Saturday, September 4, 2010

ချစ်မှိသောအခါဝယ်

လူဟူသည် အခြားသက်ရှိသတ္တ၀ါ တို့နှင့်မတူကွဲပြား ခြားနားသောအချက်မှာ ၊ ဖို မ သတ္တ၀ါ အားလျှော်စွာ ဖြစ်တတ်သော အချစ်ကြောင့် အတူတကွ နေထိုင်ခြင်း ဘ၀တခုတည်ထောင်ခြင်း မျိုးဆက်ပြန့်ပွား ခြင်းစသော လူမှု့ကိစ္စတို့ကိုပြု လုပ်ဖြစ်လာရသည်မှာ လူ့သဘာဝမပင် မဟုတ်ပါလား ။

ဘ၀တခုကို တည်ဆောက်ဘို့ ခိုင်မာသော အချစ်တခုလိုအပ် သလို တစ်ယောက်ကိုတစ်ယောက် ယုံကြည်ခြင်း မြတ်နိုးခြင်း အခတ်အခဲ အကြပ်အတည်း တို့ကိုကျော်ဖြတ်လိုခြင်း ၊ စသော ဘ၀ထူထောင် ဖော်လူသားနှစ် ယောက်တို့၏ ပြုမှုလုပ်ဆောင်ဘွယ် တွေကိုလဲလိုအပ်ပါ၏ ချစ်သူ ကအတ္တကြီးလျှင် ၊ ကိုယ်ကမေတ္တာ ကြီးပေးရသလို ၊ ချစ်သူစိတ်ညစ်နေရင် ကိုယ်က ပျော်ရွှင်အောင် ထားပေးဘို့ ၊ စကားသိပ်များတဲ့ ချစ်သူကို လက်ခံထားမှိရင်တော့ ကိုယ်က သီးခံ နားထောင်ပေးဘို့ စတဲ့ လိုအပ်ချက်နဲ့ အညီ လိုက်လျှောညီထွေ နေထိုင်တတ်ကြမယ် ဆိုရင် ချစ်သူ နှစ်ဦးဟာ ရာသက်ပန်ခိုင်မြဲဘို့ အကြောင်းဖန်လာပါလိမ့်မယ် ။

ကျွန်တော်တို့တွေ ရဲ့မသိမသာ အမှားလေးတွေ ဟာ တခါတရံမှာ ချစ်သူဘ၀ရဲ့ အနာဂတ်ကို ဖျက်ဆီးပြစ်တတ် ကြပါတယ် ဘယ်လိုအမှားမျိုး တွေလဲဆိုရင် ၊ ကိုယ်က နားညီးတာမခံချင် ချစ်သူက စကားတအားပြော ဒါပေမဲ့ ချစ်နေတော့ သူ့ကို အလိုလိုက်ပြီး မပြုပြင်ပေးဘဲ ကြိုက်သ လိုလို အလိုက်သင့်နေလိုက်ကြတဲ့အခါ ကိုယ့်မှာ တစုံတရာ ကိစ္စတွေကြောင့် စိတ်မှာ အနှောင့်အယှက် ဖြစ်နေတဲ့အချိန်မှာ ကိုယ့်နားမှာ ချစ်သူက တတွတ်တွတ်နဲ့ ပြောလာရင် မင်းကလဲကွာ ဘာညာ နဲ့ဆူမှိလိုက်တဲ့အခါမျိုးမှာ ချစ်သူဟာ အကြီးအကျယ် စိတ်မကောင်း ဖြစ်သွားတတ်ပါတယ် ၊ သူ့အနေနဲ့ အရင်တုန်းကလဲ ဒီလိုဘဲ ပြောဆိုနေကြ အခုမှ ဒီလိုအော်တယ်ဆို တော့ ငါ့ကို မချစ်တော့ဘူး ထင်ပါတယ်လို့ တွေးမှိသွားတတ်ကြပါတယ် အဲလို တွေးမှိသွားရင်တော့ ချစ်သူဘ၀ဟာ ရေရှည်တည်မြဲဘို့ ခက်ခဲပါလိမ့်မယ် ဒါကြောင့် တစ်ယောက်ကို တယောက် ချစ်မြတ်နိုးနေချိန် ကစပြီး ချစ်သူကို ဘာမကြိုက်ဘူး ဘယ်လိုဟာ ကိုမကြိုက်ဘူး ၊ လို့ပွင့်လင်းမြင်သာ အောင်နားချထားသင့်သလို ကိုယ်မကြိုက်တဲ့ အကျင့်စရိုက်တွေ ပြုပြင်ခိုင်း ရမှာပါ လူ့ဘ၀ရဲ့ သက်တမ်းတစ်ဝက်လောက်ကို တစိမ်းတစ်ယောက် နဲ့တူတူနေရမှာ ဖြစ်လို့ ဒီလို ကိုယ်မနှစ်သက်တဲ့ အကျင့်စရိုက် လေးတွေ ချစ်သူမှာ ရှိနေတယ်ဆိုရင် ချစ်သူကိုပြုပြင်ပေးသင့်သလို ၊ ကိုယ့်မှာရှိတဲ့ ချစ်သူမကြိုက်တဲ့ အကျင့် စရိုက်လေးတွေ ၊ အပြောအဆို လေးတွေကိုလဲ ချစ်သူကိုပြု ပြင်ပေးခိုင်းသင့်ပါတယ် ။

