းခါ ။ကောင်းကျိုး ချမ်းသာ မင်္ဂလာသုခ အပေါင်းတို့ ပြည့်ဝ လာနိုင်ကြောင်း ၂၀၁၁ သင်္ကြန်စာတွင် ဖော်ပြပါ အတိုင်းရေးသားထားသည်ကို တွေ့မြင်ရ ပါသည်။ "အတာစားခြင်း၏အကျိုးကား----- အတာပုည၊ ကုသလကို၊ ပြုကြ ကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည် "အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီ ဇေယျသုမင်္ဂလံ" ဟု ပသေနဒီ ကောသလ မင်းကြီးအား မြတ်စွာဘုရား ဟောကြားတော်မူ သည်ကို အကြောင်းပြု၍ ထိုကဲ့သို့ ရတနာ သုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့ သည် ကောင်းကျိုး ချမ်းသာ မင်္ဂလာ တရား ပြန့်ပွား တိုးတက် ပြည့်စုံ ကုန် ရာသည်။"

(သင်္ကြန်စာတွင် အတာစားသည့် အတွက် ကောင်းကျိုး ပြုပုံများကို မြတ်စွာ ဘုရားရှင်က ကောသလ မင်းကြီးအား ကိုယ်တော်တိုင် ဟောတော် မူခဲ့လေဟန် ရေးသားထား သော်လည်း ကောသလ သံယုတ် စသော ခိုင်ခံ့သော နိကာယ် ပါဠိတော်ကြီး များ၌ မလာရှိကြောင်း သိရပါ သည်။မင်္ဂလသုတ်တော်နှင့်အညီ ရတနာသုံးပါး၊ မိဘဘိုးဘွား ဆရာ သမား၊ သူတော်ကောင်း များကို ရိုသေခြင်း၊ ပေးလှူခြင်း စသည်တို့မှာ ကုသိုလ်နှင့် တွဲနေသော မင်္ဂလာ တရားတော်များ ဖြစ်သည့် အတွက် အပြစ်ကင်း၍ ပြုသင့် ပြုထိုက်သော အရာများ ဖြစ်ပါသည်။)

စာကြွင်း…..။
ယခုနှစ် သင်္ကြန်မှာ စနေနေ့ အတာစားမှာ ဖြစ်တဲ့အတွက် စနေနေ့ မွေးဖွားသူတွေကတော့ အတက်နေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်မှာ အရှေ့မြောက်အရပ်မှာ သီဟိုဠ်ညွန့်ခင်း၊ အုန်းညွန့် ကိုကိုင်၊ အနောက်တောင်အရပ်ဘက် မျက်နှာမူပြီး ခေါင်းဆေး မင်္ဂလာ ပြုလုပ်ရပါမယ်။

မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် အတွင်းမှာ ဗုဒ္ဓဟူးဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တို့ အားကောင်းစွာ ရပ်တည်တဲ့အတွက် စီးပွားရေးကဏ္ဍမှာ အများကြီး တိုးတက်နိုင်ပါတယ်။ ပြီးတော့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတို့မှာ ဖွံဖြိုးတိုးတက်စေနိုင်မှုကို ကိုယ် စားပြုတဲ့ သောကြာဂြိုဟ်နဲ့ စနေဂြိုဟ်က လည်း အားကောင်းနေပါတယ်။ ခရီးသွားလုပ်ငန်း၊ ဟိုတယ်၊ မိုတယ်၊ ဆောက်လုပ် ရေးနဲ့ သယ် ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ ထူးထူးခြားခြား ပြောင်းလဲနိုင်ပါတယ်။

