Tuesday, February 5, 2013

စာရေးအုံးမယ်

ငွေလမင်းဘလော့ကို နောက်ဆုံးတင်ခဲ့တဲ့ ပိုစ့်က မတ်လ ၃၁ ရက် ၂၀၁၂ ကဆိုတော့ ၁၁ လကျော်ပြီ ပိုစ့်အသစ်တွေ မတင်ဖြစ်ခဲ့တာ၊  ပိုစ့်မတင်ဖြစ်တဲ့ အကြောင်းတွေက လည်းအများ သား၊ သုံးနေကျ ကွန် ပျုတာက ၀င်းဒိုးကျတယ် ၊ ရေးထားတဲ့ စာဖိုင်တွေ ပျောက်ကုန်တယ် ၊ ၀ယ် ထားတဲ့ ဒိုမိန်းကလည်း ဘယ် တုန်းက သက်တမ်းကုန်မှန်းမသိလိုက် ၊ သိတော့လည်း ဘလော့စ ပေါ့ကို ဘယ်လိုရွေ့ရ ပြောင်းရမှန်းမသိ ဘလော်ကာ နတ်ဆိုးလေး ကျေးဇူးနဲ့ ဒိုမိန်းကနေ ဘလော့ စပေါ့ အဖြစ်ပြောင်းလဲ လိုက်တယ် ။

ဘလော့စပေါ့ လည်းပြောင်းပြီးရော ရန်ကုန်ကိုလာတယ်၊ မန္တလေးကိုသွားတယ်၊ သင်တန်း တချို့ တတ် တယ်၊ မဒမ်ဆီသွားတယ် ၊ အိုး အူချာကိုပေါက်နေတာပါပဲဗျာ ၊ ပိုစ့်တွေမတင်ဖြစ်ပေမဲ့ စာ တွေတော့ အသံ တိက်လေးဖက်ဖြစ်ပါတယ်၊ ကွန်မင့်တော့ မပေးခဲ့ရ ဖူးပေါ့၊ ခုတလော နဲနဲလေး အားလာပြီဆိုတော့  စာတို ပေစလေး ရေးဖို့အားထုတ်ချင်လာပြန်ပါတယ်။

စာတွေမတင်ဖြစ်ပေမဲ့ ဘလော်ကာသူငယ်ချင်းများ စီဘောက်လေးမှာ လာအော်ကြ နုတ် ဆက် ကြလို့ ၀မ်းသာရပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်၊ သတိထားမှိသလောက် ဘလော့ တော် တော်များများလည်း ပိုစ့်မတင်ဖြစ်တာ ကိုသတိထားမှိတယ်၊ သူတို့ခင်မျာလည်း ကိုယ့်လိုပဲ နေလိမ့်မယ် ကိုယ်ချင်းစာမှိပါတယ် ကိုကိုငွေလည်း အားရင်အားသလို  http://ngwela min30. blogspot.com/  ကနေ စာလေးရေးပါအုံးမယ် ငွေလမင်းဘလော့ ရဲ့ လိပ်စာသစ်လေးကိုလည်း ကူညီချိပ်ဆွဲပေးပါအုံးလို့ပြောရင်း နုတ်ခွန်းဆက်သပါ တယ်။

ဘလော့ကာ ညီကိုယ်မောင်နှမများနှင့် စာဖက်သူများ ကိုယ်စိတ်နှစ်ဖြာကျမ်းမာ ချမ်းသာ ပါစေ ကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ်။

5 comments:

ဟန်ကြည် said...

အလို...ငုပ်ကောင်ပြန်ပေါ်လာပါပကောလား...

မပေါ်လာ အတော်ကြာတော့ ကဖိုးငွေတို့စုံတွဲ ဘလော့ရွာကနေ စုတေစိတ်ကျသွားပြီ အောက်မေ့နေတား)

သွက်သွက်လက်လက် မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှတဲ့ ကဖိုးငွေတို့စုံတွဲ ပြန်ပေါ်လာတဲ့အတွက် ၀မ်းပမ်းတသာ ကြိုဆိုလိုက်ပါသဗျား...

ခရစ္စတလ် said...

ဒီစုံတွဲ ပျောက်ချက်သားကောင်းနေပါလားလို့ ဟိုတနေ့က တွေးမိသေးးးး :)

သဒ္ဓါလှိုင်း said...

စာမရေးပေမယ့် သတိတရရှိပါတယ်.။ အသစ်တွေ ဖတ်ဖို့ မျှော်နေပါတယ်.။

ခင်မင်လျက်
သဒ္ဓါ

ညိမ်းနိုင် said...

အလိုလေး.......ပျောက်ချက်သားကောင်းနေသူလေးက
ပြန်ပေါ်လာပါရောလား...ကောင်းပါ့ဗျာ....၊သတိတရအ
မြဲရှိပါတယ်၊တစ်ချိန်ချိန်ပြန်ပေါ်လာကောင်းလာနိုင်တယ်
ဆိုတဲ့မျှော်လင့်ချက်နဲ့ ချိတ်ထားတဲ့လင့်တောင်မဖြုတ်ပဲ
ထားပါတယ်...၊ဒမ်ဒမ်ဆီရောက်ရင်လည်း ကျွန်တော်တို့
ဆီ လာတွေ့ပါဦးလားဗျာ....၊စလုံးရောက်တာတောင်
ဧည့်မခံလိုက်ရတော့ တာဝန်မကျေသလိုခံစားရတယ်ဗျ၊
နောက်တစ်ခါ ဒမ်ဒမ်အနားပဲကပ်မနေနဲ့နော့.... :))))

လွင်ပြင်လှိုင်းငယ် said...

အသစ်အသစ်တွေ မျှော်နေပါ့မယ် ။