Sunday, October 17, 2010

ရတနာနဲ့ မထိုက်တဲ့သူ

အင်တာနက်စာမျက်နှာမှ စာများလျှောက်ဖတ်ရင်း တွေ့လိုက်ရတဲ့ မြင်ကွင်းက နှလုံးနာစရာ အော့အန် ချင်စရာ ၊ ရွံ့ရှာဖွယ်ရာ အတိဖြင့်ပြီးသော သတင်းတစ်ပုဒ်ကို www.suntimes.com မှာဖတ်ရူလိုက် ရပါတယ် ၊ ၂၀၀၉ ခုနှစ်က အမေရိကန်ရောက် မြန်မာဒုက္ခသယ် တစ်ဦးဖြစ်တဲ့ နုနုဆန်း လို့ခေါ်တဲ့ မြန်မာအမျိုးသမီး တစ်ယောက်ဟာ သူ့ညီမ၀မ်းကွဲရဲ့ ယောကျာ်းနဲ့ ရတဲ့ကလေးကို မွေးပြီးပြီးခြင်း ကလေးချက်ကြိုး တောင်မဖြတ်ရသေးဘဲ ချုံထဲမှာ မိုက်ရိုင်းကန်းနစွာ စွန့်ပြစ်ခဲ့လို့ ယခုအမေရိ ကန် အစိုးရက ထောင်ဒဏ်သုံးနှစ် ချလိုက်ပါတယ် ၊ ယခုတော့ သူမှားတယ်လို့ ၀န်ခံတဲ့ အတွက်ကြောင့် အမေရိကန်မှာ ထောင်သုံးနှစ်ချ ခံရတော့မှာဖြစ်ပါတယ် ။
မာတာပိတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟောတဲ့ ၊ လောကမှာ အားလုံး သားသမီးကို မုန်းတယ်လို့ ထုံးမရှိပါဘူးတဲ့ ခင်မျာ ၊ သူ့ကျမှ ချက်ကြိုးတောင်မဖြတ်ရသေးတဲ့ ကလေးကို ဘာကြောင့် လွင့်ပြစ်ခဲ့တာပါလိမ့်နော် ၊ မိခင်ဆိုတာ အနန္တော အနန္တငါးပါး စာရင်းပါဝင်သူတွေပါ ၊ မိဘလို့ ခေါ်ခံရတဲ့ ဂုဏ်ဟာ နဲတဲ့ဂုဏ်အင်မဟုတ်ပါ ၊ အပျိုများ သားသမီးမဲ့သူများမှာ ဒီဂုဏ်အင်္ဂါ မရှိနိုင်ပါ ၊ အမျိုးသမီး တစ်ယောက်ဟာ သားသမီးတစ်ယောက် ရလိုက်တာနဲ့ ဘုရားနဲ့တန်းတူ အခွင့်အရေး ရသွားပါတယ် ၊ သားသည်အမေရဲ့ ဂုဏ်အင်ပါ ၊ မိဘရဲ့ ဂုဏ်ကျေးဇူးဆိုတာ အနှိုင်းမဲ့လို့မို့ အ နန္တလို့တောင် တင်စား ထားရပါတယ် ၊ အဲလိုဂုဏ်အင်တွေ ရတယ်ဆိုတာ ၊ သားသမီးဆိုတဲ့ ရတ နာတွေ ကြောင့်သာပါ ၊ ခပ်ငယ်ငယ် တုန်းက “ဘိုးဘိုး သားသမီးတိုင်း ရတနာလားလို့ မေးတော့ ဟုတ်တယ်တဲ့” ဆိုးတဲ့သားသမီးကို ရထားတဲ့မိဘကလဲ သူ့သားသမီးကို ရတနာလို့ဘဲ ခေါ်ထိုက် တယ်တဲ့ ၊ အဲဒီသားသမီးတွေရှိလို့ အနန္တဆိုတဲ့ ဘွဲ့ကိုရတာတဲ့ ၊ သားသမီးတွေ လိမ်မာမာ ဆိုးဆိုး ၊ မိခင်ဖခင်တွေကတော့ အနန္တဆိုတဲ့ ဘွဲ့ထူးကြီးကို သားသမီးမွေးလိုက်တာနဲ့ ရရှိပါသတဲ့ ၊ အော် ဒီအမျိုးသမီးဟာ အနန္တ ဆိုတဲ့ ဘွဲ့နဲ့ သူမထိုက်တန်တဲ့ သူပါလား ၊ သူ့ကို အနန္တစာရင်း ၀င်ဖြစ်အောင် လုပ်ပေးမဲ့ သားရတနာလေးနဲ့ မထိုက်တန်သူပါလား ။

