Sunday, September 4, 2011

ထိန့်လန့်မှိပါကြောင်း

Black ဟူသည်၊ မဲသော၊ မည်းနက်သော နာမည်ပျက်ဖြစ်သော၊ ယုတ်မာသော၊ အပြစ်ရှိသော၊ မှောင်ချသည်၊ မှောင်ချခြင်းခံရသော စသည့်အနက်ဓိပ္ပါယ်များရှိပါ၏၊  ထို့အတူ Without ဆိုသည် မှာလည်း၊ မရှိဘဲ၊ မဟုတ်ဘဲ၊ မပါရှိဘဲ၊ လျစ်လျူပြုလျှက်၊ ရှောင်းရှားခြင်း၊ ဟူသော အဓိပ္ပါယ်ရှိ သည်ကို အားလုံးအသိပင်ဖြစ်သည်မဟုတ်ပါလော၊ သို့သော်လည်း ဘလက်ခ်နှင့် ၀တ်သောက် ဟု ဆိုလိုက်လျှင်၊ တဖက်နိုင်ငံမှ တရားမ၀င်တင်သွင်းသော ကားနှင့် ဆိုင်ကယ်များဟု မြန်မာ နိုင်ငံသား အများအပြား အကျွမ်းဝင်းရင်းနှီးပြီးသားဖြစ်ပါလိမ့်မည်။

ဤကဲ့သို့ တဖက်နိုင်ငံမှ ဘလခ်နှင့်ဝတ်သောက်များ မြောက်များစွာ မြန်မာပြည်၌သုံးစွဲ နေကြခြင်း ကိုထောက်ဆ၍ ၊ မြန်မာနိုင်ငံရှိ မော်တော်ယာဉ်ထုတ်လုပ်ရေး( စက်မှုဇုန်) လုပ်ငန်းများသည် အမှန်တကယ် မိမိတို့၏ ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်နိုင်စွမ်းရှိမရှိ အပေါ် အရှိကို အရှိတိုင်း လက်ခံဆန်းစစ်သင့်သည်မဟုတ်ပါလော၊ တဖက်နိုင်ငံမှာ( ခုနှစ်ထွက်/အမျိုးစားအလိုက်) မှောင်ခို လမ်းကြောင်းမှ တင်သွားလာသော တစ်ပတ်ရစ်အသုံးပြုပြီးသား (USED) ကားများကို ဖင်တိ ခေါင်းတိလုပ်ပြီး ၊ စက်မှု့ဇုန်ထုတ်ကားများ အဖြစ် တရားဝင် မြန်မာ့ရုပ်သံမှ ထုတ်လွှင့်ပြသခါ တရားဝင်လိုင်စင်ထုတ်ပေးခြင်းသည်၊ နိုင်ငံတကာနယ်ပယ်ကို မဆိုထားနှင့် ဒေသတွင်း နိုင်ငံများအတွင်းမှာပင် အထင်မြင်သေးဘွယ်ရာ အောက်တန်းကျ လုပ်ရပ်ဖြစ်သလို ကောင်းမွန်သော အစိုးရတရပ်၏ လုပ်ထုံးလုပ်နည်းတို့နှင့်လည်း ဖီလာပြုနေသည်ကို သက်ဆိုင်ရာမှ သတိပြုသင့်ပေသည်။

အိမ်နီးချင်းနိုင်ငံတခုမှ အသုံးပြုပြီး တစ်ပတ်ရစ် မော်တော်ယာဉ်များကို၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုသယ်ယူ၍ ၊ ပြည်တွင်းရောက်ရှိလာပါက အဆိုပါမော်တော်ယာဉ်ကို ဖြေလျှော့မှု့တခုအဖြစ် သတ်မှတ်အမြတ်ခွန်ဆောင်စေပြီး တရားဝင်လိုင်စင် ထုတ်ပေးခြင်းသည်လည်း၊ မိမိနိုင်ငံ၏ စီးပွားရေးဂုဏ်သိက္ခာကို ထိုခိုက်စေကြောင်း လုပ်နေသူများ ကိုသိစေချင်ပါ၏။

 တစ်ပတ်ရစ် (USED) မော်တော်ယာဉ် တံဆိပ်မျိုးစုံ၊ မော်ဒယ်မျိုးစုံကို တစ်ဖက် နိုင်ငံ၏ နယ်စပ်ကွပ် လပ်ကြီးတခုအတွင်း အမိုးအကာမဲ့ စုပုံရပ်ထားပြီး၊ ထိုကားများသည် ထိုနိုင်ငံ အတွင်း လမ်းများပေါ်သို့ လုံးဝဘီးချခွင့်မရဘဲ မိမိနိုင်ငံဘက်သို့ ဈေးကွက်ကြီးတခုအနေဖြင့် အဓိက ထားရောင်းရန် စုပုံထားခြင်းကို မဂ္ဂဇင်းကြီးတခုက ဓာတ်ပုံများနှင့် တကွ ရေးသားဖော်ပြ ခဲ့ဖူးသည်။

ထိုမှောင်ခိုဝင်လာသော ကားများကို မြန်မာ့စက်မှု့ဇုန်ထုတ် ကားများအဖြစ် အမည်တပ်ထားခြင်းအ ပေါ် ဆိုင်ရာမော်တော်ယာဉ်ထုတ်လုပ်သော ပင်ရင်းနိုင်ငံကုမ္ပဏီကြီးများက တရားစွဲဆိုခြင်းမပြု သည်ပင်လျှင် ကံကောင်းလေစွ၊ သို့သော် နိုင်ငံတခု၏ ကျင့်ဝတ်သိက္ခာအရ ထိုထို အလုပ်မျိုးကို မလုပ်အပ်ပေ၊ ထိုကြောင့် မြန်မာ့စက်မှု့လက်မှု့သည် ကမ္ဘာ့တန်းဝင်ပစ္စည်းများ ထုတ်လုပ်နေပါပြီ ဟု အရှက်မဲ့ ကျြေညာရဲ ဖြေရဲသော စက်မှု့ဆိုင်ရာ ၀န်ကြီးဝန်ကလေးတို့ သတိပြုဘွယ်ရာဖြစ်ပါ၏။

ဈေးကွတ်စီးပွားရေး စနစ်ကျင့်သုံးပါသည်ဟူ၍ နိုင်ငံပိုင်မီဒီယာမှ ပြူးတူးကြောင်တောင် ဖြင့် အော်ဟစ်ပြောဆိုတတ်သော အရပ်သားဝန်ကြီး တဖြစ်လဲ တောထွက် ၀န်ကြီးတဦး ကိုမေးလို သည်မှာ  ၄င်းပြောသော ဈေးကွတ်စီးပွားရေးကျင့်သုံးသည့် နိုင်ငံတခုတွင် ကားနှင့်မော် တော်ဆိုင် ကယ်တင်သွင်းခွင့် ပိတ်ပင်ထားခြင်းသည် ဥပဒေနှင့်ညီညွတ်သလော၊ သို့တည်းမဟုတ် စီးပွားရေးရာ အချောင်သမားများ စီးပွားရေးပါဝါအီလစ်များ၏ လက်ဝါးကြီးအုပ်မှု့လားဟု မေးလို ပါ၏။

