Tuesday, May 31, 2011

ကလေးတို့သဘာဝ


၁။ အမြဲတစေ အနှိမ်ခံရသော ကလေးသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာတတ်၏။ ထောက်ခံအားပေးမှု့ကို ရရှိသော ကလေးသည် မိမိကိုယ်မိမိ ယုံကြည်သူဖြစ်လာတတ်၏။
၂။ အမြဲတစေ အငေါက်ခံရသော ကလေးသည် အရာရာတွန့်ဆုတ်တတ် ကြောက်တတ် ပျင်း ရိတတ်၏။
 ချီးကျူးမှု့ကို ရရှိသော ကလေးသည် ဇွဲမလျှော့သူ သတ္တိရှိသူ ကြိုးစားသူဖြစ်လာတတ်၏။
၃။ အမြဲတစေ ပြစ်တင်ရှုံ့ချခြင်းကို ခံရသော ကလေးသည် အပြစ်ရှာသူ ရန်လိုသူဖြစ်လာတတ်၏
သည်းခံခွင့်လွှတ်သူတို့နှင့် အတူနေခဲ့ရသော ကလေးသည် သည်းခံခွင့်လွှတ်သူဖြစ်လာတတ်၏။
၎။ အမြဲတစေ အနိုင်ကျင့်ခံရသော ကလေးသည် သူတပါးကို အနိုင်ကျင့်သူ ဖြစ်လာတတ်၏။
မျှတသူ စာနာသူတို့နှင့် အတူနေခဲ့ရသော ကလေးသည် မျှတစာနာ သူဖြစ်လာတတ်၏။
၅။ လိမ်ညာ ညစ်ပတ်ခြင်းကို ခံထားရသော ကလေးသည် လိမ်ညာညစ်ပတ်သူ ဖြစ်လာတတ်၏။
ရိုးသားဖြောင့်မတ် သူတို့နှင့် အတူနေခဲ့ရသော ခလေးသည် ရိုးသားဖြောင့်မတ်သူ ဖြစ်လာ တတ်၏။
၆။ အမြဲတစေ ၀ိုင်းပယ်ခြင်းကို ခံရသော ကလေးသည် သူတပါးကို နာကျည်းသူဖြစ်လာတတ်၏။
ကူညီဖေးမ သူတို့နှင့်အတူ နေခဲ့ရသော ကလေးသည် သူတပါးအပေါ် ကူညီတတ် သူဖြစ် လာတတ်၏။
၇။ ရက်စက်မှု့ကိုခံရသော ကလေးသည် သူတပါးကို ရက်စက်သူ ဒုက္ခပေးသူ ဖြစ်လာတတ်၏။
အကြင်နာတရားကို ငယ်စဉ်ကရရှိ ခဲ့သောကလေးသည်  သူတပါးအပေါ် ကြင်နာတတ် သူဖြစ် လာ၏။
၈။ အမြဲတစေ မုန်းတီးခြင်းကို ခံရသော ကလေးသည် သူတပါးကို မုန်းတီးတတ်သူ ဖြစ်လာ တတ်၏။
မေတ္တာဖြင့် ပိုက်ထွေးမှု့ကို ခံရသော ကလေးသည် အားလုံးကို ချစ်တတ်သူ ဖြစ်လာတတ်၏။
၉။ လူဆိုးလူမိုက်များ ပညာမဲ့သူများနှင့် နေရသော ကလေးသည် လူဆိုးလူမိုက် ပညာမဲ့ဖြစ်လာ တတ်၏။
စာအုပ်စာပေများ ပညာရှိသူများနှင့် နေရသော ကလေးသည် ပညာရှိသူဖြစ်လာတတ်၏။
ယူနီဆက်က ထုတ်ဝေတဲ့ ဘုတ်အုပ်စာပေ တွေထဲက ဘာသာပြန်ရေးသားခြင်းပါ ဗျာတို့ရယ်၊ သားသမီးဆိုတာကတော့ ရတနာဆိုသမို့လား ၊ သို့ကလိုမင့်လဲ ရတနာဖြစ်အောင် လုပ်တတ်မှ သားရတနာဖြစ်တာ မဟုတ်ပါလား၊ မှင်နီတွေတားထားတဲ့ နေရာမှာ ကိုယ့်သားသမီးဖြစ်နေရင် ဘယ်နှာလုပ်ကြရပါလိမ့်မတုန်း၊ အဲသလို ဖြစ်လာမှ ဒို့သားမီးက ဆိုးချေတယ် မိုက်ချေတယ်ဟု ပြောဆိုနေသော်လည်း အလကားပါဘဲ ဗျာတို့ သို့ကလိုကြောင့်  `လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗစရိယ မိနှင့်ဖတို့က´ သားရွှေခဲ သမီးရွှေခဲတို့ကို ငယ်စဉ် တောင်ကျေး ကလေးဘ၀မှစလို့ အောက်က စာလုံးအစောင်းလေးတွေနဲ့ ရေးထားတဲ့ နေရာကို ရောက်အောင်ပို့ဆောင် ပေးရ သော် မကောင်းပါလားဗျာတို့။
ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်း ပါတယ် ရွှင်လန်းချမ်းမြေ့ ကြပါစေခင်မျာ။

