Monday, March 7, 2011

သစ္စာပန်းခြံထဲသို့တစ်ခေါက် (၂)

အဲဒါတွေကိုသိမှလဲ ကိုယ်ပန်းပင်လေးတွေဟာ ဘာကိုလိုအပ်တယ် ၊ ဘာကြောင့်ဒီ လိုဖြစ်တယ်ဆိုတာ သိမယ်လေကွာ ။ သစ္စာပန်းကို စိုက်တဲ့နေရာမှာ အများ အားဖြင့် သဲမြေ ၊ နုန်းစနယ်မြေ အဲလိုမြေနှစ်ခုမှာဘဲ စိုက်တာများတယ်ညီရဲ့ ၊ သဲမြေဆိုရင် မြေသြဇာမကြာခဏ ထည့်ပေးရတယ်ညီရဲ့ ၊ နုန်းစနယ်မြေဆိုရင်တော့ နဲနဲဘဲထည့်ရတယ်ညီ မထည့်လဲရတယ် ၊ နုန်းစနယ်မှာ စိုက်တဲ့ သစ္စာပန်းမိခင်ဥမကြီးမှာ Organic နဲ့  Inorganic ဒြပ်တွေ ပါဝင်နေတော့  အပင်ဟာ အလိုလိုရှင်သန်ကြီးထွားတယ်ညီ ၊ မြေသြဇာ အာနိသင်ကိုတော့ ဆောင်းရာ သီမှာပဲ တွေ့ရလေ့ရှိတယ်ညီ ။
ပန်းပင်လေးဖြစ်လာပြီဆိုရင်တော့ ဒီအတိုင်းထားလို့မဖြစ်သေးဘူးညီ ပန်းပင်ဟာ ခလေးလေးလိုဘဲ အမြဲတစေ ဂရုစိုက်နေရတယ် ၊ N (နိုက်ဒရိုဂျင်) ချို့တဲ့ရင် ပန်းပင်လေးတွေဟာ အပွင့်နဲလာမယ် ၊ ပန်းခိုင်နဲလာမယ် ၊ အရွက်တွေဟာ အစိမ်းရောင် ဖျော့လာနေမယ်ညီ ၊ K (ပိုတတ်ဆီယမ်) ချိ့လာ ပြီဆိုရင်တော့ အဖူးအပွင့်နည်းမယ် ၊ ပန်းခိုင်နည်းမယ် ၊ ပန်းပွင့်မှုနောက်ကျမယ် ၊ အရွက်အကြော တွေဝါနေမယ်။
 Ca (ကယ်လ်လစီယမ်) ချို့တဲ့ရင်တော့ ဒုတိယနဲ့ တတိယ ပန်းပွင့်တွေအောက်က ရိုးတံမှာ အက်ကွဲနေတတ်တယ်ကွ ၊ အဲသိပ်ချို့တဲမှုတွေ များလာပြီဆိုရင်တော့ ပွင့်ဖူးအက်တာမျိုး ပုတ်တာမျိုးတွေကို ထင်ထင်ရှားရှားတွေ့လာတတ်တယ် ၊ Fe (သံဓာတ်) ချို့တဲ့လာပြီဆိုရင်တော့ အရွတ်နု အကြောများကြားမှာ အ၀ါရောင်အကွတ်တွေ ဖြစ်နေတယ် ညီရ ၊ Mg (မဂ္ဂဆီယမ်) ချို့ တဲ့လာပြီ ဆိုရင်တော့ အရွက်ရင့် အကြောများကြားမှာ အ၀ါရောင် အကွတ်လေးတွေဖြစ်နေ တတ် ပြန်ရောကွ ၊ Bo (ဗိုရွန်) ချို့ရင်တော့ အရွက်အနားလေးတွေ ကွဲလာမယ် ၊ ပုံသဏ္ဍာန်မမှန်တဲ့ အ ရွက်တွေ ထွက်လာမယ် ၊ ပုတွန့်လိန်တဲ့ ပန်းတွေဖြစ်နေမယ် ၊ ဒါဆိုတော့ရင်တော့ ဗိုရွန်ချို့တဲ့နေပြီ ဆိုတာ ကြိန်းသေတယ်ညီ။
နောက်တခုက ပန်းတွေစိုက်ခင်မှာ ခပ်စိပ်စိပ် စိုက်ပျိုးမှိတာ ၊ အမြစ် တွေကို ထိခိုက်မှိတဲ့အခါ ရေ၀ပ်နေတဲ့ အခါတွေမှာတော့ ၊ အရွက်တွေဟာ အညိုရောင် ပြောင်းသွားတတ်တဲ့ညီရဲ့ ၊ ဒါကြောင့် သစ္စာပန်းစိုက်တဲ့လူဟာ မျိုးဥတွေကို မျိုးကောင်းမျိုးသန့်ကို ရွေး ချယ်ဝယ်ယူဘို့တော့ အရမ်းလိုအပ်တယ် ၊ ညီလဲပန်းချစ်တဲ့လူဆိုတော့ ဘုရားပန်းဝယ်တဲ့အခါ ပန်းပွင့်တွေကိုကြည့်ပြီး ဒါဘာတွေချို့တဲ့နေတယ်ဆိုတာ မှန်းဆပြီး အဲလိုအပြစ်အနာဆာ ကင်းတဲ့ ပန်း တွေကို ၀ယ်ယူမှ ရေရှည်ခံတယ်ညီ ၊ အပြစ်အနာဆာကင်းတဲ့ ပန်းတပွင့်ဆိုတာ အထက်ပါအကြောင်းရာတွေနဲ့ ကင်းလွတ်နေမှ အပြစ်နာဆာကင်းတဲ့ ပန်းတပွင့် ပန်းတခိုင် ပန်းတပင်ဖြစ်တယ် ညီ ။
