Friday, September 17, 2010

အကြော်ထဲက ရေသန့်ဗူးခွံ့များ

ကံ ကံ၏အကျိုးလို့ မြန်မာနိုင်ငံ သားတရာမှာ ၉၀%လက်ခံတတ်ကြပါတယ် စေတနာ ကောင်းရင် ကံကောင်းတယ် စေတနာဆိုးတော့ ကံဆိုးတယ်လို့ အမျိုးမျိုးပြောရ ဆိုကြ တာကို ဗုဒ္ဓဘာသာ မြန်မာလူ မျိုးများ တော်တော်များ များတွေ့မြင်ဘူးကြပါလိမ့်မယ် ။

ဗုဒ္ဓသက်တော်ထင်ရှား ရှိခဲ့စဉ်က ကောသလမင်းကြီးရဲ့ သားတော် ၀ိဋဋူပ မင်းသားဟာ မြတ်ဗုဒ္ဓရဲ့ ဆွေတော်မျိုးတော်များကို အမျိုးပြုတ်တဲ့အထိ သက်ဘို့ ကြံစည်တော်မူခဲ့လို့၊ မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် နှစ်ကြိမ် မြောက်တားမြစ် တော်မူပြီး ၊ သုံးကြိမ်မြောက်မှာတော့ မြတ်ဗုဒ္ဓ တားမြစ်လို့ မရတော့တာကြောင့် ၊ မြတ်ဗုဒ္ဓဟာ ဆွေတော်မျိုးတော် သာကီဝင်မင်းသား မင်းသမီးတို့ ရဲ့အတိက်ကံကို ဆင်ခြင်သုံးသပ် ကြည့်တော်မူတဲ့အခါ ၊ အတိက်ဘ၀ တခုမှာ သာကီဝင်မင်းသား ဘုရားဆွေမျိုးများဟာ တံငါရွာကြီး တခုမှာ တံခါသယ်ဆွေမျိုးများ ဖြစ်ကြပါသတဲ့ ၊ တနေ့သောအခါ တံငါသယ် အကြီးအကဲက ရွာထဲက တံငါသယ် အပေါင်းကိုဆင့် ခေါ်ပြီး အောက်ပါအတိုင်း သြ၀ါဒ ပေးပါတယ်….။

“အမောင်တို့ ယခုအခါ တို့များငါးရှာဖွေရ သည်မှာ အင်မတန်ခတ်ခဲတယ် အလုပ်လဲရှုတ်တယ် ဒါကြောင့် အချိန်ကုန် လူပန်းသက်သာအောင် တို့တတွေ မြစ်ထဲကို အဆိပ်တွေချပြီး ငါးတွေကိုသေ စေမယ် ၊ သေလို့ပေါ်လာတဲ့ ငါးတွေကို ပိုက်ကွန်နဲ့ဆည်ယူ ပြီး အခြောက် အခြမ်း လုပ်ထားရင် တို့တွေစားဝတ်နေမှုဖူလုံ ပါလိမ့်မယ်လို့ ” အကြံပေးတဲ့ အခါ တရွာလုံး မှာရှိတဲ့ တံငါသယ်အပေါင်းဟာ ခေါင်းဆောင်တံငါ သယ်ကြီးရဲ့ စကားကို သဘောတူလက်ခံ ကြပြီး စုပေါင်း ငါးသက်ပွဲကြီး လုပ်လိုက်တာ ၊ သေလွန်တဲ့ အခါ ငရဲရောက်ပြီး ဘ၀တိုင်း သူများသက်လို့ သေရတဲ့ အထိ အကုသိုလ်ကံ အကျိုးပေးခြင်းကိုခံ ရပါတယ် ၊ ယ္ခု အခါ သာကီဝင် မင်းသား ဘုရားဆွေမျိုးတော်များ ဖြစ်ကြသော်လည်း ၊ မြတ်ဗုဒ္ဓ ပင်မကယ်နိုင်ဘဲ ၀ိဋဋူပ သက်လို့ သာကီဝင်မင်းသား အစိပ်သားခလေးပါ မကျန် မြတ်ဗုဒ္ဓ မြတ်မှောက်၌ ပင်လျှင် ဥပေစ္ဆဒကံဖြင့် သေခဲ့ကြရပါတယ် ။

