ခုတလော ကမ္ဘာ့မီဒီယာ တွေမှာထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်အသစ်ဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ညီမတော်စပ်သူ၊ ထိုင်းစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီး ယင်လက်ခ်ရှင်နာ ၀ပ်ထရာက အမတ်ဦးရေ ၅၀၀ရှိတဲ့ ထိုင်းလွတ်တော်မှာ အရင်ဝန်ကြီးချုပ်ရဲ့ အဘီဆစ်ဝိချာချီဝ ရဲ့ ဒီမိုကရက်တစ်ပါတီကို အမတ်နေရာ ၁၀၆ နဲ့အသာရပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ၀န်ကြီးချုပ်အဖြစ် လွှတ်တော်က ချွေးချယ်သွားပါတယ်၊ သူ့ရဲ့ဖြူထိုင်းပါတီက အမတ်နေရာ ၂၆၅ နေရာ ၊ အဘီဆစ်က ၁၉၅ နေရာရရှိတော့၊ သူတို့ရဲ့အမတ်အရေအတွက် ကွာဟာမှု့ဟာ ၁၀၆ ရှိ တယ်ပေါ့ဗျာရယ်၊ အာရှတလွှားမှာ သာမက ကမ္ဘာလုံးဆိုင်ရာ အနေနဲ့ပါ လက်ရှိအမျိုးသမီး လက် ရှိအစိုးရမှာ ၀န်ကြီးချုပ်ဖြစ်နေသူပေါင်းဟာ ၁၄ဦးတောင် ရှိနေပြီဆိုရကား၊ ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ ဆိုတာ ဟုတ်လိုက်လေ လို့တောင် တွေးမှိသေးပါရဲ့။
ယင်လက်ခ် ဟာအခုမှ ပေါ်လာတဲ့ တောင်အာရှ ရဲ့အမျိုးသမီး ခေါင်းဆောင်မဟုတ်ပါလား၊ သူမတိုင်မှီ၊ ၁၉၆၀နှစ်များဆီက ခင်ပွန်းဖြစ်သူလုပ်ကြံခံလိုက်ရလို့ သိရီမာဝိုဘန်ဒါနာကီ ဆိုတဲ့ အမျိုးသမီးဟာ သီရိလကာင်္နိုင်ငံရဲ့ နိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သေးမဟုတ်လား၊ ထို့အတူ လွတ်တော်အမတ် ခင်ပွန်းဖြစ်သူ ဘင်နစ်နိုအကွီနို ဂျုနီယာ (လက်ရှိသမတဘစ်နစ်နို နွိုင်နွိုင်အကွီ နို-၃၏ဖခင်) လုပ်ကြံခံရပြီးနောက် အိမ်ရှင်မတဦးဖြစ်တဲ့ ကိုရာဇန်အကွီနိုသမ္မတဖြစ်လာသေးရဲ့။
အိန္ဒိယ ဘက်ငဲ့စောင်းပြီးကြည့်လိုက်ပြန်တော့ ဖခင်ဂျဝါဟလာနေရူးရဲ့နေရာကို သမီးဖြစ်သူ အင်ဒ ရာကဆက်ခံပြီး ၀န်ကြီးချုပ်လုပ်ပြန်တယ်၊ ပါကစ္စတန်ကျပြန်တော့ အလုပ်ကြံခံရတဲ့ ဘနာဇီယာ ဘူတိုက ၀န်ကြီးချုပ်နေရာ၊ အင်ဒိုနီးရှား ကိုလေ့လာလိုက်ပြန်တော့၊ မီဂါဝတီဆူကာနိုပူထရီ ဆိုတဲ့ အမျိုးသမီးက သမ္မတ၊ ဖိလစ်ပိုင်းမှာကြပြန်တော့ အာရိုယိုက သမ္မတ၊ ဘင်္ဂလားဒေ့ရှ် လက်ရှိအ တိုက်ခံခေါင်းဆောင်ကြပြန်တော့ အရင်က၀န်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ၊ (အရင်သမ္မတဟောင်း ဇိုင်ယာမန်၏ ဇနီး) အဲဂလိုလေး အာရှတခွင်မှာဖြင့် ပြဲပြဲစင်အောင် အစွမ်းထက်လှသည့် အမျိုးသ မီးများ။
