Wednesday, December 8, 2010

ပါလီမန်ခေတ် နောက်ပိုင်း သမ္မတကြီးများ

               နိုင်ငံတော် သမတကြီး ဦးနေ၀င်း+ဦးစန်းယု+ဦးစိန်လွင်+ဒေါက်တာမောင်မောင်

                                  သမ္မတကြီး ဦးနေ၀င်း၏ စတုတ္ထအကြိမ် လက်ထပ်ပွဲ


၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့တွင် အာဏာသိမ်း ခေါင်းဆောင်အဖြစ် နာမည် ကျော်ကြားခဲ့သော တော်လှန်ရေး ကောင်စီခေါင်းဆောင်ကြီး ဦးနေ၀င်း ၄င်းလက်ထက်တွင် နိုင်ငံတော်သမ္မတကြီး စ၀်ရွှေသိုက် ၏ သားသေနတ်နှင့် ပစ်သတ်ခံရခြင်း ၊ ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုချဖျက်ဆီးခြင်း မြန်မာနိုင်ငံ သမိုင်းတွင် ကျောင်းသားရာကျော်ကို ပစ်သတ်ခဲ့ခြင်း ၊ ကျောင်းသားများကို တောထဲသို့မောင်းထုတ်ခြင်း အထူးအားဖြင့် ၁၉၆၂-တွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြကြရာ တက္ကသိုလ် ကျောင်း သားတစ်ရာကျော်မျှ ပစ်ခတ်ခံရကာ ကျောင်းသားသမဂ္ဂအဆောက်အဦး လည်းပျက်စီးခဲ့ရသည်။ 

ထိုနေ့ညနေ ၈ နာရီ တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် “ဆူပူလှုပ်ရှားမှုများ ရပ်တန့် ခြင်းမရှိပါက ဓါးကိုဓါးဖြင့် သော်၎င်း၊ ၊ လှံကိုလှံဖြင့် သော်၎င်း တုန်ပြန်မည်”ဟု ၅-မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၂၆နှစ်ကြာ ၊ ၁၉၈၈ တွင် ဦးနေ၀င်းမှ ကျောင်းသားသမ္မက အဆောက်အဦးကို မိုင်းခွဲရန် စေခိုင်းသူမှာ သူမဟုတ်ရ ပါကြောင်း ၊ ဗိုလ်အောင်ကြီးသာ တရားခံဖြစ် ကြောင်း ပြောကြားခဲ့သည့် ခေါင်းဆောင်ကြီး ဖြစ်သည် ။
ဤခေါင်းဆောင်သည် ပညာဘယ်၍ ဘယ်မျှပညာတတ်ခဲ့သည်ဟု အမှတ်အသားမရှိခဲ့သော် ငြားလည်း မင်္ဂလာ ဆောင်ခြင်းကိစ္စကိုတော့ မကြာမကြာပြုလုပ်သည်ဟု သတင်းစာ ဟောင်းများ တွင် ဖတ်ရူရပါသည် ၊ အိမ်ထောင် ငါးဆက်ကျခဲ့သည်ဟု မှတ်သားရပြီး ပထမဆုံးအိမ်ထောင်မှာ ဒေါ်တင်တင်နှင့် အိမ်ထောင်ကျ ခဲ့ပြီး ဦးငွေစိုးကို ဖွားမြင်ခဲ့ပါသည် ၊ ဒုတိယအကြိမ် ဒေါ်ခင်မေ သန်းနှင့် အိမ်ထောင်ကျပြီး ဒေါ်ကြေးမုံဝင်း ဒေါ်စန္ဒာဝင်းတို့ကို မွေးဖွားခဲ့ပြီး ၊ ၄င်းသည် ၁၉၇၂ခု နှစ်တွင် ကွယ်လွန်သဖြင့် မိန်းမမရှိလျှင် မနေနိုင်သော ခေါင်းဆောင်ကြီးသည် ဒေါ်နီနီမြင့်နှင့် လက်ထပ်ခဲ့ပြန်သည်၊ ထို့နောက် ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မိမယ်နှင့် အိမ်ထောင်ပြုခဲ့ပြီးနောက်ဆုံးတွင် ဒေါ်နီနီမြင့်နှင့် ပြန်လည်အိမ်ထောင်ပြုခဲ့ပြန်ပါသည်။
ခေါင်းဆောင်ကြီး ဦးနေ၀င်းသည် ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့်အချိန်တွင် ကွယ်လွန်ခဲ့သည်။ 

ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ဖြစ်သည်။ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ ခွင့်မရရှိခဲ့ပေ။ သေဆုံသည့် နေ့ နေ့တွင်းခြင်းပင် သဂြိုလ်ခဲ့ရသည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)သည် သူ၏ဈာပနကို တပ်မ တော်စစ် သချိုင်္င်း(မင်္ဂ လာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း မရရှိခဲ့ပေ။ 

အဆိုးဝါးဆုံးမှာ အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို ရန်ကုန်မြစ်အတွင်းသို့ မျောချခြင်းကို ခံခဲ့ရသည်။ဤသည်ကား အာဏာသိမ်းခေါင်းဆောင်ကြီး ဦးနေ၀င်း ၏ ဘ၀တစိတ်တဒေသတည်း။
၎င်းလက်ထက် လုပ်ဆောင်ချက်တချို့မှာ ပြည်တွင်းလက်နက်ကိုင်ဆူပူသောင်းကြမ်းမှု့ကိုအောင်မြင်ခြင်း၊ ကူမင်တန်တရုတ်ဖြူတို့၏ ပြည်ပကျူးကျော်မှု့ကိုအောင်မြင်ခြင်း၊ ဆိုရှယ်လစ်စနစ် ကိုထူထောင်ခြင်း ၊ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများကိုပြည်သူပိုင်သိမ်းယူခြင်း၊ မဟာဝိဇယစေတီတော် ကိုတည်ဆောက်ခြင်း၊ နိုင်ငံတော်မှလှည့်လှယ်သုံးစွဲနေသောငွေကြေးများကိုတရားမ၀င်ငွေကြေးအဖြစ်အကြိမ်ကြိမ်ကြေငြာခဲ့ခြင်းတို့ ဖြစ်သည် ။
ဦးစန်းယု
ဦးစန်းယုသည် ဦးနေ၀င်းမှ နိုင်ငံတော်သမ္မတ တာဝန်ကို လွှဲအပ်ပေးသဖြင့် ၁၉၈၁-ခုနှစ်၊ နိုဝင် ဘာ လ ၉-ရက်နေ့မှ ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထူးခြားသည့် ပညာအရေချင်းနှင့် လုပ်ဆောင်ချက်ကို တစုံတရာမှတ်သားထားသော စာအုပ်စာတမ်းများကို မဖတ်ရှုခဲ့ရဖူးပါ။
                                                         ဦးစိန်လွင်

မြန်မာပြည်သမိုင်းတွင် ၁၈ ရက်သာတာဝန်ထမ်းဆောင်ခဲ့ရသော နိုင်ငံတော်သမ္မတတစ်ဦးဖြစ် သည်။ ဦးစန်းယု နိုင်ငံတော်သမ္မတ အဖြစ် အနားယူပြီးနောက် ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်မှ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။


၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတနှင့် မဆလ ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သည်။ သြဂုတ်လ ၈ ရက်နေ့တွင် တတိုင်းတပြည်လုံး အနှံ့ ပြည်သူ သန်းပေါင်းများစွာသည် လမ်းမများပေါ်သို့ ထွက်၍ စစ်အုပ်စိုးမှု ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။ ပြည်သူလူထု စထွက်သည်နှင့် စိန်လွင်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်သည့် အနေဖြင့် ဆန္ဒပြမှုများအား သေနတ်ဖြင့် ပစ်ခတ် လူစုခွဲရန် ခြေမြန်တပ်မ (၂၂) မှ စစ်သားများကို စေလွှတ်ခဲ့သည်။ ဆန္ဒပြနေသူ လူအုပ်ကြီးများထဲသို့ စစ်တပ်က လက်လွတ်စပယ် ပစ်ခတ်ခဲ့မှုကြောင့် လူ သုံးထောင် (၃,၀၀၀) ထက်မနည်း သေကြေခဲ့ရသည်။ 

