Thursday, June 9, 2011

အချစ်များ သူ့ဆီမှာ

ဒီပို့စ်ကို ဘယ်ကစရေးရမှန်း မသိလို့ မအားချင်ယောင်ဆောင်နေတာပါ ကိုကိုငွေ ပြောသလိုပါဘဲ စိတ်ထဲမှာတော့ ရှိပါတယ် ဒါပေမဲ့ စာရေးဆိုတော့ မရေးတတ်ဘူး ကိုကိုငွေ တို့ကတော့ စာရေးနေကြမလား သူ့အတွက် လွယ်ပေမဲ့ ကျွန်တော့်အတွက် ခက်တဲ့အလုပ်ဖြစ်နေပါတယ် ရေးပါဆိုပြီး နားပူနေတော့လည်း ပြောတတ်သလို ပြောလိုက်ပါ့မယ်။

ကိုကိုငွေ ကို စပြီး မှတ်မှတ်ရရ သိခဲ့တာ ကျွန်တော် အိုဗာတိုင် ညပိုင်း လုပ်ရတဲ့ညက တစ်ရုံးလုံး တစ်ယောက်ထဲ ကြောက်နေတာနဲ့ တစ်ယောက်ယောက်ကို စကားပြောဖို့ ဂျီတော့မှာ ကြည့်လိုက်တော့ ကိုကိုငွေ အကောင့်တစ်ခုဘဲ ရှိတယ် သူငယ်ချင်းတွေကလဲ တစ်ယောက်မှ မရှိဘူး ဖုံးခေါ်ပြောရင် ပိုက်ဆံကုန်မှာဆိုးလို့ ဂျီတော့ကနေ ခေါ်လိုက်တော့ သူ့နာမည်လဲ ကျွန်တော်မသိ ကျွန်တော့်ကိုလဲ သူမသိ..သူမသိ ကိုယ်မသိ စသိခဲကြပါတယ် အဲဒီအခါကျမှာ စတင် မိတ်ဆက်ကြပါတယ် ဒီလိုနဲ့ နောက်တော့ ခင်မင်လာရာကနေ ချစ်သူတွေ ဖြစ်သွားကြတယ် ဆိုပါတော့ ဒါလဲ ကိုကိုငွေ ပြောပြထားလို့ သိပြီးဖြစ်ကြမှာပါ။

ကျွန်တော် အလုပ်မှာ အလွဲလွဲအချော်ချော် ဖြစ်လို့ စိတ်ညစ်ရင် ကိုကိုငွေက စိတ်ပြေရာ ပြေကြောင်း ဟာသလေးတွေ ပြောပြ သီချင်းလေးတွေ ဆိုပြ ကဗျာရွတ်ပြ တရားလဲ ဟောလိုက်သေးတယ် ကိုကိုငွေက ပြောလို့ပြောတာ မဟုတ်ဘူး စွယ်စုံရတယ် စာလဲတော်တော် ဖတ်ထားပုံရတယ် ကျွန်တော်ဆိုရင် တခါတလေ သူပြောပြတာတွေ တခါမှ မကြားဖူးတဲ့ ဗဟုသုတတွေ ပါတယ် သူ့ကြောင့် စိတ်ညစ်တာတွေ စိတ်ပင်ပန်းတာတွေ မေ့ပျောက်သွားပါတယ်။

လူဆိုတာ ကိုယ့်ကို ဂရုစိုက်တာကို အများစုက ကြိုက်ကြတယ်မလား သူက ချစ်သူမဖြစ်ခင်ကတည်းက တော်တော်လေးကို ဂရုစိုက်ပါတယ် တနေ့ကို မနက်တခါ (အိပ်ရာထချိန်) နေ့လည်တခါ(ထမင်းစားချိန်) ညနေတခါ (ရုံးဆင်းချိန်) ညတခါ( အိပ်ခါနီးချိန်) ဒါတောင် ကြားထဲကို ဆက်ချင်ဆက်သေးတာ အဲဒီလိုနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်။ချစ်သူဖြစ်ပြီးတော့လဲ အရင်ကထက်ပို ဂရုစိုက်ပါတယ် သူအားတဲ့တချိန်လုံးကို အွန်လိုင်းပေါ် အမြဲရှိနေတတ်ပြီး ဘာဖြစ်ချင်လဲ ဘာလိုအပ်လဲ ကျွန်တော်အားတဲ့ အချိန်ကို စောင့်နေတတ်ပါတယ်။

