Sunday, July 25, 2010

အချစ်

အချစ်ဆိုသောအရာဝတ္ထုမှာ လူ့ခံစားချက်နှင့်ထိတွေ့မှု အမျိုးမျိုးပါဝင်ပြီး ၊ အလွန်ပြင်းထန်သော စွဲလမ်းမှုကိုအချစ်ဟုခေါ်သည်ဟု မှတ်သားထားဖူးပါသည်၊ မြန်မာ့ဓလေ့ထုံးစံတွင် တဏှာပါ သော၁၅၀၀အချစ်နှင့် ၊ တပ်မက်ခြင်းကင်းသော ၅၂၈ ဆိုပြီးခွဲထားသည့်အပြင်တိရိစ္ဆာန် ၊ အရာဝ တ္ထု ၊ တို့တွင်ခုံမင်နှစ်သက်တတ်သောအချစ်များလဲရှိသေးသည်၊အခြေခံအားဖြင့် အချစ်ဆိုသည်မှာ သွေးသားမတော်စပ်သောတစိမ်းတယောက်အပေါ်တွင် ဖေါ်ပြ၍ မရနိုင်လောက်အောင်အလွန်ပြင်း ထန်သော ကြင်နာခံစားမှုမျိုးကိုသာမန်အားဖြင့်အချစ်ဟုခေါ်ဆိုကြရပေသည် ။ 
ထိုပြင်းထန်သောကြင်နာခံစားမှုမျိုးမှသည်တဦးနှင့်တဦးစတင်ချစ်ကျွမ်းဝင်ပြီး အထိအတွေ့အချစ် အဖြစ်လက်ခံကြပေသည် ၊ အချစ်ဆိုသောအရာသည် ယဉ်ကျေးမှုကွာခြားခြင်း ၊ စိတ်၏ခံစားမှုကို လိုက်၍ အဓိပ္ပါယ်ကွာခြားမှုများကြောင့်တစ်ကမ္ဘာလုံး အတွက်ကိုက်ညီမည့်အဓိပ္ပါယ်မရှိနိုင်ကြသေး ပေ ။ 
အချစ်သည် စိတ္တဇနာမ်ဖြစ်သောကြောင့် စိတ်နှင့်သာခံစား၍သိနိုင်သောအရာမျိုးဖြစ်သည် အချစ် ကိုအချစ်မဟုတ်သောအရာများဖြင့်တိုင်းတာ ရှင်းပြနိုင်ရန်အင်မတန်ခက်ခဲပေသည်၊ အချစ်သည်အ လွန်ကြိုက်သောသဘောရှိပြီး၊ အမုန်း၏ဆန့်ကျင်ဖက်ဖြစ်ပေသည် ၊ အချစ်ဟူသည် တဏှာမဟုတ် ဘဲ ၊ လိင်ဆန္ဒနဲပြီးခင်တွယ်သောစိတ်ခံစားမှုအတွင်းမှပေါ်ပေါက်လာခြင်းဖြစ်သည် ၊ သို့သော်သူ ငယ်ချင်းနှင့်ကားမတူပေ ။ 
နာမ်သဘောဖြစ်သောအချစ်သည် ရှုပ်ထွေးပြီး အချစ်ဒဿနဆရာများက ဖွင့်ဆိုထားသောအချစ် ဆိုင်ရာ နာမည်ကျော်ဖွင့်ဆိုချက်များမှာ ဘီဂျယ် ၏ အချစ်သည် အရာရာကိုအောင်မြင်သည်(Love conquers all ) ဗီတယ် ရဲ့ အချစ်သာလိုသည် (all you need is love ) နှင့် ဘာထရံရပ်ဆဲလ်ရဲ့ နှိုင်းယှဉ်ရာမဟုတ်သော၊ အနှိုင်းမဲ့အချစ် (absolute value) တို့မှာထင်ရှားသော အချစ်ဆိုင်ရာဖွင့် ဆိုချက်များပင်ဖြစ်ပါသည် ။ 
လူအချင်းချင်း ချစ်သော အချစ်ကို လူ့အချစ် (Interpersonal love) ဟုခေါ်သည်။ ၎င်းသည် ကြိုက်ခြင်းထက် ခံစားမှု ပိုကဲသည်။ တစ်ဖက်သက် အချစ် ဆိုသည်မှာ အပြန်အလှန် မရှိသော ချစ်ခြင်းကို ခေါ်သည်။ လူ့အချစ် သည် လူမှုရေးနှင့် များစွာ ဆက်စပ်သည်။ ၎င်းအချစ်ကို မိသားစု၊ သူငယ်ချင်း နှင့် လင်မယားကြားတို့တွင် ဖြစ်ပေါ်ပေမည်။ လူ့အချစ် ကြောင့် erotomania ကဲ့သို့ စိတ်ဝေဒနာ များစွာတို့လည်း ဖြစ်နိုင်သည်။ 
သမိုင်းတစ်လျှောက်တွင် ဒဿန နှင့် ဘာသာရေ တို့သည် အချစ် သဘောကို အလွန် တွေးဆခဲ့ပေသည်။ ၂၀ ရာစု နှစ်တွင် အချစ်နှင့် ပတ်သက်၍ စိတ်ပညာ တွင် အများအပြား ရေးသားခဲ့သည်။ နောက်ပိုင်းနှစ်များတွင် အဆင့်ဆင့် ပြောင်းလဲခြင်း စိတ်ပညာ (evolutionary psychology)၊ အဆင့်ဆင့် ပြောင်းလဲခြင်းမနုဿဗေဒ၊ ဦးနှောက်ဗေဒ (neuroscience) နှင့် ဇီဝဗေဒ များသည်လည်း အချစ်၏ သဘာဝ နှင့် လုပ်ငန်းတို့ကို လေ့လာသည်။ 
ဇီဝဗေဒပညာရပ်တွင် လိင်ကိစ္စကိုအချစ်ဟုမြင်ပြီး ဆာလောင်ခြင်းကဲ့သို့သော နို့တိုက်သတ္တ၀ါများ တို့၏တွန်းအားဟုအချစ်ကိုအကဲဖြတ်ကြပေသည်၊အချစ်ဟူသောအရာတွင်ပါဝင်သောHelen isher သည်၊ တဏှာဟူသောဖြစ်တည်မှု ၊ ဆွဲငင်မှု ၊ တွဲစပ်မှုဟူသောအပိုင်းသုံးပိုင်းပါဝင်သည်ဟုဝေဖန် ထားကြပေသည်၊တဏှာဖြစ်တည်ပြီး အချစ်ဟူသောဆွဲငင်မှုဖြစ်ကာ လူတို့၏စွမ်းအင်များကို မိတ် လိုက်ရာတွင်အသုံးပြုပြီး ၊နောက်ဆုံးမျိုးဆက်များပေါက်ဖွားခြင်းဟူသော တွဲစပ်မှု့ကိုဖြစ်ပွားစေ သည်ဟု ဇီဝဗေဒပညာရှင်များ ဝေဖန်သုံးသပ်ပြထားသည်ကိုမှတ်သားထားဖူးပါသည် ။
 