အခုလာမယ့် ဧပြီလ အတွင်းနဲ့ ဒီဇင်ဘာလတို့မှာ ၀န်ထမ်းတွေနဲ့ ပတ်သက်တဲ့ အကျိုးခံစားခွင့် အခြေအနေသစ်တွေ ပေါ်နိုင်ပါတယ်။ ဧပြီလ ၁၉ ရက်ကနေ မေလ ၂၀ ရက် အတွင်းမှာ တစ်နှစ်တာ ကာလလုံးရဲ့ ရွှေဈေးနှုန်း အမြင့်မားဆုံး ရောက်ရှိနိုင်ပြီး  အဲဒီကာလနောက် ပိုင်းကစပြီး ရွှေဈေးနှုန်း ကျနိုင်တာကြောင့် တစ်နှစ်ပတ်လုံးမှာ ရွှေလုပ်ငန်းရှင်တွေ နစ်နာမှု ဖြစ်နိုင်ပါ တယ်။၂၀၁၁ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၁၂ ခုနှစ် မတ်လတို့မှာ သယံဇာတ တူးဖော်တွေ့ ရှိမှုတွေ ဖြစ်နိုင်ပါကြောင်း နိုင်ငံတော် နက္ခတ္တဝေဒအဖွဲ့အချုပ်မှ ထုတ်ပြန်ကျေညာ ထားပါသည်။

စာရှု့သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်း လိုက်ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။

Saturday, April 9, 2011

ချဉ်ပေါင်ရွက်ချက်ခြင်းသာ ဖြစ်ပါသည်။



Mustafa ကိုသွားပြီး ဖိနပ်ဝယ်တယ်

တစ်ရံကို ၁၈ ကျပ်ခွဲ ။
 နှစ်ရံဝယ်ခဲ့တယ်
 ကုန်တိုက်သွားတာလမ်းမှားပြီး ကုန်စိမ်းတန်းရောက်လို့ ချဉ်ပေါင်ရွက်တွေ့တာနဲ့ ၀ယ်ခဲ့လိုက်တယ် တစ်ကျပ်ဘိုးတဲ့။
 တန်တာနဲ့ နောက်တစ်ကျပ်ဘိုး ထပ်ဝယ်လိုက်တော့ ၂ကျပ်ဘိုးဖြစ်သွားတယ်။
 ချွေလိုက်တာ အဲလောက်အပုံကြီးဖြစ်သွားတယ်။ အဲဒီအတိုင်းအခြောက်ခံထားလိုက်တယ်။
 ဒါကတော့ အရွက်ချွေလို့ ကျန်တဲ့ အရိုးတံတွေပေါ့။
ဒါကတော့ပင်နီဆူလာကနေ ၀ယ်ထားတဲ့ မျှစ် ၁ကျပ်တန်။
 စိတ်မထိန်းနိုင်တာနဲ့၊ ငပိသေးသေးလေး တစ်တုံးရယ်၊ မျှစ်နဲနဲရယ်၊ ငရုတ်သီးကျော်ပြီးသား ၄တောင့်ရယ်၊ နနွင်းမှုန့်နဲနဲ၊ အချိုမှုန့်၊ ငရုပ်သီးအရောင်တင်နဲနဲ၊ ထည့်ပြီး လက်တဆုတ်စာလောက်ကို ထည့် ကြော်လိုက်တာ။
 ငါးမိနစ်လောက်နေတော့ အဲသလိုလေးဖြစ်သွားတယ်။
အဲဒါနဲ့ ပုဂံထဲထည့်ပြီး နှစ်ယောက်သား စားလိုက်ကြတယ်၊ ကောင်းလိုက်တာ တအားဘဲ၊ မဒမ်ကတောင်ပြောသေးတယ်၊ ကိုကိုငွေက သိပ်တော်တယ်ဆိုဘဲ။
အဲဒီအပုံကြီးက အခြောက်ခံထားတာ၊ နောက်ကျမှာ ကြော်ချင်ရင်ကြော်၊ ဒါမှမဟုတ် အရေသောက်ချက်မယ်လို့မှန်းထားတယ်။ (မှတ်ချက်) ဒီရက်အတွင်း ဧည့်သည်လက်မခံ။ လာဖတ်တဲ့လူတွေကတော့ ငွေလမင်းတို့ကို ဆားချက်တယ်ထင်ကြမှာပေါ့ ၊ တစ်ကယ်တန်းက ဆားချက်တာမဟုတ်ရပါဘူး၊ သေသေချာချာကြည့်ကြပါ ချဉ်ပေါင်ရွက်ချက်တာပါ။ မနေ့က ကုန်ကျငွေ စုစုပေါင်းမှာ၊ ဖိနပ်၂ရံ ၃၇ကျပ်၊ ချဉ်ပေါင်ရွက်၂ကျပ်၊ မဒမ် ရိုတီစား ၄ကျပ်၊ ကိုကိုငွေ ပလာတာစား၎ကျပ်၊ ကုတ်တဗူး၁ကျပ်၊ MRT ကဒ်ဖြည့် ၁၀ကျပ်၊ စုစုပေါင်း ၅၈ ကျပ်။