ကိုကိုငွေ စာမေးပွဲပြီးတော့ ကျွန်တော့်ဆီကို ဒီဇင်ဘာလကို အလည်ရောက်လာပါတယ် တွေ့ပုံကတော့ ကိုကိုငွေ ပြောထားပြီးသားပါ သူက အလည်လာတဲ့သူဆိုတော့ တနေကုန် သူ့သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် သူတစ်ယောက်ထဲဖြစ်ဖြစ် လျောက်လည်တယ်  ညနေရောက်ရင် ကျွန်တော့်ဆီကို လာတယ် ညစာအတူတူ သွားစားကြတယ် ကိုကိုငွေ စတွေ့စက ဆေးလိပ်ကို လက်ကမချဘူး ဆိုင်ထိုင်ရင် ဘီယာကသောက်သေးတယ် ကွမ်းကစား၊ ကျွန်တော်လေ စိတ်ညစ်လိုက်တာ အဲဒါနဲ့  သူ့ကို နားလည်အောင် ပြောပြရတယ်။

 ကျွန်တော့် ဖေဖေ က အသက်၁၀နှစ်သားကတည်းက ဆေးလိပ်သောက်ခဲ့လို့ အသက် ၄၃ နှစ်မှာ ငယ်ငယ်လေးနဲ့ ဆုံးသွားခဲ့တယ်လို့ ကျွန်တော်နဲ့ အတူတူ အသက်ရှည်ရှည်နေချင်ရင် ဆေးလိပ်ကို မသောက်ပါနဲ့လို့ ပြောတော့ နဲနဲချင်းဖြတ်ပါ့မယ် လို့ပြောပါတယ် ဘီယာကိုလဲ အမြဲမသောက်ပါနဲ့ တလကို တခါလောက်ဆို တော်ရောပေါ့ တော်ကြာ ဗိုက်ကြီးပူလာရင် ကြည့်မကောင်းပါဘူးလို့ ပြောတော့လဲ ကိုကိုငွေက သိပ်လှချင်တဲ့သူလေ ပြောပြီးနောက်ပိုင်း ကျွန်တော်နဲ့ တခုခုစားတိုင်း မသောက်တော့ဘူး ကျွန်တော့်နောက်ကွယ် ခိုးသောက်ရင်တော့ မပြောတတ်ဘူး။

 ကျွန်တော့်ရှေ့တော့ လိမ်မာပြတယ် ကွမ်းစားရင်လဲ ပါးစပ်ကြီးက နီရဲနေတာ ဆိုတော့ စကားပြောရင် တဖက်လူကို အားနာစရာကောင်းတယ် အိမ်မှာနေတဲ့အချိန်မှ စားပါ စားပြီးရင်လဲ သွားတိုက်ပြီးမှ အပြင်ထွက်ပါဆိုပြီး ချော့ပြောရတာပေါ့ ကိုကိုငွေက ကျွန်တော်ပြောတာတွေကို တတ်နိုင်သလောက် ပြင်ပေးပါတယ် ကျွန်တော်ပြောတာလဲ သူ့အတွက်မလား ကျွန်တော့်အတွက် မပါဘူးလေ အဲဒီလို စကား နားထောင်တာတွေကြောင့်လဲ သူ့ကို ပိုချစ်လာရပါတယ် အားလပ်ရက်တွေမှာ လျောက်လည်ကြတယ်။