ထိုသို့ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အတွင်း သူ၏ ပြည်သူလူထု အပေါ် လူမဆန်စွာ ရမ်းကား သတ်ဖြတ်မှုများကြောင့် "ရန်ကုန်မှ သားသတ်သမား" ဟု ကမ္ဘာက အမည် ပေးခဲ့ရသည်။ သို့သော်လည်း ပြည်သူလူထု၏ ဒီရေအလား ဆန့်ကျင် အုံ့ကမှုများကြောင့် စိန်လွင်၏ သမ္မတ သက်တမ်းသည် ၁၈ ရက်သာ တည်မြဲခဲ့ပြီး၊ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် တာဝန် အားလုံးမှ နှုတ်ထွက် ပေးခဲ့ရသည်။ အရေးခင်းကာလအတွင်း သူ၏နာမည်ကျော် စကားတချို့မှာ “ဓာတ်တိုင်နှင့် ခွေးသာကျန်ပါစေ ၊ အကုန်ပစ်သတ် ”ဟူ၏။

၂၀၀၂ ခုနှစ်၊ မတ်လတွင် သူ့ဆရာသခင် ဘိုနေ၀င်း အိမ်အကျယ်ချုပ်သဖွယ် ခံရပြီးနောက် မကြာမီပင် သူလည်း တရားမဝင် ရရှိနေသော ခံစားခွင့်များ၊ သြဇာ အာဏာများ ဆုံးရှုံးခဲ့ပြီး မဖြစ်စလောက်သော စစ်တပ် ပင်စင် လစာလေးဖြင့် ဆင်းရဲနွမ်းပါးစွာ ရှင်သန် နေခဲ့ရသည်။ သူ၏ အစာအိမ်ရောဂါ အတွက် စင်ကာပူတွင် ကုသမှု ခံယူပြီး အပြန် ၂၀၀၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ အသက် ၈၁ နှစ် အရွယ်တွင် ရန်ကုန်မြို့၌ သေဆုံးသည်။
                                                        ဦးအေးကို

ဦးအေးကိုသည် ဦးစိန်လွင်နောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်မှ သြဂုတ် ၁၉-ရက်ထိ တစ်ပတ်သာ သမ္မတတာဝန်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။ သီရိပျံချီ ဘွဲ့ရ တပ်မတော် အရာရှိကြီးဖြစ်သည် ၊ စာရိတ္တအလွန် အင်မတန်ကောင်းသည်ဟု မှတ်သားခဲ့ဘူး ပါသည်။၎င်းသည် ပြည်ဦးလွင် စစ်တက္ကသိုလ်၏ ဆရာတဦးဖြစ်သည်ဟု သိရပါသည်။
                                                  ဒေါက်တာမောင်မောင်

ဒေါက်တာမောင်မောင်သည် ဦးအေးကိုနောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာ ၀န်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။


စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဒေါက်တာ မောင်မောင်၏ မိန့်ခွန်းတချို့မှာ "ကောင်စီများ၊ ဝန်ထမ်းများနဲ့ ပြည်သူ့ရဲများက ယိုယွင်း ပျက်စီးနေတဲ့ ပြည်သူ့ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ် လာအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အနီးကပ်ဆုံး ဖြစ်တဲ့ ကာကွယ်ရေး အင်အားစုများကလည်း အကူအညီများ ပေးအပ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တို့ အနေနဲ့ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အင်အားသုံးပြီး ပြဿနာ တရပ်ကို ဖြေရှင်း ချင်ကြတဲ့ သူတွေ အချိန် ရှိတုန်း ပြေးထားကြပါ" ဟူ၍ မိန့်ခွန်း ပြောကြားခဲ့သည်။ 

ဒေါက်တာမောင်မောင်ကို ၁၉၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အဖ အထက်တန်း ရှေ့နေ ဦးဆင့်၊ အမိ ဒေါ်အေးတင်တို့က မန္တလေးမြို့၌ ဖွားမြင်သည်။ မွေးချင်း ခုနှစ်ယောက် ရှိသည့်အနက် တတိယမြောက် တဦးတည်သောသား ဖြစ်သည်။ 

