Thursday, September 30, 2010

ကျွန်တော် နှင့် ကျန်စစ်သား

ဦးခေါင်းဖြူသည့် ဆောင်းအခါ

 ဦးခေါင်းမဲသည့် နွေအခါ (စာကလေးခွေ ဈေးသည်အဆို)

ကျန်စစ်သားဆိုလို့ ပုဂံပြည့်ရှင် ဘုရင်အနော်ရထာ ရဲ့ သားတော် ထီးလှိုင်ရှင် ကျန်စစ်မင်းလို့ တော့ မထင်လိုက်ပါနဲ့ ၊ ကျွန်တော့မှတ်စု ထဲက ကျန်စစ်သားက ဒလနဲ့ ရန်ကုန် ကတို့ ကူးတဲ့ နှစ်ထပ် သဘောင်္ကြီးပါ ၊ ကျွန်တော် ခပ်ငယ်ငယ် အခါတုန်းကပေါ့ဗျာ ၊ ဖေဖေက Richard Bach ရေးတယ်ထင်တာဘဲ  Jonathan livingstone seagull ဆိုတဲ့ စာအုပ်ခလေး ဖတ်ဖတ်ပြတယ် ၊ အဲဒီထဲမှာ ဇာတ်လိုက်ကျော် ဖြစ်တဲ့ ယောနသံ ဇင်ယော်လေး အကြောင်းပေါ့ ၊ ကျွန်တော်က ငယ်သေးတော့ သိဘူး ဖေဖေ ပြောပြတာတွေ အကုန်လုံး ၊ အင်းဘဲ လိုက်တာ နောက်တော့ ဖေဖေက ဦးဘသန်း ဘာသာပြန်ထားတဲ့ (ယောနသန် ဇင်ယော်) ဆိုတဲ့ စာအုပ်လေး လာပေးတယ် ၊ ဒါလေးကြည့်ထားကွာ ဖေဖေက က အားတဲ့နေ့ဆို ဘိုလို ဖတ်ဖတ် ပြမယ်တဲ့ ၊ အဲစာအုပ်လေး ဖတ်ပြီးတော့မှ သူဖတ်ပြတဲ့ ဘိုလိုကို နဲနဲပေါက်ပေါက်လာ တာ ၊ နောက်ဆုံးတော့ ဇင်ယော်လေးကို သဘောကျသွားတယ် ၊ သူများနဲ့ မတူဘဲ အမြင့်ကြီးကို ပြန်တာရယ် ၊ သူများ တွေတားမြစ် ထားတဲ့ကြားကနေ လုပ်ရင် ဖြစ်ပါတယ် ဆိုတဲ့ စိတ်နဲ့ ပျံသန်းခြင်းရဲ့ အတတ်ပညာကို အထွဋ်အထိပ် ရောက်အောင် လေ့ကျင့် အောင်မြင်သွားတဲ့ ဇင်ယော် ငှက်ခလေး ယောနသံကို တအားကို စွဲလမ်းသွားပါတယ် ။