မိခင်များ အားလုံးကို ငွေလမင်းတို့က အမြဲတမ်းလေးစားလျှက်
အောက်မှာ သတင်းအပြည့်အစုံကို ဖက်ရူကြပါရန်
Wheaton woman gets 3 years for abandoning newborn
October 15, 2010
BY DAN ROZEK Staff Reporter

Nunu Sung so desperately wants to get back the child she abandoned in a neighbor’s yard after secretly giving birth last year that she agreed to serve the maximum, three-year prison term for the offense, her attorney said Friday.
As part of a plea deal with DuPage County prosecutors, Sung — a refugee from Myanmar, formerly Burma — received the sentence after pleading guilty to felony obstruction of justice for lying about giving birth to the infant on June 12, 2009.

Nunu Sung

“She’s taking a very difficult sentence for her to both stay here and eventually reunite with her child,” said DuPage County Public Defender Jeff York.
For their part, prosecutors agreed not to seek to terminate her parental rights to the now 16-month-old child, whom hospital workers named “Joshua” while he was in their care.
The petite, dark-haired Sung, now 25, wept softly throughout the hearing, then was immediately taken into custody after Judge Blanche Fawell imposed the prison term.
Sung, who was free on bond, had been seeing her son weekly in supervised visits since August 2009. He remains in foster care under the supervision of the Illinois Department of Children and Family Services.
Sung understands that she erred in abandoning the baby and agreed to the prison term in hopes it will enable her to ultimately keep her child and her residency in the U.S.
“Trying to get her kid back was her first priority, staying here was her second priority — and her own welfare was her last concern,” York said.
Sung likely will serve more than a year behind bars before being paroled. York said it wasn’t immediately clear if she would be allowed to see her son while she is locked up.
Speaking through a translator, Sung quietly answered “guilty” when asked by the judge to enter a plea during the hearing. She repeatedly dabbed tears from her eyes after the judge handed her a box of tissues early in the sentencing.
Sung fled the unstable, southeast Asian country more than four years ago, then became pregnant while living in Texas, authorities said. She moved to Wheaton in February 2009 to live with a cousin and the cousin's husband, though she hid her pregnancy from them, officials have said.
Sung left her apartment several hours before giving birth, telling her relatives she was going for a walk. They contacted police early on June 12, 2009 to report Sung hadn’t returned home, though officers later found Sung in the apartment.
While she was being questioned by police, a neighbor discovered Sung’s naked, newborn infant — part of the umbilical cord still attached — crying softly under bushes at the edge of his property.
Sung initially denied, but then ultimately admitted giving birth to the youngster, who suffered no serious medical problems despite being abandoned for several hours.








21 comments:

ဒေါင်းမင်း said...

အေးဗျာ၊အကြင်နာတရားမဲ့လိုက်တာ။မိမိသားသမီးအပေါ်
တောင်ဒီလောက်အကြင်နာတရားမဲ့နေရင်..သူဟာ
လူလို့ခေါ်ထိုက်ပါ့မလား။သတ္တ၀ါတွေတောင်ကိုယ့်သား
သမီးကိုအသက်နဲ့လဲကာကွယ်သေးတာပဲ။လူဖြစ်ပြီးဒီလို
လုပ်တာဟာအင်မတန်မှစက်ယုတ်ဖွယ်ကောင်းလှပါတယ်။
ခင်မင်စွာဖြင့်
ဒေါင်းမင်း

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ခုခုများ အကြောင်း ရှိနေသလားနော်။
တစ်ယောက်ယောက်ကတွေ့ပြီး မွေးစားသွားစေချင်လို့များ သွားပြစ်ထားလေသလား
အင်း.. ဘာဘဲဖြစ်ဖြစ် မြန်မာလူမျိုးရယ်လို့ စာစောင်တွေထဲ ကမ္ဘာသိအောင် ပါလာခဲ့ပြီဖြစ်တော့
မြန်မာလူမျိုးတွေ လူစိတ်မဲ့ပါလား။ အကြင်နာ မဲ့ပါလားလို့ တွေးထင်ကုန်ကြမယ် ထင်ပါတယ်။

Mg Mg Zaw Htet said...