10 comments:

...အလင်းစက်များ said...

လူပျိုမို့  ကိတ်စမရှိလောက်သေးဘူး... ကလေးအကြောင်းတွေ ... အဟီး...

(ငြိမ်ငြိမ်လေးပဲ နေပါရစေအုန်းဗျာ)

Anonymous said...

အကယ်၍ မိန်းမရလို့ သားသား မီးမီးလေးတွေရ လာမှ
အကို ရေးထားတဲ့အတိုင်း ပြေားပြ ဆုံးမ ပါ့မယ်
အခု တော့ရှာတုန်း.............

စော(အဝါရောင်မြေ) said...

ကလေး ယူဘို့  မကြီးခင် စိတ်ကူးကြနော်။ ကလေးအသက် (၂၀)မှာ ကိုယ့်အသက်က ၅၀ ကျော် ၆၀ ဆို မမိုက်တော့ဘူး။

SHWE ZIN U said...

အများစု အတွက်တော့ မှန်မယ်ထင်တယ် တချို့ကြတော့ လည်း အားလုံးဝိုင်းဝိုင်းလည် ဖူးဖူးမှုတ် ချစ်ထားပေမဲ့ ကိုယ်တိုင် က မချစ်တတ်သူ အတ္တကြီးသူ ဖြစ်သွားတတ်တယ်

Anonymous said...

ကိုကိုငွေတို့ ကလေးအကြောင်းတွေလေ့လာနေပြီလား...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဲ.. ကိုကိုငွေတို့ မဒမ်ငွေတို့မောင်နှံလည်း ချစ်ခင်ကြင်နာတတ်သော သားကောင်းသမီးကောင်း ရတနာလေးတွေ ပွားစီးနိုင်ပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ် ဗျာတို့း)

ညိမ်းနိုင် said...

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့ပို့စ် ဆိုတော့ ငြိမ်ငြိမ်လေးပဲ ဖတ်ပြီး
ပြန်ဘီ....:)

Angelhlaing(May everybody be happy and healthy! said...

မမရေ ကလေးတို့ သဘာဝလေး ဖတ်ရင်း ပြုံးမိတယ်...:):)ကောင်းသောနေ့လေး ဖြစ်ပါစေမမ။

ကိုဇော် said...

Great one.
But .....

မြစ်ကျိုးအင်း said...

ကောင်းပါ့ဗျာ။ ကိုယ်တိုင်မိဘမဖြစ်သေးရင်တောင် နီးစပ်ရာ ကလေးတွေအတွက် အနာဂတ်ကောင်းအောင် ပြုပြင်ပေးနိင်မယ့် တန်ဖိုးရိှတဲ့ စာစုလေးပါ။