ဆိုင်ကယ်များ

တရုတ်လုပ်မော်တော် ဆိုင်ကယ်အများစုသည် 110.CC အမျိုးအစားအင်ဂျင်ဖြစ်ပြီး၊ အောက်ပါ တံဆိပ် ၀တ်သောက် မော်တော်ဆိုင်ကယ်များကို မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ဧရာဝတီတိုင်းတို့တွင် အများအပြားတွေ့ရသည်။

(1)kembo(2)penbo(3)lojia(4)canda(5)feling(6)Zhineng(7)jialing(8)hensien(9)yixing(10) Ambo(11)fekon(12)Lanjar(13) Zihstar(14) Zoung shan (15)yinshi (16)lonsin(17) hibird (18)follow me  စသောအမျိုးစားများ၊ ထိုင်းနိုင်ငံလုပ်  125.CC ,110.cc,100.CC အဂျင် တပ်မောင်တော်ဆိုင်ကယ်များ၊ မလေးရှားနိုင်ငံလုပ် Kaze မော်တော်ဆိုင်ကယ်များ အထက်ပါ တံ ဆိပ်များဖြင့် အသစ်စက်စက်များပါကင် မပါဘဲ တရုတ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှတဆင့် မြန်မာပြည်တွင်းမန္တလေးသို့ ရောက်ရှိလာပုံမှာ အံဘွယ်ဘနန်းကိစ္စများပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုထိုဆိုင်ကယ်တို့သည် စစ်ဆေးရေးဂိတ်၊ အကောက်ခွန်ဂိတ်၊ စသည်များ အဆင့်ဆင့်ကို ဘယ်လိုကျော်ဖြတ်လာကြပါသနည်း၊ မြ၀တီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မြ၀တီမြို့နှင့် အနီးကပ်ဆုံးပြည်မဒေသ ပဲခူးသို့ ရောက်ရှိရင်အတွက် စစ် ဆေးရေးဂိတ်နှင့်၊ အကောက်ခွန်ဂိတ်ပေါင်း ၁၃ခုကို ဖြတ်ကျော်ရမည် ၄င်းတို့မှာ-----

၁-တဖက်ကမ်းမှ မြ၀တီအ၀င်ဂိတ်၊ ၂-မြ၀တီမြို့အထွက်ဂိတ်၊ ၃-သင်္ကန်းညီနောင်ဂိတ်၊ ၄-အလယ် ဗိုလ်တဲစခန်းဂိတ်၊ ၅-အောက်ဗိုလ်တဲစခန်းဂိတ်၊ ၆-ကော့ကရိတ်မြို့အ၀င်ဂိတ်၊၇- ကော့ကရိတ်မြို့ အထွက်ဂိတ်၊ ၈-ကျုံဒိုး တံတားဖြတ်ဂိတ်၊ ၉-ဘာအံမြို့အ၀င်ဂိတ်၊၁၀-ဘားအံတံတားဂိတ်၊ ၁၁-မွန်ပြည်နယ် ကျိုက်ထိုမြို့( မရမ်းကုမ်းနယ်စပ်ကုန်ပစ္စည်းများ စစ်ဆေးရေးဂိတ်ကြီး) နယ်စပ်ကုန် သွယ်ရေး/အကောက်ခွန်/ လူဝင်မှုကြီးကြပ်ရေး/မြန်မာနိုင်ငံရဲတပ်ဖွဲ့/ကနညအဖွဲ့များဖြင့် စုဖွဲ့ထား သောအဖွဲ့အစည်းကြီး၊ ၁၂-စစ်တောင်းတံတားသစ်ကြီး အထွက်ဂိတ်၊ ၁၃- ဝေါမြိုနယ်အ၀င်ဂိတ် အဲလိုဂိတ်တွေကို ဘယ်လိုဒီဆိုင်ကယ်တွေ ဖြတ်ကျော်လာခဲ့သည်ကို၊ ဆိုင်ရာပုဂ္ဂိုလ် သတိပြုဆင် ချင်ဘွယ်ဖြစ်ပါ၏။

လာဒ်ပေးလာဒ်ယူ ပပျောက်အောင်လုပ်နေပါသည်ဟု ပြောဆိုနေကြသောအခါ ထိုထိုကိစ္စတို့ကို အကျယ်ချဲ့ကြည့်ရန်လိုအပ်ပေသည်၊ ဘလက်ခ်နှင့်ဝတ်သောက်ဆိုင်ကယ်များ မြန်မာနိုင်ငံတွင် အတိုင်းအတာ တခုထိ ပိုမိုများပြားနေသည်ကို ဆိုင်ရာဝန်ကြီးများ မုန်လာဥဟူ၍ ငြင်းဆိုရန် မသင့် တော်ပါပေ၊ မည်သို့ပင်ဖြစ်စေကားမူ စီးပွားရေးပါဝါအီလစ်များကြောင့်၊  နိုင်ငံတော်၏ အမျိုးသား စီးပွားရေး တခုလုံး ပျက်သုဉ်းသွားနိုင်သည်ကို ဆိုင်ရာပုဂ္ဂိုလ်များ အလေးအနက်သတိပြု သင့်ပါ၏။

ယခင်က `ခေတ်ပျက်သန်းကြွယ်သူဋ္ဌေးများ ´ ပေါ်ပေါက်ခဲ့ဖူးသလိုသည်၊ ယခုအခါမူကား `စနစ်ပျက် ဘီလျှံကြွယ် သူဋ္ဌေးကြီးများ ပေါ်ပေါက်လာကြပြီ၊ သို့ဖြစ်၍ နိင်ငံတော် သမ္မတကြီးမိန့်ခွန်း ပါ Clean Government နှင့်၊ Good Government အတွက် ပြည်သူတစ်ဦးအနေဖြင့် အထိန့်တလန့် ဖြစ်မှိပါကြောင်း။

ဘလော့စာရှု့သူများ မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများ တရားဝင် တင်သွင်းခွင့် ပါမစ် တစ်ယောက်ကို ၅ဆောင်လောက် ရရှိနိုင်ကြပါစေကြောင်း၊ ငွေလမင်းတို့ ဆုမွန်တောင်းပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။



Friday, September 2, 2011

ဈေးကြီးလွန်းလို့ပါ

ယဉ်ကျေးမှု့ဆိုသဟာကြီးကို နိုင်ငံတိုင်း လူမျိုးတိုင်း တန်ဘိုးထားကြသမို့လား ဗျာတို့ရယ်၊ အဲသ ဟာကြောင့်မို့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ယဉ်ကျေးမှု့ အတွက် လူသားရင်းမြစ်ဖွံ့ဖြိုးရေး အစီစဉ်တွေ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး ဟောပြောပွဲတွေလုပ်ကြပေသပေါ့၊ ယဉ်ကျေးမှု့ဆိုသ ဟာကြီးက လူ့အရင်းမြစ်ထဲပါသမို့လားဗျာရယ်၊ သူတပါးပစ္စည်းအချောင်ယူချင်၊ မတော်လောဘနဲ့ရှာဖွေ၊ မကောင်းတာတွေကြံ၊ နုတ်ကလဲအထွက်ကြမ်းဆိုရင်ဖြင့် ဘယ်လိုလုပ်ပြီး ဒီလု့တို့အဖို့ မယ်၊။