နောက်တခုက သစ္စာပန်းတွေဟာ အခြားပန်းနဲ့မတူဘူး အခြားပန်းတွေဟာ အဟာရဖြည့်ဆည်း တဲ့အခါ မိမိကြိုက်သလို ဖြည့်ဆည်းလို့ရတယ် ၊ သစ္စာပန်းကြတော့ အဲလိုမရဘူးညီ စနစ်တကျ လေးကြိမ်ကြိမ်ကျွေးရတယ် ။ အပင်မပေါက်မှီ ၊ အရွက်လေးတွေ ၂-၃ရွက်ထွက်လာချိန်ရယ် ၊ အ ရွက်ကြားမှာ ပန်းခိုင်လေးတွေထွက် လာချိန်ရယ် ၊ ပန်းပွင့်ပြီး နှစ်ပါတ်အကြာမှာရယ် အဲသလိုသူ့ အချိန်နဲ့ သူလိုအပ်သလို ကျွေးသွားရတယ်။
 ပန်းပွင့်ချိန်မှ ကျွေးရတာကတော့ မျိုးဥကြီးထွားဖို့နဲ့ ဥသိမ်လေးတွေ ထွက်လာနိုင်အောင်လို့ပါပဲ ၊ မမှန်မကန် မြေသြဇာ ကျွေးမှိရင်တော့ ပန်းမပွင့်တော့ဘူးညီ ၊ အပင်လေးတွေ စိတ်ဆိုးကုန်တယ်ထင်တယ် ၊ မြေသြဇာကို စနစ်တကျကျွေးရင်တော့  အပင်တွေဟာ တအားသန်တယ် အပွင့်မှန်တယ် အဲလိုဖြစ်လာပြီဆိုရင် တိုင်လေးတွေကို အပင်ဘေးမှာ စိုက်ပေးရတယ် ၊ ဘာလို့ဆိုရင် အကို့ခြံက လေတိုက်တယ်ကွ။
 တချို့နေရာတွေကျတော့ လေကမတိုက်ဘူးလေ ၊ လေမတိုက်တဲ့ဒေသတွေမှာတော့ တိုင်စိုက်ဖို့ မလိုအပ်ဘူးသိလားညီ ၊ သစ္စာပန်းစိုက်ရတာဟာ ခလေးလေးကို မွေးရသလိုဘဲညီ အယုအယသိပ်ခံတဲ့ ပန်းညီရဲ့ ၊ တချို့က စိုက်တော့ စိုက်တယ် အပင်လောက်ဖြစ်ပြီး အဖူးမဖူးတာ ၊ ဖူးတော့ဖူးပါရဲ့ မပွင့်တာ အဲလိုတွေ ခြံသမားတွေ ခဏခဏကြုံလို့ မွဲသွားတဲ့ ပန်းတောင်သူတွေလဲ ရှိတယ်ညီရဲ့ ။
နောက်ပြီး ပန်းမပွင့်နိုင်တဲ့အကြောင်း ငါးချက်လောက်ရှိသေးတယ်ညီရဲ့၊ ခြောက်သွေ့ရင် ပန်းမပွင့် နိုင်ဘူးညီ ၊ နွေဦးရာသီမှာ စိုက်ရင်တော့ ခြောက်သွေ့မှုဖြစ်ပြီး အပင်ကြီးထွားမှု ရပ်သွားတန့် သွား တာညီ ၊ နွေဦးရာသီမှာ (ဆောင်းအကုန်) မှာ နေ့တာတိုတာရော ၊ အာဟာရ ချို့တဲ့လို့ရော အစို လုံလောက်စွာ မရတာရော အဲဒါတွေစုပေါင်းပြီး ၊ ခြောက်သွေ့မှုဖြစ်တာညီ ။
ခြောက်သွေ့မှုဖြစ်တာနဲ့ တန်းပြီးတော့ အာဟာရချို့တာဘဲ ၊ အာဟာရကြောင့် ခြောက်သွေ့မှုဖြစ် နိုင်သလို ၊ ခြောက်သွေ့မှုကြောင့်လဲအာဟာရ ပြတ်သွားတတ်တယ်ညီ ၊ မြေကြီးရဲ့ အစိုဓာတ်နဲ့ ပန်းမပွင့်တာကလဲ စပ်ဆက်နေတာဘဲညီရဲ့ မြေကြီးမှာ အစိုဓာတ်မရှိရင် ပန်းကမပွင့်နိုင်ပြန်ဘူး ၊ ဆောင်းရာသီမှာ အကြောင်းမဟုတ်ပေမဲ့ အခြားရာသီတွေမှာ ခြောက်တခါ စိုတလှည့်ဖြစ်နေရင် တော့ မြေအစိုဓာတ်ရရှိမှုကို အဟန့်အတားဖြစ်ပြီး ပန်းမပွင့်နိုင်ဘူးညီ။
 နောက်တခုက အဟာရချို့တဲ့ချိန်နဲ့ အပူချိန်မြင့်နေတဲ့ ကာလမျိုးတိုက်ဆိုင် နေပြန်ရင်လဲ ပန်းမပွင့်ပြန်ဘူးကွ ၊ အဲသလိုဖြစ်ရ တာလဲ အမြစ်မှာဒဏ်ရာရမှုက စတယ်ညီ ၊ အမြစ်မှာ ဒဏ်ရာရနေတော့ အတွင်းပိုင်းက အာဟာရ စားသုံးနိုင်သလောက် အပြင်ကအာဟာရ စုပ်ယူနိုင်မှု လျော့နည်းနေတာကြောင့် ပန်းမပွင့်နိုင်ဘူး ညီ ၊ နောက်တမျိုးက မျိုးဆက်နဲ့ဆိုင်တယ်ညီ ၊ အလင်းရောင်နဲ့ အပူချိန်က မျိုးကိုလိုက်ပြီး ခံနိုင် ရည် အနဲအများ ဖြစ်နေတာကွ ၊ ဒါကြောင့် မျိုးညံ့တာကိုစိုက်မှိရင် ပန်းမပွင့်နိုင်ဘူး ၊ မျိုးကောင်းရင် အပူဒဏ်ခံနိုင်တယ် ၊ အလင်းဒဏ်ခံနိုင်တယ် ၊ ပန်းတွေလဲအများကြီး ပွင့်နိုင်သပေါ့ကွာ ။
