Friday, November 26, 2010

အဖိုးနှင့် သူ့မြေး ကျွန်တော်


အဖိုးသာအခုနေရှိရင် အသက်၉၆နှစ် ရှိပြီ ၊ ကျွန်တော့်အဖိုးကို မြန်မာသက္ကရာဇ် ၁၂၇၇ခုနှစ် ၊ နယုန်လပြည့်ကျော် ၁၅ရက်နေ့ ၊ ခရစ်သက္ကရာဇ် ၁၁-၆-၁၉၁၅ခုနှစ် ၊ မှာ မော်လမြိုင်မြို့မှာ  အဖဦးသာဆိုင် (ရွှေလှံဗိုလ်ခေါ် ကောလင်းမြို့စား မန္တလေး မြို့တော်ဝန် မဟာမင်းခေါင် အနော်ရ ထာဘွဲ့ခံ မင်းကြီးဦးချိမ့်၏  ၀န်စာရေးတော်ကြီး)နှင့် ၊ အမိဒေါ်နှင်းအိ (သီပေါ ဘုရင်၏ ပြည်လုံး အံ့လှေသင်းဗိုလ် မင်းကျော်သိဒ္ဓိ ရန်အောင်၏ သမီး)တို့မှ ဖွားမြင်ခဲ့သူပါ။
 အဘိုးဟာ ရှေးခေတ် နောက်ခေတ်ကို ပက်ပက်စက်စက်ကြီး မှီခဲ့သူမို့ ၊ ဗဟုသုတမျိုးစုံ ၊ အတွေ့အကြုံမျိုးစုံ ရှိသူပါ ၊ မျိုးချစ်စိတ် အလွန်အမင်းပြင်းထန်သူမို့ ၊ အင်္ဂလိပ်ကျောင်း မတတ်ဖူးပါ ၊ သို့သော် အင်္ဂလိပ်စာ တော်တော်တတ်သလို ဂျပန်စာနဲ့ ဂျပန်စကားကိုပါ တတ်မြောက်ပါတယ် ၊ ကျွန်တော်အကို ဆရာဝန်ကြီးများကတောင် အဖိုးဖတ်ဖူးတဲ့ အင်္ဂလိပ်စာ အုပ်မျိုးမဖတ်ဖူးခဲ့ပါ ၊ အဘိုးက မော်လမြိုင်ဗုဒ္ဓဘာသာ ကျောင်းထွက်လို့ဆိုပါတယ် ၊ ၇တန်း အောင်ခဲ့တယ်ကွယ့်လို့ ပြောပါ တယ် ၊ မော်လမြိုင်က ရှင်မဟာဗုဒ္ဓဃောသကျောင်းမှာ စာသင်ပေးခဲ့ဖူးသေးတယ်လို့ ပြောခဲ့ဖူးပါတယ် ကိုရင်ဝတ်နဲ့ ပထမလတ်တန်းအောင်မြင်ခဲ့ဖူးပါတယ်။
 လွတ်လပ်ရေး ခေတ်တလျှောက်လုံး ၊ ဘီအိုင်အေ ၊ ဘီဒီအေ အဲလို ခေတ်တွေမှာတော့ စစ်သားလုပ်ခဲ့ပါသေးတယ် ၊ ဘီအိုင်အေမှာ ဗိုလ်ကြီး အဆင့်တာဝန် ထမ်းဆောင်ခဲ့သူပါ ၊ ဂျပန်ခေတ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူ စစ်တိုက်ခဲ့သူပါ၊ ဂျပန်ခေတ်က စစ်တောင်းတံတား တိုက်ပွဲမှာ ဂျပန်စစ်ဗိုလ်နဲ့ ဓားချင်း ယှဉ်ခုတ်ခဲ့လို့ အဖိုးညာလက်အဖျားတွေ ပြတ်ကျလုနီးနီး ဓားထိခဲ့ပါတယ်၊ ဖဆပလ ခေတ်မှတော့၊ ဖဆပလအဖွဲ့ထဲမှာ အတွင်းရေးမှူးလုပ်ပါတယ်။