 ဟင်းချက်စရာတွေ ၀ယ်ဖို့ ဈေးသွားရင် သူနဲ့ ကျွန်တော်က ဆန်ကျင်ဖက် သူကြိုက်တာဆိုရင် အဲဒါက မကောင်းဘူးလို့ ကျွန်တော်ကပြောတယ် ကျွန်တော် ကြိုက်တာဆိုရင်လဲ သူကမ၀ယ်ဖို့တားတယ် နောက်ဆုံးစကားများပြီး ပြန်လာရတာချည်းဘဲ စကားများပြီးရင် ကိုကိုငွေက ပြန်ချော့တော့  စိတ်ပြေသွားပါတယ် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့ ဒီလိုနဲ့ ၂ လပြည့်တော့ ကိုကိုငွေ မြန်မာပြည်ကို ပြန်သွားပါတယ် ကိုကိုငွေက အခုတက်နေတဲ့အတန်းကို ဒီပလိုမာနဲ့ရပ်လိုက်မယ်ဆိုတော့ ကျောင်းဆက်တက်စရာ မလိုတော့ဘူး ဒါကြောင့် သူက ရန်ကုန်မှာ ၂လလောက်နေပြီးတော့  ဧပြီလမှာ ကျွန်တော့်ဆီကို အလည်ထပ်လာပါတယ်။

ဒီတခေါက် ကိုကိုငွေ ရောက်ပြီး ၂ပတ်လောက်နေတော့ စပြီး နေမကောင်းဖြစ်တာပါ သူငယ်ချင်းတွေကလဲ အလုပ်ကိုယ်စီသွားနေကြတာဆိုတော့ အားနေတဲ့ကိုကိုငွေဘဲ ပြုစုရတာပေါ့ စပါယ်ရှယ် နာ့စ် တစ်ယောက်ကို အလကားငှါးထားလိုက်ပါတယ် အဲဒီနာ့စ်က လူနာပြုစု ထမင်းဟင်းချက် အစုံရပါတယ် ဆေးခန်းသွားလဲ ကိုကိုငွေ လိုက်ပို့ပါတယ် ကျွန်တော့်မှာ ဆေးခန်းမှာ ၂ပတ်လောက် ဆေးထိုးဆေးသောက်လုပ်နေတာကို မသက်သာဘဲ ပိုဆိုးလာတယ်။

 ကျောက်ကပ်က ပိုရောင်လာတယ် ကုပေးတဲ့ဆရာဝန်က ဆေးရုံကိုသာ သွားလိုက်ပါတော့လို့ ပြောလို့ ဆေးရုံသွားတော့ ဆရာဝန်တွေက ချက်ချင်း ဆေးစစ် သွေးစစ် ဓါတ်မှန်ရိုက် စကန်ဖတ်တော့ ဗိုက်ကတော်တော်လေးကို ရောင်နေတာဆိုတော့ ကျောက်ကပ်က လုံးဝပျက်စီးနေပြီး ခွဲထုတ်ရမယ် အခုလောလောဆယ် ကျောက်ကပ်ရောင်တာလျော့သွားအောင် ဆေးထိုးပေးမယ် သောက်ဆေးပေးမယ် နောက်ပြီး တခြား လယ်ဗယ်မြင့်တဲ့ ဆေးရုံမှာ စပါယ်ရှယ်စကန် ထပ်ဖတ်ရမယ် ပြောပါတယ် အဲဒီလိုနဲ့ နောက်ဆေးရုံကို တပတ်နေတော့ သွားတော့ ဗိုက်ကသက်သာနေပြီး မေ၇ာင်တော့ဘူး မနာတော့ဘူး။

 ဒီတခါ စကန်ဖတ်တာ နာရီဝက်ကြာပါတယ် ပိုက်ဆံလဲ တော်တော်ကုန်တယ် resultကို အင်္ဂါနေ့တုန်းက ဆရာဝန်ဆီ သွားမေးတော့ ကျောက်ကပ်က အလုပ်လုပ်သေးတယ် ၁၅% အလုပ်လုပ်နေတယ် ကောင်းတဲ့ကျောက်ကပ်က ၈၅% လုပ်နေတယ် လုံးဝ အလုပ်မလုပ်တဲ့ ကျောက်ကပ်ဖြစ်မှ ထုတ်ပစ်တာကောင်းတယ်တဲ့  ကျွန်တော်လဲ တော်တော်ပျော်သွားတယ်။

