Sunday, October 3, 2010

အရှုံးကို အပြုံးဖြင့် ရင်ဆိုင်နိုင်သူ


                                     ဂရင်းဆလင်းဆုကြီးတွေလေ (၁၆)ခုတောင်
                                           သဲလေးနဲ့ တွဲရိုက်ထားတာ
                        သေရင်ကိုယ့်နောက်မှမပါတာ ဒါကြောင့် ရောင်းလှူလိုက်တဲ့ ရက်ကက်
                         အောင်ပွဲကို ပယ်ပယ်နယ်နယ် ခံလိုက်တယ် ယားးးးးးးးးးးးးစ်
သူ တင်းနစ်ကစားသည်ကို ကြည့်ရှုလျှင် အခြားစိတ်ကြီးသူ တင်းနစ်ကစားသမားများကဲ့သို့ ရက်ကက်ကို လွှင့်ပစ်ခြင်း၊ ရိုက်ချိုးခြင်း၊ ပစ်ပေါက်ခြင်းမျိုး ဒေါသအိုးပေါက်ကွဲသည်ကို တွေ့ရလေ့မရှိ။ ဆန့်ကျင်ဘက် အပြုအမူအနေဖြင့် ပြိုင်ဘက်တင်းနစ်သမားအပေါ် အပြုံးနှင့်သာ ရင်ဆိုင်ယှဉ်ပြိုင်တတ်သည်ကို အမြဲလိုလို တွေ့ရလေ့ရှိပါတယ်။ သူ့ကို အားကစားရေးရာ ခွဲခြမ်းစိတ်ဖြာသုံးသပ်သူများ၊ တင်းနစ်ဝေဖန်ရေးသမားများ၊ တင်းနစ်ကစားသမား ဟောင်းများနှင့် လက်ရှိကစားနေသူများက အမြဲတမ်း ဂရိတ်တင်းနစ် ပလေယာအဖြစ် အသိအမှတ်ပြုထားတဲ့ အားကစား သမားတဦး ။

သူသည် ကမ္ဘာ့အဆင့် (၁) တင်းနစ်ကစားသမားနေရာ (13September 2010 အထိ)ကို စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ်ထံမှ ပြန်လည်သိမ်းပိုက်ရယူခဲ့ပြီး ကမ္ဘာ့အဆင့် (၁) တင်းနစ်သမားနေရာကို (၂၃၇) ပတ်ဆက်တိုက် ထိန်းသိမ်းနိုင်သည့် စံချိန်တင်ခဲ့သူ။ သူသည် မကြာသေးမီက နောက်ဆုံးရရှိခဲ့သည့် ၂၀၁၀ သြစတြေးလျအိုးပင်းဆုဖလား အပါအ၀င် ဂရင်းဆလင်း ဆုဖလားပေါင်း (၁၆) ကြိမ် ရရှိခဲ့ပြီး တခြားအမျိုးသားတင်းနစ်သမားများထက် ငွေကြေးရော ဆုဖလားတွေပါ ပိုမိုရရှိခဲ့သူ ။

 သူသည် ဂရင်းဆလင်းဆုဖလားအားလုံး( တစ်ခု သို့ နှစ်ခု သို့ သုံးခု သို့ လေးခု)ကို သိမ်းပိုက်နိုင်သည့် အမျိုးသားတင်းနစ်သမား (၆) ဦးအနက် နောက်ဆုံးတဦးဖြစ်ပြီး အိုးပင်းခေတ် စတင်ကတည်းက ဂရင်း ဆလင်း  ဆုဖလားအားလုံးကို သိမ်းပိုက်ခဲ့သူ သုံးဦးသာရှိသည့်အနက် (ရော့ဒ်လာဗာ၊ အင်ဒရေ အဂ္ဂါစီ တို့နှင့်အတူ) တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ထို့အပြင် တင်းနစ်သမိုင်း၌ မြေစေးကွင်း၊ မြက်ခင်းကွင်းနှင့် ကွင်းမာ (၃) မျိုးစလုံးတွင် ဂရင်းဆလင်း ဆုဖလား (၄) ခုစလုံးကို သိမ်းပိုက်ခဲ့သူ နှစ်ဦးသာရှိသည့်အနက် (အင်ဒရေအဂ္ဂါစီနှင့်အတူ) တစ်ဦးဖြစ်သူ..။ ဒါ့အပြင် အင်ဒရေအဂ္ဂါစီနှင့်အတူ ကမ္ဘာ့ဂင်းနစ် မှတ်တမ်းဝင်ခဲ့သူ..။

