Friday, August 12, 2011

ဘာပေးရမလဲ

ခုတလော ကိုကိုငွေ စန်းထပုံကတော့ မပြောချင်ပါဘူးဗျာရယ်၊ မဒမ်ငွေနဲ့ ကိုကိုငွေကို မဒမ်ငွေရဲ့ အမေက၊ သဘောတူတယ်တဲ့၊ အဲဒီတော့ အသက်သုံးဆယ်ပြည့်တာနဲ့ ထိမ်းမြားမင်္ဂလာအမှု့ စီရင်ပြုရမယ်လို့ဆိုပါတယ်၊ စေ့စပ်ပွဲကိုတော့ဖြင့် တန်ဆောင်မုန်းလမှာ မိဘတွေက ဆွေမျိုးအရင်းတွေကို ခေါ်ပြီးအသိပေးမယ်၊ အဲဒီနေ့မှာဘဲ စေ့စပ်ကြောင်းလမ်းမယ်လို့ ယောက္ခမ ဖြစ်သူ ၊ မဒမ်ငွေအမေက အမိန့်ကျသကိုးဗျာရဲ့။

ကိုကိုငွေသိချင်တာက စေ့စပ်တဲ့အခါ ဘာပေးရတုန်းသိချင်တာ အချို့သော အချို့သော ဆရာ သမားများရဲ့အဆိုကတော့ လက်စွပ်ဝယ်ပေးရသော ဟူ၏၊ တချို့သော ဆရာသမားများကြပြန် တော့ ၊ လက်စွပ်တောင် ရွှေမလုပ်နဲ့ဟကောင်ရ၊ ပလက်တီနမ်သာ အကောင်းဆုံးလို့ ဆိုပြန်တယ် တချို့ကြပြန်တော့ လက်စွပ်ထက် ပလတ်တီနမ်ဆွဲကြိုးကို ရုရှားစိန်လော့ကတ်သီးလေး လုပ်ပေးပြီး ဆင်လိုက်ရင်ဖြင့်၊ ထိုထိုသော လော့ကတ်သီးဟာ နှလုံးသားနှင့်နီးရကား အသဲနှလုံး အူသိမ်းအူမ မကျန် အချစ်စိတ်တို့ဖြင့် ထုံးမွှမ်းသွားပြီး  အချစ်စိတ်တို့သည် နေ့ညမပျက် တလဆက် ယိုဖိတ် အရိပ်ရိပ် တက်လာသောဟူ၏။

အမျိုးသမီးတွေကို စပ်စုကြည့်ပြန်တော့ ` ဟဲ့ နင့်ကောင်မလေးကို လက်စွပ်တို့ဆွဲကြိုးတို့ မပေး နဲ့ဟဲ့ ရိုမန်တစ်ဆန်ဆန်လေးဖြစ်သွားအောင် သရဖူလေးစောင်းပေးလိုက်၊ သရဖူတခုကို ပလတ်တီနမ်နဲ့ လုပ်ရင် ၁၀သိန်းတောင်မကုန်ဘူး၊ သရဖူအထွဋ်ကိုတော့ စိန်ကောင်းလေး တစ် လုံးလောက်နဲ့ဆင်လိုက်ရင် ဖြစ်ပါပြီဟယ်၊ သူပြောသလို တွက်ချက်လိုက်တော့ ၂၅ သိန်းလောက် ကုန်ဘို့ဖြစ်နေတယ်၊ လက်ခကြီးက ၂သိန်းခွဲပေးရမယ်ဆိုဘဲ၊ ကိုကိုငွေက အဲလောက်မတတ်နိုင် ဘူးလေ။

မဒမ်ငွေကို ကိုယ်ရှာဖွေထားတဲ့ ငွေထဲကဘဲ တခုခုလုပ်ပေးချင်တာ ဟိုတောင်းဒီတောင်းနဲ့တော့ လုပ်မပေးချင်ဘူးဗျ၊ ဟိုတောင်းဒီတောင်းဆိုရင်တော့ သရဖူလည်းဖြစ်နိုင်ကောင်းပါရဲ့၊ ဒါပေမဲ့ ကျွန်တော် မလုပ်ချင်ဘူး၊ ကျွန်တော်ရှာဖွေထားတာနဲ့ဘဲ ၀ယ်ပေးချင်တာ၊ မဒမ်ကိုသိပ်ချစ်တော့ စေ့စပ်တဲ့အခါပေးရမဲ့ပစ္စည်း စဉ်းစားရတာလည်း၊ သိပ်ခေါင်းကိုက်တယ်။

 နောက်တယောက်ပေးတဲ့အကြံကတမျိုး `အောင်မယ်လေး ဟယ် ကြီးကြီးကျယ်ကျယ် ဘာ လက်စွပ်ပေးမှာတုန်း ၊ သရဖူဆိုတာ မယ်တွေမှစောင်းတာဟဲ့ သောက်ရူးရဲ့၊ ဘာ…ဆွဲကြိုး ဘယ်မှာ မြင်ဘူးလို့တုန်း ခပ်တုန်းတုန်းတွေမလုပ်နဲ့ဟဲ့ ၊ ဒို့လိုအမျိုးသမီးတွေဆိုတာ အမြဲတမ်း အသစ်အဆန်းဖြစ်နေမှဟဲ့ ငါပေးချင်တဲ့အကြံကတော့ လက်စွပ်သော ဘာသော လုပ်မနေနဲ့၊ သူလိုချင်တာသာမေးလိုက်၊ သူပြောတဲ့ဟာ ၀ယ်ပေးလိုက်၊ သူကအကြီးကြီးပြောလာလို့ မတတ် နိုင်ရင်၊ သူပြောတဲ့ဟာရဲ့ အသေးစားလေးဖြစ်ဖြစ် ၀ယ်ပေးလိုက် မကောင်းဘူးလား၊´ အင်း လို့တော့ ကျွန်တော်ခေါင်းညိမ့်လိုက်တယ်။

နောက်တစ်ယောက်ကြပြန်တော့ `ဒို့တုန်းကတော့ စေ့စပ်တုန်းက လက်စွပ်လည်းမဟုတ်ဘူးဟဲ့၊ သူခလေးဘ၀တုန်းက သွားရေတွေခနခနကျလို့ ဗေဒင်ဆရာကိုမေးတော့ ခမဲလိုတယ်ဆိုလို့ ငွေ လက်စွပ်ကလေး တခုလုပ်ပြီးပေးထားတာ၊ အဲဒါလေးကိုသူက သိမ်းထားတော့ ငါတို့လည်းစေ့စပ် ရော ငါကရွှေဆွဲကြိုးရှိတော့  အဲဒါလေး ငါ့လည်ပင်းမှာဆွဲလိုက်တာဘဲ၊´`စေ့စပ်တယ်ဆိုတာ ကိုယ်မြတ်နိုးတဲ့ပစ္စည်းတခုခု ပေးလိုက်ရင် ပြီးတာဘဲဟဲ့´ အင်းသူပြောပုံလည်း မဆိုး ဘူးလို့မှတ်သားလိုက်ရပါတုံရောဗျာ။