ငယ်စဉ်က မန္တလေးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် ပညာသင်ယူသည်။ ၁၉၃၉ ခုနှစ်တွင် မန္တလေးမြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းမှ ၁၀ တန်း အောင်မြင်ပြီး၊ မန္တလေး ဥပစာကောလိပ် သိပ္ပံတန်းသို့ တက်ရောက် ပညာ သင်ကြားသည် ၁၉၄၃ ခုနှစ်တွင် ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ထောက်ပံ့ရေးတပ်သို့ ဝင်ရောက် အမှုထမ်းသည်။ 

တပ်ကြပ်အဆင့် ရရှိပြီးနောက် ၁၉၄၄ ခုနှစ်တွင် မင်္ဂလာဒုံ စစ်တက္ဗသိုလ် စတုတ္ထပတ် ဗိုလ်သင်တန်း တက်ရောက်သည်။ ၁၉၄၅ ခုနှစ်တွင် ဗိုလ်သင်တန်းဆင်းပြီး စစ်ဝန်ကြီးရုံး စစ်ပညာ ဌာနကြီးတွင် ဗိုလ်လေး အဆင့်ဖြင့် တာဝန် ထမ်းဆောင်သည်။ တော်လှန်ရေးတွင် ဟင်္သာတခရိုင်၊ မျိုးချစ် ဗမာ့ တပ်မတော် တိုင်း (၁) ဌာနချုပ်၊ ပဲနွယ်ကုန်း၌ တာဝန် ယူခဲ့သည်။ 

ဒေါက်တာမောင်မောင်သည် ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူခဲ့ရာ ၁၉၄၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၄၆ ခုနှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာန နည်းပြ အဖြစ် လည်းကောင်း၊ ၁၉၄၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ပြန်ကြားရေး ဌာန၊ နယူတိုင်းအော့ဖ် ဘားမား သတင်းစာ အယ်ဒီတာ အဖြစ် လည်းကောင်း၊ ၁၉၄၈ ခုနှစ်၊ နှစ်ဦးပိုင်းမှ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ အထိ မြန်မာနိုင်ငံ မီးရထားဌာန လက်ထောက် အတွင်းဝန် အဖြစ် လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။ 
ဒေါက်တာ မောင်မောင်သည် ၁၉၄၉ ခုနှစ်မှ ၁၉၅၃ ခုနှစ် အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ဥပဒေ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး၊ ပြန်ကြားရေး ပညာများကို လေ့လာ ဆည်းပူးသည်။ ဟော်လန်နိုင်ငံရှိ Academy of International Law မှ အပြည်ပြည် ဆိုင်ရာ ဥပဒေ ဒီပလိုမာ ရရှိသည်။ ၁၉၅၂ ခုနှစ်တွင် လန်ဒန်မြို့ LINCON’S Inn မှ Barrister-at-Lawဝတ်လုံ အဖြစ် ခံယူသည်။ ၁၉၅၆ ခုနှစ်တွင် ဟော်လန်နိုင်ငံ UTRECHT တက္ကသိုလ်မှ အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ်ဖြင့် ဥပဒေပါရဂူ L.L.D. (Doctor of Law) ဘွဲ့ရရှိသည်။ 
ဒေါက်တာ မောင်မောင်သည် ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့် အစိုးရ လက်ထက် ၁၉၅၉ ခုနှစ်တွင် လက်ထောက် ရှေ့နေချုပ်၊ ရန်ကုန် တက္ကသိုလ် ဥပဒေ ကထိက တာဝန်များ ထမ်းဆောင်သည်။ ၁၉၆၀ ပြည်နှစ်မှ ၁၉၆၂ ခုနှစ် အထိ အမေရိကန်နိုင်ငံ YALE တက္ကသိုလ်၌ ကထိက အဖြစ် စာပေပို့ချ ကျမ်းပြုကာ ၁၉၆၁ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ် အတွက် ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ 
ဒုတိယအကြိမ် စစ်တပ် အာဏာသိမ်း အဖွဲ့ဖြစ်သည့် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ဒေါက်တာမောင်မောင်သည် တရားရုံးချုပ် တရားသူကြီး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အမြုတေ ပါတီ ကာလတွင် ပညာရေးရာ ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၉၇၁ ခုနှစ်၊ ပထမအကြိမ် ပါတီ ညီလာခံတွင် ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ 

၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းသော အဖွဲ့ဝင် ၉၇ ဦး ပါဝင်သည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် (မူကြမ်း) ရေးဆွဲရေး ကော်မရှင်တွင် အဖွဲ့ဝင် အဖြစ် ပါဝင်သည်။ ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ အဖွဲ့ဝင် ဖြစ်လာပြီး၊ ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ တော်လှန်ရေး အစိုးရ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ 
ဒေါက်တာမောင်မောင်သည် မဆလ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် လည်းကောင်း၊ နိုင်ငံတော် ကောင်စီဝင် အဖြစ် လည်းကောင်း မဆလ သက်တမ်းတလျှောက် တာဝန် ထမ်းဆေင်ခဲ့သည်။၁၉၇၈ ခုနှစ်တွင် ဥပဒေ ကော်မရှင် ဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ်တွင် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ မှသည် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် သမ္မတ အဖြစ်ပါ တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။ 
ဒေါက်တာမောင်မောင်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်သည့် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ကို ၁၉၇၅ ခုနှစ်တွင် လည်းကောင်း၊ မဆလ ပါတီက ပေးအပ်ခဲ့သည့် တာဝန်များကို ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ချီးမြှင့်သည့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ၁၉၈၄ ခုနှစ်တွင် ရရှိခဲ့သည်။
ဒေါက်တာမောင်မောင်သည် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ဟင်္သာတမြို့နေ ပါလီမန်အမတ် ဦးသန်းတင်၊ ဒေါ်ကျင်မြတို့၏ သမီး ဒေါ်ခင်မြင့်နှင့် လက်ထပ်ခဲ့သည်။ သားသမီး ခုနှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မြင့်နှင့် သားသုံးဦး၊ သမီးလေးဦး၊ မြေး ၁၀ ဦးကျန်ရစ်သည်။ 

ဒေါက်တာမောင်မောင်ရေးသားခဲ့သည့် စာအုပ်များ

သွေးနီ ၁၉၄၆၊သက်ရှိရာဇဝင် ၁၉၅၆၊တို့ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ ၁၉၅၉၊နိုင်ငံ တော်လုပ်ကြံမှု ပြည်ထောင်စုနှင့် ဦးစော ၁၉၆၅၊မြန်မာ့နိုင်ငံရေးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၆၉၊ သားမောင် စစ်သည်သို့ ၁၉၇၂၊တရားဥပဒေ အထွေထွေ ဗဟုသုတ ၁၉၇၄၊ပြည်သူ့ဝန်ထမ်းသားသမီးများသို့ ၁၉၈၇The Forgotten Army ၁၉၄၆Burma's Teething Time ၁၉၄၉London Diary ၁၉၅၂Grim War Against KMT ၁၉၅၃Burma in the Family of Nations ၁၉၅၆Burma's Constitution ၁၉၅၉A Trial in Burma ၁၉၆၂Aung San of Burma ၁၉၆၂Law and Custom in Burma And The Burmese Family ၁၉၆၃Burma and General New Win ၁၉၆၉To A Soldier Son ၁၉၇၄ တို့ဖြစ်သည် ဒေါက်တာမောင်မောင်ကို လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားများက ပညာတတ်မပီသသော ခေါင်းဆောင် ၊ ပညာတတ်ပါလျှက် ပညာကို အဘိုးအနားစားဖြင့် တန်ကြေးဖြတ်သူအဖြစ် နာမည်ပျက်ဖြင့် ခေါင်းဆောင် လုပ်သူ ၊ ပညာ ကိုအသုံးမချဘဲ ၊ မသူတော်ကိုဆရာတင်သူ စသဖြင့် စသဖြင့် နိုင်ငံတော်သမ္မတကြီး ဒေါက်တာမောင်မောင်ကို ထိုခေတ်ထိုအခါက နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ တီးတိုးတီး တိုး သဖန်းအထိုး ခံခဲ့ရသော ခေါင်းဆောင်တဦးဖြစ်ပါသည် ။ 