ကလေးက ဘာမှမဖြစ်ဘူးဆိုတော့ တော်သေးတာပေါ့။ ကလေးအမေကတော့ သူ့စေတနာ အတိုင်းသူခံရတာပေါ။့
ခင်မင်စွာဖြင့်

ကိုကိုးအိမ်(မန္တလေး) said...

အင်း ဒါမျိုးလည်းရှိတယ်နော်။ စိတ်ပျက်စရာကောင်းလိုက်တာ

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

Anonymous said...

တဒင်္ဂ စိတ်ဖောက်ပြန်သွားလို့ ဖြစ်မယ်ထင်တယ်နော်။
ကလေး သနားပါတယ်။

LTN

ကျော်သက် said...

အပြစ်တင်တာတွေ စောကုန်ပြီထင်တယ်

အမေရိကားမှာ လွတ်လပ်စွာ ကလေးဖျက်ချခွင့် ရှိတယ်ဗျ။ အမျိုးသမီး အခွင့်အရေးအဖြစ်နဲ့။

သူ ကလေးကို မလိုချင်ရင် အစောကြီးထဲက ဖျက်လို့ ရရဲ့သားနဲ့ မဖျက်ဘဲ ကိုးလလွယ် ဆယ်လဖွားခဲ့တယ်။ ချုံထဲမှာ စွန့်ပစ်တယ်ဆိုတာကတော့ ကလေး အသက်ရှင်ပြီး ဂေဟာတစ်ခုခုကို ရောက်သွားစေချင်လို့များလား။ အမေရိကန်က ကလေးဂေဟာတွေဆိုတာ မြန်မာပြည်မှာလို ဆင်းရဲမွဲငတ်နေတဲ့ နေရာတော့ မဟုတ်ဘူး။

သူ့ညီမဝမ်းကွဲယောက်ျားနဲ့ ရတဲ့ကလေးဆိုတော့ သူ့မှာ မြန်မာအသိုင်းအဝိုင်းကြားထဲ ဒီကလေးကို မွေးဖို့ ပြဿနာ ရှိပုံရတယ်။ အဖြူတွေ အမည်းတွေ ကြားမှာတော့ ဘယ်လိုနည်းနဲ့ ကလေးရလာလာ ကိစ္စမရှိဘူး။ မိခင်ကို ထောက်ပံ့ကြေး အပြည့်နဲ့ စောင့်ရှောက်တာပဲ။ မြန်မာအသိုင်းအဝိုင်းကြားထဲကျတော့ သူ့အခက်အခဲကို နားလည်ပေးသင့်တယ်။

စကတည်းက ညီမဝမ်းကွဲယောက်ျားနဲ့ မဖြစ်ခဲ့ရင် ပိုမကောင်းဘူးလား။ ဒါလဲ မှန်ပါတယ်။ ဒါပေမယ့် ဖြစ်ပြီးမှ အပြစ်တင်နေတာထက် သူ့မှာ တခြားရွေးစရာလမ်း မရှိလို့ လုပ်ခဲ့ရတာများလားလို့။

ကျော်သက် said...

