Tuesday, August 9, 2011

ကြိုက်၏ မကြိုက်၏ (တဂ်)

ဒီတလော ဘလော့လောကတခွင်မှာဖြင့်(တဂ်) များကျယ်ကျယ်ပြန့်ပြန့် ခေတ်စားလာချေတယ် ပေါ့ဗျာရယ်၊ သို့ကလိုမင့်လည်း (တဂ်) ရေးတယ်ဆိုရင်ဖြင့် မူရင်းပိုစ့်ရေးတဲ့ သူ့ရဲ့ ရေးပုံရေးနည်း ကို အခြေခံပြီး ၊ ပြန်လည်ရေးသား ရစမြဲမို့လား၊ ကိုကိုငွေတို့လို့ ကမ္ဘာ့ရွာကို ရောက်နေတဲ့ သူများကြတော့ဖြင့်၊ ဘလော့စပေါ့မှာ ရေးသားထားတဲ့ စာပေဟူသမျှ၊ ဖတ်ရှုလေ့လာ သုံးသပ်ခွင့် မရပြန်ဘူး၊ ဒါဆိုတော့ ဒိုမိန်းရော ရသလားလို့ မေးတော့ ရတဲ့အခါရပြီး မရတဲ့အခါ မရပြန်ဘူး အဲသည်တော့ကား ဘယ်သူတွေဘယ်လိုရေးမှန်းမသိ၊ ဘာမှန်းမသိနဲ့ အဲသလိုဖြစ်တယ် အဲသဟာကြောင့် (ကမ္ဘာ့ရွာ) မြန်မာပြည်ကြီးက ပွင့်တော်မူတဲ့ နတ်ဆိုးလေးရဲ့ info စာမျက်နှာကို ကြည့်ရှုပြီး ၊ တုပရေးလိုက်ရပါကြောင်းဟူလိုတည်း။

ကြိုက်တယ် မကြိုက်ဘူး ဆိုတာကတော့ လူတိုင်းရှိသပေါ့ဗျာရယ်၊ ကျွန်တော်ကတော့ ခန္ဓာကိုယ် မှာ နာခေါင်းနဲ့ နားရွက်မကြိုက်ဘူးဗျာရဲ့၊ ဘယ့်နှာသဘောလည်းဆိုရရင်ဖြင့်၊ နားခေါင်းက  သူများတွေ ကြော်တာ လှော်တာဆိုရင် အရင်ဆုံးအနံ့ရတယ်၊ မကောင်းတဲ့အနံ့ဆိုလဲ သူက အရင်သိတယ်၊ အဲသဟာကြောင့် နားခေါင်းကိုမကြိုက်ဘူး၊ နားရွက်ကတော့ ဟိုဟာကြား ဒီဟာကြား၊ ဒီဟာကြီးရှိတာဆိုရင်ဖြင့် စာလည်းကောင်းကောင်းဖတ်လို့မရပြန်၊ နားသိပ်ပူ လာရင်ခေါင်းပါမူးလာပြန်ရော အဲဒါကြောင့်မို့ နားနဲ့နှာခေါင်းကိုမကြိုက်ဘူးလို့ပြောတာ။

ကြိုက်တဲ့ဟာတွေကတော့ မျက်စိ သိပ်ကြိုက်တယ်၊ ပါးစပ်ကြိုက်တယ်၊ မမြင်ချင်ရင်ပိတ်ထား မစားချင်ရင် မစားနဲ့ ကဲကောင်းဘူးလား။ မျက်စိပိတ်ထား ပါးစပ်ပိတ်ထားတဲ့အတွက်ကြောင့် လက်လဲအလုပ်မရှုပ်တော့ဘူး၊  နားတို့နှာခေါင်းတို့ကြတော့ လက်ကိုသုံးပြီးပိတ်မှရတယ်။

လူတွေထဲမှာ ကြိုက်တဲ့ဟာကတော့ စကားပြောကြည့်လို့ ကိုယ့်စကားကို အဆင့်တန်းရှိရှိ တုန့် ပြန်နိုင်တဲ့လူဆိုရင်ကြိုက်တယ်၊ သန့်ရှင်းတဲ့လူတွေကိုလည်းကြိုက်တယ်၊ သေသေသပ်သပ် နေ တတ်ထိုင်တတ်တဲ့လူများဆိုရင်လည်းကြိုက်ပြန်တယ်၊ အနံ့တထောင်းထောင်းနဲ့၊ အမွှေးအမျှင် တကားကားနဲ့ အဲဒီလိုယောကျာင်္း မိန်းမများကိုကြတော့ နှုတ်တောင်မဆက်ချင်ဘူးဗျာရယ်။