နောက်တခါ ပန်းပွင့်ရတဲ့ အကြောင်းတွေပြောပြအုံးမယ်ညီ ၊ ပန်းပွင့်တာဟာ နေ့တာရှည်တာ တိုတာနဲ့ စပ်ဆက်တယ်ညီ ၊ နေ့တာတိုခဲ့ရင် ပန်းတွေဟာ မပွင့်ပဲအငုံ အတိုင်းရှိနေရာက ပျက်ဆီး သွားတယ် ၊ ပန်းပွင့်ခိုင်လဲ နဲသွားတတ်တယ် ၊ ဒါကြောင့်ပုံမှန်အတိုင်း ပွင့်ဖို့နေ့တာရှည်ဘို့ လိုတယ် ညီ ၊ သစ္စာပန်းကို နေ့အလင်းရောင် (Day light) ၈နာရီပေးမယ်ဆိုရင် ၁၃ဒဿမ ၂ရာခိုင်နှုန်းသာ ပန်းပွင့်ပြီး ၈၉ဒဿမ ၈ရာခိုင်နှုန်းက ပျက်ဆီးသွားတယ်။
နေ့အလင်းရောင် ၁၀နာရီပေးမယ်ဆိုရင် ၅၀ရာခိုင်နှုန်းကပွင့်ပြီး ၅၂ဒဿမ ၉ရာခိုင်နှုန်းပျက်ဆီးတယ်ညီ ၊ နေ့အလင်းရောင် ၁၂နာရီပေး မယ်ဆိုရင်တော့ ၊ ၁၀၀ရာခိုင်နှုန်းပန်းပွင့်တာကို တွေ့ရတယ်ညီ ၊ မူမှန်တဲ့သစ္စာပန်းကို ရဖို့အတွက် နေ့အလင်းရောင်၁၂နာရီ ရဘို့လိုအပ်တယ် ၊ ၁၂နာရီအလင်းရောင် ရတိုင်းတော့ ပန်းကောင်းကိုမရပါဘူးညီ ၊ နေရောင်ခြည်အပြင်း အပျော့ပေါ်မူတည်သေးတယ် ၊ အလင်းအားသိနဲတယ်ဆိုရင် တော့ ပန်းပွင့်မှုက အားနဲသွားတတ်ပြန်ရောကွ ၊ အလင်းအားနဲရင် လူတွေက ပြုပြင်ဖန်တီးပေးရ တယ် ၊ အဲလိုပြုပြင်မယ်ဆိုရင် (40 Iwa) လိုအပ်တယ်ညီ ။
သစ္စာပန်းဟာ အမျိုးပေါင်း (၁၀၀၀၀)ကျော်ရှိတယ်လို့ မှတ်တမ်းတွေမှာဆိုတယ်ညီရဲ့ ၊ အကိုသိသ လောက်ပြောရရင် ဆောင်းစိုက်မျိုးထဲက white friendship T.1200. (white),friendship. Pink parade(pink). Traveler(rose),valeria,Intripid,red Majesty (scurlot or red),Jacksonville Good,Jester,T.590,Gold Field (yellow), Beverly Ann,T.704 (lavender), spic and span, Flamingo (salmon) and peter pears (Orange) ဒါတွေကတော့ ဆောင်းတွင်းမှာသာ စိုက်ပျိုး ရတဲ့မျိုးတွေဘဲညီ ဒါကအကို သိသလောက်ပြောတာကွ ၊ အဲဒီပန်းမျိုးတွေအားလုံးဟာ အဖူးမပွင့် ခင် ခူးနိုင်တယ်ညီ ၊ ရောင်းချချိန်မှာပွင့်တယ် ၊ နေ့တာအတိုအရှည်နဲ့ အပူ့ချိန်တုန့်ပြန်မှု အခြား မျိုး တွေထက် နည်းတယ် ၊ ရာသီဥတု လွှမ်းမိုးမှုကိုလဲ မခံရဘူးညီရဲ့ ၊ ပန်းတခိုင်မှာ ၁၆ပွင့်ထိ ပွင့်နိုင် တယ်ညီ ။
