Saturday, October 8, 2011

Singapore နိုင်ငံတွင် လိမ်လည်မှုတစ်ခု


၂၆-၀၉-၂၀၁၁ Singapore နိုင်ငံတွင် လိမ်လည်မှုတစ်ခုဖြစ်ပွါးခဲ့သည်။ ဖြစ်စဉ်မှာ Shwe Thadar Pte.Ltd. (111 North Bridge Rd #04-45A, Peninsula Plsza, Singapore 179098) ၏ပိုင်ရှင်ဖြစ်သူ စံဦး (၂၆ နှစ်) Passport No.863028၊ Employment Pass FIN No.G0648722Q ကိုင်ဆောင်သူသည် မြန်မာသံရုံးတွင် Passport သက်တမ်းတိုး၊ အခွန်ဆောင်၊ မှန်ကန်ကြောင်းထောက်ခံစာများကို ကိုယ်စားလှယ်လွှဲစာများနှင့်အတူ တရားဝင် တာဝန်ယူဆောင်ရွက်ပေးနေသူဖြစ်သည်။

အဆိုပါနေ့စွဲတွင် Passport စာအုပ် ၄၂ အုပ်၊ ကိုယ်စားလှယ်လွှဲစာများ၊ အခွန်ဆောင်ရန် ငွေကြေး (S$ 100,000) တစ်သိန်းနီးပါးနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားသည်။ အဆိုပါနေ့ ညနေပိုင်းတွင် ဒေါ်သန်းသန်းနု (သပြေနု) မှ၊ အခွန်ဆောင်ရန်အပ်နှံထားသော စာအုပ်များကို ပြန်လည်ရယူရန် တယ်လီဖုန်းဖြင့် ဆက်သွယ်တောင်းယူရာတွင် ပြန်လည်ဖြေကြားခြင်းမရှိပေ။

ထို့ကြောင့် ၄င်းရှိနိုင်သည်ဟု သတင်းရရှိသော "မိုး" PP အခွန်ဆောင်၊ သက်တမ်းတိုး အကျိုးဆောင်အိမ် (BLK-27, #05-186 Lorong 6, Toa Payoh, S310027) သို့ လိုက်လံရှာဖွေရာ တရားခံအားမတွေ့ရပဲ မိခင်ဖြစ်သူ ဒေါ်သဒ္ဒါဖြူနှင့်သာတွေ့ဆုံခဲ့ရသည်။ ဒေါ်သဒ္ဒါဖြူကို စစ်ဆေးမေးမြန်းရာ သားဖြစ်သူ စံဦးသည် ငွေများနှင့်ထွက်ပြေးသွားကြောင်း၊ သူမ၏ နိုင်ငံကူးလက်မှတ်ကိုပါ ပေါင်နှံထားကြောင်းသိရသည်။

၎င်း၏သားဖြစ်သူ စံဦး၏လုပ်ဆောင်ချက်များသည် သူမနှင့်မည်သို့မျှမသက်ဆိုင်ကြောင်း၊ မည်သို့မျှလုပ်ဆောင်မပေးနိုင်ကြောင်း၊ နိုင်ငံကူးလက်မှတ်များမှာ စံဦး၏ Employer ဖြစ်သူ မအေးမာ (ASK AMYA Travels and Tours Pte.Ltd) ထံတွင် အပ်နှံထားကြောင်းဝန်ခံပြောဆိုသည်။ အထက်ပါဝန်ခံချက်အရ မအေးမာ၏ နေအိမ် (Blk-113, Braddle Rd, Lorong 1) တွင် PP (passport) စာအုပ်များကို လိုက်လံသိမ်းဆည်းရာ၊ စာအုပ်များနှင့်အတူ ဖမ်းဆီးရရှိသည်။ သိမ်းဆည်းရရှိသော စာအုပ်များကို ဒေါ်သန်းသန်းနု (သပြေနု) မှ သက်ဆိုင်ရာကာယကံရှင်များအား ၂၇-၀၉-၂၀၁၁ မှစပြီး ပြန်လည်ပေးအပ်လျက်ရှိရာ အချို့သောဆက်ဆိုင်သူများမှာ ယနေ့တိုင် လာရောက်ယူဆောင်ခြင်းမရှိသေးပါ။ တရားခံ စံဦးမှာလည်းယနေ့တိုင်လွတ်မြောက်ဆဲဖြစ်သည်။


mrsorcerer@googlegroups.com  မှ ကူးယူဖော်ပြသည်။

7 comments:

ဒေါင်းမင်း said...

