Monday, June 20, 2011

လက်ယာမင်းခမ်းတော်များ (၁)


နန်းတွင်းပရပိုဒ်ဖြူတွင် တွေ့ရသော ကွမ်းတောင်းတော်ကြီး၏ ပုံတူ
အမျိုးသားပြတိုက်တွင် ပြသထားသော ကွမ်းတောင်းတော်ကြီး


၁။ ကွမ်းတောင်းတော်ကြီးဟူသည်၊ လက်ယာဘက်မင်းခမ်းတော် ၁၇ ပါးတွင်ပါဝင်ပြီး၊ အစိုးရ တော်မူရာ ဒေသရှိ ကျေးတော်မျိုး ကျွန်တော်မျိုးနှင့် နယ်စား၊ ပယ်စား၊ တို့မှ ကွမ်းတော် ဆက်သရာတွင် အသုံးပြုသော မင်းခမ်းသုံးပစ္စည်းဖြစ်သည်၊ ရွှေသားအစစ်ဖြင့် ပြုလုပ်ထားပြီး ကျောက်မျက်ရတနာများ စီချယ်ထားသည်ဟု မှတ်သားရပါသည်၊ အင်္ဂလိပ်အခေါ် အဝေါ်မှာ Large Betel Basket ဖြစ်သည်။
 
ပရပိုဒ်ဖြူတွင် တွေ့မြင်ရသော လက်ယာမင်းခမ်းတော်ဝင် ကွမ်းချပ်တော်

အမျိုးသားပြတိုက်တွင် ထားရှိသော လက်ယာမင်းခမ်းတော်ဝင် ကွမ်းချပ်တော်ကြီး

၂။  ကွမ်းချပ်တော်ဟူသည်၊ လက်ယာမင်းခမ်းတော်ဝင် နန်းသုံးပစ္စည်းဖြစ်ပြီး ၊ ရခိုင်ဘုရင်မင်းမြတ် တို့စတင်သုံးစွဲတော်မူကြောင်း၊ ရွှေဘုံနိဒါန်းတွင် မှတ်သားရပါသည်၊ ကွမ်းတောင်းတော်မှာ ကွမ်း အရွက်  သီးသန့် ထည့်သော နန်းသုံးပစ္စည်းဖြစ်ပြီး ၊ ကွမ်းချပ်တော်မှာ ကွမ်းယာစားရာတွင် ပါဝင် သော ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ဆေး ၊ ပန်းဥ ၊ ဖာလာ ၊ စသော ကွမ်းတော်ဆက်ဆိုင်ရာ အသုံးတော် များ အကန့်လိုက် စီစဉ်ထည့်သွင်းသုံးဆောင်တော်မူသော မင်းခမ်းတော်သုံး ပစ္စည်းဖြစ်သည်၊ အင်္ဂလိပ်အခေါ် Triple - Tiered Betel vessel ရေးသားထားသည်ကို မှတ်သားထားဖူးပါသည်။

ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်မျာ။


16 comments:

မင်းဧရာ said...

ဟီးဟီး.....
မရှက် တမ်းပြောရရင် အခုမှမြင်ဘူးတာ
ဗဟုသုတလေး အတွက်ကျေးဇူးပါ။
ကိုကိုငွေ နဲ့ မဒမ်ငွေ လည်းကျန်းမာ ပျော်ရွှင်ပါစေ။

စံပယ်ချို said...

ညောင်ရွှေဟော်နန်းကိုကလေးဘ၀က
မကြာမကြာရောက်တာဒါတွေမတွေ့ဖူးဘူး
ကုတင်၊ထိုင်ခုံ၊ ပုခက်...တွေပဲတွေ့ဖူးတယ်
ဒါကိုခုမှတွေ့ဖူးတာ...
ကျေးဇူးပါရှင်......

လရိပ်အိမ် said...

တစ်ခါမှမမြင်ဖူးတဲ့ပစ္စည်းလေးတွေအတွက်ကျေးဇူးပါ။

မိုးယံ said...

အဲဒီ ကွမ်းတောင်းတော်ကြီးထဲ တံတားဦးနယ်က ကွမ်းနုဝါကလေးများထည့်ကွဲ။

ငမြာဘက်က ဆေးနဲ့..တောင်ငူက ကွမ်းသီး ၊ စစ်ကိုင်းထုံးဖြူနဲ့ သရေခတ္တာရာက ရှားစေးတို့ကို ကွမ်းချပ်တော်ထဲ သေချာထည့်ကွယ့် မောင်ငွေရဲ့။

ဒါမှာ ငါကိုယ်တော် စားပြီးနားမလည် ၀ါးပြီးထွေးထုတ်တဲ့ အရေမရ အဖတ်မရတဲ့ အလုပ်ကို ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး လုပ်စမ်းမယ်....