အဲလိုခမဲများ ပေးရမယ်ဆိုလို့ကတော့ မဒမ်ငွေလည်ပင်းမှာ  စာဖူးတောင်းလိုတောင် ဖြစ်သွားအုံးမယ်၊ ကိုကိုငွေက ခမဲသိပ်ဆောင်တယ် ငယ်ငယ်က သားငယ်လေးဆိုတော့ သွားရည် ခနခနကျတယ်လေ ၊ အရင်က ကျွန်တော့်ဗီရိုလေးထဲမှာ ယွန်းဗူးလိုလုပ်ထားတဲ့ ကော်သေတ္တာလေးမှာ လက်စွပ်သေးသေး ခြေကျင်းသေးသေး လက်ကောက်သေးသေး လေးတွေ ဘစုခရုတွေ များမှများ မေမေ ဘာတွေလဲဗျာလို့မေးတော့ မင်းခမဲတွေလေတဲ့။ အဲဒါတွေ မဒမ်လည်ပင်း ဆွဲပေးလိုက်ရင်တော့ တော်တော်ကြည့်ကောင်းမယ်ထင်တယ်။

စေ့စပ်ပွဲမှာ တန်ဘိုးကြီးကြီးတွေပေးလိုက်ပါပြီတဲ့ ၊ ညားတဲ့အခါ ဘယ်နှာနဲ့ရင်းနှီး စားသောက် ကြမတုန်းဗျာရယ်၊ ဘယ်အိမ်မှာနေမှာတုန်း၊ ဘာအလုပ်ကိုလုပ်မလဲ၊ သားတွေသမီးတွေကို ဘယ်နှာသော ပညာရပ်တို့ဖြင့် အသက်မွေးခါ ပြုစုစောင့်လျှောက်ရပါအံ့၊ မွေးဖွားလာသော သား သမီးကိုလည်း ဘယ်နှာမည်သော ကျောင်းသို့ပို့ဆောင် ပညာသင်အံစေ့ ရပါအံ့နည်း ၊ စသော စေသာ ထွေရာလေးပါး ပြဿနာပေါင်းသောင်းခြောက်ထောင်ကို စဉ်းစားရင်း ကိုကိုငွေ ခေါင်း ကိုက်ရပါ၏။

စဉ်းစားကြည့်လေဗျာ၊ ကျွန်တော့်ဇနီးလောင်း ငွေလေးဟာဆိုရင်ဖြင့် အသားနဲနှဲဖြူတယ်၊ ပလတ်တီနမ်ဆင်လိုက်ပြန်တော့ ၊ သူအလှတိမ်မြုပ်သွားနိုင်တယ်ဗျာရယ်၊ ဒါဆိုသရဖူလား အလကားပါ တန်ဘိုးသာကြီးပြီး သွားလေရာ ဆောင်းလို့ရတာမှမဟုတ်တာ၊ ရွှေ အိုဗျာ ရွှေဆိုတဲ့ ဟာက ၀ါဝါကြီးမို့လား မဒမ်ကဖြူတော့ လမ်းဘေးက ထုံးသုတ်ထားတဲ့ ဓာတ်တိုင်ကို သဘောင်္ ဆေး အ၀ါတွေရစ်ထားတဲ့ မီးပွိုင့်လိုဖြစ်တော့မပေါ့၊ မလှပါဘူး၊ လက်စွပ်လား သူ့မှာရှိတယ် ကျွန် တော်က သူမှာရှိတဲ့ဟာဆိုရင် ဘာမှမပေးချင်ဘူး၊ ဆွဲကြိုး ရှိပါသကောဗျာ လော့ကတ်သီးတောင် ရှိသေးတယ်။

ဒါဆိုကိုကိုငွေ မဒမ်ကို စေ့စပ်မဲ့ တန်ဆောင်မုန်းလ ဘာဆင်မလဲ ဆိုတာ သိချင်နေကြပြီမို့လား၊ ပြောမယ်လေ ၊ ပြောချင်နေတာ ကျွန်တော်က သူများလို ဟိုဟာသည်ဟာ တုတ်စွမြုတ်စွ မဆင်ချင်ဘူးဗျ ၊ ဆင်မဲ့ဆင်ရင်လည်း တဆင်စာကို ဆင်လိုက်ချင်တာ သရဖူပါမယ်၊ နားကပ်လည်းပါရမယ်၊ လက်စွပ်ပါမယ် ဆွဲကြိုးလည်း ပါရအုံးမယ်၊ လက်ကောက်ပါတယ်၊ ခြေကျင်း  ခါးပတ် အကုန်လုံး ၂၀၀၀ဖိုးလောက် ဆင်မယ်မှန်းထားတယ်။

ကျွန်တော်က အဲဒီပစ္စည်းတွေကို ဘယ်ပန်းတိမ်မှာမှ မအပ်ဘူး ကိုယ်ပိုင်လုပ်မှာလေ ဟန်းမိတ် ကုန်ကြမ်းကိုတော့ ရန်ကုန်မှာ ဆန်ကုန်သည်လုပ်နေတဲ့ ကျောက်ပန်းတောင်းက မြင့်မောင်ဆိုတာ သူငယ်ချင်း အရင်းလေ သူ့မိဘတွေက ထန်းလျှက်လုပ်တယ်၊ သူငယ်ချင်းရေ မင်းဒီတစ် ခေါက်ပြန်ရင် ငါ့ကို ထန်းဖူးတခုလောက် လှီးလာခဲ့စမ်းပါလို့ မှာလိုက်တယ်၊ ဘာလုပ် ဖို့တုန်းဟတဲ့၊ စရိတ် ကုန်တယ်တဲ့ အော်သူငယ်ချင်းရယ် ဘယ်လောက်ကုန်မှာတုန်း ၂၀၀၀ ပေါ့ကွတဲ့ ငါပေးပါ့ မယ်ကွာလို့၊ မင်းကဘာလုပ်မလို့တုန်းတဲ့။