နောက်တစ်ခုလေး အရေးကြီးတာ ပြောချင်လို့ဗျာ။

အမျိုးသမီး တစ်ယောက်ဟာ သားသမီးတစ်ယောက် ရလိုက်တာနဲ့ ဘုရားနဲ့တန်းတူ အခွင့်အရေး ရသွားပါတယ် ၊

အဲလိုတော့ မပြောသင့်ဘူး ထင်ပါတယ်ဗျာ။ ဘဝပေါင်းများစွာ ပါရမီ ၁၀ ပါးကို ဖြည့်ကျင့်ပြီးမှ ပွင့်ရတဲ့ ဘုရားအဖြစ်ဟာ ယောက်ျားတစ်ယောက်ယောက်နဲ့ အိပ်လိုက်လို့ ဗိုက်ကြီးတာနဲ့ နှိုင်းတောင် မနှိုင်းအပ်ပါဘူး။

မေထုန်မှုပြုလို့ ဗိုက်ကြီးပြီး မီးဖွားတဲ့ အမျိုးသမီး မပြောနဲ့ ကိလေသာကုန်ပြီး ရဟန္တာ ရဟန္တာမကြီးတွေတောင် မြတ်စွာဘုရားနဲ့ တန်းမတူပါဘူး။ သဗ္ဗညုတ ဥာဏ်တော်နဲ့ ဘုန်းတော် ၁၀ တန် ဥာဏ်တော် ၁၀ ပါးကို မြတ်စွာဘုရားသာ ရလို့ပါ။

မိခင်ဖခင်ဘဝကို အမွှန်းတင်ချင်ဇောနဲ့ ပုထုဇဉ်နဲ့ ဘုရားရှင်၊ မနှိုင်းကောင်းနှိုင်းကောင်း တန်းတူထားတာတော့ အပြစ်မဖြစ်စေချင်လို့ပါ။

ကိုဇော် said...

သူများ ယောက်ျားနဲ့ စဖြစ်ကတည်းက စမှားတာပဲ။ နောက်တော့ ကလေးကို ယူလိုက်တာ ဆက်မှားတယ်။ မွေးလာပြီးတော့မှ စွန့်ပစ်တာ ပိုမှားပြန်ရော။ အမေရိကားမှာ ကလေး တရားဝင် ဖျက်ခွင့် ရှိပေမဲ့ အကောင်လိုက် မွေးပြီးတော့မှ သတ်ခွင့်တော့ မရှိဘူး။ မွေးပြီးတော့မှ ဒီလို လုပ်တော့လည်း ခံစားသင့်ပါတယ်။

ကိုဇော် said...

ကိုကျော်သက် ပြောတာ ဟုတ်ပါတယ်။

ဒါပေမဲ့ စာရေးသူက ယောက်ျားသားကို မွေးဖွားခဲ့တဲ့ မိခင်ဟာ ထိုယောက်ျားက ဘုရားဆုပန်သူ ဆိုရင် ဘုရားကို မွေးဖွားပေးတဲ့ သူမို့ မြတ်တယ် လို့ ဆိုချင်ပုံ ရပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ရင်သွေးကို မွေးပြီးမှ အဲဒီလို စွန့်ပစ်တာတော့ မှားတယ်ဗျာ။

ငွေလမင်း said...

