Wednesday, March 13, 2013

သတင်းစုံ


စာတွေရေးမယ်ပေါ့ ဟန်တပြင်ပြင်နဲ့လေ ၊ မရေးဖြစ်ဖူး ခုတော့ရေးဖြစ်ပါပြီ ဘာရေးရမလဲ သိပ်ပြီး မစဉ်းစားရပါဘူး၊ ခုတလော ကမ္ဘာတလွှားမှာ ထူးခြားဖြစ်ပျက်ခဲ့ဖြစ်စဉ်လေးတွေပေါ့ ။  ပြီးခဲ့ တဲ့ သတင်းပတ်ကပဲ ရောမမြို့ ဘက်တီကန်စီးတီးက ကက်သလစ်သာသနာတော်ဆိုင်ရာ ကာဒီနမ် ဘုန်းတော်ကြီးများရဲ့ ဂိုဏ်းချုပ်ကြီး ပုတ်ရဟန်းမင်းကြီး ဘီနီဒစ်ဟာ ကာဒီနမ်ကျောင်းတော်ကြီးကို စွန့်ခွာပြီး ရဟန်းမင်းကြီးအဖြစ်ကနေ အနားယူသွားပြီဆိုတဲ့သတင်းလေးပါ ၊ ပုတ်ရဟန်းမင်းကြီး ကြီးများအစဉ်အဆက်ဟာ ရဟန်းမင်းကြီးအဖြစ်နဲ့သာ အရိုးထုတ်သွားကြပေမဲ့ ဘီနီဒစ်ကတော့ ပုတ်ရဟန်းမင်းကြီးအဖြစ်ကနေ ပင်စင်ယူသွားခဲ့တာပါ၊ ပုတ်ရဟန်းမင်းကြီး ရဲ့ဘ၀ဆိုတာ အင်မတန်မှ မက်မောစရာကောင်းလှတာကလား ။

ကတ်သလစ်ဘာသာဝင် နိုင်ငံများရဲ့အဓိပတိ ဖြစ်သလို ၊ ကမ္ဘာလုံးဆိုင်ရာ ကတ်သ လစ်သာ သနာတော်ရဲ့ အကြီးအကဲပဲမဟုတ်လား၊ ကိုယ်ပိုင် ကား၊ ၀တ်ရုံနီ ၊ လက်စွပ် ၊ ကိုယ်ပိုင်လေယာဉ် ပုတ်ရဟန်းမင်းကြီးများ နေထိုင်ရာ ကာဒီနမ်ကျောင်း စတာတွေပိုင်ဆိုင်ရသလို၊ ရောမမြို့မှာ ရှိတဲ့ ဘတ်တီ ကန်နိုင်ငံရဲ့ နိုင်ငံခေါင်း ဆောင်ဖြစ်ရုံသာမက၊ တကမ္ဘာလုံးကပါ လေးစားအား ကျရတဲ့ဘာသာရေး ဆိုင်ရာခေါင်း ဆောင်ဖြစ်လေတော့ ဒီနေရာ ဒီရာထူးကို လူတထူး ရဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။

ဘတ်တီကန်နန်းတော်က နှစ်ပေါင်း၆၀၀အတွင်းမှာ ပုတ်ရဟန်းမင်းကြီးပေါင်း ၂၆၅ပါး ရွှေးချယ် တင်မြှောက်ခဲ့ပေမဲ့၊ ပင်စင်ယူသွားတဲ့ ပုတ်ရဟန်းမင်းဆိုလို့ ဘီနီဒစ် တပါးသာရှိသတဲ့။ ကတ်သ လစ်သာ သနာတော်မှာ ဘီနီဒစ်ရဲ့စွန့်လွှတ်နိုင်စွမ်းဟာ ကဗျဉ်းရေးထိုးနိုင်ခဲ့တယ်မဟုတ်လား ။ ကိုကိုငွေတို့ရဲ့ ဒီဖက်ခေတ်မှာ ဘာမှ မဖြစ်စလောက်ရာထူး လို့ဆိုရမဲ့ ဆယ်အိမ် ခေါင်းအဖြစ် အရွေးခံရဖို့တောင် ငွေသိန်းချီပြီး ဆိုင်ရာ ကိုလာဒ်ထိုးနေကြရတာ ဖြစ်လေတော့ ၊ ပုတ်ရဟန်း မင်းကြီးရဲ့ စွန့်လွှတ်နိုင် မှု့အပေါ် မချီးကျူးပဲ ဘယ်နေနိုင်ပါ့မလဲ စာရှု့သူရယ်။

