Wednesday, October 13, 2010

ကွန်ပျူတာအကြည့်လွန်ရောဂါComputer Vision Syndrome

                                   ကွန်ပျုတာသုံးမယ်ဆိုရင် ဒါလေးဖတ်သွားအုံး
                                    သတိပြုဖွယ်ရာလေးပေါ့
                                            ကိုယ်ဟန်အနေထားလေးကတော့ဒီလို
                           ကွန်ပျုတာကြည့်ဘို့ဖန်တီးထားတဲ့ ဒရိုက်ဖိုဂယ်ဆိုတာ အဲဒါပေါ့

ကွန်ပြူတာအကြည့်လွန်ရာ ကဖြစ်လာတဲ့ ရောဂါလက္ခဏာဟာ အခုနောက်ပိုင်း လူသားတွေ ခေတ်ပေါ် လျှပ်စစ်ပစ္စည်းတွေ၊ ကွန်ပျုတာတွေ၊ Smart Phone နောက်ဆုံးပေါ် ဖုန်းတွေ၊ ဗီဒီယိုဂိမ်းကစားတဲ့ လက်ကိုင်လျှပ်စစ်ပစ္စည်းလေးတွေ၊ e-book လို့ ခေါ်တဲ့ ကွန်ပြူတာကတဆင့် စာအုပ်ဖတ်တာတွေ အသုံးများတာကြောင့် ဖြစ်လာတဲ့ မျက်စိရောဂါ ဖြစ်ပါတယ်။ လူတစ်ယောက်က ကွန်ပျုတာအရှေ့မှာ တစ်နေ့သုံးနာရီကျော် ထိုင်တယ်ဆိုရင် ၊ ဆရာဝန်တွေ အခေါ်ကတော့ အဲဒီလူဟာ Computer Vision Syndrome လို့ခေါ်တဲ့ မျက်စိရောဂါ လက္ခဏာ တစ်ခုကို ခံ စားရဘို့ များတယ်လို့ဆိုပါတယ် ။

အမေရိကန် မျက်စိကု ဆရာဝန်များအသင်းက ဒေါက်တာ မိုက်ကယ်ဒူးနပ် ဟာအဲဒီရောဂါ နဲ့ပတ်သတ်ပြီး ခုလိုပြောပါတယ် ၊ “အဲလိုဖြစ်ရင် ပင်ပန်းနွမ်းနယ်မယ် ၊ ခေါင်းကိုက်မယ် ၊ ဂုတ်တွေဘာတွေကိုက်မယ် နောက်ကြောတက်မယ်ပေါ့ဗျာ ၊ အဲဒါတွေအပြင် အမြင်အာရုံတွေ နှစ်ထပ်ဖြစ်လာတာတို့ ၊ ကြိုကြား ကြိုကြား အမြင်မကြည်လင်တာတို့ ဖြစ်တတ်ပါတယ်” ဒေါက်တာဒူးနပ်စ် ကပြောသွားပါတယ်  ၊ ၀ါရှင်တန်ဒီစီ မြို့ရဲ့ အမျိုးသား အကြံပေးဋ္ဌာနရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ ရေချယ်ဗစ်ချပ်ကတော့ ၊ “Computer  Vision Syndrome ဟာ မျက်စိကိုပျက်ဆီးစေတာတော့ မဟုတ်ပါဘူးရှင် ၊ ရေတိမ် တို့ မျက်စိအာရုံကြော ပျက်ဆီးတာတို့လို ရောဂါလဲမဟုတ်ပါဘူး ၊ ဒါကမျက်သားလွှာကအရေကြည် ခန်းခြောက်တာတို့ ၊ မျက်လုံးက တစ်နေရာကို ကောင်းကောင်း အာရုံစိုက်မကြည့်နိုင်တာလောက်ပါဘဲ” လို့ဆိုပါတယ် ။

ဆက်လက်ပြီးတော့ ဒေါက်တာဒူးနပ်စ်က “လူတွေက ကွန်ပျုတာ စားပွဲပေါ်မှာ တစ်ခုခုကို အာရုံစိုက်ကြည့်မှိပြီဆိုရင် ၊ မျက်တောင်သိပ်မခတ်ကြတော့ဘူး ၊ အဲဒါကြောင့် အရေကြည်ခန်း ခြောက်တာနဲ့ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်ကုန်ကြတယ် လို့ဆိုပါတယ် ၊ ကိုယ်ဘာကို ကြည့် နေတယ် ဆိုတာကို အာရုံစိုက်နိုင်တဲ့ ကြွက်သားတွေ မျက်လုံး ထဲမှာရှိတယ် ၊ ကွန်ပျုတာ တင်ထားတဲ့စားပွဲက သမားရိုးကျစာအုပ်တွေ ထက်စာရင် ပိုလှမ်းတဲ့ နေရာမှာ ရှိပေမဲ့ တစ်နေရာထဲကို ကြာကြာစိုက်ကြည့်နေတယ် ဆိုရင် အဲဒီကြွက်သားတွေက ညောင်းလာတတ် တယ် ၊ ဒီရောဂါလက္ခဏာက လူကြီးတွေအကြား လုပ်အားနဲ့ သင်ကြားနိုင်မှု အနေအထားတွေ လျှော့ကျနိုင်ပြီး ၊ ကျောင်းတက်နေတဲ့ ကလေးသူငယ်တွေ အကြားမှာလဲ အရည်အချင်း ကျဆင်းနိုင်တယ်လို့ ဒေါက်တာဒူးနပ်စ် ကပြောပါတယ် ။

