Thursday, July 21, 2011

လက်ယာ မင်းခမ်းတော်များ ၃


နန်းတွင်းပုရပိုဒ်ဖြူလာ မှန်စိမ်းစီ ရှစ်ထောင့်ကွမ်းခွက်


အမျိုးသားပြတိုက်တွင် ပြသထားသော ရှစ်မြောင်ကွမ်းခွက်တော်
၁။ ရှစ်ထောင့်ကွမ်းခွက်ဟူသည်၊ လက်ယာမင်းခမ်းတော်ဝင် ပစ္စည်းများဖြစ်ပြီး ပုံနန်းခွက် များဖြစ် သော ခိုနန်းခွက် ၊ ထောင့်ချိုးကွမ်းခွက်၊ ဆယ့်နှစ်မြှောင့် ကွမ်းခွက်၊ ရှစ်မြောင့်ကွမ်း ခွက်များတွင်၊ အပါအ၀င်ဖြစ်သည်။
အချို့ကို ကျောက်မျက်စီချယ်၍၊ အချို့ကို မှန်တပ် ၊ အချို့ကို ပယင်းတပ်ပြီး အလှဆင်ထား သည်၊ အမျိုးသားပြတိုက်တွင် ရွှေသားသက်သက်ဖြင့် ပြုလုပ်၍ ပတ္တမြား ကျောက်မျက်များ စီချယ် ထားသော ရှစ်ထောင့်ကွမ်းခွက်ကို ပြသထားသည်။ အိမ်ရှေ့မင်း၊ မိဖုရားတို့၏ အသုံးအ ဆောင်ဖြစ်ကြောင်း ရွှေဘုံနိဒါန်းတွင် ဖော်ပြထားသည်၊ အင်္ဂလိပ်အခေါ်အဝေါ်မှာ Octagonal Betel Cup ဖြစ်သည်။


ရှစ်မြောင်ကွမ်းခွက်၏ အပေါ်ပိုင်း ရှိ မြန်မာမှု့ အနုသုခုမ လက်ရာများ
 

ရှစ်မြောင်ကွမ်းခွက်၏ အောက်ခြေ မြန်မာမှု့ အနုသုခုမ လက်ရာများနှင့် ပတ္တမြားများ စီချယ်ထားပုံ 


ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါတယ်  ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်မျာ။