သူသည် ဂရင်းဆလင်းပြိုင်ပွဲ (၁၀) ကြိမ်ဆက်တိုက် နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့် စံချိန်တင်ခဲ့ပြီး ATP World Tour Finals တွင် (၄) ကြိမ်နှင့် ATP Masters Series ပြိုင်ပွဲများတွင် (၁၆) ကြိမ် ဗိုလ်စွဲကာ အမြဲတမ်း ဂရိတ်ပလေယာတဦးဖြစ်သူ အင်ဒရေအဂ္ဂါစီထက် တစ်ကြိမ်သာ လျော့နည်းခဲ့ပြီး ။ သူသည် ၂၀၀၈ ခုနှစ် နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲတွင် တနိုင်ငံတည်းသား စတန်နစ်လတ်စ်ဝေါ်ရင်ကာနှင့်အတူ နှစ်ယောက်တွဲ တင်းနစ်ရွှေတံဆိပ်ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ သူဖြစ်သည့်အပြင် ။

သူ၏ အောင်မြင်မှုများကြောင့် Laureus World Sportsman of the Year တစ်နှစ်တာကမ္ဘာ့အကောင်းဆုံး အားကစားသမားဆုကို ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ လေးကြိမ်ဆက်တိုက် ရွေးချယ်ခြင်းခံခဲ့ရသူ။ သူ၏ အတိတ်က အောင်မြင်ခဲ့မှုများနှင့် ဆက်တိုက်အောင်မြင်နေမှုများကြောင့် သူ့ကို  သူ့နိုင်ငံသားတွေက The Federer Express (ဖက်ဒရာအမြန်) သို့မဟုတ် အတိုကောက် Fed Express၊ Swiss Maestro (ဆွစ်အကျော်အမော်) သို့မဟုတ် အလွယ်အားဖြင့် Maestro ဟုလည်း မကြာခဏ ခေါ်ဝေါ်လေ့ရှိသူ ၊ တိုင်းပြည်ရဲ့သား ကောင်းရတနာ တစ်ပါးဖြစ်လို့ နိုင်ငံရဲ့ တံဆိပ်ခေါင်းတွေမှာ တောင် သူ့ရဲ့ဓာတ်ပုံ ရိုက်နှိပ် ထုတ်ဝေ ဂုဏ်ပြုခြင်းကို  ခြင်းခံရသူ ။

 အားကစား သမားဘ၀မှ ရရှိသော ငွေကြေးများကို ချို့ငဲ့သူ မရှိဆင်းရဲသားများအတွက် အလှူဒါနအမျိုးမျိုး ပြုလုပ်ကာ ထောက်ပံ့ကူညီခဲ့သူ။ သူသည် ချို့ငဲ့သူများကို ကူညီရန်နှင့် အားကစားလောကကို မြှင့်တင်ရန်အတွက် ၂၀၀၃ ခုနှစ်တွင် ‘ရော်ဂျာဖက်ဒရာ ဖောင်ဒေးရှင်း’ ကို တည်ထောင်ခဲ့သူ ။ ၂၀၀၅ ခုနှစ်တွင် ကက်ထရီးနား ဟာရီကိန်းမုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီရန်အတွက် ယူအက်စ်အိုးပင်းတင်းနစ်ချန်ပီယံ ဖြစ်ခဲ့သည့် သူ၏ ပြိုင်ပွဲဝင် တင်းနစ်ရက်ကက်ကို လေလံတင်ရောင်းချခဲ့သူ ။ ၂၀၀၆ ခုနှစ်တွင် ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က စေတနာ့ဝန်ထမ်း ချစ်ကြည်ရေး သံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရသူ။