ကျွန်တော်အထက် တန်းကျောင်းသားဘ၀က သူငယ်ချင်းမ တစ်ယောက်ဟာ ခပ်မွဲမွဲကောင်လေး တစ်ယောက်ကို သူချစ်ကြိုက်မှိပါတယ် ကောင်လေးဟာ အကျင့်စရိုက်မကောင်းသူ မို့ ဘာသာ စုံဂုဏ်ထူးထွက်တဲ့ သူငယ်ချင်းမက ဆေးကျောင်းတတ်ဘို့ ပြင်ဆင်နေတာကို သူတစ်ဘာသာမှ ဂုဏ်ထူးမထွက်လို့ ၊ မတက်နဲ့လို့ ပြောပါတယ် သူငယ်ချင်းမဟာ ဆရာဝန်ဖြစ်ဘို့ အလားအလာ ကောင်းပါလျှက် ချစ်သူတားမြစ်တာ ကြောင့်ဆေးကျောင်း မတက်ခဲ့ရပါဘူး ၊ အခုသူတို့ အိမ်ထောင် ကျသွားပါပြီ ကျွန်တော်ရန်ကုန် ပြန်တော့ သူငယ်ချင်းမ ဟာ လူရုပ်တောင် တော်တော်ဖမ်းကြည့်နေ ရပါတယ် ၊ ကျွန်တော့်ကို တွေ့တော့ ငိုပြီး တိုင်ပါတယ် ကျွန်တော်ဘာ မှ မလုပ်ပေးတတ်ပါ ၊ သူ့ချစ်သူရဲ့ မကောင်းတဲ့အကျင့်စရိုက်တွေ ပတ်ဝန်းကျင်မှာ တည့်အောင်မနေ တတ်တာတွေ အတ္တကြီးတာတွေ လိုအပ်မှ သူငယ်ချင်းတွေကို ပေါင်းသင်းတာတွေ အဲသလို ချစ်သူရဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေ လာပြောပြနေပါတယ် ၊ ဒီကိစ္စတွေသာ အစကတည်းက ပြုပြင်ခိုင်းခဲ့မယ့် သူကလဲပြုပြင်ခိုင်းမယ် ချစ်သူကလဲ ပြုပြင်ပေးမယ်ဆိုရင် ဒီလိုဘ၀မျိုး ဒီလိုအခြေ နေမျိုးတွေ ရောက်မယ်မထင်ပါ ၊ အခုတော့ ခလေးသုံးယောက်နဲ့ လင်ဆိုးမယား တဖားဖားဖြစ်နေ ပါပြီ ၊ ဒီလိုဘ၀ မျိုးတွေဟာ အစကကြိုတင် မပြင်ဆင်ခဲ့လို့သာ ဖြစ်ခဲ့တာဆိုရင် မှားမယ်မထင်ပါဘူး ။