အစားအစာလား မုန့်ဟင်းခါးကြိုက်တယ်၊ နို့ကြိုက်တယ်၊ ဆန်ပြုတ်ကြိုက်တယ်၊ အချဉ်ကြိုက် တယ်၊ ထမင်းမကြိုက်ဘူး ဒါပေမဲ့နေ့တိုင်းစားနေရတယ်၊ ဖြစ်နိုင်ရင်တော့ မနက်စောစော ဆန် ပြုတ် ညနေပိုင်း ဆန်ပြုတ်ကို နေ့တိုင်းသောက်ချင်ပါရဲ့၊ မဒမ်နဲ့ညားမှဘဲ ပြုတ်ခိုင်းရမှာဘဲ။ မကြိုက်ဆုံး အစားစာထဲမှာတော့ ဟိုမရောက်ဒီမရောက် မုန့်တီဆိုတဲ့ဟာ၊ မြန်မာမုန့်တီရော ရခိုင်မုန့်တီရော မုန်းမှမုန်း။

အားကစားထဲမှာတော့ လမ်းလျှောက်နဲ့ တောင်တက်သိပ်ဝါသနာပါတယ်၊ ရောက်တဲ့အရပ်မှာ တောင်ရှိတယ်ဆိုရင် တက်တာဘဲ၊ မကြိုက်ဆုံးအားကစား ဘောလုံး၊ ချောတိုင်တက်၊ ခေါင်းအုံး ရိုက် တွေပါ။

အချစ်ဆုံးမိန်းမ မဒမ်ငွေ၊ အနှစ်သက်ဆုံး မိန်းမ မဒမ်ငွေ၊ တခါတရံ အမုန်းဆုံးမိန်းမ မဒမ်ငွေပါပဲ၊ အကြိုက်ဆုံး အလုပ် မဒမ်ငွေ့ ကျောက်ကုန်းကို ထုရခြင်း၊ အကြိုက်ဆုံး အားကစား မဒမ်ငွေကို စပြီး ပြေးရခြင်း၊ အကြိုက်ဆုံး အမျိုးသမီး မရှိပါဘူး  (ချောတဲ့လှတဲ့မိန်းမတိုင်း ကုလား တရုတ် ကိုးရီးယား ဂျပန် အင်္ဂလိပ် မလွတ်ပါဘူး အားလုံးကိုကြိုက်ပါတယ် ဒါပေမဲ့ မဒမ်ငွေကျိန်းမှာ ဆိုးလို့မရှိဘူး  ရေးမှဖြစ်မယ်)။

အနေအထိုင်နဲ့ ပတ်သတ်ပြီးတော့ကား အကြိုက်ဆုံးနေထိုင်နည်းကတော့ ခေတ်ဟောင်းသီချင်း လေးနားထောင်ပြီး ၊ သမိုင်းစာအုပ်လေး တခုခုဖတ်ပြီး နေထိုင်ရတာကိုကြိုက်တယ်၊ မကြိုက်ဆုံး အနေအထိုင်ကတော့ မဒမ်ငွေကဲ့သို့ ၊ ဟိုသွားချင် ဒီသွားချင် အခုနေမကောင်းဘူးပြောပြီး ညကငိုတယ် မိုးလင်းတော့   Angels 8 ရှိုးဆိုလား ဘာလား ထသွားကြည့်တယ် အဲလိုနေထိုင်မှု့မျိုးကို မကြိုက်ပြန်ဘူး။