ထိုအချိန်မှစ၍ တောင်အာဖရိကနှင့် ၂၀၀၄ ခုနှစ်တွင် အိန္ဒိယသမုဒ္ဒရာအောက် မြေငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဆူနာမီရေလှိုင်းဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရသော အိန္ဒိယနိုင်ငံ၏ ပြည်နယ်များအနက်မှ တစ်ခုဖြစ်သည့် တမီနာဒူးလ်ပြည်နယ်သို့ သွားရောက် လည်ပတ်ကူညီခဲ့သူ ။ သူသည် ယူနီဆက်ဖ်မှ လုပ်ဆောင်သည့် ပြည်သူလူထုအတွင်း အေအိုင်ဒီ အက်စ်ရောဂါအပေါ် ပို၍အာရုံပြု သတိမူမိလာအောင် သတင်းအချက်အလက်များ ပေးပို့လှုံ့ ဆော်ရာတွင်လည်း အားတက်သရော ပါဝင်လှုပ်ရှားခဲ့သူ ။

၂၀၁၀ ပြည့်နှစ်တွင် လှုပ်ခတ်ခဲ့သည့် ဟေတီငလျင်တွင်လည်း သူဟာ ၂၀၁၀ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲအတွက် နောက်ဆုံးနေ့ လေ့ကျင့်ပြင်ဆင်မှုများကို စွန့်လွှတ်ပြီး ထိပ်တန်း တင်းနစ်အကျော်အမော်များဖြစ်ကြသည့် ရာဖေးလ်နာဒယ်လ်၊ နိုဗက်ဂျူကိုဗစ်၊ အင်ဒီရော့ဒ်ဒစ်ခ်၊ ကင်မ်ကလိုက်စတားစ်၊ ဆရီနာဝီလျံမ်စ်၊ လေတန်ဟျူးဝှစ်၊ ဆမ်စတိုဆာတို့နှင့်အတူ Hit For Haiti ခေါ် ငလျင်ဒဏ်ခံ ဟေတီပြည်သူများကို ကယ်ဆယ်ကူညီရေးအတွက် အထူးရန်ပုံငွေရှာဖွေရေး တင်းနစ်ပြိုင်ပွဲတရပ်ကို ကျင်းပပြုလုပ်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ။ ထို့နောက် ရန်ပုံငွေ တင်း နစ်ပွဲမှ ရရှိသည့် အကျိုးအမြတ်များအားလုံးကို ငလျင်ဒဏ်ခံ ဟေတီဒုက္ခသည်များထံသို့ ပေးပို့ ကူညီခဲ့သူ ..။

ထိုသူကား အခြားမဟုတ် ဆွစ်ဇာလန် ပြည်သူတို့နှင့် ကမ္ဘာ့တင်းနစ်လောက၏ စံပြပုဂ္ဂိုလ်ကျော် ပရော်ဖက်ရှင်နယ် တင်းနစ်သမား ရော်ဂျာဖက်ဒရာပင် ဖြစ်ပါ၏ သူ့ရဲ့ကိုယ်ရေး အချက်လက် တချို့ကတော့ ဒီလိုလေးပါ..........။