ကျွန်တော်က ငယ်စဉ်ကတည်း ရောဂါတခုရှိပါတယ် ၊ တခုခုကို စွဲလန်းပြီ ဆိုရင် အဲဒါကိုဘဲ စိတ်ထဲစွဲနေတော့တယ် ၊ ပြောရမှာတော့ရှက်ပါတယ် နဲနဲပြောမယ်နော် တိုက်တင်းနစ်ကားကို ကြည့်တော့လေ ကိတ်ဝင်းစလတ်ကို တအားစွဲလန်းတာ ဘယ်လောက်ထိ စွဲလမ်းလဲဆို စားလဲ သူပုံလေးနဲ့ အိပ်ရင်လဲ သူ့ပုံလေး အနားထားအိပ်တယ် ၊ နောက်ဆုံး ကျောင်းသုံးဗလာ စာအုပ်တောင် ကိတ်ဝင်းစလတ်နဲ့ လီယိုနာဒို သဘောင်္ပေါ်မှာ လက်ခြင်းယှက်ပြီး နေတဲ့ပုံပါတဲ့ စာအုပ်ဘဲ သုံးတယ် ၊ အဲစာအုပ်တွေကို ၇တန်းက ဆယ်တန်းထိ ကိုင်လာတာ ၊ အဲလိုလောက် စွဲ လန်းပါတယ် ၊ (ဤကား ကြော်ညာတည်း) အခုလဲ စွဲလန်းလွန်းသွားလို့ ဇင်ယော် ပူဆာတာ ဇင်ယော်ကလဲ ရှားသကိုး ပြစရာမှ မရှိတာ ၊ ဇင်ယော်ကို ပထမဆုံးမြင်ဖူးတာ ဘယ်မှာထင်တုန်း မြ၀တီက မြသန်းတင့်ရေးတဲ့ သွေးစည်းတဲ့အခါ သိလိမ့်မယ် ဆိုတဲ့ သီချင်းလာမှ အဲဒီမှာ စမြင်ဖူး တာ ၊ ပုံလေးတွေတော့ မြင်ဖူးတာပေါ့ အကောင်လိုက်က မမြင်ဖူးဘူး ၊ ပါးက ဇင်ယော် ကြည့်မယ်ဘယ်မှာ ရှိတုန်း ဘာညာသာဓကာ မေးတော့ အိမ်ကလူလည်တွေက ကျွန်တော့်ကို လှော်ကား ဥယျာဉ်ကို ခေါ်ပြီး ဗျိုင်းတွေကို ဇင်ယော်ဆိုပြီး လိမ်ပြတယ် ၊ အဟုတ်မှတ်နေတာ နောက်ကြမှ သီချင်းထဲက ဇင်ယော်ကို ပြန်မြင်ကြည့်လိုက်တော့ ဇင်ယော်က ထိပ်မှာ အမဲပါတယ် လေ သူတို့ပြတာက ဗျိုင်းကြီးဟာကို ဘယ်လိုလုပ်ပါမတုန်း ၊ အဲဒါနဲ့ တစ်အိမ်လုံးနဲ့ ကျွန်တော်တစ် ယောက်ထဲ ရန်ဖြစ်တာ ၊ ဗျိုင်းကို ဇင်ယော်ဆိုပြီး လိမ်ပြတယ် ဆိုပြီး ဇင်ယော်က လှတယ် ဗျိုင်းက မလှဘူး ဇင်ယော်လေးကို သိက္ခာချတယ်ဆိုပြီး အော်အော်ငိုတာ ၊ ပါးက တပတ်အတွင်း ဇင်ယော် အစစ်ကို အကောင်လိုက် အနီးကပ်မြင်စေရမယ် တိက်တော့ ကွာ ဆိုမှ ၊ တပတ်ပြည့်လို့ မမြင်ရလို့ ကတော့ အစကပြန်ငိုမယ် ဆိုပြီး ၊ စာသင်တဲ့ ဘောမှာ ရေးထားလိုက်တာ ၊ တစ်ပတ်ပြည့်တော့ ပါးက ညနေကို ဇင်ယော် သွားကြည့်မယ် အထုတ်ပြင်ထား ဆိုတော့ အထုတ်ပြင်တာပေါ့ ၊ ရေဗူးရယ် မုန့်ကြွပ်ရယ် ၊ ပိုက်ဆံအိတ်ရယ် ကျောပိုးအိတ်ထဲ ထည့်ထားတယ် သူလဲ ရုံးက ပြန်လာရော ဒလဘက်ကမ်းက အခုပြောမဲ့ ကျန်စစ်သားကြီး ပေါ်ကိုရောက်လာ တယ် အိုးးးးးးးးးးးးးးးးးးးးးး အများကြီးဘဲ ၊ တစ်ကောင် နှစ်ကောင် သုံးကောင် စုစုပေါင်း လေးဆယ် ကျော်တယ်ဗျာ တိတိကျကျတော့ ရေလို့မရဘူး သူတို့က ပျံနေကြတာကိုး ၊ ပျံပုံပျံနည်း မျိုးစုံဘဲ ဂျွမ်းလဲ ထိုးတယ် ၊ ဗယာဂွေလို့ ခေါ်တဲ့ မုန့်ကိုစားတယ် ၊ သူတို့အတွက် ရောင်းတဲ့ အသည်ရှိတယ် အဲတုန်းကတော့ ၂၀ ပေးရတယ် တထုတ်မှာ ငါးခုပါတယ် နှစ်ထပ်သဘောင်္ကြီး ပေါ်ကနေ လက်ခလေး ထုတ်ပြီး ဗယာဂွေလေး လက်ပေါ်တင်ထားလိုက်ရင် သူ့ဘာသာ လာယူစားတယ် ပြစ်ကြွေးရင်လဲ ရေထဲတခါမှ မကျဘူး အကောင်က တော်တော်ကြီးတယ် အထူးသဖြင့် တောင်ပံက အကောင်ထက်ကြီးနေ သလိုမျိုးဘဲ ။

ဒီဇင်ဘာလ ကနေသွားလိုက်တာ နောက်တခါကျတော့ မတ်လသွားတယ် ၊ အဲကျတော့ သူတို့ ထိပ်ခလေးတွေမှာ အမဲကွက်လေးတွေ ပေါ်လာတယ် ၊ ဘာလို့ပါလိမ့်လို့ တွေးကြည့်မှိတယ် အစ တုန်းက အဖြူဆွတ်ဆွတ် လေးပါ ၊ အခုတော့ ဘာကြောင့် ခေါင်းလေးတွေ မဲကုန်ပါလိမ့်ပေါ့ ၊ သူတို့ ပြန်ရတော့မှာတဲ့ စိတ်မကောင်းလိုက်တာ ၊ သူတို့က ဒီဒေသ ကမဟုတ်ဘူးတဲ့ အခြား တစ်ပါးဒေသ ကနေလာတာ တဲ့ ၊ အေးတဲ့ရာသီဆိုရင် ဒီကိုရောက်လာတယ် ပူတဲ့ကာလကို ရောက်ရင်တော့ သူတို့ဟာ မူလနေရာကို ပြန်သွားတတ်တယ်တဲ့ ဗယာဂွေ (စာကလေးဂွေ လို့လဲ ခေါ်တယ် ) အသည်ကြီးက ရှင်းပြတယ် ၊ ပူတယ်အေးတယ် ဘယ်လိုသိလဲ ဆိုရင် သူတို့ခေါင်းပေါ် မှာ အမဲကွတ်ခလေးတွေ ပေါ်လာပြီဆိုရင် အဲဒါပူနေပြီတဲ့ အဲဒါဆိုရင် သူတို့လဲ မူလဒေသကို တဖြေးဖြေး ပြန်သွားကြတယ်လို့ အသည်ကြီးက ၇ှင်းပြတာကို သားအဖ နှစ်ယောက် နားစွင့်ပြီး ငေးကြည့်နေမှိတယ် ။ နားထဲမှာလဲ “ပျံကာဝဲကာ ငှက်ငွေဇင်ယော်” အဲသီချင်းလေး ထဲက စာသား လေးကို ရသလောက် မတောက်တစ်ခေါက် ဆိုမှိပါရဲ့ ။