ပုံနှိပ်စာအုပ်က စာသားတွေနဲ့ ကွန်ပျုတာ မှန်သားပြင်ပေါ်က စာသားတွေဟာ တူညီမှုမရှိဘူး ကွဲပြားခြားနားတယ် ဆိုတဲ့အချက်ကိုတော့ ဆရာဝန်အားလုံးက သဘောတူကြပါတယ် ၊ ပုံနှိပ်စာ သားတွေကတော့ကြည့်ရတာ လွယ်ကူပြီး ၊ ကွန်ပျုတာ မှန်သားပြင်ပေါ်က စာသားတွေကတော့ အမြင်အာရုံ ကြည်လငဖို့ အတော်ကို အားစိုက်ရတယ်လို့ ဆိုပါတယ် ၊ အလင်းရောင်များလာ အောင် လိုက်လုပ်တာတို့ မျက်လုံးစူးအောင် လုပ်တာတွေကတော့ အမြင်အာရုံကို ထိခိုက်စေပါ တယ်  ။

ယနေ့ခေတ်လူငယ်တွေဟာ များပြားလှတဲ့ ပြဿနာတွေထဲမှာ နေထိုင်ရတယ်လို့ အထောက် အထားတွေက ပြသနေတယ်လို့ ဆရာဝန်ဒူးနပ်စ် ကဆိုပါတယ် ၊ လက်ကိုင်ကွန်ပျုတာတွေကို အချိန်များစွာ အသုံးပြုလာတဲ့အတွက်ကြောင့် လူတွေဟာ တဖြေးဖြေး အနီးကြည့်လောက်ဘဲ ရတော့တယ်လို့ သူကဆိုပါတယ် ၊ လွယ်ကူတဲ့ အဆင့်လေးတွေကို လုပ်လိုက်ရုံနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်တယ်ဆိုတာ ဆရာဝန်တွေက ပြောပါတယ် ၊ ဥပမာအားဖြင့်  လုပ်ငန်းအလိုက် တက်ရတဲ့ မျက်မှန်မျိုးပါ ၊ အခုဆိုရင် သမရိုးကျ အနီးကြည့်နဲ့ အဝေးကြည့်တက်ကြမဲ့ အစား ၊ ကိုယ်လုပ်တဲ့ အလုပ်နဲ့ ဆိုင်တဲ့ အနီးအဝေးကြည့်မျက်မှန် ၊ဒါမှမဟုတ် ဒရိုက်ဖိုဂယ်လို့ ခေါ်တဲ့ ခေါ်တဲ့ ကွန်ပျုတာကြည့် မျက်မှန်တွေပါ ပေါ်လာပြီလို့လဲ သူကပြောပါတယ် ။


 ကွန်ပျုတာကို ကြည့်တဲ့မျက်မှန်သားကိုတော့ ထိပ်ပိုင်းမှာ တပ်တယ်လို့ ဆိုပါတယ် ၊ ဘာလို့လဲဆိုရင် ကွန်ပျုတာကို ကြည့်တဲ့အခါ အပေါ်ပိုင်းကို ကြည့်လေ့ရှိကြတာကြောင့်ပါ ၊ စာ ဖတ်တဲ့ အပိုင်းကတော့ အောက်မှာထားကြတာပေါ့လေ ၊ မျက်လုံးမညောင်းအောင် မျက်စဉ်း ခပ်တာမျိုး ၊ ၁၅မိနစ်တခါ အခြားတစ်ဖက်ကို လှည့် ကြည့်တာမျိုးတွေ လုပ်ဖို့ဆရာဝန်တွေ အကြံ ပြုပါတယ် ၊ ဒါ့အပြင် နောက်တစ်ခုလုပ်နိုင်သေးတာက ကွန်ပျုတာတင်တဲ့ စားပွဲပြင်နဲ့ ကွန်ပျုတာ မှန်သားပြင်ဟာ သူ့ရှိသင့်တဲ့ အမြင့်မှာ ရှိဖို့လိုပါ တယ် ၊ ကွန်ပျုတာ တင်တဲ့ စားပွဲကလဲ ကိုယ့်မျက်လုံးမြင်ကွင်းရဲ့ လေးလက်မ အောက်မှာရှိသင့်တယ် လို့ဆိုပါတယ် ၊ ဆိုလိုတာက လူတစ်ယောက်ဟာ ကွန်ပျုတာကိုမော့ကြည့်နေရတဲ့ အနေအထား မဖြစ်ရပါဘူး ၊ Computer Vision Syndrome လို့ခေါ်တဲ့ ဒီရောဂါကို ကုသရတာလွယ်ပေမဲ့ ၊ ရုပ်မြင်သံကြား အစီအစဉ်တွေ ကွန်ပျုတာ နဲ့ကြည့်လို့ရနေတာကြောင့်ရယ် လက်ကိုင်ကွန်ပျုတာ ပစ္စည်းများ ပေါများလာတာ ကြောင့်ရယ်  ဒီရောဂါဟာ ပိုမိုကျယ်ပြန့်လာတယ် လို့ ၊  ဆရာဝန်များက သုံးသပ်ထားပါတယ် ။