နောက်တခုက မူးယစ်ရာဇာခေါ်မလား ပင်လယ်ဓားပြခေါ်မလား မှောင်ခိုသမား ခေါ်မလား ဆိုင်းနော်ခမ်းကို တရုပ်အစိုးရက ကြိုးပေးလိုက်တဲ့ ကိစ္စ ၊ ရုတ်တရက်ကြည့်လိုက်တော့ မြန်မာ နိုင်ငံသားတစ်ယောက်ကို ၊ တရုပ်အစိုးရက လူ့အခွင့်ရေးကို မျက်ကွယ်ပြုပြီး ကြိုးပေးလိုက်တာ လိုလို၊ ထင်ရပေမဲ့ တကယ်တန်းကတော့ လူ့ပြည်မှာကြာကြာထားရန်မသင့် တဲ့လူတစ်ယောက် ကို သူသွားရမဲ့နေရာကို နီးစပ်ရာ အစိုးရက မြန်မြန်လေး လိုက်ပို့ပေးလိုက်တဲ့သဘောပါပဲ၊ ဒါကိုပဲ ကီးဘုတ်နိုင်ငံရေးသမားတွေက အာဇာနည်ခေါင်းဆောင်ကြီးတစ်ယောက် ကျဆုံးသလိုလို ဂုဏ်ပြု ပြီး ဟိုအော်ဒီအော်လုပ်နေတာမြင်ရတွေ့ရသဗျာ။

ကျွန်တော်သိသလောက် နော်ခမ်းဆိုတဲ့လူက သူသူ့မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်က လွဲရင် အခြားသူကို ရေတခွက်တောင်မတိုက်ဖူးပါဖူးဗျာတို့ရယ်၊ အိုစမာဘင်လာဒင်ဆိုတဲ့ လူကမှ ဟုတ်ဟုတ်မဟုတ်ဟုတ် အကြမ်းဖက်လုပ်ရပ်လုပ်နေပေမဲ့၊ သူဟာ တစ်ကမ္ဘာလုံးက အစ္စလာမ် ဘာသာဝင်တွေအတွက် တိုက်ပွဲဝင်ခဲ့တယ်လို့ ပြောခဲ့သေးရဲ့၊ ပြောတဲ့အတိုင်းလည်း လုပ်ခဲ့ လေသေးရဲ့၊ သူ့ကိုအမေရိကန်တွေ သုတ်သင်လိုက်တော့ သူ့ရဲ့မိခင်နိုင်ငံဖြစ်တဲ့ ဆော်ဒီနိုင်ငံက ဘာမှကန့်ကွက်ပါဖူးဗျာရယ်၊ အယ်ခိုက်ဒါတွေလောက်သာ ဆူဆူပူပူလုပ်ခဲ့တာရယ်ပါ၊ သူ့အပြစ် နဲ့သူပါပဲ၊ သနားစရာမလိုပါဖူး ၊ သူသတ်လို့သေသွားတဲ့ လူတွေကိုဘယ်သူတွေက သနားခဲ့ပါ လိမ့်။ ဘယ်နိုင်ငံကမှ အိုစမာဘင်လာဒင်သေ ဆုံးမှု့ကို ၀မ်းနည်းကြောင်း သ၀ဏ်လွှာမပို့ခဲ့ကြ ပါဖူး။ နော်ခမ်းသေမှ အစိုးရမကောင်းလို့ သေရသလိုလို၊ ၀မ်းနည်းနေကြတာတော့ ရွံ့စရာ ကောင်းလိုက်ပုံတော့ မပြောပါနဲ့၊ ၀မ်းမနည်းရဖူးလို့မဆိုလိုပါဘူး အထူးဝမ်းနည်းစရာတော့ မလိုပါ ဖူးလို့တော့ ဆိုချင်ပါရဲ့။ သူ့မိသားစုဝင် လုပ်ဖော်ကိုင်ဖက်တွေကိုတော့ မပြောလိုပါဖူး၊ ပြောလိုတာ ကကီးဘုတ်နိုင်ငံရေးသမားများ ကိုပါ၊ တလွဲဆံပင်မကောင်းကြပါနဲ့လို့။