 အခုလောလောဆယ် ဆီးကျောက်ကို Laser Operation နဲ့ ချေမယ် ခွဲစရာမလိုဘူး နာလဲမနာဘူး ဆီးကျောက်ထုတ်ပြီးရင် ကျောက်ကပ်က မရောင်တော့ဘူး တဲ့ သိသိချင်း မေမေကို ဖုံးဆက်ပြောတော့ မေမေလဲ ၀မ်းသာနေပါတယ်  ကိုကိုငွေ လဲ ဖုံးဆက်တော့ ဆရာကြီးလေသံနဲ့ အစကတည်းက ထင်သားဘဲတဲ့ ကျွန်တော် ဇွန်လ ၂၄ ကို လေဆာအော်ပရေရှင်း လုပ်မယ်ဆိုတော့ ကိုကိုငွေက ဇွန်လ ၂၂ ရက်နေ့ကို သူလာခဲ့မယ်တဲ့ ဆေးရုံကို သူ့လိုက်ပို့ချင်တာတဲ့ စိတ်ပူလို့ ပြောပါတယ်။

ကျွန်တော် နေမကောင်းဖြစ်တော့ ကိုကိုငွေခမျာ မျက်နှာလဲမကောင်းဘူး လူမမာက သူ့ကို ပြန်ချော့နေရတယ် သူချက်ပေးတာကို မစားရင် စိတ်ဆိုးသေးတယ် နေမှမကောင်းတာ ဘာမှမစားနိုင်ဘူး လေ  သူစိတ်ဆိုးမှာဆိုးလို့ ကြိတ်မှိတ်ပြီး စားတော့လဲ ပျို့အန်တယ် အရည်ဘဲသောက်နိုင်တော့ ကိုကိုငွေက အရည်သောက် မျိုးစုံကို လုပ်ကျွေးပါတယ် အုန်းနို့ခေါက်ဆွဲ ၊မုန်ဟင်းခါး (ကိုယ်တိုင်ချက် ရယ်ဒီမိတ်မဟုတ်) ကြာဇံဟင်း စွပ်ပြုတ် ငါးဆန်ပြုတ် ကြေးအိုး တမျိုးပြီးတမျိုး လုပ်ပေးပါတယ် ကျွန်တော်တောင် ကိုကိုငွေလောက် မချက်တတ်ပါဘူး။ ကျွန်တော်မစားရင် သူလဲမစားဘူး ကျွန်တော် နေမကောင်းတော့ ကျွန်တော်လဲ ပိန်သွားတယ် သူလဲ ပိန်သွားတယ် ဘီယာသောက်ထားတဲ့ ဗိုက်လဲလျော့သွားတယ်။

အခုလို နေမကောင်းဖြစ်တော့ ကိုကိုငွေ ချစ်တာတွေ ပိုသိလာရပါတယ် ပြီးတော့ ဆေးလိပ်လုံးဝပြတ်သွားတယ် ဒီရောက်နေတဲ့ရက်တွေ ကွမ်းလုံးဝမစားဘူး ဘီယာကိုတော့ တပတ်တခါလောက် သောက်တယ် အခုတော့ ရန်ကုန်မှာ နေတော့ ကွမ်းစားဖြစ်တယ်လို့ ပြောပါတယ် ကွမ်းက ဆေးလိပ်လောက် မဆိုးဘူးဆိုတော့ ဘာမှ မပြောတော့ပါဘူး အဲဒီအတွက် ကျွန်တော် ပျော်ပါတယ် လူရွေးမမှားဘူးလို့လဲ ထင်ပါတယ် မဒမ်ငွေ  ဘာကြောင့် ကိုကိုငွေကို ချစ်တာလဲဆိုရင် အရမ်းဂရုစိုက်လို့ ချစ်တာပါ ဟင်းချက်ကောင်းတာလဲ ပါတယ်။ အခုတော့ ဘာဆက်ရေးရမှန်း မသိတော့လို့ ဒီလောက်နဲ့ဘဲ နားပါတော့မယ် ကိုကိုငွေလောက် စာရေးမကောင်းတော့ ရေးရတာ အားသိပ်မရှိဘူး။

ဘလော့စာရှု့သူများ  ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျနိုင်ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ။


20 comments:

မေသိမ့်သိမ့်ကျော် said...