အတိက်ကပြုခဲ့တဲ့ အကုသိုလ် မှန်သမျှကို ဘုရားတောင်ကယ် မ၍မရပါ ၊ ဓမ္မပဒ ဒေသနာတော်လာ ဒီဝိဋဋူပ ၀တ္ထုလေးကို ကြည့်ချင်းအားဖြင့် သင်္ခန်းစာ အနေနဲ့ ၊ အဟိတ်တိရိစ္ဆာန် ဖြစ်တဲ့ ငါးသတ္တ၀ါများကို စုပေါင်းစပ်ပေါင်း စေတနာ ထက်သန်စွာ သက်ဖြတ်ခဲ့ လို့ ဘ၀ပေါင်းများငရဲမှာ နေရပြီး ၊ ဘ၀တိုင်းလူများသက်လို့ သေရတယ်လို့ ထိန့်လန့်သံဝေဂ ရစရာ လေးဖြစ်မှိပါတယ် ။

ဒီရက်ပိုင်းမှာဘဲ ရန်ကုန်မြို့ ကအကြော်ဆိုင်တော်တော် များများမှာ အကြော်ကြော်တဲ့ ဆီပူအိုးထဲ ရေသန့်ဗူးအခွံ့ တွေထည့်ကျော်ကြတယ် လို့သတင်းတွေဖက်ရလို့ တော်တော်လေး ထိန့်လန့်မှိပါတယ် ငယ်စဉ်တောင်ရေး ခလေးဘ၀ ကတည်းက အကြော်စုံ စားရတာကို တော်တော်လေး နှစ်သက်ပါတယ် အထူးသဖြင့် အင်းလျှားကန်စောင်း ကစိမ်းလန်းစိုပြေ ထဲမှာ ညနေစောင်း ဗူးသီးကြော် မွမွလေးတွေကို ရန်ကုန်ရောက်တိုင်းစားမှိ ခဲ့သမို့ ငါလဲ အဲလိုရေသန့်ဗူး ခွံ့တွေနဲ့ ၊ ကြော်တဲ့ အကြော်တွေကိုများ စားခဲ့မှိလေသလားပေါ့ ၊ စားမှိတဲ့လူတွေ နေ့စဉ်စားနေတဲ့ လူတွေဆိုရင် ကင်ဆာရောဂါ များ ရကုန်ကြပြီလား ၊ လားပေါင်းစုံနဲ့ ကိုယ့်အတွက်ရော သူတပါးတွေ အတွက်ပါ ပူမှိပါတယ် ။

အသိဉာဏ်ရှိတဲ့ လူတိုင်းဒီကိစ္စ ကိုမလုပ်သင့်တဲ့ လုပ်ငန်းတခုအဖြစ် ရှုမြင်ကြမှာပါ ဈေးရောင်းနဲ့ ဈေးဝယ်ဟာ ၊ ကျေးဇူးခံ ကျေးဇူးစားပါ ထမင်းကြွေးတဲ့ ထမင်းရှင်ကို အဆိပ်ခတ်တဲ့ လူတွေရဲ့ ဘ၀နောင်ရေးဟာ စိတ်မအေးစရာပါ ၊ ရိုးရိုးသားသား လုပ်ကိုင်စားရင် မည်သူမဆို မြန်မာနိုင်ငံမှာ ထမင်းငတ်မသေနိုင်ပါ ၊ နောက်ဆုံးအဆင့် ငတ်ရင်ဘုန်းတော်ကြီး ကျောင်းမှာတောင်းစားလို့ ရပါတယ် ၊ အခုတော့ အန္တရာယ်ရှိမှန်း သိပါလျှက် ကိုယ့်ကိုထမင်းကြွေးနေတဲ့ ၀ယ်ယူအားပေးသူတွေကို ခုလိုလူမဆန်စွာလုပ်တာဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်ပါလျှက် ရိုင်းပြခြင်းသာ ဖြစ်ပါတယ် ၊ မြန်မာတွေဟာ ဘာသာတရားကို တအားကိုင်းရှိုင်းပါတယ် ဘာသာတရားမှာလဲ ကုသိုလ် ၊ အကုသိုလ် ၊ ကံ ကံ၏အကျိုးလို့ လမ်းညွန်ပြသထားတာ ရှိပါတယ် ဘာလို့ များဒီလိုဖြစ်ကြတာပါလိမ့် ၊ အဲဒီအကြော်ဆိုင်ပိုင်ရှင်ကို တခုလောက် ပြောခွင့်ရရင်ပြော ချင်ပါတယ် ၊ လူတိုင်းဟာ ငွေလိုချင်ပါတယ် ၊ ငွေဆိုတာ သဲခြေကြိုက်ပစ္စည်းပါ ၊ ဘယ်လောက်ချမ်း သာသာ တနေ့ကိုထမင်း၁၀ထပ် မစားနိုင်ပါဘူး ၊ ဘယ်လောက်ဝတ်ဝတ် နှစ်ထည် တပြိုင်တည်းဝတ်လို့မရပါဘူး ၊ ငွေကိုလောဘ တကြီးရှာဖွေတာ အပြစ်မဟုတ်ပေမဲ့ မသမာတဲ့ နည်းနဲ့ရှာဖွေ တာကတော့ အပြစ်ဖြစ်ပါတယ် ၊ အထူသဖြင့် ထမင်းရှင်ကို စော်ကားရင် ပိုလို့အပြစ်ကြီးပါတယ် လို့ ပြောချင်ပါတယ် ။

