Wednesday, August 24, 2011

ကျန်းမာရေး အတွေ့အကြုံ

၂၀၁၁ ခုနစ် ရောက်ကတည်းက ကျန်းမာရေးက စပြီး မကောင်းဖြစ်လာပါတယ် ဇန်န၀ါရီလ လောက်မှာ ၅ ရက်လောက် ဗိုက်နာခဲ့ပါတယ် ဆေးခန်းတော့ မသွားဖြစ်ဘူး ရှိတဲ့ဆေးလေးတွေဘဲ သောက်ခဲ့ပါတယ် ရုံးကိုတော့ ခွင့်ယူပြီး နားလိုက်တယ် နောက်သက်သာသွားတော့ မေ့မေ့ပျောက်ပျောက်ဘဲ ဆေးလည်း ဆက်မသောက်ဖြစ်ဘူး ဆေးသောက်ရတာ မေ့တာရော မသောက်ချင်တာရောနဲ့ မသောက်ဖြစ်ခဲ့ဘူး  ဒီလိုနဲ့ ဧပြီလ လကုန်ခါနီးလောက်က ဈေးသွားဝယ်နေတုန်း ဗိုက်နာလာတာ အိမ်ကိုမနည်းကြိုးစားပြီး ပြန်ခဲ့ရပါတယ်။

ဒီတခါလည်း အရင်လိုဘဲ ပျောက်မယ်ထင်လို့ ခွင့်ယူပြီးနားလိုက်တယ် ဒါပေမဲ့ တပတ်လောက်ထိ ဗိုက်နာမပျောက်ဘူး ဘယ်ဘက်ခြမ်းက ပိုရောင်လာတယ် ဒါနဲ့ အိမ်နားက ဆေးခန်းကိုသွားပြတယ် ဆေးပေးတယ် ဆေးသောက်ပြီး နောက်ည အဖျားတက်တယ် နောက်တနေ့ ဆေးခန်းကို မနက်အစောကြီး သွားတယ် သောက်ဆေးဘဲ ပေးတယ် အဖျားက ၁၀၃ ရှိနေတာကို ဆေးမထိုးပေးဘူး တနေကုန်တော့ သက်သာတယ် ညဆိုရင် ကိုယ်တွေ တအားပူပြီး ဖျားလာပြန်တယ် နောက်နေ့မနက်ထပ်သွားပြီး ဆရာဝန်ကို ဆေးထိုးပေးပါပြောမှ ဆေးတစ်လုံးထိုးပေးလိုက်ပါတယ်။

 ဆေးကတော့ တော်တော်များတယ် ဗိုက်နာတာအတွက်ဆေး၊ ဖျားတာတွေအတွက်ဆေး အဲဒီဆေးတွေ အကုန်သောက်ပြီးတော့ ဘာမှမစားဘူး အန်ပါတယ် ဒါနဲ့ ဆေးခန်းထပ်သွားတယ် ဆေးတွေကြောင့် အချဉ်ပေါက်တာတဲ့ တစ်ခုပြီးတစ်ခု ဆက်တိုက်ကို ဖြစ်တာ ရေတောင်သောက်လို့မရဘူး ရေသောက်ပြီးလည်း လည်ပင်းထဲရောက်ပြီး ချက်ချင်းပြန်အန်တယ် သောက်ထားတဲ့ရေထက် အန်တာက ပိုတောင်များသေးတယ် နေမကောင်းတာ ရက်ရှည်သွားတော့ ခေါင်းတအားကိုက်လာတယ် အ၀တ်စီးပြီး လက်နဲ့ဖိထားရတယ် ဘာလုပ်ရမှန်းမသိတာနဲ့ ည-၁၁ နာရီတော့ ကျော်ပြီ ကိုကိုငွေလည်း အလည်လာနေတာနဲ့ သူ့ကို ဖုံးဆက်ခေါ်ပြီး ခေါင်းကိုက်လို့ နှိပ်တဲ့နေရာ လိုက်ပို့ခိုင်းရတယ် ။

