Thursday, April 21, 2011

ဒေါ်လာ၂၀၏ တန်ဘိုး


ဟောပြောပွဲတခုတွင် ပညာရှင်တစ်ယောက်ဟာ ဒေါ်လာ၂၀တန် တစ်ရွတ်ကို ကိုင်ပြီး ဒီဒေါ်လာ ၂၀တန်ဒေါ်လာကို ယူချင်တဲ့ လူရှိရင် လက်ထောင်ပါလို့၊ စတင်ပြောဆိုလိုက်ပါတယ်၊ အဲဒီအချိန် မှာ ဟောပြောပွဲလာ ပရိတ်သတ်အားလုံးဟာ လက်ညိုးကိုယ်စီထောင်ပြီး ယူလိုကြောင်းပြ သလိုက် ကြပါတယ်၊ အဲဒီအချိန်မှာ ဟောပြောသူပညာရှင်က `ကောင်းပါပြီ´ ကျွန်တော့်ကို တခုခု လုပ်ခွင့် ပြုပါလို့ ပရိတ်သတ်ကို တောင်းဆိုလိုက်ပြီး ခုနက ပြထားတဲ့ ဒေါ်လာ၂၀တန်ကို လက်နဲ့ပွတ်ချေပြီး ကျေ မွသွားအောင်ပြုလုပ် လိုက်ပါတယ်။

 သူကဆက်ပြီး ပရိတ်သတ်ကို မေးလိုက်ပါတယ် `ဒီ၂၀တန် ငွေစက္ကူကို လိုချင်တဲ့ သူများ ရှိရင်သေး  လက်ထောင်ပါလို့ ပညာရှင်ကမေးလိုက်ပါတယ်၊´ အဲလိုမေးလိုက်ချိန်မှာ လက် ထောင်တဲ့ သူများဟာ အရင်ကလိုဘဲ ယုတ်လျော့မှုမရှိတာကို ပညာရှင်ကတွေ့မြင် နေလိုက် ပါတယ်။

`အိုကေ ဟုတ်ပြီ ကျွန်တော် ဒီလိုထပ်လုပ်ရင်ရောလို့´ ပညာရှင်က မေးပြီး ခုနက ၂၀တန်ဒေါ်လာ ကို ကြမ်းပြင်ပေါ်ကို ပြစ်ချပြီး၊ ခြေထောက်နဲ့ တတ်နင်းချေပါတယ်၊ ပြီးတော့ ပြန်ကောက်ပါတယ် ပြန်ကောက်တော့ ငွေစက္ကူဟာ ကြေမွနေရုံတင်သာမကဘဲ၊ ညစ်ပေပြီးနေပါတော့တယ်၊ အဲဒီအချိန်မှာ ပညာရှင်က အခုကိုင်ထားတဲ့ ကြေမွညစ်ပေနေတဲ့ ငွေစက္ကူကို လိုချင်တဲ့လူများ ရှိသေးရင် လက်ညိုးထောင်ပါလို့ ထပ်မံပြီးမေးလိုက်တဲ့ အခါမှာတော့ အရင်ကလိုဘဲ လက်ညိုးထောင်သူများ များပြားနေဆဲပါ။

အဲဒီအချိန်မှာ ပညာရှင်က `လေးစားအပ်တဲ့ မိတ်ဆွေများခင်မျာ အင်မတန် အဘိုးတန်တဲ့ သင်္ခန်းစာ တခုကို ကျွန်တော်တို့ ရလိုက်ပြီဖြစ်ပါတယ်၊ ဒီငွေစက္ကူကို ဘယ်လိုဘဲလုပ်လုပ် မိတ်ဆွေ တွေက လိုလားနှစ်သက် လက်ခံကြဆဲဖြစ်ပါတယ်၊ ညစ်ပေအောင် ပေပွကြေမွအောင် လုပ်ခဲ့ပြီးပါ ပြီ၊ ဒါပေမဲ့ မိတ်ဆွေတွေကတော့ ဒီငွေစက္ကူကို လိုလားနေဆဲဖြစ်ပါတယ်၊ အဲဒါဘာကြောင့်လဲ ဆိုရင် သူဟာ အရင်ကလည်း ဒေါ်လာ၂၀၊ အခုလဲ ဒေါ်လာ၂၀ဘဲဖြစ်ပြီး သူ့တန်ဘိုးကို ယုတ် လျှော့သွားခြင်းမရှိလို့ပါဘဲ။ လို့ပြောဆိုပြီး သူ့ ရဲ့ဟောပြောပွဲကို ရုပ်သိမ်းလိုက်ပါတယ်။

ဒီပုံပြင်လေးကတော့ ဆရာဖေလင်းသစ် မော်လမြိုင်မှာ ဟောပြောသွားတဲ့ ဟောပြောချက်ထဲက ပုံပြင်လေးတခုပါ၊ တန်ဘိုးရှိတဲ့အရာ ၀တ္ထုတခုခုကို ဘယ်လိုတန်ဘိုးကျအောင် လုပ်လုပ် လက်ခံ သူတွေ ကလက်ခံနေသေးရင် ထိုအရာဝတ္ထုဟာ တန်ဘိုးရှိနေဆဲဖြစ်တယ်လို့ ဆရာဟာဆိုလိုဟန် ရှိပါတယ်၊ ဒီပုံပြင်လေးကို ဆရာက မဂ္ဂဇင်းတခုမှာ ရေးလိုက်ပေမဲ့ မြန်မာနိုင်ငံ စာပေစိစစ်ရေးက ဖော်ပြခွင့်မရရှိတဲ့အတွက် ဆရာ့ရဲ့ပုံပြင်လေးဟာ ဖော်ပြခွင့်မရလိုက်ဖူးလို့ ဆရာက ဆိုပါတယ်။