ဗိုလ်ချုပ်ကြီးစောမောင်
ဗိုလ်ချုပ်မှူးကြီး စောမောင်သည်  ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်တွင် အာဏာသိမ်းခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်မှ ၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၃-ရက်နေ့အထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအရ ရုတ်တရက် အနား ယူခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးစောမောင် သည် နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင် ထံမှ အာဏာသိမ်း ခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်သည် ဗုဒ္ဒဘာသာကို အသက်နှင့် ထပ်တူယုံကြည်သက်ဝင်သူဖြစ်သောကြောင့် သူ၏ လက်ထက်တွင် သူ၏အ မိန့်ဖြင့်ပြုလုပ်ခဲ့ရသော ဗုဒ္ဒသာသနာတော် သန့်ရှင်းရေး လုပ်ငန်းအတွက် ကြီးစွာသော စိတ်သော ကဝေဒနာ ကိုခံ စားခဲ့ရသည်။
(ဗုဒ္ဓသာသနာတော် သန့်ရှင်းရေးဟူသည် ၀ိနည်းဓမ္မကံနှင့် မလျှော်သော ရဟန်းတော်များနှင့် သာသနာတော်ဆိုင်ရာ ပုဂ္ဂိုလ်များကို သန့်ရှင်းရေးလုပ်ပြီး ထောင်အတွင်း အကျဉ်းချခြင်းကို ဆိုလို သည် ၊ ထိုခေတ်ထိုအခါက ရဟန်းပညာရှိတော်တော်များများနှင့် ၀ိနည်းလေးစားတော်မူသော ရဟန်းတော်များလဲ ထိုထိုဥပဒေတို့ဖြင့် ထောင်သွင်းအကျဉ်းချခြင်း ခံရသည်ဟူ၏။)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၃၃-ခုနှစ်၊ ဖေဖော်ဝါရီ ၂-ရက်၊ မန္တလေးတိုင်း၊ ကျောက် ဆည်မြို့နယ်အတွင်းရှိ မြင်းစုကျေးရွာတွင် မွေးဖွားသည်။ စာတိုက်ဌာနတွင် အလုပ်စ တင်ခဲ့၍ အသက် ၂ဝ တွင် တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့ပြီး နှစ်အတန်ကြာ စိတ်ဓာတ်စစ် ဆင်ရေး ဌာနတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၄င်းအချိန်တွင် အစိုးရ၏ စစ်တပ်သည် ကရင်သောင်း ကျန်းသူများအား တိုက်ခိုက် နေသည့်ကာလ ဖြစ်သည်။

၁၉၆ဝ ခုနှစ်တွင် ဗိုလ်ကြီးရာထူးသို့ တိုးမြှင့် ခြင်းခံရသည်။ ဝန်ကြီးချုပ်ဦးနုအား ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရာထူးစဉ်လိုက် တိုးတက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဒုတိယဗိုလ်မှူး ကြီး ဖြစ်ခဲပြီး၊ ၁၉၇၈ ခုနှစ်တွင် ဗိုလ်မှူးကြီး ဖြစ်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်း တိုင်းမှူး ဖြစ်ခဲ့သည်။ ၁၉၈၅-ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် နှင့် ဒုတိယကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၈၆-ခုနှစ်တွင် ဗိုလ်ချုပ်ဖြစ်ခဲ့သည်။ အာဏာရစစ်အစိုးရ၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သည်။

၁၉၈၈ ခုနှစ် သွေးထွက်သံယိုဖြစ်ခဲ့သည့် အရေးတော်ပုံကို တုန့်ပြန်သည့်အနေဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အဖွဲ့ဝင် ၂၁ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ 