Tuesday, April 5, 2011

လွှတ်တော်ရှေ့က `ကျိုင်း´

                                        မြန်မာလွှတ်တော်ရှေ့က ကျိုင်း
                                          ဗြိတိသျှလွှတ်တော်ရှေ့က ကျိုင်း
                                                         ဗြိတိသျှ ပါလီမန်
                                                       မြန်မာပါလီမန်
                            တရားလွှတ်တော်ချုပ်ရှိ ဘုရင်မကြီးကို ကိုယ်စားပြုသည့် ကျိုင်း
                                လွှတ်တော်တွင်းရှိ ဘုရင်မကြီးကို ကိုယ်စားပြုသည့် ကျိုင်း
                               လန်ဒန်မြို့တော်ဝန်၏ ဘုရင်မကြီးကိုယ်စားပြုသည့် ကျိုင်း
                                          ကျိုင်းကိုင် လုလင်ဆိုတာ သူပေါ့
 

နှစ်လပိုင်းတုန်းက ရန်ကုန်ပြန်တယ် ပြန်တော့ညဘက်တွေ သတင်းတွေဘာတွေ နားထောင်ဖြစ် တယ် ၊ အဲတုန်းက အများအားဖြင့်က လွှတ်တော်သတင်းတွေလေ၊ လွှတ်တော် တတ်တော့မယ် ဆိုရင် အရင်ဆုံး လွတ်တော်ဥက္ကဌရှေ့က ကျိုင်းကိုင်စာရေးက ကျိုင်းကြီးကို ထမ်းလာပြီး ကလပ် ပေါ်တွင် တင်ပြီးမှ အခမ်းစတင်ပြီ ဖြစ်ကြောင်း သဘာပတိက တူထုခါ လွှတ်တော်ကို စတင်သည် ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင်တွေ့မြင်လိုက်ပါတယ်။

တူမတွေ တူတွေက အဲဒီ တင်းပုတ် လိုလို ဘာလိုလို ရွှေရောင်ငွေရောင် တပြောင်ပြောင်နဲ့ ဟာကြီးကို ဦးလေးဖြစ်သူကို ဘာကြီးလဲ လေးလေးလို့မေးတော့ ဦးလေးဖြစ်သူက ကျိုင်းတော့ လို့တော့သိတယ် ဘာလို့ဆို ကျိုင်းဆိုတာ ဘင်ခရာတီးဝိုင်းမှာလဲ ပါတယ်လေ ဘင်ခရာလေးဘာလေး တီးခဲ့မှုတ်ခဲ့ဘူးတော့ အဲဒါကျိုင်းကွယ့် တူလေး တူမလေးတို့ရဲ့ လို့ပြောလိုက်ပေမဲ့၊ တူတွေတူမတွေက ကျေနပ်ပုံမပေါ်ဘူး ကျိုင်းကြီးက ဘာလို့ဒီနားလာထားတာလဲ လေးလေး ဆိုတော့ ကျွန်တော်လဲ ဆက်မပြောတတ်တာနဲ့ `ပျောက် မှာဆိုးလို့ကွ သူကရွှေဆိုတော့ အဘိုးတန်တယ်လေ လူကြီးတွေ အစည်းဝေးလုပ်နေတုန်း လူမ သွားရင် ရွှေ၆ပိဿာ ဆုံးမှာကိုးကွ ဟဲဟဲ အဲဒါကြောင့်ယူလာတာ´။အဲလိုသလို ခပ်တည် တည်လေးနဲ့ ရွှီးလိုက်တော့ ၂တန်းသာရှိသေးတဲ့ တူနဲ့ တူမက ယုံတာပေါ့ ကျွန်တော်အ ဖြေကို တူတွေ တူမတွေ တော်တော်သဘောကျသွားတယ်၊ ဟုတ်တယ်နော် လေးလေး ရွှေတွေနဲ့ လုပ်ထားတာ ဆိုတော့ ဟိုလူကလိုချင်ဒီလူက လိုချင်နေမှာပေါ့ `ဟုတ်တာပေါ့ကွ´ ။

