Wednesday, July 13, 2011

လက်ယာမင်းခမ်းတော်များ၂


                  လက်ယာမင်းခမ်းတော်ဝင် စလင့်ကြာကြီးနှင့် စလင့်ကြာငယ်

၁။ စလင့်ကြာကြီးနှင့် စလင့်ကြာငယ်ဟူသည်၊ လက်ယာမင်းခမ်းတော်ဝင် ပစ္စည်းများဖြစ်ပြီး ပဋိက္က ယားမင်း၏ အဆောင်ဖြစ်သည်၊ ပဋိက္ကယားမင်းမှ အနော်ရထာမင်းစော အားဆက်သသည့် ပဏ္ဍာတော်မြတ်ဖြစ်ကြောင်း ရွှေဘုံနိဒါန်းတွင်ပြဆိုထားသည်၊ စလင့်ကြာကြီး စလင့်ကြာငယ်ဟု နှစ်မျိုး ရှိသည်၊ ယခုမြင်ရသောပုံမှာ တိုင်တားမင်းကြီး၏ နန်းတွင်းပုရပိုဒ်ဖြူမှ ပုံဖြစ်ပြီး၊ အင်္ဂလိပ် အခေါ်အဝေါ်အားဖြင့် Candelabra သို့မဟုတ် Large and small Candelabra ဟုခေါ်တွင်သည်။
 


နန်းတွင်းပုရပိုဒ်ဖြူမှ လက်ယာမင်းခမ်းတော်ဝင် နဂါးခံကွမ်းခွက်၏  ပုံတော်
 
၂။ နဂါးခံကွမ်းခွက်ဟူသည်၊ လက်ယာမင်းခမ်းတော်ဝင် ပစ္စည်းဖြစ်ပြီး ရွှေသားအစစ်ဖြင့် ပြုလုပ် ထားပြီး ကျောက်မျက်ရတနာများ စီချယ်ထားသည်၊ နဂါးခံကွမ်းခွက်မှာ တကောင်း သတိုးမင်းဆက်၏ နန်းသုံးပစ္စည်းဖြစ်ပြီး၊ တကောင်းသတိုးမင်းဆက် ၇ ဆက်မြောက်မင်း သတိုးနဂါးရမင်း လက်ထက်တွင် နဂါးများက ကွမ်းယူဆောင် ထည့်သွင်းဆက်သသော ပစ္စည်းဖြစ်ကြောင်း ရွှေဘုံနိဒါန်းလာ စကားဟောင်းများအရသိရသည်၊ အင်္ဂလိပ်အခေါ်အဝေါ်မှာ  Betel Bowl on Dragon Stand ဖြစ်သည်။

ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်မျာ။



6 comments:

မင်းဧရာ said...

ဗဟုသုတ လေးတွေက်အတွက် ကျေးဇူးပါဗျာ။
ဒါနဲ့ဘယ်တွေများပျောက်နေကြသတုန်းဗျ
မပေါ်လာ အတော်ကြာပါပေါ့။

စံပယ်ချို said...

မြန်မာ့ရှေးဟောင်းတွေကိုသိရလို့
ကျေးဇူးတင်ပါတယ်...
ဗဟုသုတလဲ အများကြီးရတယ်
အကိုငွေနှင့်မဒမ်ငွေ ချမ်းမြေ့ပါစေရှင်....

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ရှားရှားပါးပါး လေးတွေ ပြန်လည်မျှဝေပေးလို့ ကျေးဇူးပါလို့..

ချော(အစိမ်းရောင်လွင်ပြင်) said...

မြန်မာပြည်ကနေ တင်နေတာလား ကိုကိုငွေ
မြန်မာပြည်မှာ ပျော်နေတယ်ဆိုလို့ ၀မ်းသာပါ၏
သူဌေးဖြစ်ရင်လည်း မမေ့နဲ့ဦးနော

စော(အဝါရောင်မြေ) said...

ဘယ်နေရာတွေမှာ သုံးတာလဲဟင်?

...အလင်းစက်များ said...

၂ မလာတော့ဘူး ထင်နေတာ။ အပြင်က ပုံတွေ မြင်ရရင်ကောင်းမယ်ဗျာ။ ပဲခူးက နန်းတော်ပြန်တူးတုန်းက တစ်ခေါက်ရောက်ခဲ့ဖူးတယ်။ အဲ့တုန်းက ကလေးမို့ သာ။ ဟူး။