Wednesday, September 8, 2010

ချစ်သူဘ၀ကို ဖြတ်သန်းခြင်း


သူနဲ့ချစ်သူဖြစ်တာ 28/9/2010/ဆိုရင် လေးလပြည့်တော့မယ် ၊ ဘယ်လိုဖြတ်သန်းခဲ့ လဲလို့မေး ရင်တော့ ဒီလိုပါဘဲ ထူးခြားတာ တခုကတော့ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်တတ် ကြတာဘဲ ကျွန်တော့်ကို အလိုတော်တော်လေး လိုက်သလို သူ့ကိုလဲ တော်တော်လေး အလိုလိုက်တယ် ဒါပေမဲ့ ဒါတော့မကြိုက်ဘူး ကွာလို့တောင်းဆိုလိုက်တာနဲ့ သူကပြင်ပေးတယ် အစကတော့ ရှက်တီးရှက်ပြာ ပေါ့လေ အခုတော့လဲ ချစ်စိတ်ကြောင့် ထင်ပါတယ် တော်တော်လေး တည်ငြိမ်လာပါပြီ စိတ်လဲအရင်က လောက်မပူတတ်တော့ဘူး အရင်ကဆိုရင် သူတခုခု မှားမှား ယွင်းယွင်း ဖြစ်ရင် ပြာလောင်ခတ်နေ တော့တယ် အခုတော့တည်ငြိမ် လာပါပြီ ကျွန်တော့ချစ်သူ ဟာ ကျွန်တော့ဘ၀ကို စိုးမိုးထားတာတော့ အမှန်ဘဲ သူမကြိုက်တာကို မလုပ်ဘို့ လေသံပျော့လေး နဲ့လိမ်မာ ပါးနပ်စွာ နားချတတ်ပါတယ် ။

နောက်တစ်ခုက ကျွန်တော်ဟာ သူများတွေလို ရုပ်ရှင်ဆန်ဆန် ဗွီဒီယို ဇာတ်လမ်းထဲကလို စကားတွေကို တစ်ခါမှ ချစ်သူကိုပြော မပြခဲ့ဖူးပါဘူး ၊ ကျွန်တော်ပြော ခဲ့ဖူးတဲ့ သူ့အတွက်စကား တခွန်းကတော့ ကျွန်တော်မကျေနပ် ရင်မင်းကိုပြုပြင် ခိုင်းမယ် အဲဒီလိုပြောရဲ့ သားနဲ့ မင်းမလုပ်ဘူး ဆိုရင်တော့ ချစ်နေတော့ လမ်းတော့မခွဲ နိုင်ဘူး ဒါပေမဲ့ မင်းကိုနောင်တရ အောင်တော့လုပ်မယ်လို့ ပြောထားပါတယ် ၊ တစ်ခါတုန်းက သူက သူငယ်ချင်းတွေနဲ့ မပြောမဆို ဘဲ အပြင်ကိုထွက်သွားပါ တယ် ကျွန်တော်က ဂိုးလေဘယ် အရက် ၂လုံးကုန်အောင် သောက်ပလိုက် ပါတယ် ၊ အန်တာလဲ တစ်ညလုံးပါဘဲ လူဟာ ရင်တွေပူပြီး ဘာမှကိုခေါင်းက မမှတ်မှိတော့ပါဘူး၊သူလဲ ကျွန်တော်အန်တာကြည်ပြီး တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်။မူးတာမှ သူ့နာမည်ကို ဘဲမှတ်မှိပါတော့တယ် ၊ သူ့နာမည်ရယ် သူ့လုပ်ထားတဲ့ အပြစ်ရယ် အဲဒါဘဲမှတ်မှိပါ တယ် အခုတော့သူလဲ အဲလိုမလုပ်ရဲတော့ ပါဘူး သူပြင်သွားပါပြီ ကျွန်တော်အရက် သောက်မှာ ဆိုးလို့လား တော့မသိနိုင်ပါဘူး အခုဆိုရင် ကိစ္စတခုခုရှိရင် သူကြိုပြီး တော့ပြောပါတယ် ဘယ်တော့ဘယ်ကို ဘာကိစ္စနဲ့ သွားမယ် ဘယ်ချိန်ပြန်ရောက်မယ် ၊ အဲလိုလေး ပြောပါတယ် ကျွန်တော် ကျေနပ်ပါတယ် ၊ သူ့ကိုလဲ သိပ်ချစ်မှိခဲ့ပါတယ် ..၊ ကျွန်တော့ရဲ့ လုပ်ထုံးလုပ်နည်းက သူ့ကို ပြုပြင်စေခဲ့မှိ လို့ တော်တော်လေးကို ပျော်ရွှင်ကြည်နူးရပါတယ် ..။