ခလေးကိုညာချတယ်လို့တော့ စာဖက်တဲ့လူတွေကို မထင်စေချင်ဘူး ကျွန်တော်လဲသိမှမသိတာ မသိတာနဲ့ အဲလိုဘဲဖြေလိုက်တာပေါ့ ၊ စိတ်ထဲမှာတော့ တူလေးတူမလေးတွေ အရွယ်ရောက် လာရင်တော့ ကျိုင်း အကြောင်းကို နားလည်အောင်ရှင်းပြမယ်လို့ တော့တွေးထားပါ တယ်၊ အခုအင် တာနက်ကနေ ရှာဖွေဖက်ရှုနေတာ တော်တော်လေး ကျိုင်းအကြောင်းကို သိနေ ပါပြီ၊ အဲဒါကြောင့်  ကျိုင်းအကြောင်းကို သိသလောက် ဖောက်သယ်ချပါ့မယ်နော်။ 

ကျိုင်းကို အင်္ဂလိပ်လို (Mace) လို့သုံးနှုန်းတယ်၊ မြန်မာလိုအဓိပ္ပါယ်ကတော့ အခွင့်အာဏာကို ကိုယ်စားပြုခြင်းလို့ ဆိုပါတယ်၊ မြန်မာ စွယ်စုံကျမ်း အတွဲ ၂ မှာကတော့ ကျိုင်းဆိုတာ မြင့်မြတ် သောအခွင့် အာဏာကို ညွန်းဆိုသည့် အဆောင်အယောင်လို့ ဆိုပါတယ်၊ ကျိုင်းမှာ မြန်မာမင်းများလက်ထက် ဘုရင် မိဖုရားနှင့် မင်းညီမင်းသားတို့၏ အဆောင် အယောင် တစ်ပါးဖြစ်၏။ ဘုရင်က ခြီးမြောက် သူကောင်းပြုခံရသူများလည်း ဘုရင့်အမိန့် အရ ကျိုင်းကို ကိုင်ဆောင်သုံးစွဲခွင့် ရ၏။ ကျိုင်းကို ဘုရင်၊ မိဖုရား၊ မင်းညီမင်းသား စသည်တို့ မင်းပွဲသဘင် စသော အခမ်းအနားများသို့ တက်ရောက်သောအခါ ဆိုင်ရာကျိုင်းကိုင် အမှုထမ်း များက ကိုင်ဆောင်၍ လိုက်ပါရ၏။

ကျိုင်းမှာ အရိုးရှည်တပ်ထားသော ခမောက်သဏ္ဍန်အရာ ဖြစ်၏။ အထွတ်ကို ရွှေချထားခြင်း တစ်မျိုး၊ အထွတ်ရွှေနှင့် အအုံ၊ အရွက်၊ အရိုးတို့ အနီသုတ်ခြင်းတစ်မျိုး။ ကျိုင်းဖြူတွင် အထွတ်အနီသုတ်ခြင်း တစ်မျိုးအားဖြင့် ၃ မျိုးရှိ၏။ ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် ကျိုင်းကို လက်ကိုင်အရိုး တွင် မှန်စီ၍လည်း အသုံးပြုကြောင်းကို၊ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းတွင်ပါသော 'ဝေါရှည်နှင့် ဝေါတော်ရှေ့ကျိုင်း ၄ ချက် စီ၊ လက်ကိုင် မှန်စီကျိုင်းတော်နှစ်'ဟူသော စကားအရ သိရပြီး။ တစ်ခါတစ်ရံ ကျိုင်းကိုရှေ့ မှကိုင်ဆောင်ရုံမက ဆောင်းမိုးခြင်းလည်း ပြုကြောင်းကို ပြာဋိဟာခန်းပျို့လာ 'ယာဉ်ညင်စီးစီး၊ ကျိုင်း ထီးဆောင်းဆောင်း'ဟူသော စကားအရ၄င်း၊ လွှတ်တော် သတ်ပုံလာ 'ဆောင်းသည့်ကျိုင်း' ဟူသော စကားအရ၄င်း သိရ လေသည်။