အပြောအဆို တိုးတိုးပြောတာကြိုက်တယ်၊ ကျယ်ကျယ်လောင်လောင် ပြောတာမကြိုက်ဘူး၊ ရေးရင်းရေးရင်း ချာလပတ်လည်နေပြီ၊ ဘာတွေရေးမှိမှန်းလည်းမသိဘူး၊ သူများက တဂ် တော့ ဒီကလည်းလိုက်ရေးရတာ၊ မောင်တို့ရွာက ဘလော့တွေဘာတွေ ဖတ်ရတာမဟုတ်ဘူး၊ ဒိုမိန်းတောင်ပွင့်ချင်မှ ပွင့်တာ၊ အဲဒီတော့ နီးစပ်ရာ ကိုနတ်ဆိုး ရဲ့ တဂ်ပို့စ်ကို ၊ ကြည့်ပြီး လိုက်ရေးလိုက်တာ၊ မှားရင်လည်း သည်းခံကြပါ၊ ဟိုရောက် ဒီရောက် ဖြစ်နေ တယ်လို့တော့ သိပါတယ်။

အရေးပေါ်ရေးလိုက်ရတော့ ဘယ်ကနေဘယ်လိုစရမှန်းတောင်မသိပါဘူး ဗျာတို့ရယ်၊ ဒီပိုစ့်ကို ဖတ်ပြီး မျက်စိ ဒုက္ခများ ရောက်သွားမယ်ဆိုရင်ဖြင့် ငမိုက်သား ကိုကိုငွေအားခွင့်လွတ်ပါ ရန်တောင်းပန်ပါ၏၊ တဂ်ပိုင်ရှင်ကြီး(မောင် စွယ်စုံကျမ်း)ကလည်း ငါ့၏ တဂ်ပိုစ့်ကို ဒီမောင်ရင်က ဖြစ်သလိုရေးပေးတယ် လို့မထင်စေလိုပါကြောင်း…..ဟောင်း……..ဟောင်း…..။

ဘလော့စာရှု့သူများ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်၊ ရွှင်လန်း ချမ်းမြေ့ကြပါစေခင်မျာ။

19 comments:

zp said...

လာဖတ်တယ်နော်။ကျနော် လည်းကောင်းတဲ့ ဟင်းအနံ့ မကြိုက်ဘူး။ ကိုယ့်အိမ် ဟင်းကောင်းမချက်တဲ့အချိန်မှာ ဟိဟိ....

မောင်(စွယ်စုံကျမ်း) said...

အင်းကိုငွေကတော့..မဒမ်ကိုတော်တော်ကြောက်တာပ
ဘာဇာအရေးကြောင့်တုံးလင်းစမ်းပါအုံးဗျနို့ ပေမယ့်လည်းရှိပါစေတော့ဗျာ..အတဲကွဲနေတော့မခံစားနိုင်ဘူးအဟိဟိ..အတည်းအစားထိုးမယ်....ကိုငွေရေ..ရွှင်လမ်းချမ်းမြေ့ပါစေခင်မျာ..

တောက်ပကြယ်စင် said...

အင့် ဘာလို့ မုန့်တီကို မုန်းတာလည်းနော်။ (အို မကြိုက်လို့ မုန်းပါတယ်ဆိုနေမှ)။ မဒမ်းငွေကို သိပ်ကြောက်တယ်ပေါ့။ ကြောက်မှ ဖြစ်မယ်။ ကြောက်...ကြောက်...ကျန်းမာပျော်ရွှင်ပါစေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘယ်လိုဘဲကြည့်ကြည့်
ဘယ်လိုဘဲနေနေ မဒမ်ငွေကို အကြိုက်ဆုံးမဟုတ်လား
အကြောက်ဆုံးလည်း မဒမ်ငွေလားမသိနော်း)

...အလင်းစက်များ said...

ဟမ်..... သူ့ ဟာက တဂ်ပိုစ့်မှ မဟုတ်ပဲ.. မဒမ်ငွေကို မိတ္တူပေးတဲ့ ပိုစ့်ကြီးပဲဟာ..... ဟီးဟီး (ရန်တိုက်ပေးရတာဝါသနာ)

ကိုငွေ ဆန်ပြုတ်စားကျင့်ရှိသွားတာ ဘန်ကောက်မှာ နေတုန်းက စတာပဲလား။ ကျနော်တော့ အရင်ကထည်းက အဲ့လိုစားတတ်တယ်။ ထိုင်းရောက်တော့ သူတို့ စတိုင်မျိုးလေး တွေ လိုက်စားဖြစ်ရင်း ကြိုက်သွားတယ်ဗျာ။

အရှိန်တက်တုန်းမှ ရပ်လိုက်သလိုပဲ။

စံပယ်ချို said...