သူ့အကျင့်စရိုက်တစ်ခု ရှိပါတယ် အဲဒါကတော့ အစကဘာစာမှ မဖတ်ပါဘူး အခုကျွန်တော်ပြောလို့ စာလေးတွေ ဘလော့တွေမှာ လိုက်ဖတ်ပါတယ် ၊ ဘလော့တွေမှာ ကြောက်စရာကောင်း တဲ့ ဟာတွေဖတ်လာရင် လဲကြောက်နေပါတော့တယ် ၊ အရင်တစ်ခါက စကာင်္ပူက တစ္တေကြီးပွဲ ရက်မှာ သရဲတွေ အိမ်လည်ထွက်တတ်တယ် ဘာရယ်ညာရဲ့နဲ့ ဘလော့တစ်ခုက ရေးထားတာကို သူကကြောက်ပြီး နေလို့ ကျွန်တော်တစ်ညလုံး မိုးလင်းထိ ဘာမှမလုပ်ဘဲ သူ့ကိုထိုင်စောင့် နေရဖူးပါတယ် ၊ ကြောက်စရာရှိရင် အဲသလောက်ကြောက်သလို အချစ်ဘလော့လေး တွေဖက်မှိ လာပြီဆိုရင်တော့ ဘလော်ကာတွေ ရေးထားတဲ့အတိုင်း မေးပါတော့တယ် ၊ မသိဘူးလို့ မေးတဲ့အခါ များမှာတော့ စိတ်တွေဆိုးပါတယ် ကောက်ပါတယ် ၊ ကျွန်တော်လဲ သူမေးသမျှ အကုန်ဘယ်သိပါ့ မလဲခင်မျာ ၊ ဒါပေမဲ့ အတတ်နိုင်ဆုံး ဖြေတာပါဘဲ ၊ ဘယ်လိုခံစားရတုန်း လို့မေးတဲ့အခါ ခံစားမှိတာလေး ပြောလိုက်တော့ ဒါဟာ အချစ်မဟုတ်ဘူး ရင်ခုန်တာဘာညာနဲ့ ဆိုပြန်ပါတယ် တလောက ပြဿနာတခုတက် လိုက်သေးတယ် ဘလော်ကာ မချောရဲ့ ပိုစ့်တခုကို ဖတ်ပါတယ် ပိုစ့်ထဲမှာ ရေးထားတာက လင်မယားနှစ်ယောက် ဟာ ကွာရှင်းပြတ်စဲ ကြတာပါ ၊ အဲဒီပိုစ့် နာမည်က “ကွာရှင်းပြတ်စဲခြင်းတဲ့ ”။

