Monday, March 28, 2011

လင်ယောကျာ်းအရောင်းဆိုင်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က လမ်းတစ်လမ်းမှာ လင်ယောကျာ်းအရောင်းဆိုင်လို့ ဆိုင်းဘုတ်ထိုးထားတဲ့ ဆိုင်တစ်ခုဖွင့်ထားတယ်၊ အမျိုးသမီးတွေအတွက် အဲဒီဆိုင်မှာ ကိုယ့်စိတ် ကြိုက်အမျိုးသားကို ရွေးချယ်ပြီးဝယ်ယူနိုင်ပါတယ်။ ဒီအရောင်းဆိုင်ရဲ့ အလုပ်လုပ်ပုံကတော့ အ၀င်ဝမှာ လမ်းညွန်ဆိုင်းဘုတ်တခုရေးထားပါတယ်၊`သင်ဟာ ဒီဆိုင်ထဲကို တစ်ကြိမ်သာဝင်ရောက်ခွင့်ရှိတယ်၊ ဒီဆိုင်မှာ အထပ်ပေါင်းခြောက်ထပ်ရှိတယ်၊ အထပ်မြင့်သွားလေလေ ရောင်းကုန်ယောကျာ်းတွေရဲ့၊ အရည်အသွေးဟာ မြင့်သွားလေလေ ဖြစ်ပါတယ်၊ကိုယ်ကဆုံးဖြတ်ချက် ချပြီးပြီဆိုရင် အထပ်တစ်ထပ်က လင်ယောကျာ်းကို ငါယူလိုက်မယ်ဆိုရင် ယူလိုက်နိုင်တယ်၊ မကြိုက်သေးရင် နောက်တထပ် တက်ပြီးလေ့ လာနိုင်တယ်၊ ဒါပေမဲ့ အထက်အထပ်ကို တက်ပြီးသွားရင်တော့ အောက်ထပ်မှာ တွေ့ခဲ့တဲ့ယောကျာ်းကို ပြန်ရွေးခွင့်မရှိတော့ဘူး၊ ဆိုင်ထဲထွက်တော့မယ်ဆိုမှ အောက်ထပ်ကို ပြန်ဆင်းခွင့်ရှိတယ်လို့´ ရေး သားထားပါတယ်။

အမျိုးသမီးတစ်ယောက်က သူ့အတွက်လိုက်ဖက်တဲ့ ယောကျာ်းတစ်ယောက် ကိုရွေးချယ်ဝယ်ယူ မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆိုင်အတွင်းကို ရောက်လာပါတယ်၊ သူမဟာ ပထမရဲ့ တံခါးဝမှာ ရေးထားတဲ့ ဆိုင်းဘုတ်ကိုဖတ်ကြည့်လိုက်ပါတယ်၊ ဆိုင်းဘုတ်မှာ ရေးထာားတာက `အလုပ် အကိုင်ရှိပြီး ဘာသာရေး ကိုင်းရှိုင်းသော လင်ယောကျာင်္းများ´လို့ရေးသားထားပါတယ်။ အမျိုးသမီးဟာ သူလိုချင်တဲ့ယောကျာင်္း မှာ ဒီထက်ပြည့်စုံတဲ့ အရည်အချင်းတွေ ရှိစေလိုတဲ့ ဆန္ဒကြောင့် ဒုတိယထပ်ကို ဆက်လက်တက် လာပါတယ်။

 ပထမထပ်နည်းတူ ဒုတိယထပ်ရဲ့ တံခါးဝမှာလည်း ဆိုင်းဘုတ်လေးတခု ရေးထိုးထားပါတယ်၊ `အလုပ်အကိုင်ရှိ၊ ဘာသာရေး ကိုင်းရှိုင်းသည့်အ ပြင် ကလေးချစ်တတ်သော အမျိုးသားများ´ ထိုအမျိုးသမီးက ဒီလောက်အရည်အချင်းကို မနှစ်သက် သေးပါဘူး၊ သူ့ရဲ့ဘ၀လက်တွဲဖော်ဟာ ဒီထက်ပိုမို ပြည့်စုံတဲ့ အရည်အသွေးတွေရှိသင့်တယ်လို့ ယူဆပြီး ၊ တတိယထပ်ကို ဆက်လက် ထွက်ခွာလာပါတယ်။