နောက်အခေါက်တွေ များမှာတော့ ၊ ကိုယ့်ဘာသာ တစ်ယောက်ထဲ လစ်တာ ၊ ကျန်စစ်သား လို သဘောင်္ကြီး နောက်တစ်စီးလဲ ရှိသေးတယ် ၊ ဘုရင့်နောင်လို့ ခေါ်တယ် ၊ တခါတရံမှာ တော့ အနော်ရထာ ၊ ဖြစ်တတ်တယ် သဘောင်္ချင်းချိန်းတာနဲ့ တူပါတယ် ၊ အခုတစ်ခေါက်က တော့ တစ်ယောက် ထဲ လာတာပေါ့ ၊ လျှောက်လည်မလို့ ဆိုပြီး ပြောထွက်လာ ၊ မုန့်ထည့် ရေဗူးထည့် ကျောပိုးအိတ်ထည့် ၊ ပိုက်ဆံအိတ်လေးပါထည့်ပြီး ငွေစစ်ကြည့် တစ်သောင်းကျော် တယ် ၊ ဟုတ်ပြီ တက္ကစီငှား ၂၀၀၀ တဲ့ အေ၀မ်းမှတ်တိုင်က ငှားတာ ၊ ဟူးရောက်ပါပြီ ကျန်စစ်သား ကြီးပေါ် ယောနသံ အဖွဲ့ကို စာကလေးဂွေ ကြော် ၂၅၀ ဖိုး ၀ယ်ကြွေး ၊ ကိုယ်က မရမ်းပေါင်းထုတ်ထိုးစား  ဖရဲသီးလဲစား စားသောက်ပြီး တော့ ဒလ ဘက်ကမ်းရောက် ၊ ဆင်းပြီး လမ်းလျှောက် နောက်တခေါက် ကြမှ ရန်ကုန်ဘက် ကမ်းကို ပြန်လိုက်မယ်ဆိုပြီး စိတ်ကူးလေးနဲ့ ၊ ကျွန်တော် ဒလဘက်ကမ်းကို ခြေချမှိပါတယ် ၊ ဒလဘက်ကမ်းရောက်တော့ ဘွဲ့အမည်မသိတဲ့ ဘုရားကို သွားမယ်ဆိုပြီး ၊ ကျွန်တော်က ဆိုက္ကားငှားလိုက်ပါတယ် ၊ အဲဒီဘုရားဟာ ကျန်စစ်သား သဘောင်္ ပေါ်က လှမ်းမြင်ရပါတယ် ၊ ဆိုက္ကားဆရာ ရဲ့အဆိုအရ ရွှေစာရံဘုရားလို့ ဆိုပါတယ် ၊ အသွားအပြန် ၅၀၀နဲ့ ဈေးတည့်ပြီး ဘုရားသွားလိုက်ပါတယ် ၊ အံ့သြစရာ ကောင်းလှပါတယ် ၊ ဆရာတော် တပါးရဲ့ ရုပ်ကလာပ် ကြီးတစ်ခုကို ရွှေချထားတဲ့ ခေါင်းတလားထဲမှာ ထည့်သွင်းပူ ဇော်ခံထားပါတယ် ၊ ရဟန္တာ ဦးလိပ်လို့ခေါ်ပါတယ် ၊ ဘွဲ့ကတော့ ဦးသီလတဲ့ ဒုတိယ ကမ္ဘာစစ် အတွင်းက ပျံတော်မူသွားပေမဲ့ ၊ ယနေ့တိုင် မပုတ်မသိုးဘဲ ကျောက်ရုပ်ကြီးလိုဖြစ်နေ တာကိုဖူး တွေ့ရပါတယ် ၊ လက်သည်းတွေ ဆံပင်တွေလဲ ရှည်ပါသတဲ့ မကြာမကြာ သန့်ရှင်းရေးလုပ်ပေး ရတယ် လို့ ဆိုက္ကားဆရာ ကပြောပါတယ် ၊ ဘုရားထဲ လှည့်ပတ်ပြီး နာရီဝက်ကြာတော့ အလှူငွေ ၂၀၀ထည့်ပြီး ၊ ဆိုက္ကားကို စီးပြီး လာရာလမ်းကို မြန်းခဲ့ပါတယ် ။