အော် ငါတန်ဆောင်မုန်းလကြရင်စေ့စပ် တော့မယ် လေ၊ အဲဒါနဲ့ ထန်းဖူးနဲ့ ဘာဆိုင်တုန်းတဲ့ ဟ ဆိုင်ပါသကောကွာ မင်းယူလာ တဲ့ထန်း ဖူးကို မကျီးသီးနဲ့နှပ်ထားပြီး တန်ဆောင်မုန်းလဆန်း လောက်ဆိုရင် နှပ်လောက်ပြီဆိုမှ လက်စွပ် တို့ ဆွဲကြိုးတို့ လုပ်ပြီး စေ့စပ်မလို့လို့ ပြောလိုက် ပါရဲ့။ ပလတ်တီနမ်တွေ ရွှေတွေ၊ စိန်တွေ ပေါလှတဲ့ ဒီခေတ်မှာ ရိုမန်တစ်ဆန်ဘို့ဆိုတာက ထန်းဖူး လက်ဝတ်ရတနာ ဒွါဒရာတွေထက် ဘယ်အရာကများ ရိုမန်တစ်ဆန်နိုင်အုံးပါ့မလဲ ဗျာတို့ ရယ်….။

ကဲမဒမ်ရေ အကိုကတော့ စေ့စပ်ပွဲအတွက် အားလုံးစီစဉ်နေရတာနဲ့ တစ်ညလုံးအိမ်မပျော်ဘူး အခုမှဘဲ ညီမနဲ့ထိုက်တန်မဲ့လက်ဝတ်ရတနာကို ရှာဖွေတွေ့ရှိတော့တယ်၊ မင်းကြိုက်တယ်မလား ဒါတောင် ကြာပုတီးလုပ်ဘို့က ကွမ်းခြံကုန်းက ငဇော်နဲ့မတွေ့သေးလို့၊ သူနဲ့သာတွေ့လိုက်ရင် မင်းအတွက် ထန်းလက်ဝတ်ရတနာများ အပြင်ကို ကြာပုတီးတောင် ရဘွယ်ရာ  ရှိသေးတယ်သိလား။ ထန်းဖူး နဲ့လုပ်တယ်ဆိုပေမဲ့၊ ငယ်စဉ်က ကိုကိုငွေ အညာသွားလည်ရင် အမြတ်တနိုးဆင်ယင်ခဲ့ရတဲ့ ပစ္စည်းတွေ ငွေရဲ့သိလား။

အော်ဘလော့စာရှု့သူများခမျာ ကိုကိုငွေ စေ့စပ်ပွဲ အကြောင်း စီစဉ်နေရတာနဲ့ စာဖတ်သူတို့နဲ့ စကားမပြောမှိဘူးဖြစ်နေတယ်၊ အိမ်ဦးနတ်သမီးနဲ့ စကားပြောနေရလို့ ခွင့်လွှတ်ကြနော်၊ ဘာများ အကြံပေးချင်ကြသေးလဲမသိဘူး၊ အကြံဥာဏ်လေး ပေးကြပါအုံးလို့ ………။

ဘလော့စာရှု့သူများ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်း ချမ်းမြေ့ကြပါစေခင်မျာ။



Tuesday, August 9, 2011

ကြိုက်၏ မကြိုက်၏ (တဂ်)

ဒီတလော ဘလော့လောကတခွင်မှာဖြင့်(တဂ်) များကျယ်ကျယ်ပြန့်ပြန့် ခေတ်စားလာချေတယ် ပေါ့ဗျာရယ်၊ သို့ကလိုမင့်လည်း (တဂ်) ရေးတယ်ဆိုရင်ဖြင့် မူရင်းပိုစ့်ရေးတဲ့ သူ့ရဲ့ ရေးပုံရေးနည်း ကို အခြေခံပြီး ၊ ပြန်လည်ရေးသား ရစမြဲမို့လား၊ ကိုကိုငွေတို့လို့ ကမ္ဘာ့ရွာကို ရောက်နေတဲ့ သူများကြတော့ဖြင့်၊ ဘလော့စပေါ့မှာ ရေးသားထားတဲ့ စာပေဟူသမျှ၊ ဖတ်ရှုလေ့လာ သုံးသပ်ခွင့် မရပြန်ဘူး၊ ဒါဆိုတော့ ဒိုမိန်းရော ရသလားလို့ မေးတော့ ရတဲ့အခါရပြီး မရတဲ့အခါ မရပြန်ဘူး အဲသည်တော့ကား ဘယ်သူတွေဘယ်လိုရေးမှန်းမသိ၊ ဘာမှန်းမသိနဲ့ အဲသလိုဖြစ်တယ် အဲသဟာကြောင့် (ကမ္ဘာ့ရွာ) မြန်မာပြည်ကြီးက ပွင့်တော်မူတဲ့ နတ်ဆိုးလေးရဲ့ info စာမျက်နှာကို ကြည့်ရှုပြီး ၊ တုပရေးလိုက်ရပါကြောင်းဟူလိုတည်း။

ကြိုက်တယ် မကြိုက်ဘူး ဆိုတာကတော့ လူတိုင်းရှိသပေါ့ဗျာရယ်၊ ကျွန်တော်ကတော့ ခန္ဓာကိုယ် မှာ နာခေါင်းနဲ့ နားရွက်မကြိုက်ဘူးဗျာရဲ့၊ ဘယ့်နှာသဘောလည်းဆိုရရင်ဖြင့်၊ နားခေါင်းက  သူများတွေ ကြော်တာ လှော်တာဆိုရင် အရင်ဆုံးအနံ့ရတယ်၊ မကောင်းတဲ့အနံ့ဆိုလဲ သူက အရင်သိတယ်၊ အဲသဟာကြောင့် နားခေါင်းကိုမကြိုက်ဘူး၊ နားရွက်ကတော့ ဟိုဟာကြား ဒီဟာကြား၊ ဒီဟာကြီးရှိတာဆိုရင်ဖြင့် စာလည်းကောင်းကောင်းဖတ်လို့မရပြန်၊ နားသိပ်ပူ လာရင်ခေါင်းပါမူးလာပြန်ရော အဲဒါကြောင့်မို့ နားနဲ့နှာခေါင်းကိုမကြိုက်ဘူးလို့ပြောတာ။

ကြိုက်တဲ့ဟာတွေကတော့ မျက်စိ သိပ်ကြိုက်တယ်၊ ပါးစပ်ကြိုက်တယ်၊ မမြင်ချင်ရင်ပိတ်ထား မစားချင်ရင် မစားနဲ့ ကဲကောင်းဘူးလား။ မျက်စိပိတ်ထား ပါးစပ်ပိတ်ထားတဲ့အတွက်ကြောင့် လက်လဲအလုပ်မရှုပ်တော့ဘူး၊  နားတို့နှာခေါင်းတို့ကြတော့ လက်ကိုသုံးပြီးပိတ်မှရတယ်။

