Wednesday, November 3, 2010

မဒမ်ငွေ ၂၇


မင်္ဂလာပါ မဒမ်ငွေ အသက်၂၆ နှစ်ပြည့်တဲ့ ယနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် မိမိအကျိုး သူတပါးအကျိုး လောကကောင်းကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက် ပါတယ် ။

လူတစ်ယောက်ရဲ့ ၂၆နှစ်တာ အတွင်းမှာ ဖြတ်သန်းလာတဲ့ ၊ ဘ၀အတွေ့အကြုံ ၊ ကြုံတွေ့ဖူးခဲ့တဲ့ ခါးသီးမှုတွေ ၊ အောင်မြင်မှုတွေ ၊ ပျော်ရွှင်မှုတွေ ၊ မျက်ရည်တွေ သွေးတွေ ချွေးတွေနဲ့ ပုံစံတူ အခက်အခဲနဲ့ အောင်မြင်မှု့တွေကို ၂၇ရောက်တဲ့ မနက်ဖြန်မှာလဲ တွေ့ကြုံကောင်း ကြုံရအုံးမယ် ဆိုတာ မမေ့နဲ့နော် ။

လူတိုင်းတစ်ခုခုကို ရရင်ပျော်တတ်တယ် ၊ တခုခုကိုစွန့်လွတ်ရရင် ၀မ်းနည်းတတ်တယ် ၊ သမြော တတ်တယ် ၊ တွန့်တိုတတ်တယ် လူသားပီသတဲ့လူတွေဟာ ရယူခြင်း ရသထက် စွန့်လွတ်ခြင်း ရသကို ပိုမိုနှစ်သက်ကြတယ် ၊ ရယူမှုအပေါ်မှာ အရသာခံတတ်ပေမဲ့ စွန့်လွတ်ခြင်းရဲ့အပေါ်မှာ အရသာ မခံတတ်ဘူး ၊ မဒမ်ဟာ ၂၆နှစ်မှာတုန်းက ရယူခြင်းရသကို ခံစားတတ်ရင် ၊ အခုချိန်က စပြီး စွန့်လွှတ်ခြင်းရသကို ပြောင်းလဲခံစားတတ်ဖို့ အသင့်ပြင်ထားတော့ ။ မင်းအသက် ၂၇ မင်း လူ ကြီးဖြစ်ပြီ ။

မဒမ်ရေ  ရန်ကုန်ကနေ မီးရထားစီးလာရင် ၊ ပဲခူးကိုရောက်ရင် ရန်ကုန်နဲ့ နဲနဲဝေးလာတယ် ၊ မန္တလေးနဲ့ နဲနဲနီးလာပြီ ၊ သာစည်လောက်ရောက်ရင် ရန်ကုန်နဲ့ တော်တော်ဝေးပြီး မန္တလေးနဲ့ တော်တော်လေးနီးလာပြီ ၊ ဆိုလိုတာက လူ့ဘ၀ဆိုတာ ရန်ကုန် မန္တလေး အမြန်ရထားတစ်စီးကို လက်မှတ်ဖြတ်ထားသလိုပါဘဲ ၊ မွေးနေ့ဆိုတာ ရန်ကုန်နဲ့ မန္တလေးအကြားက ဘူတာငယ်လေး တွေလိုပါဘဲ ၊ အသက်တစ်နှစ်ကြီးတိုင်း  ဘူတာလေးတစ်ခုက ဆိုက်သွားတာဘဲမဟုတ်လား ၊ ဘယ်လိုဘဲဖြစ်ဖြစ် တချိန်မှာတော့ မန္တလေးဘူတာကြီးရောက်ရင် ကိုယ်ထိုင်ခဲ့တဲ့ ထိုင်ခုံကိုဖြုတ် ယူသွားလို့မရဘူးလေ ထားခဲ့ရမှာဘဲ၊ မွေးနေ့ဆိုတာ မန္တလေးဘူတာကြီးကို ရောက်တော့ပေမယ် ခုံတွေဖြုတ်ယူသွားလို့မရဘူးလို့ သတိပေးနေသလိုလေးပါဘဲ ။

မွေးနေ့ဆိုတာ တစ်ဖက်ကကြည့်ရင် ပျော်ရွှင်စရာနေ့ရက် လေးတွေဆိုပေမဲ့ တစ်ဖက်ကကြည့် တော့လဲ လူ့ပြည်မှာနေဖို့ တစ်နှစ်နဲသွားပြီဆိုတဲ့ ဘ၀တစ်ခုကုန်ဆုံးဖို့ အစနိဒါန်းဖြစ်သလို  လွန်ခဲ့တဲ့ ၂၆နှစ်ရဲ့ ကုန်ဆုံးခြင်း နိဂုံးဆိုတဲ့ အဓိပ္ပါယ်ပါဘဲ ၊ မဒမ်ရေ မနက်ဖြန်ကစပြီး အသက်တစ် နှစ်ကြီးသွားပြီနော် ၊ ဘ၀အတွက် အနာဂတ်တို့ မျိုးဆက်လေးတွေအတွက် တစ်ခုခုထားခဲ့ကြ ရအောင်ပါ ၊ မဒမ်ရဲ့ ၂၆နှစ်မြောက် မွေးနေ့မှသည် ၊ နောင်နှစ်ပေါင်းများစွာတိုင် လူ့ဘောင် လူ့လောကအတွက် တစ်ခုခု ကျန်ရစ်အောင် ထားခဲ့နိုင်ပါစေကြောင်း  ဆုမွန်တောင်းပြီး နိဂုံးချုပ် ပါတယ် မဒမ်………………..။

မင်းအတွက် နွေးထွေးသော အပြုံးတစ်ချက်ကို ဒီစာနဲ့အတူထည့်ပေးလိုက်တယ်နော်……..
မင်းကိုအရမ်းချစ်တဲ့ မင်းရဲ့ မောင်.....မစ္စတာငွေလမင်း…..။

13 comments:

အင်္ဂါဟူး said...