ထိုအချိန်က အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ညာလက်ရုံး ဖြစ်ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအကြောင်းပြု ၍ ဗိုလ်ချုပ်မှူးကြီး စောမောင် ရုတ်တရက် အနားယူခဲ့ပြီး သူ၏နေရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နဝတ၏ ဥက္ကဌ၊ နိုင်ငံ့အကြီးအကဲ၊ ကာကွယ်ရေးဌာန၏ အတွင်းရေးမှူး နှင့် တပ်မတော် ကာကွယ် ရေးဦးစီး ချုပ်အဖြစ် အစားထိုး နေရာယူခဲ့ပြီး ယနေ့တိုင် မြန်မာနိုင်ငံတော်အား ထီးနန်းစိုးအုပ် မင်းလုပ်တော် မူသည်။

အထက်ပါအကြောင်း အရာအားလုံးသည်၊ မြန်မာ့ရေ မြန်မာ့မြေပေါ်တွင် အမှန်တကယ်ဖြစ်ပျက် ခဲ့ သော ကိစ္စများသာ ဖြစ်ပါသည် ၊ သမိုင်းမှန် ကွယ်ရိုးမရှိ ဆိုသကဲ့သို့ မည်သို့ပင် နှစ်ပရိစ္ဆေဒ ကြာမြင့် ခဲ့သည်ဖြစ်စေ တိမ်ကောပပျောက် ရိုးထုံးစံမရှိပါ ၊ နိုင်ငံရှိလျှင် လူမျိုးရှိစမြဲ လူမျိုးရှိလျှင် ဒီ ကိစ္စတွေကို တဆင့်စကား တဆင့်နားဖြင့်သော်၎င်း ၊ စာအုပ်ဖက်ရှု၍၄င်း၊ တနည်းနည်းဖြင့် သိကြမှာ မဟုတ်ပါလားခင်မျာ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ကြောင်းငွေလမင်းတို့က ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ။

6 comments:

ညိမ်းနိုင် said...

ပြောရရင်တော့ တစ်ယောက်မှမစွံတဲ့သူတွေပါပဲဗျာ....။
ဦးနေဝင်းကျဆုံးခန်းကတော့ လက်ရှိဘဘကြီးတွေ
သင်ခန်းစာယူသင့်ပါရဲ့...။

ချော(အစိမ်းရောင်လွင်ပြင်) said...

သိတဲ့ဟာတွေလည်းသိ.. မသိတဲ့ဟာတွေလည်း သိလိုက်ရတယ်ပေါ့နော်...
သေချာဖတ်သွားတယ် ငွေလမင်းတို့ရေ..
အာဏာကို မတရားလိုချင်လောဘကြီးရင် နောက်ဆုံးရလဒ်က သိပ်မကောင်းဘူးဆိုတဲ့ အသိတရားလေးယူပြီး ပြန်သွားပါကြောင်း

ငွေစန္ဒာ said...

ငွေလမင်းတို့ရေ
မသိသေးတာတွေသိလိုက်ရလို့ကျေးဇူးပါ ။
မဒမ်ငွေကိုလည်းဂရုစိုက်ပါ။
ကျန်းမာပျော်ရွှင်ပါစေနော။

မေပယ်လ် said...

အင်းးး
ကိုယ်တွေ မမှီလိုက်တဲ့ ခေါင်းဆောင်ကြီးတွေအကြောင်း
ဗဟုသုတ တော်တော်လေး ရသွားပါတယ်
တင်ပြပေးတာ ကျေးဇူးပါ

ကိုဇော် said...

သမိုင်းကြောင်းလေး တစ်ခုပါပဲ။
ဗဟုသုတ ရစေတာပေါ့ဗျာ။
ဆက်ပါဦး..

အင်္ဂါဟူး said...

သမိုင်းဆို ငယ်ငယ်ကတည်းက ဖတ်ကိုမဖတ်တာ...အဖေနဲ့ အမေ ညားတာနောက်ကျလို့ အနော်က လူဖြစ်နောက်ကျ အဲတော့ ဒီသမိုင်းတွေကျောင်းမှာ သင်ရ.. ရှုပ်နေတာပဲ.. ဒီလူတွေနဲ့ တူတူမွေးရင်တော့ သမိုင်းကျက်ရသက်သာတာပေါ့... အခုလိုကျတော့လည်း မသိတာတွေ သိရတော့ ကျေးတမာတယ်... (ဖူဖူကျော်သိန်းလေသံ)