လင်မယား နှစ်ယောက်ကွာရှင်း ပြတ်စဲပြီး ယောကျာ်းဖြစ်သူက နောက်ကောင်မလေး တစ်ယောက်နဲ့ ဖြစ်နေတာပါ အဲဒါကို မိန်းမဖြစ်သူက လိမ်မာပါးနပ်စွာနဲ့ ယောကျာ်းဖြစ်သူကို သူ့ဘက်ပါအောင် ပြန်လည်စည်းရုံးတဲ့ သင်္ခန်းစာပေးတဲ့ပိုစ့်လေးပါ တော်တော်လေးကောင်း ပါတယ် မမချောရဲ့ ဘာသာပြန်ချက်ကလဲ ကောင်းတော့ ဖတ်ရတဲ့လူတွေလဲ သူ့တော့ကီမှာ မျှောတာပေါ့ ချစ်သူကတော့ သင်္ခန်းစာမရဘဲ ၊ ကျွန်တော့်ကို ပြဿနာရှာပါတယ် ၊ ယောကျာ်းတွေများ ဘာဖြစ်တယ် ညာဖြစ်တယ် ဟိုဟာ ဒီဟာနဲ့ တစ်နေ့လုံး အဲဒါဘဲပြောနေပါ တော့တယ် ဘာဖြစ်တာလဲလို့ သေချာမေးကြည့်တဲ့ အခါကျမှာ တရားခံဟာ မမချောဖြစ်နေပါတော့တယ် အဲဒါနဲ့မမချောကို ဘယ်လိုဖြေရှင်းရမလဲ ခင်မျာကယ်တော်မူပါလို့ အကူညီ တောင်းတဲ့အခါ ကြတော့မမ ချောက ယောကျာ်းလေးတွေ ဘယ်လောက် ဖောက်ပြန်ချင်ချင် မိန်းခလေးတွေက လိမ်မာပါးနပ် စွာကိုင်တွယ်ရင် အစဉ်ပြေပါတယ်လို့ ပြန်ပြောလို့ သူပြောတဲ့အတိုင်း ပြောရတော့ တာပေါ့ ဒါလဲသူကမကျေ နပ်ပါဘူး ကတိပေးပါ ထားမသွားဘူး နောက်ချစ်သူမရှာဘူး ရိုးမြေကျ ပေါင်းပါ့မယ် ၊ ကတိမျိုးစုံ တောင်းပါတယ် ၊ ကျွန်တော်လဲ သူတောင်းတဲ့အတိုင်း အကုန်ပေးရပါတယ် အခြေနေက သိပ်မကောင်းဘူးမို့လား တော်ကြာ တခြားတစ်ဖက် ကိုဦးတည် သွားမှာလဲ ကြောက်ရသေးတယ် ခင်မျ ၊ ဒီလိုစာလေးတွေ ဖတ်လာပြန်တော့လဲ ကျွန်တော့်ခင်မျာ ကိုယ့်ဒုက္ခနဲ့ကိုယ် ဖြစ်နေရပါတယ် ၊ မင်းကွာ စာဖတ်ရင်ဖတ်ပါ ဟိုမေး ဒီမေးမမေးပါနဲ့ မဖြေမတော် ရင်ဒို့ဘဲ ဒုက္ခရောက်မှာလေ လို့ တောင်းပန်ထားရပါတယ် သူကျေနပ်စွာ လက်ခံပါ တယ် ၊ သူ့ကိုအဲလိုလေး တွေကြောင့်လဲ ပိုမိုပြီးချစ်မှိပါတယ် ၊ သူ့ကိုချစ်ရတဲ့ ကျွန်တော်ဟာ ခလေးလေး တစ်ယောက်ကို ချစ်ရသလိုပါဘဲ ၊ အပြစ်ကင်းစင်လွန်းပါတယ် ၊ ကျွန်တော် တခါတရံ စိတ်ဆိုး တဲ့အခါများမှာတော့ သူ့ရဲ့ အဲလိုအပြုအမူလေးတွေ ကိုပြန်လည်အောင်း မေ့လိုက်တဲ့ အခါ စိတ်တွေ အလိုလိုပြေပြီး သူ့ကိုစိတ်ဆိုးလို့ မရတော့ပါဘူး..။

သူ့ကိုကတိ တခုပေးထားပါတယ် ၊ သူမိန်းခလေး လစဉ်ကိစ္စတွေ ဖြစ်တဲ့အခါ ကျွန်တော်ဟာ ညဘက်မအိပ်ရ ပါဘူး ၊ သူလန့်လန့်နိုးပါတယ် ၊ အဲဒီရက်တွေမှာ ဘုရားရှိခိုးပေးရ ပါတယ် သူကနောက်က လိုက်ဆိုပါတယ် ကျွန်တော်က ရှေ့ကနေစာအုပ်နဲ့ ဆိုရတာပါ ၊ အဲဒီရက်တွေ မှာသူဘာအပြစ် လုပ်ထားထား ကျွန်တော်အပြစ်မယူ ဘူးလို့ ကတိပေးထားပါတယ် ၊ တကယ်လဲ အပြစ်မယူပါဘူး အဲဒီနေ့တွေမှာ သူဘာပြောပြော မှန်တယ်လို့ အနောက်ကနေ ထောက်ခံပါတယ် မှားလဲ ဟုတ်တယ်လို့ ဘဲအနောက်က လိုက်ပြောပါတယ် ၊ ကျွန်တော်အဲလို အနစ်နာခံလို့ သူဟာလဲ ကျွန်တော့်ကို အများကြီးနားလည်ပေးပါတယ် ၊ လေးလအတွင်းမှာ စကားမများဖူးပါ စိတ်ဆိုးတာနဲနဲ ရှိပါတယ် ၊ ငိုတာကတော့ နှစ်ယောက်လုံး စိတ်ကူးတဲ့ တဲ့အခါ ငိုပါတယ် အခုတောင် မငိုရတာတော်တော် ကြာနေပါပြီ ၊ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေ အများ ကြီးပေးထား ကြတာမို့ လေးလဆိုတဲ့ အချိန်ဟာ တိုတိုတောင်းတောင်း လေးနဲ့ဘဲ ကုန်ဆုံးသွား မယ်ထင်ပါတယ် ၊ သံယောဇဉ်တွေ ကတော့ နှစ်ပေါင်းများစွာက ချစ်သူတွေလို ခံစားမှိပါတယ် ၊ ဒါအချစ်လား ခင်မျာ..။