“စိတ်မှာထင်တိုင်း ၊ ဉဏ်မပိုင်းဘဲ ၊ မနှိုင်းမရှု ၊ လွှားမပြုနှင့် ၊ ပြုပြုသမျှ ၊ ထိုကမ္မကို ၊ ပြုကြ သောသူ ၊ အမွေယူ၏ ” မန်လည်ဆရာတော်ဘုရားကြီး ရေးသားစပ်ဆို ခဲ့ပါတယ် ၊ ငါးကိုသေစေခဲ့ တာတောင် ၊ ဒီလိုဒုက္ခတွေ ကြုံခဲ့သေးတယ်ဆိုရင် ၊ လူတစ်ယောက် ကိုရောဂါရစေမယ် ဆိုရင် ကိုရင်တပါးကို ရောဂါဖြစ်စေမယ်ဆိုရင် ၊ ရဟန်းတော်တပါး ၊ သီလရှင်တပါး ၊ သူတော်စင် တဦးဦးကို ဒီလိုမသမာတဲ့ နည်းတွေနဲ့ ကြော်လှော်ချက်ပြုတ်ထားတဲ့ ၊ စားသောက်ဖွယ်ကို ရောင်းချလှူ ဒါန်းခဲ့မယ်ဆိုရင် ၊ မြန်မာလူမျိုးစစ်စစ်တွေဟာ ဘာသာတရားကို ကိုင်းရှိုင်းတယ် ကျေးဇူးတရားကို သိတတ်တယ် ၊ ဘာသာတရားအဆုံးအမကို လက်ခံကျင့်သုံး တတ်တယ်လို့ မှတ်သားထားဘူးပါတယ် ၊ ဒီကိစ္စဟာ လူမှုရေးအရ စက်ဆုတ်ရွံ့ရှာဖွယ် ဖြစ်သလို ၊ နိုင်ငံရေးအရ ဥပဒေကင်းမဲ့တယ်ဆိုတဲ့ သဘောလဲဖြစ်ပါတယ် ၊ ဘာသာရေးအရ ရှက်ဖွယ်လဲကောင်းလှပါတယ် အစွန်းရောက် ဘာသာဝင်များ ဒီလိုရောင်းချနေရင် ဘာမှမပြောဆိုလိုပါ ၊ ကမ္ဘာမှာ အကောင်းဆုံး ဘာသာ တခုထွန်းကားနေပါတယ်ဆိုသော ဒီနိုင်ငံမှာ ဒီလိုဖြစ်နေတာကတော့ အားလုံး စဉ်းစားသာကြည့် ကြပါတော့ ၊ အားလုံး သက်ရှည်ကျမ်းမာပြီး မသူတော်ဘေး ကင်းဝေးကြပါစေ ခင်မျာ..။



ကယ်တော်မူကြပါ.                                                              

1 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

သူများအကျိုးမကြည့်ဘဲ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကြည့်တဲ့ ၀ိသမ လောဘစီးပွားရေးသမားတွေကို သိပ်မုန်းတာဘဲ