Rogger Federer
Rogger Federer ကို  8 August 1981 မှာ Basel Switzerland တွင်မွေးဖွားခဲ့ပါတယ် လက်ရှိ Wollerau Switzerland မှာနေထိုင်နေပါတယ် Rogger Federer ဟာ ဆွီဒင်နိုင်ငံသား Professional tennis player တစ်ယောက်ဖြစ်ပါတယ် ၊ သူ့ အရပ်အမြင့် ၆ပေ၁လက်မ ရှိတယ် သူဟာ ညာသန်ကစားသမားဖြစ်တယ် အခုလက်ရှိ 13 September 2010 မှာ ကမ္ဘာ့ နံပါတ် ၃ တင်းနစ်ကစားသမား အဖြစ်  Association of Tennis Professionals (ATP) က အသိအမှတ်ပြုထားတယ် ။

သူဟာ Grand Slam အဖွဲ့ကြီးက အထူးအသိအမှတ်ပြုခံရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ် Grand Slam ဆိုတာက ကွင်းလေးကွင်းမှာ  ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်တဲသူတွေကို ပြောတာပါ ဘယ်လိုကွင်း တွေလဲဆိုတော့ Australian Open ( ကွန်ကရစ်အခင်းနဲ့ ကစားရတဲ့ ကွင်း တစ်နည်း  hard court) US Open (ဒါလည်း hard court) French Open ( မြေစေး ကွင်း) Wimbledon Open (မြက်ခင်းပြင်ကွင်း) ဆိုပြီးလေးကွင်းလုံးမှာ နိုင်အောင်ကစားနိုင်တဲ့သူတွေကို Grand Slam တွေလို့ ခေါ်ပါတယ် သူ့ဝင်ငွေဟာ အားကစားရာသီတစ်ခုအတွက် US$ 57သန်းကျော်ရှိပါတယ် လက်ရှိ နံပါတ် ၁ ဖြစ်တဲ့ Rafael Nadal ထက်ကို ၀င်ငွေ ပိုများပါတယ်   (Single Title) တစ်ယောက်ထဲ ကစားတဲ့ ပွဲစဉ်တွေမှတ်တမ်းအနေနဲ့ ကတော့ ၇၂၂ ပွဲနိုင်ခဲ့ပြီး ၁၇၂ ရှုံးခဲ့ပါတယ် ။

Rogger Federer အောင်မြင်မှုရာခိုင်နှုန်းက ၈၀.၇% ရှိပါတယ် တကယ်တော့ သူဟာ   2 Febrauary 2004 မှ   13 Sepember 2010 ထိ ကမ္ဘာ နံပါတ် ၁ အကောင်းဆုံး တင်းနစ်သမားဖြစ်ခဲ့တယ် အဲဒီနောက်ပိုင်း US Open အပြီးမှာတော့ နံပါတ် ၃ ဖြစ်သွားခဲ့ပါတယ် သူဟာ ၂၀၀၈ ကမ္ဘာ့ အိုလံပစ် မှာ (Double Title) နှစ်ယောက်ကစားတဲ့ပွဲမှာ Gold Medal ဆုကို ရရှိခဲ့ပါတယ် သူနဲ့အတူတူ  ကစားခဲ့သူက Stanislas Wawrinka ဖြစ်ပါတယ် သူ့မှာ ပြိုင်ဘက်များစွာ ရှိတဲ့အနက် နာမည်အကြီးဆုံးပြိုင်ဘက် လက်ရှိချန်ပီယံ Rafael Nadal ဖြစ်ပါတယ်Rafael Nada သည် Rogger Federer ထက် ၅ နှစ်ငယ်တဲ့သူဖြစ်ပါတယ် Rogger Federer ရဲ့တင်းနစ် အောင်မြင်မှုမှတ်တမ်း အနေနဲ့ ကတော့ သူ့ကို Ladureus World Sportman of the Year ဆိုပြီးတော့ နာမည်ပေးထားပါတယ်