ကိုကိုငွေရောက်လာတော့ ဘာမှမစားရသေးဘူးဆိုတော့ ဆန်ပြုတ်လုပ်ပေးမယ် ပြန်လာရင်သောက်ဆိုပြီး ဆန်ပြုတ်အိုးကို မီးဖိုပေါ်တင်ခဲ့တယ် ဒါနဲ့ အိမ်နား အနှိပ်ခန်းတွေက ပိတ်နေပြီဆိုတော့ ကားငှါးပြီး ဖွင့်တဲ့ဆိုင်ကို လိုက်ရှာရပါတယ။် တွေ့တော့ ခေါင်းကိုဘဲ နှိပ်ချင်ပါတယ် ပြောပြီး တိုကင်နံပါတ်ယူရပါတယ် ခေါင်းကိုက်တာ မနေနိုင်လို့ လာပါတယ်ဆိုမှ ချက်ချင်းမလုပ်ပေးဘူး ထိုင်စောင့်ရတယ် အဲဒီရောက်ပြီးတော့မှ ကိုကိုငွေက သတိရတယ် မီးဖိုပေါ်မှာ ဆန်ပြုတ်အိုးက အခုချိန်ဆို ရေခန်းလောက်ပြီးဆိုတော့ သူ့က မဒမ်ငွေအိမ်ကိုတခေါက်ပြန် ဆန်ပြုတ်အိုးကို မီးသွားပိတ်ရပါတယ် ည ၁၂ နာရီဆိုတော့ သူများကို မီးပိတ်ခိုင်းရမှာ အားနာလို့ ကိုကိုငွေ ကိုယ်တိုင်သွားပြီးမီးပိတ်ပေးပါတယ် အခုတော့ အမှတ်တရတွေပေါ့။

ပိုက်ဆံကုန်သွားတော့ ခေါင်းကိုက်တာ ပျောက်သွားတယ် အဲဒီညက ကောင်းကောင်းအိပ်ပျော်ပါတယ် ဒါပေမဲ့ မနက်လင်းတော့ ပြန်ကိုက်လာတယ် စိတ်ထဲကလည်း နှိပ်ရင် သက်သာတယ် ဆိုတော့ ထပ်နှိပ်ချင်တာ အဲဒါနဲ့ မနက်ဆိုတော့ အိမ်နားက ဆိုင်မှာဘဲ နှိပ်လိုက်တယ် နှိပ်ပြီးသက်သာသွားတော့ ကိုကိုငွေနဲ့အတူ ကမ်းခြေဘက်ကို လမ်းသွားလျောက်လိုက်တာ နလန်ထကို လေစိမ်းတိုက်တော့ ပြန်လာတော့ ပြန်ဖျားတယ် ခေါင်းပြန်ကိုက်တယ် ညနေကို ဆေးခန်းကို မသွားဘဲ အနှိပ်ခန်းဘဲ ထပ်သွားတော့ ဆိုင်က လူတွေကတောင် ခေါင်းကို ဓါတ်မှန်ရိုက်ပါလားတဲ့ ဒီလောက်ကိုက်နေရင် ရောဂါတခုခုထင်တယ်လို့ ပြောပါတယ် ၃ခါလောက်အနှိပ်ခံပြီးတော့ ခေါင်းမကိုက်တော့ဘူး။

နေမကောင်းဖြစ်တာ အဲလိုနဲ့ ၂ပတ်လောက်ကို ရောဂါအစုံဖြစ်နေတော့တာ  ၂ပတ်ပြည့်တဲ့ည ကျတော့ ဗိုက်က မနေနိုင်လောက်ကို နာပြီး ပေါက်ထွက်မတတ် ရောင်လာပါတယ် ညကို ဆေးခန်းထပ်သွားတော့ ဆရာဝန်က နေမကောင်းတာ ရက်ရှည်နေပြီဆိုတော့ ကြာလာရင် ကျောက်ကပ်ပျက်စီးလိမ့်မယ် မနက်ဖြန်နံနက်စောစော CGH ဆေးရုံသွားပါဆိုပြီး လိုအပ်တဲ့ စာရွက်တွေပေးပြီး ဆေးရုံသွားခိုင်းခဲ့ပါတယ် ဒါနဲ့ ဆေးရုံရောက်တော့ ဆေးစစ်ရတာက မျိုးစုံဘဲ ပထမဆုံး လက်မောင်းကို ဆေးတစ်လုံးထိုးပေးတယ် တော်တော်လေးနာတယ် ဒါပေမဲ့ ဆေးကကောင်းတယ်ထင်တယ် ချက်ချင်းဗိုက်ရောင်တာ လျော့သွားပြီး ဗိုက်နာလည်း သက်သာသွားတယ်။