လာတုန်းက စီးနင်းခဲ့တဲ့ ကျန်စစ်သားကြီးလဲ နောက်တခေါက်ပြန် ရောက်လာပါပြီ  ၊ တိုးတက် တယ် ဆိုတာ သူများပြောရင် ယုံမှာမဟုတ်ပါဘူး ၊ ဘယ်လောက် တိုးတက် နေကြတယ် ဆိုတာကို ဒလနဲ့ ရန်ကုန် ကတို့ကူးတဲ့ နှစ်ထပ်သဘောင်္ကြီးတွေ စီးလိုက်တဲ့ အခါမှာ အင်မတန်ကို သိ သာပါတယ် ၊ အသက်ရှုလို့ မရအောင်ထိကို တိုးခွေ့တက်ပါတယ် ၊ ဆင်းတဲ့လူတွေ ကုန်ခါနီးပြီ ဆိုမှ  တက်တွေ လူတွေကို လွှတ်ပေးပါတယ် ၊  ကျွန်တော်လဲ အဲဒီ အထဲမှာ ရောနှော ပါလာပါတော့တယ် ၊ ကျွန်တော် သဘောင်္ပေါ် မရောက်ခင် ဆိပ်ခံဘော ကိုရောက်တော့ လူတစ်ယောက်က အဘိုး အိုတစ်ယောက်ကို ဆွဲလားရမ်းလား နဲ့လုပ်နေပြီး ၊ ဆိပ်ခံဘောပေါ်က နေ သဘောင်္ပေါ်တက်မဲ့ အဘိုးအိုကို လူရွယ်က ခါးကိုဖက်ထားပြီး “ဟေ့လူကြီး ဘာလုပ်တာလဲ ကားခ ပေးလေ ခင်များဒီလို မလုပ်နဲ့ ၊ လူကြီးလုပ်ပြီး ကလိမ်ကကျစ်ကျတာလား ” ဘာလား ညာလား တော်တော် စုံစုံ စိစိ ပြောဆိုနေတာကို တွေ့ပါတယ် ၊ ကျွန်တော်လဲ အနီးပါးကို ချဉ်းကပ် ပြီး လေ့လာကြည့်တော့ အဘိုးအိုဟာ “ငါ့ကိုလွှတ်စမ်း ငါ့သွားမလို့ လွတ်စမ်း” ၊ “ဘာလို့ လွတ် ရမှာတုန် ခင်များ ကားခပေး အခု သုံးယောက်စာတောင် ပေး ဟိုနှစ်ယောက်ရော ဘယ်မှာလဲ” ၊ အဘိုးအိုနဲ့ လူရွယ်ဟာ သူတခွန်းငါတခွန်းနဲ့ ပြောဆိုနေတာကို ပီပီပြင်ပြင် ကြားနေရပါတယ် ၊ အဲလို စကားတွေကို ထောက်ဆ နားထောင်ကြည့်ခြင်းအားဖြင့် အဘိုးအိုထံမှ လူရွယ်ဟာ ယာဉ် စီးခ သို့မဟုတ် အခြား တစုံတရာနဲ့ ပတ်သက်သော ရစရာ ငွေကြေး တခုခုဖြစ်ရမယ် ၊ အဘိုးအို ဟာ မပေးနိုင်လို့ ထွက်ပြေးလာဟန် ရှိတယ် ၊ အဲလိုသဘော ပေါက်လိုက်မှိပါတယ် ၊ ဒါနဲ့ အနီးအပါးမှာများ ကူညီမဲ့သူ ရှိသလားလို့ ဝေ့၀ိုက်ကြည့်လိုက်တော့ ကူညီမဲ့လူတစုံ တစ်ယောက်ကိုမျှ အရိပ်အယောင် မတွေ့မှိတာကြောင့် ကျွန်တော်ကူညီဘို့ ဆုံးဖြတ်လိုက်ပါတယ် ၊ ကူညီမယ်သာ ဆိုရတာ ဘယ်ကနေ စကူညီရမှန်းမသိတာနဲ့ ဆွဲလားယမ်းလား လုပ်နေတဲ့ လူကြီးဆီသွားပြီး ၊ အန်ကယ် ဘာဖြစ်တာလဲခင်မျာ လို့မေးကြည့်လိုက်ပါတယ် ၊ “ဒီအသက် ကြီးပြီး အချိန်မစီးတဲ့ ဟာကြီးလေကွာ ကားကိုစီးလာပြီး ငွေမပေးဘဲ လစ်သွားလို့ လိုက်တောင်းတာ ၊ နောက်ပြီး တစ်ယောက်တလေ မဟုတ်ဘူးကွာ သုံးယောက်တောင် ငါကစပယ်ယာကွ ၊ သူတို့မပေးရင် ငါက စိုက်ပေးရမှာ ” ဘယ်လောက်လဲ ဗျာ ၁၂၀၀ ကွ ၊ တစ်ယောက် ၄၀၀ရာနဲ့ ၊ ဟုတ် ကျွန်တော်ပေး ပါ့မယ် ၊ လွတ်လိုက်ပါ ကဲ အဘိုး သွားတော့ ရပြီ ကျွန်တော်ပေးလိုက်မယ် ၊ ဆိုပြီး ငွေ၁၅၀၀ ထုတ် ပေးလိုက်ပါတယ် ၊ “ ဒီညီလေးနဲ့ ဘာမှမဆိုင်ဘူး ခင်များတို့လုပ်တာနဲ့ ” ကဲအန်ကယ် အန်ကယ်လဲ လိုချင်တဲ့ ငွေရပြီဘဲ ၊ ပြောမနေပါနဲ့တော့ ဆိုပြီး ကျွန်တော်ဟာ အဘိုးအို လက်ကိုဆွဲပြီး သဘောင်္အပေါ်ထပ်ကို တက်လာပါတယ် ။

