Friday, November 5, 2010

ဒို့အချိန်

It’s the essence of peinus to make use of the simplest of ideas. အစွမ်းအစ ရှိသူတွေရဲ့ အနှစ်သာရဟာ သာမန်အကျဆုံး စိတ်ကူးလေးများကို အသုံးတည့် အောင်ပြုလုပ်နိုင် ခြင်းဖြစ်ပဲ ဖြစ်တယ်............။

ဘ၀တခုမှာ ပညာရှာချိန် ဥစ္စာရှာချိန် တရားရှာချိန်ဟူ၍ ရှိပါ၏ ၊ လူ့သက်တမ်းကို ၇၅နှစ် သက်တမ်းဟုဆိုလျှင် မွေးကင်းစအရွှယ်မှစတင်ပြီး ၂၅နှစ်ထိသော သက်တမ်းသည် ပညာရှာရန် အချိန်ဖြစ်ပါ၏ ၊ ၂၅မှ ၅၀ထိကာလကို ဥစ္စာရှာသင့်ပါ၏ ၊၅၀မှ ၇၅တိုင်အောင်သော အချိန်ကို တရားရှာသင့်သည်မဟုတ်ပါလော ၊ ကျွန်တော်ပညာသင်ချိန်ကိုသာ ပြောလိုပါသည် ယခုခေတ်မှာ ကျွန်တော်နဲ့ ရွယ်တူညီကိုယ်များဟာ မကြာမကြာ ပြဿနာတတ်နေပါသည် ပညာသင်မလား ?ဥစ္စာရှာမလား ? ကျွန်တော်ကတော့ ပညာသင်ဖို့ အခွင့်လမ်းလဲရှိမယ် ၊ မိမိကသင်လဲ သင်နိုင် မယ်ဆိုရင် ပညာကိုသာ ဆက်သင်ပါလို့ တိုက်တွန်းခဲ့ပါတယ် ၊ သူငယ်ချင်းတွေ ဆုံတိုင်း ဒီကိစ္စကို ကျွန်တော်ပြောပါတယ် ၊ နောင်တချိန်မှာ ပညာတတ်တွေသာ ဦးဆောင်မဲ့ ခေတ်အခါ ကိုရောက် လာလိမ့်မယ်လို့ ကျွန်တော်စွဲစွဲမြဲမြဲ ယုံကြည်ပါတယ် ၊ ဥစ္စာစီးပွားရှိသူတွေ ရှေ့တန်း ရောက်တယ် ဆိုတာ ၊ တည်ငြိမ်မှုမရှိသေးလို့ပါ တည်ငြိမ်သော တိုင်းပြည်ကြီးများတွင် အရာရာကို  ပညာတတ် တွေသာ နိုင်ငံကိုဦးဆောင် နေပါ တယ် ဒါကြောင့် ကျွန်တော်တို့ ညီကိုယ်မောင်နှမ များဟာ ဥစ္စာစီး ပွားဘယ်လောက်ရှိရှိ ပညာတတ် ကိုကျော်လို့မရဘူး ဆိုတာရယ် ဒီအချိန်ဟာ ပညာသင်ရမဲ့ အချိန် လို့ယုံကြည်မှိပါတယ် ။

ပညာတတ်ချင်ရင် ကျွန်တော်တို့ မြန်မာလူမျိုးများရဲ့ လက်ရှိအ ခြေနေနဲ့ ကြည့်လို့မရနိုင်ပါ ၊ တိုးတတ် ဖွံ့ဖြိုး နေသော နိုင်ငံကြီးများနှင့် နှိုင်းယှဉ်ကြည့်မှ သာ အဆင်ပြေပါလိမ့်မည် ၊ သူငယ်ချင်းတစ်ယောက် ကပြောပါတယ် ၊ “မင်းတို့ကငွေရှိတော့ အဆင်ပြေတယ်ကွ ၊ ငါကငွေမရှိဘူး ငါ့အဖေက ခိုးကူးခွေ ရောင်းတယ် ၊ ငါဘွဲ့ရလဲ ခိုးကူးခွေဘဲ ရောင်းရမှာဘဲတဲ့ ” ကျွန်တော်ပြန်ပြောလိုက်ပါတယ် မင်းပညာတတ်ချင်သည် ဖြစ်စေ မတတ်ချင် သည်ဖြစ်စေ မင်းတတ်အောင်သင်ထားရမယ် ၊ နောင်တချိန်မှာတော့ ပညာဟာတန်ဘိုးရှိလာမှာ မုချဘဲ မင်းပြောတဲ့ ငွေရှိတဲ့သူတွေဟာ တချိန်မှာ ပညာတတ်ရဲ့ အောက်ကိုရောက်မယ် ၊ သူတို့အိတ်ထဲ ကငွေတွေဟာ ပညာတတ်တွေရဲ့ အိတ်ထဲကို အလိုလို စီးဝင်သွားလိမ့်မယ် ၊ အခုတော့ ငါဒီလောက်ဘဲ ပြောနိုင်မယ် ၊ ဒို့မှာ ရွေးချယ်စရာမရှိဘူး လုပ်ချင်သည်ဖြစ်စေ ၊ မလုပ်ချင်သည်ဖြစ်စေ မင်းလုပ်ကိုလုပ်ထားရလိမ့်မယ် ၊ ဟုတ်ကဲ့ ကျွန်တော့်ညီအကိုများကို ပြောလိုပါတယ် ၊ အခုအချိန်ုဟာ ပညာသင်ရမဲ့အချိန်ပါခင်မျာ….။အဲဒီ ခံစားချက်လေးကြောင့် ကျွန်တော်ဒီစာလေးကို ဘာသာပြန် ပါတယ်ခင်မျာ….။


