Monday, October 11, 2010

ရဟတ်

ဒါဘာကြီးလဲ “ခွမ်း” ဒီအသားကို ငါရှိရင်မစားပါနဲ့လို့ ဒီအိမ်ကလူတွေကို ပြောထားတယ် လူလိုနား မလည်ဘူးလား ၊ “ခွမ်း”   “ခွမ်း”  ………။ အေးပါသားရယ် အမေကြီး  ဒီဟင်းကိုသိမ်းလိုက်ပါကွာ အကြီးကောင်တွေ မစားကြနဲ့တော့ကွာ ၊ မင်းညီလေးမကြိုက်ဘူး ။

ဒါဘာမုန့်လဲ  ဒီမုန့်ကိုမကြိုက်ဘူးလို့  ပြောထားတယ်ဗျာ နိုင်ငံခြားက မကလို့  နတ်ပြည်ကလာလာ တစ်ခါပြောထားရင် နားမလည်ကြဘူး “ဘုန်း”  “ဒုံး” “အုန်း” ၊ အေးပါသားရယ် ပါးလက်ဆောင် ရလာတာ လေးမို့ပါ  မင်းမစားချင်လဲ နေပါ  ပါးပြန်ယူလိုက်မယ် ………..။

ဒီအဆင်မကြိုက်ဘူး အေးအေး ပြန်ပေး ပြန်ပေး မင်းကိုကို ကိုပေးလိုက်မယ် ၊ ဘယ်သူ့မှ မပေးရဘူး အမှိုက်ပုံးထဲ ထည့်မှာ ၊ ဒီအရွယ်ရောက်နေပြီ ကိုယ့်သားသမီး ဘာကြိုက်လဲ မသိကြ ဘူး ၊ အေးပါသားရယ် မေမေက အဆင်တူလေးမို့ ညီကိုတွေ တူအောင် ၀ယ်လာခဲ့တာပါ  မရဘူးဗျာ………….။

ဒီခွက် ကဘယ်သူ့ခွက်လဲ ငါယူမယ် ၊ အာမလုပ်ပါနဲ့ ချစ်သူက လက်ဆောင်ပေးလိုက်တာပါ ၊ ညီလေးရယ် ၊ ကိုကိုပုံစံတူ တခုဝယ်ပေးမယ် အာမရဘူး ဒါဘဲကြိုက်တယ် ၊ ယူပြီဗျာ ………………..ဘာလဲ မယူရဘူးလား ၊ အာမဟုတ်ပါဘူး ယူ ……ယူ……….ယူ ……………..ယူပါကွာ ….။

ဒီနေ့ ဟင်းချက်တာ ဘယ်သူလဲဟေ့ ငံတယ်နော် ၊ ဟုတ်လားပေး အဲဒီငံတဲ့ ဟင်းပုဂံ  ကိုဖြူကွက်ရေ လာဟေ့ ရော့ ပုဂံလိုက်စားလိုက် ၊ ငံတဲ့ပုဂံပါ လာထား “ခွမ်း” ကဲကွာငံအုံး “ခွမ်း”….အေးပါကွာ နောက်မပြောတော့ပါဘူး တောင်းပန်ပါတယ် ………….။

၆နှစ်ခန့်ကြာသောအခါ

မောင် ဂဏာန်း စားချင်လို့ ၄ကောင်ကို ၅ကျပ်နဲ့ ၀ယ်လာတယ် ၊ ဘယ်လိုချက်ရ မလဲ ဟင် မင်းကဘယ်လို စားချင်တာလဲ ၊ အရေသောက်စားချင်တာ ဂဏန်းကို အရင်ဆုံး ပြုတ်လိုက်ကွာ ရေနဲနဲ လေးထဲကိုဆားပါထည့်လိုက် ၊ဂဏန်းကောင်တွေ နီလာပြီဆိုရင် ကျတ်သွားပြီ ပြီးရင် ဂဏာန်းကို ခွာပြီး ၊ မာလာဟင်းနှစ်ထဲ ထည့်ပြီး ရေနဲနဲထည့်လိုက် ဆူရင် ချစား ၊ ဟင်ဘယ်လို………………၊ ဟင်ဘယ်လို……………။ ဟင်ဘယ်လို………….၊ ကဲလုပ်ချင်သလို လုပ်တော့ကွာ ၊ သုတ်ခနဲ သူထသွားသည်  ဂဏန်းလေးကောင်ကို အများသုံး အမှိုက်ပုံးထဲ ထည့်လိုက်၏ ။