မြောက်ပိုင်းဒေသ တွေမှာတော့ Impala,Kings, Ranson(Red),spring song, Tryelove(pink), White prosperity, Moming bride (white), lemon lime,Goldm scepter,Goldem Harvest (yellow), အဲလိုပန်းမျိုးတွေ စိုက်ကြတယ်ညီရဲ့ ၊ အခုပြောတဲ့ အခေါ်အဝေါ်တွေကို ဥယျာဉ်စိုက်တဲ့ လူတွေမသိဘူးညီရဲ့ ၊ လူတော်တော်များများက လူများလုပ်လို့ လိုက်လုပ်တာဘဲရှိတာလေညီရယ် တကယ့်ကိုယ် ၀ါသနာအရင်းခံနဲ့ လုပ်တဲ့သူဆိုတာ ရှားတယ် ၊ ဒီဒေသတွေမှာတော့ ဥယျာဉ်သမား တွေကို ပန်းမျိုးတွေကို နှစ်မျိုးခွဲလိုက်ကြတယ်ကွ ၊ ဒီမှာအခေါ်ကတော့ နုတ်ခမ်းတွန့်တဲ့ ပန်းမျိုး ကိုတော့(အနားတွန့်) မျိုးတဲ့ ၊ နုတ်ခမ်းမတွန့်တဲ့ပန်းမျိုးကိုတော့ (အနားမတွန့်)တဲ့ညီ။
နုတ်ခမ်းတွန့်မျိုးမှာ သလဲနီ၊ အဖြူ ၊ ၀ါတာပြာ ၊ ရွှေကြားဝါ ၊ ပန်းဆီ ၊ အစိမ်း ၊ စတော်ဘယ်ရီ ၊ အဲဒီ ပန်းတွေပါဝင်တယ်ညီ ၊ နုတ်ခမ်းမတွန့်မျိုး  ကြပြန်တော့  အပြာ ၊ ပြည်ဝါ ၊ ခရမ်း ၊ ပတ္တမြား ၊ ဆိုပြီး အရောင်တွေ ထပ်ခွဲလိုက်တယ် ၊ ဒီနေရာမှာထူးခြားတာ တခုကတော့ ပတ္တမြားနီဆိုတဲ့ ပန်းမျိုးကို မြန်မာတနိုင်ငံလုံးမှာ ပြည်မြို့တခုဘဲ ရောင်းတန်းဝင်တဲ့အထိ စိုက်ပျိုးလို့ရတယ်ညီ ၊ ပြင်ဦးလွင်မှာ တောင် ဒီပတ္တမြားနီ ပန်းမျိုးကို စိုက်ပျိုးလို့မအောင်မြင်ဘူး ၊ ဒါကြောင့် ဒီကပတ္တမြားနီတွေကို အဲဒီ ကိုပို့ပြီး ဖြန့်ဖြူးပေးနေရတယ် ၊ ဈေးလဲအကောင်းဆုံးဘဲ ညီရ ။
သစ္စာပန်းရဲ့အားနည်းချက်ဟာ ရနံ့မရှိတာဘဲညီ နောက်တခုက ဘယ်ပန်းတွေမှာမှမရှိတဲ့ အဖိုအင်္ဂါ အမအင်္ဂါဟာ သစ္စာပန်းမှာရှိနေတယ်ညီ ၊ ဒါကြောင့် မျိုးစပ်လို့သိပ်ကောင်းတယ် ၊ နိုင်ငံခြားတွေမှာ ရုက္ခဗေဒပညာရပ်ကို လက်တွေ့မျိုးစပ်ဖို့သင်ကြားပြီဆိုရင် သစ္စာပန်းနဲ့သာ လက်တွေ့သင်ကြားကြ တယ်ညီရဲ့ ။
 အနံကင်းနေတာကိုတော့ ယနေ့တိုင် ဘယ်ပညာရှင်ကမှ အနံရှိတဲ့သစ္စာပန်း မျိုးဆက် ကိုမဖန်တီးနိုင်သေးဘူး ၊ သုတေသန စာတမ်းတခုမှာတော့ အမေရိက တောင်ပိုင်းမှာ အလေ့ကျ ပေါက်နေတဲ့ သစ္စာပန်းရိုင်းတွေမှာ ရနံ့ရှိနေတယ်လို့ ဆိုတယ်ကွ ၊ အဲသည်ပန်းရိုင်းတွေနဲ့ မျိုးစပ် ကြမယ်ဆိုရင်တော့ တနေ့မှာ ရနံ့သင်းတဲ့ သစ္စာပန်းကိုရလိမ့်မယ်လို့ အကိုကတော့ မျှော်လင့်နေမှိ တာဘဲကွာ ။
သစ္စာပန်းကို မျိုးစပြီး စပ်ခဲ့တဲ့လူက Manchesterတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး W.Herbet ကွ သူက သစ္စာပန်းမျိုးဆက်သစ်ကို ပထမဦးဆုံး စစပ်ခဲ့တာပေါ့ ၊ သစ္စာပန်းရဲ့ မူရင်းမျိုးဟာ အ၀ါ ရောင်ညီရ “Natalensis (Primulinus)”လို့ခေါ်တယ် ၊ အဲဒီကနေစပြီး အပွင့်ကြီးမျိုးကို မျိုးစပ်ရာက နေ ၊ တဖြေးဖြေး အရောင်သွေးစုံလင်တဲ့ ပန်းမျိုးတွေရလာတာပဲ ၊ အဲဒီမျိုးကနေ ရလာတဲ့ မျိုးဆက် တချို့နဲ့ပဲ “Prins” အပွင့်သေးမျိုးကို ထပ်ပြီးစမ်းသပ်အောင်မြင်ခဲ့တာဘဲ ။