ကျွန်တော်ငယ်ငယ်တုန်းက စီမံခန့်ခွဲမှု အကြံပေးရာထူးနေရာမျိုး အလုပ်ရှာတုန်းကပေါ့ဗျာ ။ တစ်စုံ တစ်ယောက်ရဲ့ တိုက်တွန်းချက်အရ နာမည်ကြီး ကြော်ငြာ ကုမ္မဏီတစ်ခုရဲ့ ဥက္ကဋ္ဌကြီးနဲ့ တွေ့ဖို့ ကြုံလာပါတယ် ၊ ဥက္ကဋ္ဌကြီးက ကျွန်တော့လုပ်ရည်ကိုင်ရည်ကို တစ်စွန်းတစ်စ သိထားပုံရတယ်လို့ လည်း ပြောတယ်။ ဘာဘဲပြောပြော ကျွန်တော်ကြောက်ဒူးတုန်မှိတယ် ၊ ဘယ်တုန်းကမှ ဒီလောက်ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးမျိုးနဲ့ ရင်မဆိုင်ဖူးဘူး။ မနက်ဖြန်၁၀နာရီမှာ ချိန်းထားတယ်၊ တစ်နာရီလောက် အတွေ့ခံမယ်တဲ့ ။

ကျွန်တော်အစောကြီး ကြိုရောက်ပါတယ် ၊ ၁၀နာရီအတိမှာဘဲ အင်မတန် ကြီးကျယ်ခမ်းနား ထည်ဝါတဲ့ ၊ အခန်းကြီးကို ကျွန်တော့်ကိုပို့လိုက်ပါတယ် ၊ အဖိုးကြီးဟာ အကျီင်္လက်ပင့်တင် ထားပြီး ရှူးသိုးသိုးနဲ့ ကြည့်နေပါတယ် ၊ “မင်းအချိန် မိနစ်၂၀ပဲရမယ်”လို့ လှမ်းပြောလိုက်တယ် ၊ ကျွန်တော် စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေမှိတယ် ၊ “ငါပြောနေတယ်လေ မင်းအချိန် မိနစ်၂၀ပဲရ မယ်လို့” ကျွန်တော် စကားတစ်ခွန်းမှ မထွက်မှိဘူး ၊ “မင်းအချိန်တွေကုန်နေပြီ ဘာကြောင့်ပါးစပ် မဟရတာတုန်း ”  “မိနစ်၂၀ ကျွန်တော်ရတာဆိုရင် ကျွန်တော့်ဟာ ကျွန်တော်လုပ်ချင်တာ လုပ်နိုင် တာပေါ့ ” ဒီတော့ အဖိုးကြီးဟာ အားရပါးရ ရီပါလေရော ၊ အဲဒီနောက် ကျွန်တော်တို့ဟာ တစ်နာရီခွဲလောက် စကားပြောဖြစ်ကြတယ် ၊ ကျွန်တော် အလုပ်ရခဲ့တယ် ။

ဒီစာဖတ်ပြီးသွားတဲ့ တစုံတယောက်ဟာ ကျွန်တော်တို့ရဲ့ ရတဲ့အချိန်၂၅နှစ်အတွင်းမှာ ဘာလုပ် သင့် ပါသလဲ တွေးပေးကြပါအုံးခင်မျာ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ ကြပါစေ ဟု ငွေလမင်းတို့က ဆုတောင်းပါတယ် ၊ အားလုံး မင်္ဂလာပါခင်မျာ………။
 Martin Rytte ရဲ့ Time Out ကိုဆီလျှော်သလို ပြန်ဆိုပါသည် ။

14 comments:

ကိုဇော် said...

အင်း...
အဲဒီလို အဖြစ်အပျက် ဆန်းဆန်းလေးတွေကို စိတ်ဝင်စားတယ်။ နောက်ထပ်လည်း လုပ်ပါဦး။

သောစေယျံ said...