လူတွေထဲမှာ ကြိုက်တဲ့ဟာကတော့ စကားပြောကြည့်လို့ ကိုယ့်စကားကို အဆင့်တန်းရှိရှိ တုန့် ပြန်နိုင်တဲ့လူဆိုရင်ကြိုက်တယ်၊ သန့်ရှင်းတဲ့လူတွေကိုလည်းကြိုက်တယ်၊ သေသေသပ်သပ် နေ တတ်ထိုင်တတ်တဲ့လူများဆိုရင်လည်းကြိုက်ပြန်တယ်၊ အနံ့တထောင်းထောင်းနဲ့၊ အမွှေးအမျှင် တကားကားနဲ့ အဲဒီလိုယောကျာင်္း မိန်းမများကိုကြတော့ နှုတ်တောင်မဆက်ချင်ဘူးဗျာရယ်။

အစားအစာလား မုန့်ဟင်းခါးကြိုက်တယ်၊ နို့ကြိုက်တယ်၊ ဆန်ပြုတ်ကြိုက်တယ်၊ အချဉ်ကြိုက် တယ်၊ ထမင်းမကြိုက်ဘူး ဒါပေမဲ့နေ့တိုင်းစားနေရတယ်၊ ဖြစ်နိုင်ရင်တော့ မနက်စောစော ဆန် ပြုတ် ညနေပိုင်း ဆန်ပြုတ်ကို နေ့တိုင်းသောက်ချင်ပါရဲ့၊ မဒမ်နဲ့ညားမှဘဲ ပြုတ်ခိုင်းရမှာဘဲ။ မကြိုက်ဆုံး အစားစာထဲမှာတော့ ဟိုမရောက်ဒီမရောက် မုန့်တီဆိုတဲ့ဟာ၊ မြန်မာမုန့်တီရော ရခိုင်မုန့်တီရော မုန်းမှမုန်း။

အားကစားထဲမှာတော့ လမ်းလျှောက်နဲ့ တောင်တက်သိပ်ဝါသနာပါတယ်၊ ရောက်တဲ့အရပ်မှာ တောင်ရှိတယ်ဆိုရင် တက်တာဘဲ၊ မကြိုက်ဆုံးအားကစား ဘောလုံး၊ ချောတိုင်တက်၊ ခေါင်းအုံး ရိုက် တွေပါ။

အချစ်ဆုံးမိန်းမ မဒမ်ငွေ၊ အနှစ်သက်ဆုံး မိန်းမ မဒမ်ငွေ၊ တခါတရံ အမုန်းဆုံးမိန်းမ မဒမ်ငွေပါပဲ၊ အကြိုက်ဆုံး အလုပ် မဒမ်ငွေ့ ကျောက်ကုန်းကို ထုရခြင်း၊ အကြိုက်ဆုံး အားကစား မဒမ်ငွေကို စပြီး ပြေးရခြင်း၊ အကြိုက်ဆုံး အမျိုးသမီး မရှိပါဘူး  (ချောတဲ့လှတဲ့မိန်းမတိုင်း ကုလား တရုတ် ကိုးရီးယား ဂျပန် အင်္ဂလိပ် မလွတ်ပါဘူး အားလုံးကိုကြိုက်ပါတယ် ဒါပေမဲ့ မဒမ်ငွေကျိန်းမှာ ဆိုးလို့မရှိဘူး  ရေးမှဖြစ်မယ်)။

အနေအထိုင်နဲ့ ပတ်သတ်ပြီးတော့ကား အကြိုက်ဆုံးနေထိုင်နည်းကတော့ ခေတ်ဟောင်းသီချင်း လေးနားထောင်ပြီး ၊ သမိုင်းစာအုပ်လေး တခုခုဖတ်ပြီး နေထိုင်ရတာကိုကြိုက်တယ်၊ မကြိုက်ဆုံး အနေအထိုင်ကတော့ မဒမ်ငွေကဲ့သို့ ၊ ဟိုသွားချင် ဒီသွားချင် အခုနေမကောင်းဘူးပြောပြီး ညကငိုတယ် မိုးလင်းတော့   Angels 8 ရှိုးဆိုလား ဘာလား ထသွားကြည့်တယ် အဲလိုနေထိုင်မှု့မျိုးကို မကြိုက်ပြန်ဘူး။

အပြောအဆို တိုးတိုးပြောတာကြိုက်တယ်၊ ကျယ်ကျယ်လောင်လောင် ပြောတာမကြိုက်ဘူး၊ ရေးရင်းရေးရင်း ချာလပတ်လည်နေပြီ၊ ဘာတွေရေးမှိမှန်းလည်းမသိဘူး၊ သူများက တဂ် တော့ ဒီကလည်းလိုက်ရေးရတာ၊ မောင်တို့ရွာက ဘလော့တွေဘာတွေ ဖတ်ရတာမဟုတ်ဘူး၊ ဒိုမိန်းတောင်ပွင့်ချင်မှ ပွင့်တာ၊ အဲဒီတော့ နီးစပ်ရာ ကိုနတ်ဆိုး ရဲ့ တဂ်ပို့စ်ကို ၊ ကြည့်ပြီး လိုက်ရေးလိုက်တာ၊ မှားရင်လည်း သည်းခံကြပါ၊ ဟိုရောက် ဒီရောက် ဖြစ်နေ တယ်လို့တော့ သိပါတယ်။

အရေးပေါ်ရေးလိုက်ရတော့ ဘယ်ကနေဘယ်လိုစရမှန်းတောင်မသိပါဘူး ဗျာတို့ရယ်၊ ဒီပိုစ့်ကို ဖတ်ပြီး မျက်စိ ဒုက္ခများ ရောက်သွားမယ်ဆိုရင်ဖြင့် ငမိုက်သား ကိုကိုငွေအားခွင့်လွတ်ပါ ရန်တောင်းပန်ပါ၏၊ တဂ်ပိုင်ရှင်ကြီး(မောင် စွယ်စုံကျမ်း)ကလည်း ငါ့၏ တဂ်ပိုစ့်ကို ဒီမောင်ရင်က ဖြစ်သလိုရေးပေးတယ် လို့မထင်စေလိုပါကြောင်း…..ဟောင်း……..ဟောင်း…..။

ဘလော့စာရှု့သူများ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်း ချမ်းမြေ့ကြပါစေခင်မျာ။

