Tuesday, January 25, 2011

ဟလို

စာမရေးဖြစ်တာ ကြာခဲ့ပါပြီ နှစ်စဉ်ဒီဇင်ဘာ ရောက်ရင်ဖြင့် ခရီးသွားချင်တဲ့ရောဂါကို မလွန်ဆန်နိုင် လို့ သွားလိုက်ရတဲ့ခရီး ၊ စကာင်္ပူ မလေး ထိုင်း ၊ စကာင်္ပူကို ရောက်တာတော့ ကြာပေါ့ ၊ စကာင်္ပူ ကိုအခြေပြုပြီး နီးစပ်ရာနိုင်ငံတွေ ကိုလည်လိုက်ပတ်လိုက်တာ ၊ ငွေလဲကုန် ခရီးလည်းပန်းပြီမို့ ဘလော့ ရေးတဲ့ဖက်ကို လှည့်လိုက်ပါအုံးမယ် ၊ ဘလော့မှာလဲ စာကြွေးတွေက တင်နေတော့ ပြောထားတဲ့ မင်းပြောင်းမင်းလွှဲတွင် ဖြစ်တတ်သော အကြောင်းအရာ ၁၀၀ဆိုတာကို ဆက်ပြီးရေးသားပါ့မယ်။

နောက်တစ်ခုက ကျေးဇူးတင်ထိုက်သူတွေကိုလဲကျေးဇူးတင်ပါတယ် ၊ မစ္စတာမိုးယံရဲ့ ကျေးဇူးကြောင့် စီဘောက်အသစ်လေးရပါပြီ ကျေးဇူးတင်ပါတယ် မစ္စတာမိုးယံ ၊ အရင်စီဘောက်ဟောင်း ကလဲ အစိမ်းရောင် လွင်ပြင်သခင်မ မမချောရဲ့ ကျေးဇူးပါ ၊ အစိမ်းရောင်လွင်ပြင် သခင်မကိုလည်း ကျေးဇူးတင်ပါတယ် ၊ ဒီဘလော့တွေ မှာစာရေးဘို့ စတင်ပြီး ဖြစ်လာတာကတော့ ဘလော့ သူငယ်ချင်းမတစ်ယောက်ပါ သူ့ကြောင့်သာ ဒီလိုစာတွေကို ရေးနိုင်ခဲ့တာဖြစ်လို့ စာရေးတိုင်းသူ့ကို သတိရသလို ၊ ကိုယ်ရေးတဲ့စာတွေကို သူများတွေလာဖတ်ရင်လဲ သူ့ကို ကျေးဇူးအထူး တင်ရပါတယ်။

နောက်တစ်ယောက်ကတော့ ဘလော့ရဲ့ ထာဝရဖောက်သယ်ကြီး စကာင်္ပူနိုင်ငံက တီတီလေး မသဇင်ပါ ၊ အသစ်မရေးမလဲ အမြဲသူလာဖတ်တတ်ပါတယ် ၊ စကာင်္ပူမှာတုန်းကလဲ သူက ဂျော်နီ ဝေါ့ကား အရက်တစ်လုံးနဲ့ဥာဏ်ပူဇော်ဖူးခဲ့သလို ၊ မစ္စတာငွေနဲ့ မဒမ်ငွေကို ဂိုးဒင်းမိုင်းတာဝါမှာ ညစာလိုက်ကျွေးပြီး ၊ ဈေးဝယ်ထွက်ပေးဖူးတဲ့ သူပါ ကျေးဇူးတင်ပါတယ် တီတီ နောက်များကြရင် ဂျော်နီ ဝေါ့ကားအရက်မှ မဟုတ်ဘဲ   အခြားအခြားသော အရက်သေစာ သေရည်သေရက်တို့ ဖြင့် လည်း ကြုံတိုင်းဥာဏ်ပူဇော်နိုင် ပါတယ် ဥာဏ်ပူဇော်တိုင်းကိုလဲ ပက်ပက်စက်စက် လက်ခံပါကြောင်း တပါတည်း အသိပေးလိုက်ပါတယ် ။