 ဗိုလ်ချုပ်ရဲ့ အမိန့်နဲ့ ဂျပန်စစ်ပြန်တွေကို ပြန်လည် နေရာချထားရေး လုပ်ပါတယ် ၊ လွတ်လပ်ရေးခေတ်မှာ မဏ္ဍိုင်သတင်းစာ ကိုတည် ထောင်ခဲ့ပြီး ၊ ဘိုးဘိုးမိန်းမကတော့ မော်လမြိုင် သွေးဆေးနာမည်နဲ့ ဆေးတိုက်ဖွင့်ပါတယ်၊ ၁၉၉၆ခုနှစ်မှာ နိုင်ငံဂုဏ်ရည်တတိယဆင့် ရရှိခဲ့ပါတယ်၊ ၁၉၇၀ခုနှစ်မှာ သမိုင်းဝင် ပမဆင့်ကို အဘိုးရော အဖွားပါ ပူးတွဲရပါတယ် ၊ စာပေနှံ့စပ်ပုံကတော့ အံ့လောက်ပါတယ် ၊ ဒါကတော့ အဖိုးရဲ့ ဘ၀ တစိတ်တဒေသပါ ။
ကျွန်တော်ကတော့ မြန်မာသက္ကရာဇ် ၁၃၅၂ခု ၊ ပြာသိုလပြည့်ကျော် ၁ရက် ၊ ခရစ်နှစ် ၁၉၉၀ပြည့် ဒီဇင်ဘာ ၃၁ရက် ၊ တနလာင်္နေ့ည မြန်မာစံတော်ချိန် ၁၂နာရီ ၊ ၅မိနစ်တွင် မြောက်လတ္တီကျု ၁၆ဒီဂရီ  ၄၇မိနစ် ၊ အရှေ့လောင်ဂျီကျူ့၉၆ ဒီဂရီ ၁၂မိနစ်တွင် ရန်ကန်မြို့ ဒဗ္ဗလင်ဆေးရုံတွင် သတို့သား .....ကို မာတာမိခင်မှ ဖွားသန့်စင်သည် အသက်၁၂၀ ရှည်စေသော်ဟု အဖိုး လုပ်ပေးထားတဲ့ ဇာတာမှာ အဲလိုရေးထားပါတယ်။
ကျွန်တော့ကိုမွေးမဲ့နေ့ ညနေမှာ မော်လမြိုင်မှာ အဖွားဆုံးပါတယ် ၊ အဲဒီည သန်းခေါင်းယံအချိန်မှာ ကျွန်တော်မွေးပါတယ် ၊ အဖွားနဲ့ ကျွန်တော်ဟာ မီးဝင်မီးထွက် ဖြစ်ပါတယ် ၊ အဖွားဆုံးခါနီးတော့ အဖွားရဲ့ခြေထောက်မှာ အဖိုးက မီသွေးလေးနဲ့ခြစ်ပေးလိုက်ပြီး မေမေဆီမှာ ပြန်ဝင်စားလို့ မှာလိုက်တယ်လို့ ဆိုပါတယ် ၊ ကျွန်တော်ကို အဲဒီညမှာ မွေးတော့ အဖိုးဟာ သူ့မိန်းမ၀င်စားတာ ဟုတ်မဟုတ် သိချင်လို့ ကျွန်တော်ခြေထောက်ကို ကြည့်ခိုင်းတယ်လို့ဆိုပါ တယ် ၊ တိုက်ဆိုင်စွာဘဲ ကျွန်တော်ဘယ်ဘက် ခြေထောက်မှာ ၊ အမဲရောင်အခြစ်ရာ အမှတ်သားလေးပါလာတဲ့အပြင် ၊ ညာဖက်နံပါးမှာပါ အမဲစက်ကြီးတစ်ခုပါလာပါတယ် ၊ အဲဒီအမှတ်အသားဟာ ဖွားဖွားမှာလဲ ပါတယ်လို့ မေမေကဆိုပါတယ် ၊ မည်သို့ပင်ဖြစ်စေ ကျွန်တော်ဟာ အဖွားဝင်စားပါတယ်ဆိုပြီး အဖိုးရဲ့အချစ်တော်ဖြစ်သွားပါတယ် ။