သဘောင်္ပေါ်က ထိုင်ခုံတွေမှာ ကျွန်တော့အရွယ် မိန်းခလေးတဦးနဲ့ အဘိုးအိုနဲ့ အသက်ရွယ်တူ အဘွား အိုတစ်ယောက်ကို တွေ့ပါတယ် ၊ ကြည့်ရတာ အတော်ဒုက္ခရောက် လာပုံပါ ၊ မျက်နှာလေး တွေကြည့် ရတာ အတော်လေးကို နွမ်းနယ်နေပုံ ရပါတယ် ၊ အဘိုးက မိတ်ဆက် ပေးပါတယ် ၊ အဘိုးက အကြောင်းစုံ ရှင်းပြတော့ အဖွားက ကျေးဇူးတင် စကားပြောပါတယ် ၊ သမီးလေး လားမြေးလေးလား မသိတဲ့ ရွယ်တူကောင်မလေးကတော့ ရှက်လို့ထင်ပါတယ် ၊ ခေါင်းလေး အောက်ငုံ့နေပါတယ် ၊ ဘယ်ကလာကြတာ လဲလို့မေးလိုက်တဲ့ အခါမှာတော့ ကော့မှူးက လို့ဆို ပါတယ် “ကွမ်းခြံစိုက်တယ်ကွ ၊ အခုသီရိမင်္ဂလာ ဈေးက ကွမ်းပွဲရုံကို ကွမ်းဖိုးလာရှင်းတာ” ၊ ခါတိုင်း ရွာကို ကွမ်းလာကောက်တဲ့ လူက ငွေလာမရှင်းလို့ ၊ စားစရာမရှိလို့ ငွေလာ တောင်း တာလို့ ပြော ပါတယ် ၊ ကျွန်တော် စိတ်မကောင်းပါ ၊ ကျွန်တော်လဲ အဘတို့ ဘာစားပြီးလဲ လို့ မေးလိုက်တဲ့ အခါမှာ ဟိုလိုလို ဒီလိုလို လုပ်နေလို့ ဘာမှ စားခဲ့ရပုံ မပေါ်ပါဘူး ၊ ကောင်မလေးကို လှည့်ကြည့်လိုက်တော့ ၊ တွင်တွင်သာ ခေါင်းငုံနေတာကို တွေ့ရပါတယ် ၊ ကားခတောင် ပေးစရာ မရှိတာ ဟိုဘက်ကမ်းရောက်ရင် ဒီသားမိသားဖတွေ ဘယ်လိုလုပ် သီရိမင်္ဂလာ ဈေးကို သွားကြ မလဲ ၊ ဟိုကွမ်းကောက်တဲ့ လူနဲ့ မတွေ့ရင် ၊ ဒီနေ့ဘာစားပြီး ဘယ်လို နေကြမလဲလို့ ဆက်ပြီး ကျွန်တော် တွေးမှိပါတယ် ၊ ကျွန်တော်ဟာ ၇ ရက်တစ်ပတ်မှ မုန့်ဖိုး နှစ်သောင်းဘဲ ရတဲ့လူပါ ၊ ငွေအများကြီး မရှိပါ ၊ အခုပါတဲ့ ငွေဟာ တနင်္ဂနွေနေ့က မှ ရထားတဲ့ ငွေမို့ နောက်တပတ် တနင်္ဂနွေကို ရောက်ဘို့ လေးရက်လိုနေသေးပါတယ် ၊ တော်တော်လေး ငေးငေး ငိုင်ငိုင် စဉ်းစား ပြီး ၊ မုန့်ဖိုးမရှိရင် ဘယ်လိုလုပ်မလဲ ၊ ဒီလူတွေက လူလိမ်တွေဆိုရင် ကဲ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်ပါတယ် ၊ “ အဘနဲ့အဘွား ကျွန်တော် ဇင်ယော်လေးတွေ သွားကြည့်လိုက်အုံး မယ်နော် ”အဘိုးအိုရဲ့ မျက်နှာလေးဟာ အနဲငယ် အားပျက်သယောင်ယောင် ဖြစ်သွားပါတယ် ၊ ကျွန်တော် လဲ  ကိုယ့်ဝမ်းနာ ကိုသာသိမလား ၊ အခုတောင် အိမ်ကို တက္ကစီ ငှားပြန်ရင် ၂၅၀၀ လောက်ကုန် ဘို့ရှိသေးတယ် ၊ “ငါလုပ်နိုင်သလောက် လုပ်ပေးခဲ့ ပြီးပြီဘဲလေ ” လို့ ကိုယ့်ကိုကိုယ် ဖြေဆေးထိုး ပြီး  အဲဒီသားမိ ထိုင်တဲ့ခုံနဲ့ ဘေးချင်း ကပ်က လက်ရမ်းကို ကိုင်ပြီး အဲဒီသားမိသားဖ သုံး ယောက်ကို ကျောပေးပြီး ဇင်ယော်တွေကို ငေးကြည့်နေမှိပါတော့တယ် …။

