Saturday, April 9, 2011

ချဉ်ပေါင်ရွက်ချက်ခြင်းသာ ဖြစ်ပါသည်။



Mustafa ကိုသွားပြီး ဖိနပ်ဝယ်တယ်

တစ်ရံကို ၁၈ ကျပ်ခွဲ ။
 နှစ်ရံဝယ်ခဲ့တယ်
 ကုန်တိုက်သွားတာလမ်းမှားပြီး ကုန်စိမ်းတန်းရောက်လို့ ချဉ်ပေါင်ရွက်တွေ့တာနဲ့ ၀ယ်ခဲ့လိုက်တယ် တစ်ကျပ်ဘိုးတဲ့။
 တန်တာနဲ့ နောက်တစ်ကျပ်ဘိုး ထပ်ဝယ်လိုက်တော့ ၂ကျပ်ဘိုးဖြစ်သွားတယ်။
 ချွေလိုက်တာ အဲလောက်အပုံကြီးဖြစ်သွားတယ်။ အဲဒီအတိုင်းအခြောက်ခံထားလိုက်တယ်။
 ဒါကတော့ အရွက်ချွေလို့ ကျန်တဲ့ အရိုးတံတွေပေါ့။
ဒါကတော့ပင်နီဆူလာကနေ ၀ယ်ထားတဲ့ မျှစ် ၁ကျပ်တန်။
 စိတ်မထိန်းနိုင်တာနဲ့၊ ငပိသေးသေးလေး တစ်တုံးရယ်၊ မျှစ်နဲနဲရယ်၊ ငရုတ်သီးကျော်ပြီးသား ၄တောင့်ရယ်၊ နနွင်းမှုန့်နဲနဲ၊ အချိုမှုန့်၊ ငရုပ်သီးအရောင်တင်နဲနဲ၊ ထည့်ပြီး လက်တဆုတ်စာလောက်ကို ထည့် ကြော်လိုက်တာ။
 ငါးမိနစ်လောက်နေတော့ အဲသလိုလေးဖြစ်သွားတယ်။
အဲဒါနဲ့ ပုဂံထဲထည့်ပြီး နှစ်ယောက်သား စားလိုက်ကြတယ်၊ ကောင်းလိုက်တာ တအားဘဲ၊ မဒမ်ကတောင်ပြောသေးတယ်၊ ကိုကိုငွေက သိပ်တော်တယ်ဆိုဘဲ။
အဲဒီအပုံကြီးက အခြောက်ခံထားတာ၊ နောက်ကျမှာ ကြော်ချင်ရင်ကြော်၊ ဒါမှမဟုတ် အရေသောက်ချက်မယ်လို့မှန်းထားတယ်။ (မှတ်ချက်) ဒီရက်အတွင်း ဧည့်သည်လက်မခံ။ လာဖတ်တဲ့လူတွေကတော့ ငွေလမင်းတို့ကို ဆားချက်တယ်ထင်ကြမှာပေါ့ ၊ တစ်ကယ်တန်းက ဆားချက်တာမဟုတ်ရပါဘူး၊ သေသေချာချာကြည့်ကြပါ ချဉ်ပေါင်ရွက်ချက်တာပါ။ မနေ့က ကုန်ကျငွေ စုစုပေါင်းမှာ၊ ဖိနပ်၂ရံ ၃၇ကျပ်၊ ချဉ်ပေါင်ရွက်၂ကျပ်၊ မဒမ် ရိုတီစား ၄ကျပ်၊ ကိုကိုငွေ ပလာတာစား၎ကျပ်၊ ကုတ်တဗူး၁ကျပ်၊ MRT ကဒ်ဖြည့် ၁၀ကျပ်၊ စုစုပေါင်း ၅၈ ကျပ်။

14 comments:

Anonymous said...

လက်မခံလည်းလာစားတယ်ဗျာ...

Angelhlaing(May everybody be happy and healthy! said...

ဝယ်လိုရနိုင်တဲ့ နေရာမှာဆို ဈေးကြိးလဲ စာဖြစ်မှာ အခုတော့ ဟင့်ဟင့် စာချင်လယ်ဗျို့.....:D:D

Anonymous said...

ကုလား တွေ စီးတဲ့
ဖိနပ်နဲ့ တူတယ် .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မောင်စေတနာ said...

ချဉ်ပေါင်ရွက် ကြော်လေးကို လာစားသွားပါတယ် ...
စားကောင်းတယ်ဗျာ ..
အချက်ကောင်းတာနဲ့တူတယ်

အားပေးလျှက်

SHWE ZIN U said...

အင်း ဆားမချက်ဘူး ချဉ်ပေါင်ချက် တယ်ဆိုတာ ပုံကြည့် ပြီးတော့ ယုံပါတယ်ဗျာ ချဉ်ပေါင်ချက်တာ သေချာပါတယ်


ခင်မင်စွာဖြင့်
ရွှေစင်ဦး

မောင်မျိုး said...

ဖိနပ်စီးစရာမရှိဘူး တစ်ရံလောက် လိုချင်နေတား)

ညိမ်းနိုင် said...

တစ်ရံကို ၁၈ကျပ်ခွဲဆိုတော့ တစ်ဖက်ကို ၉ကျပ်တစ်မတ်ပေါ့
နော်....:) မူစတာဖာမှာ ဖိနပ်ဝယ်ရတာစိတ်ညစ်ဖို့ကောင်း
တယ်...ကုလားဆင်တွေတယ်များသကိုး....:)))
ချဉ်ပေါင်ရွက်နဲနဲမျှပါလား...အဲ့လိုလေးကြော်စားချင်စိတ်
ပေါက်လာလို့....:))))))

ကိုဇော် said...

စားချက် မချက်တော့ မသိဘူး အခု လောလောဆယ်တော့ ချဉ်ပေါင်ကြော်ချက်နေရပြီ မဟုတ်လား။ မိန်းမတို့ရဲ့ မြှောက်ပင့်ခိုင်းနည်းကျမ်း စာမျက်နှာ ၇၂ မှာ ကိုကိုချက်တာ အရမ်းကောင်းတာပဲ ဆိုတာကလည်း ညာခိုင်းနည်း တစ်မျိုးပဲလို့ ဖတ်ဖူးတယ်။ ဒီထက် သိချင်လား ခဏစောင့် တဂ် လိုက်မယ် ဟဲဟဲ။

အင်္ဂါဟူး said...

အားပါး...ကောင်းလိုက်တာ...

ဒါကြောင့် ကမ္ဘာကျော် စားဖိုးမှူးတိုင်း ယောက်ျားတွေပဲ မြင်နေရတာကိုး...။

မကျေနပ်ရင် မဒမ်ငွေ ပြန်ချက်ပြလေ၊ အဲလောက် ကောင်းမကောင်း လားစားကြည့်ဦးမယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ချဉ်ပေါင်တွေချက်နေတော့ ဒီပိုစ့်ကို မဒမ်ငွေရေးတယ် မှတ်နေတာ လက်စသပ်တော့ ကိုကိုငွေရဲ့ လက်ရာကိုး
ဟိဟိ
စကားပုံတော့ မှန်နေပြီထင်တယ်...း)

စော(အဝါရောင်မြေ) said...

ချည်ပေါင်ရွတ်ကို လုံးထားလိုက်ပြီး ဟင်းရည်ချက်ခြင်မှ ထုတ်ချက်လိုက်တာပဲ။ ငါးနှင့် ဆိုရင် ဟင်းရည်ချက်စားတာ ပိုကောင်းတယ်။ ကျော်စားခြင်ရင်တော့ နည်းနည်း ဆီသတ်ပြီ ပြန်ပြင်လိုက်တာပဲ။
အမှန်ပြောရရင်တော့ ကမ္ဘာကျော် စာဖိုမူးတွေဟာ ယောင်္ကျားတွေများပါတယ်။
မိန်းမတွေထက် ပို လက်မှန်းတဲ့တယ်တဲ့။
ဟီးဟီး

အ said...

ချဉ်ပေါက်ကြော်လည်း စားသွားတယ်...
ဖိနပ်လေးလည်း သင်္ကြန်မှာစီးဖို့ “မ” သွားတယ်...
ကျေနပ်လား..မကျေနပ်ဘူးလား...
မကျေနပ်ရင် နောက်တခါ ထပ်စားပြီး နောက်တခါ ထပ်“မ”မယ်...
း)

Myanmar Good Knowledg Co., Ltd said...

ကိုကိုငွေရဲ့ ချဉ်ပေါင်ကြော် တကယ်တော်ပါ၏
စားချင်စရာပါ။

ivy said...

မိန်းမကို တော်တော်နေရာမပေးတဲ့လူကြီးပဲ ဗျာ.. :D.. သူချည်း ချက်မယ် ဆိုတာချည်းပဲ... :P