အိမ်မှာအဖိုးဟာ သြဇာကြီးမားသူ ဖြစ်ပါတယ် ၊ အဖိုးက ကျွန်တော့်ဘက်တော်သားကြီးဖြစ်လို့ ကျွန်တော်ရဲ့ပါးဟာ အဖိုးတည်းဟူသော စိန်နားကပ်ကြောင့်  ပါးတည်းဟူသော ကျွန်တော်ဟာ ပြောင်ပြောင်ပြောင်နဲ့ နေပါတယ် ၊ နောင်တော်ကြီး နှစ်ပါးရဲ့ငြူစူစောင်းမြောင်း မှုကိုအပြင်း အထန်ခံရပါတယ် ၊ အဖိုးဘယ်သွားသွား သွားလေရာ ခေါ်ဆောင်သွားတတ်ပါတယ် ၊ ကျွန်တော် တို့ ညီကိုယ် တွေဟာ အသက်၇ နှစ်စီကွာပါတယ် ၊ အကြီးဆုံးအကိုနဲ့ ကျွန်တော်ဟာ ၁၄နှစ်ကွာပါ တယ် အလတ်ကောင်နဲ့ ကျွန်တော်ဟာ ၇နှစ်ကွာပါတယ်။
မိဘနှစ်ပါး အလုပ်သွားချိန်မှာ အကိုနှစ်ယောက် ကျောင်းတက်နေပါတယ်၊ ကျွန်တော်နဲ့ အဖိုးကတော့ အိမ်တော်စောင့် ဖြစ်ပါတယ်၊ အဖိုးက ကျွန်တော်စာမတတ်ခင်ကတည်းက ဘုရားရှိခိုးသင်ပေး ၊ သီချင်းတွေ သင်ပေး ပီယာနိုတီးခိုင်း တယောထိုးခိုင်း ၊ စာလေးရေးတတ်လာတော့ ဟိုဟာမှတ်ခိုင်း ဒါမှတ်ခိုင်း ၊ ဟိုဟာသင်ပေး ဒါသင်ပေး လုပ် ပါတယ် ၊ ဒါကြောင့် ကျွန်တော့မိသားစုမှာ ကျွန်တော်ဟာ အဖိုးနဲ့ မိသားစုဝင်တွေထက် ပိုမိုအကျွမ်းဝင်သူပါ။
 အဖိုးဆုံးတော့ အဖိုးရဲ့စာအုပ်တွေ ခွဲဝေရေးပြဿနာများတတ်ပါတယ် ၊ ကျွန်တော်ဟာ ကျွန်တော်ဗီရိုလေးထဲမှာ အဖိုးရှိစဉ်ကတည်းက အဖိုးရဲ့မှတ်စုတချို့ကို ကျွန်တော် ရေးထားတဲ့ စာအုပ်တွေနဲ့ ပူးတွဲပြီး စာအုပ်ကြီးတစ်အုပ်ချုပ်လိုက်ပါတယ် ၊ စာအုပ်မှာလဲ ကျွန်တော့် နာမည် တပ်ပြီး ထားလိုက်ပါတယ် ၊ မှတ်စုစာအုပ်တွေကို ဖေဖေပိုင်ရမှာ ဖြစ်ပေမဲ့ ၊ ဖိုးဖိုးရဲ့ မြေးကျွန်တော် ကသာ ပိုင်စေရမယ်လို့ ဖိုးဖိုး ဥပဒေထားရစ်ခဲ့ပါတယ် ၊ သိတော်မူကြတဲ့အတိုင်း ဥပဒေထားခဲ့သူ မရှိတော့တဲ့နောက်ပိုင်း ၊ ဥပဒေဟာ အသက်မ၀င်တော့ပါဘူး ၊ ကျွန်တော်ပြည်ပရောက်နေလို့ ဈာပန လုပ်တဲ့နေမှ ပြန်ရောက်ပါတယ်။