ကျိုင်းကို အဆောင်အယောင်အဖြစ် အသုံးပြုရာ၌၊ မင်းနှင့် မိဖုရားကား ၈-လက်၊ အိမ်ရှေ့မင်း၊ မင်းညီ မင်းသားတို့ကား ၄- လက်၊ တစ်ခါတစ်ရံ ၆-လက်ဆောင်၏။ ကျိုင်းကို မင်္ဂလာ အခမ်းအနား များတွင်သာမက အသုဘအခမ်းအနားများတွင် လည်း အဆင့်အတန်းအလိုက်၊ ဆိုင်ရာအမှု ထမ်းများက ကိုင်ဆောင်၍ လိုက်ပါရသည်။

ကျိုင်းကို မြင့်မြတ်သူတို့၏ အဆောင်အယောင်ဖြစ်သဖြင့် သာမာန်လူတို့နှင့် မထိုက်တန်ရကား၊ 'ကျိုင်းနှင့် သပေါက်၊ မထောက်မတန်'ဟူ၍၄င်း၊ 'သိုင်းနှင့် ကျိုင်းနှင့် ဂုဏ်ကြီးမြင့် သည်' ဟူ၍၄င်း စာပေတွင် စပ်ဆိုကြသည်။ ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဌနှင့် လူမျိုးစုလွှတ်တော် နာယကတို့တွင် ငွေဖြင့်ပြုလုပ် ထားသော ကျိုင်းကို အဆောင်အယောင်အဖြစ် ထားရှိသည်။ ထိုကျိုင်းမှာ အရှည် ၄ ပေနှင့် ၈ လက်မခွဲရှိ၍ ငွေသား ကျပ်ချိန် ၆ဝဝ ရှိ၏။ အဆိုပါကျိုင်းသည် ဥက္ကဋ္ဌနှင့် နာယက တို့၏ မြင့်မြတ်သော အခွင့် အာဏာကိုပြ၏။ မြန်မာမင်းများ လက်ထက်ကျိုင်းနှင့် ယခုလွှတ်တော် တွင် တွေ့မြင်ရသော ကျိုင်းတို့မှာ အထွတ်အမြတ်ဖြစ်သော သဘော ချင်းသာ တူ၍ ပုံသဏ္ဍာန်ချင်းကား မတူချေ။ (ရှေးမြန်မာမင်းများလက်ထက် ကျိုင်းသည် ခမောက်ကဲ့သို့ သဏ္ဍာန် ရှိပြီး ရွှေထီး ကဲ့သို့ အောက်ခြေခုံတွင် ထောင်ထားရသည်)

 အင်္ဂလန်နိုင်ငံ၏ လွှတ်တော်တွင် အသုံးပြုသော ကျိုင်းမှာ ဗြိတိသျှ ဘုရင်မကြီးကို ကိုယ်စားပြု သည့် အနေဖြင့် ထားသောကျိုင်းဖြစ်သည်၊ မြန်မာလွှတ်တော်တွင် ထားသော ကျိုင်းသည် လွှတ်တော် ဥက္ကဋ္ဌ၏ အခွင့်အာဏာကို ပြသည့် ကျိုင်းဖြစ်သည်၊ဥက္ကဋ္ဌဌနှင့် နာယကသည် လွှတ်တော်အစည်း အဝေးခန်းမသို့ ကြွရောက်သောအခါ ဆိုင်ရာကျိုင်းကိုင်အရာရှိက ဥက္ကဋ္ဌကြီး ၏ ရှေ့ ၈ ပေခန့်အကွာမှ ကျိုင်းကို ကိုင်လျက် သွားရ၏။