လက်ပန်းတောင်းတောင် ကိစ္စကလည်းတော်တော်လေးဟော့တဲ့ သတင်းတစ်ပုဒ်ဖြစ်နေတယ်၊ အနှစ်ချုပ်ကတော့ အစီရင်ခံစာတင်သွင်းတဲ့ ဒေါ်အောင်ဆန်းဆုကြည်ကို မကျေနပ်ဖူးပေါ့ဗျာ၊ ကျွန် တော့်အမြင်ကတော့ ဒါဟာ ဒေါ်စုနဲ့ပြည်သူရဲ့ပြဿနာမဟုတ်ပါ၊ အစိုးရနဲ့ ပြည်သူရဲ့ပြဿနာသာ ဖြစ်ပါတယ်။ ဒေါ်စုက ဓားခုတ်ရာလက်လျိုဆိုသလို ဖြစ်ရတာပါ။ အစိုးရရဲ့လုပ်ပေါက်ကမြွေသေ ဒုတ်ကျိုး လုပ်ရပ်ဖြစ်လေတော့၊ ပါဝင်ပတ်သတ်သူတွေ အားလုံးဟာ မြွေမသေဒုတ်မကျိုး လုပ်နိုင် ကြပါမှ လိုရာပန်းတိုင်ရောက်ကြမယ်လို့ ထင်မြင်မှိတာပါပဲ။

အင်္ဂလိပ်က မြန်မာတွေကို လွတ်လပ်ရေးပေးရတော့မယ် ဆိုတာကြသိတော့ ဦးအောင်ဆန်းနဲ့ ဦးစောကို ရန်တိုက်ပေးတယ်၊ ဦးစောကို နန်းရင်းဝန်ဖြစ်စေမယ်လို့ ကတိပေးပြီး ဦးအောင်ဆန်းကို လုပ်ကြံစေလိုက်တယ်။ ဦးစောကလုပ်ကြံပြီးတဲ့အခါမှာတော့ အင်္ဂလိပ်တွေက နိုင်ငံတော်ပုန်ကန် မှု့နဲ့ ထောင်ကျနေတဲ့ ဦးစောကို ရှေ့နေတောင်ငှားမပေးပဲ၊ မသိသလိုနေလိုက်တယ်၊ နောက်ဆုံး မှာတော့ ဦးစောရော  ဦးအောင်ဆန်းပါ သေသွားရှာတယ်။ သူတို့နှစ်ယောက်ဟာ မြန်မာ့နိုင် ငံရေးမှာ အရေးအပါတဲ့လူတွေဆိုတာ ဘယ်သူ့မှမငြင်းနိုင်ကြပါဖူး။ နစ်နာခဲ့ကြတာကတော့ မြန်မာပြည်သူတွေပေါ့ ၊ အရည်ချင်းရှိ နိုင်ငံသားနှစ်ဦး ဆုံးရှုးံလိုက်ရတယ်။

လူထုခေါင်းဆောင်ဆိုတာ ပေါ်ခဲတယ်၊ ပေါ်ပေါက်လာပြီးရင် ခဏလေးနဲ့တိမ်မြုတ်ပျောက်ကွယ် တတ် ကြတယ်။ လူထုခေါင်းဆောင်ကို ကာကွယ်ဖို့ဟာ လူထုရဲ့တာဝန်ပဲလို့ယူဆမှိပါတယ်။ အခုလက် ပံတောင်းတောင် ကိစ္စဟာလည်း ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လူထုကထောက်ခံမှု့လျော့ကျသွား တာကတော့ အမှန်ပါပဲ၊ ဒါဟာမဖြစ် သင့်ပါဖူး၊ ထောက်ခံ မှု့မရှိရင် ဒေါ်စုဆို တာမရှိနိုင် ပါဖူး၊ ဒေါ်စုမရှိ တော့ရင်တော့ ကျွန်တော်ပြောရဲပါတယ်၊ ကျွန်တော်တို့ပါးစပ်နဲ့ လက်တွေကို အလို လို ပိတ်ပြီး ချည်ပြီး  သားဖြစ်သွား လိမ့်မယ်လို့ပါ။ အစိုးရမှာ တာဝန်အရှိဆုံးလို့ပြောလိုက်ချင်ပါရဲ့။

ဘလော့စာရှု့သူများ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့ဆုမွန်တောင်းပါတယ် ၊ ရွှင်လန်း ချမ်းမြေ့ကြပါစေခင်မျာ။