တတိယထပ်ရဲ့ တံခါးဝဆိုင်းဘုတ်မှာတော့ `အလုပ်အကိုင်ရှိ၊ ဘာသာရေးကိုင်းရှိုင်းသည့်အပြင်၊ ကလေးချစ်တတ်ပြီး၊ ရုပ်ရည်သန့်ပြန့်သော အမျိုးသားများ´လို့ရေးထားပါတယ်၊ အမျိုးသမီးဟာ ထို ဆိုင်းဘုတ်ကို ဖတ်ကြည့်ပြီး၊ အထက်က အထပ်တွေမှာ ဒီထက်ပိုမိုပြည့်စုံတဲ့ ယောကျာ်းတွေ ရှိတန်သေးရဲ့လို့ စိတ်ကူးနဲ့၊ ဘ၀ကြင်ယာကို ဒိထက်မက အရည်အချင်းတွေနဲ့ ပြည့်စုံလိုတာ ကြောင့် စတုတ္ထအထပ်ကို ထပ်ပြီးတက်ခဲ့ပါတယ်။

စတုတ္ထအထပ်ရဲ့ တံခါးဆိုင်းဘုတ်မှာတော့ `အလုပ်အကိုင်ရှိ၊ ဘာသာရေးကိုင်းရှိုင်းသည့် အပြင် ၊ ကလေးချစ်တတ်သည်၊ ရုပ်ရည်သန့်ပြန့်ပြီး၊ အိမ်မှု့ကိစ္စများကိုပါ ၀ိုင်းလုပ်တတ်သော အမျိုး သားများ´ လို့ရေးထားပါတယ်၊ အမျိုးသမီးဟာ ဆိုင်းဘုတ်ကိုဖတ်ပြီး၊ ရွေးရနိုးနိုး အထက်တက်ရနိုးနိုးနှင့် စဉ်း စားရင်း၊ ပဉ္စမအထပ်ကို ဆက်လက်တက်သွားပါတယ်။

ပဉ္စမအထပ်ရဲ့ တံခါးဝမှာတော့ `အလုပ်အကိုင်ရှိ၊ ဘာသာရေးကိုင်းရှိုင်းသည့်အပြင်၊ ကလေးချစ် တတ်သည်၊ ရုပ်ရည်သန့်ပြန့်သည်၊ အိမ်မှု့ကိစ္စများကို ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးတတ်သလို၊ အင်မတန် ချစ်တတ်ကြင်နာတတ်သော အမျိုးသားများ´လို့ရေးသားထားပါတယ်၊ အမျိုးသမီးဟာ ဆိုင်းဘုတ်ကို ဖတ်ပြီး ၊ အပေါ်သို့သာ ဆက်လက်တက်သွားပါတယ်။

ဆဋ္ဌမမြောက် အခန့်းရဲ့ ဆိုင်းဘုတ်မှာတော့`သင်ဟာဒီအထက်ကိုရောက်လာတဲ့ (၄၅၈၇၅၇ )ယောက်မြောက်ဧည့် သည်ဖြစ်ပါတယ်၊ ဒီအလွှာမှာ ဘာအမျိုးသားမှ မရှိပါဘူး၊ မရောင့်ရဲနိုင်တဲ့ အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေဘဲ  ရှိပါတယ်၊ အခုလို လင်ယောကျာ်း အရောင်းဆိုင်ကို လာရောက်တဲ့ အတွက်ကျေးဇူးတင်ပါတယ်၊ ဒီဆိုင်ကနေပြန်လည်ထွက်ခွာတော့ မယ်ဆိုရင်တော့ ပစ္စည်းတွေမေ့မကျန်အောင် ဂရုစိုက်ပါ ၊ အစစ အရာရာ အဆင်ပြေပါစေလို့ လင်ယောကျာ်း အ ရောင်းဆိုင်က ဆုတောင်းလိုက်ပါတယ်´ လို့ရေးသားထားပါတယ်။

ဒီပုံပြင်လေးကို ဆရာကျော်ရင်မြင့်+ဖေလင်းသစ်က၊  ၂၉.၁၂.၂၀၁၀ ဗုဒ္ဓဟူးနေ့ညမှာ မော်လမြိုင် မြို့မှာ ဟောပြောသွားတာပါ၊ ကြိုက်လွန်းလို့ ပြန်လည်ဝေမျှလိုက်ပါတယ်၊ တခါတရံမှာ ကျွန်တော် တို့တွေဟာ ရွေးချယ်ခွင့်ကြုံတတ်ကြပါတယ်၊ ကိုယ်ကရွေးချယ်ခွင့် ရှိတဲ့အချိန်မှာ အရွေးချယ်ခံ ပစ္စည်းတို့အပေါ် ၊ မတရားသဖြင့် (လိုအပ်တာထက်ပိုပြီး ဒါမှမဟုတ် ထိုက်တန်တာထက် ပိုပြီး ရယူလိုတတ်ကြပါတယ်) လူသားတိုင်း လူသားတိုင်းဟာ ရွှေထုပ်သည့် မြပုဝါ ဖြစ်ချင်ကြသည် မဟုတ်ပါလား၊ သို့သော် မိမိနှင့် ထိုက်တန်သော အရာသည်သာ အကောင်းဆုံးမဟုတ်ပါလားခင် မျာ………..။

