Tuesday, May 10, 2011

Pre-ပြဿနာ

Knowledge Society ပညာအဖွဲ့အစည်း၊ Knowledge Age ပညာခေတ် ၊ Learnig Society အမြဲထာဝရ သင်ယူနေသော လူ့အဖွဲ့အစည်း၊ Education for all  အားလုံးအတွက် ပညာ၊ စသဖြင့် ၊ ၂၁ရာစုနှစ်အတွင်း သုံးဆယ့်တစ်ဘုံတွင် တစ်ဘုံအပါဝင်ဖြစ်သော ဤလူ့ဘုံရှိ ပညာရှိ များက အထပ်ပါ အဆိုအမိန့်များ မိန့်မြွတ်ထားသမို့ အချုပ်အားဖြင့်ဆိုရသော် ပညာအရေးကြီးပါ၏ ဟူလို။

ပညာအရေး ကြီးကြောင်း အားလုံးသိပြီဆိုရင်တော့ ဖြင့်ကား အဘယ်အရွယ်၌ ၊ အနှီပညာကို သင်ယူလေ့လာ ကြားရပါအံ့နည်းဟူသော အမေးပုစ္ဆာသည်ကား အင်မတန်မှပင် စိတ်ဝင်စားဘွယ် ရာ ကောင်းလေသည်မဟုတ်တုံ့လော၊ ကိုကိုငွေတို့ ငယ်စဉ်က ချောင်းကြိုချောင်းကြား မြောင်း ကြိုမြောင်းကြား ၊ လမ်းပေါင်းစုံ ရပ်ကွက်ပေါင်းစုံ၊ တောရောမြို့ပါ ဆော့ကစားပြီးသကာလ လေးနှစ်ကျော် ငါးနှစ်မှ လွယ်အိပ်စလွယ်သိုင်းပြီး ကျောင်းတတ်ခဲ့ကြသည်များကို မှတ်မှိပါချေ ပါသေး၏။

ယခုခေတ်မူကား ဟိုအရင်လိုမဟုတ်ပါချေ ၊ Pre-School ခေတ်တည်း ၊ မိခင်ဘခင်တို့သည် သားသမီးတို့အား အက်ကျုကေးရှင်း (Education) သြချရသူများ ဖြစ်လာစေရန် အလို့ငှာ Pre-School ကြတော့ချေရာ ကျောင်းမနေမှီ ၁နှစ် Pre ၊ ၂နှစ် Pre ၊ ၃နှစ် Pre ၊ လေးနှစ် Pre ၊ ၅နှစ် pre စသဖြင့် သူ့ထက်ငါ Pre လျှက်ရှိကြဘိချေရာ၊ အချို့သော ဖေဖေမေမေတို့သည် ကလေးကို ကိုယ်ဝန်ဆောင်ထားစဉ်ကတည်းကပင် မွေးလာမည့် အနာဂတ် အတုံးအခဲ ရတနာလေးများကို ဘယ် ဘယ် Pre School ထားရပါအံ့နည်းဟု စုံစမ်းပြီးသကာလ ကျောင်းအပ်နှံနေကြမဟုတ်လော ကိုကိုငွေ ၀န်းကျင်တွင်ကြည့်ပါ တူမဖြစ်သူ သုံးနှစ်အရွယ် ချမ်းချမ်း ပရီကျောင်းသူ P1၊ အကိုဝမ်းကွဲ မွေး တာရာရွှေစင် သုံးနှစ်ကျော် P2၊ အိမ်နီးအပါး သူများသည်လဲ p1 p2 p3 p4 စဖြင့်စဖြင့် အများအပြားရှိရလေကုန်၏။ထိုတူမ တူလေးတို့သည် နောင်အနာဂတ်တွင် လူ့အဘိုး တန်လေးများ ဖြစ်လာပါစေရန်  နံနက်ရှစ်နာရီခွဲမှ စတင်ပြီး ဘုတ်အုပ်လွယ် အိပ်ကြီးများ ကို မနိုင့်တနိုင်သယ်ယူခါ ဆိုင်ရာ  Pre-school များသို့ အသက အသကချီ တတ်ကြလေကုန်၏ ။

ဒိန်းမတ် ၊ ဖင်လန် စသော ဥရောပနိုင်ငံတချို့က စောစီးစွာ ကလေးကို ဘုတ်အုပ်စာပေသင်ယူစေ ခြင်းသည် မှားသည်ဟုယူဆကြပြီး၊ ကြိုက်သလောက်စော့ ၊ ကြိုက်သလောက် ကစား ကစားနည်း ရှိသမျှ အကုန်ကစား အသက်၆နှစ်မှစာသင်ဟူသတတ်။  (ဆရာတာရေးတဲ့ ငါတို့ဘာကြောင့် ကျောင်း သွားရသလဲစာအုပ်တွင်) မူကြိုကျောင်းတွင် အရေးအဖတ် အတွက် သင်ကြားရမည်ဟူ သောအဆိုကို ဂျပန်က ၀%နှုန်းလက္ခံပြီး ၊ အမေရိကန်နိုင်ငံက ၁%နှုန်းလက္ခံ ၊ တရုပ်ကမူ ၃၅%လက်ခံသောဟူ၏ ။