ရန်ကုန်ဘက် ကမ်းကိုရောက်တော့ အောက်ထပ်က လူတွေအကုန် ဆင်းသွားပါပြီ ၊ အပေါ်ထပ်က လူတွေ ဆင်းဘို့ အသင့်ပြင်နေချိန်မှာ ကျွန်တော်ဟာ ထိုသားမိရဲ့ ထိုင်ခုံလေးကို မသိမသာ ငေးကြည့်လိုက်မှိပါတယ် ၊ အစားအစာ မစားရသေးလို့ အားပြတ်နေတဲ့ လူတွေနဲ့ တူလှပါတယ် ၊ အဲဒီအချိန်မှာ ကျွန်တော့်စိတ်ထဲမှာ အဲဒီအဘိုး နဲ့အဖွားဟာ ငါ့အဘိုးနဲ့ အဖွားဆိုရင် လို့တွေးလိုက် မှိပါတယ် ၊ ငါမှာ ပေးစရာလဲ ငွေရှိတယ် ၊ ငါမှာမရှိရင် အိမ်ကိုပြန်တောင်းလို့ ရတာဘဲ သူတို့မှာ ဘယ်သူ့ဆီက မှတောင်းလို့မရလို့ အခုထိ ဘာမှမစားခဲ့ရတာ နေမှာပေါ့ ငါ နဲ့ကြုံကြိုက်နေတုန်း ကူညီလိုက်ရင် ကောင်းမလား ၊ ငါနဲ့ ကြုံကြိုက်တုန်း မကူညီခဲ့ရလေ ခြင်းလို့ နောင်တ ရတာကို ခံစားမလားလို့ တောက်လျှောက် တွေးမှိနေပါတော့တယ် ၊ တွေးပြီးတဲ့ အချိန် မှာတော့ ကျွန်တော်ရော သားမိသားဖ သုံးယောက်ပါ ရန်ကုန်ဘက်ကမ်း ရဲ့ဆိပ်ခံ ဘောပေါ်ကို ရောက် နေပါပြီ ၊ ကျွန်တော့် လက်တစ်ဖက်ဟာ ရုတ်တရက် အဘိုးလက်ပေါ် ကိုရောက်သွားခဲ့ပါ တယ် ၊ အဘိုး ကျွန်တော်နဲ့ လိုက်ခဲ့ ပါ ၊ တခုခုစားရ အောင်လို့ ဖိတ်ခေါ်လိုက်ပါတယ် ၊ အဘိုးအို ရဲ့ မျက်နှာဟာ ၀င်းပလို့သွားပါတယ် ၊ သူ့ဘေးက အဖွားကိုလဲ ကျွန်တော်တခုခု ကျွေးမဲ့ အကြောင်းကို ပြောနေဟန် ရှိပါတယ် ၊ ဒါကြောင့် အဘွားက ရှေ့ကို နဲနဲရောက်နေတဲ့ သူ့သမီး လား မြေးလားမသိတဲ့ ကျွန်တော်နဲ့ ရွယ်တူလောက် ကောင်မလေးရဲ့ လက်ကို ဆွဲလိုက်ပါတယ် ။