သစ္စာပန်းမျိုး အကြောင်းပြောရင် အများကြီးဟ ၊ ဟော်လန်အပွင့်ကြီး အမျိုးအကြောင်းကို ပြောပြမယ်ညီ ၊ ကိုယ်တို့နိုင်ငံမှာ အများစု စိုက်ပျိုးရောင်းချနေတာက အဲဒီဟော်လန်အပွင့် ကြီး မျိုးဘဲညီရဲ့ ၊ ဒီပန်းမျိုးကို မြန်မာပြည်မှာ စိုက်တယ် ၊ မြန်မာပြည်မှာဘဲ မျိုးပွားတယ် အကိုတောင် လေးခါရှိပြီ မျိုးပွားလိုက်တာ ၊ ဒီပန်းမျိုးကို ၁၉၅၉-၁၉၇၀ တ၀ိုက်မှာ  ပြည်ဦးလွင်တောင်ဖက်မှာ နေတဲ့ ဦးဘသွယ်က ဟော်လန်နိုင်ငံက( Polyploid ) ကို တိုက်ရိုက်မှာယူ စတင်စိုက်ပျိုးရာကနေ ဟော်လန် သစ္စာပန်းလို့ မြန်မာမှုပြုလိုက်တာညီရဲ့ ၊ အနားတွန့် အပွင့်ကြီးတဲ့ ပန်းမျိုးတွေဆိုရင် ဟော်လန်သစ္စာလို့ သိမ်းကျုံးခေါ်ကြတော့တာဘဲ ။
ရိုးရိုးမြန်မာ အပွင့်သေးမျိုး (အမ)နဲ့ ဟော်လန်အပွင့်ကြီး (အဖို)မျိုးစပ်ရင် မျိုးအောင်တယ်ညီ ၊ မျိုး စေ့ရတယ် အပင်ပေါက်ဖို့မသေချာဘူး ၊ အပွင့်ကြီး ဟော်လန်(အမ)နဲ့ အပွင့်သေးမျိုး(အဖို)မျိုးစပ် ရင်တော့ မျိုးအောင်တယ် ၊ မျိုးစေ့ရတယ် အပင်ပေါက်တာသေချာတယ် ၊ ဟော်လန်အချင်းချင်းစပ် ရင်တော့ မျိုးမအောင်ဘူးညီ ၊ အဲလိုမျိုးစပ်ရင်းကနေ ကိုတို့ခြံထဲမှာ ကြောင်ကြောင်ကြားကြား ချစ် စဘွယ် သစ္စာပန်းလေးတွေ ရလာတာဘဲ ၊ မျိုးစပ်တာက ညီရယ် အရောင်လှဖို့နဲ့ ပင်စည်ကြီးလာ အောင် ၊ ပန်းခိုင်များအောင် ၊ ရောဂါဒဏ် ခံနိုင်အောင် ဒါတွေအတွက် စပ်တာပါ ၊ သူများစပ်ပြီးသား စိုက်လဲရတယ် ၊ အကိုက လူပျိုကြီးဆိုတော့ မျိုးစပ်သိပ်ဝါသနာပါတယ် ဟားဟားဟား ။
ပန်းစိုက်ရင် ရောဂါအကြောင်းကလဲ သိထားမှညီ ၊ အကိုစိုက်စတုန်းက ခဏခဏ ရှုံးတယ် ပန်းခုတ် ဘို့ ရက်နီးမှ ပန်းဖျက်ပိုးကျတာခံရလို့ ၊ သစ္စာပန်းက အရောင်အသွေးတင် စုံတာမဟုတ်ဘူးညီ ရောဂါလဲ တော်တော်စုံတဲ့ ပန်းဟ ၊ အပင်အခြေနေ အရွတ်အနေထား တွေကြည့်ပြီး ဘာပိုးတွေ ဖြစ်နေတယ် ၊ ဘာနဲ့ကာကွယ်ရမယ်ဆိုတာ သိရတယ် ၊ တချို့က အတွေ့အကြုံမရှိတော့ ကျနေတဲ့ ရောဂါကတခု ထည့်လိုက်တဲ့ဆေးက တမျိုးဆိုတော့ ငွေကုန်လူပန်းပြီး အချည်းအနှီး ဖြစ်ကုန်တယ် ညီ ။
ကြီးထွားနေတဲ့ အရွက်တွေ ၊ အပွင့်တွေကို တွေမှာ ပျားတွေစုပ် စားပိုးတွေကျလာရင် ယေဘုယျအား ဖြင့် Aphid လို့သက်မှတ်ထားရတယ် ၊ ဒီကောင်က ဗိုင်းရပ်တွေလဲ သယ်လာတယ် ၊ အပွင့်တွေ အရွတ်တွေမှာ ပင့်ကူအိပ်လေးတွေလို လာဖွဲ့တယ် ၊ ပန်းမစိုက်ပျိုးခင်ကတည်းက စိုက်မဲ့မြောင်း တွေထဲကို Malathion, Dimethoate,Entosulphan (ဒါမှမဟုတ်) Albicarb granyles တွေနဲ့ မစိုက်ခင် ကြိုတင်ထည့်ပေးပြီးကာကွယ်လို့ရတယ်ညီ။
Trips လို့ခေါ်တဲ့ ပိုးတမျိုးကျ ရင်တော့ ပန်းလေးတွေမှာ အနာစက်ခလေးတွေ ဖြစ်လာတယ်ညီ ၊ အဲဒါဆိုရင် Diazinon,Monocrotphos,Acerhate ဆေးတွေနဲ့ ပေါင်းမြက်ရှင်းချိန်မှာ ကာကွယ်နိုင် တယ်ကွ။
