Monday, June 20, 2011

လက်ယာမင်းခမ်းတော်များ (၁)


နန်းတွင်းပရပိုဒ်ဖြူတွင် တွေ့ရသော ကွမ်းတောင်းတော်ကြီး၏ ပုံတူ
အမျိုးသားပြတိုက်တွင် ပြသထားသော ကွမ်းတောင်းတော်ကြီး


၁။ ကွမ်းတောင်းတော်ကြီးဟူသည်၊ လက်ယာဘက်မင်းခမ်းတော် ၁၇ ပါးတွင်ပါဝင်ပြီး၊ အစိုးရ တော်မူရာ ဒေသရှိ ကျေးတော်မျိုး ကျွန်တော်မျိုးနှင့် နယ်စား၊ ပယ်စား၊ တို့မှ ကွမ်းတော် ဆက်သရာတွင် အသုံးပြုသော မင်းခမ်းသုံးပစ္စည်းဖြစ်သည်၊ ရွှေသားအစစ်ဖြင့် ပြုလုပ်ထားပြီး ကျောက်မျက်ရတနာများ စီချယ်ထားသည်ဟု မှတ်သားရပါသည်၊ အင်္ဂလိပ်အခေါ် အဝေါ်မှာ Large Betel Basket ဖြစ်သည်။
 
ပရပိုဒ်ဖြူတွင် တွေ့မြင်ရသော လက်ယာမင်းခမ်းတော်ဝင် ကွမ်းချပ်တော်

အမျိုးသားပြတိုက်တွင် ထားရှိသော လက်ယာမင်းခမ်းတော်ဝင် ကွမ်းချပ်တော်ကြီး

၂။  ကွမ်းချပ်တော်ဟူသည်၊ လက်ယာမင်းခမ်းတော်ဝင် နန်းသုံးပစ္စည်းဖြစ်ပြီး ၊ ရခိုင်ဘုရင်မင်းမြတ် တို့စတင်သုံးစွဲတော်မူကြောင်း၊ ရွှေဘုံနိဒါန်းတွင် မှတ်သားရပါသည်၊ ကွမ်းတောင်းတော်မှာ ကွမ်း အရွက်  သီးသန့် ထည့်သော နန်းသုံးပစ္စည်းဖြစ်ပြီး ၊ ကွမ်းချပ်တော်မှာ ကွမ်းယာစားရာတွင် ပါဝင် သော ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ဆေး ၊ ပန်းဥ ၊ ဖာလာ ၊ စသော ကွမ်းတော်ဆက်ဆိုင်ရာ အသုံးတော် များ အကန့်လိုက် စီစဉ်ထည့်သွင်းသုံးဆောင်တော်မူသော မင်းခမ်းတော်သုံး ပစ္စည်းဖြစ်သည်၊ အင်္ဂလိပ်အခေါ် Triple - Tiered Betel vessel ရေးသားထားသည်ကို မှတ်သားထားဖူးပါသည်။

ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်မျာ။