တဏှာသည် မိတ်လိုက်ခြင်းကို အားပေးသော ပြင်းပြသည့် လိင်ဆန္ဒကို ဖြစ်ပေါ်စေပြီး၊ testostrone နှင့် estrogen ကဲ့သို့ ဓာတု ဓာတ်ပစ္စည်းများ ပိုမို ထွက်လေသည်။ ၎င်းအကျိုးသက်ရောက်မှုသည်ရက်တစ်ပတ် သို့မဟုတ် လ အနည်းငယ် ကာလအပိုင်းအခြားတစ်ခုထိ ကြာသည်။ အချစ် ဆွဲငင်မှု သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အတွက်သာ ရွေးချယ်၍ မိတ်လိုက်ရန် အချစ်စိတ် ဖြစ်ပေါ်ပြီး ၎င်းအချစ်စိတ်သည် အမှန်တကယ် မိတ်လိုက်ပြီးသောအခါ လျော့ကျသွားပြန်သည်။ မကြာသေးမှီက ဦးနှောက်ဗေဒ (neuroscience) လေ့လာတွေ့ရှိချက်အရလူတစ်ယောက်ချစ်မိလျှင် ဦးနှောက်သည် ဓာတု ဓာတ်ပစ္စည်းများ ဖြစ်သည့် pheromonesdopaminenorepinephrine နှင့် serotonin တို့ အဆက်မပြတ် ထုတ်လုပ်ပေးသည်။ ၎င်းတို့သည် အဖီတမင်း ကဲ့သို့ ဦးနှောက်၏ သာယာမအထွတ်အထိပ် (pleasure center) ကို ဆွပေးပြီး နှလုံးခုန်နှုန်း မြန်ကာ စိတ်လှုပ်ရှားခြင်းနှင့်အတူ အစား၊ အအိပ် ပျက်စေသည်။ 
တဏှာဖြစ်တည်မှု နှင့် အချစ်ဆွဲငင်မှု မှာ ခဏတာ ဖြစ်ပေါ်ရန်ရှိပြီး တတိယ အဆင့်မှာ ရေရှည် ဆက်ဆံရေးအတွက် ရည်ရွယ်သည်။ ဆွဲငင်မ သည် နှောင်ကြိုး တစ်မျှင်ဖြစ်ပြီး ဆက်ဆံရေးကို အားပေးပြီး နှစ်များစွာ ကြာနိုင်သည်။ နှောင်ကြိုးများကို လက်ထပ်ခြင်း နှင့် သားဆက်များ သို့မဟုတ် အပြန်အလှန် ဆက်ဆံရေးများက နှစ်ဦးနှစ်ဖက် လိုအပ်ချက်အလိုက် ချည်နှောင်ထားသည်။ ၎င်းတို့သည် တိုတောင်းသော ဆက်ဆံရေးများထက် အဆင့်မြင့်သည့် ဓာတု ပစ္စည်းများဖြစ်သော oxytocin နှင့် vasopressin တို့ကို သုံးသည်။ လူများ ချစ်ကျွမ်းဝင်စတွင် nerve growth factor (NGF) ခေါ် ပရိုတိန်း မော်လီကျူးများ ပိုမိုထွက်ရှိပြီး တစ်နှစ်အကြာတွင် မူလအခြေသို့ ပြန်ကျသွားသည်ကို Pavia University မှ အီတာလံ သိပ္ပံပညာရှင် များက ၂၀၀၅ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
စိတ်ပညာသဘောတရားအရ