ဟီးဟီးးးးးးးးးးးးးးးးးး

ကိုအောင်(ပျူနိုင်ငံ) said...

ဒို့ဘုရင်တွေ ကွမ်းတော်တော် ကြိုက်တယ်နော် ...

Unknown said...

ကိုကိုငွေ နဲ့  မမငွေ တို့ က နန်းတွင်းသူ ၊
နန်းတွင်းသား တွေနဲ့  တူတယ် ။

(နန်းကြာဦး ).......

ချော(အစိမ်းရောင်လွင်ပြင်) said...

မြန်မာဘုရင်တွေနဲ့ ကွမ်းက ခွဲခြားလို့ မရတဲ့အရာလို့ ပြောရမယ်ထင်ရဲ့
ကွမ်းအစ်ကြီးတွေက တခမ်းတနားပါဘဲလား

လသာည said...

ချစ်သော ငွေလမင်းနှစ်ဖော်သို့...

ဒီဘလော့မှာ ဗဟုသုတလေးတွေ ရေးတင်တတ်မှန်းသိလို့ စာဖတ်မကြာခဏရောက်ပေမယ့် အခုတလော အစ်မစက်က နည်းနည်းချို့ယွင်းနေလို့ ဒီက စာတွေကို ကောင်းကောင်းဖတ်လို့မရဘူး။

စက်အရင်ပြင်လိုက်ဦးမယ်..။ (ကွန်မန့်မထားခဲ့လို့ မလာသွားဘူးထင်မှာစိုးလို့..) အခုတော့ ရောက်ရှိကြောင်းလေးပဲ မန့်ခဲ့တယ်။

အစစ အဆင်ပြေပါစေ..ဗဟုသုတတွေလည်း ဆက်လက် ဖြန်ဝေနိုင်ပါစေ..လို့

mstint said...

ဗဟုသုတတွေ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

SHWE ZIN U said...

ငွေလမင်း ရေ

မအ အောင်လို့တော့ ကြည့်သွားတယ်

...အလင်းစက်များ said...

အတော်လေး အလုပ်ရှုပ်ခံကြတဲ့ ဘုရင်တွေနော်... ဟီးဟီး...... ငါ့အတွက် လမ်းထိပ်က.. အဲ... ရွှေနန်းထိပ်က ကွမ်း တစ်ရာဖိုး သွားဝယ်ပေးစမ်း.. အာမွှေး ပါးပါး၊ ဖာလာနဲ့ ၊ သံပုရာသီးလေးပါ ထည့် ဟဲ့.. ထုံးလေးလေး လေးနော် လို့  မှာလိုက်ပြီးတဲ့ဟာကို။

(ပျော်စေ ပျက်စေပါ... မလေးမစားရေးတယ် မထင်ကြပါနဲ့ ဗျာ)

Angelhlaing(May everybody be happy and healthy! said...

မင်းဧရာ ပြောသလိုပဲ ... ညီမလေးလဲ ခုမှ မြင်ဖူးတာ...အကို..:)ကျေးဇူးပါအကို..
ကောင်းသောနေ့ရက်လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း

အဖြူရောင်နတ်သမီး said...

ခုမှမြင်ဖူးခြင်းဖြစ်၍ လေ့လာသွားပါသည်။
ကျေးဇူး အထူးးးးးးးး

Anonymous said...
This comment has been removed by the author.
Anonymous said...

ငွေမောင်နှံရေ....ကျေးဇူးပြုပြီး...
ဘာကြောင့်လက်ယာမင်းခမ်းတော်များ..
.လက်ယာလို့သုံးရပါသလဲခင်ဗျား..?
ကျေးဇူးပြုပြီးဖြေကြားပေးစေလိုပါသည်။

မအိမ်သူ said...

ဒီပို့စ်ကို အခုမှပြန်ဖတ်ရတယ်။ လက်ဝဲမင်းခမ်းတော်တွေဖတ်ပြီးတော့ လက်ယာတွေ့လို့ ဆက်ဖတ်ဖို့လာတာ ဒီပို့စ်တင်တုံးက လာဖတ်တာ ဘလော့ဂ်က ၀င်လို့မရဘူး ဘာဖြစ်တာလဲမသိ... အခုမှနောက်ကြောင်းပြန်ဖတ်ရတယ်။ ဆက်ရေးပါအုံး ဗဟုသုတတွေ မှတ်သားရလို့..