ဆီးစစ်တယ် ဓါတ်မှန်ရိုက်တယ် ဓါတ်မှန်မှာ ဆီးကျောက်ဘဲပေါ်တယ် ဗိုက်ရောင်တာ မပေါ်ဘူးဆိုတော့ ဆရာဝန်တွေက သွေးစစ်မယ် ဆိုပြီး သွေးထုတ်ပြီးစစ်တယ် ပြီးတော့ ရောဂါတိကျအောင် SCAN ဖတ်မယ်ဆိုပြီး ဖတ်တယ် နောက်ပြီး ဆေးတွေလိမ်းပြီး ဗိုက်ကို ကွန်ပြူတာကနေ တိုက်ရိုက်စစ်တယ် လုပ်တာတော့ စုံနေတာဘဲ ညနေ၅နာရီခွဲတော့ ဆေးစစ်ခက တစ်ထောင်နီးပါးကုန်တယ် မနက်ဖြန်ကို SPECIALIST နဲ့ပြပြီးမှ ဘာဖြစ်တယ်ဆိုတာ ပြောပြမယ်လို့ ဆိုတာကြောင့် နောက်တနေ့ နံနက် ထပ်လာရပါတယ။်

SPECIALIST ကပြောတာက ကျောက်ကပ်က 25.4cmx13.1cm လောက် ရောင်နေပါတယ်တဲ့  ကျောက်ကပ်က တစ်ပေနီးပါးလောက်ကို လခြမ်းလေးကို ကွေးပြီးရောင်နေတာ ဆီးကျောက်ရဲ့ အရွယ်အစားကတော့ 2.2cmx1.8cm ရှိပါတယ် RESULT တွေအကုန်လုံးကို CD တစ်ချပ်ထဲကို ထဲ့ပေးပါတယ် ကျောက်ကပ်နဲ့ ဆီးအိမ်သွားတဲ့ လမ်းကြောင်းမှာ ဆီးကျောက် ပိတ်မှိသလိုဖြစ်ပြီ ဘယ်ဘက်ကျောက်ကပ်ထဲက ဆီးတွေက အောက်ကို မဆင်းနိုင်ဘဲ ပိတ်မှိနေတာကြောင့် ရောင်လာတာဖြစ်ပြီး ၂ပတ်လောက်ကြာသွားတဲအတွက်  ကျောက်ကပ် ပျက်စီးသွားတဲ့ အခြေနေတဲ့ အဲဒါ အော်ပရေရှင်းလုပ်ပြီး ဘယ်ဘက်ကျောက်ကပ်နဲ့ ဆီးကျောက်ကို ထုတ်မယ်လို့ ပြောပြပါတယ် ဒါပေမဲ့ သေချာအောင် SCAN ကို SGH ဆေးရုံမှာအသေးစိတ် ထပ်လုပ်ပါလို့ ပြောလာတာကြောင့် SGH ကို နောက်တနေ့သွားရတယ် ဒီတခါ SCAN လုပ်တာ ၄၅ မိနစ်လောက်ကြာတယ် ပြီးတော့ RESULT ကို CGH ကို တိုက်ရိုက်ပို့ပေးမယ် CGH မှာဘဲ အခြေအနေကို ထပ်မေးပါလို့ ပြောပါတယ်။