အင်းလိမ်တဲ့လူကလဲလိမ်နေတာပဲနော်။
ငရဲမကြောက်။ဘာမကြောက်နဲ့.လူတွေများ
တယ်ခက်.။အခုဘ၀ကောနောင်ဘ၀တွေ
ကောလူလိမ်တွေနဲ့ကင်းဝေးပါစေ။လူဆိုးတွေ
နဲ့ကင်းဝေးပါစေ။သူတော်ကောင်းများနှင့်သာ
ဆုံတွေ့ရပါစေ.လို့လူးသားအားလုံးကိုယ်စား
ဆုတောင်းပါတယ်။
ခင်မင်စွာဖြင့်ဒေါင်းမင်း

mstint said...

'ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံနဲ့' ဆိုတဲ့ဆိုရိုးစကားကို သတိရမိတယ် ငွေလမင်းရေ။ ခက်တာက ဒီခေတ်ကြီးမှာ နေရာတိုင်း ကိုယ်တိုင်သွားလာဖို့က မလွယ်ကူလေတော့ အေးဂျင့်ကိုပဲအားကိုးရပြန်တယ်။
လူအမျိုးမျိုး စိတ်အထွေထွေပေါ့လေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မင်းဧရာ said...

သတိထားသင့်တယ် အကိုရာ
နိုင်ငံခြားမှာက စာအုပ် ကကိုယ့် အသက်လေ
ဖြစ်နိုင်ရင်တော့ ကိုယ်တိုင်သွားလုပ်သင့်တယ်
လူလိမ်တွေကတော့ ကြာလေ ပေါလေပဲ
ကျွန်တော်ဖြင့် စာအုပ် နဲ့ ပတ်သက်လို့ ဘယ်သူ့ကိုမှ မယုံဘူး။

ညီရဲ said...

တော်တော် ရက်စက်တဲ့လူပဲဗျာ...
သူများ ချွေးနဲစာနဲ့ ရှာထားတာကို...
ဒီိလို ကိုယ်ကျိုးရှာ တတ်တဲ့ လူလိမ်တွေကြောင့် မှန်မှန်ကန်ကန် လုပ်စားသူတွေ အခက်တွေ့ ရတာ...

မိုးယံ said...

ဇတ်တူသား စားတဲ့ကောင်... လူစိတ်မရှိတဲ့ကောင်...
ကိုယ်ချင်းစာ တရားဆိုတာ နားမလည်တဲ့ ကောင်...
သူတစ်ပါး သောကနဲ့ ထမင်းစားချင်တဲ့ကောင်...
စိတ်လေဒယ်...တစ်ကယ်ပဲ။

စော(အဝါရောင်မြေ) said...

မြန်မာသံရုံကို ၃-ရက်တောင် သွားရတာဆိုတော့လည်း ဒီမှာက ခွင့်ယူဘို့ က ခက်ပြန်ရောလေ။
မြန်မာတွေ ခွင့်ယူရင်ကို အပြစ်ရှာခြင်နေကြတာ။
တိုင်းပြည်မြန်မြန် တိုးတက်မှဖြစ်မယ်။ ဟူး

Anonymous said...

တာဝန်ခံတဲ. ဒေါ်သန်းသန်းနုဆိုင်က ပိုက်ဆံပြန်အမ်းရမှာပေါ. လူတွေက သူ.ဆိုင်ကိုသွားအပ်တာလေ သူ.ဟာသူဘယ်သူ.ကို တဆင်. ပေးပေးပေါ.နော်