အပင်စပေါက်တဲ့ အချိန်က အရွက်နှစ်ရွက် ထွက်ချိန်ထိရယ် ၊ ပန်းခိုင်အဖူး စထွက်ချိန်ထိရယ်၊ ပန်းခိုင်က အောက်ဆုံးပန်းပွင့်စပြီး ထွက်ချိန်ရယ် အရွတ်နဲ့ အပွင့်ကိုကိုက်ဖြတ် စားသောက်တတ် တဲ့၊ “ဖြတ်ပိုး” အန္တရာယ်ကို သတိထားရတယ်ညီ၊ Bacillus churingiensis. Monocrotophos. Trichorotor ဆေးမှုန့်ဖြန်းပြီးကာကွယ် နိုင်တယ်ညီရဲ့။
Metes ပိုးကတော့ မျိုးစိတ်နှစ်စိတ်လောက်သာ ဖျက်ဆီးတော့ စီးပွားရေးကို မထိခိုက်ဘူးညီ၊ Nem atodes ပိုးတွေကတော့ Root Knot nematode သာဖျက်ဆီးတတ်တယ် ၊ ဥတွေကိုရေနွေးစိမ်တာ တို့ ၊ မြေငွေ့မှိုင်းတိုက်တာတို့၊ မြေငွေ့မှိုင်းတိုက်ခြင်းနဲ့ ကာကွယ်နိုင်တယ်ညီ။
အခုပြောတာက အပင်မှာ ကျတတ်တဲ့ပိုးကိုသာ ပြောပြခဲ့တာညီ အပွင့်နဲ့အဖူးကို သီးသန့်ဖျက်ဆီး ကျရောက်တတ်တဲ့ ပိုးတွေရှိသေးတယ်ညီရ၊ Botrytis Blight (sotrytis gladiolorun) ရောဂါဟာ အပွင့်နဲ့ အရွတ်ကိုဖျက်ဆီးတယ်ညီ၊ အေးပြီးစွတ်စိုတဲ့ ရာသီဥတုမှာ ရောဂါပြန့်ပွားချိန်မို့ သတိထား ကာကွယ်ရတယ်၊ ဒီရောဂါကျလာပြီဆိုရင် အရွက်မျက်နှာပြင်တဖက်မှ အညိုရောင် ဒါမှမဟုတ် မီးခိုး ရောင် အစက်အပြောက်တွေပေါ်လာတယ်၊ ရောဂါသိပ်ဆိုးဝါးလာပြီဆိုရင်တော့ အရွတ်ရဲ့မျက်နှာပြင်နှစ်ခုလုံးမှာ တွေ့ရတတ်တယ်ညီ၊ ရေစိုနာကွက်ကြီး တွေဟာလဲ ပွင့်ဖက်(Petals) ပေါ်မှာတွေ့ ရတယ်ညီ၊ အဲဒီရေစိုနာ ကွတ်ကြီးတွေဟာ မီခိုးရောင်အမျှင်တွေ အဖြစ်ပြောင်းသွားတယ်၊ အဲဒီရောဂါကို Maneb(Which Zinc)နဲ့ Benomyl ဆေးတွေပက်ဖြန်းပေးရတယ်။
ပူနွေးစိုစွတ်စိုတဲ့ ရာသီမှာတော့ Curvularia Blight ရောဂါပိုးကျရောက် တတ်တယ် ၊ ဒီပိုးဟာ အရွတ်တွေကနေ တဆင့် ပန်းတွေကို ကူးစက်သွားတယ်၊ ဥသိမ်လေးတွေ မြေပေါ်ထွက်စ အခြောင့်လေးတွေကို ဖျက်ဆီးပြစ်တယ်၊ Moneb and Chlorothalonil တွေနဲ့သုံးပြီး နှိမ်နှင်းရင် ထိရောက်တယ်ညီ။
Bacterial leaf and neck rots, Pseudomonas marginata and Xanthomonas gummisudans လို့ခေါ်တဲ့ရောဂါကတော့ ပူနွေးတဲ့ မိုးရာသီတွေမှာ ဖြစ်တတ်တယ်ညီရဲ့၊ ထိထိ ရောက်ရောက် ကာကွယ်နည်းမရှိသေးဘူး၊ ဒါပေမဲ့ ပေါင်းမြက်တွေကို နိုင်အောင်ရှင်းပေးရင်တော့ ဒီရောဂါဟာ အဖြစ်နည်းပါတယ်ညီ။
အေးပြီးစိုစွတ်တဲ့ ရာသီမှာတော့ Stromatinda dry rot ရောဂါကျရောက်တတ်တယ်၊ ရောဂါဖြစ် လာပြီဆိုရင် ဥအပေါ်ပိုင်းမှာ အညိုရောင် အသားလျှာ (Lissue)တွေဖြစ်နေပြီး စူးရှတဲ့မှိုနံ့လည်း ထွက်နေတတ်တယ်ညီ၊ အရွက်အောက်ခြေကြားမှာ အနက်ရောင် Sclerotia တွေကိုမြင်ရတယ်ညီ ရဲ့၊ ပန်းဥကြီးရယ်၊ ဥသိမ်တွေရယ်ကို ရေနွေးပူစိပ်ခြင်း၊ မြေမှိုင်းတိုက်ခြင်း၊ စိုက်ခင်းထဲမှာ Dicjloran ဆေးထည့်ပြီး မွှေပေးခြင်းတွေနဲ့ ကာကွယ်နိုင်တယ်ကွ၊ ဘယ်လိုပဲဖြစ်ဖြစ် ရောဂါဖြစ်ဖူး တဲ့ မြေမှာ ပန်းထပ်မစိုက်တာ အကောင်းဆုံးဘဲညီ။