စွယ်စုံရေ
အကိုငွေက ကြောက်တာမဟုတ်ဘူးဟ
နင်ကလဲတုန်းလိုက်တာလွန်ရော
အဲတာ....အချစ်ပဲ..
ဒါကြောင့်ခုနင်ရီးစားမရှိတာပေါ့....
အကိုငွေရေ...ဖတ်သွားပါပြီနော်...
အကိုငွေနဲ့ မဒမ်ငွေချမ်းမြေ့ပါစေရှင်။

ကိုဇော် said...

မစားရခင် အနံ့လေးကို အရင်ခံစားရတာလို့ အဖေက ပြောတာပဲ။ မဒမ်ငွေရဲ့ ကျောက်ကုန်းကို ထုတာကတော့ အတုယူထားဦးမှ. . .

အင်္ဂါဟူး said...

အလကား ဦးငွေ ညာနေတာ... မဒမ်ငွေကို ကြောက်တာမှ တုန်လို့.. သူက ကျောက်ကုန်းလေးထုမယ်ပြင်တုန်း ဟိုက ဘယ်ဝိုက် ညာတံတောင်နဲ့ ကစ်ပြီးပြန်အကျမှာ လက်ဖနောင့်နဲ့ ပင့်တင်တာကို ခေါင်းမော့လာတုန်း ဒူးနဲ့တိုက်လိုက်လို့ သွားတွေမှ မရှိတော့ဘူး... ထမင်းမစားနိုင်လို့ ဆန်ပြုတ်ခဏခဏ သောက်ရတာကို ကြိုက်သလေးဘာလေး လာဖိန့်နေတယ်... ဦးငွေဆန်ပြုတ်ကြိုက်ရတာ... မဒမ့်ငွေ လက်သံပြောင်လို့ပါဂျာ။

မင်းဧရာ said...

အကိုငွေရေ...........
ရယ်ရတယ်ဗျာ တကယ်ပဲပြောစရာတွေကျန်သေးတယ်
အလုပ်သွားရတော့မှာမို့ နောက်မှ။

Anonymous said...

ဖတ်သွားတယ် ငွေလမင်း ရေ
ငွေလမင်း ဘာအကြိုက်ဆုံး ဆိုတာလည်း တော့ သိသွားတယ်
ဆန်ပြုတ်တော့ ကြိုက်တယ်ဗျို့ မန်းလေး လာရင် ဆန်ပြုတ်တိုက်မယ်

ရွှေစင်ဦး

mstint said...

တိုတိုနဲ့လိုရင်း တဂ်ပို့စ်လေးဖတ်သွားပါတယ်ကွယ်။
သူများထက်ထူးပြီး အနံ့အသက်ကိုရတယ်ဆိုတာ မုန့်ဖုတ်တဲ့လုပ်ငန်းတွေမှာ တန်ဖိုးသိတ်ရှိတယ်။
သူများထက် အကင်းပါးတဲ့နားကိုလည်း အားကျတယ်။ အန်တီက အဲဒီလိုနားမပါးလို့ တစ်ခါတစ်လေ သူများမေးတာကို နှစ်ကြိမ်လောက် အားနာစွာ ပြန်မေးနေရတယ်း)
စိတ်တူ ကိုယ်တူ ချစ်ကြသူများ ပျော်ရွှင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ငွေလမင်း said...

jasmine ပြောသလို ကြောက်တာမဟုတ်ပါ ချစ်တာပါ တကယ်ချစ်ဖူးရင် သိပါလိမ့်မယ် မုန့်တီကတော့ မကြိုက်လို့ မုန်းတာပါ
မချော ပြောသလို အကြောက်ဆုံးကလည်း မဒမ်ငွေပါ
အလင်းစက်ပြောသလို မိတ္တူပေးတာမဟုတ်ရပါဘူး မူရင်းပေးတာပါ မဒမ်ငွေလဲ ဒီပို့စ်ကို ဖတ်မှာလေဗျာ
မဒမ်ငွေ့ကျောက်ကုန်းကို တခါဘဲထုဖူးပါတယ်ဗျာ ပြန်ချော့လိုက်ရတာ တော်တော်မောတယ် ဟဲဟဲ
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့
ဆန်ပြုတ်ကြိုက်တော့ အစာကြေလွယ်တာပေါ့ဗျာ
မရွေစင်ဦး ဆီ ဆန်ပြုတ်လာသောက်အုန်းမယ်
အန်တီတင့် ပေးတဲ့ဆုနဲ့ပြည့်ပါစေ

ကိုကိုငွေ

မအိမ်သူ said...