စိတ်ပညာသည် အချစ်ကို သိမှု (cognitive) နှင့် လူမှုရေး သဘာဝ အဖြစ် သရုပ်ဖော်သည်။ စိတ်ပညာရှင် Robert Sternberg သည် အချစ် တြိဂံ သီအိုရီ (triangular theory of love) ကို ရေးဆွဲခဲ့ပြီး အချစ်သည် နီးစပ်ခြင်း၊ သံဓိဌာန်ချခြင်း (commitment) နှင့် အရူးအမူး ဖြစ်ခြင်း (passion) သုံးမျိုး ပါဝင်ကြောင်း ငြင်းဆိုပြုခဲ့သည်။ နီးစပ်ခြင်း သည် လူနှစ်ယောက် ကိုယ်ရေးကိုယ်တာ ကိစ္စများကို ပြောပြပြီး မိမိဘဝ အကြောင်းကို အဆုံးတိုင် ဖွင့်ဟသည်။ နီးစပ်ခြင်းသည် လူမှု ဆက်ဆံရေး နှင့် အချစ်ကိစ္စများတွင် ပေါ်လွင်သည်။ သံဓိဌာန် ချခြင်း မှာ တစ်နည်းအားဖြင့် ဆက်ဆံရေးသည် ရေရှည်မည်ဟု မျှော်လင့်ခြင်းပင် ဖြစ်သည်။ နှောက်ဆုံး အချစ်၏ ထုံးစံမှာ လိင်စိတ် နှင့် အရူးအမူးဖြစ်ခြင်း ပင်ဖြစ်သည်။ အရူးအမူး အချစ်သည် ရိုမန်းတစ် အချစ်ကဲ့သို့ အတက်အကျ ရှိသည်။ အချစ် အားလုံးကို ၎င်းသုံးခု အချိုးပြောင်းလဲ၍ ပေါင်းစပ်ခြင်း ဖြင့် ရရှိနိုင်သည်။ အမေရီကန် စိတ်ပညာရှင် Zick Rubin ကမူ အချစ်ကို စိတ်တိုင်းတာမှုများ (psychometrics) ဖြင့် သတ်မှတ်သည်။ သူ၏ အဆိုအရ ၎င်းသုံးခုမှာ စွဲလမ်းခြင်း၊ ယုယခြင်းနှင့် နီးစပ်ခြင်း ဟုဆိုသည်။
အဖိုနှင့်အမ ဆွဲငင်သည့် လျှပ်စစ် နိယာမ တစ်ခုဖြစ်သော Coulomb's law ကို ဆက်စပ်၍ လူ၏အချစ်ကို "ဆန့်ကျင်ဖက်မှ ဆွဲငင်သည်" ဟု ချဲထွင်ကြသည်။ ၎င်းအဆိုကို ပြီးခဲ့သော ရာစုနှစ်ကြာအောင် လေ့လာခဲ့ကြပြီး နောက်ဆုံးတွင် ၎င်းမှာ မမှန်ပဲ လူတို့သည် အကြိုက်တူရာသာ ရွေးချယ်လေ့ရှိကြသည်။ သို့သော် ဆန့်ကျင်ဖက်ကို လိုလားသော အရာတစ်ခုမှာ ကိုယ်ခံအား စနစ်ဖြစ်ပြီး မျိုးမတူသူတို့ ပေါင်းစပ်လျှင် ခုခံအား ပို၍ ကောင်းလေသည်။
ဆက်လက်ဖော်ပြပါမည်…………….။

3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မှတ်သားသွားပါတယ်..
စိတ်ဝင်စားစရာပါ

မောင်လေး said...

အချစ် အကြောင်းဖတ်သွားပါတယ်..။

မိုးယံ said...

ခုချိန်ထိ ချစ်ရမှား ရှက်စရာကောင်းတယ် (အဲဒါလေးဖြူဆိုတာ)

မအားတာ မအားတာပဲ။ ရောဂါ ကျွမ်းနေသူမို့ မဖတ်ရင် မနေနိုင်တာက လွဲလို့။