အခုပြထားတဲ့ ဇယားကွက်ကတော့ လက်ရှိကမ္ဘာမှာ အစိုးရ တာဝန်ထမ်းဆောင်နေတဲ့ အမျိုး သမီးများရဲ့ စရင်းဇယား (၁၄)ဦး။
အမည် | နိုင်ငံ | ရာထူး | စတင်ထမ်းဆောင်သောနှစ် |
အင်ဂျယ်လာမာကယ် | ဂျာမနီ | ၀န်ကြီးချုပ် | ၂၀၀၅ |
အင်လင်ဂျွန်ဆင်ဆာလိဖ် | လိုက်ဘေးရီးယား | သမ္မတ | ၂၀၀၆ |
ခရစ္စတီးနားဖာနန် ဒက်ဇ်ကာ့ခ်ျနာ | အာဂျင်တီနား | သမ္မတ | ၂၀၀၇ |
ဟာစီနာဝါဇက် | ဘင်္ဂလားဒေ့ရှ် | ၀န်ကြီးချုပ် | ၂၀၀၉ |
ယိုဟန်နာဆီဂါရိုဒေါ့တီယာ | အိုက်စလန် | ၀န်ကြီးချုပ် | ၂၀၀၉ |
ဂျာဒရန်ကာကိုဆော် | ခရိုအေးရှား | ၀န်ကြီးချုပ် | ၂၀၀၉ |
လော်ရာချင်ချီလာ | ကော်စတာရီကာ | သမ္မတ | ၂၀၁၀ |
ကမ်လာဘာဆက်ဘစ်ဆက်ဆာ | ထရီနီဒက်နှင့် တိုးဘားဂိုး | ၀န်ကြီးချုပ် | |
ဂျုလီယာဂီးလက် | သြစတြေးလျ | ၀န်ကြီးချုပ် | ၂၀၁၀ |
အိုင်ဗက်တာရာဒီကိုဗာ | ဆလိုဗက်ကီးယား | ၀န်ကြီးချုပ် | ၂၀၁၀ |
ဒီလ်မာရူးဆက်ဖ် | ဘရာဇီး | သမ္မတ | ၂၀၁၁ |
မာရီယာ လွီဆာဘာတီ | ဆန်မာရီနို | Captian Regent | ၂၀၁၁ |
ဆစ်မာရီယမ်ကေဒါမာ ဆီဒီဘီ | မာလီ | ၀န်ကြီးချုပ် | ၂၀၁၁ |
ယင်လက်ခ်ရှင်နာဝပ်ထရာ | ထိုင်း | ၀န်ကြီးချုပ် | ၂၀၁၁ |
ဒီစာရင်းကဘာဟုတ်သေးလို့တုန်း ဒါကလက်ရှိ အစိုးရတာဝန်တွေထမ်းဆောင်နေတဲ့ ၀န်ကြီး ချုပ်နဲ့ သမ္မတစာရင်းရှိသေးတယ်၊ အချို့နိုင်ငံများကြတော့ ဘုရင်မတွေ ၊ နိုင်ငံဥသျှောင်တွေ၊ ပြည်ထောင်စု ကောင်စီဝင်တွေ၊ ဘုရင်ခံချုပ်တွေ စတဲ့စတဲ့ အမျိုးသမီးကြီးတွေများလည်း ရှိသေး သပေါ့ဗျာရယ်၊ အောက်က စာရင်းဇယားလေးကို လည်း နဲနဲကြည့်လိုက်ပါအုံး။
အမည် | နိုင်ငံ | ရာထူး | တာဝန်ယူသည့်နှစ် |
မေရီမက်အယ်လီဆေး | အိုင်ယာလန် | သမ္မတ | ၁၉၉၇ |
တာဂျာဟာလိုနန် | ဖန်လန် | သမ္မတ | ၂၀၀၀ |
မစ်ချယ်လင်းကမ်မီရေး | ဆွစ်ဇာလန် | ပြည်ထောင်စုကောင်စီဝင် | ၂၀၀၃ |
ဒေါရစ်လျူသာ့ဒ် | ဆွစ်ဇာလန် | ပြည်ထောင်စုကောင်စီဝင် | ၂၀၀၆ |