နောက်တခု ညီလေးကိုပြောပြအုံးမယ် မင်း AIDS ရောဂါကိုသိလား သိပါတယ်ဗျ အေးလူမှ ဒီရော ဂါရှိတာမဟုတ်ဘူးကွ ပန်းမှာလဲ အဲဒီရောဂါရှိတယ်၊ ယနေ့တိုင်လဲ ဖြေဆေးမဖော်နိုင်သေးဘူး၊ အဲဒီရောဂါဖြစ်ပြီ ဆိုရင် ပန်းတခြံလုံးကို မီးရှို့ပြစ်ရတော့တာဟေ့၊ Fusarium Corm rot လို့ခေါ် တယ်အဲဒီရောဂါ ဟာ တကမ္ဘာလုံးကို ပြန့်နှံ့နေပြီ အဲဒီရောဂါဒဏ်ကို ခံနိုင်တဲ့ မျိုးဥလဲ ခုချိန်ထိ မရှိသေးဘူး၊ ကုသတဲ့ဆေးဝါးလဲမဖော်နိုင်သေးပြန်ဘူး။
လူတွေဟိုရောဂါ ဘယ်ကစဖြစ်လဲသိလား သိတာပေါ့အကိုရဲ့ လိင်ကိစ္စကနေ စဖြစ်တာမလား၊ အေးဟုတ်တယ် ပန်းတွေမှာလဲ ဒီရောဂါဟာ ပန်းမျိုးစပ်ရာကနေ ကူးဆက်သွားတာဘဲ၊ အဲဒီရောဂါ ဖြစ်လာပြီဆိုရင် လက္ခဏာမပြဘူးညီ၊ မြုံနေ တတ်တယ်၊ ဒီရောဂါကြောင့် သိုလှောင်ထားတဲ့ ပန်းဥတွေပုတ်တယ်၊ ပုံသဏ္ဍာန်ပျက်တယ်၊ ပြီးတော့ ပန်းမထွက်နိုင်ဘူး၊ ပန်းပွင့်ပုံသဏ္ဍာန်လဲ ပျက်ဆီးသွားတယ် ၊ ဥတွေကို ရေနွေးစိပ်မယ်၊ မှိုသက်ဆေးနဲ့ စိမ်ပြီးမှ စိုက်ပျိုးမယ်၊ မြေငွေ့မှိုင်းတိုက်မယ် အဲလိုတွေကြိုတင်လုပ်ထားမယ်ဆိုရင် တော့မကျတော့ပါဘူး ၊ အေးအဲလိုလုပ်လို့မှ ဒီရောဂါဖြစ်လာရင်တော့ ခြံကိုပါ မီးတိုက်ပလိုက်ရတယ် ဒါမှနောက်နှစ်တွေအတွက် စိတ်ချရတယ်ညီရေ့။
 နောက်တမျိုးကတော့ သစ္စာပန်းဥတွေကို ပုပ်စေတတ်တဲ့  ရောဂါမှိုတမျိုးရှိသေးတယ်ညီ Cuoryularia, Stromontina နဲ့ Botryfis (soft rot) လို့ခေါ်တယ်ညီ ရောဂါတွေဘဲညီ မှိုသတ် ဆေးတွေနဲ့ ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးဘဲညီ အခြားမှိုတွေ ဘတ်တီးရီးယားတွေက တော့ စီးပွားရေးထိခိုက်လောက်အောင် အထိတော့ အနှောင့်ယှက်မပေးတတ်လို့ တော်စားသာ တာညီ သစ္စာပန်းပေါ်တွေကို Cucumber,Mosaic,Temato mosaic Virus တွေကျရောက်နိုင် သေးတယ်ညီရဲ့။
အဲသည်ဗိုင်းရပ်တွေ ကျရောက်လာပြီဆိုရင် ပန်းခိုင်အဖုံး (Spathe)ရယ် ၊ အ ရွတ်တွေမှာရယ် သေနာကွတ် (Chdorsis) တွေပေါ်လာတယ် ၊ ပန်းပွင့်တွေမှာ အစက် အပျောက်တွေ ဖြစ်လာတယ် ၊ ပန်းခိုင်တွေ တွန့်လိန်လာတယ် အပင်ပုလာတယ် ၊ ရောဂါကင်းတဲ့ မျိုးဥတွေ ရွေးချယ်စိုက်ပျိုးခြင်း၊ ရောဂါကျနေတဲ့ အပင်အပင်ကို နုတ်ပြီး မီးရှို့ပြစ်ခြင်း စတာတွေနဲ့ ဗိုင်းရပ်တွေရန်က ကာကွယ်နိုင်တယ်ညီ အင်္ဂလိပ်စာ အခေါ်အဝေါ် အင်္ဂလိပ်စာ အသုံးနှုန်းတွေ ကြောင့် ငါ့ညီမှတ်ရတာရှုတ်ကုန်ပြီလား မသိဘူး။
 ရှုပ်ကုန်တယ်ဆိုရင် ဒီကဥယျာဉ်သမားတွေ မှတ်သလို သာမှတ်သွားကွာ ပင်ရင်းပုတ်တဲ့ရောဂါ ၊ အရွက်ရောဂါ ၊ အပွင့်တွင်ကျသော ရောဂါ ၊ ဥတွင်ကျသော ရောဂါ ၊ အမြစ်တွင်ကျသော ရောဂါတဲ့ ၊ ပန်းမှာ ရောဂါဘယ်လောက်ပေါပေါ ဒီငါး မျိုးက ကျော်ပြီး မဖြစ်ဘူးညီ ဒါကြောင့် အကိုတို့ ပန်းစိုက်သမားတွေဟာ ပန်းတပွင့် ပန်းတခိုင်ရဘို့ အလွန် ခက်ခက်ခဲခဲနဲ့ စိုက်ပျိုးရတာညီ ။