ဝဋ်ဆိုတာ ဒါလား ၊ ရဟတ်လိုဘဲနော် ၊ အမြင့်ကြီးကို ရောက်ပြီးတဲ့အခါ ၊ အနိမ့်ဘက်ကို ပြန်ဆင်း တတ်ပါရော …………။

19 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင်းဟင်း
လာပြီ.. တဖြေးဖြေးနဲ့ ပိုသိလာတော့မယ်...
မိဘမေတ္တာကို နားလည်လာတော့မဲ့ သဘောဘဲ။
ဒီပိုစ့်ဖတ်ရတာ ၀မ်းသာလိုက်တာ
စိတ်ပုတ်တယ်ဆိုဆိုး)
သို့သော်... စိတ်မရှည်တဲ့အကျင့်ကိုတော့ ပြင်စေချင်တယ်.. အမှိုက်ပုံးထဲထည့်တာ ဘယ်သူလဲ .. ပိုက်ဆံနဲ့ဝယ်လာရတာကို ဘာလို့ဒီလိုလုပ်ရတာလဲ.. အလကားရတာမှ မဟုတ်တာ။ အနားမှာရှိရင် တုတ်ကြီးကြီးနဲ့ ရိုက်ချင်တယ်..

ကိုဇော် said...

မှတ်ထား...
ကိုယ့်မှာ မရှိလို့ ပြောတာ မဟုတ်ဘူး။
အဲဒါ စနီယာတွေရဲ့ ဒုက္ခပဲ။
ငါတို့များတော့ အေးဆေး လွတ်လပ်လိုက်သကွာ။

( ကိုဇော်... မင်း ပိုင်သကွာ )

မိုးယံ said...

ကဲ အခုတော့ ဘာပြောမလဲ။ နင် မချက် တတ်တဲ့ မိန်းမနဲ့ ညားB

သူလေးပဲ ချက်ချင်သလိုချက်ပါတော့ ။ နင်ချောင်ပိတ်ပြီး ငတ်နေခဲ့တာ သူမသိဘူး။ အသေအချာ ဆန်းစစ်ကြည့်မှ နင့်ချစ်သူ ဟင်းချက်ကောင်းရန် မလွယ်တဲ့ ဘ၀ ။ စိတ်ဆင်းရဲရမယ်ဆိုရင် နင်လည်းပဲ ကြိတ်ခံနေပါ။ မပြောနဲ့တော့။


ရို့ ရို့ အာဟ အာ ဟ ။ ဂြီ
http://www.apytzmedia.net/musicvideo.php?vid=ce661f537

ငွေလမင်း said...

ဂဏန်းတွေကို လွှင်မပစ်ပါဘူး
ပြောချင်ရာ ပြောပြီးမှ စားပြီးပြီလား မေးလို့ စိတ်ဆိုးလို့ လွှင့်ပစ်တယ် ပြောလိုက်တာ
မကုန်လို့ အခုတောင် ရှိသေးတယ် ဖြစ်ပုံက မချော ပိုစ်က ကြက်ခြေထောက်လုပ်တာကြည့်ပြီး စားချင်တာနဲံ ကြက်ခြေထောက်သွားဝယ်တာ ကုန်နေတာနဲ့ ဂဏန်းဝယ်မိလိုက်တာ မချက်တတ်လို့ မေးလိုက်မှ ပြသာနာကြီးသွားတယ် ပြောမပြောချင်ဘူး သူ့စိတ်ချည်းဘဲ မသိလို့ရှိရင် မစ္စ ငွေလမင်း လွန်တယ် ထင်မှာဆိုးလို့ ရှင်းပြတာပါ..

သောစေယျံ said...

လာရောက်ဖတ်ပါတယ် အမြဲဖတ်ချင်လို့ လင့်တောင်ချိတ်ထားတယ်နော်

မောင်ငွေလမင်း said...

စဉ်းစားကြပေါ့ ၊ ဒါဟာပြောစရာလား မလွင့်ဘဲနဲ့ လွင့်တယ် ပြောကိုက မရိုးသားတာဘဲ ၊ သက်သက်စိတ် ဆင်းရဲအောင်ပြောတာ ၊ တဘက်လူ ဘယ်လိုနေမလဲ တွေးကြည့်ပါလား ။

chindwinthu said...

သားသမီး အပေါ်အမြဲ ခွင့်လွတ်နားလည်သူတွေဟာ မိဘတွေပါ။

Anonymous said...

ဖတ်ရတဲ့ အတိုင်းသာဆိုရင် တော်တော် ဆိုးတာဘဲ အိမ် ပေါ်မှာပြောတာပါ


ခင်တဲ့
ရွှေစင်ဦး

ဒေါင်းမင်း said...

ဟီး..နှမြောစရာဂဏန်းလွင့်ပစ်တာ။ကျွန်တော်က
ဂဏန်းကြိုက်တယ်။နောက်တစ်ခါမလွင့်နဲ့ကျွန်တော်ကို
ခေါ်လိုက်။လာယူမယ်..ဒါပဲ..ဟင်း..နှမြောစရာကြီး
ခင်မင်စွာဖြင့်
ဒေါင်းမင်း

သောစေယျံ said...

လမင်းရေ...............
သံယောဇဉ်မှာဘာများ မန့်ခဲ့တာဗျို..........
မန့်ခဲ့တယ်ဆိုလို့

ညိမ်းနိုင် said...

ဟာဟ...ဘာမှမပြောတော့ဘူးနော်....။တော်ကြာကိုယ့်
အလှည့် လည်းဝဋ်လည်နေမှာစိုးလို့...။

မချော said...

ကဲကဲ
ပြောတဲ့သူကလည်း စိတ်ရှည်လက်ရှည် ပြောပြတာမဟုတ်ဘူး မသိလို့မေးတာကို။
ရန်မဖြစ်နဲ့တော့ ဂဏန်းချက်နည်း သိချင်ရင် ဒီမှာ သွားဖတ် http://www.lamin30.blogspot.com/
ကျန်သေးတဲ့ဂဏန်းတွေ ချက်စားလို့ရတာပေါ့။
ညီမလေး နောက်ကို သူစိတ်မရှည်ရင် သူ့ကိုမမေးနဲ့
အင်တာနက်မှာ ရှာပါလေ့ ဟင်းချက်နည်းပေါင်းစုံရှိတယ်

မချော said...

အဲ လင့်ပေးတာ မှားသွားတယ်
http://lulucooking.blogspot.com/2010/09/blog-post_20.html
ဒီမှာ သွားဖတ်နော်

ခင်တဲ့
မချော

hninmoe said...

အဟက်....
ဘယ်လိုပြောရမလဲပေါ့နော်...
ဘယ်လိုမှ မပြောတော့ပါဘူး...
ဒီပိုစ့်ဖတ်ပြီး မိန့်မိန့်ကြီး ပြုံးသွားတယ်...
ခင်တဲ့
နှင်းမိုးမိုး

ရွှေရတုမှတ်တမ်း said...

ကြက်ခြထောက်စားချင်တာ ဂဏန်းဝယ်လာတယ် ဆိုတော့....ဒီဈေးဝယ်နည်းကို မှတ်သားထားဦးမှ

သောစေယျံ said...

နောက်နေတာလား ငွေလမင်း လေးရေ..
စာရေးတော့ စာတွေဖတ်ဖြစ်တာပေါ့ ဒါကြောင့်လူသားအကျိုးပြုစာဆိုရင် ဘယ်လိုစာမျိုးဖြစ်ဖြစ်ရေမယ်စိတ်ကူးထားတယ် ဘာသာရေးစာကော အထွေထွေစာရောပေါ့ ထွေသွာတတ်တဲ့စာတွေမရေးပါဘူးနော်

သောစေယျံ said...

လမင်းလေးရေ သတ်ပုံစစ်တာကတစ်ယောက် ရေးတာကတစ်ယောက်ဆိုတော့တော်တော်မိုက်တယ် ဒီမှာ အညာသားဆိုတော့ သ နဲ တ မကွဲဘူးဗျာ လုပ်ပါအုံး

ကောင်းမွန်ဝင်း said...

အဟင်းဟင်း၊
ဂဏန်းခြေထောက်ဟင်း။
အဟတ်ဟတ်ဟတ်၊
ရဟတ်။

းD
ခင်မင်စွာဖြင့်

သဇင် said...

ချစ်သူနဲ့ လက်ထပ်ဖို့တောင်ကြောက်လာပြီ။ မစ်စတာငွေလမင်း လိုမျိုးဆို ဘယ်လိုလုပ်မလဲ။ တော်သေးတယ် မချောကယ်ပေလို့။ ဟင်းချက်နည်း လင့် ကိုကူးသွားတယ်။