Wednesday, March 23, 2011

စစ်ကိုင်းကောင်းမှုတော် နိမိတ်ပြ

ထုံးသင်္ကန်းမှ ရွှေသင်္ကန်း သို့ ပြောင်းလဲခြင်း ခံရသည့် စစ်ကိုင်း ကောင်းမှုတော် စေတီတော်ကြီးသည် ယနေ့  ညနေ အချိန် တွင် မူလထုံးသင်္ကန်းရောင် ကို ပြန်လည် ဖူးမြော်ကြရသည် ဟု နိမိတ် ပြသည်။
ထုံးသင်္ကန်း မှ ရွှေသင်္ကန်း ကို ဥာဏ်တော်မှ စတင်ပြောင်းလဲစဉ်
မူလ ထုံးသင်္ကန်း နှင့် သပ္ပယ် တော် မူသည့် စစ်ကိုင်းကောင်းမှု တော် စေတီ
င်္င်္် Freedom News Group မှ ကူးယူဖော်ပြပါသည်။
"စစ်ကိုင်း က လူတွေ ပြောပြောနေကြတယ်. ဘုရားက ညဘက် နဲ့ မနက် မိုးလင်းတွေ မှာ ဆိုရင် ထုံးသင်္ကန်း ပြန်ဖြစ်နေတယ်ဆိုတာ ထင်တယ်။ ညနေ ၀င်ရီတတောရာ ဘုရာကို အရှေ့ ဘက်က ကြည့်ရင် ထုံးသင်္ကန်း နဲ့  ဘုရား နား က လူတွေက ထုံးသင်္ကန်း နဲ့ ပဲ ကြည့် ခဲ့တာ ကြာတော့ ရွှေ့ ကို မမြင် တော့ ပဲ Illusion ဖြစ်တာ လို့  မုံရွာ တက္ကသိုလ်က ပြောတယ်" ကွန်မန့်တစ်ခုပါ။

9 comments:

မိုးယံ said...

စေတီတောင် အလွတ်မပေးကြပါလားကွယ်။

ရွှေရှိဘုရားမှ လူရိုသေတဲ့ ခေတ်မို့လားကွယ်.

စေတနာကို အလေးထားရမှာလားလို့။

Sunny said...

ကောင်းမှုတော်ဆိုရင် အရင် ထုံးသင်္ကန်းနဲ့ပဲ မျက်စိထဲစွဲနေတော့ အခု ရွှေရောင်နဲ့ မြင်ရတာ တစ်မျိုးကြီး ဖြစ်နေတယ်..

....အလင်းစက်များ said...

တစ်ခါမှ မဖူးမြော်ဘူးသူအတွက်တော့ ဘာမှန်းသေချာမသိ... ဒါမယ့် ရှေးဟောင်းလက်ရာတွေ ပျက်သွားတယ်ပြောတယ်... အဲ့ဒါတော့ စိတ်မကောင်းဘူးဗျာ

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ့်ကြည်ညိုလို့ ရွှေသင်္ကန်းကပ်တာ ဘာမှ မပြောလိုပေမဲ့ .. ယတြာလိုမျိုးအတွက် ကပ်တာဆိုရင်တော့ အတော်အရုပ်ဆိုးပြီး စဉ်းစားဥာဏ်နည်းတယ်လို့ဘဲ ပြောချင်တယ်..
ကျန်တာ ဘာမှ မပြောလိုပါ။ သူ့ခေတ်ပေကိုး
ဒါနဲ့ ကိုကိုငွေ..
ရှင်လဲပျောက်နေတာ ပါဘဲနော်..
ခုမှ ချစ်သူကို ချော့ရမယ်ဆိုလို့ အသည်းအသန် ကုန်ကြမ်းလိုက်ရှာမနေနဲ့ .. တကယ်ချော့တဲ့ အကြောင်းတွေရေးလိုက်ပေါ့.. ဘာဖြစ်လဲ..း)

စော(အဝါရောင်မြေ) said...

အော် ကုန်ကြမ်းပြတ်နေလို့ လား။ ပြောက်နေလို့  အူဝဲတို့ လိုများ ဘာလီကို Shopping ထွက်နေသလားလို့ ။

ခနွဲ said...

ထုံးစေတီပဲ မြင်နေကြမို့လို့လား မသိ။ အခု စေတီကို တစ်မျိုးကြီးပဲ။ ကန်တော့ပါရဲ့ ဗလီလိုမျိုး ကြီးပဲ။

အဖြူရောင်နတ်သမီး said...

ဖြစ်ရလေရှင်..
ဘုရားတောင် အလွတ်မပေးတော့ပါလား..
ယတြာ..ယတြာ..ဟူးးးးးးးးး
တရားမရှိလိုက်ကြပုံများ ပြောပါတယ်..။

Anonymous said...

ကျွန်တော်ကအညာသားပွင့်ပွင့်လင်းလင်းပဲပြောတတ်တယ်ထုံးသင်္ကန်းနဲ့ဖူးမျှော်လာတာဘိုးဘေးဘီဘင်ကတည်းကဆိုတော့နဂိုရှိရင်းစွဲပဲကောင်းပါတယ်။

Unknown said...

ထုံးသင်္ကန်းလေးနဲ့ပဲကျက်သရေရှိပါတယ်ဗျာ။