ပညာဆိုတဲ့ လူ့အရင်းမြစ်ကိုရှာဖွေနိုင်ပါ့မလဲဗျာတို့၊ အချောင်ရမှန်းသိနေရင် အချောင်ပဲ လိုက်ယူရလိမ့်မပေါ့၊ အဲကလို အဲဂလိုကြောင့် ပညာ၊ စီးပွား၊ ဥစ္စာတို့ရဲ့ အခြေခံအရင်းမြစ်ဟာ ကိုယ်နုတ် နှစ်လုံး သုံးပါလုံး ယဉ်ကျေးလိမ္မာခြင်းပေမို့လားဗျာရယ်၊ သဟာကြောင့် အမိမြန်မာပြည် အပါအ၀င် နိုင်ငံရပ်ခြား တိုင်းတပါးတို့တွင်လည်း ယဉ်ကျေးလိမ္မာသင်တန်း၊ တရားပွဲ၊ ဆွေးနွေးခြင်း ဟောပြောပွဲ လုပ်ခြင်း၊ စသော လူသားအရင်းမြစ် ဖွံ့ဖြိုးမှု့ အစီစဉ်တွေကြောင့်၊ ဗြိတိန်နိုင်ငံက ခိုးဆိုးလုယက် ၃၀%ကျဆင်း၊ အမေရိကန် ၄၅%ကျဆင်း၊ ဂျာမနီ ၆၅%ကျဆင်း၊ ဂျပန် ၇၂ %နှုန်း၊ အဲဂလိုနည်းတွေနဲ့ လူသားရင်းမြစ်ကို မြှင့်တင်ကြသည်ဟူလို။

နိုင်ငံရပ်ခြား တွေကိုလည်း သူတစ်ပါးလို များများမရောက်ဖူးပါဗျာတို့ရယ်၊ မိမိနိုင်ငံ အတွင်းမှာဘဲ ကျင်လည်ကျတ်စားရသည် အားလျှော်စွာ၊ အတွေ့အကြုံ အလုံးစုံကို ဖောက်သယ်ချတဲ့သဘောပါ ပဲ၊ ပါဏာတိပါတာ ၊ အဒိန္နာ ဒါနာ၊ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ မုသားပြောခြင်း၊ အရက်သေစာ သောက်စားမူးယစ်ပြီး ကာရာအိုကေဆိုခြင်း၊ သူများသားမယားကို ပြစ်မှားခြင်း တနည်းအားဖြင့်( သူများပစ္စည်းကို ကိုယ့်ပစ္စည်းကဲ့သို့ ပုံမှန်သုံးစွဲခြင်း) ၊ စသောကံငါးပါး တို့ဟာဆိုရင်ဖြင့်၊ ငါးပါးသီလခေါ်သပေါ့ မြန်မာနိုင်ငံမှာ ကျောင်းတတ်ဖူးတဲ့ သူငယ်တန်း ခလေးတွေတိုင်း သိကြလေရဲ့၊ အခြားနိုင်ငံက သူတွေဟာ ဒါတွေကိုအသက်လေးဆယ် လောက်မှ သိကြတာကို မြင်ခဲ့ဖူး ကြားခဲ့ဘူးပါရဲ့ဗျာတို့ရယ်။အဲသလို လူ့ကျင့်ဝတ်တွေနဲ့ ရင်းနှီးပြီးကြီး ပြင်းခဲ့ရတဲ့ မြန်မာလူမျိုးများပင် မဟုတ်ပါတုံလော၊

ကျွန်တော်တို့ မိဘများက ငယ်ငယ်က ဆုံးမလေရဲ့၊ သူများပစ္စည်းမယူရဘူးနော်သား၊ ယူတော့ဘာဖြစ်လဲပါးရယ်လို့ပြန်ပြောတော့ မိုးကြိုးပစ်တတ်သတဲ့၊ ဘယ်သူကပြစ်မှာတုန်းလို့ မေးတော့ သိကြားမင်းကပြစ်မှာတဲ့၊မေမေဖြစ်သူကလည်း မိဘပစ္စည်းကို မသိဘဲ မယူရဘူးနော် ယူတော့ဘယ်လိုဖြစ်သလဲမေမေ ကိုယ့်မိဘပစ္စည်းကို မသိဘဲယူရင် မိုးကြိုးပစ်တတ်တယ် ကိုကိုငွေတို့ ငယ်စဉ်က ငါးကြော်မှခိုးမစားရဲ၊ မိုးကြိုးပစ်မှာ ကြောက်လို့၊ သိကြားမင်း ဆိုတဲ့ဟာ ကြီးကို မမြင်ဘူးဘဲ ကြောက်နေရတယ်။

ကျွန်တော့အဖေနဲ့အမေက ကျွန်တော့်ကိုသာ ဆုံးမတယ် မထင်နဲ့ ကျွန်တော့်အကိုတွေလည်း အဲလိုဘဲဆုံးမတယ်တဲ့၊ ကိုကို မိုးကြိုးနဲ့ ပစ်တယ်ဆိုတဲ့ သိကြားမင်းကို မြင်ဖူးလားကိုကိုလို့ မေးတော့ ၊ သူလည်းဝါးတားတား သူတို့က ၀ါးတားတားသာ ဖြစ်တာ လိမ်ရင် ခိုးရင် မုသားပြောရင် အရက်သောက်ရင် သူများမိန်းမ ပြစ်မှားရင် မိုးကြိုးပြစ်မယ် လို့မုချယုံကြည်ကြတာလေ၊ တခါတရံ မိုးကြီးလေကြီးများကျလို့ ဒိန်း ဒိုင်းနဲ့ မိုးချိန်းသံ မိုးကြိုးပစ် သံများကြားရင်ဖြင့် ၊ မေမေက အသံကြားတဲ့ဖက်လှည့်ပြီး အေးအဲဒါလေးထောင့်ကန်ဘက် ပြစ်တာ အဲဒီဖက်က ငါးရှာဖားရှာ အရက်သမား မိဘစော်ကားတဲ့ လူတွေများတယ်၊ ဘာညာနဲ့ ကျွန်တော်တို့ ညီကိုယ်တွေကို ခြောက်တာ အကြီးကောင်ကြီးတွေကလည်း အသက်သာ လေးဆယ်နားနီးတာ မျက်လုံးပြူးကြီးတွေနဲ့ မေမေနားကပ်ပြီး ကြောက်နေလိုက်ပုံများ၊ တကယ် လားဟန်ဆောင်သလားတော့ ကျွန်တော်မသိဘူး ကျွန်တော်လည်းမေမေအဲလိုပြောရင် ကြောက် တာဘဲ။