 စာရူ့သူများ ထိုက်တန်တာကို ရွှေးချယ်နိုင်ကြပါစေကြောင်း ငွေလမင်းတိုက ဆုမွန်တောင်း ပါတယ် ရွှင်လန်းချမ်းမြေ့ကြပါစေ။

12 comments:

ခနွဲ said...

သေးလွန်းရင်မလှ ရွေးလွန်းရင်မရ ဆိုတာကို ထောက်ပြသွားတာပေါ့နော်။

Anonymous said...

It may be nine nine sanay post.

Angelhlaing(May everybody be happy and healthy! said...

အတွေးအမြင်အဆန်းလေးတွေ ရလို့ ကျေးဇူးပါနော်။
ကောင်းသောနေ့လေးဖြစ်ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့လဲ ၆ထပ်မြောက်ကို ရောက်နေပြီ
အပြင်ပြန်ထွက်ဖို့ဘဲကျန်တော့တယ်
ဘာမှ မ၀ယ်တော့ဘူး

ကိုဇော် said...

လောကမှာ ကိုယ်နဲ့ Fit ဖြစ်ဖို့ပဲ အရေးကြီးတာပါ။
လူက S လောက်နဲ့ XL ကြီး သွားဝတ်နေရင် လူရယ်စရာပေါ့။

ကျောက်ရောင်းရန်ရှိသည် said...

90% သောမိန်းမတွေရဲ့ စိတ်သဘောထားကို သရော်ထားတာပါ..
မိန်းမဆိုတာက လည်ပင်းညွတ်အောင် ရွှေဆွဲကြိုးတွေ ဝတ်ထားရပေမဲ့လဲ..ထပ်ရရင် ထပ်လိုချင်တာပဲ...
များသောအားဖြင့် ရောင့်ရဲတတ်နိုင်စွမ်းအားနဲတဲ့ မိန်းမသဘာဝကို လှောင်တဲ့ ဒီလို joke တွေ အများကြီး ဖတ်ဖူးတယ်..

မိုးယံ said...

ဟယ်...တို့ ဘယ်အထပ်က တစ်ယောက်ကို ရွေးရမယ်ဆိုတာ တိတွားဘီ။


ဆိုင်လိပ်စာပေးပါ ကိုကိုငွေရယ်... ခစ်ခစ်

ညိမ်းနိုင် said...

မိန်းမအရောင်းဆိုင်လေးများရှိရင်ပြောပါဦး..:D(စတာ)
ဟုတ်တယ်...ရွေးလွန်းတော့လည်းမရပေါ့လေ...။
ခက်တာက တခါတလေ ရွေးချယ်ခွင့်ကို မရှိတာ...။

Anonymous said...

အနန္တော အနန္တ ၅ ပါး ဦးထိပ်ထားလို့
ငါးလွှာမှာပဲ ရပ်လိုက်တာ မဟုတ်ဘူး .. :D

ခင်မင်လျှက်
ဆောင်းနှင်း၇ွက်

...အလင်းစက်များ said...

ခက်ထှာက ကျနော် ဘယ်အထပ်မှာ ရပ်နေရမလဲ စဉ်းစားနေတာ ခုထိ စဉ်းစားလို့  မရတာပဲ..... ဟီး .. ဆိုးပါ့။

စော(အဝါရောင်မြေ) said...

အင်း ခုခောတ်က ယောင်္ကျားလေးတွေက ဈေးတွက် တွက်တဲ့ခေတ်ရောက်နေလို့  ဒါဟာလဲ ပုံပြင်ပဲ ဖြစ်တော့မှာပါ။
မိန်းမတွေသာ ဝယ်ခွင့်ရရင် .... ... .. . :D

akhayar said...

လိပ်စာလေးသိချင်တယ် စိတ်ဝင်စားလို့ :) :)