Rogger Federer ကို Robert Federer  (ှဆွီဒင်လူမျိုး) နှင့် Lynette DU Rand (တောင်အာဖရိကလူမျိုး) မိဘတွေက မွေးခဲ့တာဖြစ်တဲ့အတွက် သူဟာ ဆွီဒင်နိင်ငံသားရော တောင်အာဖရိက နိုင်ငံသားေ၇ာ  နှစ်မျိုးခံယူထားပါတယ်  Federer က ဆွီဒင် ၊ ဂျာမန်၊ ပြင်သစ်၊အင်္ဂလိပ် ဘာသာ စကားလေးမျိုး ကို ကောင်းကောင်းပြောဆိုနိုင်သလို ကက်သ လစ်ဘာသာဝင်တဦး လည်းဖြစ်ပါတယ်  ၂၀၀၆ ခုနှစ် Internazionali BNL d'Italia တင်းနစ်ပြိုင်ပွဲ ယှဉ်ပြိုင်စဉ်အတွင်း ပုပ်ရဟန်းမင်းကြီး (၁၆) နှင့် တွေ့ဆုံခဲ့ပြီး ကတ်သလစ် သာသနာတော် ဆိုင်ရာ အဆုံးအမကို ခံယူခဲ့ပါတယ် ။ အခြားဆွစ်ဇာလန် အမျိုးသားများကဲ့သို့ ဖက်ဒရာသည်လည်း စစ်မှုမထမ်းမနေရ တာဝန်ကို လိုက်နာခဲ့ရသော်လည်း၊ ၂၀၀၃ ခုနှစ်တွင် ကြာရှည်မတ်တပ်ရပ်၍ ဖြစ်ပွားသည့် ကျောဒဏ်ရာကြောင့် ကျန်းမာရေးမပြည့်စုံသည့်အတွက် နောက်ပိုင်းတွင် သူ၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် နိုင်ငံတော်မှ စစ်မှုထမ်းခြင်းဥပဒေကို  ကင်းလွတ်ခြင်းပြုခံ ခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ် ။


Rogger Federer က ၂၀၀၀ ခုနစ် Sydney Olympics ကို သွားကစားရင်းနဲ့က အမျိုးသမီးတင်းနစ်ကစားသမား Mirka Vavrinec  နဲ့တွေ့ပြီးချစ်သူတွေဖြစ်ခဲပဲါ့တယ် Mirka က ၂၀၀၂ ခုနစ်မှာ ကစားပွဲတစ်ခု မှာ ခြေထောက်ဒဏ်ရာရပြီးနောက်ပိုင်း အနားယူခဲ့ပါတယ် အဲဒီနောက် တော့ Federer ရဲ့ မန်နေဂျာလုပ်ခဲ့ပြီး 11 April 2009 မှာလက်ထပ်ခဲ့ကြပါတယ်  23 July 2009 မှာ Mirka က Federer အတွက် သမီး အမြွှာလေး နှစ်ယောက်ကိုမွေးပေးခဲ့ပါတယ် နာမည်လေးတွေကတော့ Myla Rose and Charlene Riva လို့ခေါ်ပါတယ်၊ (လက်ထပ်ပြီး လေးလမှာ အမြွှာ ညီအစ်မနှစ်ယောက်ကို မွေးဖွားနိုင်တဲ့ စွမ်းအားမြင့် ယောကျာ်းတစ်ယောက် လဲဖြစ်ပါတယ်)

 Federerဟာ အားကစားတွင်သာမက လူမှုေ၇းလုပ်ငန်းတွေကို လည်း စိတ်ဝင်တစားလုပ်ကိုင် နိုင်ဖို့အတွက်  ၂၀၀၃ ခုနစ်မှာ  Rogger Federer Foundation ကို ဖွဲ့စည်းပြီး လူတွေကို ကူညီရင်း အားကစားလုပ်ငန်းတွေမှာ တိုးတက်အောင် ကြိုးစားခဲ့တယ် ၂၀၀၆ ခုနစ်မှာ UNICEF မှ Federer ကို Goodwill Ambassador ဆိုတဲ့ ဂုဏ်ထူးဆောင်လက်မှတ်ကို ပေးအပ်ခဲ့ပါတယ်  ဒါ့အပြင် World Economic Forum (WEF) မှလည်း သူ့ရဲ့လူမှုရေးလုပ်ငန်းတွေမှာ ခေါင်းဆောင်မှု၊ဆောင်ရွက်မှုတွေအတွက် 2010  Young Global Leader ဆိုတဲ့နာမည်ကို ပေး ကင်းပွန်းတပ်ခြင်း ကိုခံခဲ့ရပါတယ် ။