သတ်မှတ်ထားသော နေရာတွင် ဥက္ကဋ္ဌကြီး ထိုင်ပြီးသောအခါ ဥက္ကဋ္ဌကြီးရှေ့ရှိ ကျိုင်းထားရာ သီးသန့်နေရာတွင် ကျိုင်းကို အလျားလိုက် တင်ထားရသည်။ အစည်းအဝေးပြီး၍ ဥက္က ဋ္ဌကြီး ပြန်လည်ထွက်ခွာမည့်အခါ ကျိုင်းကိုင်အရာရှိသည် ကျိုင်းကို ယူဆောင်၍ ရှေ့မှ သွားနှင့်ရသည်။ ကျိုင်းမှာ လွှတ်တော်တွင် အရေးပါလှ၏။ လွှတ်တော်ထဲတွင် ကျိုင်းရှိနေလျှင် လွှတ်တော် အစည်းအဝေးရှိနေသည်။ ဥက္ကဋ္ဌကြီး၏ ရှေ့၌ရှိသော ကျိုင်းကို ယူဆောင်သွားလျှင်ပင် အစည်း အဝေး ပြီးဆုံးပြီဟူသော အထိမ်း အမှတ်ဖြစ်တော့သည်။ ကျိုင်းကိုင်အရာရှိကို အစဉ်အလာ အားဖြင့် ရဲဝန်ထက် (ရဲချုပ်သို့မဟုတ် ရဲဝန်ကြီး)  အဆင့်အတန်းနိမ့်သူကို ခန့်ထားရိုး မရှိချေ။

နိုင်ငံတော်တရား လွှတ်တော်ချုပ်နှင့် တရားလွှတ်တော် တရားဝန်ကြီးများလည်း ကျိုင်းအဆောင် အယောင်များ ရရှိကြ၍ တရားခွင်သို့ ဝင်သည့်အခါကျိုင်းနှင့် ဝင်ကြသည်။ တရားဝန် ကြီးများ၏ ကျိုင်းမှာ တရားဝန်ကြီး၏ အခွင့်အာဏာကို ပြသည့်အပြင် 'ဥပဒေနှင့် တရားမျှတမှု'၏ အထိမ်းအမှတ် လည်း ဖြစ်သည်။

တရားလွှတ်တော်ချုပ်တွင် သုံးသောကျိုင်းသည် ၆ ပေခန့် ရှည်၍ သစ်သားဖြင့် ပြုလုပ် ထား၏။ကျိုင်း၏ ထိပ်မှာ လုံးဝန်း ၍ ရွှေချထားသည်။ တရားဝန်ကြီး တရားခွင်သို့ ကြွလာသည့် အခါ ကျိုင်းကိုင်လုလင်က တရားဝန်ကြီး၏ ရှေ့ ၉ ပေခန့် အကွာမှ ကျိုင်းကို ထမ်း၍ သွားရသည်။ တရားဝန်ကြီးက နေရာတွင် ထိုက်လိုက်သည်နှင့် တပြိုင်နက်၊ ကျိုင်းကိုင် လုလင်က ကြမ်းပြင် ကိုကျိုင်းဖြင့်ဆောင့်၍ အချက်ပေးလိုက် သည်။ ယင်းသိြု့ပု လုပ်ခြင်းမှာ ထိုအချိန်မှစ၍ တရားရုံး ထိုင်ပြီဖြစ်ကြောင်း ကျေညာခြင်းပင် ဖြစ်၏။ တရားဝန်ကြီး ပြန်လည်ကြွသွားသည့်အခါ ကျိုင်း ကိုင်လုလင်က ဝင်လာသည့် နည်းတူ တရား ဝန်ကြီး၏ ရှေ့က ထွက်နှင့်ရသည်။