မကောင်းတာလုပ်ရင် ရူးဂါးမင်းကပြစ်သတဲ့၊ ကျွန်တော်ငယ်ငယ်တုန်းက အဲဒီရှုးဂါးမင်းက ကျွန်တော်တို့အိမ်မှာ သိပ်ခေတ်စားတယ်။  ညအိပ်ယာဝင်တော့ ဖေဖေတို့မေမေတို့က  ၊ မြတ်စွာ ဘုရားလက်ထက် တော်တုန်းက သစ္စကပုရပိုက်ကြီးဆိုတာ ရှိသတဲ့ ဘုရားနဲ့ ငြင်းတာ ရှုံးနေလျှက်နဲ့ ၀န်မခံလို့ သိကြားမင်းက ဘီလူးယောင်ဆောင်ပြီး ရဲရဲနီတဲ့ သံ တင်းပုတ်ကြီးနဲ့ မှားပါတယ်လို့ဝန်မခံရင်ထုမယ် ဘာညာနဲ့ ချိန်းခြောက်လို့ သစ္စကပရပိုဏ်ကမြတ်စွာဘုရားကို အရှုံးပေးရသတဲ့၊ သိကြားမင်းကလည်း လျှောက်သွားတယ်တဲ့ သာသနာ တော်အတွင်းမှာ သာသနာတော်ကိုစော်ကားပြီး မိဘစကားနားမထောင်တဲ့လူ ကံငါးပါးကို မလုံခြုံ သူတွေကို မိုးကြိုးလက်နက် နဲ့ပစ်ပါ့မယ်ခွင်းပါ့မယ်လို့ ကတိပေးသတဲ့။

နောက်ပြီး ပိဋကတ်တော် မြန်မာပြန် အဗ္ဗန္တသုတ်ထဲမှာ သိကြားမင်းက ကိုရင်ပေါက်စ ရဟန္တာလေးတွေ ဖြစ်တဲ့ သုမန သာမဏေတို့ ၊ ရေ၀တသာမဏေတို့ သံကိစ္စ သာမဏေတို့တွေကို ထမင်းကျွေးပါ့မယ်ဆိုပြီး ခေါ်သွားပြီး ထမင်းမကျွေးဘဲ ဆဲဆိုနေတဲ့ ပုဏ္ဏားမကို သိကြားမင်းက ဆင်းပြီး ၀ရဇိန်နဲ့ပြစ်မယ် ခတ်မယ် ဘာညာနဲ့ဆင်း ချိန်းခြောက်ဖူးကြောင်း။ ရှေးရှေးတုန်းက မိဘတွေကို ဆော်ကားသူများ မိုးကြိုးပြစ်ကြောင်း စတဲ့ဟာတွေက၊ အိပ်ယာဝင်ပုံပြင် ကျွန်တော်တို့ ညီကိုယ်သုံးယောက်မှာ အဲဒီ ၀ရဇိန်နဲ့ သိကြားကို အမျိုးမျိုးပုံဖော်ကြည့်ကြတယ်၊ အပြစ်လုပ်ရမှာလည်း ကြောက်တယ်၊ အခုထိ အရက်ဆို သောက်ကိုမသောက်ဘူး (ဘီယာဘဲ)သောက်တယ်၊ မိုးကြိုးပစ်မှာဆိုးလို့။

ဒါတွေက ငယ်ငယ်တုန်းကလေဗျာ၊ အခုကကြီးနေပြီပဲဟာကို တခါမှသိကြားမင်းနဲ့ မတွေ့တော့ သိပ်မကြောက်ချင်တော့ဘူး၊ ဒီသိကြားမင်းကလည်း နှစ်တိုင်းလာတယ်တဲ့ လူပြည်ကို လာတိုင်းလည်း ကျွန်တော်နဲ့မတွေ့ဖူးဘူး အမှန်မှာသူက ရုံးခန်းလေးဖွင့်ဖို့ကောင်းတာ ဘယ်ရှာမရမှန်းမသိဘူး ရုံးခန်းလေးနဲ့ဆိုတော့ တွေ့ရမြင်ရလွယ်တာပေါ့သူမရှိလည်း စာရေးမ လေးဖြစ်ဖြစ် ငှားပြီးထားသင့် သူမရှိတဲ့အခါတွေ့ရတာပေါ့ ၊ မဟာမြတ်မုနိဘုရားကြီး ဗောက်ဖောက် သွားတဲကောင် မိုးကြိုးပစ်တယ်မကြားဖူး၊ ဘုရားခေါင်းဖြတ်ပြီး ယိုးဒယားလာ ရောင်းစား တဲ့ ကောင်တွေလည်း မိုးကြိုးမပြစ်ဖူး၊ စက်တင်ဘာအရေးခင်းဖြစ်တုန်းကလည်း မိုးကြိုး ရော လေကြိုးရော ဘာမှမလာဖူး၊ ဘုရားကို ပြောတုန်းကတော့ ဘာဖြစ်သလေးညာဖြစ်သလေးနဲ့ ၊ အဲလိုသူက ထင်ထင်ရှားရှားမပြတော့ ကျွန်တော်တို့ လိုကောင်တွေက မကြောက်တော့ဖူး။

ဟိုတလောကတော့ ရန်ကုန်ပြန်ရောက်စ ဆိုတော့ ရွှေတိဂုံတက်ဖူးပါတယ်၊ သူငယ်ချင်းတစ် ယောက်ကားနဲ့လိုက်ပို့တာ ၊ မြောက်မုခ်ကနေ တတ်ခဲ့တယ်၊ သူကလုပ်စရာပြီးရင် အရှေ့မုခ်ကို လာကြိုမယ်လို့ဆိုတယ်၊  ဖိနပ်လေးကို ကြွပ်ကြွပ်အိတ် အကြည်လေးနဲ့ ထည့်ယူလာပြီး၊ စနေ ထောင့် ကျောက်စိမ်းဘုရားနားမှာ ကျကျနနထိုင် ဘုရားကိုအာရုံပြု၊ ပရိတ်လေးရွတ်၊ မျက်လုံးလေး ဖွင့်ဖွင့်ပြီးကောင်မလေးတွေကိုလည်း မကြာမကြာကြည့် အဲလိုလေးဆိုတော့၊ ဘာကိုမှအမှတ်မရ လောက်အောင် အာရုံကရနေတာ အော်ရန်ကုန်သားဖြစ်လင့်ကစား ရွှေတိဂုံရှင်ပင်နဲ့ ဝေးရတာ ကြာပါပေါ့၊ ကမ္ဘာအံဖွယ်ကြီး ကမ္ဘာမှာ အတုမရှိဘူး၊ အတုရှိဘို့နေနေသာသာ အတူတောင်မရှိတဲ့ ဘုရားပါလား။