မြန်မာမိန်းခလေး အများစုဟာ ကမ္ဘာပေါ်မှာ ဘယ်ချစ်သူတွေမှ မချစ်ဘူးတဲ့ အချစ်မျိုးနဲ့ ချစ်တတ်ကြ ပါတယ် လို့ ယိုးဒယားက ကလပ်တခုက ဆရာမကပြောဘူးပါတယ် ၊ ဟုတ်ပါတယ် မြန်မာမိန်းခလေးတွေဟာ ချစ်မှိပြီဆိုရင် ကိုယ့်ချစ်သူဟာ ဘယ်လိုဟာဘဲဖြစ်ဖြစ် ဘယ်လိုအခြေနေမျိုးမှာဘဲ ဖြစ်ဖြစ်လက်ခံတတ်ကြပါတယ် ၊ မြန်မာ့အိမ်ထောင်သည်ဘ၀တွေကို လေ့လာကြည့်တဲ့ အခါ မိန်းခလေးတွေ ကသာအနစ်နာခံ ရတာကို အများအားဖြင့်တွေ့ရ တတ်ပါတယ် ၊ ယေဘုယျ အားဖြင့် ပြောတာပါ ၊ ကျွန်တော်ဟာ ကျွန်တော့်ချစ်သူ ကောင်မလေးကို ရီးစားစကား ပြောကတည်းက ၊ ကျွန်တော်မကြိုက် တဲ့ ကိစ္စတွေကို ၊ ချစ်သူကို အကုန်လုံး ပြုပြင်ခိုင်းပါတယ် သူမကြိုက်ဘူးဆိုတဲ့ ဟာကိုလဲ ကျွန်တော်ပြုပြင်ခဲ့ပါတယ် ၊ ကျွန်တော်ပြုပြင် ခိုင်းလို့ သူပြုပြင်လိုက်တဲ့ အခါ ကျွန်တော့ရင်ထဲမှာ အချစ်တွေ တိုးလာပါတယ် သူငါ့ကိုချစ်လို့ ဒီလိုလေး ပြုပြင်ရှာတယ်လို့ သနားသလို ပိုမိုပြီးတော့လဲ ချစ်မြတ်နိုးမှိပါတယ် ၊ သူပြုပြင်ခိုင်းလို့ ကျွန်တော် ပြုပြင်တယ်ဆိုရင်လဲ သူ့စိတ်ထဲမှာ အဲလိုဖြစ်နေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ၊ အဲလိုယုံကြည် မှုတွေဟာ ချစ်သူဘာလုပ်လုပ် ၊ ငါကချစ်နေတာဘဲ ဆိုတဲ့ အချစ်ထက် အဆပေါင်း များစွာ အနာဂတ် ချစ်သူဘ၀ကို အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ကျွန်တော်တို့ နှစ်ယောက်လုံး ယူဆထားပါတယ် ။

