Friday, September 23, 2011

ဧရာဝတီ တမ်းချင်း









မြန်မာတို့အတွက် ဧရာဝတီ

ဧရာဝတီဆိုတာ ဒို့နိုင်ငံရဲ့ မိခင်။
ဧရာဝတီဆိုတာ ဒို့နိုင်ငံသားတွေရဲ့ အမွေ။
ဧရာဝတီဆိုတာ ဒို့နိုင်ငံသားအားလုံးရဲ့ အသွင်။
ဧရာဝတီဆိုတာ ဒို့နိုင်ငံရဲ့ ပုံရိပ်။
ဧရာဝတီဆိုတာ ဒို့နိုင်ငံရဲ့ သယံဇာတ။
ဧရာဝတီဆိုတာ ဒို့နိုင်ငံရဲ့ ဒဏ္ဍာရီ။
ဧရာဝတီဆိုတာ ဒို့နိုင်ငံရဲ့ ယဉ်ကျေးမှု့။

နှစ်လိုဖွယ်ရာနဲ့ ပြည့်စုံတဲ့။
မင်းကိုမသမာ လူတစုရဲ့ ကောက်ကျစ်မှု့။
လောဘသားတို့ရဲ့ အကျိုးစီးပွား။
သန်းရှစ်ဆယ် ဒို့နိုင်ငံသားတွေ မခံစားရပေမဲ့။
ဧရာဝတီရေ မင်းရဲ့အမွေအနှစ်တွေ။
ခွန်အားတွေ ပုံရိပ်တွေ ဒဏ္ဍာရီတွေကို။
မင်းသားသမီးမဟုတ်တဲ့ လူမျိုးမတူ စကားကွဲပြား။
တိုင်းတပါးသားတွေကို မင်းရဲ့အမွေတွေ။
ခွဲထုတ်ပေးတော့မှာလား ဧရာဝတီ။

တိုင်းတပါးသားတွေက မင်းကိုမသေမချင်းသတ်ပြီး။
မင်းရဲ့ခွန်အားတွေ ခန်းခြောက်အောင်လုပ်လိမ့်မယ် ဧရာဝတီ။
သူတို့ဟာ မင်းရဲ့သားမဟုတ်ဘူး။
မင်းရဲ့ရင်ခွင်မှာ မွေးဖွားလာသူတွေမဟုတ်ဘူး။
မင်းရဲ့နို့ရည်နဲ့ အသက်ရှင်လာသူတွေမဟုတ်ဘူး။
မင်းရင်ခွင်မှာကြီး၊ မင်းရဲ့နို့ရည်သောက် အရွယ်ရောက်လာတဲ့။
ဒို့တွေဟာ မတရားရားတဲ့ အမွေခွဲဝေမှု့ကို။
အကြွင်းမဲ့ကန့်ကွတ် တယ်ဧရာဝတီ ။

လက်နက်နတ္ထိ၊ အာဏာဗလာ ဘာပါဝါမှမရှိပေမဲ့
ငါ့ရေးနေတဲ့ ကလောင်တချောင်းနဲ့ မင်းရဲ့အမွေခွဲဝေမှု့ကို
ငါတို့ကန့်ကွတ်တယ်ဧရာဝတီ
ဟိုအရင်သမကတည်းက ဧရာဆိုတာ မြန်မာသားတွေနဲ့သာဆိုင်သလို
လာမဲ့အနာဂတ်မှာလည်း ဧရာဆို မြန်မာသားတွေအတွက် ပဲဖြစ်ရမယ်
ဧရာဆိုတာ မြန်မာသားတို့အတွက်ပဲ ဖြစ်ရမယ်……………………………။

မိခင်ဧရာဝတီကြီး မြန်မာနိုင်ငံသားတို့အတွက် ထာဝရ ရှင်သန်နိုင်ပါစေလို့၊ ဘလော်ကာ အပေါင်းတို့နှင့် ငွေလမင်းတို့က ဆုမွန်တောင်းလိုက်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။


ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေးကို ကန့်ကွက်ပါသည်။

22 comments:

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ်။ ဧရာဝတီဆိုတာ မြန်မာပြည်သားတွေ အတွက်ဘဲ ဖြစ်ရမယ်။ ဘယ်ပေါက်ဖော်တွေအုပ်စု အတွက်မှ မဖြစ်စေရဘူး။

ခင်မင်လျှက်

sosegado said...

လွယ်တော့မလွယ်ဘူး ကြိုးစားယူရမှာပဲ
တစ်ချို့က သူတို့နဲ့ မဆိုင်ဖူးပြောပါတယ်
အော် ရွှေနိုင်ငံမှာ နေတဲ့သူတွေလို့ပဲ ညည်းလိုက်ချင်ပါတော့တယ်။

ကိုရင် said...

လက်နက်နတ္ထိ၊ အာဏာဗလာ ဘာပါဝါမှမရှိပေမဲ့
ငါ့ရေးနေတဲ့ ကလောင်တချောင်းနဲ့ မင်းရဲ့အမွေခွဲဝေမှု့ကို
ငါတို့ကန့်ကွတ်တယ်ဧရာဝတီ

kiki said...

ဧရာဝတီ သည် မြန်မာပြည်သား အားလုံးနဲ့ဆိုင်တဲ့အတွက် ၊
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်ခွင့်လည်း မြန်မာပြည်သားအားလုံးတွင်ရှိပါသည် ။
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်ပါသည် ။

seesein said...

ဧရာ ရှည်ကြာ စီးဆင်းရေး
မြန်မာပြည်သားတိုင်း အခွင့်အရေး

မြစ်ဆုံးဆည် ဆောက်ခြင်းကို ထာဝရကန့်ကွက်ပါသည်..


ခင်မင်တဲ့
seesein

Yin said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

SHWE ZIN U said...

ကန့်ကွက် ပါတယ် အားလုံးသော ဧရာဝတီချစ်သူ များနဲ့ အတူ ကန့်ကွက်ပါတယ်

ကျေးဇူး
ခင်မင်တဲ့
ရွှေစင်ဦး

မြသွေးနီ said...

လက်နက်နတ္ထိ၊ အာဏာဗလာ
ဘာပါဝါမှမရှိပေမယ့်
ငါ့ရေးနေတဲ့ ကလောင်တချောင်းနဲ့
မင်းရဲ့အမွေခွဲဝေမှု့ကို
ငါတို့ ကန့်ကွက်တယ်...

ညီရဲ said...

ဧရာဝတီဆိုတာ သမိုင်းဝင်မြစ်...
ရောင်းကုန်မဟုတ်ဘူး....
ဒါကြောင့် ကန့် ကွက်ပါတယ်...

အဖြူရောင်နတ်သမီး said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဧရာဝတီမြစ်ဟာ ရောင်းစားစရာမဟုတ်ပါဘူး
တန်ဖိုးထားရမဲ့အရာပါ။
တန်ဖိုးမထား ရောင်းစားကြမယ်ဆိုရင်
ဘေးဒုက္ခရောက်မှာ မလွဲပါဘူး
ဒီစီမံကိန်းကို ကန့်ကွက်ရမှာ သေချာပေါက်ပါဘဲ

Myanmar Good Knowledg Co., Ltd said...

“ရာဝတီဆိုတာ ဒို့နိုင်ငံရဲ့ ပုံရိပ်။ဧရာဝတီဆိုတာ ဒို့နိုင်ငံရဲ့ သယံဇာတ။ဧရာဝတီဆိုတာ ဒို့နိုင်ငံရဲ့ ဒဏ္ဍာရီ။ဧရာဝတီဆိုတာ ဒို့နိုင်ငံရဲ့ ယဉ်ကျေးမှု့။
နှစ်လိုဖွယ်ရာနဲ့ ပြည့်စုံတဲ့။မင်းကိုမသမာ လူတစုရဲ့ ကောက်ကျစ်မှု့။လောဘသားတို့ရဲ့ အကျိုးစီးပွား။”

ခံစားချက်ထပ်တူပါ။

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

Anonymous said...

သိပ်မှန်တယ် အကိုကြီး ဧရာဝတီ ဆိုတာ မြန်မာပြည်သားတွေ အတွက်ဘဲဖြစ်ရမယ်။
ဒို့ ပြည်သူ ညီစေ
ဧရာဝတီ ကိုတည်စေ။

ဧရာဝတီ ရှင်သန်နေရမည်
ဧရာဝတီ စီးဆင်းစေရမည်
ဧရာဝတီ လှပနေရမည်။

မြစ်ဆုံရေကာတာ စီမံကိန်း ကိုအကြွင်းမရှိ ကန့်ကွက်ပါတယ်။

မေသိမ့်သိမ့် ကျော် said...

ဧရာဝတီဆိုတာ မြန်မာပြည်သူပြည်သားတွေအတွက်။ ဧရာဝတီ ထာဝစဉ်တည်ပါစေလို့...

ချယ်ရီမြေ said...

မြစ်ဆုံရေကာတာစီမံကိန်းအား လုံးဝလုံးဝသဘောတူ ကန့်ကွက်ပါတယ်
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

mstint said...

နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့်စီး ဆင်းနိုင်ပါစေ။

မေတ္တာဖြင့်
အန်တီတင့်

မအိမ်သူ said...

ကိုယ်နှင့်မဆိုင်ဆိုသူများ ဆိုးကျိုးများခံစားရတဲ့အခါတော့ လွတ်နိုင်လိမ့်မယ်လို့ထင်နေကြသလားမသိ။ ကောင်းကျိုးသာ မခံစားရရင်ရှိမယ် ဆိုးကျိုးရဲ့ ရိုက်ခတ်မှုဒါဏ်ကတော့ လွတ်လိမ့်မယ်မထင်ပါနဲ့။ ဆိုးကျိုးကရိုက်ခတ်မှုဒါဏ်ပိုပြင်းတတ်တယ်။ ဧရာဝတီက ရောင်းစားစရာ ကုန်ပစ္စည်းမဟုတ်ပါ။ တသက်တာ ထိန်းသိမ်းစောင့်ရှောက်ရမယ့် အမွေအနှစ်..

မြစ်ကျိုးအင်း said...

ကိုယ့်နိင်ငံသမိုင်း မရိုင်းရစေဖို့
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

ဟန်ကြည် said...

ချစ်သောမြစ်ဧရာ နှစ်ပေါင်းများစွာတိုင်အောင် အမိပြည်နဲ့အတူ တည်နိုင်ပါစေသတည်း...

မဒမ်ကိုး said...

အလာနောက်ကျသွားတဲ့အတွက်ခွင့်လွှတ်ပါ

ရင်ထဲနှလုံးသားထဲက နာကျင်စွာ ကန့်ကွက်ခဲ့ပါတယ် ..
မဒိုးကန်

...အလင်းစက်များ said...

ဒါဟာ ရောဂါဆန်းမဟုတ်ဘူး။ ပေါ်ပင် ကြက်ဆူပင်လို မဟုတ်ဘူး။ တကယ့်ဝေဒနာ အစစ်မပေါ်လာခင် ပြလာတဲ့ လက္ခဏာတွေပါ။

ရင်ဘတ်ချင်း ဂျပ်ပင် ထိုးကြပါစို့ လားဗျာ