ကိုစာဖတ်ပြီး အကြံတော့မပေးချင်ဘူး ကိုယ်ငယ်ငယ်ကရဘူးတဲ့ စကားပုံလေးပဲပြောတော့မယ်နော်
Nothing is gained out of nothing
Something is gained out of something
Everything is gained out of love and mercy
ပေါက်တယ်နော်

မြစ်ကျိုးအင်း said...

ပညာကိုအားပေးတဲ့ သူဌေးတွေ အခမဲ့ ပညာသင်ကျောင်းတွေ ဖွင့်နိင်ရင် အကောင်းဆုံးပဲ။
နိင်ငံဆင်းရဲလို့ လူတန်းစေ့ ပညာမသင်နိင်ရင် နိင်ငံတိုင်းရဲ့ နောက်မှာ ရောက်နေမယ်။ ချမ်းသာတဲ့ လူတစ်စုရဲ့ သားသမီးဆွေမျိုးတွေပဲ ပါရဂူဘွဲ့ယူနိင်ရင် လူတန်းစားတွေ ကြာလေကွာဟလေ ဖြစ်သွားမှာပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရတာ နည်းတဲ့ကုသိုလ်မဟုတ်ဘူး
တစ်ချို့ဆို လုပ်ချင်ပေမဲ့ လုပ်ခွင့်မရတဲ့ ဘ၀တွေက ရှိနေသေးတယ်...
လူတိုင်းမှာ ကိုယ်စိတ်ဆန္ဒရှိတဲ့အတိုင်း လုပ်ခွင့်ရကြမယ်ဆိုရင် သိပ်ကောင်းမှာဘဲပေါ့။

ဒေါင်းမင်း said...

ပညာသည်သာလျှင်လူ၏တန်ဖိုးတဲ့..
ကျွန်တ်ာကတော့ရှာနေတုန်းပညာတွေ..ကျောင်းပညာ၊
ဘ၀ပညာ၊..ကျောင်းပညာကတော့ရှာလို့တော်တန်သင့်
ရုံပြီးပါပြီ။ဘ၀ပညာကတော့အခုမှစပြီးရှာနေတုန်း..
ကုန်နိုင်မယ်လဲမထင်ဘူး။သင်ယူဖို့အများကြီးကျန်သေးတယ်။

ဒေါင်းမင်း said...

ရတဲ့အချိန်၂၅မိနစ်မှာဘာလုပ်မလဲဆိုတော့...
ပြောပြဘူး..သိသွားမှာဆိုးလို့...

မောင်လေး said...

ပညာမတတ်ရင် ဘယ်လိုဆိုတာ မြန်မာပြည်မှာထက် နိုင်ငံ
ရပ်ခြားမှာ ပိုသိသာတယ်...။ဒါကြောင့်ဒီကိုလာချင်တဲ့ သူတိုင်းကို ပြောဖြစ်တာက လာမယ်လို့ရည်ရွယ်ထားရင်
တခုခုကို(နဲနဲဖြစ်ဖြစ်)အရင် အချိန်ပေးပြီး သင်လာဖို့ ပြော
ီနေရတယ်...။မြန်မာပြည်က သာမာန်ဘွဲ့တွေ၊ဒီပလိုမာ
တွေကလည်း သိတဲ့အတိုင်းပဲ..။၃၀ကျော်ပြီ..၊ဒီရောက်မှ
သင်တန်းတွေလည်း တတ်နေရတုန်း..။ကြီးမှ စာသင်ရ
တာသိပ်အစဉ်ပြေလှတယ်မဟုတ်..။ငယ်တုန်း သင်ထား
တာအကောင်းဆုံးပဲဗျ...။ငွေလမင်းပြောသလို ပျမ်းမျှ ၂၅
နှစ်က အကောင်းဆုံးပါ..။

လသာည said...

ပညာသင်ချိန် ၂၅ နှစ်အဖြစ်နဲ့ တွေးရရင်..

ငယ်ငယ်ကတော့ ပညာသင်ရတာ မလုပ်မဖြစ်လို့သာ လုပ်ခဲ့ရတယ်။ အဖော်တွေက ကျောင်းတက်နေလို့၊ အဖေအမေက လုပ်ခိုင်းလို့ စသည်ဖြင့်ပေါ့..။ ကိုယ်စိတ်ဝင်စားတာ ကိုယ့်လုပ်ခဲ့ရင် ဘာဖြစ်ခဲ့မလဲ မသိဘူး။

အခု အသက်သုံးဆယ်ကျော်သွားပြီ ပညာတွေက သင်လို့ မဆုံးသေးဘူး။ ဘ၀အတွက်ရော၊ ကိုယ့်အတွက်ရော။

ထပ်ပြီး အချိန်ပေးဦးမယ်ဆိုရင်တော့ ပညာတွေ ရှာချင်ပါသေးတယ်။ ကျောင်းစာတင်မက ဘ၀စာတွေပါ

Khinmarlaraung said...