 အခုတော့ အဖိုးမှတ်စုတွေ ယူထားတဲ့ လူတွေဆီကနေ ကျွန်တော် ပြန်ခိုးယူထားလို့ ၊ နဲနဲတော့ ပြန်ရပါပြီ ၊ ဖိုးဖိုးဟာ စာရေးနိုင်သူဖြစ်ပါတယ် ၊ ကဗျာလကာင်္တွေ မှတ်တမ်းမှတ်ရာတွေ ၊ ကိုယ့်တွေ့မှတ်တမ်းတွေ တော်တော်စုံပါတယ်၊ အခုတော့ ဖိုးဖိုးရဲ့ မှတ်စုထဲက မင်းပြောင်းမင်းလွဲဖြစ်ရင် ဖြစ်ပေါ်တတ်တဲ့ အရိပ်နိမိတ်လက္ခဏာတရားဆိုတဲ့ နတ်စက်ရောင် သိုက်စာပါ လကာင်္ရှည်ကြီးတခုကို အပိုင်းခွဲပြီး ပိုစ့်တင်ရင်ကောင်း မလား စဉ်းစားမှိပါတယ် ။
 ကဲစာဖတ်သူ ကျွန်တော်အဲဒီ လင်္ကာကြီးကို ကျွန်တော်သိသလောက် အဓိပ္ပါ့ယ်ရှင်းပြီး ငွေလမင်း ဘလော့မှာ တင်ရင် စာဖတ်သူက စောင့်ဖတ်မှာလားလို့ မေးချင်ပါတယ် ဖတ်မယ်မလားခင်မျာ ၊ မညာပါနဲ့ ဖတ်မယ်ဆိုရင် အောက်မှာကွန်မင့်ရေးခဲ့ ၊ ဘာမဖတ်ဖူးလား၊ ဟားဟား မရေးဘူးပေါ့ဗျ ၊ စသဖြင်စသဖြင့် စကားတွေပြောပြီး ကျွန်တော်အိပ်မက်က လန့်နိုးခဲ့ပါတယ်။
 ညကအကြောင်းရာတွေပြန်စဉ်းစားကြည့်လိုက်တော့ ကျွန်တော်အဖိုး မှတ်စုဖတ်ပြီး အိပ်ပျော်သွားရင်း အိပ်မက်မက်နေတာကိုး ၊ အိပ်မက်ထဲမှာ အခုစာဖတ်နေတဲ့လူကို ကျွန်တော်က အဖိုးအကြောင်း ရှင်းပြနေတာတဲ့ ၊အိပ်ယာနိုးတော့ အိပ်မက်ထဲက ပြောခဲ့တဲ့အတိုင်း ရေးရင်ကောင်းမလား မရေးရင်ကောင်းမလား ၊ တွေးနေတုန်း မဒမ်ငွေဆီကို ထိုအကြောင်းအရာ အတည်ဖြစ်စေဖို့ အစီရင်ခံလိုက်ရာ ၊ ရေးသားရမည်ဖြစ်ကြောင်း အော်ဒါထွက်လာသဖြင့် ကျွန်တော်ရေးဖို့ စီစဉ်နေရပါတော့တယ် ၊ စာရူသူကရော ရေးစေချင်လားခင်မျာ??????????????