ကျွန်တော်တို့ နှစ်ယောက်လုံးဟာ လစဉ်တစ်လ ပြည့်တိုင်း ရီးစားစာ ရေးပို့ကြပါတယ် လတိုင်းရေးတာပါ အဲဒါကလဲ အချစ်တွေ ဟောင်းနွမ်းသွားမှာ စိုးလို့ ကျွန်တော်က သူ့ကိုအကြံပေး ထားတာပါ ၊ သူလဲပို့ပါတယ် အဲဒီစာလေးတွေ ထဲမှာ အရင်ကဘယ်လို ချစ်ခဲ့တာ အခုဘယ်လိုချစ် နေပြီ စသဖြင့် ဖြတ်သန်းလာတဲ့ အကြောင်းလေးတွေ ဒီလိုလုပ်တာကို မကြိုက်ဘူး စတဲ့ မကြိုက်တဲ့ အကြောင်းလေးတွေ ဒါလေးကိုတော့ပြင် ပေးပါ အတင်းမတောင်း ဆိုပါဘူး စတဲ့ မကောင်းတာ လေးတွေပြုပြင် ဘို့ အဲလိုအပြုသဘောဆောင် တဲ့စာလေးတွေနဲ့ လစဉ်လတိုင်း ပို့ပို့ ပြီး တစ်လနဲ့ တစ်လဘာတွေ ထူးခြားလာသလဲ ဆိုတာကို စမ်းစစ်ကြပါတယ် ၊ ပြုပြင်ကြပါတယ် တိုးပြီးလုပ်စရာရှိတာကို လုပ်ကြပါတယ် ၊ ခုချိန်မှာ ချစ်သူစုံတွဲ တစ်ခုက မင်းတို့ရဲ့ ချစ်သူဘ၀ကို ဘယ်လို ဖြတ်သန်းခဲ့ပါ သလဲလို့ မေးတဲ့ အခါမှာ ကျွန်တော်ဖြေ ချင်တဲ့ အဖြေတခုကတော့ အများကြီးနား လည်ပြီး အများကြီးပြုပြင် ပေးပြီး ဖြတ်သန်းခဲ့ပါတယ်လို့ ၊ ကျွန်တော်ရော သူပါ တပြိုင်နက် ဖြေဆိုမှိမှာပါ  ၊ ကျွန်တော်တို့ နှစ်ယောက်လုံးဟာ အချစ်ဆိုတာကို စွတ်အတင်း ပြောင်းလဲရ ယူတာထက် နားလည်မှုနဲ့  ပြုပြင်ယူတာကို ပိုမိုပြီးနှစ်သက် သဘောကျပါတယ် ၊ ဟုတ်ကဲ့ အားလုံး ချစ်သူတွေ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ခင်မျာ…။

1 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟယ်
ဒင်းတို့ ၂ယောက်ကြား ကျုပ်ကတရားခံဖြစ်ရသေး
ချစ်တာလဲချစ်ကြပေါ့နော်။
မဆီမဆိုင်ကျုပ်ရဲ့ စာတွေက ဓားဆာခံ ဖြစ်ရရှာတယ်လို့။
သူတို့ ချစ်တာတွေ သူတကာတွေ အားကျအောင် ရေးပြနေပြန်ပြီ။
သူတို့စာဖတ်လိုက်မှဘဲ ခုချက်ခြင်းဘဲ ချစ်သူတစ်ယောက်လောက်ပြေးရှာချင်စိတ် ပေါက်လာတယ်
ပြောတော့ ရှာပေးမယ်တဲ့
ခုထိ မထူးခြားသေးဘူး
သူ့ကျ သူ့ချစ်သူကို မအိပ်မနေပြုစုနေပြီး
အဲဒီ( Z ) တစ်ယောက်ကတော့ ဟွန်း