Saturday, March 31, 2012

ဘလော့ဂါများသို့


ဘလော်ကာအပေါင်းတို့ခင်များ ၊ ဒီရက်အတွင်းမှာ ကိုကိုငွေမှာ ဘလော်ဂါ များရဲ့ဆန္ဒနဲ့ တထပ်တည်းကျမဲ့ ၊ အစီစဉ်နှစ်ခုရှိနေပါတယ် ၊ အဲဒါကတော့ ဧပြီ ၁ ရက်နေ့ ရွှေးကောက်ပွဲအနိုင် အရှုံးနဲ့၊ မြစ်ဆုံကိစ္စတို့ပဲဖြစ်ပါတယ်ခင်များ။

ကျွန်တော်တို့တတွေ ရွှေးကောက်ပွဲကိုဦးတည်နေချိန်မှာ၊ မြစ်ဆုံဒေသစီမံကိန်းကြီးအတွင်းမှာ ကွန် တိန်နာကားများ အစီလိုက်အတန်းလိုက် မြန်မာဖက်ကနေ တရုပ်ပြည်ဖက်ကို အ၀င်အထွက် လုပ်နေသလို၊ တရုပ်ပညာရှင်များလည်း မြစ်ဆုံဒေသကို အဆက်မပြတ်ဝင်ရောက်လာ နေတယ်လို့ ၊ ကြားသိရပါတယ်ခင်များ ။ ဘလော်ဂါကြီးများ အားလုံးကို မြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်တန့်ရေးကို  ၀ိုင်းဝန်းရေးသား ကြပါအုံးလို့ နှိုးဆော်လိုက်ရပါတယ်ခင်များ။