ခလေးကို စာကျက်ဘို့ အတင်းတိုက်တွန်းရမည်ဟူသော အဆိုကို  ဂျပန်က ၀%နှုန်းလက္ခံ၊ အမေရိကန် ၁%လက္ခံ၊ တရုပ် ၃၅%နှုန်းလက္ခံ ၊ ကလေးငယ်ဘ၀ အစကောင်းချင်လို့ပါခင်မျာ ဟူသော အဆိုကိုမူကား ဂျပန်က၂%နှုန်းသာလက္ခံ၊ အမေရိကန် ၅၁%လက္ခံ ၊ တရုပ်က ၆၇%လက္ခံကြောင်း ဖက်ရူလိုက်ရပါတယ်၊ ချုံငုံသုံးသပ်ရသည်ရှိသော် အနှီ Pre-School များတွင် စာသင်ဘို့ စာကျတ်ဘို့ ရာနှုန်းပြည့်လက်ခံသော အယူအဆမဟုတ်ချေသည် တမုံ့။

တနေ့တော့  လမ်းကြုံတာနဲ့ ပြည်လမ်းနှင့် မြေနီကုန်းလမ်းထောင့်ရှိ တိုတယ်အကယ်ဒမီ Pre-School တွင် တတ်ရောက် ပညာစေ့ငုသင်ကြားနေသော ၃နှစ်ကျော် အရွယ်တူမကို ကျောင်းကြို ရန်အလို့ငှာ  တူမလေးကျောင်းအဆင်းကို စောင့်ရင်း ဘေးမှ ကျွန်တော်လို ကျောင်းလာကြိုနေ သော မိခင်သုံးယောက်ထံမှ ဤကဲ့သို့နားသောတဆင်ရပါ၏ စာရှုသူ….။

ပထမအမျိုးသမီး `အိမ်ကသားလေး မူကြိုကလေ သိပ်ကောင်းတာဘဲ၊ သားသားအခုမှ ၃နှစ်လား ရှိသေးတာ ၁၃လီထိအလွတ်ဆိုနိုင်တာ အံ့ရောဟူသတည်း´ ဒုတိယအမျိုးသမီး `စီးကမ်းကောင်း လိုက်တာဟယ် ဆရာမက ရောက်တာနဲ့တန်းစီ အကုန်အိပ်၊ မျက်စိမှိတ်ထား၊ မအိပ်ရင် ကြိမ်လုံးကြည့်ထားလို့ ဆူထည့်လိုက်တာ အကုန်လုံးကြမ်းပေါ်မှာ ခေါင်းအုံးကလေးတွေနဲ့ ငြိမ်နေ တာပဲ၊ စီးကမ်းကောင်းလိုက်တာ ဟူသတတ်။´ တတိယ အမျိုးသမီးကမူကား ဤနှယ်မိန့်မြွတ်ပါ ၏ အိုကွယ် ဘိုလိုချည်းရေးခိုင်းတော့တာ My name is mg mg. My father is U Ba. My mother is daw mya. I like banana. ဆိုပြီး လိုက်ကူး ၊ ပြီးရင်အလွတ်ပြန်ဆို ၊ ဒွတ်ဒက် ရွတ်ရှက် ဘာတတ်သလဲ မမေးနဲ့ ဟူလို။အခြားသော အရပ်အရွာ ကမ္ဘာတို့ Pre-School အဓိပ္ပါယ်ကို မည်သို့ပင်ဖွင့်လင့်ကစား ကျွနုပ်တို့ အရပ် ကျွနုပ်ဇာတ်သည်၊ ကျွနုပ်တို့နည်း ကျွနုပ်တို့ဟန် ကျွနုပ်တို့အတွေးဖြင့် ထုဆစ်ပုံဖော်နေ သည်မှာ အားရစရာပင်ဖြစ်ပါ၏။

ကျွန်တော် တစ်ဦးတည်း၏ လိုအင်ဆန္ဒအရသော် မူကား ကလေးတို့ကို မွေးကင်းစ ၀ူးဝူးဝါးဝါး ပြောတတ်ကတည်းက အလီစကျတ်ခိုင်းသော် မကောင်းလားဟု အတွေးဝင်မှိပါ၏၊ အနို့အပြင် ကျောင်းမတတ်မှီ Pre-School မှာကတည်းက အင်္ဂလိပ်ဘုတ်အထဲက ဟာတွေ အကုန်ရသတော့ ဟု မိဘများဂုဏ်ယူနိုင်စေရန် Dictionary တစ်အုပ်လုံးကို ကျတ်ခိုင်းထားလျှင်ကော အကျိုးမထူး နိုင်ပါကလား ဘလော့စာရူသူ၊ တစ်ကနေ တစ်ထောင်အထိ အခေါက်ပေါင်း ၁၀၀ရေးကြစမ်း။ အနို့ကလိုလည်း Training မောင်းချင် မောင်းပေးနိုင်ပါ၏။ သို့တည်းမဟုတ် ပုံနှိပ်စာအုပ်ထဲက စာ တွေ ဗလာစာအုပ်ထဲကို အကုန်ကူးထည့်ကြစမ်း စသည်ဖြင့်လည်း လမ်းညွန်သမှုပြုနိုင်ပါ၏။ ခုန်ပေါက်ပြေး လွှား ဆော့ကစားနေမဲ့အစား၊ မီးရထားလေးတွေ ကားလေးတွေနဲ့ ဆော့ကစားနေ မည့်အစား၊ အရုပ်လေးတွေနဲ့ ဆော့နေမည့်အတူတူ၊ သမိုင်း၅ပုဒ်၊ ပထ၀ီ အပုဒ်၂၀၊ အင်္ဂလိပ် စာအကြောင်း ၁၀၀၊ အမြှောက်အလီ ၁၀ပုဒ်ကျတ်နေသည်က အကျိုးမများပါလား  အိုမိကောင်း ဖခင်။ ကိုကိုငွေနဲ့ မဒမ်ငွေတို့ ခလေးရခဲ့ပါက ၀မ်းကကျွတ်ကျွတ်ခြင်းမှာပင်လျှင် Pre-School သို့ ပို့လိုက်မည်အကြောင်း သပ္ပုရိသ အနွယ်ဝင် သူတော်စင်အပေါင်းတို့။     

ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

6 comments:

Angelhlaing(May everybody be happy and healthy! said...

အကိုရေ..စိတ်ကူးလေးဖတ်ရင်း ပြုံးသွားတယ်...:):)
ကောင်းသောနေ့လေး ဖြစ်ပါစေ။

ညိမ်းနိုင် said...

ကလေးအမေရဲ့ဗိုက်ထဲ
မှာကတည်းက ပရီရမှာ.....:D

မိုးယံ said...

အော်....မဒမ်ငွေကိုပဲ ကျက်ခိုင်းလိုက်ပါကွယ်... ကလေး ၀မ်းချုပ်ရင် အမေ ၀မ်းနှုတ်ဆေး သောက်ရတယ်မှုတ်လား။

အဟတ်ဟတ်... မြင်လဲ မြင်တတ်တဲ့ ကိုကိုငွေရယ်။။

စော(အဝါရောင်မြေ) said...

ကိုယ့်ကျတော့ဆော့ပြီ
ကလေးကြတော့ မူကြိုပို့ တာ တော်တော် တရားသလား။
ငယ်ငယ်က စာပေဟောပြောပွဲးမှာ မောင်ဆုရှင် ပြောတဲ့ စကားသွား သတိရတယ်။
ကလေးတွေဟာ ငယ်ငယ်တုံးက ဝအောင် မဆော့ရရင် ကြီးထိ ဆက်ဆော့နေလိပ်မယ်တဲ့။ ဟား ဟား
ငယ်ငယ်ဆော့တာက ပြသနာ သိပ်မရှိဘူး။ ကြီးမှ ဆော့ရင်တော့ ပိုကုန်လိပ်မယ်နော်။

...အလင်းစက်များ said...

အမှန်တော့ မိဖတွေရဲ့ အဲ အပြောများသွားမယ် (လူတွေရဲ့ အတ္တ) အတွက်ပါပဲ။ မိဘချင်း ဂုဏ် ပြိုင် ရင်းက သားသမီးတွေ မျက်မှန်ထူထူ ၀တ်ဆင်ကြရတော့တာပါပဲလေ...

ဘလိုလုပ်ကြမလဲတော့ မဒမ်နဲ့  တိုင်ပင်လိုက်ဦး.. တော်ကြ ထသတ်နေကြအုန်းမယ်... စိတ်လျော့ထား.. ဟိဟိ။

မဒမ်ငွေ မြန်မြန် နလံထူနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်ဗျား။

sosegado said...

အရမ်းကောင်းပါသည်၊ တစ်ချို့ကို အမြင်မှန်ရစေချင်ပါသည်၊ ကလေးတွေသနားလို့၊ ကြီးလာတော့ ဟိုမရောက်ဒီမရောက်တွေဖြစ်