တော်တော်ချစ်ကြတဲ့ သူတွေပဲနော်။ အားကျလိုက်တာတော်...။း)

အမြန်နေကောင်းပါစေ။ ကျန်းမာရေးဂရုစိုက်နော်။


ခင်မင်လေးစားလျက်

မအိမ်သူ said...

ကြည်နူးစရာလေး.. အဲဒီလိုဘဲ တသက်တာ ကြည်နူးပျော်ရွှင်စွာနဲ့ ချစ်ချစ်ခင်ခင် ထာဝရလက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပါတယ်ရှင်..

ကိုဇော် said...

ကိုဇော် = ဆေးလိပ် မသောက် ၊ ကွမ်းမစား ၊ ရည်းစား မထား ၊ ပဲမများ . . အဲလေ. . . ဆေးလိပ် ၊ ကွမ်း ၊ အရက် ၊ ဘီယာ ၊ ဒါတွေ မလုပ်တာတောင်မှ ငါ့မှာ မရှိပါလားကွ။ အင်း . . . ဒါတွေ မလုပ်လို့ ထင်တယ်။ ဒါတွေ လုပ်မှ ချော့မော့ ဖျောင်းဖျမဲ့သူ ပေါ်လာမယ် ထင်တယ်။ ဒီနေ့က စပြီးတော့ လုပ်ဦးမှပဲ အဟဲ။

မြန်မာ ကျောက်ကပ်ဆေးလေးတွေ စွဲသောက်ကြည့်ပါလား။ တကယ်ကို ကောင်းတာတွေ ရှိပါတယ်။ မစ္စတာငွေကိုလည်း ကွမ်း မစားခိုင်းနဲ့ ကျောက်တည်တတ်တယ်လေ ဟုတ်တယ်ဟုတ် ( အချွန် . .အချွန် ) :D

SHWE ZIN U said...

ညီမ ငွေလမင်း ရေ

ဘဝ တသက်တာ ပျော်ရွှင်စွာ နဲ့ လက်တွဲ မဖြုတ်စတမ်း ချစ်ကြင်နာနိုင်ပါစေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဲကဲ ဂရုစိုက်လို့ ချစ်တာတဲ့
သိတယ်နော် ကိုကိုငွေ
ရှေ့ဆက်ပြီး ဆထက်တံပိုးတိုးပြီး ဂရုစိုက်ပြလိုက်
ပိုပိုချစ်လာအောင်း)

ခရစ္စတလ် said...

အားကျလိုက်တာနော် :)

Cameron said...

ညီမလေးငွေလမင်းမြန်မြန်နေကောင်းပါစေ....

ခင်တဲ့
မိုးငွေ့

စံပယ်ချို said...

ငွေလမင်းတို့စုံတွဲရေ
ကျွန်မတို့လဲဒီလိုပါပဲ
နဲနဲဆင်တူနေတယ်...ချစ်တာကိုပြောတာပါ
ချစ်တယ်ဆိုတာကောင်းတဲ့အလုပ်ပါပဲ
ထာဝရ ချမ်းမြေ့ပါစေနော်...

ahphyulay said...

အမယ်းးးးးးးးးးလေး..
သူချစ်တတ်တာကိုပဲ ကြွားနေရသေးဗျာ၊
ဘာကြောင့် ပဲ ချစ်ချစ် ၊ ချစ်တာက ချစ်တာပဲ၊
ဘယ်လိုပဲဖြစ်ဖြစ် မချစ်တာက မချစ်တာပဲလေ၊
ဒါပေမယ့်  မချစ်ဖို့  လွယ်သလောက် ချစ်ဖို့ 
တော့  တယ်မလွယ်ဘူးနော .....။

မြစ်ကျိုးအင်း said...

ဘာကြောင့်ပဲချစ်ချစ် ကိုယ်ချစ်တဲ့သူဆီမှာ ချစ်စရာ တစ်ခုခုတော့ ရှိမှ ဖြစ်မှာပေါ့။
ကိုယ်ချစ်သူချစ် ပေါင်းစပ်ရတဲ့ ဘဝက ကြည်နူးစရာပါ။
ကျန်းမာပျော်ရွှင်ပြီး ထာဝရလက်တွဲ သွားနိင်ပါစေ။

ငွေလမင်း said...