ရက်ချိန်းရောက်တော့ နောက်ဆုံအဖြေက ကျောက်ကပ်က ၁၅% အလုပ်လုပ်နေသေးတယ် ဒါကြောင့် လောလောဆယ် ကျောက်ကပ်ကို ဆေးသောက်ပြီး ထိန်းထားမယ် ဆီးကျောက်ကိုထုတ်လိုက်မယ်ဆိုရင် ဗိုက်ရောင်တာ မဖြစ်နိုင်တော့ဘူး အဲဒီဆီးကျောက်က သွားသွားပိတ်နေလို့ ဗိုက်ရောင်တာတဲ့ နောက်ဆုံးတော့ ရက်ချိန်းယူပြီး ဆီးကျောက်အတွက် လေဆာအော်ပရေရှင်းလုပ်ဖို့ သဘောတူလိုက်ပါတယ် ရက်ချိန်းတာက တစ်လနီးပါးလောက်မှ အော်ပရေးရှင်းလုပ်မှာဆိုတော့ တပတ်ကိုတခါ ဆေးရုံကို သွားပြီးဆေးစစ် ဆီးစစ် သောက်ဆေးယူ အပတ်တိုင်းသွားရပါတယ်။

အခြေအနေအားလုံးသိပြီးတော့ အော်ပရေးရှင်းမတိုင်ခင် နေကောင်းတော့ အလုပ်ပြန်လုပ်ပါတယ် ခွင့်ယူတာ တစ်လလောက်တော့ ကြာသွားတယ် :) ဘော့စ်က သဘောကောင်းပါတယ် ဘာမှမပြောဘူး လစာကို အပြည့်ပေးတယ် အော်ပရေးရှင်းအတွက် ကုန်ကျငွေ ၄၀၀၀ ကိုလည်း ရုံးကဘဲ ထုတ်ပေးပါတယ် အရင်ကုန်ကျငွေ၂၀၀၀ နီးပါးလည်း RECIEPT ပြပြီး ရုံးက ACCOUTANT ကို တောင်းတာ ပြန်ရတယ် ရုံးက INSURRANCE လုပ်ပေးထားတော့ တောင်းလို့ရပါတယ် အားလုံး ၆ထောင်နီးပါးကို ရုံးက အရင်စိုက်ထားပေးပါတယ် အော်ပရေးရှင်းလုပ်ပြီးတော့ INSURRANCE က ငွေမရခင် ရုံးက တစ်လကို တစ်ထောင် လစာထဲက ဖြတ်ပြီးယူလိုက်ပါတယ် မဆိုးပါဘူး အခုလို စိုက်ထုတ်ပေးတာကို တော်တော်ကျေးဇူးတင်ဖို့ကောင်းနေပြီ။ ၂ လနေတော့ INSURRANCE က ၆ထောင် CLAIM တာကို ၄၅၄၄ ပြန်ရပါတယ် ၁၅၀၀ နီးပါးတော့ ပြန်မရဘူး။ မဆိုးဘူးနော် ဒီလိုမျိုးလေး INSURRANCE လုပ်ပေးထားတော့ ပိုက်ဆံသိပ်မကုန်တော့ဘူး။ တချို့ဆို ရုံးကမလုပ်ပေးလို့ ကိုယ်တိုင် INSURRANCE လုပ်ထားတဲ့ သူငယ်ချင်းတွေ ရှိတယ် လုပ်ထားတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင် ငွေသိပ်မကုန်တော့ဘူးပေါ့နော်။

အော်ပရေးရှင်းပြီးတော့လည်း မပြီးသေးဘူး တစ်လနေရင် ဆေးစစ်ဖို့လာခဲ့ပါတဲ့ ဘာလို့လဲ ဆိုတော့ ဗိုက်ထဲမှာ လေဆာပိုက်သေးသေးကို ကျောက်ကပ်ကနေ ဆီးအိမ်ထိ ထည့်ထားရတယ် လေဆာပိုက်လေးကြောင့် ဆီးကျောက်က ကျေသွားပြီး အမှုန့်အဖြစ် ထွက်လာမှာမို့လို့ ဆေးစစ်ရမယ်တဲ့ တစ်လပြည့်တော့ ဆီးစစ် ဓါတ်မှန်ရိုက်တော့ ဆီးကျောက်က ကျေတော့ကျေတယ် အပြင်ထွက်မလာဘူး ဒါကြောင့် ရေများများသောက်ရမယ် ကျောက်မှုန့်တွေအပြင်ထွက်လာအောင် ဆေးတစ်လသောက်ရမယ်တဲ့ ဟင်းးးးး အဲဒါနဲ့ သောက်ဆေး အလုံး ၃၀ တိတိယူပြီး ပြန်လာခဲ့တယ။်