ဗြိတိသျှ ပါလီမာန်မှာ လွှတ်တော် နှစ်ရပ် အပြင်၊  စည်းမျဉ်းခံ ဘုရင်စနစ်အရ ဘုရင်မကြီး ရှိပါတယ်။ တိုင်းပြည်ရဲ့ အရေးပါတဲ့ လွှတ်တော်ကို ဗြိတိသျှတွေရဲ့ ရိုးရာ အစဉ်အလာအရ ဘုရင် မကြီး ရဲ့ ရှေ့မှောက်မှာ ကျင်းပရပါတယ်။ တကယ့်လက်တွေ့မှာ အစည်းအဝေး တိုင်းအတွက် ဘုရင် မကြီးက မတတ်ရောက်နိုင်တာရှိပါတယ် ။ ဒါကြောင့် ဘုရင်မကြီးကိုယ်စား ကျိုင်းကို ပါလီမန်မှာ ချထား တာ ဖြစ်ပါတယ်။ အစည်းအဝေး "စ" တော့မယ်ဆိုရင် ကျိုင်းကို  ဘုရင်မကြီး အစည်းအဝေးခန်းထဲ ဝင်လာတဲ့ အထိမ်းအမှတ်နဲ့ အားလုံးက အရိုအသေပေးပြီး ပါလီမန်ထဲကို လူတစ်ယောက်က သယ်လာရပါတယ်။ အစည်းအဝေးပြီးရင် ပြန်သယ်သွားရပါတယ်။ နယူးဇီလန်၊ သြစတေးလျှလို ဗြိတိသျှ ဘုရင်မကြီး သြဇာခံ ဓနသဟာရ နိုင်ငံတွေရဲ့ ပါလီမန်မှာလဲ ကျိုင်းကို ထားရှိပါတယ်။

ကျိုင်းမှာ မြင့်မြတ်သောဂုဏ်ထူးနှင့် အခွင့်အာဏာ၏ အထိမ်းအမှတ်ဖြစ်၍ အခြားနိုင်ငံ များတွင်လည်း ပါလီမန် လွှတ်တော်များ၊ တရားလွှတ်တော်များ၊ တက္ကသိုလ်များတွင် ဆိုင်ရာအကြီးအကဲများ၏ အဆောင်အယောင်အဖြစ် ထားရှိ၏။ အင်္ဂန်နိုင်ငံ လန်ဒန်မြို့ တော်ဝန်ထံတွင် ငွေကျိုင်းအဆောင် အယောင် ရှိသလို ။ ကျိုင်းကိုင် အမှုထမ်းများကိုလည်း ထားရှိလေသည်။ ရှေးခေတ်ဟောင်းက စစ်ဖက် ဆိုင်ရာ ကျိုင်းများကို လက်နက်သဖွယ် အသုံးပြုနိုင် အောင် ပြုလုပ်ထားသလို ။ အိန္ဒိယနိုင်ငံတွင်မူ အလှအပမွမ်းမံထားသော ကျိုင်းအပြင် လက်နက် သဖွယ် ကိုင်ဆောင်ရသော ကျိုင်းများကိုလည်း အသုံးပြကြသေးတာကို တွေ့မြင်ရပါတယ်။

တချို့သော သူများက မြန်မာလွှတ်တော်တွင် ကျိုင်း ထားခြင်းကို ဗြိတိသျှ ပါလီမန်မှ အတုယူ လုပ်ခြင်းဖြစ်သည် ဟုပြောဆိုတာ ကိုတွေ့မြင်ဖူးပါသည်၊ မဟုတ်ပါ ကျိုင်းထားခြင်းကို မြန်မာလွှတ်တော် စတင်ပေါ်ပေါက်ခဲ့သော ပုဂံခေတ် နရပတိစည်သူမင်းကြီး လက်ထက်မှာပင် ကျိုင်းကို စတင်သုံးစွဲနေပြီ ဖြစ်ကြောင်းရွှေဘုံ နိဒါန်းလာ မင်းခမ်းမင်းနား များတွင် ဖက်မှတ်ဖူးပါသည် မည်သို့ပင် ဖြစ်စေ ကျိုင်းဟူ သည် ၊ ယဉ်ကျေးမှုအဆင်အလာအားဖြင့် ကြီးမား သောတိုင်းနိုင်ငံများတွင် အလွန်အရေးပါသော မင်းခမ်း မင်းနား အမှတ်တံဆိပ်တခု ဖြစ်ပါကြောင်း သိသလောက် ဖောက်သယ် ချ လိုက်ရပါတယ်။

စာရှုသူများ အထွေထွေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါ တယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်မျာ။