ပန်းဆိုးတန်း ကိုရောက်တော့ ၃၇လမ်းထဲက အလုပ်သမားတွေ စားသောက်တဲ့ လမ်းဘေး ထမင်း ဆိုင်လေးကို ကျွန်တော်က ဦးဆောင်ခေါ်လာ ခဲ့လိုက်ပါတယ် ၊ ကဲအဘိုးနဲ့ အဖွား တို့ မှာစားကြ ကျွန်တော်ကော်ဖီ သောက်မယ်ဆိုပြီး ကော်ဖီတစ်ခွက် မှာသောက်ပါတယ် ၊ ရေသန့်ဗူး တဗူး လဲချ ခိုင်းလိုက်ပါတယ် ၊ သူတို့စားသောက် နေပုံဟာ တော်တော်လေးကို ဆာလောင်မွတ်သိပ် နေတဲ့  ပုံစံအတိုင်းပါဘဲ ၊ ကျွန်တော် ၀မ်းသာမှိပါတယ် ၊ စိတ်ထဲကလဲ သူများကို ငါကြွေးရင် ငါ့အလှည့် ကျရင်လဲ ပြန်ကြွေးမဲ့ လူတွေပေါ်မှာပေါ့လို့ အတုန့်အလှည့်သဘော လေး စဉ်းစားမှိပါတယ် ၊ သီရိမင်္ဂလာ ဈေးကို သွားတက်လား အဘိုးလို့ ပြောတော့ “ မေးစမ်းသွား ရမှာပေါ့လို့” သံပြတ်နဲ့ ပြောပါတယ် ၊ စားသောက်ပြီး ငွေရှင်းတော့ ၁၉၀၀ ကျပါတယ် ၊ အိပ်ထဲမှာ ငွေကို စိတ်ကူးနဲ့ မှန်းပြီး တွက်ကြည့်လိုက်တော့ ၆၀၀၀ ကျော် လောက်ကျန် အုံးမယ်လို့ မှန်းဆ မှိပါတယ် ၊ အဘိုးအို လက်ထဲကို ငွေ သုံးထောင်ထည့် ပေးလိုက်ပါတယ် ၊ ကားငှားပေးလိုက် မယ် နော် အ ဘိုး ၊  “အေး သာဓုပါကွယ်xxxxxxxxxxxxxxxxxxx” သာဓုကိုဘဲ ကောင်းကောင်းသိ ပါတယ် အ နောက်က ဟာတွေကို နားတော့မလည်တော့ပါ ၊ ကောင်းတာတွေ ဆိုပြီး ဆုပေးနေတာလို့ ဘဲ မှတ်ထားလိုက်ပါတယ် ၊ စားသောက်ပြီး ၃၇လမ်း ထိပ်ကို ကျွန်တော် သားမိသားဖ သုံးယောက်နဲ့ အတူ ပြန်လာပြီး ကားတစ်စီးကို တားလိုက်ပါတယ် ၂၀၀၀ တဲ့ ကျွန်တော် ငှားပြီး တင်ပေးလိုက်ပါ တယ် ၊ တာတာ နော် အဘိုး အေးအေး ငါ့မြေး ကျမ်းမာ ချမ်းသာပါစေ ဟုတ်ကဲ့ အဘိုးတို့လဲ အဆင် ပြေချောမွေ့ပါ စေခင်မျာ ၊ ကားဟာ အဝေးကို ထွက်သွားတဲ့ အထိ ကျွန်တော်ငေး ကြည့်ပြီး ကျန်ရစ်ခဲ့ပါတယ် ၊ ကျွန်တော် ပိုက်ဆံအိတ်ထဲမှာ ၅၀၀တန် ၂ရွတ် ၊ ၂၀၀တန် ၁ရွတ် ၅၀ တန် ၁ရွတ်ကျန်ပါတယ် ၊ ဒီငွေနဲ့ အိမ်ကိုတက္ကစီ ငှားပြီး မပြန်နိုင်တော့ တာမို့ ကျွန်တော်ဟာ ၊ အိမ်ကို ပြန်ဘို့ ၅၁ လိုင်းကားတွေ ရှိတဲ့ မဟာဗန္ဓုလ ပန်းခြံဘက်ကို မျက်နှာမူ  လျှောက်လာခဲ့ ပါတော့တယ် ၊ အိမ်ကိုပြန်ရောက်တော့ ဒိုင်ယာရီ ထဲမှာ “ကျွန်တော်နဲ့ ကျန်စစ်သား”လို့ ခေါင်းစဉ် တပ် ဖြစ်ရပ်အကျဉ်းချုံးလေးရေး ၊ ကုန်ကျငွေ စာရင်းလေးပါ အသေးစိပ်ပြုစုလိုက်မှိပါတော့တယ် ။

“စာရှုသူ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေလို့ ကို  မစ္စတာ ငွေလမင်းက ဆုတောင်း မေတ္တာပို့ သလိုက် ပါတယ် ”

11 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတစ်ဘက်သားကို သနားကြင်နာတတ်တဲ့ ငွေလမင်းတို့ကို သိပ်လေးစားမိပါတယ်..
အလှူဒါနဆိုတာ ကြီးကြီးမားမား လုပ်မှ မဟုတ်ပါဘူး.။။ လူမသိ သူမသိ လုပ်လိုက်ပေမဲ့ အဲဒီအလှူအတွက် တစ်စိမ့်စိမ့် ပီတိဖြစ်ပြီး စိတ်ချမ်းသာနေရခြင်း၊ ပြန်တွေးတိုင်း ကြည်နူးနေမိခြင်းဟာလည်း မွန်မြတ်သန့်စင်တဲ့ အလှူဒါနပါဘဲ
ဒီလိုအလှူကို လူတိုင်းက ပြုနိုင်ခဲပါတယ်..
ဘာလို့ဆို လူတော်တော်များများက အလှူခံဖြတ်ပိုင်းလေး၊ နံမည်ကြော်ငြာပေးတာမျိုးတွေ လူသိရှင်ကြား လှူရမဲ့ နေရာမျိုးတွေမှသာ စေတနာ ရှိတတ်ကြတာ များတယ်..
ငွေလမင်းတို့မောင်နှံလည်း တတ်နိုင်သမျှ အလှူဒါနလေးတွေ အမြဲတမ်းပြုနိုင်ပါစေ။
ခုလိုဘဲ စိတ်ကောင်း စေတနာကောင်းလေးတွေ အမြဲတမ်း ရှိနိုင်ပါစေ၊ ထားနိုင်ပါစေ.. စေတနာအကျိုးကိုလည်း အမြန်ဆုံး ခံစားခွင့်ရပါစေလို့
ခင်မင်စွာ ဆုတောင်းပေးသွားပါတယ်.