 နိုင်ငံခြားသားတိုင်းက မြန်မာက လို့ပြောရင် ရွှေတိဂုံကိုငါသိတယ်လို့ ပြန်ပြောကြ တဲ့ဘုရား၊ တန်ဆောင်တွေကြည့်လိုက်ပါအုံး အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေး ကောင်စီလက် ထပ်မှာ သဘောင်္ဆေးနဲ့ ဆိုင်းဘုတ် အလွန်အလုပ်လုပ်ကြလို့ ၊ ဒီတန်ဆောင်းတွေဟာ ရွှေရောင် ပြောင်းကုန်ကြရတာ၊ အရင်တုန်းက ရွှေတိဂုံ တန်ဆောင်းတွေဟာ သစ်စေးရောင် အညိုရောင်တွေ သုတ်ထားတာ၊ အဲဒီအရောင်ကို ဗိသုကာ ဆရာကြီးခင်မောင်ရင်က မြန်မာရောင်ကွ မြန်မာဆိုတာ ညိုတာကြိုက်တယ်၊ ၊ မှိုင်းတာကြိုက်တယ်၊ တည်တာကြိုတယ် ၊ ငြိမ်တာကြိုက် တယ်၊ အဲဒါ ကြောင့် ဘုရားတံဆောင်းက သစ်သားကနုတ်တွေကို အညိုရောင် သစ်စေးသုတ်ထားတာ၊ မြန်မာ ဆိုတာ လျှပ်ပေါ်လော်လီတာမကြိုက်ဘူး၊ ဘာညာသာဓကာ စသဖြင့်နဲ့တွေးပြီး ၊ ပြန်တော့မှ သူငယ်ချင်းရောက်လောက်ပြီ အချိန်လည်းမနဲတော့ဘူးဆိုပြီး ဖိနပ်လှမ်းယူလိုက်တော့ ဖိနပ် မရှိတော့ဘူးဗျ။

`ဟလို သူငယ်ချင်း ငါ့ဖိနပ်ပျောက်လို့ ငါ့ကိုဖိနပ်လေးတရံလောက် ၀ယ်လာပေးပါကွာ ပိုက်ဆံပါ လား၊ ငါပြန်ပေးမယ်၊ မပါဘူးကွ၊ ၃၅၀၀ဘဲရှိတော့တာ ဟာ ဒါဆိုလည်းဖော့ဖိနပ်သာ ၀ယ်ခဲ့ကွာ နံပါတ် ကတော့မင်းခြေထောက်နဲ့ သာတိုင်းဝယ်ခဲ့လိုက် ၊ မင်းဖိနပ်ကို ဘယ်ထားလို့ပျောက်တာ တုန်း အော် ငါ့ဘေ်းနားချထားတာဘဲလေ´ ကားပေါ်ရောက်တော့ လာတုန်းက ဖိနပ်တမျိုးနဲ့လာတာ ပြန်တော့ ရေချိုးခန်းသုံးဖော့ဖိနပ်နဲ့၊ အော် သင်္ခါ သင်္ခါ တော်တော်လေးမှန်ပါကလား။

စေတီ ပုထိုးဂူမျိုးမျိုးတွေ ပေါပါရဲ့၊ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေကြီး ၅သိန်းကျော် ခြောက်သိန်းနီးပါး၊ တရားပွဲတွေက ကျောင်းတွင်း ကျောင်းပြင် ဘုရားဝန်း ဘုရားပြင်၊ လမ်းဘေးပါ မကျန် တနှစ်တနှစ်ပွဲပေါင်း ၁၀၀၀ကျော် ၂၀၀၀ထောင်နီးပါး ၊ ဆရာတော်ဘုရားကြီးများ ဟောဖော် ညွန်ပြ ဆိုဆုံးမတဲ့နိုင်ငံ၊ အဘိဓမ္မာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ မင်္ဂလာစာမေးပွဲ၊ ၀ိသုဒ္ဓိမဂ် စာမေးပွဲ၊ အဘိဓမ္မာစာမေးပွဲ စသဖြင့် လူတွေကို ယဉ်ကျေးအောင်ဆုံးမတဲ့ နိုင်ငံပါဗျာရယ်၊ အဲ လောက်ဘာသာရေးနဲ့ ပတ်သတ်ပြီးသင်တန်း စာမေး ပွဲတွေလုပ်ပေးတယ်လို့ ဘယ်နိုင်ငံမှာမှ မရှိဘူးထင်ပါရဲ့၊ သိမ်မင်္ဂလာကြတ်သရေ အရမ်းပြည့်စုံတဲ့တိုင်းပြည်ကြီးပါ။

ဒါကမြင်ရတဲ့ အပိုင်းက မမြင်ရတဲ့အပိုင်းကလည်း ရူးဂါးမင်းက ၀ရဇိန်နဲ့ပြစ်မယ် ဘာမယ်ဆိုတာ တွေက ရှိသေးတယ်၊ ဒါတောင် ကျွန်တော်မြန်မာတို့ရဲ့ အထွဋ်မြတ် ရွှေတိဂုံစေတီတော်ပေါ် ဖိနပ်ပျောက် ခဲ့သေးတယ်၊ သူငယ်ချင်းမေးတော့ သူကနှစ်ခါရှိပြီတဲ့၊ နောက်တစ်ယောက်က သင်တန်းမှာ လဲ စီးခံရတာတဲ့၊ နောက်တယောက် အသလွတ်ကိုပျောက်တာ နာရေးသွားတုန်း လစ်သွားခြင်းခံ ရတာ၊ စသဖြင့်စသဖြင့် တော်တော်များများ အဲဂလိုဖြစ်တယ်။

 သူငယ်ချင်းတစ်ယောက်က  အောင်မယ် ဖိနပ်ခိုးတယ်ဆိုပြီး အထင်မသေးနဲ့ကိုယ့်လူတို့ အင်္ဂလိပ်စာတတ်တယ် စကောနဲ့အယ်ရိုဆော့ ယှဉ်ချထား အယ်ရိုဆော့ကိုမယူဘူး စကော ကိုယူတယ်၊  အဲလိုပြောလိုက်တော့ ကြံဖန်ဂုဏ်ယူလိုက်သေးတယ် အင်္ဂလိပ်စာတတ် မြန်မာဖိနပ် သူခိုးလို့။ အေဘီစီဒီ မတတ်ဘဲနဲ့ အရပ်ထဲကိုဝင် ဖိနပ်ခိုးတာနင်လို့ အင်္ဂလိပ်ခေတ်က ကဗျာစပ်ခဲ့တဲ့လူကို ပြန်တောင်ချေပလိုက် ချင်သေး ၊ အေဘီစီဒီ တတ်ရဲ့သားနဲ့ ဖိနပ်ခိုးပါလျှင်၊ စကောရတယ်ရှင် လို့။

အိမ်ပြန်ရောက်တော့ ဖေဖေ ဖေ့ဖေ့သိကြားမင်းက မနက်က ဘုရားအာရုံပြုနေရင်း သားဖိနပ်ကို မသွားတဲ့မောင်ရင်ကို ၀ရဇိန်နဲ့မပြစ်ပါလားလို့ ပြောလိုက်တော့ ဖေဖေကရီပြီး ဘာပြောတယ် တယ်ထင်သလဲ၊ ဟေ့ ကိုလူ့ သိကြားမင်းဝရဇိန်လက်နက် ပျက်နေလို့  ပန်းတိမ် ရောက်နေ တယ်သားရဲ့ လို့ဖေဖေက အတည်ပေါက်နဲ့ပြောပါတယ်၊ ကျွန်တော်က ဖေဖေ ကလည်း ပေါက်က ရပြောတော့မယ် ဟာ တကယ်ကိုယ့်လူ့ရဲ့ အဲဒါကြောင့် စလေဦးပုညက တေးထပ် တပုဒ်တောင် စပ် ထားသေးတယ် (ဘုရားကို နှစ်ရစ်လိမ်၊ ညစ်တဲ့မာဃိန် ၊ ပြစ်ရှာမဲ့၊ ၀ရဇိန်ငယ်၊ ပန်းတိမ်မှာ ပြင်တုန်းထင်ရဲ့လေး)။ ဟားဟားဟား လို့သာ အော်ရီပြစ်လိုက် မှိပါတော့တယ်၊ ပန်းတိမ်အပ်ပြီး ၀ဇိန်လက်နက်ကို ပြင်နေတယ်ဆိုရင်လဲ၊ မြန်မြန်လေး ပြင်တော်မူပါ  ရှုးဂါးမင်းရယ်၊ ဖိနပ်တွေ ဈေးကြီးလွန်းလို့ပါလို့။