အင်းးးး ကျွန်မ ကတော့ ၂၆ နှစ်။
ဥစ္စာရှာရတော့မဲ့ အချိန်ပေါ့လေ။
ဒါပေမဲ့လည်း ပညာတွေကို ဆက်လက်ဆည်းပူး
နေဆဲ ။။။ :)
အရမ်းကို ကောင်းတဲ့ Post လေးပါ။
အဲဒီ အချိန် ၃ ချိန်ကို တိတိကျကျ သုံးနိုင်
ရှာနိုင်ခဲ့ကြတဲ့ သူတွေကိုတော့ ချီးကျူးမိသား။
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)

ဆူးသစ် said...

စာသမားတစ်ယောက်ကိုတွေ့ရတာဝမ်းသာပါတယ်။ မှတ်ချက်တော့သိပ်မပေးတတ်ပါဘူး။

အင်္ဂါဟူး said...

ဟဲ့ ဒုတ်ခေါ၊ အဲဒါမှ ပတ်တနာ ဘဲ။

အနော်က အတတ်ပညာကို သင်ချင်ပါတယ်။ ငွေမရှိလို့ ကျောင်းဆက်မတက်နိုင်တာ ကြတောရော။ အဲလိုကြီးကို ကြုံခဲ့တာ ။ ဒါထက်ဆိုးတာက ကိုယ့်ရှေ့က ဘွဲ့ရတွေက ဘာမှ လူရာမ၀င်ကြဘူးလေ။ ဆိုက်ကားဆရာ ရှိတယ် ကွမ်းယာရောင်းတဲ့ ကောင် ၊ ကားမောင်းတဲ့ကောင် (ဒါက ဒီအလုပ်လုပ်သူတွေကို နှိမ်ချလိုတာ မဟုတ်ပါ၊)
ဆိုက်ကား နင်းဖို့ အရေး ဘူမိဗေဒကို အချိန်ကုန်ငွေကုန်ခံပြီး သင်နေသလို ဖြစ်နေလို့ပါ။ လမ်းမှာ ချိုင့်ခွက်တွေကို ရှောင်ယုံပါပဲ ။ စဉ်းပြီးလေ့လာစရာ မလိုပါဘူ။ ဓါတုဗေဒသမား ကားမောင်းပြီး ရူပဗေဒနဲ့ ဘွဲ့ရထားတဲ့ကောင်က ကွမ်းယာရောင်းပါတယ်။ အနီးစပ်ဆုံးဗျာဇီဝဗေဒ တွေ ကျက်ထားတဲ့ ကျွန်တော်က မုန့်ဟင်းခါးရောင်းပါတယ်။

အဲဒီတုန်းကလည်း တက်ကျမ်းလိုလိုတွေ ဖတ်ခဲ့တာဆိုတော့ ပညာကို တန်ဖိုးထားရကောင်းမှန်းကို မသိပါဘူး။ အခုချိန်မှာတော့ စဉ်းစားချင့်ချိန်တတ်တဲ့ ဦးနှောက်ကလေးရယ် ကွန်ပျူတာ ပညာရပ်လေးရယ် တတ်ခဲ့ရင်ပဲ တော်ပါဘီဗျာ

ဂြီ။

ကောင်းမွန်ဝင်း said...

ပို့စ်လေးထဲကအတိုင်းပဲပေါ့နော်။
ကိုယ်ပိုင်ဆိုင်တဲ့ အချိန်လေးမှာ ကိုယ်နှစ်သက်တာလုပ်ရရင် ပျော်စရာဘ၀ရဲ့ အချိန်လေးတွေပါပဲ။

ဒါနဲ့ ကျွန်မမလာဖြစ်တဲ့အတွင်း ဖတ်စရာတွေ အများကြီးဖြစ်သွားတယ်။

နည်းနည်းချင်းပြန်ဖတ်ရမယ်။

နေဇော်လင်း said...

ဒီလိုမျိုး သတင်းလေးတွေ ဖတ်ရတာ တန်ဖိုးရှိပါတယ်.... နောက်လည်း ဆက်လက် ရေးသားနိုင်ပါစေ.....

ခင်မင်လျှက်

နေဇော်လင်း

နေဇော်လင်း said...

ဒီလိုမျိုး သတင်းလေးတွေ ဖတ်ရတာ တန်ဖိုးရှိပါတယ်.... နောက်လည်း ဆက်လက် ရေးသားနိုင်ပါစေ.....

ခင်မင်လျှက်

နေဇော်လင်း