မောင်လေး said...

လေးစားပါတယ်...ငွေလမင်းရေ...။လူတွေကို ကူညီတတ်
သူအဖို့ စေတနာ ရောင်ပြန်ဟပ်ပါလိမ့်မယ်...။

Anonymous said...

ဖတ်သွားတယ် ကိုဇင်ယော် ရေ အဲ ငွေလမင်း ရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုဇော် said...

သာဓု...သာဓု...သာဓု...ပါ
ယောနသံ ငွေလမင်းရေ။

ငွေလမင်. said...

လာလည်တာကို ကျေးဇူးတင်ပါတယ် ချင်များ/ရှင့်

မိုးယံ said...

တစ်ကယ့် ဘ၀တွေဟာ ၀တ္ထုတွေထဲက ထက်တောင်ပိုပြီး ရသမြောက်နေပါကောလား

ငွေလမင်း စေတနာအား သာဓုခေါ်မိပါသည်။
သာဓု သာဓု သာဓု၊

လူသားအားလုံးအတွက် said...

မိုးယံမဟုတ်ပါဘူး ကျွန်တော်က ကျွန်တော့်မှာ ဘလော့မရှိပါ ၊ စာဖက်ဝါသနာ ပါသူတဦးသာ ဖြစ်ပါတယ် ။

လူသားအားလုံးအတွက် said...

ကိုမိုးယံဆိုတာ ကျွန်တော်မဟုတ်ပါ.........။

ရွှေရတုမှတ်တမ်း said...

ကိုလမင်းရေ..ပေါ်လစီသီချင်းရေးတာ..မြသန်းစံ ဖြစ်ပါလိမ့်မယ်...ဆရာမြသန်းတင့်ကတော့ အဲလို အလုပ်တွေဘယ်တုန်းကမှ မလုပ်(မလုပ်) ခဲ့ပါဘူး..
ဒါနဲ့ စကားမစပ်..မိုးယံနဲ့ ငွေလမင်းက ဘာတော်သလဲဟင်..ဗမာပြည်မှာ အဲလိုနာမည်မျိုး ထီဆိုင်တွေ့ဖူးသလားလို့

sosegado said...

ကောင်းမူတစ်ခုနေ့စဉ်ပြုနှင့်ကိုက်ပါတယ်၊ စိတ်ဓါတ်ကို ဂုဏ်ယူလေးစာမိပါတယ်။

သဇင် said...

မနေ့က အရမ်းလေးစားရတဲ့ ပညာရှိလေး တယောက်က ဒီလိပ်စာလေး ပေးလို့ မနေ့က ကတည်းက အလည်ရောက်လာပါတယ်။ ဒါပေမဲ့ comment ကိုတော့ အခုမှရေးဖြစ်တာပါ။ လောကမှာ မရှိလို့ မလှူ၊ မလှူလို့ မရှိတဲ့။ ကျမရဲ့ ကျေးဇူးရှင်ချစ်သောအဖေပြောခဲ့တဲ့စကားလေးကတော့..
လူတွေက အလှူအတန်းကြီးလုပ်ပြီဆိုရင် ဂုဏ်ရှိတဲ့လူ၊ချမ်းသာတဲ့လူတွေကိုဘဲ ရွေးပြီးဖိတ်တတ်ကြတယ်။ မရှိဆင်းရဲသားတွေကို မဖိတ်တတ်ကြဘူး။ မရှိဆင်းရဲသားတွေလာရင်လဲ မောင်းထုတ်တတ်ကြတယ်။ကျက်သရေ မရှိဘူးဆိုပြီးတော့။ တကယ်တန်းဖြစ်ရမှာက ရှိပြီးသားလူ၊ချမ်းသာပြီးသားလူတွေက ဖိတ်လို့သာ လာကြတာ၊ စားပြီးသောက်ပြီး ပြန်တော့လည်း နောက်ကွယ်မှာ အတင်းပြောကြတာ၊ ဟိုဟာကဘယ်လို၊ ဒီဟာက ဘယ်လိုဆိုပြီးတော့။ အဲဒီနေရာမှာ မရှိဆင်းရဲသားကိုသာခေါ်ကျွေးကြည့်၊ ဘယ်လောက် သူတို့ ၀မ်းသာလိုက်မလဲ၊ ဘယ်လောက် ကျေးဇူးတင်လိုက်မလဲ။ အဖေကတော့ ဆင်းရတဲ့ သူဘဲခေါ်မယ်။ သမီးလဲ အလှူလုပ် ရင် ဆင်းရဲတဲ့ သူဘဲဖိတ်၊ အဲဒါမှ တကယ် ကုသိုလ်ရတယ်တဲ့... စစ်မှန်သော အလှူကို ပေးတဲ့ ငွေလမင်း ကို ဘုရားသခင်ကောင်းကြီးများစွာပေးပါစေ။