Saturday, August 6, 2011

လူမျောက်မိသားစု

ပုံ (၁) လူမျောက်မိသားစု
ကုန်းဘောင်မင်းများ လက်ထက်မှာ ရုံးကြီး ငါးရပ်ဆိုတာ ရှိလေငဲ့ ၊ ထိုငါးမျိုးသော ရုံးတို့တွင် တစ်ခု အပါဝင်ဖြစ်သော ရွှေတိုက်ဟူဘိကား၊ မင်းများ၏ အသုံးဆောင်တော်များ အပြင် ရတနာ ပစ္စည်းများ၊ အလောင်းမင်းတရားကြီး လက်ထက်မှစတင်ပြီး မင်းတုန်းမင်းကြီးတိုင်အောင် ကုန်းဘောင်ဆက် မင်းများ၏ ၊ ကိုယ်အလေးချိန်နှင့် ထပ်တူရွှေသားဖြင့် သွန်းလောင်းပြုလုပ်ထားသော ရွှေကိုယ်လေးများကို ထားရှိပါတယ်။

ထို့ပြင် မင်းအဆက်ဆက် တွင် အစိုးရရာ နိုင်ငံတော် အရပ်ရပ်မှ၊ တင်သွင်းဆက်သလာသော ပစ္စည်းပစ္စယများ ၊ မင်းခမ်းတော်များ၊ ရတနာများ၊ အသုံး ဆောင်တော်များကို ပန်းချီဖြင့် ရေးသား မှတ်တမ်းပြုစုထားသော နန်းတွင်းပရပိုဒ်ဖြူ ကိုလည်း ရွှေတိုက်မှာပင် ထားရှိပါတယ်။

 ထိုပုရပိုဒ်ဖြူသည်၊ ဆေးရေးပန်းချီစာအုပ်ဖြစ်ပြီး၊ ရွှေနန်းစဉ် လက်သုံးပုံတော် ပုရပိုဒ်ဖြူ ဟူ၍ လူသိများပါတယ်၊ နန်းတွင်းပုရပိုဒ်ဖြူဟူသည်၊ မင်းတပါးအသစ် နန်းတတ်တော်မူတိုင်း အသည်ဝန် ခန့်ထားတော်မူပြီး၊ ထိုအသည်ဝန်ကို တာဝန်ပေးအပ်ခါ ထိုမင်းလက်ထက်တော် တွင် အပြည်ပြည် အခန်းခန်း မှဆက်သလာရာ ပစ္စည်းပစ္စယများ အသုံးဆောင်တော်များ၊ ရတနာများ၊ အံဖွယ်ရာ ၊ ဆင်၊ မြင်း၊ လူ၊ စသော  ဆက်သလာသော ပစ္စည်းများကို  ဆေးရေးပန်းချီဖြင့် မှတ်တမ်းတင်ထားသော ပန်းချီမှတ်တမ်းစာအုပ်ဖြစ်ပါသည်။

ကုန်းဘောင်မင်းဆက်၏ နန်းတွင်းပုရပိုဒ်ဖြူကို အလောင်းမင်းတရားကြီး လက်ထက်တော်မှ စတင်ရေးသားလာပြီး၊ ကုန်းဘောင်ဆက်၏ နောက်ဆုံး မင်းဆက်ဖြစ်သော သီပေါဘု ရင်မင်းတရားကြီးလက် ထက်တော်ထိ ရေးသားမှတ်တမ်းတင်ထားသော မှတ်တမ်းစာအုပ်ဖြစ် သည်။

 ထိုနန်းတွင်းပုရပိုဒ်ဖြူကို နောက်ဆုံးရေးသားမှတ်တမ်း တင်ခဲ့သော သူမှာ သီပေါမင်းတရား ကြီးလက်ထက် အသည်ဝန် တိုင်တားမြို့စားမင်း မင်းကြီးမဟာသီဟသူရဖြစ်ပါသည်။ ထိုနန်းတွင်း ပုရပိုဒ်ဖြူ တနေရာတွင် သက္ကရာဇ်(၁၁၈၃) ခုနှစ် ရတနာပူရ နန်းတည် ဘကြီးတော်ဘုရား လက်ထက် ဟံသာဝတီမြို့ဝန်မှ လူမျောက် ငရွှေမောင်ကို လာရောက်ဆက်သဟု ပုံနှင့်တကွ ရေး သားမှတ်တမ်းပြု စုထားပါတယ်။

ထိုရွှေတိုက်တွင် ထားရှိသော နန်းတွင်းပုရပိုဒ်ဖြူ၏ အဆိုအရ ၊ လူမျောက်ငရွှေမောင်သည်၊ လာရောက်ဆက်သစဉ် လွန်စွာအသက်ငယ်သေးပြီး၊ မျက်နှာတခုလုံးတွင်၊ အမွှေးအမှင်များဖုံးအုပ် နေပြီး၊ ထိုအမွေးအမျှင်များသည် အညိုရောင်အဆင်းရှိပြီး၊  ပိုးသားကဲ့သို့ အလွန်နူးညံ့ပြီး အရှည် တမိုက်ခန့်ထိ ရှိသည်ဟု ရေးသားထားပါတယ်။

ထိုမင်းလက်ထက် မြန်မာနှစ် (၁၁၈၈)ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၉)ရက်နေ့တွင်၊ ဂျွန်က ရောဖို့ ဦးဆောင်သော အင်္ဂလိပ်သံအဖွဲ့သည် အမရပူရမြို့တော်သို့ ရောက်ရှိခဲ့ပြီး၊ ထိုအဖွဲ့တွင် ပါဝင်သော ကပ္ပတိန်ယူးလ်၏ အစီအရင်ခံစာတွင် လူမျှောက်ငရွှေမောင်နှင့် တွေ့ဆုံခဲ့ရပုံကို စိတ်ဝင်စားဖွယ် ဖော်ပြထားပါတယ်။

ယူးလ်၏ အစီရင်ခံစာတွင် လူမျောက်ငရွှေမောင် အကြောင်းကို ဤကဲ့သို့ မှတ်တမ်းတင်ထား ပါတယ်၊ လူမျောက် ငရွှေမောင်သည် ရှေ့သွားအနည်းငယ်သာ ရှိပြီး အံသွားလုံးဝ မရှိပေ၊ သို့ရာတွင် အလွန်မာကျောသော အရာဝတ္ထုများကို ကောင်းစွာဝါး စားနိုင်သည်၊ အသားလုံးဝ မစားပေ၊ ဟင်းသီးဟင်းရွတ်နှင့်၊ ပဲ သစ်သီးသစ်ဖုများသာ စားသည်။

ထူးခြားချက်မှာ မောင်ရွှေမောင်၏ မိဘများသည် သာမန်လူသားများပင်ဖြစ်သည်၊ မောင်ရွှေမောင် တစ်ဦးတည်းသာ အမွှေးအမျှင်များ ဖုံးအုပ်နေခြင်းဖြစ်သည်၊ မောင်ရွှေမောင်သည် အမျိုးသမီးငယ် တစ်ဦးနှင့် လက်ထပ်ခဲ့သည်။ သမီးတစ်ဦးရှိသည်၊ ဖခင်မောင်ရွှေမောင်ကဲ့သို့ တစ်ကိုယ်လုံး အမွှေး မမျှင်များ ဖုံးလွှမ်းလျက်ရှိသည်၊ အမည်မှာ မယ်ဖုံးဟုခေါ်သည်ဟု ရေးသားမှတ်တမ်းတင် ခဲ့ပါတယ်။

နောက်ပိုင်း လူမျှောက်ငရွှေမောင် အကြောင်းကို သိမှီခဲ့သူ မြင်းမှူးမင်းသားကြီး ဦးမောင်မောင် တင်က ပြည်ဦးလွင်စံအိမ်တော်တွင် နေထိုင်ခိုက် ၊ အာဇာနည်ခေါင်းဆောင်ကြီး ဒီဒုတ်ဦးဘချိုနှင့် အဘိုးကို `မယ်ဖုံးဟာ သာမန်အရပ်သား တစ်ယောက်နှင့် လက်ထပ်တယ်၊ မောင်ဘိုးဆင်လို့ ခေါ် တဲ့သားတစ်ယောက်ရတယ်၊ ၁၄နှစ်သားအရွယ် မောင်ဘိုးဆင်ကလည်း သူ့အဘိုးဖြစ်သူ ဦးရွှေမောင်နှင့် အမေဖြစ်သူမယ်ဖုံးကဲ့သို့၊ တစ်ကိုယ်လုံးအမွှေးအမျှင် များရှိတယ်ဗျား´ ဟုပြောဖူး ခဲ့ကြောင်း ၊ မှတ်စုအောက်ခြေမှာ ရေးသားထားတာကို ဖတ်မှတ်မှိပါတယ်။

(လူမျောက်ငရွှေမောင်ဆိုတာ ရှိခဲ့တယ်ဆိုတာကို ဒါဝင်သာ သိခဲ့ရင် မြန်မာပြည်များ ရောက်လာ လောက်တယ်လို့တောင် တွေးမှိသေးတယ်၊ လူမျောက် ငရွှေမောင်ရဲ့သမီး မယ်ဖုံးရဲ့ပုံကတော့ ရှိပါတယ်၊ အရင်တုန်းက ဒီဘလော့ရဲ့ ညာဖက် မှာ တင်ထားတယ်၊ ခေတ်စနစ်တွေကြောင့် မျက်မှန်တပ်ထားရတယ်၊ မျောက်ပေမဲ့၊ ခေတ်သိပ်မှီတယ်၊ စကပ်နဲ့ ဘောင်းဘီရှည်သာ ၀တ်တယ် မဒမ်ငွေကိုပြောတာ မဟုတ်ရပါဘူး၊ ကိုကိုငွေ ချစ်သူကိုပြောတာပါ။)

ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ ကြပါစေခင်မျာ။
 
လူ့မျောက်မိသားစု အတွက် ပုံလေးတွေ ရှာရင်း တွေ့ရှိလာတဲ့ သူတို့မိသားစုအကြောင်းလေးတွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်အချက်အလက်မတူတာများရှိရင်နားလည်ပေးကြပါလို့ပြောချင်ပါတယ်။
http://shwefriends.com/profiles/blog/list?month=11&year=1999လင့်တွင်အပြည့်အစုံ ဖတ်နိုင်ပါသည်

ကုန်းဘောင်ခေတ် လူမျောက် အကြောင်းကို လူထုဒေါ်အမာ၊ ဒဂုန်ခင်ခင်လေး၊ ဦးစိန်မောင်ဦး၊ မြကေတု၊မောင်သန်းဆွေ(ထားဝယ်)အစရှိတဲ့စာရေးဆရာများကပုံစံအမျိုးမျိုးရေးခဲ့ကြပါတယ၊်ဒဂုန်ခင်ခင်လေးကစာဆိုတော်ဝတ္ထုကြီးထဲမှာ၊ လူထုဒေါ်အမာက ဈေးကောက်လူမျောက် ဆောင်းပါး၊ ဦးစိန်မောင်ဦးကလူမျောက်မိသားစုနှင့် သိပံ္ပပညာ အမြင်၊ မြကေတုက လူမျောက် မောင်ရွှေမောင်နှင့်သမီးမယ်ဖုံ၊ မောင်သန်းဆွေက ကုန်းဘောင်ခေတ်က လူမျောက်ရှင်းတမ်း စတဲ့နာမည်တွေနဲဖြစ်ပါတယ်။



ပုံ (၂) ဦးရွှေမောင်
ပထမဆုံးလူမျောက်ဖြစ်တဲ့ဦးရွှေမောင်ကို၁၇၉၆ခုနှစ်မှာသံလွင်မြစ်ဘေးကလောနိုင်ငံမိုင်းရုံးကြီးနယ်မှာမွေးဖွားခဲ့တယ်။(ပထဝီအခြေအနေနဲ့အခေါ်အဝေါ်အရအဲဒီဒေသဟာအခုထိုင်းနိုင်ငံထဲကMaeYongပဲဖြစ်ဖို့များပါတယ်)အဲဒီဒေသကိုအပိုင်စားတဲ့စော်ဘွားတစ်ယောက်ကထူးထူးဆန်းဆန်းအမွှေးအမျှင်တွေနဲ့ကလေးငယ်ကိုမြန်မာဘုရင်ထံအထူးအဆန်းလက်ဆောင်ပဏ္ဍာအဖြစ်နဲ့ဆက်သလိုက်တာမို့သူ့အသက်ငါးနှစ်သားအရွယ်မှာဘုရင်ထံကိုရောက်လာပါတယ်။သူ့တစ်ကိုယ်လုံးမှာအမွှေးနုနုလေးတွေရှည်လျားစွာပေါက်နေတယ်။သူ့မျက်လုံးအသားအရေပုံစံစတာတွေကမြန်မာတွေနဲ့မတူဘူးလို့ဆိုပါတယ်။