ဘလော့စာရှု့သူများ  ဖိနပ်စောရတောဝါ ကင်းရှင်းပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်း ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။


Monday, August 29, 2011

ဘလော့ဒေး ( တဂ်)


ကျွန်တော်မြန်မာပြည်မှာ ရှိစဉ်ကတော့  ဘလော့ဆိုတာ ဘာမှန်းမသိပါဘူးဗျာ၊ ထိုင်းကိုသွားပြီး ကျောင်းတက်တော့မှ၊ ဘလော့ကိုစတင်သိရှိခဲ့တာပါ၊ ဘလော်ကာဆိုတဲ့စကားလုံးကိုတော့ မြန် မာပြည်မှာနေစဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်၊ ဘလော်ကာ နေဖုန်းလတ် ဘာညာပေါ့လေ မြန်မာပြည်မှာနေစဉ်ကအဲလောက်ပဲ သိခဲ့တယ်၊ ထိုင်းကိုရောက်တော့ စာအုပ်တွေဘာတွေ အင်တာနက်မှာရှာကြည့်ရင်း၊ ဘလော့စပေါ့ဆိုတဲ့ ဟာလေးကိုသိလာတယ်၊ စိတ်တော့ကူးမှိခဲ့တယ်၊ ငါလည်းတချိန်ချိန်မှာ အဲလိုလေးရေးဖြစ်ရင် ကောင်းမယ်ပေါ့၊ ဘလော့ကို စတင်သိရှိချိန်ဟာ ၂၀၀၉ခုနှစ်မတ်လထဲမှာပါ။

အဲဒီအချိန်က ကျောင်းတက်တယ်၊ စာအုပ်တွေရှာတယ်၊ အဲဒီလောက်ဘဲ လုပ်တတ်တယ်၊ ပျင်းရင် ချက်တင်ထိုင်တယ်၊ အဲဒီတုန်းက မဒမ်တို့ဘာတို့ဆိုတာ လူပြည်မှာရှိတယ် မရှိဘူးဆိုတာတောင် အတိအကျသိတာမဟုတ်ဘူး၊ ဘလော့ကိုစတင်ရေးတော့ နှင်းမိုးမိုး ရဲ့ ဘလော့မှာပါ၊ သူနဲ့ ချက် တင်ထိုင်ရင်း သူငယ်ချင်းဖြစ်တော့၊ သူကသင်ပေးတယ် ဘယ်လိုရေးတယ် ဘာညာပေါ့၊ ၂၀၁၀ရောက်တော့ သူဘလော့တခု လုပ်မယ်ပေါ့၊ နာမည်က နှင်းမိုးမိုး တဲ့ အဲဒီမှာလာရေးပေါ့တဲ့၊ နောက်ပြီးတော့ ဘလော့ရဲ့ ပတ်စ၀က်တွေ ဘာတွေ အကုန်လုံးကို ကျွန်တော့်ကိုအပ်တယ် သူရေးတဲ့အခါ မြန်မာပြည်က အဆင်ပြေရင် မြန်မာပြည်ကတင်တယ်၊ သူအဆင်မပြေရင် ကျွန်တော်က ထိုင်းကနေတင်တယ်။

အဲလိုကနေ နောက်တော့ ကျွန်တော့်ရဲ့ ရှု့မညီးတဲ့ ချစ်ဇနီးလောင်း မဒမ်ငွေနဲ့တွေ့တဲ့အခါ ငွေလမင်း ဆိုတဲ့ဘလော့လေးကိုလုပ်ဖြစ်သွားတယ်၊ ရည်ရွယ်ချက်ကတော့ သူပြောချင်တာရှိရင် စာရေးပြီး ၊ တင်ပေါ့ ကျွန်တော်လည်း ပြောစရာရှိရင် အဲလိုပဲတင်မယ်ဆိုပြီး လုပ်ဖြစ်သွားတာ၊ နှင်း မိုးမိုးမှာ စတင်ပြီးရေးကတည်းက အန်ကယ်မောင်မောင်တို့၊ မဗေဒါ၈၈တို့၊ ချောအစိမ်းရောင် လွင်ပြင်၊ ကိုကိုးအိမ်၊ ကိုမောင်လေး( ယခု ညိမ်းနိုင်) ၊ နတ်ဆိုး၊ မာနတ် ၊ ဘကျောက် ၊ မခင်ဦးမေ ၊ ကောင်းမွန်ဝင်း၊ ကိကိ၊ ရတနာ၊ မသဒ္ဒါ တို့နဲ့ စတင်သိခဲ့တယ်။

ဘလော့ရေးတယ်ဆိုတာ တခါတရံ အရမ်းဝမ်းနည်းစရာတွေ ကြုံတွေ့ရပါတယ်၊ ကိုမာနတ်ကြီးက သူရဲ့ဘလော့ကို မရေးတော့ဘူးလို့ ချက်တင်ကနေပြောတော့ တော်တော်လေး ၀မ်းနည်းမှိတယ်၊ ဘာလို့လည်းဆိုရင် သူကကျွန်တော်မသိတာမှန်သမျှ အကုန်ပြောပြတာ နောက်ဆုံးဒိုမိန်းလုပ်တဲ့ အထိ သူကူညီခဲ့တယ်၊ အဲလိုရဲဘော်ရဲဘက်တဦး မရေးတော့ဘူးလို့ နုတ်ဆက်တော့ စိတ်မ ကောင်းဘူး၊ နောက်ပြီး ဘကျောက်ကိုအစက တော်တော်အမြင်ကပ်တာ၊ ပုံကြည့်လိုက်တော့ ခါး ထောက်ပြီး ဆရာကြီးအထာနဲ့ ဒါပေမဲ့သူစာတွေ သွားဖတ်ကြည့်လိုက်တော့ သူ့ရုပ်နဲ့တစ်ခြား စီဖြစ်နေတယ်၊ သိပ်ချစ်ဘို့ကောင်းတဲ့ လူတစ်ယောက် အဖြစ် အသိမှတ်ပြုလိုက်တယ်၊ ဘလော့ အသစ်လေးတွေကို လက်တွဲခေါ်တယ်၊ ပိုစ့်တင်တိုင်း လာလာပြီး ဟာသလေးနှောပြီး လာလာမန့် တတ်တယ်၊ သူလာဖတ်ရင် ကျွန်တော်လည်း တန်းပြီးသူ့စီလိုက်ပြီး အော်စရာရှိတာအော် မန့်စရာ ရှိတာမန့်။

