Friday, February 25, 2011

သောကြာဂြိုလ်နှင့် တနင်္လာ(လ) တို့ပူးခြင်း

လာမည့် မတ်လ ၁ရက်နေ့ မြန်မာစံတော်ချိန် နံနက်၁၀နာရီ ၊ ၉မိနစ်တွင် မြန်မာနိုင်ငံ ကောင်းကင်တွင် လနှင့် သောကြာဂြိုလ်တို့ ပူးခြင်းဖြစ်ပေါ်ပါမည်။ ထိုသို့ ပူးနေချိန်တွင် မကာရ ရာသီတွင် ဂြိုလ်များရဲ့ ရပ်တည်မှုများဟာ အရှေ့လောင်ဂျီတွဒ် ၈၇ ဒီကရီ ၊ ၂၈မိနစ်နှင့် ၊ တောင်လတ္တီတွဒ် ၁၇ ဒီကရီ ၊ ၅၅ မိနစ်တွင် သြစတြေးလျတိုက် အနောက်ဘက် အန္ဒိယ သမုဒ္ဒရာ အတွင်းမှာ ဖြစ်ပေါ်ပါမည် ၊ စတင်ဖြစ်ပေါ်ချိန်တွင် မြန်မာနိုင်ငံတွင် နေထွက်နေသော ကြောင့် မမြင်ရနိုင်ပါ ။

မတ်လ ၁ရက်နေ့ နံနက်လေးနာရီ ၂၅ မိနစ်အချိန်ကစပြီး အာရုံတတ်သည့် အရှေ့ဘက်မိုး ကောင်းကင်ကို ကြည့်လျှင် လအနီးနားတွင် သောကြာဂြိုလ် နီးကပ်ပြီး ရပ်တည်နေတာကို တွေ့နိုင်ပါသည်၊ ထိုသို့ ရပ်တည်ရာမှ မြန်မာစံတော်ချိန် ၁၀နာရီ၊ ၉မိနစ်တွင် တနလာင်္ဂြိုလ်ဟု ခေါ်သော လနှင့်  သောကြာဂြိုလ်တို့  အထက်ဖော်ပြပါ လတ္တီတွဒ်၊ လောင်ဂျီတွဒ်များ အတိုင်း ပူးယှဉ်ခြင်း အဖြစ်ကိုရောက်ရှိပါလိမ့်မယ်။

ထိုကဲ့သို့ လနှင့် သောကြာ ဂြိုလ်ပူးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များမှာ နိုင်ငံ အတွက်ဆိုလျှင် ၊ အကြီးအကဲ များ ၀ိဝါဒကွဲပြားပါမယ်၊ သောကြာ သာသမီးများ ဘုန်းကံ မြင့် မားပါမယ်၊ အလုပ်အကိုင်များ တိုးချဲ့လုပ်ကိုင်နိုင်ပါတယ်၊ ဇာတာဆန်းလဒ် ငန်းဆောင်တာ အောင်မြင်ပါလိမ့်မယ် ၊ တနလာင်္သား သမီးများ အမှု့အခင်းဖြစ်ပါမယ် ၊ နိုင်ငံ ရပ်ခြား နေထိုင်ကြသော တနလာင်္ သား သမီးများ အမှု့အခင်းဖြစ်ပါလိမ့်မယ်၊ စကား၊ ခရီး ၊ သွားလာ၊ လှုပ်ရှားတို့ကြောင့် ၊ အဆင်မပြေမှုများ ဖြစ်ပေါ်နိုင်ပါတယ်။

ဤကဲ့သို့ လနှင့် သောကြာ ပူးခြင်းသည် မြန်မာနိုင်ငံတွင် ၅နှစ်လျှင်၊ တစ်ကြိမ်နှစ်ကြိမ် ဖြစ်လေ့ ဖြစ်ထရှိပါတယ် ၊ အလားတူ ဖြစ်ပေါ်မှု့မျိုးကို ၂၀၁၆ခုနှစ် ၊ မေလ ၆ရက်နေ့ ၊ နံနက် ၁၀နာရီ ၃၀ မိနစ်တွင် တစ်ကြိမ် ထပ်မံဖြစ်ပေါ် ပါမည်။

ဘလော့စာဖတ်သူများ ဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့က ဆုမွန် တောင်းအပ်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။