ဟုတ်ကဲ့ ကိုကျော်သက် မင်္ဂလာပါခင်မျာ ၊ ဒီခေတ်ဒီအခါမှာ ခလေးမလိုချင်ရင် မရအောင် လုပ်တဲ့နည်းလမ်း များစွာရှိပါတယ် ၊ မမွေးရင် ကိုယ်ဝန်ရကတည်းက လုပ်ပြစ်လိုက် ပါ မွေးဘို့ရည်ရွယ်လာရင် ၊ မွေးလိုက်ပါ ဒီသတင်းထဲကို သေသေချာချာဖက်ကြည့်ပါ “ချက်ကြိုး မဖြတ်ရသေးသော”ဆိုတဲ့ စကားရပ်လေးပါပါတယ် ၊ လူတစ်ယောက်မွေးရင် မိနစ်ပိုင်းအတွင်း မှာ ချက်ကြိုးဖြတ်ရပါတယ် ၊ ဒါလေးတောင် ကိုးလလုံးလွယ်လာခဲ့တဲ့ မိခင်က လုပ်ပေးဘို့ အချိန်မရဘူးလား ? လို့ကိုကျော်သက် ကိုမေးချင်ပါတယ် ၊ မိန်းမ တစ်ယောက်ရဲ့ အခွင့်ရေးအနေနဲ့ ခလေးမယူချင်ရင် ဆန္ဒအတိုင်းလုပ်ခွင့်ရှိတယ် ဆိုတာ အတိလင်းကျေ ညာပြီးသားဖြစ်ပါတယ် ၊ သို့သော် ခလေးဖြစ်လာလို့ အသက်ရှင်လာပြီ ဆိုရင် လုပ်ခွင့်မရှိတော့ပါ ၊ အခုစွန့်ပြစ်ခံရတဲ့ ခလေးဟာ အနှီင်္းတောင်မပါဘဲ စွန့်ခံရတာပါ ၊ အပြည်ဆိုင်ရာ လူ့အခွင့်ရေး ကျေညာစာတမ်း ၅နဲ့၆မှာ ဒီကိစ္စတွေကို ပြစ်မှုအဖြစ် တရားဝင်ကျေညာထားပြီး ဖြစ်ပါတယ် ၊ လူသားမဆန်တဲ့ လုပ်ရပ်ဖြစ်တဲ့ အတွက်ကြောင့် မြန်မာလူမျိုး ရဲ့ကျတ်သရေကိုအထူးယုတ်စေပါတယ် ၊ အဟိတ်တိရိစ္ဆာန်ခွေး များတောင် ဒီလိုလုပ်တာ မမြင်ဘူးခဲ့ပါ ၊ ကျွန်တော်တို့ ဇနီးမောင်နှံဟာ ဒီကိစ္စကို မထောက်ခံပါဘူးခင်မျဲာ ၊ မိန်းမ တစ်ယောက်မှာ ခလေးမယူခွင့်ရှိတယ်ဆိုတဲ့ အခွင့်ရေးရှိရင် လူသားလေးတစ်ယောက်ဟာလဲ မိဘဲမဲ့ဂေဟာ ပို့ခံပြီး ကောင်းစွာမကြီးပြင်းသင့်ဘူးလားခင်မျာ ၊ ချုံထဲမလွင့်ပြစ်ခဲ့ဘဲ မွေးပြီးသေသေချာချာ ထုတ်ယူလာပြီး ပရဟိတဂေဟာ ပို့လိုက်ပါလားခင်မျာ ၊ အခုဒီခလေး အသက်ရှင်နေ သေးလို့တော်သေးပါတယ် ၊ ချုံထဲပြစ်လိုက်ချိန်မှာ မြွေကိုက်သွားမယ် ၊ ခွေးကိုက်သားမယ် ၊ တစုံတရာ ဖြစ်လို့ အသက်ဆုံးရှုံးမယ်ဆိုရင် ၊ ဒီမိန်းမဟာ ရာဇ၀တ်မှု ကြီးလွန်သူဖြစ်ပါတယ် ၊ ဟုတ်ကဲ့ ကျွန်တော်တို့အမြင် ကျွန်တော်တို့ အတွေးကို ရေးသားတဲ့အခါ မှားတာပါကောင်းပါ ပါလိမ့်မယ် ၊ ကျွန်တော်တို့ဟာ နှစ်ယောက်ပေါင်းမှ အသက် ၄၅နှစ်ဘဲရှိပါသေးတယ် ၊ ကျွန်တော်တို့ ဖက်ရတာကိုသာ ကျွန်တော်တို့ တိတိကျကျ ပြန်လည်ဖောက်သယ်ချခြင်း သာဖြစ်ပါတယ် ၊ ပုဂ္ဂိုလ်တစုံတရာကို ထိခိုက်လိုခြင်း အလျှင်းမရှိပါကြောင်း အသိပေးပါတယ် ၊ အမြင်ကို တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အတွက်ကျေးဇူးတင်ပါတယ် ။

ငွေလမင်း said...