ဒီချစ်သူ နှစ်ဦးက တော့ လုံဝကို မနိုင်ဘူး ဟေ့....

မဒမ်ငွေ ညီမလေးရေ..... ယနေ့မှ တိုင် ဘ၀ခရီး

အဆုံးတိုင် ချစ်သော မောင်ငွေလမင်း နဲ့ တူယှဉ်တွဲ

ကာ.. မြူးပျော် နိုင်ကြပါစေလို့....

ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ ။

သောစေယျံ said...

အင်း မွေးနေ့ဆိုတော့ ကိုယ့်ကိုမွေးပေးတဲ့ အမေကိုကော
ကန်တော့ဖြစ်လား အဟဲ မေ့နေတယ်ဆိုရင်တော့ မြန်မြန်လေးကန်တော့လိုက်နော် အဟဲ မမေ့ဘူးဆိုတာလဲ သိနေတယ်...

ကိုဇော် said...

ယနေ့ ၂၆ နှစ် မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ လူဖြစ်ခဲ့တယ် ဆိုတာကို အသိအမှတ်ပြုနိုင်ဖို့ ကောင်းကျိုးများစွာ ဆောင်ရွက်ရင်း ဘဝကို ချစ်သောသူနဲ့ ဖြတ်သန်းနိုင်ပါစေ။

ဘုရား ရှိခိုးပြီး ကုသိုလ်လေး တစ်ခုခု ပြုပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်စရာမွေးနေ့လေးဖြစ်ပါစေ ညီမလေးရေ...
စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံပြီး
နှစ်ကိုယ်တူကြည်လင်အေးမြတဲ့ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေနော်..

ငွေလမင်း said...

မွေးနေ့မှာ ဆုတောင်းပေးကြတဲ့ ခင်မင်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်
မေမေနဲ့ ဖုံး ၂ ကဒ်ကုန်အောင် ကျေးဇူးတင်စကားပြောပြီး ကန်တော့လိုက်ပါတယ်
မန်းလေးမှာရော ဒီမှာရော သင်္ကန်းလှူပါတယ် သူငယ်ချင်းတွေကို ထမင်းလိုက်ကျွေးပါတယ်
အားလုံးကို အမျှပေးပါတယ်

ခင်မင်စွာဖြင့်
မစ္စငွေလမင်း

SHWE ZIN U said...

ညီမ လေး ရဲ့ ၂၆ နှစ် မွေးနေ့ မှ မွေးနေ့ပေါင်း များစွာ ပျော်ရွှင် ကျန်းမာချမ်းသာ ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဒေါင်းမင်း said...

အသက် ၂၆နှစ်ပြည့်မှာပျော်ရွင်ပါစေ။နောက်နှစ်ပေါင်းများ
စွာလဲ သာသနာအကျိုး၊လူမှုအကျိုးထမ်း၇ွက်နိုင်ပါစေ..
မွေးနေ့လုပ်ခဲ့သောကောင်းမှုတို့အတွက်လဲကျွန်တော်
ဒေါင်းမင်းသာဓု သာဓု သာဓု သုံးကြိမ်ခေါ်ဆိုပါသည်။
သာဓုခေါ်ရင်းထိုကောင်းမှုအတွက်ဆုပါတောင်းပေးလိုက်
တယ်..အဆုံးစွန်သောဘ၀မှာမြတ်သောနိဗ္ဗာန်ကိုရရှိပါစေ
ကြောင်း..တောင်းဆုပြုလိုက်ပါတယ်...
ခင်မင်စွာဖြင့်
ဒေါင်းမင်း

Anonymous said...

I hope all your birthday dreams and wishes come true.
Friendly
mmzh

မောင်မျိုး said...

စာတွေကိုဖတ်ပြီး ၃၀ ကျော်ထင်နေတာ ငယ်ငယ်လေးရှိသေးတာပဲ မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ ။

ညိမ်းနိုင် said...

၂၇ မှသည်....နှစ်ပေါင်းရာကျော်တိုင် မစ္စတာငွေလမင်းနဲ့
အတူ ပျော်ရွင်ကြည်နူးချမ်းမြေ့စွာ ဘဝခရီးလမ်း ကို
လျှောက်လှမ်းနိုင်ပါစေခင်ဗျ...။

လသာည said...

ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေ..ညီမလေး ငွေလမင်း။

ကိုကိုးအိမ်(မန္တလေး) said...

ယနေ့မှစ နှစ်ခုနှစ်ဆယ်ကျော်တိုင်စေပေါ့ တစ်ရာပြည့်အောင် ဟိးဟီး
တရားသဘောလေးနဲ့ ချစ်တာကောင်းတာပေါ့ ဇေရာ


ခင်မင်လျှက်
ကိုကိုးအိမ်

မြစ်ကျိုးအင်း said...

နေ့သစ်တွေတိုင်းမှာ နှစ်ယောက်သားဘဝ ငြိမ်းချမ်းသာယာပါစေဗျာ။
မွေးနေ့ရှင်လည်း ပျော်ရွှင်ပါစေဗျာ