အိပ်လင်းဝစ်ဒ်မာရှမ့်ဖ် | ဆွစ်ဇာလန် | ပြည်ထောင်စုကောင်စီဝင် | ၂၀၀၈ |
ဆိုင်မွန်နက်တာဆိုမာရူဂါ | ဆွစ်ဇာလန် | ပြည်ထောင်စုကောင်စီဝင် | ၂၀၁၀ |
ပရာတီဘာပတေး | အိန္ဒိယ | သမ္မတ | ၂၀၀၇ |
ဒါလီယာဂရီဘောက်စကာတေး | လစ်သူရေးနီး ယားနိုင်ငံ | သမ္မတ | ၂၀၀၉ |
ရိုဇာအိုတွန်ဘာယေဗာ | ကာဂျစ္စတန် | သမ္မတ | ၂၀၁၀ |
အာတီဖတီဂျာဟ်ဂျာဂါ | ကိုဆိုဗို | သမ္မတ | ၂၀၁၀ |
ပါလက်တီလူဆီ | စိန့်လူစီယာ | ဘုရင်ခံချုပ် | ၁၉၉၇ |
လူစီလိတ်ခ်တက် | အန်တီဂူယာ | ဘုရင်ခံချုပ် | ၂၀၀၇ |
ကွင်တင်ဘရိုက်စ် | သြစတြေးလျ | ဘုရင်ခံချုပ် | ၂၀၀၈ |
ဘီထရစ် | နယ်သာလန် | ဘုရင်မ | ၁၉၈၀ |
အယ်လီဇဘက်-၂ | ဗြိတိန်နှင့် ၁၆ နိုင်ငံ | ဘုရင်မ | ၁၉၅၂ |
မာဂရက်-၂ | ဒိန်းမတ် | ဘုရင်မ | ၁၉၇၂ |
အဲသလို အတိတ်ကခေါင်းဆောင်မှု့တွေကလည်း ရှိကြပြန်တာကိုး၊ ဒါဇယားထဲမှာ ပါတဲ့ တချို့ သော အမျိုးသမီးတွေက အခုထိတိုင် ခေါင်းဆောင်နေကြတုန်းဗျာရယ်၊ အဲသလိုအရှိန်နဲ့ သာဆက်သွားရင်ဖြင့် ကမ္ဘာကြီးဟာ မုချကိုပြားသွားနိုင်ပါရဲ့၊ ကျွနုပ်တို့ရဲ့ ရွှေနိုင်ငံကြီးကိုလည်း ကျွန်တော်က သိပ်ပြားစေချင်တယ်။
သို့သော်လည်း ဟိုတလောက မန္တလေးရတနာပုံ တက္ကသိုလ် ကို မဒမ်ငွေရဲ့မောင်လေးများနဲ့ အလည်လိုက်သွားပြန်တော့ ၊ နောင်တချိန်ခေါင်းဆောင်မဲ့ ခေါင်းဆောင်မလေးတွေ ထန်းရည် သောက်သုံးနေလိုက်ပုံများ အားရကျေနပ်စရာ၊ စုံတွဲများ ချိန်းတွေ့ပြီး ဟိုဒင်းဟိုဝါ ကိစ္စကို လိုအပ်သလို အသုံးပြုနိုင်ရန် ထန်းရွက်ဖြင့် ပြုလုပ်ထားသော စုံတွဲများအတွက် ထန်းလက်တဲလေးများ ၊အရပ်ထဲက ဘီယာဆိုင်မှာ ဆိုရင်လည်း ယောကျာင်္းလေးတွေတောင် ထိုင်စရာမရှိ၊ သူတို့လေးတွေခေါင်းဆောင်ပြန်ရင် မြန်မာပြည်ကြီးက အရက်နဲ့ဘီယာဆိုင် ဒီထက်နှစ်ဆတိုးဘို့ရှိတဲ့အပြင် ၊ ဇိမ်ခန်းများတောင် ပေါလာနိုင်ကောင်းရဲ့ အဲဒီခေတ် မြန်မြန်ရောက်ပါစေဗျာရယ်။ ဘီယာ အရက်လေး ပေါပေါများများ ချိုချိုချောင်ချောင် မှီဝဲချင်လို့ပါ။