တခါတုန်းက ကျွန်တော်သူ့ကို သွားနောက်နေတာ မဒမ်ကအနောက်ကလိုက်ပြီး လိုက်ခေါ်တဲ့ ပုံ စံလေး စီဘောက်မှာ အော်ခဲ့တယ်၊`ကိုကိုငွေ လူကြီးက နေမကောင်းဘူး´ အခုပြန်ခဲ့ ဆိုပြီး စီဘောက်မှာ သွားအော်လိုက်တာ ဘကြီးကျောက်က ဟားဟားဟားတဲ့ အဲဒီအချိန်က သူဆုံးဘို့ နှစ်လလောက်လိုတော့တယ်၊ နောက်ပြီး ဆုံးခါနီး ၅ရက်အလိုမှာ သူလာမန့်သွားသေးတယ် ၊ နောက်ဆုံးမန့်ခြင်းဖြစ်တယ်ဆိုတာ ကျွန်တော်သတိမထားမှိခဲ့ဖူး၊ သူဆုံးတော့ သူ့ဘလော့လေးကို ဖတ်ပြီး စိတ်မကောင်းဖြစ်ျမှိတယ်၊ မဒမ်ကလည်း ၀မ်းနည်းတယ်တဲ့ သူတို့လည်း ဘလော့လည်ရင်း ရင်းနှီးကြတယ်လေ။

လူဆိုတာကလည်း ပရိတ်သတ်လိုချင်ကြသမို့လား၊ ဘလော့စလုပ်တော့ လူဘယ်လောက်လာ ဖတ်သလဲ၊ လာမန့်သွားတာကဘယ်သူလဲ၊ အောင်မယ်လာမန့်သွားတဲ့လူက ဘလော်ကာ အကြီးစားကြီးပါလား၊ ပီတိတွေဖြစ်လို့ လူမလာရင်လည်း မကြိုက်လို့ထင်ပါ့၊ ဘယ်နှယ့်ရေးရပါလိမ့် စသဖြင့် ပီတိသောမနဿတွေဖြစ်လိုဖြစ်၊ ဘ၀င်မကျတဲအခါလည်းမကျ၊ နောက်တော့ ဘလော့ရဲ့ သဘောတရားကိုနားလည်လာတယ်၊ အော်ဒို့ကရေးသူဘက်က ပြောချင်တာကို ဘလော့မှာချရေး လိုက်တော့၊ ဖတ်သူ့ဘက်ကလည်း သူ့အခွင့်ရေးအရ ဝေဘန်တာတို့ဘာတို့၊ လုပ်ကြမှာပဲ သူ့အခွင့်ရေးပေါ့လို့၊ နားလည်မှိတယ်။

ဘလော့ကို  အမှန်ကန်စားသုံးသူ ဟိုဘလော်ကာ မလေးရှားက ဟိုဝါ ဘယ်သူ မိုးယံ(လူသားအားလုးအတွက်)ံဆိုတဲ့လ၊ူ ကိုယ့်ကိုကိုယ် တော်တော်လေး ဟာသမြောက်ပြီ မှတ်နေတာ အဲလူနဲ့တွေ့လိုက်ရင် ကိုယ့်စကားက ခလေးဟာသဖြစ်ပြီး သူ့ပြောတဲ့ဟာသက ပညာရှင်တွေပြောတဲ့ ဟာသဖြစ်နေတယ်။ သူနဲ့ အရမ်းကို ပါတနာကျတဲ့ ကိုဇော် ရဲ့စာတွေကိုလည်း ဖတ်မှိတယ် တခါက စကားပြောဖူးပါတယ်၊ နောက်တော့မပြောဖြစ်တော့ဘူး၊ အကြိုက်ဆုံး ဘလော့တခုကတော့ အန်တီခင်ဦးမေရဲ့ ဘလော့ကို နားလည်လို့ သွားဖတ်တာတော့ မဟုတ်ဘူး၊ သူဘာရေးရေး ကျွန်တော်နားမလည်ဘူး ဘာပြောချင်တာမှန်းကိုမသိတာ၊ ရန်ဖြစ်နေတာလား စိတ်ကောက်တာလား၊ စိတ်ထဲပေါ်တာရေးတာလားပေါ့၊ အဲလို အနုလုံ ပဋိလုံ ဖတ်သော်လည်း ဘာမှကိုမသိတဲ့သဘောကိုက သူ့ရဲ့ဘလော့ ကိုခဏခဏ ရောက်ဖို့အကြောင်းဖြစ်နေတယ်။

နောက်တခုက အပျိုကြီး မမချောရဲ့ဘလော့စပေါ့ သေချာဖတ်ကြည့်ရင်၊ သူကတည်ငြိမ်တယ်၊ ခြေခြေမြစ်မြစ်ရေးတတ်တယ်၊ အပျိုကြီးဆိုပေသိ အချစ်အကြောင်းများ ရေးရမယ်ဆိုရင် ဆရာမ မတင်ဝင်းတောင် သူကကျော်တက်နိုင်တယ်၊ ဘာသာပြန်ကလည်း ရွှေဥဒေါင်းနီးနီး စကားလုံးရွေး တာကအစ ကျစ်လစ်အောင်ရေးဖွဲ့တတ်တဲ့ အပျိုကြီး အဲဒါကြောင့်လည်း ဘဲ မရတာနေမယ်။ နောက်တစ်ယောက်ကတော့ မန္တလာသူ မရွှေစင်ဦး စာအုပ်တွေ တင်ပေးတော့ သူ့ဘလော့က စာကြည့်တိုက်ကြီးလိုဖြစ်နေတယ်၊ သွားသွားမွှေရနှောက်ရနဲ့ တော်တော်လေးအလုပ်ဖြစ်ပါတယ်။

ကျွန်တော့် ငွေလမင်း စတည်ထောင်တော့ လူမလာကြဖူး၊ ကျွန်တော်က စာလည်းမရေးတတ်တာ ပါမှပေါ့၊ ချောတို့ မရွှေစင်ဦးတို့ မကောင်းမွန်ဝင်းတို့မခင်ဦးမေတို့စီက ပြန်လာရင် ကိုယ့် ဘလော့ကိုကိုယ်ကြည့်ပြီး အားငယ်မှိတယ်၊ အစိမ်းရောင်လွင်ပြင်သခင်မကို ရင်ဖွင့်တော့ သူများ စိတ်ဝင်စားမဲ့ဟာတွေရေးရတယ်တဲ့၊ ဒါဆို လူလာကြသတဲ့ အဲလိုပြောလို့ ဖတ်ထားတာတွေ မှတ်စုတွေ ကြည့်ရေး၊ ဘလော့တွေမှာ ဟစ်ဖြစ်နေတဲ့ သတင်း အစ ခရီးသွားမှတ်တမ်း စသဖြင့်စသဖြင့် အစုံအလင်ရေးဖြစ်ပြီး အခုလို ရောက်လာခဲ့ပါရဲ့။

ဘလော့ဆိုတာ ကွန်မင့်ရေးပြီးတော့ နောက်ပြောင်ကျီစယ်လို့ရသလို၊ ဝေဘန်အကြံပြုလို့လည်းရတယ်၊ ရန်စလို့လဲရတယ်၊ တချို့ကတော့ ဆဲကြတယ်၊ ဘလော့ဆိုတာ တခါတခါ ကိုယ်နဲ့ မဆိုင်တဲ့ပြဿနာကိုလည်း ကိုယ့်ပြဿနာကဲ့သို့ အုံးအုံးကြွက်ကြွက် လုပ်တတ်ကြတယ်၊ ဘလော့ ဆိုတာ တခါတရံ မသိတဲ့အကြောင်းအရာတွေကို ရေးတင်ပြီး ထိုအကြောင်းရာတွေကို သိတဲ့သူ တွေကိုဖော်ထုတ်လို့ရတယ်။

 ဘလော့ဆိုတာ ကိုယ့်ရဲ့သဘောထား အမြင်ကို စာပေစီစစ်ကြားခံ မလိုပဲ၊ ကိုယ့်သဘောနဲ့ ကိုယ် ရေးလို့ရတယ်၊ ကို့သဘောနဲ့ ကိုယ်ရေးပြီဆိုရင် သူ့သဘောနဲ့သူ ပြောကြမယ်ဆိုတာကိုလည်း ဘလော့ရေးတဲ့ ဘလော်ကာများက နားလည်ဖို့လိုတယ်၊ တခါ တရံမှတော့ ကိုယ့်သဘောနဲ့ ကိုယ်ရေးပြီး သူ့သဘောနဲ့ သူလာပြီးဝေဘန်တဲ့ သူတွေကို သ်ီးမခံနိုင်လို့ ပြန်လှန်ချေပတဲ့ ဘလော့ကာများကိုလည်း တွေ့ရတတ်တယ်၊ အဲသလိုသာ လုပ်နေကြရင်ဖြင့် ဘလော့ရေးသူနဲ့ ဘလော့ဖတ်သူကြားမှာ တချိန်မှာ ပဋိပက္ခသဘော ဆောင်လာနိုင်တယ်လို့ ထင်မြင်မှိတယ်။

ကျွန်တော်သတိထားမှိတာ တခုက ဘလော့ဆိုတာ အုပ်စုမဟုတ်ဘူးလို့မြင်မှိတယ်၊ ကို့ယ်အမြင်ကို ကိုယ်တင်ပြတဲ့ နေရာတခုလို့သာ သဘောပေါက်တယ်၊ သိထားတဲ့အသိပညာတွေကို ဝေမျှတဲ့ နေရာလို့သဘောပေါက်တယ်၊ တခါတုန်းက ဘလော့နှစ်ခုပြဿနာတတ်ကြတော့ အုပ်စုဖွဲ့ပြီး ရန်ဖြစ်လိုက်ကြတာ ၊ ရှက်စရာ တော်တော်လေးကောင်းတယ်၊ တချို့ဘလော်ကာတွေရဲ့ စီဘောက် တွေကို အဝေဘန်ခံရတဲ့ ဘလော်ကာတွေက လာပြီးဆဲတုတ်ကြတယ်၊ စီဘောက်တွေ ပိတ် လိုက်ရတယ်၊ ဘလော့တခုဆိုရင် အဲဒီနေ့မနက်ပိုင်း ၁နာရီအတွင်းမှာ ကွန်မင့် ၇၀ကျော်နဲ့ အဆဲ ခံလိုက်ကြရတယ်၊ နောက်ဆုံးရလာဒ်က သုံးလလောက် ဘလော့၅ခု ပိတ်သွားတယ်၊ တစ်ခုဆိုရင် ခုထိမဖွင့်ရဲဘူး အဲလိုဖြစ်တာဟာ ဘလော့အုပ်စုဆန်ဆန် ဘလော့လမ်းသရဲဆန်ဆန် လုပ်နေကြတယ်လို့မြင်မှိတယ်၊ ကျွန်တော်တို့ရေးတဲ့စာတွေကို လာဖတ်တဲ့လူတွေလည်း အဲလိုဘဲထင်သွားလိမ့်မယ်လို့ ထင်တယ်။

ဘလော့ဆိုတာ စာဖတ်သူတွေရှိလို့သာ ရပ်တည်လို့ရနေတာမလား၊ စာဖတ်သူတွေသာမရှိရင် ဘယ်သူကရေးတင်ကြမလဲ၊ အဲဒီတော့ ဘလော့ရေးတဲ့ကျွန်တော်တို့ဟာ စာဖတ်သူတွေကို စိတ် ပျက်မသွားစေဘို့ နေထိုင်တတ်ကြရမယ်မဟုတ်လားခင်မျာ။

ဘလော့နေ့ကြီးမှစပြီး ဘလော့ရဲ့ အညစ်အကြေးလို့ပြောလို့ရတဲ့ ၊ အုပ်စုဖွဲ့ခါ မှန်တာမမှန်တာ မဝေဘန်ဘဲ ကိုယ့်လူထိရင် အော်ဟစ် ချေပတတ်ဖို့ ၀န်မလေးတတ်တဲ့ ဘလော့ရေးသူ မဖြစ်စေဘို့နဲ့ ၊မိမိရဲ့သဘောတရားကို ပြန်လှန်ဆွေးနွေးသော စာဖတ်သူနဲ့တွေ့တဲ့အခါ ယဉ်ကျေးသော လူမျိုးတို့၏ ကိုယ်အမူအရာ နုတ်အမူရာတို့ဖြင့် မဆန့်ကျင်ခါ ပြန်လည် ဆွေးနွေးနိုင်သူ ၊ ကိုယ်နှင့် မသင့်တင့်သူများကို စောင်းမြောင်းမရေးတတ်သူ၊ ကြုံတွေ့ခဲ့ရသော ခါးသီးဖွယ်ရာများကိုပင်လျှင် စာဖတ်သူတို့ အမြင်တွေ ခါးသီးဖွယ်ရာအဖြစ် မမြင်စေဘဲရေးတတ်သူ ဒီထက် ဒီထက် ပိုကောင်း ပိုကောင်းသော ဘလော့စာရေးသူ စသည့် ဘလော့စာရေးသူတို့၏ဂုဏ်ရည်ဖြင့် ပြည့်စုံအောင် ကျွန်တော်ကြိုးစားမယ်လို့ ကတိပြုရင်း နိဂုံးချုပ်ပါတယ်ခင်မျာ။


ကိုအောင်(ပျူနိုင်ငံ) ရဲ့ တဂ်ပိုစ့်ကို မဒမ်ရဲ့ကျမ်းမာရေးအခြေနေကြောင့် နောက်ကျမှ တင်ဖြစ်သဖြင့် မူရင်းတဂ်ပိုင်ရှင် ဘလော်ကာ ကိုအောင်(ပျုနိုင်ငံ)အား အနူးအညွတ်တောင်း ပန်ပါကြောင်း။

ဘလော့စာရေးသူ(ဘလော်ကာ)များ အင်တာနေရှင်နယ် နက်ဝက်အတွင်း ဘလော့ဆိုသဟာကြီး ရှိသမျှကာလပတ်လုံး၊ အကျိုးရှိသော စာပေများရေးသားပြီး ဘလော့အညစ်ကြေးများ မတင်မကျန်အောင် ပြုမှုဆောင်ရွက်ရေးသားနိုင်ပါစေကြောင်း ဘလော့ဒေး အမှတ်တရအဖြစ်  ငွေလမင်းတို့ ဆုမွန်တောင်းပါ တယ် ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။