သောက်ဆေးတွေအကုန် သောက်ပြီး တစ်လပြည့်တော့ ဆေးရုံကို သွားတော့ ဆီးစစ် ဓါတ်မှန်ရိုက်တော့ ဆီးကျောက်က တ၀က်လောက်မကျေဘဲ အခဲအတိုင်းကျန်နေပြန်တယ် ဆရာဝန်က ပြောတယ် လေဆာနည်းက ပုံမှန်ဆို ကျောက်အကုန် ကျေပြီး အမှုန်ဖြစ်ပြီး ပြန်ထွက်ရမှာကို အခု အကုန်မကျေတော့ သူက ထပ်ပြီး အော်ပရေရှင်းလုပ်ရမယ်တဲ့ ဒီတခါတော့ အကုန်ကျေအောင် သေချာလုပ်ပေးမယ်တဲ့ အင်းးး ဘယ်တတ်နိုင်မလဲလေ စခဲ့မှိဟာပေါ့ ဒါကြောင့် လာမည့်သောကြာနေ့ ၂၆ သြဂုတ်၂၀၁၁ မှာ ဒုတိယအကြိမ် အော်ပရေရှင်းလုပ်ရပါအုန်းမယ။်

သူငယ်ချင်းတွေက ပြောတယ် နင်က ကျောက်အောင်တယ်နော်တဲ့  :) ဒီတခါ ISSURANCE အကုန်နီးပါးပြန်ရအောင် ဆေးရုံမှာ ၂ရက်နေပါ့မယ် သောကြာမနက် ၈ နာရီကို အော်ပရေရှင်းလုပ်မယ် စနေနေ့ နေလည် ၂နာရီမှ အိမ်ပြန်ရမယ် ညအိပ်ဖို့ကို မနည်းပြောယူရတယ် အရင်တစ်ခေါက်ကလည်း ဆေးရုံတက်ဖူးတဲ့ သူငယ်ချင်းက ညအိပ်မှ INSURRANCE က အကုန်ပြန်ရတာလို့ ပြောဖူးတော့ ပထမအကြိမ်တုန်းကလည်း ညအိပ်ဖို့ ပြောကြည့်ပါသေးတယ် ဆေးရုံကလက်မခံဘူး မနက်၈နာရီအော်ပရေးရှင်းလုပ် ညနေ ၆ နာရီ ဆေးရုံကဆင်းခိုင်းတယ် အပြန်ကျတော့ ဆေးဒဏ်ကြောင့် ထင်ပါတယ် တစ်လမ်းလုံးအန်တယ်လေ ဒီတခါတော့ ညအိပ်ဖို့ သဘောတူတယ် :)
ဇန်န၀ါရီလ မှစပြီး နေမကောင်းလာတာ အခုထိ ဆေးကုနေရတုန်းပါဘဲ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး”  တဲ့ နေမကောင်းဖြစ်မှ ကျန်းမာခြင်းရဲ့ တန်ဖိုးကိုသိတော့တယ် မန်းတလေးမှာ နေတုန်းက ဘာမှမဖြစ်ဘူး ဒီရောက်မှ ကုန်ကျစရိတ်များပါတယ်ဆိုမှ ကျန်းမာရေးက ထဖောက်လိုက်သေးတယ် ဒါကြောင့် ခင်မင်ရသော ဘလော့မိတ်ဆွေများကိုလည်း ကျန်းမာပါစေလို့ ဆုတောင်းလိုက်ပါတယ် ကျွန်တော်(မဒမ်ငွေ)ကိုလည်း သောကြာနေ့ အော်ပရေရှင်းကို အဆင်ပြေအောင် ဆုတောင်းပေးကြပါအုန်းနော်။
ဘလော့စာရှု့သူများ ကျန်းမာချမ်းသာကြပါစေလို့ ငွေလမင်းတို့က ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ပါစေ။