ပတ္တမြား အစစ် ၊ နွံ့မှာနစ်သော် ၊ မညစ်အရောင် တိုး၍ပြောင်၏လို့ မြန်မာဆိုရိုးစကား ရှိ သမို့လားခင်မျာ တန်ဘိုးရှိသော အရာဝတ္ထုတိုင်းကို ဖုံးကွယ်လို့ ရတယ်ဟူ၍ ကြား ဖူးမှိကြပါ သလား??????။ ဒေါ်လာ၂၀ကို ဤမျှလောက် လူတိုင်း တန်ဘိုးထားသည်ဟု ဆိုလျှင်….??????။

ဘလော့စာရှုသူများ မင်္ဂလာနှစ်သစ်ပါလို့ နုတ်ခွန်းဆက်သရင်း ၊ တန်ဘိုးရှိသော အရာဝတ္ထုများကို ရယူပိုင်ဆိုင်နိုင်ကြပါစေကြောင်း ၊ ငွေလမင်းတို့ သားမိက ဆုမွန်တောင်းလိုက်ပါတယ်၊ ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်မျာ။

12 comments:

ကျောက်လမင်း said...

အလို...သားလမင်းလဲရှိနေပါ့လား..ကိုကိုလမင်း ကလေးထိမ်းနေရပြီလား

Anonymous said...

လေဆိပ်အ၀င်မှာ ပေးရင် အစစ်အဆေး အရစ်အကြပ်မရှိဘဲ ပစည်းမပျောက် ဘဲ ထွက်ခွာနိုင်တယ်
ဒေါ်လာ၂၀ မပေးရင်တော့ ရစ်လိုက် ကြပ်လိုက် မေးလိုက် ခိုးလိုက် နဲ့ အချိန်ကြာနှောင့်နှေးတယ်

ရန်ကုန်လေဆိပ်နတ်

စော(အဝါရောင်မြေ) said...

:)
သူဆွဲးတွေး သလို လူတိုင်းတွေးရင် ကောင်းမယ်။

မောင်မျိုး said...

ဥပမာ..ကောင်းလေးပဲ ဝေမျှတာ ကျေးဇူးပါ မေကျောက် ပြောထားတဲ့ ကိစ်စလည်း စိတ်ဝင်စားတယ် ။

SHWE ZIN U said...

ကိုကိုငွေ မိသားစု အားလုံး

စာတွေလာဖတ်သွားတယ် ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ဗဟုသုတလေးတွေ လာဖတ်သွား
တယ်နော် ပျော်ရွင်စရာ မိသားစုလေး ဆိုတော့
ကြည်နူးမိပါတယ်အကိုရေ..
ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

...အလင်းစက်များ said...

ဒေါ်လာ ၂၀ ဖိုး အ၀တ်လျှော်ရမယ်... ဒီနေ့  ကြားလား ကိုကိုငွေ .... အဟီး ... ရန်တိုက်ပေးမှ... :P

ကိုငွေရေ... သေခြင်းတရားဆိုတာ အနီးစပ်ဆုံး တစ်ခုကို ပြောလိုက်တာပါ... ဒီထက်ဆိုးတာတွေလဲ ရှိမှာပါ... ကိုယ်ကြုံဖူးတဲ့ ဒုက္ခက ကိုယ့်အတွက် အဆိုးဆုံပါပဲ... (မှန်မယ်လို့  တော့ အာမမခံရဲပါဘူးဗျာ)

ပေါ့ဆိမ့် said...

တန်ဖိုးရှိလိုက်တဲ့ စာလေးပါ။ ဒီနေ့အတွက် ပထမဆုံး ဖတ်မိလိုက်တဲ့ ဘလော့ပေါ်က စာလေးပါ...
ကျေးဇူးတင်စွာဖြင့်

မိုးယံ said...

ဒါကို မဂ္ဂဇင်မှာ ထည့်ခွင့် မပေးဘူးဆိုတော့... ဒေါ်လာ 20 နေရာမှာ တစ်ယောက်ယောက် (တစ်ခုခု) ကိုများ ရည်ညွှန်းနေလို့များလား

ဆူးသစ် said...

မကြားရသေးတာတစ်ခုကိုကြားလိုက်ရရင် တော်တော်ကျေနပ်ပါတယ်။ ကိုယ့်အတွက် အသိတစ်ခုတိုးရင် ပိုကျေနပ်ပါတယ်။ ဒီစာဖတ်ပြီး ပိုကျေနပ်သွားပါကြောင်း......

flowerpoem said...

တန်ဘိုးအကြောင်း ဥပမာပေးလေး သိပ်ကောင်းတယ်..

ဒေါင်းမင်း said...

ဟီးမြန်မာပြည်မှာတင်မဟုတ်။နိုင်ငံတော်တော်
များများမှာနည်းနည်းလေးပေနေရင်ပြန်လဲခိုင်း
တယ်ဟီး.။မြန်မာပြည်မှာပိုဆိုး..
ခင်မင်စွာဖြင့်
ဒေါင်းမင်း
http://www.myanmarkingpeacock.com/
လိပ်စာပြောင်းလိုက်တယ်ငွေလမင်းရေ။
လင့်ပြန်ချိတ်သွားတယ်