ကျောင်းသားတွေ လာခေါ် တဲ့ဖယ်ရီကားကြည့်လိုက်ပြန်တော့ တင်ထားတဲ့ စောင်း ဘောက်က လူတရပ်လောက်ရှိတယ်၊ ကားဆရာမေးကြည့်တော့ ကျောင်းသားမိဘတွေက ကားပေါ်မှာ အဲလိုစောင်းဘောက်နဲ့ ဖယ်ရီကို ငှားသလားလို့ စပ်စုလိုက်တော့ ၊ အောင်မလေးဆရာသမား တမင်တင်ထားရတာဗျ ၊ စောင်းဘောက်သေးရင် မလိုက်ဘူး လို့ပြန်ပြောလို့မှတ်သားရခဲ့သေး။ ကျောင်းကြိုတဲ့ဖယ်ရီကားပေါ်မှာ လက်တော့နဲ့စောင်းဘောက်ပါတယ်ဆိုတော့ ကျွန်တော့်သား သမီးတွေကြီးတဲ့အခါ ကားပေါ်မှာ နိုက်ကလပ်တောင် ပါဝင်လာဖွယ်ရှိလေရဲ့။
ရန်ကုန်ရွှေမြို့တော်စီက ဒဂုံတက္ကသိုလ်ကြီးနီးနား ၀န်းကျင်ကအဆောင်များ ကြည့်လိုက်ပြန်တော့ ဖဲဝိုင်းရယ်မျိုးစုံ၊ ပုလင်းရယ်စုံပါဘိသနဲ့၊ ဟိုဟာဒီဟာတွေအတွက်လေး ဘိလေးကရှိသေးပြန် တက္ကသိုလ်ကြီးများတွင် အဋ္ဌာရသ တစ်ဆယ့်ရှစ်ပါးအပြင် တဆယ့်ကိုးပါးမြောက် ဖဲရိုက်ခြင်း၊ ၂၀ မြောက် အရက်သောင်းခြင်းများအပြင် ၊ ၂၁ပါးမြောက် မိန်းမယောကျာင်္းလိုက်စားခြင်းများကို ပါ ပူး တွဲသင်ပေးနေကြလေရကား၊ ငါ့သားလေးတွေ သမီးတွေ ဘယ်တက္ကသိုလ်ပို့ရပါလိမ့်မတုန်း၊ ကဲရှိပါစေဗျာတို့ ဘယ်သူတွေ ဘာဖြစ်တယ်ပြောပြော၊ ကိုကိုငွေ မြန်မာပြည်ကို ရော ကမ္ဘာပြားတာနည်းတူ ပြားချင်ရဲ့လားလို့မေးခဲ့ရင်တော့ ကျွန်တော်က ချွင်းချက်နဲ့ ဖြေချင်ပါ တယ်။ ဟုတ်ကဲ့ ကျွန်တော်မြန်မာကိုလည်း ပြားချင်ပါတယ်…..သို့သော် …..သိုသော် ….သို့သော် လက်ရှိအခြေနေ မျိုးမှာဖြင့် မြန်မာကိုတော့ မပြားချင်သေးပါကြောင်း…………………။
ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့ဆုမွန်တောင်းပါ တယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။
5 comments:
အင်မတန်စဉ်းစားဆင်ခြင်အပ်တဲ့ကိစ္စလေးတစ်ခုကိုဖတ်လို့ ကောင်းနားဝင်လွယ်အောင်ရေးပြတာလေးကိုလေးစားပါတယ် ကိုငွေရေ..ဖြစ်ပျက်နေတာလေးကိုကွက်တိပါအောင်ထည့်ထား တာလေးသဘောကျတယ်ဗျာ...(ခင်မင်စွာဖြင့်..ချင်းကလေး)
မငွေလမင်း ...
ဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ...
ကိုငွေလမင်းကိုပါ တက်ဂ်ထားကြောင်း သတင်းပါးပေးပါ .....
အင်း မပြား၊ တပြား ဖြစ်နေပြီ ထင်တယ် မကောင်းတာတွေကို ခေတ်မှီတယ် ထင်နေတော့ ဘယ်နှယ့်လုပ်မတုံး နော်။
အရေးအသားကောင်းတယ်၊ ဖတ်ရတာ တွေးမိတော့ မချိမဆံ့ ခံစားရတယ်... :(
Post a Comment