(ဒီအဖြစ်အပျက်တွေကို၁၈၂၆မှာပထမဆုံးမှတ်တမ်းတင်နိုင်ခဲ့တဲ့အင်္ဂလိပ်သံအဖွဲ့ကကရောဖို့(ဒ်)မှတ်တမ်းကိုလူထုဒေါ်အမာဆောင်းပါးထဲမှာဖတ်နိုင်ပါတယ်)

ရွှေမောင်ဟာအဲဒီကတည်းကနန်းတွင်းမှာပျော်တော်ဆက်အဖြစ်နဲ့ကြီးပြင်းလာခဲ့တယ်။မျောက်တွေလိုကပြဖျော်ဖြေရပါသတဲ့။သူ့မိဘတွေမှာရောသူတို့မျိုးနွယ်စုထဲမှာပါသူ့လို အမွှေးအမျှင်တွေမရှိဘူးလို့ သူကပြောပါတယ်။ လူပျိုအဖြစ်ကို အသက်၂၀အရွယ်မှရောက်ပါတယ်တဲ့။ အသက်၂၂မှာတော့ဘုရင်က(ဘကြီးတော်ဘုရား)သူ့ကိုလှတဲ့နန်းတွင်းသူတစ်ယောက်နဲ့လက်ထပ်ပေးပါတယ်။သူတို့ကလေး လေးယောက်ရခဲ့တယ်။ အားလုံးကမိန်းခလေးတွေချည်းပါပဲ။

နှစ်ယောက်ကတော့ယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားခဲ့ပြီးတတိယသမီးလေးကမိခင်ဖြစ်သူနဲ့တော်တော့်ကို တူပါသတဲ့။ နောက်ဆုံး ၂နှစ်အရွယ် ကလေးတစ်ယောက်ကတော့သူ့လိုပဲ အမွှေးအမျှင်တွေနဲ့ ဖြစ်လာတယ်။ အဲဒီ အငယ်ဆုံး သမီးက ရွှေမောင်ရဲ့အမွေကိုဆက်ခံတဲ့ မဖုံး ဖြစ်ပါတယ်။
ပုံ(၃) ကိုရွှေမောင်တို့ အကြောင်းကို ပထမဆုံး မှတ်တမ်းတင်ခဲ့သူ John Crawfurd



ပုံ (၄) မဖုံး

အဲဒီနောက် ၁၈၅၅မှာ အင်းဝကို ဟင်နရီယူး(လ်) ရောက်လာခဲ့ပါတယ်။ သူတို့ ရောက်လာချိန်မှာတော့ ကိုရွှေမောင့်သမီး မဖုံးဟာ အသက် ၃၁အရွယ် ရှိနေပါပြီ။သူ့ကို အီတလီလူမျိုး တစ်ယောက်က လက်ထပ်ပြီး နိုင်ငံခြားကိုခေါ်သွားဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့်သီပေါမင်းကခွင့်မပြုခဲ့ပါဘူး။နောက်ဆုံးတော့ မဖုံးကိုဘုရင်ကပဲသာမန်အရပ်သားတစ်ယောက်နဲ့လက်ထပ်ပေးခဲ့တာလို့ဆိုရပါမယ်။ဦးရွှေမောင်ကတော့လူဆိုးဓားပြတွေသတ်ဖြတ်လို့ကွယ်လွန်ပြီးခဲ့ပြီလို့သိရပါတယ်။မဖုံးဟာလည်းသူ့အဖေဦးရွှေမောင်လိုပဲတစ်ကိုယ်လုံးကိုအမွှေရှည်တွေနဲ့ဖုံးလို့နေပါတယ်။မဖုံးကနေ သားသမီး သုံးယောက် မွေးဖွားခဲ့ပြီး အဲဒီအထဲက မောင်ဖိုးဆက်နဲ့မမိတို့ဟာမဖုံးလိုပဲ တစ်ကိုယ်လုံးမှာ အမွှေးတွေနဲ့ ဖြစ်ပါတယ်။
 ပုံ(၅) ၁၈၅၅မှာ မဖုံးအကြောင်းကိုမှတ်တမ်းတင်နိုင်ခဲ့သူ Sir Henry Yule
(May1,1820-December30,1889)


သူတို့မိသားစုဟာ သူတို့ကို အထူးအဆန်း လာကြည့်တဲ့ နိုင်ငံခြားသားတွေ ဆီကနေ အခကြေးငွေကိုကောက်ခံပြီးအသက်မွေးဝမ်းကျောင်းမှုပြုခဲ့တယ်။သူတို့ဟာကြည့်ရှုသူတစ်ယောက်ချင်းစီကနေရူပီးငွေလေးဆယ်ယူတယ်လို့သိရပါတယ်။နာမည်ကြီးဖျော်ဖြေတင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ ဘာနမ်ဟာ ၁၈၇၁ ခုနှစ် ကတည်းကသူတို့ကိုအမေရိကန်ခေါ်ပြီး သူရဲ့ (Greatest Show On Earth) ဆိုတဲ့ ဆပ်ကပ်ပွဲကြီးမှပြစားဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘုရင်က ခွင့်မပြုခဲ့ဘူး။ 


၁၈၈၅မှာတော့ သီပေါမင်းနန်းကျပြီး နန်းတွင်းရေးတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ မဖုံးတို့ မိသားစုဟာနေပြည်တော်ကနေတောတွင်းတစ်နေရာကိုထွက်ပြေးခဲ့ကြတယ်။မောင်ဖိုးဆက်ဟာမျက်စိမကောင်းတော့တဲ့မိခင်မဖုံးကိုကျောမှာပိုးပြီးထွက်ပြေးခဲ့တယ်လို့ဆိုပါတယ်။တောထဲမှာ သူတို့ ဒုက္ခရောက်နေစဉ်မှာပဲ သီပေါမင်းထံမှာ အမှုထမ်းခဲ့ဖူးတဲ့အီတလီလူမျိုး အရာရှိ ကပတ်တိန် ပေပာနိုက (Captain Paperno) သူတို့ကိုရှာတွေ့ပြီးကယ်တင်ခဲ့တယ်။ ပြီးတော့ သူတို့ကို ဥပရောကို ပို့ဖို့ စီစဉ်ခဲ့ပါတယ်။ ၁၈၈၆ဇွန်လထဲမှာမမိ ကွယ်လွန်ခဲ့တယ်လို့ဆိုပါတယ်။ အသက် ၂၃နှစ် အရွယ်လောက်မှာဖြစ်ပါလိမ့်မယ်။၁၈၈၆နွေရာသီမှာတော့ သူတို့ကို လန်ဒန်မြို့ပီကာဒလီ လမ်းပေါ်က Egyptian Hall မှာပြန်လည်တွေ့မြင်ရပါတယ်။