ဘုရားနဲ့တစ်တန်းထဲ ဖြစ်သွားတယ်ဆိုတာ လူကိုဆိုလိုတာမဟုတ်ပါ ဂုဏ်ကိုသာ ဆိုလို ရင်းဖြစ်ပါတယ် ၊ ဗုဒ္ဓဂုဏော အနန္တောဖြစ်သလို ၊ မာတာပိတု ဂုဏော သည်လဲ အနန္တော
ပင်ဖြစ်တာကြောင့် ၊ ဂုဏ်အင်္ဂါအားဖြစ့်တူတာကို ဆိုလိုပါတယ် ၊ ကာလာတူပြီး ပုဂ္ဂိုလ် ကွဲတာကို ဆိုလိုပါတယ် ၊ ဥပမာအားဖြစ့် ဗိုလ်မှူးနဲ့ တပ်သား အရောင်တူပါတယ် ၊ ရာထူး မတူပါ ၊ အမေနဲ့ ဘုရား ဂုဏ်အားဖြင့် တူပါတယ် ၊ အဆင့်တန်းခြင်းမတူပါ ၊ “ဗုဒ္ဓသမံ နတ္ထိ ပုဂ္ဂလော”ဟု ဆိုတော်မူသောကြောင့် ၊ ဘုရားနှင့် တူသော ပုဂ္ဂိုလ်သတ္တ၀ါ မရှိလို့ မဟာဝင် မြန်မာပြန်မှာ ဆိုပါတယ် ၊ ဘုရား သံဃာ မိဘ ပုဂ္ဂိုလ်ခြင်း မတူပေမဲ့ မိဘဘုရားသံဃာ တူတဲ့ဂုဏ်တော်ရှိပါတယ် ဒီဂုဏ်တော်များဟာ မိဘတွေ ခံယူထိုက်တယ်လို့ ဘုရားကိုယ်တော်တိုင်ဟောပါတယ် ၊ “ဒက္ခိဏေယျ ဂုဏ်တော် - အဝေးမှ ဆောင်ယူလာအပ်သော ပစ္စည်းလေးပါး ခံယူပူဇော် အပ်သောဂုဏ်” ၊ “အဉ္ဖလီကရဏီယျ ဂုဏ်တော် - လက်အုပ်ချီမိုး ရှိခိုးထိုက်တဲ့ ဂုဏ်တော် များဟာ ဘုရား သံဃာ ထိုသုံးဦး တူတယ်လို့ ”ဘုရားကိုယ်တောင်ဟော ထားတာရှိပါတယ်ခင်မျာ ရှာဖွေဖက်ရှုလို့ ရအောင် ကျမ်းညွန်း ပေးလိုက်ပါမယ် ၊ အင်္ဂုတ္တရနိကာယ် ၊ စတုက္ကနိပါတ် ၊ ပတ္တကမ္မ၀ဂ် ၊ ဗြဟ္မသုတ် ၊ စာမျက်နှာ ၉၂ မှာ ရှာဖွေ ဖက်ရှုလျှင်ဖြင့် ၊ မိဘနဲ့ ဘုရား တဂိုဏ်းတည်း ထားဟူသော စကားရပ်ကို နားလည်သဘောပေါက် လိမ့်မယ်ဟု မျှော်လင့်ပါတယ် ၊ ကျွန်တော် မိခင်ကို အချီးမွမ်းလွန်တာ မဟုတ်ပါ အရှိအတိုင်း တိတိကျကျရေးသား တာပါ ခင်မျာ ကျေးဇူးတင်ပါတယ်ခင်မျာ....။

Anonymous said...

I think she's just not "educated" enough to know about foster cares and orphanages. Also, according to my understanding of the DuPage County News, she was pregant with someone in Texas, not with her cousin's husband. It seems she loves her baby since she's been trying to get him back. I wish more advising and consulting services be available to burmese refugee community.
~ Florence

မိုးယံ said...

ကိုကျော်သက် ပြောတာကို ထောက်ခံမလို့ လုပ်တုန်း ငွေလမင်းတို့ပြောတာလဲ ဟုတ်တာပဲ။ (ဘုန်းကြီးလူထွက်များလား) ကြားက ၀င်ပြောကြည့်မည် (အနော့်အမြင်ပေါ့လေ)။ မိဘဆိုတာ ဘုရားနဲ့ တန်းတူတော့ မဟုတ်လောက်ဘူး။ အနန္တဂိုဏ်းဝင်တစ်ယောက်ဆိုရင် ပိုမှန်မလားပဲ။

နောက်တစ်ခုက အနော်တို့အိမ်ကခွေးတွေက မွေးပြီးသူ့သားသမီးကို စားပစ်တာ မြင်ဖူးသဗျ။ အိမ်နား (ရပ်ကွက်ထဲ)က ကြောင်တွေက လဲကြောင်လေးတွေ(သူ့သားသမီး)တွေ ပြန်စားသဗျ။ လောကကြီးကိုက အဲလို (ကမောက်ကမတွေ)။မိဘမေတ္တာကိုနားလည်သလို အမေ့လက်သံနဲ့ အဖေ့လက်ပြန်ကိုလည်း ခံစားဖူးပါ၏။ ယခုထိ ခေါင်းမှာ အမေ့လက်ရာ ကျန်နေသေးသော သားမိုက်

မိုးပျံ

Anonymous said...