Federer ရဲ့ တခြားစီးပွါးေ၇းလုပ်ငန်းတွေ အနေနဲ့ကတော့ နာမည်ကြီး  NIKE ကုမ္ပဏီ က Nike အသုံးအဆောင်ပစ္စည်းများကို ကြေငြာဖို့အတွက် စပွန်ဆာပေးခြင်းခံရသူ ဖြစ်ပါတယ် ကော်ဖီ စက်ရုံတွေနဲ့လည်း  လတ်မှတ်ထိုးပြီးကြေငြာလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၉ ခုနစ်မှာ ဆွီဒင်နိုင်ငံရဲ့ ချောကလက် စက်ရုံတစ်ခု မှ Brand Ambassador အဖြစ် စပွန်ဆာပေးခဲ့ပါတယ်

အားကစားသမား ဘ၀မှ စလို့ ၊ ယနေ့တိုင် ရရှိထားတဲ့ ဂရင်းဆလင်းဆုဟာ၁၆ ခုရှိပါတယ် သြစတြေးလျ အိုးပင်း လေးကြိမ် ၊ ၀င်းဘယ်တန် ၆ ကြိမ် ၊ ပြင်သစ် အိုးပင်း ၁ ကြိမ် ၊ အမေရိကန် အိုးပင်း ၅ ကြိမ်တို့ ဖြစ်ပါတယ် ၊ အားကစားသမား ဘ၀ကရတဲ့ ဆိုငွေနဲ့ ကြေငြာ စပွန်ဆာ ခတွေနဲ့ ဆိုရင် တစ်နှစ်ကို သန်း ၉၀ကျော် ဖြစ်ပြီး ၊ တင်းနစ်လောကမှာ ၀င်ငွေအများဆုံး အားကစားသမား အဖြစ် ရပ်တည်နေသူဖြစ်ပါတယ် လူငယ်အားကစား သမားတစ်ယောက် ဖြစ်သော်လည်း အားကျအတုယူ၏ဖွယ်ရာ သူ့လုပ်ရပ်များကြောင့် ဘာသာတရား နှင့် လူမျိုး ၊ တိုင်းပြည်ကိုပါ ဂုဏ်တက်စေခဲ့သလို ကမ္ဘာ့အားကစားသမားလောက စစ်တမ်းများအရ ကမ္ဘာ့က အလေးစားရဆုံးသော လူငယ် အားကစား သမားတစ်ယောက် ဖြစ်ပါကြောင်း သိသလောက် ဖောက်သည်ချရလိုက် ပါတယ် ။

ဘာသာပြန်သူ သမီးလေး ငွေလမင်း ။ ပြန်လည်ရေးသား ဖောက်သည်ချသူ သမီးငွေလမင်းရဲ့ ဖေဖေ ဦးငွေလမင်း (နံနှိမ်ထားတာ ၊ အမြင်ကပ်လို့) နောက်ပြီး အော်ပရာဝင်းဖေးရဲ့ ယခုလက်ရှိ အခြေအနေကိုလည်း ဆက်လက်ရေးသားပါမည် သူမရဲ့ အကြောင်းအရာများကို ဖတ်ထားပြီးသော်လည်း အလုပ်မအားသောကြောင့် မရေးဖြစ်သေးတဲ့ ဆိုတဲ့အကြောင်း ပြော ကြားရင်း နိဂုံးချုပ်လိုက်ပါတယ် ။