ပုံ(၆)မဖုံး (၃၁နှစ်) နှင့် မောင်ဖိုးဆက် (၁၄လသားအရွယ်)
(၇)မောင်ဖိုးဆက်
 
ပုံ(၈) မဖုံးတို့ကို အမေရိကားမှာ ပြစားခဲ့သည့် Phineas Taylor Barnum
(July5, 1810 – April 7, 1891)


၁၈၈၆ ခုနှစ် နွေရာသီမှာ မဖုံးနဲ့ မောင်ဖိုးဆက်တို့ အင်္ဂလန်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ မဖုံး အသက်က ၆၂ နှစ်လောက် ရှိနေပြီဖြစ်ပြီး မျက်စိလည်းကွယ်နေပါပြီ။ ဘာနမ်လည်း သူတို့ရှိရာ အင်္ဂလန်ကို လိုက်လာပါတယ်။ သူ့အကြံကအမေရိကားမှာ စီစဉ်တင်ဆက်နေတဲ့ သူ့ရဲ့ ပွဲထဲမှာ မဖုံးတို့ သားအမိနှစ်ယောက်ကိုပြသဖို့ပါပဲ။ ဒါပေမယ့် သူ့ထက်အရင် လာပြီး စည်းရုံးနေတဲ့ အခြားသောပွဲစီစဉ်နေသူတွေလည်း အဲဒီကို ကြိုရောက်နေတာကိုတွေ့ခဲ့ရပြန်တယ်။

နောက်ဆုံးမှာတော့ဘာနမ်ဟာ အခြားသူတွေပေးတဲ့ဈေးထက် အများကြီးပိုပေးပြီး (ယခုခေတ် ဒေါ်လာ၂.၃သန်းလောက်ပေးရတယ်လို့ သိရပါတယ်) သူတို့မိသားစုကို ၁နှစ် စာချုပ်နဲ့ သူ့ဆီမှာ ပြသဖို့သဘောတူညီချက် ရရှိခဲ့ပါတယ်။ မဖုံးနဲ့ သားဖြစ်သူ တို့ဟာ ၁၈၈၇ မှာလန်ဒန်ကနေပြင်သစ်နိုင်ငံကနာမည်ကျော်FoliesBergereကိုလည်းရောက်သွားခဲ့ပါသေးတယ်။အဲဒီနောက်သူတို့ဟာဘာနမ်နဲ့သဘောတူညီချက်အရ အမေရိကန်က ဘာနမ်ရဲ့ဆပ်ကပ်ပွဲတွေမှာလိုက်ပါဖျော်ဖြေခဲ့ကြတယ်။
 
စာချုပ်သက်တမ်း မကုန်ဆုံးမီကာလ ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီလမှာတော့ မဖုံးဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ကွယ်လွန်ခဲ့တယ်။ ၁၈၅၅ ကပါတ်တိန် ဟနရီယူး(လ်) လာတုန်းကသူမအသက်က ၃၁နှစ် ဆိုခဲ့တော့ ကွယ်လွန်ချိန်မှာ အသက်၆၄နှစ်လို့ မှတ်ယူရပါတယ်။ သူ့ဈာပနကို ဝါရှင်တန်ဒီစီ သင်္ချုင်းမှာပဲ မြန်မာထုံးတမ်းစဉ်လာ အတိုင်း သဂြို ခဲ့တယ်လို့သိရပါတယ်။

မဖုံး ကွယ်လွန်သွားပေမယ့် မောင်ဖိုးဆက်ဟာ သူ့မိန်းမနဲ့အတူ ဆက်ပြီး ပွဲတွေပြသခဲ့တယ်လို့ ယူဆရပါတယ်။ သူ့မိန်းမဟာ တချိန်က နန်းတွင်းအပျိုတော်တစ်ဦးဖြစ်ပါတယ်။ မောင်ဖိုးဆက်ဟာ တစ်ကိုယ်လုံး အမွှေးတွေဖုံးနေပေမယ့်ခါးကနေစပြီးဒူးအထိမင်ကြောင်အပြည့်ထိုးထားတယ် နူးညံ့သိမ်မွေ့ပြီး ဉာဏ်ရည်လည်း မနိမ့်ကျသလိုဆက်ဆံရေး ကောင်းမွန်တယ်လို့ J.J. Weir ဆိုသူကလည်း မှတ်တမ်း တင်ခဲ့တယ်။

မောင်ဖိုးဆက် အကြောင်း နောက်ဆုံး တွေ့ရတာက ၁၈၉၄ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ World's Columbian Dental Congress, Volume 1မှာပါ။ အဲဒီအထဲက ဆရာဝန်တစ်ယောက်ဟာ မောင်ဖိုးဆက်ကို ၁၈၉၁မှာတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။သူ့ရဲ့သွားတွေကိုစစ်ဆေးကြည့်ဖို့ ကြိုးစားပေမယ့် ပွဲစီစဉ်သူတွေက ခွင့်မပြုခဲ့ဘူးလို့ဆိုပါတယ်။အဲဒီနောက်ပိုင်းမှာတော့သူတို့ရဲ့ သတင်းတွေ ပျောက်ကွယ်သွားခဲ့တယ်။

 
Buchanan's Journal of Man, February 1887 Volume 1, Number 1 ထဲမှာမောင်ဖိုးဆက်မှာသားသမီးမရှိဘူးလို့ဆိုထားတာမို့အောက်ပါဓာတ်ပုံအရဆိုရင်လည်းအမျိုးသမီးငယ်ဟာမောင်ဖိုးဆက်ရဲ့ညီမမယ်မိဖြစ်ပါလိမ့်မယ်။အလယ်မှာရပ်နေတဲ့လူဟာမဖုံးရဲ့ယောက်ျား မောင်ဖိုးဆက်ရဲ့ အဖေဖြစ်လိမ့်မယ်လို့တွက်ဆကြပါတယ်။မယ်မိကလည်းအသက်၂၆နှစ်မှာကွယ်လွန်ခဲ့တယ်ဆိုတော့သားသမီးမရှိလောက်ပါဘူး။နောက်ဆုံးမျိုးဆက်ဖြစ်တဲ့မောင်ဖိုးဆက်မှာသားသမီးမရှိဘူးဆိုတော့မျိုးဆက်ပြတ်သွားတယ်လို့ ယူဆရပါတယ်။
ပုံ(၉) From Martin Monestier's Human Oddities.

ပုံ(၁၀) Maphoon, Moung-Phoset and Mah-Me. The original Goss photograph
from which the La Nature (1875) illustration was engraved