မှတ်ချက်

ဒီပိုစ့်ကိုရေးတော့ မဒမ်ငွေလမင်းက လူတွေစိတ်ဝင်စား မှာမဟုတ်ဘူး အခြားပိုစ့်တစ်ခု တင်ပါလို့ဆို လာပါတယ် ၊ ပြည်ပမှာနေတဲ့ လူတိုင်းက ကွန်ပျုတာနဲ့ အလုပ်လုပ်နေကြတာတဲ့ သူတို့ကို ဒီရောဂါကြီး ဖြစ်နိုင်တယ်လို့ ပြောရင် ကြိုက်မှာမဟုတ်ဘူး လို့ပြောပါတယ် ၊ သုံးတဲ့သူများ သတိရှိအောင် မျက်စိအန္တရာယ် ကင်းဝေးအောင်ဆိုတဲ့ စေတနာလေးနဲ့ ရေးသားလိုက်ရတာပါ ၊ မဒမ်ငွေလမင်း ပြောသမျှကို ခေါင်းငုံပြီး ကြိတ်မှိတ်သည်းခံ နေရသည့် သနားစဖွယ်ဖြစ်သည့် မစ္စတာငွေလမင်း ။

7 comments:

သောစေယျံ said...

ကျေးဇူးပဲ သောစေတို့က တနေ့ကွန်ပျူတာရှေ့မှာ ၈ နာရီလောက်ကြာတယ်
လမင်းလေးရေ............... ဒီလိုဗဟုသုတမျှလို့ကျေးဇူးနော်

ကိုဇော် said...

ဒါလည်း ဗဟုသုတပဲလေ ၊ ဘာဖြစ်လဲ တင်ပေါ့။

လက်ပြန်နဲ့ ဆက်ဆံ လိုက်စမ်းပါ မစတ ငွေလမင်းရဲ့။

( လက်ပြန် = လက်ပြန်ကန်တော့ခြင်း။ )

Anonymous said...

Thanks for sharing.My three sons n me already addicted to laptop.At i limit their time to use it.I myself control visiting blogs but ican't help it like their games.:) Gyidaw

မိုးယံ said...

အနောတို့တော့ မျက်နှာကိုရေနဲ့ မသစ်ခင် ကွန်ပျူတာနဲ့ အရင်သစ်တာ ။ အလုပ် စချိန်က မနက် 10 နာရီ အလုပ်ပြီးချိန်က ည 12 နာရီ။ ပြီးသွားတော့ ဘလော့ဂ်တွေ လိုက်ဖက်တော့ မနက် 3 နာရီဖြစ်နေဘီ
မျက်မှန်နဲ့ တူတာဆိုလို့ ရေသဘင် မျက်မှန် တစ်လက်ချိဒယ်။ ကွန်ပျူတာ ကြည့်မျက်မှန်က အီတလီကို လှမ်းမှာထားတာ မရောက်သေးလို့။ အခုတော့ ဒီတိုင်းလေးပဲ မိုက်မိုက် ကန်းကန်း လုပ်နေတုန်း ဘဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကွန်ပျူတာရှေ့ အမြဲရှိနေတတ်သူတွေနဲ့ ဘလော်ဂါ သမားတွေအတွက် သတိထားစရာပေါ့
ကိုယ်တိုင်လည်း ကွန်ပျူတာရှေ့ အချိန်ကုန်နေရသူမို့
ဒီပိုစ့်လေးဖတ်ပြီး ဆင်ခြင်ဖို့ အသိတရား ရစေပါတယ်..
ခုနောက်ပိုင်းတော့ ဆက်တိုက် ကွန်ပျူတာ မကြည့်တော့ဘဲ မျကိစိကိုလဲ အနားပေးနိုင်ဖို့ ကြိုးစားနေပါတယ်။
ပိုစ့်ကလေးအတွက် ကျေးဇူး

ညိမ်းနိုင် said...

ဗဟုသုတရပါတယ်...။ကွန်ပြူတာရှေ့ ကြာကြာထိုင်တာ
မျက်စေ့ထိခိုက်နိုင်တယ် ဆိုတာသိပေမယ့် မထိုင်ပဲမှ
မနေနိုင်တာကိုး ကိုယ့်ဆရာ..ရ။ဒါနဲ့ အဲဒီမျက်မှန်က
ဘယ်မှာဝယ်လို့ရမလဲဗျ။

ပိုး said...

ဒါဟာကောင်းပါတယ်။