အာရဗီ စကားပုံလေးတခု ထဲမှာ “မင်းဟာ လက်မထက် သေးခင် မင်းရဲ့မျက်လုံး နှစ်လုံးကိုဖွင့် ကြည့်ပါ ဒါပေမဲ့ လက်ထပ်ပြီးသွားရင်တော့ မင်းမျက်လုံး တလုံးကိုဘဲ ဖွင့်ကြည့်ပါတော့တဲ့” သိပ်ကောင်းတဲ့ စကားပုံလေးပါ ၊ လက်ထပ်ဘို့ နဲ့ ဒီဘ၀မှာ နောက်ဆုံးထွက်သက် ထိချစ်သူနှစ်ဦး ရဲ့ဘ၀လေးကို ချမ်းမြေ့သာယာချင် ကြတဲ့ ချစ်သူတွေ လိုက်နာဘို့ကောင်းတဲ့စကားပုံလေး လို့မြင်မှိပါတယ် ၊ ကျွန်တော်တို့တတွေ ချစ်သူရဲ့ အပြစ်တွေကို လက်မထပ်ရသေးခင် မျက်လုံးနှစ် လုံးနဲ့ စိစိစပ်စပ် ရှာဖွေသင့်ကြပါတယ် ၊ ပြုပြင်သင့်တဲ့ အချိန်ခါမှ ပြုပြင်တာဟာ ကောင်းမြတ်တဲ့ လုံးငန်းစဉ်တခု မဟုတ်ပါလား ၊ ဒီလိုပြုပြင်ပေးတာကို ဘဲချုပ်ချယ်တယ် ဘာရယ်ညာရယ် လို့ပြောလာတဲ့ ချစ်သူမျိုး ပြုပြင်ဘို့ ဆင်ခြေအမျိုးမျိုး ပေးနေတဲ့ ချစ်သူမျိုးတွေကို တော့ အနာဂတ် ဘ၀မှာ သာယာဘို့အတွက် လမ်းခွဲသင့်ပါတယ် ၊ အချစ်ကို ဦးဏှောက်နဲ့ မတွေးရဘူးဆိုပေမဲ့ ဦးဏှောက်နဲ့ မတွေးဘဲ ခိုင်မာတဲ့ အချစ်ဆိုတာလဲ မဖြစ်နိုင်ပါဘူး ဦးဏှောက်နဲ့ တွေးတာတောင် တခါတရံမှာ သဟဇာတ မဖြစ်တာလေးတွေရှိတတ်ပါတယ် ၊ အဲလိုပြုပြင်လို့ ကိုယ့်ဘက်ကကျေနပ်ပြီ ချစ်သူဘက်ကလဲ ကျေနပ်လို့ လက်ထပ်လိုက်ကြပြီဆိုရင် တော့ လက်ထပ်ဘို့ အချိန်ကောင်းလေးပါဘဲ လက်ထပ်ပြီးသွားတဲ့ အခါ ချစ်သူ့မှာ အပြစ်တွေ့ရင် ကိုယ့်ဘက်က အမှားပါ ၊ ကိုယ့်မှာ ချစ်သူက အပြစ်တွေ့နေပြီဆိုရင် တော့ ချစ်သူက မှားတာပေါ့ အဲဒီအခါ ကျရင် ကိုယ့် အပြစ်နဲ့ ကိုယ်မို့လို့ မသိချင်ယောင် ဆောင်နေသင့်ရင်နေ ပြုပြင်ပေးမယ် ဆိုရင်လဲ ၊ ချစ်သူကို နားလည်အောင် အချိုသာဆုံး စကားလုံးလေးတွေနဲ့ လိမ်မာပါးနပ်စွာ နားချသင့်ပါတယ် ၊ ဘယ်လိုဘဲဖြစ်ဖြစ် အခုရေးခဲ့တဲ့ အကြောင်းရာလေး တွေဟာ ချစ်သူဘ၀အတွက် အကောင်းဆုံး အထောက်ကူပြုမဲ့ နည်းလမ်းလေးတွေ လို့ထင်မြင်ယူဆ ပါတယ် ၊ ဒီလို တစ်ယောက်ကို တစ်ယောက် ပြုပြင်ပေး တာကို ချစ်သူနဲ့ တူတဲ့ချစ်သူ တိုင်းလက်ခံ စဉ်းစား ကြလိမ့်မယ်လို့ ထင်မှိပါတယ် ၊ ဒါကြောင့် ချစ်မှိသည့်အခါ ၀ယ် ချစ်သူနှစ်ဦးဟာ အရာရာဟာ ပြုပြင် ပြင်ဆင်ဘို့ အဆင့် သင့်ဖြစ်နေကြပါလိမ့်မယ်ဟု ယုံကြည်မှိပါတယ်............။

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မြင့်တယ်နော
ဒီပိုစ့်ကို ပြန်ပြီး ဝေဖန်ဖို့ဆိုရင် ဒီတိုင်းတော့ မရသေးဘူး။ အင်း လောလောဆယ်တော့ ချစ်သူအရင်ရှာရဦးမယ်။
ချစ်သူရမှ ပြန်လာခဲ့မယ်..
နှစ်ဦးသားအဆင်ပြေပြေနဲ့ ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေ။

Zay Tar Yar said...

အပျိုကြီးမမချောမှာ ရီးစားမရှိပါခင်များ ကြော်ညာတွေနော် ကြော်ညာတွေ ဟင်းဟင်း နောက်တာပါ အတည်ပြောလဲဒီစကားဘဲ ၊ စိတ်မရှိပါနဲ့