17 comments:

အုပ်ကြီး said...

စိတ်ဝင်စားပါတယ်ဗျ ....
ဗဟုသုတရပါတယ်

Dwine said...

ရေးရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ ဗဟုသုတ ရတာပေါ့
ဖြစ်နိုင်ရင် အဖိုး မှတ်စု စာအုပ်ထဲက စိတ်ဝင်စားစရာအကြောင်းအရာ လေးတွေကိုပါ တိုက်ဆိုင် တိုင်းပိုစ့်တင်ပေးမယ်ဆိုရင် ပိုကောင်းပေတာပေါ့ဗျာ ဟုတ်ဘူးလား

အစဉ်လေးစားလျှက်
စာဖတ်သူ

ငွေစန္ဒာ said...

မဒမ်ငွေရဲ့အမိန့်အတိုင်းရေးပါမစ္စတာငွေလမင်းရေ၊
စောင့်ဖတ်ပါမယ်။

မေပယ်လ် said...

ရေးစေသတည်း..ရေးစေသတည်း

ယောနက်သန် said...

စိတ်ဝင်စားပါတယ်။

ကိုဇော် said...

ရေးစေချင်ပါတယ် ခင်ဗျား။
ဘယ်လိုပဲ ဖြစ်ဖြစ် ရှေးလူတွေရဲ့ အဓိပ္ပါယ် ကောက်ယူပုံကို ဗဟုသုတ ခေါင်းပါးနေသော ကျနော် လေ့လာရတာပေါ့။

မောင်မျိုး said...

အဖိုးရဲ့ သွေးတွေ အပြည့်ပါလို့ထင်တယ် ကိုငွေလမင်း က စာရေးတော်တော်ကောင်းတယ် အဲ့လို အဖိုးမျိုးရှိတာ ဂုဏ်ယူစရာ ။

စောင့်ဖတ်ပါမယ် မင်းပြောင်းမင်းလွဲအကြောင်းး)

စော(အဝါရောင်မြေ) said...

:P
တော်တော်လည်တယ်နော်
အမျိုးသမီးကိုလဲ ချစ်ပုံရပါတယ်။
စောင့် ဖတ်မှာပေါ့ သိုက်အကြောင်း လို။

ရွှေရတုမှတ်တမ်း said...

အမလေး....အဲဒါမျိုးဖတ်ချင်နေတာ..
ဒီလို စာတွေ ရှာဖွေမဖတ်ရတာ နိုင်ခြံဂါးရောက်နေကထဲက..မြန်မြန်ရေးပါဗျို့...

SHWE ZIN U said...

အပေါ်က လူတွေ ပြောသွားတဲ့ အတိုင်းပါဗျို့

ခင်တဲ့
ရွှေစင်ဦး

AMK said...

ရေးပါအကိုရ ဗဟုသုတရတာပေါ့ စောင့်ဖတ်ပါမယ်

Anonymous said...

အားပါး ဆွေကြီးမျိုးကြီး ပါလားဗျို့။ အဲဒီလို ရှေးမှတ်စု တွေကမှ တကယ်ကို တန်ဖိုးကြီးတာ။ ရှယ်နိုင်မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါဘဲ။ များများရေးပါ။ တကယ်တန်ဖိုးရှိတဲ့စာတွေကို ဖတ်ချင်လို့ပါ။

မြစ်ကျိုးအင်း said...

မသိမမှီလိုက်တာတွေကို ပြန်လည်ဖြန့်ဝေမှာ
သိပ်ကောင်းတဲ့ ကိစ္စမို့လို့ ထောက်ခံပါတယ်

An Asian Tour Operator said...

ဘမျိုးဘိုးတူဘယ်သန်ဘမှန် ရေ... အားကြီးစိတ်ဝင်စားပါတယ်။ မြန်မြန်ရေးပြီး တင်ပါခင့်ဗျ။
ခင်မင်စွာ
အေအေတီအို

Anonymous said...

torebki
to david jones , torebki skorzane , torebki damskie . torebki online , torebki damskie skórzane ?

Anonymous said...

how to unlock iphone 4
to how to unlock iphone 4 , unlock iphone 4 , . iphone 4 unlock , ?

Anonymous said...

projektowanie wnetrz bialystok
to projektowanie wnetrz bialystok , projektant wnetrz warszawa , . projektant wnetrz bialystok , ?