ဆက်မမွေးချင်လဲ.သူများကို.မွေးစားဖို့ ပေးလို့ရတာပဲဟာကို။ အဲလိုပစ်စရာလား။
mm

သဇင် said...

သူ့ရုပ်လေးက လှသလို၊ သူ့စိတ်ဓါတ်လေးလဲ လှရင်သိတ်ကောင်းမှာဘဲ။

sosegado said...

အဲဒီမှာ ဘယ်သူမှ မသိတဲ့ ဇာတ်လမ်းတွေ အများကြီး၊ ဒီထက်ဆိုးတယ်၊
ခံလိုက်ရတဲ့ မိန်းခလေးတွေအများကြီး၊ ဟော တစ်ယောက် ဟောတစ်ယောက် ဆိုတဲ့ မိန်းမတွေလည်း အများကြီး၊
ဇာတ်တူသားစားကြတာတဲ့၊

ကျော်သက် said...

အားတော် ၁၀ တန် ဥာဏ်တော် ၁၀ ပါး ကို ဘုန်းတော် ၁၀ တန်လို့ စာရိုက်မှားသွားလို့ ပြန်ပြင်ပါရစေ။ မြတ်စွာဘုရားရဲ့ ဘုန်းတော်က ခြောက်တန်ပါ။

မိခင်နဲ့ သားသမီးတိုင်း တန်းတူဂိုဏ်းတူ မဟုတ်ပါ။ သားနဲ့ တန်းမတူပေမယ့် ဂိုဏ်းတူတဲ့ မိခင်ဟာ ဥပမာတစ်ခုအနေနဲ့ အထက်နတ်ပြည်မှာ တချိန်က မယ်တော်မာယာ ဖြစ်ခဲ့သူ သန္တုသိတနတ်မင်း ရှိပါတယ်။ သားတော်ဘုရား၇ဲ့ ကျေးဇူးကြောင့် သောတာပန် ဖြစ်ခဲ့လို့ အရိယာဂိုဏ်းဝင်ချင်း တူသွားတာပါ။ ဒါပေမယ့် ဘုရားရှင်နဲ့ ဂုဏ်ချင်း မတူပါဘူး။ သောတာပန် အနာထပိဏ် သူဌေးကြီးနဲ့ သောတာပန် သားကာဠလုလင်လဲ ဂိုဏ်းတူပါတယ်။

ကျန်တာတော့ ဘာမှ ထပ်ဆွေးနွေးစရာ မရှိပါ။

ငွေလမင်း said...

မှတ်ထားလိုက်ပါမယ် ခင်များ ၊ ကိုကျော်သက် ကျေးဇူးတင်ပါတယ် ။ ဟုတ်ကဲ့ ကျွန်တော်တို့လဲ ဆက်လက်ပြီး ဆွေးနွေးစရာမရှိပါ ။

သောစေယျံ said...

အင်း
ပြောထားသာတွေသူ့ဟာနဲ့သူတော့မှန်ကြပါတယ် ကိုယ်တစ်ခုစဉ်းစားမိတာကတော့အများကြီးမဟုတ်ဘူး
အဲဒီအမျိုးသမီး နဲ သူမွေးထားတဲ့သားသမီးနောင်တချိန်မှာ ဘယ်လိုများပြန်တွေ့ပြီးဘာတွေများဖြစ်မလဲဆိုတာကိုတော့တွေးမိတယ်

သောစေယျံ said...

တယ်..

ဇော်လတ် said...

မီးဘေးရှောင် မလောင်ခင်တားကြပါဗျာ