မဒမ်ရေ...စာလေးတွေဖတ်ရတာ အရသာရှိလိုက်တာ မင်းကိုသိပ်ချစ်ပါတယ် နောင်နှစ်ပေါင်းများစွာတိုင် မင်းကိုဂရုစိုက်သွားပါ့မယ်၊ စာရေးတတ်သည်ဖြစ်စေ မရေးတတ်သည်ဖြစ်စေ၊ နေကောင်းတယ် ကျမ်းမာတယ် အကိုချက်ကျွေးတာတွေကို စားနိုင်တယ်ဆိုရင်ဘဲ အကိုက ၀မ်းသာပီတိဖြစ်နေတာပါ ညီမပုလေး ကိုသိပ်ချစ်တဲ့ ကိုကိုငွေ

မင်းဧရာ said...

အမလေး ချစ်နေကြတာ ချစ်နေကြတာ.....
ဟွန်း........
နှစ်ယောက်စလုံးကို အမြင်ကက်နေပြီနော်
သတိထားနေကြ။

မောင်မောင် ( Kabul City) said...

ဟောဗျာ.. ဒါက မဒမ်ငွေလက်ရာ
အင်း ချစ်နိုင်သူတွေ ချစ်ကြပါနော်..
ကိုကိုငွေ တို့ ကလဲ အမှတ်က ၁၁၀ လောက်ရ
နေတာကိုးဗျ။

Unknown said...

လမင်း မောင်နှံ ကိုတော့ ချစ်တတ်တဲ့ နေရာ
မှာ လေးစားတယ်ဗျာ ။ အရမ်းကိုကြည်နူးမည့်
စုံတွဲပါ ။

လရိပ်အိမ် said...

နေကောင်းလာပြီဆိုတော့ဝမ်းသာပါတယ်ကွယ်။

Myanmar Good Knowledg Co., Ltd said...

ကျမ်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်။

စာရေးကောင်းတာမကောင်းတာထက်။

မဒမ်ငွေကို ပိုအားပေးပါတယ်။
း)

ကိုအောင်(ပျူနိုင်ငံ) said...

ငွေနဲ့ ငွေတို့ ပျော်ရွှင်ကြပါစေ ....

မိုးယံ said...

စာရေးမကောင်းတာပဲ တော်ပါတယ်. မဒမ်ငွေရယ်... ဖတ်ရတာ ကလိကလိနဲ့..ဟွန့်... တို့များ သောက်လည်းသောက် စားလဲ စား ဒါတောင် မရှိပါလား ( ကဇော်နဲ့တူဒယ်၊ ဟီဟိ)

Fame က ထုတ်တဲ့ Urocrush ဆိုတဲ့ ဆီးကျောက်ကြေဆေးဆိုတာ ရှိတယ်.. သံမနိုင်ကျောက်မနိုင်က ထုတ်တာပါ၊ အဲဒီဆေးလဲ ကောင်းတယ်.။

သူတို့ နှစ်ယောက်က အဲလို ချစ်ပြလေ တစ်ယောက်ထည်းကိုယ့်မှာ စိတ်မကောင်းဖြစ်လေ... ။ ဒါနဲ့ စကားနှစ်ယောက်အတူနေရင် အိမ်လိပ်စာပေးထားဗျာ... ကိုကိုငွေ့ လက်ရာတွေ လာဆွဲမယ်။

ပုံ
ငတ်တီးမိုးယံ

လသာည said...

ဂျီတော့ ဖူးစာလေး...။

ငွေလမင်းလေး.. စာရေးကောင်းပါတယ်။ မြန်မြန်နေကောင်းပါစေ။

ကိုကိုငွေမှ သက်ဆုံးတိုင်ကြင်နာ အလိုလိုက်ပေးပါလို့..

flowerpoem said...

ချစ်သူ ၂ယောက်စလုံးရဲ့ အချစ်တွေကို ဖတ်သွားပါတယ် ထာဝရပျော်ရွှင်တဲ့ မိသားစုဘ၀ကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေနော်. .