သြ.. ထူးထူးခြားခြား အာရုံငါးပါးကို ပြည့်စုံအောင်မခံစားချင်တဲ့သူနဲ့ တွေ့နေပါရောလား.. ဆန်ပြုတ်ကြိုက်ရင်တော့ ကမ္ဘောဒီးယားလာနေ.. အမုန်းစားရပါလိမ့်မယ်။ အလှူ ပွဲလမ်းသဘင် မင်္ဂလာဆောင် အသုဘ ဘာပွဲပဲဖြစ်ဖြစ် ဆန်ပြုတ်တိုက်တယ် တခြားဟာကျွေးတာကျွေးတာ တခြားပဲ။ ဘယ်ဆိုင်ဖြစ်ဖြစ်လည်း ဆန်ပြုတ်ရတယ်။ စားသောက်ဆိုင်ကြီးတွေကအစ...

Angelhlaing(May everybody be happy and healthy! said...

အနံ့တထောင်းထောင်းနဲ့၊ အမွှေးအမျှင် တကားကားနဲ့ အဲဒီလိုယောကျာင်္း မိန်းမများကိုကြတော့ နှုတ်တောင်မဆက်ချင်ဘူးဗျာရယ်။

:) မမနဲ့တိုင်ပြောမယ်...အကိုရယ်လို့....မမအကြောင်းရယ် ရေးတယ်လို့...:P:P

ခရစ္စတလ် said...

ကိုငွေပြောမှ သတိထားမိတယ် နှာခေါင်းနဲ့ နားက ပိတ်ထားမရဘူးကိုး .....
ချစ်သူနှစ်ဦး အမြန်နီးစပ်ကြပါစေသတည်း။ :)

ညိမ်းနိုင် said...

အင်း.ကိုကိုငွေက မဒမ်ငွေကြောင့် ဆန်ပြုတ်ကြိုက်သွား
တယ်လား...(အင်္ဂါဟူးပြောတာနော်....:))
ဟိုရောက်ဒီရောက်ပေမယ့် ဖတ်လို့ကောင်းသဗျ...။

KMC@ချင်းလေး said...

ကိုင်းးးးအမြင်လေးပြောရမယ်ဆိုရင်တော့ တိုတိုလေးနဲ့ရှင်းရှင်းလေးရေးထားပေမယ့် အားလုံးနီးပါးခြုံငုံမိပြီးရေးပြနိုင်တာလေးစား မိတယ်ပေါ့ဗျာ...ညီ့ဆီလာလည်တာဝမ်းသာ
ပါတယ်အစ်ကို...(သို့) အစ်မ ...

အဖြူရောင်နတ်သမီး said...

မဒမ်ငွေ စတိတ်ရှိုးသွားတာကို သူ့မှာ မကျေနပ်နိုင်ဘူးဖြစ်နေတယ်..
သွားပါစေကွယ်..
သူစိတ်ချမ်းရင် ကိုယ်လည်းစိတ်ချမ်းသာတာပဲ မဟုတ်လား..
မဒမ်ငွေရေ..
သွားချင်တာ သွား..
စားချင်တာ စား...
ဝယ်ချင်တာ ဝယ်နော်...
မဒမ်ငွေရဲ့ဘေးမှာ ပါရမီဖြည့်ဖက် ကိုကိုငွေတယောက်လုံးရှိတယ်...ဟိ

မေသိမ့်သိမ့်ကျော် said...

ဟိုသွားဒီသွားမကြိုက်ဘူးလဲပြောတယ် ပြီးရင် လိုက်ပို့ရတယ်မို့လားးးးးဟဲဟဲ...။ တဂ်ပို့စ်လေးတွေ ဖတ်လို့ကောင်းလိုက်တာ....။ သိသွားပြီဗျိုးးးးး။ (ဘာသိတာလဲ မမေးနဲ့နော်....း)


ခင်တဲ့