ပန်းပင်တပင်ဖြစ်ဘို့ အဲလောက်ကြိုးစားထားရပေမဲ့ ပန်းပွင့်တော့ တခင်းလုံးပွင့်တာမဟုတ် ဘူး ညီရဲ့ ဟိုတခိုင် ဒီတခိုင်ပွင့်တာမျိုး ညီရဲ့ ပိုးမွေးသလို မွေးလာပြီး ပွင့်ခါနီးမှ သဘာဝအန္တရာယ် ၊ ရာသီဥတု အန္တရာယ် ၊ ရောဂါမျိုးမွှား အန္တရာယ်တွေကြောင့်လဲ ဆင်ပြောင်ကြီး အမြီးကျမှ တစ် သွားတဲ့ ဥယျာဉ်သမားတွေလဲ ဒုနဲ့ဒေးညီ ၊ အမြဲစမ်းသပ် ၊ အမြဲလေ့လာ ၊ အမြဲသုသေတနပြု ၊ အ မြဲ သိပ္ပံနည်းကျ နည်းစနစ်တွေနဲ့ ကာကွယ်တားဆီးနှိမ်နင်းနေမှ ၊ အောင်မြင်တဲ့ ပန်းခြံတခြံ အဖြစ် အောင်မြင်တဲ့ ပန်းခင်းတွေအဖြစ် ရောက်တယ်ညီ ။
ပန်းအကြောင်းတွေတော့ သိပြီ အောင်မြင်တဲ့ ပန်းတွေကို ဈေးကွက်ကိုဘယ်လိုပို့လဲ အကို။ အော် အေး ဒီလိုကွ အကိုတို့ပြည်မြို့မှ သစ္စာပန်းကောက်တဲ့ ဒိုင်လေးခုရှိတယ် ဒိုင်ကိုရောက်လာတဲ့ ပန်းတွေကို ၅ခိုင် တစည်း စည်းပြီး ည(၁၀)နာရီရထားနဲ့ ရန်ကုန်ဒိုင်ကိုပို့တယ်ညီရဲ့ ၊ တချို့က တော့ ပြည်ဒိုင်ကနေ နိုင်သလောက်တဆင့်ဝယ်ပြီး ရန်ကုန်ဒိုင်တွေကိုပြန်သွင်းတယ် ၊ အကိုက တော့ အကို့ကားနဲ့ ရန်ကုန်က အကို့ပန်းဆိုင်ကို တိုက်ရိုက်ပို့တယ်ညီ။
 ပြည်ကနေ ရန်ကုန်ထိ သြဂုတ်လကနေ မတ်လထိ တင်ပို့တယ် ၊ မိုးရော ဆောင်းရောပေါ့ကွာ ၊ ၀ါခေါင် တော်သလင်း သီတင်းကျွတ် တန်ဆောင်မုန်း နတ္တော်ဆိုတာ သစ္စာပန်းအလှိုင်ဆုံး ကာလတွေပေါ့ ဈေးလဲအရဆုံး ကာလတွေပေါ့၊ ရန်ကုန်ကို ရောက်ပြီဆိုရင် အကောင်းဆုံးပန်းတွေကို စကာင်္ပူကို လေယာဉ်နဲ့ပို့တယ်ညီ။
 ကျန်တဲ့ပန်းတွေကို ကြိုတင်မှာထားတဲ့ ဟိုတယ်ကြီးတွေနဲ့ မင်္ဂလာဆောင် အလှူ နာရေး စတဲ့နေရာတွေမှာ သုံးတယ် ၊ ဟိုတယ်ကြီးတွေက မင်္ဂလာဆောင်တွေ မိတ်ဆက်အခမ်းနား တွေအတွက် တခါမှာရင် ပန်း၁သောင်းခွဲလောက်ပို့ရတဲ့ အခါတွေရှိတယ်ညီရဲ့ ၊ ကဲညီ မိုးချုပ်ပြီ ညစာစားပြီး အိပ်ကြစို့ ၊ မင်းတို့နက်ဖြန်ပြန်မယ်မလား အကိုမင်းတို့ သုံးယောက်ကို ရန်ကုန်ထိ ပို့ပေးပါမယ်ဗျား ၊ ဟားဟားဟား….။

(ဘလော့စာရှုသူများခင်မျာ ကျွန်တော်တို့ ညီကိုသုံးယောက် သွားရောက်လည်ပတ်ခဲ့တဲ့ ကိုကြီး ထွန်းစောရဲ့  ပြည်မြို့အနီးက ပွင့်လှသိမ်ကုန်းကျေးရွာ ပန်းခြံလေးကိုဖြင့် ကြုံကြိုက်ရင် ၀င်ပြီး စပ် စုကြည့်ကြပါအုံးလို့ ပန်းခြံရဲ့ အရှင်သခင် ဒေါက်တာထွန်းစောရဲ့ ကိုယ်စား ငွေလမင်းတို့က တိုက် တွန်းလိုက်ပါတယ် ၊ စာရှုသူများ ပန်းဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့မှ ဆု မွန်ကောင်း တောင်းလိုက်ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။)