နောက်တစ်ယောက်ကတော့ မဒမ်ငွေပါ မစ္စတာငွေမရှိခင်မှာ ဘလော့မှာ သူ့ရဲ့ မဖြစ်ချင်ဆုံး ဆန္ဒများ နှင့် အဖြစ်ချင်ဆုံး ဆန္ဒများ ပိုစ့်ကိုဘလော့မှာတင်ထားလို့ ကျေးဇူးတင်ပါတယ် မဒမ် ၊ မဒမ်လဲ ၂၀၁၁မှာ စာရေး တော်တော်ကောင်းလာပါတယ် ၊ ကြိုးစားပါ မဒမ်  ကြိုးစားရင်တော့ဖြင့် ဒိုးပြားရဖွယ်ရှိပါ တယ် ။ မစ္စတာငွေ မရှိခင် ပိုစ့်အသစ်တွေ မတင်ခင်မှာ နေ့စဉ် စာလာဖတ်ကြတဲ့ မဒမ်ငွေနှင့်တကွ  ၃၁ဘုံ ကျင်လည်ကုန်သော အဲဟုတ်ပေါင် ၊ မဒမ်ငွေနဲ့ တကွ ဘလော်ကာ ဘလော်ကီ အပေါင်း စာဖတ်သူအပေါင်း ကွန်မင့် ပေးသူအပေါင်းကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနဲ့ ကျွန်တော်ရဲ့ ဒီဇင်ဘာ ခရီးစဉ်ပြီးဆုံးပြီး ဘလော့ကို ပြန်လည်ရေးသားနေပြီ ဖြစ်ပါကြောင်း ။

အားလုံးရွှင်လန်း ချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့က ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် မင်္ဂလာပါခင်မျာ…။

7 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျောက်နေပါတယ် အောက်မေ့တာ ဒင်းက ခရီးထွက်သွားသကိုး
ခရီးသွားတာတောင် အကြောင်းမကြား ဘာမကြားနဲ့။
စိတ်ဆိုးလိုက်တာ။ မဒမ်ငွေလဲ မောင်မောင်ငွေမရှိတော့ ဘလော့တောင် မလည်ဘူးထင်ပါ့ ရောက်မလာဘူး။ ၂ယောက်သား ပျောက်ချက်ကောင်းနေတော့ ခိုးရာလိုက်ပြေးကြတယ်ထင်တာ ။ အိမ်မှာနေရတာ ပျင်းလို့ အပျော်ခိုးပြေးတမ်းဆော့တယ် ထင်တာလေ။
မောင်ငွေ အိမ်မှာ မရှိလို့ထင်ပါ့ ရန်ဖြစ်သံမကြားရဘဲ ၂ယောက်သားတိတ်ဆိတ်နေကြတာ။
ကဲ စာပြန်ရေးတော့မယ်လို့ အားကြိုးမာန်တက် ပြောလာတဲ့အတွက် ၀မ်းမြောက်ပါတယ်. ရေးပါ ရေးပါ။ အများကြီးရေးနိုင်ပါစေ။

မိုးယံ said...

နှစ်ကိုယ့်တစ်စိတ် ဆိုတာ ရွာမှာတုန်းက အလှုခံလှည့်ရင်သာ မြင်ဖူးတော့ ဒါကြီးမျိုးပဲ မှတ်တာ..

လက်စသတ်တော့ ငွေလမင်းနှစ်ယောက်ဆိုတာလဲ ဒါညိုးကြီးကိုး... အဟတ်ဟတ်

မစ္စတာငွေ ခီးထွက်တယ်ဆိုတာနဲ့ မဒမ်ငွေက စာတောင် လိုက်မဖတ်တော့ဘူး အံ့တယ်.

ရွှေရတုမှတ်တမ်း said...

ရွာရိုးကိုးပေါက်လျှောက်လည်နေကြတာကြာပြီ..
ခုမှ အသံကြားတော့တယ်

ညိမ်းနိုင် said...

ပြန်ရောက်ပြီပေါ့....။ရေးပေတော့ စာကြွေးတွေ....:)။

ကိုဇော် said...

သြ . . . ဂလိုကိုး။

ရဲထွန်းဇော် said...

အော်...ဒါကြောင့်ကိုး...
မလေးကိုရောရောက်လာသေးလား....

SHWE ZIN U said...

ဖတ်ချင်စရာလေးတွေကို စောင့်မျှော်နေပါတယ် ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး